23/05/2026
World-E Education Centre is incredibly proud of Kaung and Goon, who successfully took their Cambridge English: Flyers Exam at ABSQ this past May! 🎓
You both did an amazing job, and we wish you a smooth, successful, and bright academic journey ahead! Keep shining! ❤️🎈
ပြီးခဲ့သည့် မေလက ABSQ တွင် Cambridge English: Flyers Exam ကို အောင်မြင်စွာ ဖြေဆိုခဲ့ကြသည့် ကျွန်တော်တို့ World-E ၏ ကျောင်းသား/သူလေးများဖြစ်ကြသော မောင်ကောင်း နှင့် မဂွန်း တို့အတွက် အထူးပင် ဂုဏ်ယူမိပါတယ်ခင်ဗျာ။
စာမေးပွဲကို အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ခဲ့ကြပြီဖြစ်သလို ရှေ့ဆက်မည့် ပညာရေးခရီးလမ်းတွင်လည်း အစစအရာရာ ထူးချွန်အောင်မြင်ကြပါစေကြောင်း
World-E မိသားစုမှ အလေးအနက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်! ❤️🎈
Contact & Location Details
☎️ Contact : 09 420714280, 09 960 123 334, 09 755 777 608
📧 Gmail : [email protected]
🏠 Location : A2, No 302,
Waiponela Housing 1,
North Okkalapa, Yangon.
🗺 Location Map : https://maps.app.goo.gl/ECKwTEArc3rtADao9?g_st=ipc
07/05/2026
🏆 Huge Congratulations to Ma Theint Theint Thu! 🏆
We are beyond proud to celebrate the outstanding achievement of our brilliant student, Theint Theint Thu!
After successfully passing her PET with an Grade A, she took on the challenge of the FCE (Cambridge English: First) exam. With only one and a half months of intensive, one-on-one preparation at World-E, she has achieved a fantastic result!
Theint Theint Thu is a remarkably dedicated student. We truly believe that with a longer preparation period, her potential would have soared even higher. This success is a testament to her hard work and focus.
Congratulations on this milestone! We can't wait to see your future success. 🎓
🏆 သမီးသိမ့်သိမ့်သူအတွက် အထူးဂုဏ်ပြုမှတ်တမ်းလွှာ 🏆
World-E Education Centre ရဲ့ ထူးချွန်ကျောင်းသူလေး သမီးသိမ့်သိမ့်သူ ရဲ့ အောင်မြင်မှုအတွက် ကျွန်တော်တို့ များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
သမီးလေးဟာ PET စာမေးပွဲကို Grade A နဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပြီးနောက်၊ အခုအခါမှာလည်း FCE (Cambridge English: First) စာမေးပွဲကို ထပ်မံအောင်မြင်ခဲ့ပြန်ပါပြီ။ ဒီရလဒ်ဟာ ကျောင်းမှာ ၁ လခွဲ ဆိုတဲ့ အချိန်တိုအတွင်း One-on-One Intensive Class နဲ့ အပြင်းအထန် လေ့ကျင့်ပြီး ရရှိခဲ့တဲ့ ရလဒ်ကောင်းတစ်ခု ဖြစ်ပါတယ်။
သမီးလေးဟာ သင်ယူမှုအပေါ် အရမ်းကို စိတ်အားထက်သန်ပြီး ကြိုးစားတဲ့ကလေးဖြစ်လို့ Preparation အချိန်သာ အခုထက် ပိုရခဲ့ရင် ဒီထက်မက ပိုကောင်းတဲ့ အမှတ်တွေ ရနိုင်မယ်ဆိုတာ ယုံကြည်ပြီးသားပါ။ အခုလို အချိန်တိုအတွင်းမှာ အကောင်းဆုံး ကြိုးစားခဲ့တဲ့ သမီးလေးရဲ့ ဇွဲနဲ့ အရည်အချင်းကို ချီးကျူးမဆုံး ဖြစ်ရပါတယ်။
သမီးလေးရဲ့ ရှေ့ဆက်မယ့် ပညာရေးခရီးလမ်းမှာလည်း ဒီထက်မက အောင်မြင်မှုတွေ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေလို့ World-E မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🎓
Contact & Location Details
☎️ Contact : 09 960 123 334, 09 755 777 608
📧 Gmail : [email protected]
🏠 Location : A2, No 302,
Waiponela Housing 1,
North Okkalapa, Yangon.
🗺 Location Map : https://maps.app.goo.gl/ECKwTEArc3rtADao9?g_st=ipc
05/05/2026
Cambridge English Exam ဖြေဆိုဖို့ ဘယ် Exam Centre ကို ရွေးချယ်သင့်သလဲ? 🎓💻
Cambridge English Qualifications (Starters, Movers, Flyers မှစ၍ CAE အထိ) ဖြေဆိုရန် ပြင်ဆင်နေကြသည့် ကျောင်းသား/သူများ၊ မိဘများနှင့် ဆရာမိတ်ဆွေများအတွက် British Council (BC) နှင့် ABSQ Exam Centre တို့၏ ကွာခြားချက်များကို အလွယ်ကူဆုံး နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါသည်။
၁။ စာမေးပွဲကြေး (Exam Fees)
British Council: အခကြေးငွေကို USD (အမေရိကန်ဒေါ်လာ) ဖြင့်သာ ပေးချေရပါသည်။
ABSQ: အခကြေးငွေကို Myanmar Kyat (မြန်မာကျပ်ငွေ) ဖြင့် ပေးချေနိုင်ပါသည်။
၂။ ငွေပေးချေမှုစနစ် (Payment Method)
British Council: (၂၀၂၆၊ မေလမှစ၍) Visa, Mastercard, JCB နှင့် အခြား Global Online Payments စနစ်များဖြင့်သာ လက်ခံပါသည်။
ABSQ: MMQR အပါအဝင် မိမိတို့အသုံးပြုနေကျ KBZ, AYA, CB, YOMA စသည့် Mobile Banking များဖြင့် လွယ်ကူစွာ ပေးချေနိုင်ပါသည်။
၃။ စာစစ်ဌာန တည်နေရာ (Exam Venue)
British Council: ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင်သာ ဖြေဆိုနိုင်ပါသည်။
Paper-based: Rose Garden Hotel (ရန်ကုန်)။
Digital: No. 78, Kanna Road (ရန်ကုန်)။
ABSQ: မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ကြီးများ (ဥပမာ - ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်၊ နေပြည်တော်၊ အောင်ပန်း၊ တောင်ကြီး) တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြေဆိုနိုင်ပါသည်။
ရန်ကုန် Centre: Locux Business Hub (သာကေတမြို့နယ်)။
၄။ ဆက်သွယ်ရန် လမ်းကြောင်း (Communication)
British Council: အဓိကအားဖြင့် Email နှင့် Telephone တို့မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
ABSQ: Email, Telephone အပြင် မြန်မာနိုင်ငံတွင် အသုံးများသည့် Viber မှတစ်ဆင့်လည်း အဆင်ပြေချောမွေ့စွာ စုံစမ်းမေးမြန်းနိုင်ပါသည်။
၅။ လက်မှတ်နှင့် အသိအမှတ်ပြုမှု (Certificate & Recognition)
စင်တာနှစ်ခုလုံးသည် Cambridge University မှ တရားဝင်ခွင့်ပြုထားသည့် Authorized Centres များဖြစ်ကြပြီး Paper-based ရော Digital ပါ ဖြေဆိုနိုင်ပါသည်။ ရရှိမည့် Certificate သည် Cambridge မှ တိုက်ရိုက်ထုတ်ပေးခြင်းဖြစ်၍ နိုင်ငံတကာ အသိအမှတ်ပြုမှုမှာ တန်းတူညီမျှ ရှိပါသည်။
နိဂုံးချုပ်အကြံပြုချက်:
မိဘများနှင့် ကျောင်းသား/သူများအနေဖြင့် မိမိတို့နှင့် အဆင်ပြေမည့် ငွေပေးချေမှုစနစ်၊ တည်နေရာ နှင့် စာမေးပွဲရက်စွဲ တို့ပေါ်မူတည်၍ စိတ်ကြိုက်ရွေးချယ် ဖြေဆိုနိုင်ပါကြောင်း ဗဟုသုတအဖြစ် မျှဝေပေးလိုက်ရပါသည်။
World-E Education Centre
“Fulfill your Curiosity”
01/05/2026
သမီးလေး Wendy အတွက် အထူးဂုဏ်ပြုလွှာ 🎉🎊🎈
စင်ကာပူအစိုးရကျောင်းဝင်ခွင့် (AEIS) အတွက် မဖြစ်မနေလိုအပ်တဲ့ KET Exam ကို Wendy လေး ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။ Singapore MOE ရဲ့ သတ်မှတ်ချက်အရ Cambridge English: Key (KET) for Schools စာမေးပွဲမှာ အမှတ် ၁၀၀ နှင့်အထက် ရရှိရန် လိုအပ်တာဖြစ်သော်လည်း၊ သမီးလေး Wendy ကတော့ အမှတ် ၁၁၆ မှတ် အထိ ရရှိပြီး အောင်မြင်ခဲ့ပါတယ်။
ထိုကဲ့သို့ အောင်မြင်ခဲ့သည့်အတွက် World-E Education Centre မိသားစုမှ အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိကြောင်း မှတ်တမ်းတင်အပ်ပါသည်ရှင်။
Congratulations, Wendy! 🎉🎊🎈
We are delighted to celebrate Wendy's outstanding achievement in passing the KET exam—a mandatory requirement for Singapore's AEIS (Admissions Exercise for International Students).
While the Singapore Ministry of Education (MOE) requires a minimum score of 100, Wendy exceeded expectations by scoring 116.
The entire World-E Education Centre team is incredibly proud of her success and wishes her the best in her academic journey in Singapore!
Contact & Location Details
☎️ Contact : 09 960 123 334, 09 755 777 608
📧 Gmail : [email protected]
🏠 Location : A2, No 302,
Waiponela Housing 1,
North Okkalapa, Yangon.
🗺 Location Map : https://maps.app.goo.gl/ECKwTEArc3rtADao9?g_st=ipc
30/04/2026
🪷🪷🪷🪷🪷🪷🪷
🌳၁၃၈၈-ခု ၊ ကဆုန်လပြည့်နေ့
( 30. 4. 2026, Thursday)
ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့် မြတ်ဗုဒ္ဓအခါတော်နေ့တွင် World-E Education Centre မိသားစုဝင်များနှင့်တကွ လူသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒများ ပြည့်ဝကာ ငြိမ်းချမ်းကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
"Wishing our students, parents, and the community a peaceful and blessed Kason Full Moon Day. May the wisdom and compassion of the Buddha inspire your journey toward knowledge and inner peace."
Happy Buddha Day from World-E Education Centre
29/04/2026
Congratulations!🎊🎉
Marchလအတွင်း British Council မှကျင်းပခဲ့တဲ့ Cambridge Exam တွေဖြစ်တဲ့
KET နဲ့ PET examတွေမှာ
Grade A နဲ့ ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ Saw Andrew Phyo နှင့် Saw Aaron Phyo တို့ညီအကိုအတွက်
World-E Education Centre မှာ ဂုဏ်ယူဝမ်းမြောက်ကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
World-E Education Centre is pleased to formally recognize the outstanding academic achievements of Saw Andrew Phyo and Saw Aaron Phyo. Both brothers have demonstrated exceptional proficiency by securing 'Grade A' in the Cambridge KET and PET examinations held in March.
Their success is a testament to their unwavering dedication and the academic excellence we strive for at World-E. We extend our highest commendations to both students for this remarkable milestone."
Contact & Location Details
☎️ Contact : 09 960 123 334, 09 755 777 608
📧 Gmail : [email protected]
🏠 Location : A2, No 302,
Waiponela Housing 1,
North Okkalapa, Yangon.
🗺 Location Map : https://maps.app.goo.gl/ECKwTEArc3rtADao9?g_st=ipc
17/04/2026
မြန်မာ့ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ပညာရေးခရီးလမ်းမှာ အောင်မြင်မှုတွေ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေကြောင်း World-E Education Centre မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
သင်ယူမှုအသစ်တွေ၊ အခွင့်အလမ်းအသစ်တွေနဲ့အတူ ပိုမိုတောက်ပတဲ့ အနာဂတ်ဆီသို့ လှမ်းကိုင်နိုင်ကြပါစေ။
Wishing you a year filled with joy, health, and endless success in your educational journey! May this New Year bring you fresh opportunities to learn, grow, and reach your brightest potential.
Happy Myanmar New Year from all of us at World-E Education Centre!
17/04/2026
" မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” ကျောင်းပိတ်ရက် ကြေညာခြင်း
*********************************************
မင်္ဂလာပါ
ချစ်ခင်လေးစားရပါသော World-E Education Centre မှကျောင်းသား/ကျောင်းသူများနှင့်မိဘများရှင့်။
၂၀၂၆ ခုနှစ် ၊ ဧပြီလ (၁၃)ရက်နေ့ တနင်္လာနေ့မှ (၁၉) ရက်နေ့ တနင်္ဂနွေနေ့ များသည် နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်နှင့် နှစ်ဆန်းတစ်ရက်နေ့ ဖြစ်ပါသဖြင့် ထိုနေ့များတွင် World-E Education Centre ၏ Online/On Campus အတန်းချိန်များကို ပိတ်ထားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
နှစ်သစ်ကူးအတာသင်္ကြန် အခါသမယမှာ ကျောင်းသား/သူများ ၊ ဆရာ/ဆရာမ များနှင့်တကွ မိဘပြည်သူအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံသော နှစ်သစ်ကို ပိုင်ဆိုင်ကြစေရန် World-E Education Centre မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်။