Mitsuko Japanese & It Institute

Mitsuko Japanese & It Institute

Share

Imporve your life by learning

28/11/2025

🇯🇵7Eleven မှာအလုပ်လုပ်ချင်ပေမဲ့ ဘယ်လိုလျှောက်ရမလဲ မသိတဲ့သူတွေအတွက်လျှောက်ပုံလျှောက်နည်းကို videoနဲ့ရှင်းပြပေးထားပါတယ်ရှင့် 🌸

ကျမ ညီမလေး ကျောင်းနဲ့ဂျပန်ရောက်လာတော့ ဘဏ်စာအုပ်နဲ့ဖုန်းနံပါတ်ရပြီးတာနဲ့ ဆဲဗင်းကိုခုဗီဒီယိုမှာရှင်းပြထားတဲ့အတိုင်းနဲ့ပဲလျှောက်ပေးလိုက်တာပါ။ နေ့ချင်းပဲအကြောင်းပြန်ပြီး နောက်နေ့အင်တာဗျူးသွား အဆင်ပြေပြေနဲ့ပဲ တစ်ခါထဲအလုပ်ရကြောင်းပြောပြီး ကိုယ်စဆင်းနိုင်မဲ့ရက်ညှိခဲ့ရုံပါပဲ။

အသက်က ၁၈ မြန်မာမှာ အထက်တန်းတောင်ပြီးအောင်မတက်ရသေး၊ ဂျပန်ရောက်တာ ၂ပတ်ကျော် 留学生တယောက်ဆိုပေမယ့် အလုပ်ရဖို့လုံးဝမခက်ခဲခဲ့ပါဘူး....အခုဆို 研修သမားတွေကိုတောင် ပြန်ကြည့်ပေးနိုင်နေပြီ 😊

အဲ့တာကြောင့် သူများတင်တဲ့အလုပ်ခေါ်စာတွေလျှောက်ပြီးမျှော်နေမဲ့အစား conveni မှာလုပ်ဖို့စိတ်ဝင်စားရင် အခုလိုကိုယ်တိုင်လျှောက်ပြီး အလုပ်မြန်မြန်ရတဲ့နည်းကို sharing လုပ်ပေးလိုက်ပါတယ် ❤️❤️


24/11/2025

🎌 Cv Form Service လေးပြန်လက်ခံပါပြီရှင့်။
“ Japan CV Form ရေးနည်းအကြောင်း“

ပုံမှန်အားဖြင့် ဂျပန်မှာအသုံးများတဲ့ CV ပုံစံတွေက 履歴書(Rirekisho) နဲ့ 職務経歴書(Shokumukeirekisho) ဆိုပြီးနှစ်မျိုးရှိပါတယ်။

履歴書 ဆိုတာ ပုံမှန်အားဖြင့် မိမိရဲ့ ကိုယ်ရေးအကျဉ်းအချက်အလက်၊ ပညာရေးအကြောင်း၊ အလုပ်အတွေ့အကြုံနဲ့ ဘယ်ကုမ္ပဏီမှာဘယ်လောက်လုပ်ခဲ့တယ်ဆိုတာတွေကို အကျဉ်းချုပ်ဖော်ပြတဲ့ပုံစံပဲဖြစ်ပါတယ်။

ရေးသားရာတွင်သတိပြုရမဲ့အချက်တွေအနေနဲ့

🔺PDF file or Handwriting
ကိုယ့်ရဲ့ CV ပြင်တဲ့အခါမှာ pdf file အနေနဲ့ဖြစ်စေ၊ လက်ရေးနဲ့ဖြစ်စေ ပြင်နိုင်ပါတယ်။ အဓိကက ကိုယ့်ရဲ့ CV format ဟာဖတ်ရသူအတွက်ရှင်းလင်းနေစေဖို့ပါပဲ။

🔺Font
ဂျပန်မှာ Standard font အနေနဲ့ Gothic font နဲ့ Mincho font တွေကိုသုံးစွဲကြပါတယ်။ ပြင်ဆင်ရာမှာ format တစ်ခုလုံးကို font တစ်ခုထဲဖြင့်သာသုံးစွဲပေးပါ။ အဓိကအာရုံစိုက်စေချင်တဲ့ ကိုယ့်နာမည်၊ အလုပ်အကိုင်၊ အားသာချက်စတဲ့အရာတွေကို ကိုယ်လိုချင်သလို bold လုပ်ပေးလို့ရပါတယ်။

🔺JIS standard
ဂျပန်ဘက်ကကုမ္ပဏီအများစုက CV ကို JIS standard format နဲ့သာလိုချင်ကြတာမျိုးရှိပါတယ်။ JIS standard နဲ့ဆိုရင် ကုမ္ပဏီဘက်ကလိုချင်တဲ့ information တွေအကုန်နီးပါး စုံလင်အောင်ပါဝင်ပါတယ်။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

အခြေခံရေးသားနည်းပုံစံ

1️⃣ ကိုယ်ရေးအကျဉ်း
နာမည်၊ လိပ်စာ၊ အသက်၊ ကျား/မ စတာတွေကတော့ ဖြည့်ရမဲ့အခြေခံအချက်အလက်တွေပါ။ နာမည်ကို katakana နဲ့ရော English လိုပါဖော်ပြပေးရမှာဖြစ်ပီး တစ်ချို့ format တွေမှာ Hiragana နဲ့ ဖော်ပြခိုင်းတာမျိုးလဲရှိတတ်ပါတယ်။

2️⃣ ဓာတ်ပုံ
ဓာတ်ပုံကတော့အခြေခံကျဆုံးနဲ့ အရေးအကြီးဆုံးအချက်တစ်ချက်ဆိုလဲမမှားပါဘူး။ passport size (2”*2”)အရွယ်ဓာတ်ပုံဆိုအဆင်ပြေပါတယ်။ ဓာတ်ပုံကိုသေသေသပ်သပ်လေးရိုက်ပါ ပြုံးဖို့မမေ့ပါနဲ့။ photoshop ပြင်ရာမှာလဲ သပ်ရပ်နေပါစေ။ background က အဖြူဖြစ်ဖြစ်၊ အပြာဖြစ်ဖြစ် နှစ်မျိုးလုံးအဆင်ပြေပါတယ်။

3️⃣ ခုနှစ်သက္ကရာဇ်
ခုနှစ်တွေရေးတဲ့အခါမှာ ဂျပန်လိုရေးမယ်ဆိုဂျပန်လိုချည်းပဲအကုန်ရေးပါ ။ အင်္ဂလိပ်လိုရေးမယ်ဆိုလဲ အင်္ဂလိပ်လိုပဲရှင်းရှင်းလင်းလင်းရေးသားပါ။

4️⃣ ပညာအရည်အချင်း
အထက်တန်းကစပြီး မိမိတက်ခဲ့ဖူးတဲ့ ကျောင်း၊ တက္ကသိုလ်၊ တက်ရောက်နေဆဲကျောင်းများနဲ့ လေ့လာခဲ့တဲ့ဘာသာရပ်များကို ခုနှစ်၊ လအစဥ်လိုက်ရေးပေးရပါမယ်။

5️⃣ လုပ်ငန်းအတွေ့အကြုံ
အလုပ်သင်၊ အချိန်ပိုင်းအလုပ်၊ အမြဲတမ်းဝန်ထမ်းအလုပ်စတဲ့မိမိလုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီအမည်နဲ့ ရာထူးစတဲ့အချက်တွေကို ခုနှစ်၊ လ အစဥ်လိုက်ရေးပေးရပါမယ်။ အလုပ်မှာရာထူးတိုးရှိခဲ့ရင်လည်း တိုးခဲ့တဲ့ခုနှစ်၊ ရာထူးအမည်၊ ပြောင်းတဲ့ဌာနအမည်စတာတွေကို ဖြည့်ပေးဖို့လိုပါတယ်။

6️⃣ ဝါသနာ/ special skills/ certifications
မဖြစ်မနေဖြည့်ရတာမျိုးတွေမဟုတ်ပေမဲ့ ကိုယ့်မှာရှိတဲ့ skills တွေကို ဆရာကျကျဖော်ပြပေးနိုင်ရင်တော့အကောင်းဆုံးပါ။ ဥပမာ- အင်္ဂလိပ်စကားပြောကျွမ်းတာ၊ စာရင်းဇယားနိုင်တာ၊ IT tools တွေကျွမ်းကျင်စွာသုံးနိုင်တာ စသဖြင့်…။

7️⃣ Motivations
နောက်ဆုံးမှာဖြည့်ရတဲ့ motivation ဆိုတဲ့အချက်က မိမိလျှောက်မဲ့ကုမ္ပဏီအလုပ်ပေါ်မူတည်ပြီး ရေးလို့ရပါတယ်။ အရမ်းလဲမတို အရမ်းလဲမရှည်ပဲ မိမိဘာလို့ဒီအလုပ်ကိုလျှောက်ချင်ရလဲ၊ ဒီအလုပ်ကနေဘယ်လိုသင်ယူနိုင်မယ်၊ ဒီအလုပ်နဲ့ပတ်သက်ပြီးတော့ ရှေ့လျှောက်ကုမ္ပဏီအပေါ်ကိုဘယ်လို support ပေးမယ်စတာတွေကိုရေးထည့်ပေးလို့ရပါတယ်။

ကိုယ်တိုင်ရေးဖို့အခက်အခဲရှိသူတွေအနေနဲ့ မင်မင်ဆီမှာ Service လေးအပ်လို့ရပါတယ်ရှင့်။ 🥰🥰

#履歴書

23/11/2025

ဂျပန်နိုင်ငံမှာ IT အင်ဂျင်နီယာအဖြစ်အလုပ်လုပ်ကိုင်လိုသူများ အလုပ်လျှောက်ထားနိုင်ပါပြီရှင့်။ 🎌

🧑🏻‍💻 Programming Language
(မည်သည့် language နှင့်မဆို)

🔸 လုပ်ငန်းအတွေ့အကြုံ - 2နှစ်++++

🔸 ဂျပန်စာ Level - N3အထက် (N2 level ဂျပန်စကားကောင်းကောင်းပြောဆိုနိုင်ရမည်။)

🔸 အခြေခံလစာ - (လုပ်ငန်းအတွေ့အကြုံနှင့် ဂျပန်စာအရည်အချင်းပေါ်မူတည်ပြီး အင်တာဗျူးတွင်ညှိနှိုင်းပေးပါသည်။)

🔸 ပိတ်ရက် - စနေ၊တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ

🔸 အလုပ်တည်နေရာ - ဂျပန်

အင်တာဗျူး (၂)ကြိမ်ဖြေဆိုရပါမည်။ 🌟

🈶 Allowance အနေဖြင့်
-လေယာဉ်လက်မှတ် Free
-ခရီးစရိတ်
-Visa Support

အလုပ်လျှောက်ထားမည်ဆိုပါက Page Messenger မှတဆင့် လျှောက်ထားနိုင်ပါတယ်ရှင့်။


01/10/2025

ဒီနေ့ဂျပန်ဘဏ်ကပေးတဲ့ ဘဏ်တိုးပါ 😁
ဂျပန်ဘက်ကသူတွေ ဘယ်လောက်ရကြလဲ စစ်ကြည့်လိုက်ကြဦးနော်

01/05/2025

Page မှာစာမပြန်ဖြစ်တာတွေအတွက် အားလုံးကိုတောင်းပန်ပါတယ်နော် 🙏 အလုပ်မအားတော့တဲ့အတွက် Cv ရေးပေးတာကိုခဏနားထားတာပါရှင့် ၇လပိုင်းကစပြီး အရင်လို Cv service ရော အလုပ်ခေါ်စာတွေရောပြန်တင်ပေးပါမယ် Page ကိုလဲအရင်အတိုင်းပြန်runပါမယ်ရှင့် ❤️❤️


27/02/2025

無事に到着しました。🎉
ဂျပန်နိုင်င်ငံ IT company မှာ System Engineer ရာထူးနဲ့ ၁၀လပိုင်းမှာအင်တာဗျူးအောင်သွားတဲ့ညီမလေး ၂လပိုင်းမှာဂျပန်ကိုရောက်လာခဲ့ပါပြီ …. おめでとうございます🥳


31/01/2025

Auto Cad အတွက်အလုပ်ခေါ်စာလေးပါ။
လစာကောင်းပြီး OT၊ဘောနပ်လဲရှိတယ်နော် 🥰

နေရာက Ibaraki မှာလုပ်ရမှာဖြစ်ပြီး စိတ်ဝင်စားရင် လျှောက်ထားနိုင်ပါတယ်ရှင့်။

အသေးစိတ်သိချင်တာရှိရင်လဲ Page messenger ကမေးမြန်းနိုင်ပါတယ်။


25/01/2025

🔺Work visa (ဘာသာပြန် အလုပ်ခေါ်စာ)🔺

အလုပ်နေရာ 埼玉本店、久留米営業所 (saitama)

(ဂျပန်ပြည်တွင်း အလုပ်ပြောင်းချင်သူများလျှောက်ထားနိုင်ပါတယ်)အသေးစိတ်သိချင်တာရှိရင် Page messenger က​နေမေးနိုင်ပါတယ်ရှင့်။

#通訳 #翻訳

21/01/2025

📍IT အင်ဂျင်နီယာ အလုပ်အတွက် 1st interview က ၂လပိုင်းပထမအပတ်ထဲလောက်ရှိပါမယ်နော်… လျှောက်တဲ့သူများလို့ Post ပဲတင်လိုက်ပါတယ်

14/01/2025

🉑 တိုခုတဲဂီနိုး
အလုပ်အမျိုးအစား - ဂဟေဆော်ခြင်း 📌

အလုပ်နေရာကတော့ Gunma ဘက်မှာပါ။

အသေးစိတ်သိချင်တာရှိရင် cb ကမေးမြန်းနိုင်ပါတယ်ရှင့်။

(ဂျပန်ပြည်တွင်း အလုပ်ပြောင်းချင်သူများအတွက်သာ)


13/01/2025

🇯🇵ဂျပန်မှာ IT အင်ဂျင်နီယာအဖြစ်လုပ်ကိုင်လိုသူများ အလုပ်လျှောက်ထားနိုင်ပါပြီရှင့်။ဂျပန်တိုက်ရိုက်ဖြစ်ပြီး ဝန်ဆောင်ခပေးရခြင်းမရှိပါ။

🧑🏻‍💻 Programming Language
(မည်သည့် language နှင့်မဆို)

🔸 လုပ်ငန်းအတွေ့အကြုံ - 3နှစ်++++

🔸 ဂျပန်စာ Level - N3အထက် (ဂျပန်စကားကောင်းကောင်းပြောဆိုနိုင်ရမည်။)

🔸 အခြေခံလစာ - 280,000ယန်း ~
(လုပ်ငန်းအတွေ့အကြုံနှင့် ဂျပန်စာအရည်အချင်းပေါ်မူတည်ပြီး အင်တာဗျူးတွင်ညှိနှိုင်းပေးပါသည်။)

🔸 ပိတ်ရက် - စနေ၊တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ

🔸 အလုပ်တည်နေရာ - ဂျပန်

အင်တာဗျူး (၂)ကြိမ်ဖြေဆိုရပါမည်။ 🌟

🈶 Allowance အနေဖြင့်
-လေယာဉ်လက်မှတ် Free
-ခရီးစရိတ်
-Visa Support
-Medical Check up

အလုပ်လျှောက်ထားမည်ဆိုပါက Page Messenger မှတဆင့် Cv Format တောင်းယူပြီး လျှောက်ထားနိုင်ပါတယ်ရှင့်။

‼️အင်တာဗျူးဝင်ရမည်ဆိုပါက အင်တာဗျူးလေ့ကျင့်ပေးပါသည်။


12/01/2025

🎌 履歴書 (ဂျပန် Cv Form) 🇯🇵
Training, Tokutei, Work Visaစတဲ့ဂျပန်နိုင်ငံမှ ခေါ်ယူနေတဲ့အလုပ်ခေါ်စာတွေအတွက် ဂျပန်လို cv form ရေးပေးပါတယ်ရှင့် 📝

ဂျပန်နိုင်ငံအတွက် ကိုက်ညီတဲ့ Cv Format မရှာနိုင်တာတွေ၊ ကွန်ပျူတာ ၊ ဖုန်း အသုံးပြုတဲ့အခါအဆင်မပြေတာတွေ၊ အချက်အလက်ပြည့်စုံအောင်မစဉ်းစားနိုင်တာတွေဖြစ်နေပြီဆို ခေါင်းရှုပ်မခံပဲ ယုံကြည်စိတ်ချစွာ cv form အပ်နှပ်နိုင်ပါတယ်…….

Cv form အပ်မယ်ဆို 👇

1️⃣ Data အချက်အလက်တွေကို System နဲ့လက်ခံတဲ့ပုံစံလေးပြောင်းထားတဲ့ဖြစ်တဲ့အတွက် မင်မင်တို့ဘက်မှ Form link ပို့ပေးပြီး data ကိုအဲ့ထဲဝင်ဖြည့်ပေးရုံပါပဲ။
(မြန်မာလိုပဲဖြည့်ပေးရုံနဲ့အဆင်ပြေပါတယ်)✅

2️⃣System နဲ့လုပ်ပေးတာဖြစ်တဲ့အတွက်မိမိရဲ့dataတွေမှားသွားတာမျိုးလဲမပူရတော့ဘူးနော် ဖြည့်လိုက်တဲ့အတိုင်းပဲပြန်ရမှာပါ။ (趣味、長所、志望動機、自己PR ကိုတော့ဖြည့်ထားတာလိုအပ်ရင်အကောင်းဆုံးဖြစ်အောင်ပြန်ပြင်ရေးပေးတယ်)

3️⃣Dataတွေပေးရတော့個人情報(ကိုယ်ရေးကိုယ်တာအချက်အလက်)တွေဖြစ်တဲ့အတွက် မင်မင်တို့ဘက်က၂လအထိပဲသိမ်းထားပေးမှာဖြစ်ပါတယ်။

အပ်တဲ့နေ့ကနေ ၂လပြည့်ရင် System ကအလိုအလျောက်ဖြတ်သွားမှာဖြစ်လို့ ၂လကျော်မှပြင်ချင်တာမျိုးရှိရင်တော့ အသစ်ပဲပြန်ရေးရပါမယ်ရှင့်။🙇🏻‍♀️

📍မင်မင်တို့မှာရှိတဲ့ cv format မဟုတ်ပဲ မိမိကြိုက်နှစ်သက်ရာ format ဖြစ်လဲအပ်နှံနိုင်ပါတယ်။

#履歴書

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Thaketa
Yangon