MMtutors

MMtutors

Share

Myanmar’s premier tutoring platform where efficient learning begins (Est. 2017). Start your efficient learning with us!

We provide an elite academic environment tailored for both 1-on-1 and interactive classes.

22/07/2026

✨ လက်ရှိ International Primary Maths များတွင် ခေတ်စားနေသော Maths Curriculum (၃) မျိုး၏ သင်ကြားရေး Concepts များကို တစ်နေရာတည်းမှာ လေ့လာလိုက်ပါ! ✨

သင်ကြားရေး နယ်ပယ်တွင် မိမိရဲ့ သင်ကြားမှု အရည်အသွေးနှင့် ကျွမ်းကျင်မှုကို ပိုမို တိုးတက်စေပြီး Career ကို နောက်တစ်ဆင့် မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတကာ အဆင့်မီ Curriculum များကို ပိုင်နိုင်စွာ နားလည်ထားရန် အလွန် အရေးကြီးပါသည်။

MMtutors မှ သင်ကြားရေး ဆရာ၊ ဆရာမများရဲ့ Professional Skill မြှင့်တင်နိုင်ရန် ရည်ရွယ်၍ International Maths Concept Teacher Training (Batch - 9) အတန်းသစ်ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ။ Primary Maths Curriculum (၃) မျိုး၏ သင်ကြားရေး သဘောတရားများကို နားလည်သဘောပေါက်စွာ သင်ကြားနိုင်စေရန် အထိရောက်ဆုံး လေ့ကျင့် သင်ကြားပေးသွားမှာ ဖြစ်ပါသည်။

ဒီအတန်းလေးမှာ ဘာတွေ လေ့လာရမလဲဆိုရင်...
🔹 Singapore Maths ၏ ရိုးရှင်းလွယ်ကူသော Bar Model နည်းလမ်းများ
🔹 Cambridge Maths ၏ အလွတ်ကျက်မှတ်မှုထက် ပုစ္ဆာတွက်ချက်မှု သဘောတရားကို နားလည်စေမည့် ထိရောက်သော နည်းလမ်းများ
🔹 Pearson Maths ၏ Skill-based ကို အခြေခံထားသော Flexible နည်းလမ်းများ
အပါအဝင် Curriculum တစ်ခုချင်းစီ၏ Teaching Methods များကို စနစ်တကျ သင်ကြားပေးသွားမည် ဖြစ်ပါသည်။

ဒီသင်တန်းကို တက်ရောက်ခြင်းဖြင့် နိုင်ငံတကာ သင်ရိုးများရဲ့ Concept များကို ပိုင်နိုင်စွာ နားလည်ပြီး မိမိတို့ သင်ကြားရေး ကျွမ်းကျင်မှုကို ပိုမို ယုံကြည်မှုရှိရှိ ပြင်ဆင်မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်ရှင့်။

(မှတ်ချက် - ဤသင်တန်းသည် ဖော်ပြပါ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများ၏ သင်ကြားရေး နည်းလမ်းများကို လေ့ကျင့်ပေးသော ဆရာ/မများအတွက် Professional Skill Development Class ဖြစ်ပါသည်။)

📅 (သင်တန်းစမယ့်ရက်ကို Comment မှာ ကြည့်ရှုနိုင်ပါတယ်။)

📌 အသေးစိတ် စုံစမ်းရန်နှင့် Register ပြုလုပ်ရန်:
👉 အတန်းအပ်နှံရန်: mmtutors.com/tutors/events
📞 Phone: 09-779 419 871
💬 Telegram:

Photos from MMtutors's post 14/07/2026

MMtutors အနေဖြင့် ၂၀၁၇ ခုနှစ်တည်းက မြန်မာနိုင်ငံတွင် တရားဝင်အဖွဲ့အစည်းအဖြစ် တည်ထောင်ဆောင်ရွက်ခဲ့သည်မှာ ယခုလဆို (၉) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

MMtutors ၏ အရည်အသွေး (Quality) ကို ဦးစားပေးတဲ့မူဝါဒအတိုင်း ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ နည်းပညာပိုင်းတွင်သာမက စီမံခန့်ခွဲမှုစနစ်ကိုလည်း တိုးတက်အောင်ကြိုးစားလျက်ရှိသလို နိုင်ငံတကာသင်ကြားမှုစနစ်မျိုးကို မြန်မာနိုင်ငံအတွက် ရည်ရွယ်လုပ်ဆောင်ထားသည့် Homeschooling Project (Premium Service) ဖြင့်လည်း အပြည်ပြည်ဆိုင်ရာ ဆုတံဆိပ်များစွာနှင့် အသိအမှတ်ပြုမှုများကို ရရှိခဲ့ပြီးဖြစ်ပါတယ်။

ကောင်းမွန်သောသင်ယူမှုရပ်ဝန်းဖြစ်စေရန်အတွက် သင်ကြားရေးပိုင်းမှ ဆရာဆရာမ များထံမှသာမက သင်ယူသူအပိုင်းဖြစ်တဲ့ မိဘနဲ့ ကျောင်းသားကျောင်းသူများထံမှပါ နှစ်ဖက်စလုံးရဲ့ Feedback များကို သုံးသပ်သည့် Evaluation စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။

ယနေ့ဆောင်ရွက်မှုတွေဟာ နောင်တချိန်မှာ သမိုင်းအဖြစ် ထုဆစ်ကျန်ရစ်ပါတယ်။ MMtutors ၏ (၉) နှစ်တာကာလအတွင်း မှန်ကန်သော ကျင့်ဝတ်၊ တင်းကြပ်သော Privacy၊ မြင့်မားသော စံနှုန်းသတ်မှတ်ချက်များကို ထားရှိခဲ့ပြီး ဆရာဆရာမများ၊ မိဘများနှင့် ကျောင်းသားကျောင်းသူများအတွက် စိတ်ချယုံကြည်စွာ သင်ကြားနိုင်ရေးကို ဦးစားပေးဆောင်ရွက်သည့်မူဝါဒကို ကျင့်သုံးဆောင်ရွက်ပါတယ်။

(၉) နှစ်ပြည့်မှသည် -
✅ ခိုင်မာသောမူဝါဒ၊
✅ တိကျသော ရည်မှန်းချက်နဲ့အတူ Educators ဆရာဆရာမများအတွက် သင်ကြားရေးပိုင်းတွင် အထောက်အကူပြုစေမည့် Project များ၊ ကလေးများနှင့် ကျောင်းသားကျောင်းသူများရဲ့သင်ယူမှုအတွက် အကျိုးရှိစေမည့် Project များကို ပညာရှင်များနှင့် ပူးပေါင်းလျက် အကောင်းဆုံးဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားပါမယ်ခင်ဗျာ။

စတင်တည်ထောင်ချိန်မှ ယခုချိန်အထိ MMtutors နှင့် လက်တွဲဆောင်ရွက်ခဲ့/လျက်ရှိသော မိတ်ဖက်ကျောင်းများနှင့် အဖွဲ့အစည်းများ၊ ပညာရှင်များနှင့်တကွ ဆရာဆရာမများ၊ မိဘများနှင့် ကျောင်းသူကျောင်းသားများ၊ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🙏

MMtutors ရဲ့ (၉) နှစ်တာ ဖြတ်သန်းမှုများထဲမှ အမှတ်တရပုံရိပ်လေးအချို့ပါ… (နိုင်ငံတော်အဆင့် ဆုရရှိမှု ပုံရိပ်လေးတွေကိုတော့ အခြေအနေတချို့ကြောင့် တင်ပြခြင်း မပြုနိုင်သည့်အတွက် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ)

11/07/2026

ဆရာ၊ဆရာများသာမက မေမေတို့ပါတက်ရောက်လို့ရတဲ့ 𝐎𝐱𝐟𝐨𝐫𝐝 𝐏𝐡𝐨𝐧𝐢𝐜𝐬 𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐕𝐢𝐝𝐞𝐨 𝐂𝐥𝐚𝐬𝐬…

📚 Oxford Phonics သင်ကြားတတ်ခြင်းက ဆရာ၊ဆရာမတို့အတွက် Career တစ်ခုတိုးတက်ဖို့ အထောက်အကူအများဆုံးဖြစ်ပါတယ်။
🎥 Video Class ဖြစ်လို့ အချိန်မရွေးတက်ရောက်နိုင်တယ်၊ ကိုယ့်အဆင်ပြေတဲ့နေရာကနေ သင်ယူနိုင်ပါတယ်။

👩‍🏫 ဆရာ၊ဆရာမများအတွက်
✅ အားလပ်ချိန်မှာ ပျော်ပျော်ရွှင်ရွှင်တက်ရောက်နိုင်တယ်။
✅ သင်ကြားခြင်းဖြင့် အပိုဝင်ငွေတိုးနိုင်တယ်။
✅ International / Private School တွေမှာ လုပ်ကိုင်ရန် အသုံးဝင်တဲ့ Skill ဖြစ်တယ်။
✅ ကလေးတွေအတွက် အသံထွက်မှန်အောင် သင်ပြပေးနိုင်တယ်။

ဒီ အတန်းလေးက ဆရာ၊ဆရာတွေ အတွက်ပဲလား?...
မဟုတ်ပါဘူး ဒီ အတန်းလေးက ဆရာ၊ဆရာမတွေအပြင် မေမေတို့ပါတက်ရောက်နိုင်ပါတယ်။
👩‍👧 မေမေများအနေနဲ့
✅ အိမ်မှာ လွယ်လွယ်ကူကူ တက်ရောက်နိုင်တယ်။
✅ သားသားမီးမီးတွေကို အသံထွက်မှန်အောင် သင်ပေးနိုင်တယ်။
✅ သားသားမီးမီးတို့ အသံထွက်မှားတဲ့အခါ မှန်အောင်ပြင်ပေးနိုင်ပါတယ်။
✨ မေမေတို့အတွက် ဒီသင်တန်းလေးဟာ ကလေးအတွက်လည်း အကျိုးရှိ၊ ကိုယ့်အတွက်လည်း တန်ဖိုးရှိတဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုပါ။
ဒီ Oxford Phonics အတန်းလေးကတော့ Video Class လေးဖြစ်တဲ့ အတွက် အချိန်နဲ့နေရာမရွေး လေ့လာနိုင်တဲ့အပြင်၊ သင်ကြားသူအနေနဲ့လည်း မြန်မြန်ဆန်ဆန် တိုးတက်လာဖို့ အထောက်အကူဖြစ်စေပါတယ်

ယခုဖွင့်လှစ်မယ့် 𝗣𝗵𝗼𝗻𝗶𝗰𝘀 𝗖𝗹𝗮𝘀𝘀 လေးကတော့ 𝗢𝘅𝗳𝗼𝗿𝗱 𝗣𝗵𝗼𝗻𝗶𝗰𝘀 𝗪𝗼𝗿𝗹𝗱 𝟭 𝘁𝗼 𝗪𝗼𝗿𝗹𝗱 𝟱 𝗦𝗲𝗿𝗶𝗲𝘀
🔎Oxford Phonics World Book 1 တွင် - A to Z ရဲ့ Phonics sounds
🔎Oxford Phonics World Book 2 တွင် - Short vowels sounds
🔎Oxford Phonics World Book 3 တွင် - Long vowels sounds
🔎Oxford Phonics World Book 4 တွင် - Consonant Blends
🔎Oxford Phonics World Book 5 တွင် - Letter combinations
များကို အသေးစိတ် လေ့လာနိုင်မှာဖြစ်ပါတယ်ရှင့်။

📌 သင်တန်း တက်ရောက်ပြီးသော ဆရာ၊ ဆရာမများသည် စာအုပ်စုစုပေါင်း (၅) အုပ်ထဲတွင်ပါဝင်သော Songs, Games and Tips များ နှင့်ပတ်သက်သော Teaching Method များအားသိရှိသွားမည်ဖြစ်ပြီး ကလေးငယ်များအား အလွယ်တကူ ပြန်လည်သင်ကြားပို့ချနိုင်သွားနိုင်မှာဖြစ်ပါတယ်။
✨ Oxford Phonics သင်တန်းတက်ပြီး Teaching Confidence တစ်ခု တိုးလာမယ်။ ကလေးတွေအတွက် အသံထွက်မှန်တဲ့ စကားအသုံးအနှုန်းတွေ ပြန်သင်ပေးနိုင်မှာဖြစ်တဲ့ အတွက် 𝐌𝐌𝐭𝐮𝐭𝐨𝐫𝐬 ရဲ့ Oxford Phonics Tutor Training Video Class နဲ့ Teaching Journey ကို တန်ဖိုးရှိအောင်စတင်လိုက်ပါ!

𝐌𝐌𝐭𝐮𝐭𝐨𝐫𝐬 ရဲ့ Training Programs တွေဟာ တတ်မြောက်မှုအပေါ်အခြေခံပြီး စနစ်တကျစီစဉ်ထားတဲ့ သင်တန်းများ ဖြစ်တာကြောင့် သင်တန်းအမျိုးအစားအလိုက် လိုအပ်တဲ့ coursework နဲ့ assignment တွေကို ပြီးမြောက်စွာ ပြုလုပ်မှသာ Certificate ထုတ်ပေးမှာဖြစ်ပါတယ်။

☛ ဖွင့်လှစ်ထားသောသင်တန်းများကို သိရှိရန် - https://www.mmtutors.com/tutors/events
သင်တန်းအသေးစိတ် မေးမြန်းချင်ပါက
📩 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫: (m.me/mmtutorseducation)
📞 Phone: +959779419871
💬 Telegram: မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

10/07/2026

🌟 မိမိကျွမ်းကျင်ရာဘာသာရပ်နဲ့ အချိန်ပိုင်းအပို ဝင်ငွေရှာချင်တဲ့ ဆရာ/ဆရာမများအတွက် အခွင့်အရေး!
📚 မိမိကျွမ်းကျင်ရာ ဘာသာရပ်နဲ့ အိမ်အရောက်သင် (Offline)၊ Online စာသင်ကြားပေးပြီး အပိုဝင်ငွေ ရယူနိုင်ဖို့ 𝐌𝐌𝐭𝐮𝐭𝐨𝐫𝐬 မှ ဆရာ/ဆရာမများ ခေါ်ယူနေပါတယ်။

➡️ လျှောက်ထားရန် 𝐋𝐢𝐧𝐤 => https://www.mmtutors.com/tutors/registration

လျှောက်ထားရန်အတွက် ဆရာ၊ဆရာမတို့ရဲ့ ကိုယ်ရေးအချက်အလက်များကို အောက်ပါ Link လေးတွေထဲမှာ ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

🔸တခြားသော ပညာရပ်တွေဖြစ်တဲ့ Computer, Art & Music အပိုင်းလေးတွေကိုလျှောက်ထားချင်တယ်ဆိုရင်တော့ Page Chatbox လေးမှာလာရောက်လျှောက်ထားနိုင်ပါတယ်ခင်ဗျ..။

(အသေးစိတ်သိရှိလိုသည်များရှိ၍သော်၎င်း၊ လျှောက်ထားရန် Form ဖြည့်သွင်းရာတွင် အခက်အခဲရှိပါက ကျွန်တော်တို့ရဲ့ Page Chatbox လေးမှာ မေးမြန်းစုံစမ်းလို့ရပါတယ်ခင်ဗျ..)

မြန်မာပြည်ရဲ့ အကောင်းဆုံး Tutoring Platform တစ်ခုဖြစ်တဲ့ MMtutors မှ အောက်ပါဘာသာရပ်တွေကို ကျွမ်းကျင်စွာသင်ကြားပေးနိုင်တဲ့ ဆရာ၊ ဆရာမများနဲ့ လက်တွဲလိုပါတယ်။
✅ အခြေခံပညာ မူကြိုတန်းမှ အထက်တန်းထိ ဘာသာရပ်အစုံ (Pre KG to High School Subjects)
✅ International School သင်ရိုး ဘာသာရပ်များ (Pre KG to IGCSE "O" /"A" Level Subjects)
✅ ဘာသာစကားအမျိုးမျိုး (English, Chinese, Japanese, etc...)
✅ Drawing, Digital Arts ရေးဆွဲခြင်းနှင့် ဂီတတူရိယာအမျိုးမျိုး တီးခတ်သင်ကြားပေးခြင်း

💁 𝐌𝐌𝐭𝐮𝐭𝐨𝐫𝐬 မိတ်ဆက်
𝐌𝐌𝐭𝐮𝐭𝐨𝐫𝐬 ကို ၂၀၁၇ ခုနှစ်တည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယနေ့အချိန်အထိ ဆရာဆရာမပေါင်း ထောင်ပေါင်းများစွာတို့အတွက် အချိန်ပိုင်းအလုပ်အကိုင်အခွင့်အလမ်းတွေကို ပေးအပ်နေခဲ့တာဖြစ်ပါတယ်။
ဆရာ၊ ဆရာမ တို့ အနေနဲ့-
✅ မိမိတို့ ကျွမ်းကျွမ်းကျင်ကျင် သင်ကြားနိုင်မည့် အတန်း၊ ဘာသာရပ်တစ်ခုချင်းစီအတွက် လျှောက်ထားနိုင်ပြီး
✅ မိမိတို့အတွက် အဆင်ပြေမည့် စာသင်ကြားနိုင်သည့် နေရာ (အိမ်အရောက်သင် သို့မဟုတ် အွန်လိုင်းသင်ကြားမှု)၊ ဉာဏ်ပူဇော်ခ နှင့် စာသင်ချိန်ကိုလည်း ညှိနှိုင်းဆွေးနွေးနိုင်ကာ
✅ မိမိ၏ အားလပ်ချိန်တွင် စာသင်ကြားခြင်းဖြင့် အပိုဝင်ငွေရရှိရန် အခွင့်အလမ်းများပြားစေပါတယ်။

[ကျေးဇူးပြု၍ တစ်ပတ်လျှင် အနည်းဆုံး စာသင်ချိန် ပျမ်းမျှ ၂ ချိန်ခန့် ပေးနိုင်မှသာလျှင် လျှောက်ထားပေးရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ။ အကယ်၍ အခုလက်ရှိအတွင်း စာသင်ချိန်များကြောင့် မအားလပ်သေးသော်လည်း နောက်နှစ်လအတွင်း အားလပ်မည်ဆိုပါကလည်း လျှောက်ထားနိုင်ပါတယ်ခင်ဗျ။]

08/07/2026

MMtutors နဲ့ CodeCraft Academy တို့ ပူးပေါင်းကျင်းပတဲ့ "From Chatbots to Agentic: What's Changing for Educators" Webinar လေးကို တက်ရောက်ပေးပြီး စိတ်ပါဝင်စားစွာ ဆွေးနွေးပေးခဲ့တဲ့ ဆရာဆရာမ တို့ကို MMtutors မှ ကျေးဇူးအထူးတင်ရှိပါတယ်...

MMtutors က ဆရာဆရာမ များအတွက်သာ Private Webinar လေးပုံစံ ကျင်းပဖြစ်သွားတဲ့အတွက် မ join လိုက်ရတဲ့သူတွေအတွက် နောက်ပိုင်းမှာ Public Webinar လေးတွေ စီစဥ်ပေးနိုင်ဖို့ ဆောင်ရွက်သွားပါမယ်ခင်ဗျာ... မနေ့က Webinar လေးကနေ ဆရာဆရာမ တို့အတွက် လက်ရှိအစပျိုးတွင်ကျယ်လာနေတဲ့ နည်းပညာတခုဖြစ်တဲ့ Agentic AI တခုရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို သိရှိသွားမယ်လို့မျှော်လင့်ပါတယ်...

နောက်ပိုင်းမှာလည်း နယ်ပယ်တခုနဲ့ပတ်သက်ပြီး တကယ်လုပ်ဆောင်နေတဲ့ ပညာရှင်တွေကို အခါအခွင့်သင့်သလို ဖိတ်ခေါ်ပြီး ဆွေးနွေးပေးနိုင်အောင် ကြိုးစားပေးသွားပါမယ်ခင်ဗျာ..

04/07/2026

ယနေ့ခေတ် AI နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နယ်ပယ်တိုင်းမှာ AI ရဲ့ အသုံးပြုမှုဟာ တွင်ကျယ်လာပါပြီ... AI သည်လည်း အဆင့်ဆင့်တိုးတက်ပြောင်းလဲလာခဲ့ရာ အခုဆို Agentic AI နည်းပညာတွေကို အသုံးချနေကြပြီဖြစ်ပါတယ်..

✅ ဒီတော့ Agentic AI ဆိုတာ ဘယ်လိုမျိုးလဲ
✅ Prompt နဲ့အသုံးပြုတဲ့ Chatbot - Generative AI စတာတွေနဲ့ ဘယ်လိုကွာခြားသွားလဲ
✅ ပညာရေးနယ်ပယ်က Educators တွေအတွက်ဆိုရင်ရော ဘာတွေအကျိုးသက်ရောက်မှုရှိလဲ

ဒီအကြောင်းအရာတွေကို ဆရာဆရာမ တွေသိရှိနိုင်ဖို့အတွက် MMtutors ကနေပြီးတော့ -
🔸 နည်းပညာနယ်ပယ်မှာ ပညာရှင်အနေနဲ့ လက်တွေ့လည်း ဆောင်ရွက်နေကြသူတွေဖြစ်သလို၊
🔸 ပညာရပ်တွေကိုလည်း ပြန်လည်ဝေမျှသင်ကြားပေးနေတဲ့ Code Craft Academy နဲ့ ပူးပေါင်းပြီးတော့ Webinar လေးစီစဥ်ပေးထားပါတယ်…

🔹 ဦးဆောင်ဆွေးနွေးပေးမဲ့သူကတော့ ဆရာဓူဝံအောင် ဖြစ်ပြီးတော့ ဆရာဟာ System Analyst, AI Researcher နဲ့ CTO တဦးအနေနဲ့ ကုမ္ပဏီအဖွဲ့အစည်းများစွာမှာ အတွေ့အကြုံများစွာရှိတဲ့သူဖြစ်ပါတယ်... လက်ရှိမှာလည်း မျိုးဆက်သစ်နည်းပညာသမားတွေ မွေးထုတ်ပေးနေတဲ့ Code Craft Academy မှာ Lead Instructor အနေနဲ့သင်ကြားပေးလျက်ရှိပါတယ်...

📍 ဒီ Webinar ဟာ ဘယ် AI Tools တွေက ကောင်းတယ်ဆိုတာမျိုးဆွေးနွေးပေးမှာ မဟုတ်ပဲ Agentic AI ရဲ့ သဘောတရားတွေနဲ့ လက်ရှိ နေ့စဥ်ဘဝမှာ အသုံးပြုနေကြတဲ့ AI တွေကို ဘယ်လိုမျိုးပိုကောင်းအောင် သုံးလို့ရမလဲကို ပြောပြပေးသွားမှာဖြစ်ပါတယ်... နည်းပညာနဲ့ပတ်သက်ပြီး ကိုယ်တိုင်လည်း တကယ်လုပ်ဆောင်နေတဲ့ အတွေ့အကြုံရင့် Professional ပညာရှင်တဦးက လာရောက်ဆွေးနွေးပေးတာဖြစ်လို့ AI ကို စိတ်ဝင်စားတဲ့ ဆရာဆရာမ များအတွက် ဗဟုသုတများစွာလည်း ရနိုင်မှာဖြစ်သလို လက်လွတ်မခံသင့်တဲ့ပွဲလေးလည်း ဖြစ်ပါတယ်... စိတ်ဝင်စားတဲ့ ဆရာဆရာမ များအနေနဲ့ အောက်ပါ form လေးကို ဖြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်...

📝 **လူဦးရေအကန့်အသတ်နဲ့သာ လက်ခံပေးသွားမှာဖြစ်လို့ မြန်မြန်လေးဖြည့်ပေးဖို့တော့ လိုပါမယ်…
Form Link : https://forms.gle/ZALp2NB1iACLF8zp9

📬 Form ထဲမှာ အချက်အလက်အများကြီးမတောင်းထားပဲ ဖြည့်သွင်းပြီးတဲ့အခါ အချက်အလက်လေးတွေ မှန်ကန်စေဖို့ ပြန်လည်စစ်ဆေးပြီးမှသာ Submit ပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင့်… အချက်အလက်ဖြည့်သွင်းရာတွင် မှားယွင်းပါက Form ထဲကနေ ပယ်ဖျက်သွားမှာကြောင့်ပါ… တက်ရောက်ဖို့ အတည်ပြုသည့် Invite Link လေးတွေကို 6 Jul 2026 နဲ့ 7 Jul 2026 နေ့ခင်းပိုင်းအထိ ဖြည့်သွင်းထားတဲ့ Email သို့ Telegram ကနေတဆင့် ပို့ပေးသွားပါမယ်ရှင့်.. တခုခုမေးမြန်းလိုတာရှိပါက -

✅ Page Messenger
✅ Phone: 09-779 419 871
✅ Telegram: သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်

📌 မိမိရဲ့ အသိမိတ်ဆွေ ဆရာဆရာမ တွေကို ဒီ Webinar လေး တက်စေချင်တဲ့သူရှိရင်လည်း ဝေမျှပေးလို့ရပါတယ်…

Title - From Chatbots to Agents: What’s Changing for Educators
Date - 7 Jul 2026
Time - 8:00 PM
Location - Online

03/07/2026

🌟 လက်ရှိ International Primary Maths တွေမှာ ရေပန်းအစားဆုံး Maths Curriculum (၃) မျိုးကို တစ်နေရာတည်းမှာ သင်ယူလိုက်ပါ! 🌟

အခုနောက်ပိုင်းမှာ Maths Center တွေ ပိုမိုများပြားလာတာနဲ့အမျှ ကျွမ်းကျင်တဲ့ Maths တီချယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း အရင်ကထက် ပိုမိုပေါများလာနေပါပြီ။ ဒီအခွင့်အလမ်းတွေကို လက်လွတ်မခံဘဲ ကိုယ့်ရဲ့ Career ကို နောက်တဆင့်မြှင့်တင်နိုင်ဖို့ဆိုရင် နိုင်ငံတကာအဆင့်မီ Curriculum တွေကို ကျွမ်းကျင်ပိုင်နိုင်ထားဖို့က အလွန်အရေးကြီးပါတယ်။

📚✨ MMtutors မှ သင်ကြားရေးဆရာ၊ ဆရာမများအတွက် ရည်ရွယ်ပြီး International Maths Concept Teacher Training (Batch - 9) အတန်းသစ်ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ။ Primary Maths Curriculum (၃) မျိုးကို နားလည်သဘောပေါက်စွာ သင်ကြားနိုင်ရန်အတွက် အကောင်းဆုံး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒီအတန်းလေးမှာဆိုရင်တော့...
✔️ Singapore Maths ရဲ့ ရိုးရှင်းလွယ်ကူတဲ့ Bar Model နည်းလမ်းများ။
✔️ Cambridge Maths ရဲ့ အလွတ်ကျက်မှတ်မှုထက် ပုစ္ဆာတွက်ချက်မှု သဘောတရားကို နားလည်နိုင်မယ့် ထိရောက်တဲ့ နည်းလမ်းများ။
✔️ Pearson Maths ရဲ့ Skill-based ကို အခြေခံထားတဲ့ Flexible နည်းလမ်းများ အပါအဝင် Curriculum တစ်ခုချင်းစီရဲ့ Methods များကို သေချာသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒီသင်တန်းကို တက်ရောက်ပြီးတာနဲ့ နိုင်ငံတကာသင်ရိုးတွေကို ယုံကြည်မှုရှိရှိ သင်ကြားနိုင်မယ့် Maths Tutor တစ်ယောက် ဖြစ်လာမှာဖြစ်လို့ Maths Center တွေနဲ့ International School တွေမှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကိုလည်း ရရှိပိုင်ဆိုင်နိုင်ဖို့ အထောက်အကူဖြစ်လာမှာ ဖြစ်ပါတယ်ရှင့်။

(သင်တန်းစမယ့်ရက်ကို Comment မှာ ကြည့်ရှုနိုင်ပါတယ်။)

📩 အသေးစိတ် စုံစမ်းရန်နှင့် Register ပြုလုပ်ရန်:
🌐 အတန်းအပ်နှံရန်: mmtutors.com/tutors/events
📞 Phone: 09-779 419 871
💬 Telegram:

29/06/2026

Billionaire တွေထက် ရှားပါးတဲ့ Grand Master (၉၀) ကျော် အိန္ဒိယမှာ ဘယ်လိုပေါ်ထွက်လာတာလဲ? ♟️

ကမ္ဘာ့အသက်အငယ်ဆုံး Rating ရထားတဲ့ ကလေးငယ်လေးရဲ့ အကြောင်းကနေ... မြန်မာနိုင်ငံမှာ စစ်တုရင်သင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေအထိ ဗီဒီယိုထဲမှာ စုစည်းပေးထားပါတယ်။

သားသမီးတွေကို ထူးချွန်စေချင်တဲ့ မိဘတိုင်းအတွက် အကြံပြုချက်ကောင်းတွေ ပါဝင်လို့ ဗီဒီယိုကို အဆုံးထိကြည့်ဖို့ မမေ့နဲ့နော်! 👇✨

26/06/2026

♟ စစ်တုရင်ကစားတာဟာ ကလေးတွေရဲ့ သင်ယူလေ့လာမှုအပိုင်းအတွက် အထောက်အကူပြုတဲ့အပြင် စိတ်ဓာတ်ပိုင်းကိုပါ ဘယ်လိုတောင် ပြောင်းလဲပေးနိုင်သလဲ?

MMtutors အနေနဲ့ ကလေးတွေရဲ့ သင်ယူလေ့လာမှုအပိုင်းမှာ တိုးတက်စေဖို့အတွက် အမြဲကြိုးစားနေပြီး ကလေးတွေကိုလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ ကလေးတွေဖြစ်လာစေဖို့ ကြိုးစားလျက်ရှိပါတယ်။ ဒါကြောင့်လည်း ကလေးအတွက် အကျိုးကျေးဇူးများသလို ပညာရေးအတွက်လည်း သွယ်ဝိုက်ပြီး အထောက်အကူပြုတဲ့ စစ်တုရင်လိုမျိုး ပညာရပ်တခုကိုပါ သင်ကြားပေးနေပါတယ်။

ကလေးတွေအတွက် အဖိုးတန်ဆုံးလက်ဆောင် ဖြစ်လာမယ့် MMtutors ရဲ့ Chess Class နဲ့ပတ်သက်ပြီး Champion ဆုပေါင်းများစွာရှင် ဆရာ Yar Zar Kyaw ကိုယ်တိုင် မိဘတွေသိချင်နေတဲ့ မေးခွန်းတွေကို ဗီဒီယိုထဲမှာ ဖြေကြားပေးထားပါတယ်။

ဒီဗီဒီယိုလေးထဲမှာ မိဘတွေအတွက် ဘာတွေသိရမလဲဆိုရင်တော့ -
🎯 Chess အတန်းအတွက် ဆရာ့ရဲ့ ထူးခြားတဲ့ပြင်ဆင်မှုများ
🎯 ကလေးတွေအတွက် ပျင်းစရာမကောင်းဘဲ ဆော့ရင်းသင်၊ သင်ရင်းဆော့ဖြစ်အောင် ဘယ်လို ဆွဲဆောင်မလဲ?
🎯 Chess ကစားခြင်းက ကလေးတွေရဲ့ အတွေးအခေါ်နဲ့ စိတ်ဓာတ်ပိုင်းကို ဘယ်လို ပြောင်းလဲရင့်ကျက်စေသလဲ?
🎯 ဆရာကိုယ်တိုင် မိဘတွေကို တိုက်တွန်းချင်တဲ့ အကြံပြုချက်စကားများ

"စစ်တုရင်" ဆိုတာ ရိုးရိုးကစားနည်းတစ်ခုမဟုတ်ဘဲ ကလေးတွေရဲ့ ဉာဏ်ရည်ကို ပိုမိုထက်မြက်စေတဲ့ "ဦးနှောက် Gym" တစ်ခုပါ။

ဆရာ့ရဲ့ စနစ်တကျ သင်ကြားပြသမှုတွေကို သိရှိနိုင်ဖို့ ဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှု လုံးဝမရှိဘဲ အေးအေးချမ်းချမ်းနဲ့ ကလေးရဲ့ ဦးနှောက်စွမ်းရည်၊ အကျိုးအကြောင်း တွေးခေါ်နိုင်စွမ်းနဲ့ "ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ စိတ်ဓာတ်ပိုင်း" ကို စစ်တုရင်က ဘယ်လို ပြောင်းလဲပေးနိုင်မလဲဆိုတာကို ဒီ Interview ဗီဒီယိုလေးထဲမှာ ဆရာက အသေးစိတ် ရှင်းပြပေးထားပါတယ်။

"စစ်တုရင်ဟာ ငါဒါကိုလုပ်ရင် ဘာဖြစ်လာမလဲဆိုတဲ့ အကျိုးနဲ့အကြောင်းကို ကလေးတွေကို အမြဲစဉ်းစားစေပါတယ်။ ဒီအလေ့အကျင့်က လက်တွေ့ဘဝမှာပါ အများကြီး အထောက်အကူပြုမှာပါ"

မိဘတွေနဲ့ ကလေးတွေအတွက် တကယ့်ကို အကျိုးရှိမယ့် ဆရာ့ရဲ့ Interview ကို အခုပဲ အတူတူ ကြည့်ရှုလိုက်ရအောင်ဗျာ။ (ဒီ Video လေးကတော့ နွေရာသီသင်တန်းတုန်းက ဆရာ့ကို မေးမြန်းပေးခဲ့တာဖြစ်ပါတယ်)

✨ MMtutors ရဲ့ လူကြိုက်အများဆုံး Chess Class အတန်းသစ်လေးတွေအတွက်လည်း Messenger မှာ စုံစမ်းနိုင်ပါပြီခင်ဗျာ။

24/06/2026

ကလေးတွေ ဘာကြောင့် စာမလုပ်ချင်ကြတာလဲ?
(မိဘတိုင်း သိထားသင့်တဲ့ အဓိကအချက် (၅) ချက်)

ကလေးအရွယ်၊ ကျောင်းသားအရွယ်ဆိုတာ အပူအပင်ကင်းတဲ့ အရွယ်လေးတွေပါ။ ပြီးတော့ ကျွန်တော်တို့အားလုံးရဲ့ အပျော်ရဆုံး အချိန်တွေထဲက တစ်ချိန်၊ အမှတ်တရတွေ ပြည့်နှက်နေတဲ့ အချိန်လေးတွေလို့လည်း ပြောနိုင်ပါတယ်။ ဖေဖေမေမေတို့အတွက်ကတော့ “စာလုပ်၊ စာကျက်၊ အိမ်စာရေးရမယ်” ဆိုတာကို နေ့တိုင်း အသံသွင်းထားသလို မကြာခဏ အော်ပြောရတဲ့ အရွယ်လို့လည်း ဆိုရမှာပါ။

တကယ်တော့ စာလုပ်ရတာ ကြိုက်တဲ့ကျောင်းသားဆိုတာ ရှားပါတယ်။ အခုပြောပြပေးမယ့် အကြောင်းအရာလေးက စာကြိုးစားတဲ့ ကျောင်းသားတွေအတွက်တော့ အထွေအထူး မဟုတ်ပေမယ့် အတန်းထဲမှာ အမြဲနောက်ကောက်ကျနေတဲ့ ကျောင်းသားတွေ၊ စာမလုပ်ချင်တဲ့ ကျောင်းသားတွေ ဘာကြောင့် စာမလုပ်တာလဲ၊ ဘာ့ကြောင့် စာမလုပ်ချင်ရတာလဲဆိုတဲ့ အကြောင်းရင်းတွေထဲက အချို့ကို မိဘများ သတိပြုမိစေရန် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

၁ ) စာမလိုက်နိုင်လို့
စာမလုပ်ချင်ရတဲ့ အကြောင်းတွေထဲမှာ စာမလိုက်နိုင်တာဟာ ထိပ်ဆုံးက ဖြစ်ပါတယ်။ ကျောင်းမှာ လူအများနဲ့ သင်ရတဲ့အခါ ဆရာတွေအနေနဲ့လည်း လစ်ဟာမှုလေးတွေ ရှိနိုင်သလို၊ ကျောင်းသားတွေအနေနဲ့လည်း သူငယ်ချင်းတွေနဲ့ စကားပြောမိလိုက်တာ၊ သင်တာမကြားလိုက်တာ ဒါမှမဟုတ် နားမလည်လိုက်တာမျိုးတွေ ရှိတတ်ပါတယ်။

ကျောင်းသားတွေအနေနဲ့ လူအများကြားမှာ ကိုယ်နားမလည်လို့ ဆရာကို ပြန်မေးရမှာကို ရှက်တာ၊ ကြောက်တာတွေ ဖြစ်တတ်တာကြောင့် နားမလည်ရင်လည်း ပြန်မမေးကြပါဘူး။ ဒီလိုနဲ့ အိမ်ရောက်လို့ စာပြန်လုပ်တဲ့အခါ အဲ့ဒီဘာသာရပ်ကို နားမလည်တော့လို့ ပြန်မလုပ်ချင်တော့ပါဘူး။ ပြန်လည်းမမေးဖြစ်၊ ဒီလိုနဲ့ မလုပ်ဖြစ်တော့မရ၊ မရတော့ ပိုမလုပ်ချင်နဲ့ "သံသရာလည်" နေတော့တာပါပဲ။

၂ ) အချိန်ဆွဲလုပ်တတ်တဲ့အကျင့်ကြောင့်
ဒါကတော့ ကျောင်းသားတွေတင်မကပါဘူး၊ ကျွန်တော်တို့ လူကြီးတော်တော်များများမှာလည်း အချိန်ဆွဲတတ်တဲ့ အကျင့်ရှိကြပါတယ်။ မလုပ်မဖြစ်တဲ့ အချိန်ကျမှ လုပ်ကြတယ်။ စာမေးပွဲနီးမှ စာကပ်ကျက်ကြတယ်။

ဘာသာတိုင်းကို အချိန်နီးမှ ကပ်လုပ်တော့ စာမလုပ်ဖြစ်တဲ့ အကြွေးတွေ ထပ်နေပြီး အချိန်ကြာလာတဲ့အခါ နားမလည်တော့ပါဘူး။ စာတွေအများကြီးကို အချိန်ခဏလေးနဲ့ မှတ်ရတော့ ကျက်စာမေ့တာတွေ၊ သီအိုရီရောကုန်တာတွေနဲ့ ရှုပ်ထွေးပြီး စာကို လုံးဝမလုပ်ချင်တော့ပါဘူး။ အဲ့လို အချိန်ဆွဲလုပ်တတ်တဲ့ အကျင့်တွေကြောင့် စာအကြွေးတွေပုံလာပြီး စာမလုပ်ချင်ဖြစ်လာရခြင်း ဖြစ်ပါတယ်။

၃ ) စိတ်အလိုလိုက်ပြီး စာမလုပ်တာ
ဒီအကြောင်းပြချက်ကတော့ ရှင်းပါတယ်။ ကျောင်းသားအရွယ်ဆိုတာ စိတ်ကိုပဲ ဦးစားပေးတတ်ကြပါသေးတယ်။ စာလုပ်ချင်ရင်လုပ်မယ်၊ တီဗီကြည့်ချင်ကြည့်မယ်၊ ဆော့ချင်ဆော့မယ်။ ပြောရရင် ကိုယ့်စိတ်ဆန္ဒတစ်ခုတည်းကိုပဲ လိုက်လုပ်တတ်ကြတာပါ။

၂၄ နာရီမှာ ကျောင်းမှာစာလုပ်ရတဲ့ အချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ စာလုပ်ချင်စိတ် မရှိကြပါဘူး။ "စိတ်ပါမှ စာလုပ်လို့ကောင်းတာ" ဆိုတဲ့ သားသားမီးမီးလေးတွေပါ။ ညဘက် စာလုပ်မယ်ဆိုပြီး ကာတွန်းကားလေး ကောင်းနေလို့ ဆက်ကြည့်လိုက်မယ်၊ ပြီးမှလုပ်မယ်ဆိုပြီး အိပ်ပျော်သွားတာမျိုးက စိတ်အလိုလိုက်ရင်းကနေပဲ စာမလုပ်ဖြစ်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။

၄ ) အနှောင့်အယှက်များလို့
အနှောင့်အယှက်ဆိုတဲ့နေရာမှာ အပေါင်းအသင်းတွေကြောင့် ဖြစ်နိုင်သလို၊ အခြားသော ဖျော်ဖြေရေး အသုံးအဆောင်တွေဖြစ်တဲ့ မိုဘိုင်းဖုန်း၊ ဂိမ်း၊ တီဗီစီးရီးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကိုယ်က စာလုပ်မယ်ဆိုရင်တောင် သူငယ်ချင်းအဆွယ်ကောင်းမှုကြောင့် မလုပ်ဖြစ်တာမျိုး၊ ယနေ့ခေတ် အင်တာနက်ခေတ်မှာဆိုရင် ဖုန်းထဲကဂိမ်းတွေဟာ ကစားတဲ့သူကို စိတ်လှုပ်ရှားမှုကောင်းကောင်း ပေးနိုင်အောင် ဖန်တီးလာကြသလို စွဲလမ်းစေတတ်တာကြောင့်လည်း စာလုပ်ချင်စိတ် လျော့နည်းလာပါတယ်။ ဒါ့အပြင် တီဗီဒရာမာနဲ့ စီးရီးတွေကို အလွယ်တကူ ကြည့်နိုင်တော့ စာလုပ်ချင်စိတ်ကို အဟန့်အတား ဖြစ်စေပါတယ်။ ဒီလိုမျိုး ဖျော်ဖြေရေးအရာတွေဟာ ကျောင်းသားတွေအတွက် "တန်ဆေး လွန်ဘေး" ပါပဲ။

၅ ) အရွဲ့တိုက်ချင်တဲ့စိတ်ကြောင့်
ဒါကတော့ ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေမှာ အဖြစ်များပါတယ်။ မိဘတွေအတွက်လည်း ကလေးတွေကို ထိန်းရခက်တဲ့ အရွယ်ပါ။ ဆယ်ကျော်သက်အရွယ်က လေ့လာစူးစမ်းချင်စိတ် ပြင်းပြသလို တစ်ခုခုဆိုရင်လည်း အကောင်းမြင်စိတ်ထက် အပြစ်မြင်တဲ့စိတ်က ပိုများတတ်ပါတယ်။

ကျောင်းသားတစ်ယောက်အနေနဲ့ စာလုပ်ရမယ့် တာဝန်ကိုတော့ သိကြပါတယ်။ ဒါပေမယ့် မိဘတွေက "စာမလုပ်ဘူးလား။ အဲ့လို စာမလုပ်လို့ပဲ သူများထက် နောက်ကောက်ကျနေတာ" စသဖြင့် ပြောလိုက်ပြီဆိုရင် သူတို့စိတ်ထဲမှာ "ငါ့ကို ကြိုးစားစေချင်လို့ ပြောတာပဲ" ဆိုတဲ့ အကောင်းမြင်စိတ်ထက် "မလုပ်ဘူး... ဘာဖြစ်လဲ" ဆိုတဲ့ အရွဲ့တိုက်ချင်စိတ်က ပိုများသွားပါတယ်။ အဲ့လို အရွဲ့တိုက်တတ်တဲ့ စိတ်ကြောင့်ပဲ စာမလုပ်ဖြစ်တော့တာ ဖြစ်ပါတယ်။

မိဘများအတွက် အကြံပြုချက်
ဒီလိုမျိုး အရွဲ့တိုက်တာတွေမဖြစ်ဖို့ဆိုရင် မိဘတစ်ယောက်အနေနဲ့ ကလေးရဲ့အကြောင်းကို သေချာသိဖို့ လိုပါတယ်။ ကလေးရဲ့ ပုံစံနဲ့ စိတ်နေစိတ်ထားပေါ် မူတည်ပြီး ခြောက်တစ်ခါ ချော့တလှည့် နဲ့ ထိန်းကျောင်းသွားဖို့ လိုအပ်ပါတယ်။

အခုပြောပြခဲ့တဲ့ အချက်တွေက ကျောင်းသားတွေ စာမလုပ်ချင်ရတဲ့ အကြောင်းတွေထဲက အဖြစ်များတဲ့ အကြောင်းပြချက်တွေပါ။ မိဘတစ်ယောက်အနေနဲ့ စာချည်းပဲ ဇွတ်လုပ်ခိုင်းတာထက် မိမိကလေးက ဘာကြောင့် စာမလုပ်ချင်ရတာလဲဆိုတဲ့ အကြောင်းပြချက်လေးတွေကို သိထားတာက သူတို့လေးတွေကို စာလုပ်ခိုင်းဖို့ ပိုပြီးလွယ်ကူစေပါတယ်။

ကလေးတွေမှာလည်း ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိကြပါတယ်။ ဒါကို မိဘတွေအနေနဲ့ နားထောင်ပေးပြီး နည်းစနစ်ကျကျ ကိုင်တွယ်တတ်ဖို့ လိုပါတယ်။ အကောင်းဆုံးဖြစ်စေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ အတင်းအကြပ် စေခိုင်းတာက အဆိုးတွေကိုပဲ ဖြစ်စေတတ်ပါတယ်။ ဒီအချက်လေးတွေကို သိသွားပြီဆိုတော့ ကိုယ့်ကလေးက စာမလုပ်ချင်ဘူးလို့ ပြောလာတဲ့အခါ ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ အဖြေတစ်ခုခု ရသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တကယ်လို့ မိမိတို့ကလေးက စာသင်ခန်းထဲမှာ တကယ်ပဲ စာမလိုက်နိုင်လို့ အားနည်းနေတယ်၊ အခက်အခဲဖြစ်နေတယ်လို့ ယူဆရင်တော့ ကလေးရဲ့ လိုအပ်ချက်ကို အနီးကပ် ဖြည့်ဆည်းပေးနိုင်ဖို့ MMtutors မှာ တစ်ဦးချင်း (1 to 1) ထိရောက်စွာ သင်ကြားပေးမယ့် ဆရာ၊ ဆရာမများကို ဆက်သွယ်ခေါ်ယူနိုင်ပါပြီ။

မိဘများအနေနဲ့ အိမ်အရောက် (Home Tutor) သို့မဟုတ် Online ကနေ သင်ကြားပေးမယ့် ဆရာ၊ ဆရာမများကို အောက်ပါ Channel များမှတစ်ဆင့် လွယ်ကူလျင်မြန်စွာ ဆက်သွယ်စုံစမ်း ရှာဖွေနိုင်ပါတယ်။
Messenger - m.me/1084878888052992
Telegram -
Viber - 09790108000
Phone - 09790108000
Website - www.mmtutors.com/parents/tutors

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

Building (4), Room (102), Thanthumar Road, 24th Ward, Thingangyun Township
Yangon
11072