May School Chinese Language Centre

May School Chinese Language Centre

แชร์

တရုတ်စကားပြော အရေး၊ အဖတ် ၊ အားလုံး အတွက် Onlline Calss ၊ Offline Class နှစ်မျိုးလုံးဖြင့် ကြိုက်နှစ်သက်ရာ တက်ရောက်နိုင်ပါတယ်ရှင့်.......

တရုတ်စကားပြောသင်တန်းအတွက်စုံစမ်းလိုပါက +66 93 528 2349 သို့ဆက်သွယ်နိုင်ပါတယ်။

ပညာဒါန Telegram Channel : https://t.me/mayschoolchineselanguage

Telegram Account: https://t.me/may122043

19/05/2026

📖Basic +Speaking Video Class အတန်း
By One အတန်းအပ်ချင်သောကျောင်းသားများcbမှာအတန်းအပ်လို့ရပြီ။💻

18/05/2026

📌အခြေခံမှစတဲ့Telegram Video Class By One အတန်းအပ်လို့ရပါပြီ။
🇨🇳တရုတ်စာကို အခြေခံကနေစပြီးစနစ်တကျ လေ့လာတဲ့ Zoom By One အတန်းက ကလေးတစ်ယောက်ရဲ့ အိမ်စာကို စနစ်တကျကြိုးစားလေ့ကျင့်ထားတဲ့Screen Recording တစ်ချို့ကို ‌တင်ပေးထားတာပါ။
နောက်ထပ်အခြေခံမှစပြီး တရုတ်စာလေ့လာချင်တဲ့ ကျောင်းသား/ ကျောင်းသူတွေအတွက်ကြိုတင်‌ လေ့လာရန် တင်ပေးတာဖြစ်ပါတယ်။💪
📚တစ်ပတ် 3ရက်
📚တစ်ရက် 1နာရီ
ခုလက်ရှိ တစ်လနဲ့ နှစ်ပတ် အချိန်တစ်ခုမှာကျောင်းသူတစ်ဦးရဲ့စနစ်တကျလေ့ကျင့်ကြိုးစားထားတဲ့အိမ်စာလေးတွေဖြစ်ပါတယ်။
📖အိမ်စာတွေထပ်တဲ့အခါအသံဖိုင်မှစပြီးစနစ်တကျထပ်ပေးရပါတယ်။

👩‍💻May school မှ ကျောင်းသား / ကျောင်းသူများကို တရုတ်စာကို အခြေခံမှစပြီးစနစ်တကျနဲ့အကျိုးရှိရှိ သင်ယူနိုင်ဖို့အတွက် အကောင်းဆုံးဝန်ဆောင်မှုများနဲ့အခွင့်အရေးသစ်များကိုလတိုင်းပေးနေပါပြီ။
🗓️June လအတွင်းဖွင့်မည့် အတန်းခွဲများ။
(1) Basic + Daily Speaking Zoom Class (June လပထမအပတ်တွင်ဖွင့်မည်။)
(2) Advance Speaking OnlyZoom Class (June လပထမအပတ်တွင်ဖွင့်မည်။)
(3)HSK 1+2+3 Zoom Class (June လဝက်အတွင်းဖွင့်မည်။


18/05/2026

📌လူဦးရေ 10ဦးသာလက်ခံမည်။
📚အခြေခံမှစတဲ့ စကားပြောတန်း June 5ရက်တွင် အတန်းစမည်။
📚နာမည်စာရင်းသွင်းပြီးအတန်းအပ်လို့ရပြီ။
တစ်ပတ် 3ရက်
တစ်ရက် 1နာရီ
သောကြာ စနေ တနင်္ဂနွေ
Zoom face to face အတန်းဖြစ်ပါတယ်။


Photos from May School Chinese Language Centre's post 16/05/2026

🇨🇳 တရုတ်စာက ခက်တယ်လို့ ဘယ်သူပြောလဲ? အဲ့ဒီအယူအဆအတွေးတွေကို အပြီးတိုင်ပြောင်းလဲပစ်မယ့် “𝗠𝗮𝘆 𝗦𝗰𝗵𝗼𝗼𝗹” ရဲ့ အတန်းသစ်ကြီးလာပါပြီ🤩

တရုတ်စာကို အခြေခံကနေစပြီး စနစ်တကျနဲ့ မှန်ကန်တဲ့ အသံထွက်အတိုင်း ပြောတတ်ချင်ပါသလား?

အလုပ်အတွက်ပဲဖြစ်ဖြစ်၊ ကျောင်းအတွက်ပဲဖြစ်ဖြစ် နေ့စဉ်သုံးစကားပြောကို (၃) လအတွင်း ကျွမ်းကျင်ချင်သူများအတွက် အထူးသီးသန့် အတန်း ထပ်မံဖွင့်လှစ်လိုက်ပြီနော်......

𝗕𝗮𝘀𝗶𝗰 + 𝗗𝗮𝗶𝗹𝘆 𝗦𝗽𝗲𝗮𝗸𝗶𝗻𝗴 (𝟯 𝗠𝗼𝗻𝘁𝗵𝘀) 𝗢𝗻𝗹𝗶𝗻𝗲 𝗭𝗼𝗼𝗺 𝗖𝗹𝗮𝘀𝘀 𝗕𝗮𝘁𝗰𝗵 (𝗜𝗩)💻

ခုမှစလေ့လာမယ့်သူတွေအတွက် "ငါ့အသံထွက်ကော မှန်ရဲ့လား" ၊ "တရုတ်စာက အရမ်းခက်ခဲမလား" ဆိုတဲ့ စိုးရိမ်စိတ်တွေကို ထာဝရပျောက်ကွယ်သွားစေဖို့ အခြေခံကနေ အသေးစိတ် လေ့ကျင့်သင်ကြားပေးသွားမှာပါ။✍️

📚 ဘာတွေသင်ကြားရမလဲ?

💡 အခြေခံအုတ်မြစ်(𝐏𝐢𝐧𝐲𝐢𝐧 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧)
• (𝟏) 𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐭𝐨 𝐏𝐢𝐧𝐲𝐢𝐧 𝐏𝐡𝐨𝐧𝐞𝐭𝐢𝐜 (𝐈𝐧𝐢𝐭𝐢𝐚𝐥𝐬 & 𝐅𝐢𝐧𝐚𝐥𝐬)
• (𝟐) 𝐂𝐨𝐦𝐛𝐢𝐧𝐚𝐭𝐢𝐨𝐧𝐬 𝐨𝐟 𝐈𝐧𝐢𝐭𝐢𝐚𝐥𝐬 & 𝐅𝐢𝐧𝐚𝐥𝐬 (ဗျည်းနဲ့သရ ပေါင်းစပ်ပုံများ)
• (𝟑) 𝐒𝐡ē𝐧𝐠𝐝𝐢à𝐨 (𝐓𝐨𝐧𝐞𝐬) / အသံလှိုင်းတုန်တင်နည်းရဲ့ စနစ်ကျသော 𝐑𝐮𝐥𝐞𝐬များ

📌 𝐁𝐚𝐬𝐢𝐜 𝐂𝐨𝐮𝐫𝐬𝐞 ရဲ့ စိတ်ဝင်စားစရာ သင်ခန်းစာ (၁၅) ခန်း

1. ကိန်းဂဏန်းများနှင့် ရေတွက်ပုံများ
2. နှုတ်ဆက်ခြင်းနှင့် လူမျိုး/နိုင်ငံများအကြောင်း
3. မိသားစုဝင်များနှင့် အလုပ်အကိုင်များ
4. ကြိယာများ အသုံးပြုပုံ (xǐhuān + verb )
5. ရာသီဥတုအကြောင်း ပြောဆိုခြင်း
6. ခုနှစ်၊ လ၊ ရက်၊ စွဲများအကြောင်း
7. နာရီ၊ မိနစ်၊ စက္ကန့် အချိန်နာရီများအကြောင်း
8. အစားအသောက်နှင့် ပတ်သက်သော နေ့စဉ်သုံး မီးနင်းနှင့် စကားပြောများ
9. တောင်းပန်ခြင်းနှင့် ခွင့်လွှတ်ခြင်းဆိုင်ရာ စကားပြောများ
10. ကျေးဇူးတင်စကား ပြောဆိုနည်း အမျိုးမျိုး
11. Bye Bye နှင့်အတူ ခွဲခွာနှုတ်ဆက်ခြင်း အသုံးအနှုန်းများ
12. အရောင်များနှင့် ဈေးဝယ်ခြင်းဆိုင်ရာ စကားပြောများ
13. စားသောက်ဆိုင်တွင် မှာယူစားသောက်ခြင်းဆိုင်ရာ အခြေခံစကားပြောများ
14. ကျန်းမာရေးနှင့် ဆရာဝန်ပြခြင်းဆိုင်ရာ ဝါကျများ
15. အသီးအနှံဝယ်ခြင်းနှင့် ဈေးဆစ်ခြင်း အခြေခံစကားပြောများ

💡 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐓𝐞𝐚𝐜𝐡𝐢𝐧𝐠 𝐒𝐭𝐲𝐥𝐞:

သင်ခန်းစာတစ်ခုချင်းစီတိုင်းမှာ Meaning (အဓိပ္ပာယ်)၊ Sentence (ဝါကျတည်ဆောက်ပုံ) နှင့် Exercises (လေ့ကျင့်ခန်း) ဆိုပြီး စနစ်တကျ အပိုင်းခွဲသင်ကြားပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အားလပ်ချိန်မှာ ကိုယ်တိုင်ပြန်လည်လေ့ကျင့်ဖို "နေ့စဉ်သုံးစကားပြော မေးခွန်းများ" ကိုလည်း ထည့်သွင်းပေးထားဦးမှာပါနော်.....

🗓️ သင်တန်းအသေးစိတ် အချက်အလက်များ

• 📅 စတင်မည့်ရက်: 𝟓-𝐉𝐮𝐧𝐞- 𝟐𝟎𝟐𝟔

• ⏳ သင်တန်းကာလ: (၃) လ (𝟯 𝗠𝗼𝗻𝘁𝗵𝘀)

• 📅 သင်တန်းရက်: တစ်ပတ် (၃) ရက် (သောကြာ၊ စနေ၊ တနင်္ဂနွေ)

• ⏰ သင်တန်းအချိန်: (မိမိအဆင်ပြေရာ Time Slot ကို ရွေးချယ်နိုင်ပါတယ်)
• Option 1: မြန်မာစံတော်ချိန် (𝟖:𝟎𝟎 𝐏𝐌 𝐭𝐨 𝟗:𝟎𝟎 𝐏𝐌)
• Option 2: မြန်မာစံတော်ချိန် (𝟗:𝟎𝟎 𝐏𝐌 𝐭𝐨 𝟏𝟎:𝟎𝟎 𝐏𝐌)

✨ 𝗠𝗮𝘆 𝗦𝗰𝗵𝗼𝗼𝗹 ရဲ့ အားသာချက်များနှင့် ရရှိမယ့်အခွင့်အရေးများ

• 💻 𝐋𝐢𝐯𝐞 𝐙𝐨𝐨𝐦 𝐂𝐥𝐚𝐬𝐬 & 𝐑𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠:အတန်းမတက်အားတဲ့ရက်တွေ ရှိရင်လည်း စိတ်ပူစရာမလိုပါဘူး။ တစ်ရက်ချင်းစီရဲ့ သင်ခန်းစာ 𝐙𝐨𝐨𝐦 𝐑𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 𝐕𝐢𝐝𝐞𝐨 တွေကို အမြဲပြန်လည်ပေးထားမှာမို မိမိအားလပ်တဲ့အချိန်မှာ အကြိမ်ကြိမ် ပြန်လည်လေ့လာနိုင်ပါတယ်။

• 💰 တန်မှတန်တဲ့ သင်တန်းကြေး: (၃) လစာအပြတ် = ၇၅,၀၀၀ ကျပ် တည်းပါ။ (ထပ်တိုးပေးရန်မလိုပါ)

💌 ဆက်သွယ်စုံစမ်း အပ်နှံရန်✍️
ဒီအခွင့်အရေးကောင်းကို လက်မလွှတ်ဘဲ အတန်းအပ်နှံလိုပါက 𝗠𝗮𝘆 𝗦𝗰𝗵𝗼𝗼𝗹 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 သိုမဟုတ် အောက်ပါ Contact များမှတစ်ဆင့် အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင့်။🙋‍♀️

• 📱 𝐏𝐡𝐨𝐧𝐞: +𝟔𝟔𝟗𝟑𝟓𝟐𝟖𝟐𝟑𝟒𝟗
• 💌 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: @𝐦𝐚𝐲𝟏𝟐𝟐𝟎𝟒𝟑
• 💻 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱

14/05/2026

🇨🇳လူဦးရေအကန့်သတ်ဖြင့် လက်ခံပါမည်။👩‍💻

✅သင်တန်းလာအပ်တဲ့အခါ ကျောင်းသား / ကျောင်းသူ အတော်များ မေးကြတာ ဘယ်နှစ်လတက်ရင် ပြောနိုင်မှာလဲ ဆိုပြီး သင်တန်းလာအပ်တဲ့ ကလေးတိုင်းနီးပါး မေးလေ့ရှိပါတယ်။
✅အဲ့လိုမေးတဲ့အခါမှာ ပြန်ဖြေဖို့အတွက် အဖြေ ( အချိန် ) အတိကျ မပြောနိုင်ပေမယ့်။
✅လက်ရှိ Basic By One အတန်းတက်နေတဲ့ ကလေးတစ်ယောက်ရဲ့ တစ်လနဲ့ နှစ်ပတ်ပြီး ရဲ့ ကြိုးစားမှုရလဒ်ပါ။
တစ်ပတ် 3ရက်
တစ်ရက် 1နာရီ
အတန်းက ကျောင်းသူတစ်ယောက်ရဲ့ကြိုးစားမှုပါ။🇨🇳

✅ကျွမ်းကျင်တတ်မြောက်နေတဲ့ အနေအထားတစ်ခု မဟုတ်သေးပါဘူး။
✅အချိန်တစ်ခုအတွင်းမှာတကယ်လေ့လာတယ်တကယ်ကြိုးစားတယ် အခြေနေတစ်ခုပါ။
✅Chinese Language ကို ခုမှစတင်လေ့လာမယ့်သူတွေအတွက် အားတစ်ခုရစေချင်ပါတယ်။
✅တစ်လနဲ့နှစ်ပတ် ရဲ့ကြိုးစားမှုနဲ့ တစ်နှစ်နဲ့နှစ်လရဲ့ကြိုးစားမှုနဲ့က မတူပေမယ့် ကြိုးစားရင်ကြိုးစားသလောက် တက်မြောက်ပါတယ်။
✅ဘယ်ဘာသာစကားမဆို အချိန်တစ်ခုပေးရပါမယ်။ ဘာသာစကားတစ်ခုမှာ စကားလုံးဝေါဟာရပေါင်းများစွာရှိတာမို့ အချိန်ဘယ်လောက်ပေးပြီးသင်ရင် ပြောနိုင်မယ်ဆိုတာ ခု video ထဲကကျောင်းသူလေးကို ကြည့်ပြီးနားလည်နိုင်ပါတယ်။
🇨🇳တစ်လကြိုးစားရင်တစ်လရဲ့ရလဒ်ကိုရပါတယ်။တစ်နှစ်ကြိုးစားရင်တစ်နှစ်ရဲ့ရလဒ်ကိုရပါတယ်။ကိုယ်တကယ်ကြိုးစားရင် ကိုယ်ပဲတကယ်ရတာပါ။

📌Chinese Basic Zoom Class June လပထမအပတ်မှာဖွင့်မည်။
📌Chinese Advanced Speaking Zoom Class June လ ပထမအပတ်ဖွင့်မည်။
📌HSK 1/2/3 Zoom Class June လဝက်မှာ ဖွင့်မည်။

✅ကိုယ့်ထက်ရှေ့ရောက်နေတဲ့သူတွေကိုကြည့်ပြီးကိုယ်ကဘာမှမလုပ်နိုင်ဘူးလို့ မထင်ပါနဲ့။
不要因为看着比自己更领先的人就觉得自己什么都做不到 🇨🇳

pagecbမှာလာရောက်စုံစမ်းလို့ရပါတယ်ရှင့်။🍀♥️

#တရုတ်စာလေ့လာကြမယ်

09/05/2026

ယနေ့အတွက် Zoom Classကို Telegram Channel မှာ Live Streamနဲ့သင်ကြားပေးနေတာမို့....အခုပဲ..ဝင်ရောက်လေ့လာနိုင်ပါတယ်နော်....💻

https://t.me/mayschoolchineselanguage?livestream

Channel Link နဲ့ Live URL ...

https://t.me/mayschoolchineselanguage

နေ့စဉ်သုံးတရုတ်.. စကားပြော....🗣️

Telegram: Contact @mayschoolchineselanguage

09/05/2026

📚 May School Chinese Language Class 📚
📚 HSK Level 4-5 | နေ့စဉ်တရုတ်စာ လေ့ကျင့်ခန်း 📚
📌 ယနေ့ခေါင်းစဉ် - နေ့စဉ် အလုပ်ရုံ

(1) 我每天早上七点起床,开始新的一天。
Wǒ měitiān zǎoshang qī diǎn qǐchuáng, kāishǐ xīn de yì tiān.
🇲🇲 ကျွန်တော်/ကျွန်မ နေတိုင်း မနက် ၇ နာရီမှာ အိပ်ယာထတယ်၊ နေ့အသစ်ကို စတင်တယ်။

(2) 早餐我通常吃面包和鸡蛋。
Zǎocān wǒ tōngcháng chī miànbāo hé jīdàn.
🇲🇲 မနက်စာကို ပုံမှန်အားဖြင့် ပေါင်မုန့်နဲ့ကြက်ဥစားတယ်။

(3) 上班时我喜欢听音乐放松自己。
Shàngbān shí wǒ xǐhuan tīng yīnyuè fàngsōng zìjǐ.
🇲🇲 အလုပ်သွားချိန်တွင် အသံတေးနားထောင်ရတာ ကြိုက်တယ်၊ ကိုယ့်ကိုယ်ကို သက်သာစေဖို့။

(4) 午休的时候,我常常散步,让大脑休息。
Wǔxiū de shíhou, wǒ chángcháng sànbù, ràng dànǎo xiūxi.
🇲🇲 မွန်းလွဲ အနားချိန်တွင် လမ်းလျှောက်တတ်ပြီး ဦးနှောက်အားလပ်စေတယ်။

(5) 晚上我喜欢看书,有时候还会写日记。
Wǎnshang wǒ xǐhuan kàn shū, yǒu shíhou hái huì xiě rìjì.
🇲🇲 ညနေခင်းမှာ စာဖတ်ရတာကြိုက်ပြီး၊ တခါတလေ မှတ်စုရေးတတ်တယ်။

(6) 喝水对身体健康非常重要。
Hē shuǐ duì shēntǐ jiànkāng fēicháng zhòngyào.
🇲🇲 ရေသောက်ရတာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အလွန်အရေးကြီးတယ်။

(7) 每天晚上十点我会准时睡觉。
Měitiān wǎnshang shí diǎn wǒ huì zhǔnshí shuìjiào.
🇲🇲 နေပိုင်း ၁၀ နာရီမှာ အချိန်မီ အိပ်စက်တယ်။

(8) 周末我常和朋友一起去公园运动。
Zhōumò wǒ cháng hé péngyǒu yìqǐ qù gōngyuán yùndòng.
🇲🇲 အပတ်အဆုံး မှာ မိတ်ဆွေတွေနဲ့ အတူ ပန်းခြံသွားအားကစားလုပ်တယ်။

(9) 洗澡后,我感觉全身都很舒服。
Xǐzǎo hòu, wǒ gǎnjué quánshēn dōu hěn shūfu.
🇲🇲 ရေချိုးပြီးတာနဲ့ ခန္ဓာကိုယ် သန့်ရှင်းပြီး ပျော်ရွှင်တယ်။

(10) 规划好每天的时间可以提高工作效率。
Guīhuà hǎo měitiān de shíjiān kěyǐ tígāo gōngzuò xiàolǜ.
🇲🇲 နေ့စဉ် အချိန်ကို စီမံထားရင် အလုပ်ထွက်ရှိမှုပို မြင့်တယ်။

✨ နေ့စဉ်လေ့ကျင့်ပြီး တရုတ်စာ ကျွမ်းကျင်လာအောင် ကြိုးစားကြရအောင်နော်! ✨

သင်တန်းတက်ရောက်လိုပါက Telegram Admin Accountဖြစ်‌သော ကို ဆက်သွယ်နိုင်ပါတယ်ရှင့်။

May School Chinese Language Class မှာ အပတ်စဉ် Zoom Speaking Class, By One Class နှင့် Video Class များကို ဖွင့်လှစ်သင်ကြားပေးနေပါပြီရှင့်။❤️

#ရုံးချိန်လွတ်တနင်္ဂနွေသီးသန့်အတန်း

06/05/2026

📚 May School Chinese Language Class 📚
📚 HSK Level 4-5 | နေ့စဉ်တရုတ်စာ လေ့ကျင့်ခန်း 📚
📌 ယနေ့ခေါင်းစဉ် - နေ့စဉ် အလုပ်စဉ်

(1) 每天早上我都会喝一杯咖啡。
Měitiān zǎoshang wǒdōu huì hē yì bēi kāfēi.
🇲🇲 နေ့တိုင်း မနက်၊ ကျွန်တော်က ကော်ဖီတစ်ခွက် သောက်တယ်။

(2) 我习惯七点半起床,然后去跑步。
Wǒ xíguàn qī diǎn bàn qǐchuáng, ránhòu qù pǎobù.
🇲🇲 ကျွန်တော် နာရီ ၇:၃၀ မှာ အိပ်ရာထပြီးနောက်၊ ပြေးတယ်။

(3) 工作期间,我会定时休息十分钟。
Gōngzuò qījiān, wǒ huì dìngshí xiūxí shí fēnzhōng.
🇲🇲 အလုပ်လုပ်တဲ့အခါ အချိန်တိတိ မိနစ် ၁၀ ကြာ အနားယူတယ်။

(4) 晚上我喜欢看书放松自己。
Wǎnshàng wǒ xǐhuan kànshū fàngsōng zìjǐ.
🇲🇲 ညဘက် ကျွန်တော် စာအုပ်ဖတ်ရင်း ကိုယ်ကို အပန်းဖြေတယ်။

(5) 我的家人每天一起吃晚饭。
Wǒ de jiārén měitiān yìqǐ chī wǎnfàn.
🇲🇲 ကျွန်တော့်မိသားစုကနေ့တိုင်း ညစာကိုအတူတကွ စားတယ်။

(6) 周末我喜欢和朋友们去看电影。
Zhōumò wǒ xǐhuan hé péngyǒumen qù kàn diànyǐng.
🇲🇲 တစ်ပတ်ရဲ့အဆုံးစနေ တနင်္ဂနွေပိတ်ရက်မှာကျွန်တော် သူငယ်ချင်းတွေနဲ့ရုပ်ရှင်ကြည့်ချင်တယ်။

(7) 我每天花半小时学习汉语。
Wǒ měitiān huā bàn xiǎoshí xuéxí hànyǔ.
🇲🇲 ကျတော် နေ့တိုင်း နာရီဝက်သုံးပြီး တရုတ်စာလေ့လာတယ်။

(8) 工作结束后,我喜欢散步放松心情。
Gōngzuò jiéshù hòu, wǒ xǐhuan sànbù fàngsōng xīnqíng.
🇲🇲 အလုပ်ပြီးတဲ့နောက် ကျွန်တော် စိတ်ပျော် ရန် လမ်းလျှောက်ရတာ ကြိုက်တယ်။

(9) 每天保持适量运动对身体有好处。
Měitiān bǎochí shìliàng yùndòng duì shēntǐ yǒu hǎochu.
🇲🇲 နေ့တိုင်း သင့်တင့်သောအားကစား ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်အတွက် ကောင်းကြောင်းဖြစ်တယ်။

(10) 睡觉前我通常会关掉手机。
Shuìjiào qián wǒ tōngcháng huì guān diào shǒujī.
🇲🇲 အိပ်ချင်ခါနီးမှာ ကျွန်တော် တယ်လီဖုန်းကို ပိတ်တယ်။

✨ နေ့စဉ်လေ့ကျင့်ပြီး တရုတ်စာ ကျွမ်းကျင်လာအောင် ကြိုးစားကြရအောင်နော်! ✨

သင်တန်းတက်ရောက်လိုပါက Telegram Admin Accountဖြစ်‌သော ကို ဆက်သွယ်နိုင်ပါတယ်ရှင့်။

May School Chinese Language Class မှာ အပတ်စဉ် Zoom Speaking Class, By One Class နှင့် Video Class များကို ဖွင့်လှစ်သင်ကြားပေးနေပါပြီရှင့်။❤️


04/05/2026

📚 May School Chinese Language Class 📚
📚 HSK Level 4-5 | နေ့စဉ်တရုတ်စာ လေ့ကျင့်ခန်း 📚
📌 ယနေ့ခေါင်းစဉ် - လူမှုဆက်ဆံရေး

(1) 建立良好的人际关系对职业发展至关重要
Jiànlì liánghǎo de rénjì guānxì duì zhíyè fāzhǎn zhìguān zhòngyào
🇲🇲 ကောင်းမွန်သော လူမှုဆက်ဆံရေး တည်ဆောက်ခြင်းသည် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးသည်

(2) 他总是乐于助人,因此深受同事们的喜爱
Tā zǒng shì lèyú zhùrén, yīncǐ shēnshòu tóngshìmen de xǐ'ài
🇲🇲 သူက အမြဲတမ်း ကူညီတတ်သူဖြစ်လို့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ချစ်ခင်မှုကို များစွာခံရတယ်

(3) 尽管我们意见不合,但仍然保持着友好的关系
Jǐnguǎn wǒmen yìjiàn bùhé, dàn réngrán bǎochízhe yǒuhǎo de guānxì
🇲🇲 ကျွန်တော်တို့ သဘောထားမတိုက်ဆိုင်ပေမယ့်လည်း ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပါတယ်

(4) 沟通是解决人际冲突的关键
Gōutōng shì jiějué rénjì chōngtú de guānjiàn
🇲🇲 ဆက်သွယ်ပြောဆိုခြင်းသည် လူမှုပဋိပက္ခများကို ဖြေရှင်းရန် အဓိကသော့ချက်ဖြစ်သည်

(5) 她善于倾听,总能给人提供贴心的建议
Tā shànyú qīngtīng, zǒng néng gěi rén tígōng tiēxīn de jiànyì
🇲🇲 သူမက နားထောင်ကောင်းပြီး လူတွေကို အမြဲတမ်း စေတနာပါပါ အကြံဉာဏ်ပေးတတ်တယ်

(6) 在社交场合,自信的表现能给人留下深刻印象
Zài shèjiāo chǎnghé, zìxìn de biǎoxiàn néng gěi rén liú xià shēnkè yìnxiàng
🇲🇲 လူမှုရေးပွဲလမ်းသဘင်တွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ဟန်က လူတွေကို နက်ရှိုင်းတဲ့ အထင်အမြင်ကျန်စေနိုင်တယ်

(7) 我们应该学会尊重他人的文化背景和信仰
Wǒmen yīnggāi xuéhuì zūnzhòng tārén de wénhuà bèijǐng hé xìnyǎng
🇲🇲 ကျွန်တော်တို့ဟာ တခြားသူတွေရဲ့ ယဉ်ကျေးမှုနောက်ခံနဲ့ ယုံကြည်ချက်တွေကို လေးစားဖို့ သင်ယူသင့်တယ်

(8) 维系一段长久的友谊需要双方共同的努力
Wéixì yī duàn chángjiǔ de yǒuyì xūyào shuāngfāng gòngtóng de nǔlì
🇲🇲 ရေရှည်တည်တံ့တဲ့ ခင်မင်ရင်းနှီးမှုကို ထိန်းသိမ်းဖို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းကြိုးပမ်းမှု လိုအပ်ပါတယ်

(9) 他经常参加各种社团活动,扩大自己的社交圈
Tā jīngcháng cānjiā gè zhǒng shètuán huódòng, kuòdà zìjǐ de shèjiāo quān
🇲🇲 သူက အမျိုးမျိုးသော လူမှုအဖွဲ့အစည်း လှုပ်ရှားမှုတွေကို မကြာခဏ ပါဝင်ပြီး သူ့ရဲ့ လူမှုအသိုင်းအဝိုင်းကို ချဲ့ထွင်တယ်

(10) 真诚对待朋友是建立信任的基础
Zhēnchéng duìdài péngyǒu shì jiànlì xìnrèn de jīchǔ
🇲🇲 သူငယ်ချင်းတွေကို ရိုးသားစွာ ဆက်ဆံခြင်းဟာ ယုံကြည်မှုတည်ဆောက်ဖို့ အခြေခံဖြစ်တယ်

✨ နေ့စဉ်လေ့ကျင့်ပြီး တရုတ်စာ ကျွမ်းကျင်လာအောင် ကြိုးစားကြရအောင်နော်! ✨

သင်တန်းတက်ရောက်လိုပါက Telegram Admin Accountဖြစ်‌သော ကို ဆက်သွယ်နိုင်ပါတယ်ရှင့်။

May School Chinese Language Class မှာ အပတ်စဉ် Zoom Speaking Class, By One Class နှင့် Video Class များကို ဖွင့်လှစ်သင်ကြားပေးနေပါပြီရှင့်။❤️


30/04/2026

🙏ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် အေးချမ်းပါစေကြောင်း May School မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်🙏🙏

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အလေးထားရာ သာသနာ့သမိုင်းဝင်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအရ ဗောဓိညောင်ပင်ကို ရေစင်သွန်းလောင်း ပူဇော်ရင်း မိမိတို့ရဲ့ စိတ်အစဉ်ကိုလည်း တရားရေအေးနဲ့ အေးမြအောင် ပြုမူနေထိုင်ကြတဲ့ နေ့လေးလည်း ဖြစ်ပါတယ်🌤🌿

ကဆုန်လပြည့်ဗုဒ္ဓနေ့
ဂေါတမ မြတ်စွာဘုရား၏ ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံယူတော် မူသောနေ့မှာ ပြုလုပ်ကြတဲ့ ကုသိုလ်အစုစုကြောင့် ပူပန်ရခြင်းများကင်းဝင်းပြီး အေးချမ်းတဲ့ ဘဝကို ကမ္ဘာသူကမ္ဘာသားများအားလုံး ပိုင်ဆိုင်နိုင်ကြပါစေရှင့်။🙏🙏🙏


30/04/2026

ရုံးအလုပ်တစ်ဖက်နဲ့ တရုတ်စာ‌လေ့လာဖို့အချိန်ခက်ခဲနေသူများ.......‼️
စက်ရုံအလုပ်နဲ့ အချိန်ပေးဖို့ခက်ခဲနေသူများအတွက်.........‼️

#ရုံးချိန်လွတ်တနင်္ဂနွေသီးသန့်အတန်း (Sunday Only Online Class) ဖွင့်ထားပါတယ်နော်....❤️📣

သင်ကြားချိန်လည်း ညှိယူပြီး အားလပ်ရက်ကိုကောင်းကောင်းအသုံးချပြီး ကိုယ့်ရဲ့ Chinese SKill မြင့်နိုင်ဖို့ အကောင်းဆုံးသင်ကြား‌ပေးတဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။🥰

အသေးစိတ်ကို မေးမြန်းလိုပါက Page Chat Boxမှာ မနားတမ်းမေးမြန်းနိုင်ပါတယ်ရှင့်။
Telegram username
မှာလည်း လာရောက်စုံစမ်းမေးမြန်းလို့ရပါတယ်ရှင့်။

Reply နောက်ကျခဲ့ရင်လည်း စိတ်မဆိုးပါနဲ့ရှင့်။🙆

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Chiang Mai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Charoen Muang Road, Nong Pa Khrang, เมือง
Chiang Mai
50000