03/05/2026
ခုသင်နေတာ YLE လေးတွေဆိုတော့ Vocabularies တွေကလည်း သူတို့နယ်ပယ်က ပါပဲ။ အဲ့တော့ သိပ်ပြီး ရှုပ်တာတွေမပါသေးဘူးပေါ့။
ဒီမနက် Building Vocabularies သင်တော့ Meaning အချို့လောက်ပဲ ပြောပြ ရတော့တယ်။
Pronounciation အပိုင်းမှာ တော်တော်အားရပါတယ်။
သိပ်တောင်ပြောစရာမလိုဘူး။ ဒါက ကျွန်တော့်အမြင်ကတော့ Phonics သင်ကြားထားရခြင်းရဲအကျိုးကျေးဇူးပါပဲ။
ပုံမှန်ဆို ကျွန်တော်တို့ အတန်းထဲ English သင်တဲ့အခါမှာ Pronounciation ကိုပဲ အထပ်ထပ် သင်ရတာ နဲ့ ၄၅မိနစ်တစ်ချိန်ကုန်လုပါပဲ။
Spelling မရမှာလည်း စိုးရသေးတယ်။
ခုက Phonics သင်ထားတော့ Pronounciation and Spelling က မှန်းဆပြီး သိသွားပါတယ်။
တော်တော်ကိုအထောက်အကူပြုပါတယ်။
ဒါက Phonics သင်ထားတဲ့ကလေးနဲ့ မသင်ထားတဲ့ကလေး တို့ရဲ့ကြား ကွားခြားချက်ပါ။
30/04/2026
It is/was..... who/that
ဒီ grammar pattern လေးဟာ
ဆယ်တန်း စနစ်ဟောင်း
English grammar အပိုင်းမှာပါ
ပါတယ်။
ဘယ်လို အခါမျိုးမှာ သုံးလဲဆိုရင်
တစ်ခုခုကို အလေးအနက်ထားပြော
ချင်တဲ့အခါမှာ သုံးပါတယ်။
ဥပမာ...
I like coffee.
ကျွန်တော် ကော်ဖီကြိုက်တယ်။
(ကျွန်တော်ကြိုက်တာ ကော်ဖီပါ။ လက်
ဖက်ရည် မဟုတ်ပါဘူး)
It is coffee that I like.
ကျွန်တော် ကြိုက်တာ ကော်ဖီဖြစ်
ပါတယ်။
ဒါကြောင့် ကော်ဖီကြိုက်တာကို ပေါ်လွင်
လေးနက်အောင် ရေးတဲ့အခါ သုံးတာပါ။
နောက်ထပ်..
၁။ Simple past tense နဲ့လာရင်
It was ကို သုံးပြီး အခြား tenses များ
လာရင် it is ကို သုံးရပါတယ်။
၂။ It is /was နောက်တွင် လေးနက်စေ
လိုသော စကားလုံးကို (စု) ကိုထည့်ရ
မည်။
၃။ ပြုလုပ်သူ (sub) ဆိုရင် who
နဲ့ ဆက်ပြီး ခံရသူ (obj) နှင့်
လူမဟုတ်တဲ့(တိရစ္ဆာန် ၊ သက်မဲ့များ
အတွက်) that နဲ့ ဆက်ပါ့မယ်။
Ko Ko won the first prize.
ပထမဆု ရခဲ့တာ ကိုကိုဖြစ်ပါတယ်။
Verb က simple past tense
ဖြစ်တယ်။
ဒါကြောင့် It was. .
ရခဲ့တဲ့ သူက ကိုကိုဖြစ်တယ်။
ကိုကိုရခဲ့တာကို လေးလေးနက်နက်ပြော
ရင် It was နောက်မှာထား
ကိုကိုက အနိုင်ရတာမို့ who ဆက်ပါ့
မယ်။
It was Ko Ko who won the first
prize.
Mg Mg killed the snake.
မောင်မောင် မြွေကို သတ်ခဲ့တယ်။
အသက်ခံရတဲ့ မြွေကို ပေါ်လွင်စေချင်ရင်
It was the snake that Mg Mg killed.
မောင် မောင် သတ်ခဲ့တာ မြွေဖြစ်ပါတယ်။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ
အပေါင်းကို ကန်တော့ပါတယ်။
Saya Soe(Education)
April 30,2026
15/04/2026
1️⃣ be sitting in the sun
မြန်မာလိုပြောရင် နေပူစာလှုံသည်ဆိုတဲ့ သဘောနဲ့သုံးလို့ရပါတယ်။
✅I am sitting in the sun .
ကျွန်တော်နေပူစာလှုံနေတာ။
✅My grandpa sits in the sun in the mornings.
အဖိုးကမနက်ခင်းတိုင်း နေပူလှုံတယ်။
2️⃣ bask in the sun
ဒီလိုလည်း သုံးလို့ရပါတယ်။ ပိုပြီးလည်း သဘာဝကျပါတယ်။
✅ I love basking in the sun on a cold morning.
ကျွန်တော် အေးတဲ့ မနက်ခင်းတွေမှာ နေပူလှုံရတာ သဘောကျတယ်။
With love,
U Min Aung (English)
02/04/2026
I've been teaching and learning English for over 10 years.
ကျွန်တော် English ကိုလေ့လာသင်ကြားနေတာ ဆယ်နှစ်ကျော်ကြာခဲ့ပါပြီ။ English နဲ့ ဘွဲ့ရထားသလို
လက်ရှိလည်း တာဝန်ထမ်းဆောင်လျက်ရှိပြီး English Teacher တစ်ယောက်အဖြစ်
သင်ကြားနေဆဲပါ။ ယခု ကျွန်တော်
Grade 5 (English) Zoom Class ဖွင့်ပါမယ်။
April 6 ရက်နေ့စပါမယ်။
တစ်ပတ် ၄ ရက် သင်ကြားမည်ဖြစ်ပါသည်။ (Monday to Friday)
သင်တန်းကြေးကတော့
30000 (per month) ဖြစ်ပါတယ်။
U Min Aung (English)
23/03/2026
📌Jolly Phonics အတွက် ဘယ်စာအုပ်ကိုင်သင့်လဲ ?
✅ Jolly Phonics ဟာ
1 - Year Program ဖြစ်တာကြောင့် တစ်နှစ်လုံး သင်ဖို့ဆိုရင် Activity Book ကို သုံးပါ။ Activity Book ဟာ Boo 1 မှ Book 7 အထိ ရှိပါတယ်။ Activity book လို့ပြောတဲ့အတိုင်း Activity Games တွေအများကြီးပါတာမို့ ကလေးတွေအတွက်အတော်လေးအဆင်ပြေပါတယ်။
✅ နွေရာသီအတွက်ပဲ သင်ချင်တာ၊ Budget လည်း Save ဖြစ်ချင်တာဆိုရင်တော့ Pupil Book 1 ကိုသုံးပါ။ Book 1 မှ Book 3 အထိရှိပါတယ်။ သူက Book 1 မှာတင် 42 သံလုံးပါတာဖြစ်လို့ တော်တော်အဆင်ပြေပါတယ်။ အားနည်းချက်ကတော့ Activities တွေမပါပါဘူး။ တစ်ခုစီတော့ပါပါတယ်။
✅ Letter sounds သင်မယ်။Formation လုပ်မယ်။
ပြီးရင် Blending လုပ်။ ဒါပါပဲ။
✅အဲ့တော့ Activity Book လား၊ Pupil Book လား ဆိုတာ ရွေးနိုင်လောက်ပါပြီ။
With love,
U Min Aung (English)
23/03/2026
✅ English စာကို အမြန်လေ့လာချင်ရင် ကိုယ်သိတဲ့ စကားလုံးလေးတွေနဲ့ စတင်ပါ။ သူတို့ကို ဘယ်လိုသုံးရလဲဆိုတာ ဝါကျထဲမှာ လေ့ကျင့်ပါ။
ဥပမာ..
စကားလုံးတစ်လုံး ကို လေ့လာတဲ့အခါ သူနဲ့ တွဲတဲ့ တွဲလုံးတွေပါ သိဖို့လေ့လာပါ။
**good ဆိုတဲ့ Word လေးကိုလေ့လာကြည့်မယ်။
* good - adj (ကောင်းသော)
*The goods - noun (ကုန်ပစ္စည်း)
*good at (တစ်ခုခုမှာ တော်တာ ၊ကျွမ်းကျင်တာ)
*for good (အပြီးတိုင်)
------------------------------------------
**ဝါကျထဲမှာ ရေးကြည့်မယ်။
*good
He got a good mark in the last exam.
ပြီးခဲ့တဲ့ စာမေးပွဲမှာ သူအမှတ်ကောင်းတယ်။
* the goods
That goods are high quality.
ဒီပစ္စည်းတွေက အရည်အသွေးကောင်းတယ်။
* good at
My mother is good at cooking.
အမေ အချက်အပြုတ်တော်တယ်။
* for good
I moved to Singapore for good.
ငါ စင်္ကါပူကို အပြီးသွားတာ။
လေ့လာရအဆင်ပြေပါစေ....
𝑾𝒊𝒕𝒉 𝒍𝒐𝒗𝒆,
𝑺𝒂𝒚𝒂 𝑨𝒖𝒏𝒈 (𝑬𝒏𝒈𝒍𝒊𝒔𝒉)
𝑭𝒆𝒃𝒓𝒖𝒂𝒓𝒚 24, 2025
21/03/2026
**အခြေခံ အင်္ဂလိပ်စာလေ့လာပုံ..
စာအုပ်တွေတော့ ဝယ်ထားတယ်၊ ဒါပေမယ့် ပထမစာမျက်နှာထက် မကျော်ဘူး ဖြစ်နေတဲ့သူတွေအတွက် အထိရောက်ဆုံး လေ့လာနည်း (၃) ဆင့်ကို မျှဝေပေးချင်ပါတယ်။
၁။ Grammar အတင်းကျက်မယ့်အစား Vocabulary နဲ့ အရင်ရင်းနှီးအောင်လုပ်ပါ 📚
Grammar ဥပဒေသတွေကို အလွတ်ကျက်နေတာထက် နေ့စဉ်သုံး စကားလုံးတွေ (Daily Vocabulary) ကို အရင်သိအောင် လုပ်ပါ။ စကားလုံးတွေ အများကြီးသိလာလေလေ၊ စာကြောင်းတည်ဆောက်ရတာ ပိုလွယ်လာလေလေပါပဲ။
၂။ နားထောင်ခြင်း (Listening) ကနေ စပါ 🎧
ကလေးတစ်ယောက် စကားစသင်သလိုပါပဲ။ အင်္ဂလိပ်လို သီချင်းနားထောင်တာ၊ Cartoon ကားလေးတွေ ကြည့်တာမျိုးကနေ စကားပြောသံ (Accent) နဲ့ အဖြတ်အတောက်တွေကို အလိုလို ရရှိစေပါတယ်။
၃။ Tracing နဲ့ Writing ကို တွဲလုပ်ပါ ✍️
စာကြောင်းအမှန်တွေကို တုပရေးသားကြည့်တာ (Sentence Tracing) ဟာ လက်ရေးလှဖို့တင် မဟုတ်ဘဲ စာကြောင်းတည်ဆောက်ပုံကို မျက်စိထဲ စွဲသွားစေဖို့ အကောင်းဆုံးနည်းလမ်းပါ။
✅ အဓိကကတော့ "နေ့တိုင်းလုပ်ဖို့" ပါပဲ။
တစ်နေ့ကို ၁၅ မိနစ်ပဲ ဖြစ်ဖြစ် ပုံမှန်လုပ်သွားရင် ၃ လအတွင်း သိသိသာသာ ပြောင်းလဲလာတာကို တွေ့ရပါ လိမ့်မယ်။
11/03/2026
2
ဖုန်းပြောခြင်း
=========================
🔸 ဖုန်းပြောတာကို ဒီလို ရေးလို့ရပါတယ်။
✅ (be) on the phone to (sb)
He is on the phone the whole moning.
သူတစ်မနက်လုံးဖုန်းပြောနေတာပဲ။
He is on the phone to his friend the whole morning.
သူ သူ့သူငယ်ချင်းကို တစ်မနက်လုံး ဖုန်းပြောနေတယ်။
✅ speak on the phone
I speak on the phone with my family every day.
ကျွန်တော်မိသားစုနဲ့ နေ့တိုင်းဖုန်းပြောတယ်။
✅ talk on the phone
She is walking while she is talking on the phone in the car park.
သူကားပါကင်မှာ ဖုန်းပြောရင်း လမ်းလျှောက်နေတယ်။
With love,
Saya Aung (English)
2-12-2025
10/03/2026
1
ဖုန်းနံပါတ် ပေးကြမယ်
🔻 ဖုန်းနံပါတ်ပေးတဲ့အခါ မှားပြီးတော့ ရေးလေ့ရှိကြတယ်။ ဘာလို့လဲဆိုရင် မြန်မာလိုဘာသာပြန်ရင် အဆင်ပြေနေတာကိုး။
🔸 ဒီလိုလေးတွေ ပေးကြပါမယ်။
You can call me on this number.📱📱📱
💢 ဒီဖုန်းနံပါတ်ကို ဆက်လို့ရပါတယ်နော်။
🤗 ဒီလိုရေးတဲ့အခါမှာ on မပါပဲရေးရင်မှားပါတယ်။ on ပါရပါမယ်။
💢 American English မှာတော့ at နဲ့ရေးပါတယ်။
If you want to meet her, you can call her at this phone number.
😇 မင်းသူနဲ့ တွေ့ချင်ရင် ဒီဖုန်းကိုဆက်ပါ။
ဆက်လေ့လာရအောင်...
Get me on this number.
Get me at this number.
😊 ငါ့ဆီကို ဒီဖုန်းနံပတ်ကနေဆက်ပါ။
You can contact him on this nber.
You can contact him at this number.
😍 ဝါကျလေးတွေ ဆက်ရေးပြီး လေ့ကျင့်နိုင်ပါတယ်။
လေ့လာရအဆင်ပြေပါစေ...
With love,
Saya Aung (English)
10-3-2025
09/03/2026
Jolly Phonics
Group I
Jolly phonics group 1
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
09/03/2026
Jolly Phonics
42 letter sounds
Jolly Phonics 42 Letter Sounds with Actions and Songs | Alphabet Songs | Master Reading early
This video is based on Jolly Phonics and Montessori integrated learning for young children—Montessori, kindergarten, pre-k, LKG, UKG, Prep, grade 1, grade 2—...