29/05/2024
“တဲ့ရုတဲ့ရုဘိုးဇု” ရိုးရာလက်လုပ်အရုပ်
☔️☔️☔️☔️☔️☔️☔️☔️☔️☔️☔️☔️
အားကစားပွဲတို့ ပျော်ပွဲစားနေ့စသည်တို့၏ ရှေ့ရက်၊ မိုးဆက်တိုက်ရွာနေပြီး ရာသီဥတုသာယာစေချင် တဲ့အခါမှာ “တဲ့ရုတဲ့ရုဘိုးဇု” ရိုးရာလက်လုပ်အရုပ်ကို ပြုလုပ်ပြီး နောက်ရက်တွင် ရာသီဥတု သာယာစေရန် ဆုတောင်းကြပါတယ်။
☔️☔️☔️☔️☔️☔️☔️☔️☔️☔️☔️☔️
✅“တဲ့ရုတဲ့ရုဘိုးဇု” ရိုးရာလက်လုပ်အရုပ်၏ ဓလေ့က အဲဒိုခေတ် (၁၆၀၃-၁၈၆၈)တွင် တရုတ်နိုင်ငံမှ ဆင်းသက်လာခဲ့တယ်လို့ ဆိုကြပါတယ်။
✅တရုတ်နိုင်ငံမှာဆိုရင် တံမြက်စည်းကိုင်ထားတဲ့ စက္ကူရုပ်နဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးက တံမြက်စည်းနဲ့ မိုး၊ နှင်း၊ မြူတို့ကို ရှင်းလင်းပေးတယ်လို့ ယုံကြည်ကြပါတယ်။ အဲ့ဒီအချိန်တုန်းက ဂျပန်မှာ ရာသီဥတု သာယာဖို့ကို ဆုတောင်းတာက ဘုန်းကြီးတွေရဲ့ အလုပ်ဖြစ်ပါတယ်။
✅Bou Zuဆိုတာက ဘုန်းကြီးကို ခေါ်ဝေါ်တဲ့ အခြားအသုံးအနှုန်းဖြစ်တဲ့အတွက် “တဲ့ရုတဲ့ရုဘိုးဇု”ဆိုပြီး အမည်တွင်ခဲ့တာလို့ ဆိုပါတယ်။ “တဲ့ရုတဲ့ရုဘိုးဇု”ဆိုတဲ့ သီချင်းလည်း ရှိပါတယ်။
✅ဂျပန်သီချင်းဖြစ်ပေမယ့် လွယ်ကူတဲ့အတွက် လေ့ကျင့်ပြီး ဆိုကြည့်ကြပါနော်။
https://www.youtube.com/watch?v=eMlguyeKek8