11/12/2022
သွေးစစ်သည့်အခါ ESR ဆိုတာဘာလဲလို့ စိတ်ဝင်စားသိချင်သူများလေ့လာနိုင်ရန်မျှဝေပါသည်ဗျ။
Esrများတိုင်း Sle'Ra' မဟုတ်သလို...Esrအဖြေတခုထဲနဲ့လဲ အဖြေထုတ်လို့မရပါဘူး✌
ESR (Erythrocyte Sedimentation Rate)
ESR ဆိုတာက Erythrocyte Sedimentation Rate ရဲ့အတိုကောက်ဖြစ်ပါတယ်... SED rate, Westergren sedimentation rate လို့လည်း ခေါ်ကြပါတယ်...
အဓိပ္ပါယ်က ကိုယ့်ရဲ့သွေးနီဥဆဲလ် Erythrocyte (Red Blood Cell, RBC) တွေရဲ့ အနည်ထိုင်မှုနှုန်း လို့ ဆိုလိုပါတယ်...
ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊လက်ဆစ်ခြေဆစ်ရောင်ခန္ဓာကိုယ်ဖေါရောင် အဆစ်များ တောင့်တင်းခြင်း၊ လည်ပင်း နှင့် ပခုံးနာကျင်ခြင်း ၊ အစားအသောက်ပျက်ခြင်း၊ နှင့် သွေးအားနည်းခြင်း ရောဂါလက္ခဏာတွေရှိတဲ့အခါ ဆရာဝန်များက ESR စစ်ဖို့ ညွှန်ကြားကောင်း၊ ညွှန်ကြားနိုင်ပါတယ်။
ESR မြင့်နေလျှင် ဘာကြောင့် မြင့်နေတာလဲ စသည်ဖြင့် မေးလေ့ ရှိကြသည်။ESR ဆိုသည်မှာ သွေးတွင်းရှိ သွေးနီ ဥများ ၏ အနည်ကျနှုန်း ဖြစ်သည်။
တကယ်လို့ ကျနော်တို့ကိုယ်ခန္ဓာထဲမှာ ရောင်ရမ်းမှုဖြစ်စဉ် (Inflammation) တစ်ခုဖြစ်နေခဲ့ရင်တော့ သွေးနီဥဆဲလ်တွေဟာ မြန်မြန် အနည်ထိုင်ပါတယ်... မြန်မြန်အနည်ထိုင်တဲ့အတွက် တစ်နာရီအတွင်း အနည်ထိုင်နှုန်း (ESR)က ပုံမှန်ထက် ပိုများပါတယ်...
ESR သည် ရောင်ရမ်းခြင်း(Inflammation) ၏ အမှတ် သင်္ကေတဖြစ်ရာ ဆိုးရွားသော ရောင်ရမ်းရောဂါ များတွင်ESR သည် အလွန်မြင့်တက် လေ့ ရှိပြီး တစ်ခါ တစ်ရံ ရာချီပြီး တက် တတ်သည်။ ရောင်ရမ်းနေချိန် တွင် တက်ပြီး၊ ရောင်ရမ်း သက်သာသွား ချိန်တွင်ပြန်ကျလေ့ရှိသည်။
ဘယ်လိုအခြေအနေတွေမှာ ESR တက်နိုင်လဲဆိုရင် ရောင်ရမ်းခြင်းအခြေအနေများဖြစ်တဲ့
- ရောဂါပိုးဝင်တဲ့အခြေအနေတွေ (Infection)
- သွေးလေးဘက်နာ (Rheumatoid arthritis)
- ပိုးလေးဘက်နာ (Rheumatic fever)
- သွေးကြောဆိုင်ရာရောဂါ (Vascular disease)
- အူရောင်ရောဂါ (Inflammatory bowel disease)
- နှလုံးရောဂါ (Heart disease)
- ကျောက်ကပ်ရောဂါ (Kidney disease)
- ကင်ဆာရောဂါတချို့ (Certain cancers) မှာ တက်နိုင်ပါတယ်...ထိုခါကိုယ်တွင်းမှာဖြစ်နေနိုင်တယ်လို့ ယူဆလို့ရပါတယ်။
သွေးပြစ်ရောဂါ (Polycythemia)၊ Sickle cell anemia သွေးအားနည်းရောဂါ နှင့် Leukocytosis လိုအခြေအနေတွေမှာ ESR ပမာဏလျော့နည်းနေတတ်ပါတယ်။
ESR ရလဒ်တစ်ခုထဲနဲ့ အပေါ်မှာဖော်ပြခဲ့တဲ့ရောဂါတွေ ဖြစ်နေပြီ၊ ရှိနေပြီလို့ တစ်ထစ်ချ ပြောလို့မရပါဘူး... ESR ရလဒ် ကနေ ကောက်ချက်ချနိုင်တာက ကိုယ့်ရဲ့ကိုယ်ခန္ဓာထဲမှာ ရောင်ရမ်းမှုဖြစ်စဉ်တစ်ခုခုရှိနေတာ၊ သွေးဆဲလ်ဆိုင်ရာပြဿနာနာတစ်ခုခုရှိနေနိုင်တာလောက်ပါပဲ... တခြားစစ်ဆေးမှုရလဒ်တွေနဲ့ ပေါင်းစပ်ပြီးမှသာ ရောဂါကို အဖြေရှာနိုင်တဲ့ စမ်းသပ်မှုတစ်ခုသက်သက်ပါပဲ...
ESR တက်တာနဲ့ ရောဂါရှိပြီ၊ ဆေးကုရတော့မယ်လို့ မဆိုလိုပါဘူး... ကိုယ်ဝန်လို၊ ရာသီသွေးပေါ်တာလို ပုံမှန်ဖြစ်စဉ်တစ်ခုကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်...
ပုံမှန် ESR ရလဒ်တွေကတော့
အသက် ၅၀ အောက် အမျိုးသမီး = 20 mm/hr အောက်
အသက် ၅၀ အထက် အမျိုးသမီး = 30 mm/hr အောက်
အသက် ၅၀ အောက် အမျိုးသား = 15 mm/hr အောက်
အသက် ၅၀ အထက် အမျိုးသား = 20 mm/hr အောက်
ကလေးငယ်တွေကတော့ 0 - 10 mm/hr အတွင်းမှာပဲရှိရပါမယ်...
သတ်မှတ်ချက်ထက်နည်းတဲ့ ESR ကိုတော့ သတ်မှတ်ပုံခြင်း မတူကြပါဘူး... သုည ကို နည်းတယ်လို့ ဆိုကြပေမယ့် သုညကိုပဲ ပုံမှန်ထဲထည့်ထားတဲ့ guideline တွေရှိပါတယ်...
ESR မဆိုစလောက်လေးတက်တာကတော့
- ဓမ္မတာ ရာသီသွေးပေါ်တာ (Menstruation)
- ကိုယ်ဝန်ရှိနေတာ (Pregnancy)
- သွေးအားနည်းတာ (Anaemia) တွေကြောင့်ဖြစ်နိုင်ပါတယ်... ရောင်ရမ်းမှုဖြစ်စဉ်ကြောင့်တော့ မဟုတ်ပါဘူး... oral contraceptives, aspirin, cortisone, and vitamin A လိုဆေးဝါးတွေကြောင့်လည်း ESR ရလဒ် မမှန်တာမျိုး ဖြစ်နိုင်ပါသေးတယ်....ESR တက်တာနဲ့ ရောဂါရှိပြီ၊ ဆေးကုရတော့မယ်လို့ မဆိုလိုပါဘူး... ကိုယ်ဝန်လို၊ ရာသီသွေးပေါ်တာလို ပုံမှန်ဖြစ်စဉ်တစ်ခုကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်...
ထို့ကြောင့် ESR ရလဒ်တစ်ခုထဲနဲ့ အပေါ်မှာဖော်ပြခဲ့တဲ့ရောဂါတွေ ဖြစ်နေပြီ၊ ရှိနေပြီလို့ တစ်ထစ်ချ ပြောလို့မရပါဘူး... ESR ရလဒ် ကနေ ကောက်ချက်ချနိုင်တာက ကိုယ့်ရဲ့ကိုယ်ခန္ဓာထဲမှာ ရောင်ရမ်းမှုဖြစ်စဉ်တစ်ခုခုရှိနေတာ၊ သွေးဆဲလ်ဆိုင်ရာပြဿနာနာတစ်ခုခုရှိနေနိုင်တာလောက်ပါပဲ... တခြားစစ်ဆေးမှုရလဒ်တွေနဲ့ ပေါင်းစပ်ပြီးမှသာ ရောဂါကို အဖြေရှာနိုင်တဲ့ စမ်းသပ်မှုတစ်ခုသက်သက်ပါပဲ...
ESR အဖြေပုံမှန်အဖြေမဖြစ်ခြင်းက ကုသမှုလိုတဲ့ရောဂါတစ်ခုရှိနေပြီလို့ ဆိုလိုခြင်းမဟုတ်ပါ။ ESR ပြောင်းလဲခြင်းက ရောဂါဖြစ်ခြင်းကို ရည်ညွှန်းခြင်းမဟုတ်ပဲ ကိုယ်တွင် ရောင်ရမ်းခြင်းရှိနေတယ်ဆိုတာကိုသာ ဖော်ပြနေခြင်းဖြစ်ပါတယ်လို့
Dr.PMM
credit #
❤️ကျောက်ကပ်ဝေဒနာရှင်များ သက်ရှည်ကျန်းမာကြပါစေ❤️