Elite Fitness Instructor Team

Elite Fitness Instructor Team

Share

Group Fitness Instructors

17/03/2026

ကဲ! ဒုတိယမြောက်ပွဲလေးအနေနဲ့
Fitness ချစ်သူတွေရော၊ အသစ်အဆန်းလေးတွေ လုပ်ရတာ ကြိုက်နှစ်သက်သူတွေအားလုံး စုဝေးကြမယ့် Sinma Fitness Festival ကြီးကို အားဖြည့်ပေးဖို့…

🔥 Nay Pyi Taw Elite Fitness Instructor Team လည်း အပြည့်အဝ ပါဝင်လာပါပြီ 🔥

🖤 ကျွန်တော်တို့ Team ဟာ နေပြည်တော်ရှိ Official Licensed Instructor တွေဖြင့် ဖွဲ့စည်းထားပြီး International Standard အတိုင်း သင်ကြားပေးနေတဲ့ Professional Fitness Team တစ်ခုဖြစ်ပါတယ်။ ဒီပွဲမှာတော့ အကောင်းဆုံး Energy၊ Technique နဲ့ Motivation တွေကို သင်တို့အားလုံးအတွက် ယူဆောင်လာမှာပါ။ 🖤

ပွဲထဲမှာ ကျွန်တော်တို့ Team နဲ့အတူ ဘာတွေ လုပ်မလဲ?

💃 Zumba – သီချင်းမြူးမြူးနဲ့ အတူ ကခုန်ရင်း Calories တွေ လောင်ကျွမ်းမယ်
💪 Les Mills BodyCombat – Stress တွေ ထုတ်ပစ်ပြီး Power အပြည့်နဲ့ လေ့ကျင့်မယ်
💪 Les Mills BodyPump – ကြွက်သားတွေ ကျစ်လစ်သန်မာလာအောင် တည်ဆောက်မယ်
🧘🏻‍♀️ Yoga – Body & Mind Balance ပြန်လည်ညှိနှိုင်းမယ်

✨ အထူးအချက် ✨
ဒီပွဲမှာ ကျွန်တော်တို့ Elite Instructor Team က Participants တွေကို
✔️ Proper Technique
✔️ Safe Training
✔️ High Motivation
နဲ့ အတူ Next Level Fitness Experience တစ်ခု ပေးသွားမှာဖြစ်ပါတယ်။

🔥 Infinity Fitness နဲ့ Sinma Management Group of Companies အတူ ပူးပေါင်းပြီး Sinma Living Mall Outdoor Area မှာ ကျင်းပမယ့် ဒီ Event ကြီးကို အားဖြည့်ပါဝင်သွားမှာမို့… 🔥

မည်သူမဆို အခမဲ့ ပါဝင်နိုင်တာကြောင့်
သူငယ်ချင်းတွေကို Tag လုပ်ပြီး အတူတူ လာ Join လိုက်ကြပါစို့ 💥

📅 Date: 27–29 March 2026
⏰ Time: 5:00 PM to 9:00 PM
📍 Venue: Sinma Living Mall Outdoor Area



StayActive

03/03/2026

နေပြည်တော်မှာ Group Fitness Instructor ဖြစ်ချင်ပေမယ့် ဘယ်ကစရမလဲ မသိဘူးဖြစ်နေလား? 🤔
Fitness နယ်ပယ်မှာ ထိပ်တန်း Instructor တစ်ယောက်အဖြစ် ဝါသနာကို အသက်မွေးဝမ်းကျောင်းအဖြစ် ပြောင်းလဲပြီး အောင်မြင်ချင်သူလား? International Certificate တွေရဖို့ စိတ်ကူးရှိလား? 🌍✨
ယနေ့ခေတ် Gym Trend တွေမှာ Group Class တွေက မရှိမဖြစ် အပြိုင်အဆိုင် ထည့်သွင်းလာကြပါပြီ။ ဒါပေမဲ့... ဦးဆောင်သင်ကြားပေးနိုင်မယ့် Instructor ဦးရေက အတော်လေး ရှားပါးနေဆဲပါ။ ဒါဟာ သင့်အတွက် "အကောင်းဆုံး အခွင့်အလမ်း" ပါပဲ! 🌟
နေပြည်တော်ရဲ့ ပထမဦးဆုံး NGFIC (New Group Fitness Instructor Course) က သင့်အိမ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့ အသင့်ရှိနေပါပြီ။ 💯

🗓 မတ်လ (၈) ရက်နေ့တွင် သင်တန်းစတင်ပါမည်။

🎯 ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?
✅ International Certificate အတွက် အခြေခံကျကျ ပြင်ဆင်ချင်သူများ
✅ ယုံကြည်မှုရှိရှိ လူအများကို တပြိုင်နက်တည်းဦးဆောင်သင်ကြားချင်သူများ
✅ Floor အပြင် Class တွေပါပြသပြီး ဝင်ငွေ (Income) တိုးမြှင့်ချင်သူများ
✅ Music & Movement ကို စနစ်တကျ ပေါင်းစပ်တတ်လိုသူများ
✅ ကိုယ်ပိုင် Fitness Brand တည်ဆောက်လိုသူများ
🥋 Martial Arts (ကိုယ်ခံပညာ) အခြေခံတွေကို စနစ်တကျ လေ့လာသင်ယူချင်သူများ
🏢 အနာဂတ်မှာ ကိုယ်ပိုင် Studio (သို့မဟုတ်) Gym အောင်မြင်စွာ ဖွင့်လှစ်ချင်သူများ
🚀 Fitness Industry မှာရှိတဲ့ အသစ်အဆန်းတွေကို စိန်ခေါ်မှု ရှိရှိ လေ့လာသင်ယူချင်သူများ တက်ရောက်နိုင်ပါတယ်။

✨ ဘာတွေ သင်ယူရမလဲ?
✔️ အဆင့်မီ သင်ကြားရေးနည်းစနစ်များ (Coaching Techniques)
✔️ သီချင်း (Music) နှင့် လှုပ်ရှားမှု (Movement) ကို အချိုးကျ ပေါင်းစပ်နည်း
✔️ သင်တန်းသားများကို အပြည့်အဝ ဆွဲဆောင်နိုင်မည့် စွမ်းရည် (Connection, Motivation & Communication Skills)
✔️ Class မစတင်မီ ပြင်ဆင်ရမည့်အရာများ (Microphone, Sound System & Presentation)ပြင်ဆင်ခြင်း
✔️ မြန်မာလိုရှင်းပြထားသော လက်စွဲစာအုပ် (Hand Book)
✔️ လေ့ကျင့်ခန်း အိမ်စာတွေကို ပြန်စစ်ပေးမည့် Telegram Group
✔️ သိလိုသမျှမေးနိုင်ပြီး စာတွေ့သင်ကြားနိုင်ဖို့ Zoom Sessions
✔️ သင်တန်းပြီးဆုံးသွားတဲ့အခါ ကျွန်တော့်ရဲ့ Class တွေ Fitness Event မှာလည်း လုပ်ငန်းအတွေ့အကြုံများကို တစ်ခါထဲ ရယူနိုင်ပါတယ်။

📅 သင်တန်းအသေးစိတ်
* ကြာချိန်: ၁ လ (လက်တွေ့ ၂ ရက် + Zoom ၁ ရက် + Telegram အိမ်စာစစ်)
* သင်တန်းကြေး: ၃၂၀,၀၀၀ ကျပ်
🔥 EARLY BIRD - SPECIAL RATE 🔥
ပထမဆုံး စာရင်းသွင်းသူ (၅) ဦးအတွက် ၂၅၀,၀၀၀ ကျပ် သာကျသင့်ပါမယ်! (၇၀,၀၀၀ တောင် သက်သာမှာပါ)
(လစာထုတ်မှ ပေးလိုသူများအတွက် ၂ ရစ်ခွဲပေးနိုင်ပါသည်။

⚠️ Quality ကို အဓိကထားမှာဖြစ်လို့ လူဦးရေ ကန့်သတ်ထားပါတယ်။

ကိုယ့်ရဲ့ Career ကို Next Level မြှင့်တင်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။ 💪

📩 စုံစမ်းရန်: Page Messenger (သို့)
📞 09751636121(Viber)
👉 Join ချင်ရင် Comment မှာ ‘NGFIC’ လို့ ရေးခဲ့ပေးပါ။ အသေးစိတ်ကို Messenger ကနေ ပို့ပေးပါမယ်။ 🔥

02/03/2026

နေပြည်တော်ရှိ Swimming Pool ဘေးမှာ Group Fitness Program များကို စုံလင်စွာနဲ့ ပထမဦးဆုံး ကျင်းပပြုလုပ်ခဲ့တဲ့ Pool Side Fitness Experience 2026 ပွဲလေးရဲ့ အမှတ်တရ ပုံရိပ် Video လေး​ဖြစ်ပါတယ်။

LYF Active









Photos from Elite Fitness Instructor Team's post 26/02/2026

*** အမှတ်တရ ဒိတ်လှလှ 📸📸📸 ***

Horizon Lake View Resort Poolside မှာ ကျင်းပခဲ့တဲ့ Fitness Experience 2026 ပွဲမှာ ဦးဆောင်ခဲ့ကြတဲ့ Elite Fitness Instructor Team မှ ဆရာများရဲ့ အမှတ်တရ ဓာတ်ပုံများ 💥💥💥



08/02/2026

Pool Side Fitness Experience 2026 မှာ ပြင်းထန်တဲ့ Workout တွေတင်မကဘဲ စိတ်နဲ့ခန္ဓာကို ဟန်ချက်ညီညီနဲ့ Refresh ဖြစ်စေမယ့် Yoga Session ကို ဦးဆောင်ပေးသွားမယ့်သူကတော့ Instructor Mudita — Yoga & Fitness Professional ပဲ ဖြစ်ပါတယ်။

Mudita ဟာ လက်ရှိ Infinity Fitness မှာ Senior Personal Trainer & Group Fitness Coordinator အဖြစ် တာဝန်ယူနေပြီး၊ Movement နဲ့ Wellness ကို ကျွမ်းကျင်ပိုင်နိုင်စွာ ပေါင်းစပ်သင်ကြားပေးနေတဲ့ ဝါရင့် Instructor တစ်ဦးအဖြစ် Infinity Fitness မှာ အောက်ပါ Class တွေကို ပိုင်နိုင်စွာ ဦးဆောင်သင်ကြားပေးနေသူ ဖြစ်ပါတယ်
🔥 Infinity Fitness တွင် Mudita သင်ကြားပေးနေသော Class များ
B***y Pump:
တင်ပါးနှင့်ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားများ သန်စွမ်းလှပစေရန် အထူးပြုလေ့ကျင့်ပေးသော Class
Weight Loss Yoga:
ခန္ဓာကိုယ်အလေးချိန် လျှော့ချလိုသူများအတွက် ရည်ရွယ်သည့် ထိရောက်သော Yoga Flow များ
Fundamental Yoga:
Yoga အခြေခံကို စနစ်တကျ လေ့လာလိုသူများအတွက် သင်တန်း။
Pump Training:
ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများကို Music Beat များဖြင့် ပုံဖော်ပေးသည့် လေ့ကျင့်ခန်း အစရှိတဲ့ class များဖြစ်ပါတယ်။

🎓 Professional Expertise & Certifications
သူမရဲ့ သင်ကြားမှုတွေဟာ ခိုင်မာတဲ့ လေ့လာဆည်းပူးမှုတွေအပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။
Yoga Specialist:
200hrs Multi-Style YTTC၊ 100hrs Ashtanga Yoga နှင့် 50hrs Aerial Yoga Certified။

Zumba & Strength:
Strong Nation Zumba Instructor နှင့် Strong Nation with Weights Instructor

Rehab & Recovery:
ACE (American Council on Exercise) မှ အသိအမှတ်ပြု REHAB Trainer (REHAB Fx) နှင့် REHAB Express (MRC) Certified

Personal Training:
CIFA မှ Level 1 & 2 Personal Trainer နှင့် Myanmar Fitness Trainer Academy မှ Certified Personal Trainer & Nutrition Specialist
Bootilicious Training & Programming ကိုလည်း FEA အသိအမှတ်ပြု လက်မှတ် ရရှိထားသူ ဖြစ်ပါတယ်။
Infinity Fitness(Nay Pyi Taw) မှာ ဆရာမနဲ့အတူ Personal Training ရော YOGA Class & B***y Pump Class တွေကို ဆော့ကစားနိုင်ပါပြီ!

မနက်ခင်းရဲ့ လတ်ဆတ်တဲ့ လေအေးအေးကို ရှူရှိုက်ရင်း၊ ရေကူးကန်ဘေးက အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ Mudita ရဲ့ Yoga Flow နဲ့အတူ စိတ်ဖိစီးမှုတွေကို လွှတ်ချရင်း ကိုယ့်ကိုယ်ကို အနားပေးဖို့ အဆင်သင့်ဖြစ်ပြီလား? 🧘‍♀️✨

📍 ပွဲကျင်းပမည့်ရက်: ၁၂ ဖေဖော်ဝါရီ ၂၀၂၆
⏰ အချိန်: နံနက် ၇:၀၀ နာရီ မှ ၉:၀၀ နာရီအထိ
📍 နေရာ: Horizon Lake View Resort (Poolside)

နေရာအကန့်အသတ်ရှိလို့ အခုပဲ အောက်က Link မှာ စာရင်းသွင်းလိုက်ပါဦးနော်!
👉 https://forms.gle/7cyUANMQQBW4iL6N8





08/02/2026

"အရေးကြီးတာ လှုပ်ဖို့လိုတယ်..." ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ နေပြည်တော်ရဲ့ Fitness လောကကို အစဉ်အမြဲ အဆင့်မြှင့်တင်ပေးနေတဲ့ Infinity Fitness ဟာ အခုဆိုရင် POOL SIDE FITNESS EXPERIENCE 2026 ပွဲကြီးမှာ အဓိကကျတဲ့ License GYM Partner နှင့် Equipment Partner အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ်။

🌟 ကမ္ဘာ့အဆင့်မီ စံနှုန်းများကို နေပြည်တော်သို့ ယူဆောင်လာခဲ့ပြီး Infinity Fitness ဟာ ကမ္ဘာကျော် Les Mills Programs တွေရဲ့ တရားဝင်လိုင်စင်ရ GYM တစ်ခုဖြစ်သလို၊ အခုပွဲမှာလည်း စံချိန်စံညွှန်းမီ အရည်အသွေးမြင့် Workout Equipments တွေကို အပြည့်အဝ ပံ့ပိုးပေးထားပါတယ်။ ဒါကြောင့် သင်ဟာ အမိုက်စား Pool Side Vibe မှာ ပရိုဆန်ဆန်နဲ့ ဘေးကင်းစိတ်ချစွာ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

🎖️ Infinity Fitness မှ ဒီပွဲကို ဦးဆောင်မယ့် Instructor တွေဟာ Infinity Fitness ရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ် -
* Coach Myo Min Oo:
* Instructor Pan Pan:
* Instructor Mudita:
* Instructor Thu Rain:
* Instructor Khaine Hnin Wai:
*Instructor Hein
တို့က ပါဝင်အားဖြည့်ထားပါသေးတယ်။

သင့်ရဲ့ Fitness Journey ကို ဆက်လက်လျှောက်လှမ်းဖို့ Infinity Fitness (Nay Pyi Taw) မှာ အောက်ပါ Class တွေကို နေ့စဉ် တက်ရောက်နိုင်ပါတယ် -
* Les Mills Programs: BodyCombat, BodyPump, Functional Strength,RAW, Zumba, Kick Boxing, Senior Dance နှင့် Yoga မျိုးစုံတို့ကို အခြေခံမှ ကျွမ်းကျင်အထိ စနစ်တကျ သင်ကြားပေးသွားမှာပါ။

🙏 ကျေးဇူးတင်လွှာ
ကျွန်တော်တို့ရဲ့ Pool Side Fitness Experience 2026 ပွဲကြီး အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ License ပိုင်းနဲ့ Equipment ပိုင်းတွေကို အပြည့်အဝ တာဝန်ယူပေးတဲ့ Infinity Fitness အား အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အရည်အသွေးမြင့် ဝန်ဆောင်မှုတွေနဲ့အတူ နေပြည်တော်က Fitness ချစ်သူတွေအတွက် အကောင်းဆုံး Experience တစ်ခုကို ဖန်တီးပေးလိုက်ပါပြီ။

📞 Nay Pyi Taw Contact: 09 890 671 161
📍 Address: Corner of Thiri Yadanar Street & Zayar Htarni Street, Oattara Thiri Shopping Complex, Nay Pyi Taw

Infinity Fitness
• U Chit Maung
09 426 513 001

• INYA
09 255 319 431

• Hledan - INFINITY EASY
09 - 407 310 033 / 09 - 407 310 044

ကမ္ဘာ့အဆင့်မီ Fitness အတွေ့အကြုံကို Infinity Fitness နဲ့အတူ Pool Side မှာ လက်တွေ့ခံစားလိုက်ပါ။

#အရေးကြီးတာလှုပ်ဖို့လိုတယ်



08/02/2026

🍪 Workout အပြီးမှာ တောင်ထိပ်ပန်းရဲ့ Special Cookie လေးတွေနဲ့ Energy ပြန်ဖြည့်ကြစို့! ✨

ကျွန်တော်တို့ရဲ့ POOL SIDE FITNESS EXPERIENCE 2026 ပွဲကြီးမှာ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ အားရပါးရ လုပ်ဆောင်ပြီးရင် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ Taung Htake Pan Hot Pot & BBQ မှ Refreshment Sponsor အဖြစ် အထူးပါဝင်ပေးထားပါတယ်။

ပွဲလာတက်ရောက်သူတိုင်းအတွက် တောင်ထိပ်ပန်း မှ စီစဉ်ပေးတဲ့ အရသာရှိလှတဲ့ Special
Cookie လေးတွေကို စေတနာအပြည့်နဲ့ တည်ခင်းဧည့်ခံပေးသွားမှာ ဖြစ်ပါတယ်။ ပူပူနွေးနွေး Workout အပြီးမှာ အချိုတည်းစရာ Cookie လေးတွေ မြည်းစမ်းရမှာမို့ တကယ့်ကို ပြည့်စုံတဲ့ Experience တစ်ခု ဖြစ်လာမှာပါ。

🥘 တောင်ထိပ်ပန်း Hot Pot ဆိုတာကတော့ နေပြည်တော်က ဟော့ပေါ့ချစ်သူတွေကြား မှာ အထူးတလည်မိတ်ဆက်စရာ မလိုတော့လောက်အောင်နာမည်ကြီးတဲ့ Hot Pot Buffet ဆိုင် တစ်ဆိုင်ဖြစ်ပြီး ကျောက်ပုဇွန်အပါအဝင် Seafood ပေါင်းစုံ၊ BBQ နဲ့ Side Dish မျိုးစုံကို အဝစားနိုင်တဲ့ နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ အခုပွဲမှာလည်း ပွဲတက်ရောက်သူတွေအတွက် အားဖြည့်စာအဖြစ် Cookie လေးတွေနဲ့ ကူညီပံ့ပိုးပေးထားတာပဲ ဖြစ်ပါတယ်။

🦞 ဆိုင်မှာဘာတွေစိတ်ကြိုက်စားလို့ရမှာလဲ?

အရသာအသစ်အနေနဲ့ Collagen ဟင်းရည် အပါအဝင် ဟင်းရည်(၈) မျိုးအထိ ရရှိပါတယ်။📣 Hot Pot + BBQ တင်မကဘဲ အသားငါး၊ ဟင်းသီးဟင်းရွက်၊ အချိုပွဲ၊ ရေခဲမုန့်နဲ့ ကျောက်ပုဇွန် (Lobster) အပါအဝင် Seafood တွေကို စိတ်ကြိုက်အဝစားနိုင်မယ့်အပြင် -
• Authentic Side Dishes: တရုတ်ပြည်က Chef ကြီးကိုယ်တိုင် စီမံထားတဲ့ တရုတ်ဟင်းပွဲမျိုးစုံ။
• Beer Free: တစ်ဦးကို Beer (၂) ခွက် Free ပေးတဲ့အစီအစဉ်။
• No Time Limit: အချိန်အကန့်အသတ်မရှိ စိတ်ကြိုက် ဇိမ်နဲ့စားလို့ရမှာပါ။

👨‍👩‍👧‍👦 မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် Workout ပွဲအပြီးမှာ သူငယ်ချင်းတွေနဲ့ Hot Pot Date မလား? မိသားစုနဲ့ပဲ ပျော်ပျော်ပါးပါး စားမလား? Private အခန်းသန့်သန့်လေးတွေလည်း အဆင်သင့်ရှိလို့ လူကြီးတွေကို ဧည့်ခံဖို့အတွက်လည်း အထူးသင့်လျော်ပါတယ်။

🙏 ကျေးဇူးတင်လွှာ
ကျွန်တော်တို့ ပွဲတက်ရောက်မယ့် Fitness ဝါသနာရှင်တွေအတွက် စနစ်တကျ စီမံပေးထားတဲ့ Cookie လေးတွေနဲ့ ပံ့ပိုးပေးတဲ့ တောင်ထိပ်ပန်း Hot Pot ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ပွဲနေ့မှာ အားမာန်အပြည့်နဲ့ Workout လုပ်ပြီးရင် ဗိုက်ဝဝနဲ့ အနားယူဖို့ တောင်ထိပ်ပန်းကို ကြွခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။

☎️ Contact: 09-662458305
📍 Address: No.S-088၊ သပြေကုန်း၊ ဧရာဝတီလမ်း၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။

📅 ပွဲကျင်းပမည့်ရက်: ၁၂ ဖေဖော်ဝါရီ ၂၀၂၆
⏰ အချိန်: နံနက် ၇:၀၀ နာရီ မှ ၉:၀၀ နာရီအထိ
📍 နေရာ: Horizon Lake View Resort (Poolside)

လူဦးရေ ကန့်သတ်ထားတာမို့လို့ နေရာမပြည့်ခင် အခုပဲ အောက်က Link မှာ စာရင်းသွင်းလိုက်ပါဦးနော်!
👉 https://forms.gle/7cyUANMQQBW4iL6N8

#တောင်ထိပ်ပန်းHotPot



08/02/2026

Pool Side Fitness Experience 2026 ပွဲကြီးဖြစ်မြောက်ဖို့အတွက် ပါဝင်ကူညီပေးထား Zalando Clothing ဟာ ကိုယ်ပိုင် Garment နဲ့အတူ Daily Wear, Smart Casual ကနေ Elegant Design ပေါင်းစုံကို Designer Made Quality အပြည့်နဲ့ ဖန်တီးပေးနေတဲ့ ပြည်တွင်းဖြစ် Local Brand ကောင်းတစ်ခု ဖြစ်ပါတယ်။

💎 ဘာကြောင့် Zalando Clothingကို ရွေးချယ်သင့်တာလဲ?
Designer Made Quality ပညာရှင်ကိုယ်တိုင် ဖန်တီးထားတဲ့ လက်ရာမို့ သာမန်အဝတ်အထည်တွေထက် ပိုမိုထူးခြားတဲ့ အနုစိတ်မှုကို ခံစားရမှာပါ။

Uncompromising Quality
ချုပ်ရိုးချုပ်သား သေသပ်မှုနဲ့ Fabric အရည်အသွေးကို အဓိကထားတာကြောင့် ပေးရတဲ့ဈေးနှုန်းထက် ပိုသာတဲ့ Value ကို ရရှိစေမှာပါ။

Modernize Design
ခေတ်နဲ့အညီ အမြဲဆန်းသစ်နေတဲ့ Design တွေကြောင့် နေ့စဉ်ဝတ်ဆင်ရာမှာ ပေါ်လွင်ထင်ရှားနေမှာ အသေအချာပါပဲ။

📍 လွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်မှု
လက်ရှိအချိန်မှာ မြို့ကြီး ၄ မြို့ဆိုင်ခွဲပေါင်း (၁၄) ဆိုင်မှာ ဝယ်ယူရရှိနိုင်ပါတယ်.. ရန်ကုန်မြို့ရှိ ဆိုင်ခွဲများစွာအပြင် နယ်မြို့များရှိ retail ဆိုင်ခွဲများမှတဆင့်လည်း ဝယ်ယူနိုင်ပါတယ်
နီးစပ်ရာ ဆိုင်ခွဲများမှာ ကိုယ်တိုင် ကြည့်နိုင်သလို📱 Online Shopping: page Zalando Clothing နှင့် TikTok တို့မှလည်း စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

🙏 ကျေးဇူးတင်လွှာ
ကျွန်တော်တို့ရဲ့ Pool Side Fitness 2026 ပွဲကြီးမှာ Diamond Sponsor တစ်ဦးအဖြစ် ပါဝင်အားဖြည့်ပေးတဲ့Zalando Clothing ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။
ပြည်တွင်းဖြစ် Local Brand တစ်ခုရဲ့ ယုံကြည်ရတဲ့ Quality ကို မြှင့်တင်ပေးနေတဲ့ Zalando ရဲ့ စေတနာဟာ ကျွန်တော်တို့ ပွဲအတွက်လည်း ကြီးမားတဲ့ အင်အားတစ်ခု ဖြစ်စေပါတယ်။ Quality ကို ကိုယ်တိုင်ဝတ်ကြည့်ပြီး ခံစားကြည့်ဖို့ Fitness ချစ်သူအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။

Elite Fitness Instructor Team နဲ့အတူ Zalando ရဲ့ Owner နီနီ တို့ ဦးဆောင်မယ့် ဒီပွဲမှာ ကျန်းမာကြံ့ခိုင်မှုတင်မကဘဲ အမိုက်စား Style တွေပါ ပိုင်ဆိုင်နိုင်ဖို့ အခုပဲ စာရင်းပေးလိုက်ကြရအောင်နော်

📅 ပွဲကျင်းပမည့်ရက်: ၁၂ ဖေဖော်ဝါရီ ၂၀၂၆
⏰ အချိန်: နံနက် ၇:၀၀ နာရီ မှ ၉:၀၀ နာရီအထိ
📍 နေရာ: Horizon Lake View Resort (Poolside)





Photos from Fitness Hub MM's post 29/03/2025

ငလျင်လှုပ်ပြီးချိန်တွင်

💢 မိမိတို့၏ ကျန်းမာရေးကို စောင့်ရှောက်ရန်နှင့် အခြားသူများကို ကူညီနိုင်ရန် မည်ကဲ့သို့ လုပ်ဆောင်ရမလဲ
💢 သောက်သုံးရေနှင့် အစားအစာများကို စိတ်ချရအောင် ဘယ်လိုလုပ်မလဲ
💢 ကလေးတွေရဲ့ ကျန်းမာ‌ရေးကို ဘယ်လို ကာကွယ်စောင့်ရှောက်နိုင်မလဲ
💢 နို့တိုက်မိခင်တစ်ဦးအနေနဲ့ ဘာတွေလုပ်သင့်သလဲ
💢 မိမိမှာ နာတာရှည်ရောဂါရှိနေပါက ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်နိုင်မလဲ
💢 ဘယ်လိုနည်းလမ်းတွေနဲ့ နောက်ဆုံး သတင်းအချက်အလက်တွေကို ရယူနိုင်မလဲ
💢 ငလျင်လှုပ်ချိန်နှင့် နောက်ပိုင်းတွင် ယာဥ်ကို ဘေးကင်းစွာ အသုံးပြုနည်း
စသည့်အကြောင်းအရာတို့ကို အောက်ပါ infographic များတွင် လေ့လာဖတ်ရှုနိုင်ပါတယ်

29/03/2025

[မြေပြင်မှာဖြန့်ဝေခြင်းဖြင့်ကူညီပေးပါ ‼️]

မန္တလေးဆေးရုံကြီးမှာ လူနာတွေမနိုင်မနင်းဖြစ်နေတယ်လို့ကြားရတယ်။ ဆေးရုံကြီးတင်မဟုတ်ဘဲ မန္တလေးမြို့ရဲ့ နေရာအသီးသီး ၊ တနိုင်ငံလုံးနေရာအနှံ့မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ မလောက်မငှဖြစ်နေနိုင်ပါတယ်။

ဒီ့အတွက် စေတနာ့ဝန်ထမ်းတွေအလိုရှိနေပါတယ် ‼️

ဘာလုပ်ပေးရမလဲဆိုရင် အခုတင်ထားတဲ့ပုံကို ပရင့်ထုတ်ပြီး ကိုယ်နေတဲ့နေရာနဲ့အနီးအနားက ငလျင်ဒဏ်သင့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတဲ့သူတွေ အများအပြားရှိနေနိုင်တဲ့ နေရာတွေ (ဆေးရုံ ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဗလီ စသဖြင့်) မှာ သွားကပ်ပေးဖို့ပါပဲ။

QR ကို scan ဖတ်လိုက်တာနဲ့ အခမဲ့ ပြည်သူ့ ဆေးခန်း - FOC Teleclinic ရဲ့chatbot ဆီကိုတိုက်ရိုက်ရောက်သွားမှာဖြစ်ပြီး chatbot ကတဆင့် ဆရာဝန်တွေနဲ့ချိတ်ဆက်ကာ ကျန်းမာရေးဝန်ဆောင်မှုရယူနိုင်မှာဖြစ်ပါတယ်။

FoC Teleclinic အနေနဲ့ အရေးပေါ်တုံ့ပြန်မှုနဲ့ပတ်သတ်တဲ့ အသိပေးလှုပ်ရှားမှုတွေအပြင် စေတနာ့ဝန်ထမ်း ဆရာဝန် ၆၀ ကျော်ကိုစုစည်းထားပြီး မနက် ၈ နာရီ - ည ၁၂ နာရီအထိ ကျန်မာရေး နဲ့ စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေပေးနိုင်အောင် စီစဉ်နေတာဖြစ်ပါတယ်။

31/12/2023

"GYM ကစားသူများနှင့်ခန္ဓာကိုယ်အမျိုးအစားများ"

လူတစ်ဦးတစ်ယောက်ချင်းစီမှာခန္ဓာကိုယ်အမျိုးအစားတွေမတူညီကြပါဘူး။ တချို့ပိန်ကြတယ်။ ဘယ်လောက်စားစား၀မလာဘူး။ ခန္ဓာကိုယ်ကကြီးမလာဘူး။ တချို့ကGYM ဆော့တယ် ပိုပြီး၀လာကြတယ်။ တချို့ကတော့ GYM ဆော့တဲ့အတိုင်းအတာအတွင်းမှာပြောင်းလည်းလာကြတယ်။ ဒါတွေဟာတစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ လူတိုင်းမှာသူ့ခန္ဓာကိုယ်အမျိုးအစားအလိုက်ရှိနေလို့ပါပဲ။ GYM ကစားသူတစ်ယောက်အနေနဲ့ မိမိခန္ဓာကိုယ်အမျိုးအစားကိုသိနေဖို့လိုအပ်ပါတယ်။

၁၉၄၀မှာခုနှစ်မှာအမေရိကန် စိတ်ပညာရှင် Wiliam Sheldon ကလူတွေမှာမတူညီတဲ့ခန္ဓာကိုယ်အမျိုးအစားတွေရှိတာကိုသုတေသနပြုလုပ်ခဲ့ပါတယ်။ လူတိုင်းမှာယေဘူယအားဖြင့်ခန္ဓာကိုယ်အမျိုးအစားသုံးမျိုးရှိပါတယ်။

******************************************

ပထမဆုံးအမျိုးအစားကတော့ Ectomorph လို့ခေါ်ပါတယ်။ပိန်ပိန်ပါးပါးခန္ဓာကိုယ်ပေါ့။ဒီအမျိုးအစားသောလူတွေမှာကံကောင်းတယ်လို့ဆိုနိုင်ပါတယ်။ ဘယ်လောက်စားစား၀မလာဘူး။ အဆီလည်းတက်မလာဘူး။

များသောအားဖြင့်ပိန်မယ်။ ၀လာဖို့တော်တော် ခက်ခဲမယ်။ အဆီတက်ဖို့လည်းခက်မယ်။ မျက်နှာအရွယ်အစားကတြိဂံပုံသဏန်ကျမယ်။လည်ပင်းရှည်မယ်ခြေချောင်းလောက်ချောင်းလေးတွေလည်းရှည်နေမယ်။ မေးရိုးကအောက်ကိုချွန်ထွက်နေတတ်တယ်။ အဆီနည်းတဲ့အတွက်ရာသီဥတုပူရင်သူများထက်ပူမယ်။ အေးတဲ့အခါသူများထက်ပိုအေးမယ်။ အရေပြားအောက်မှာအဆီနည်းနေမယ်။ လေ့ကျင့်ခန်းမလုပ်ပဲသွေးကြောတွေပေါ်ကောင်းပေါ်နေ လိမ့်မယ်။

ရင်အုပ်အရွယ်အစားလည်းသေးမယ်။ ခြေထောက်တွေလက်တွေကခန္ဓာကိုယ်နဲ့ယှဉ်ရင်ပိုရှည်နေမယ်။ အဝေးကကြည့်ရင်အရပ်ရှည်တယ်လို့ထင်ရမယ်။ခန္ဓာကိုယ်ကနုနယ်မယ်။ ကလေးပုံစံပေါက်နေမယ်။ ကြွက်သားနဲနဲရှိနေမယ်။ ယောက်ျားလေးဆိုရင်ဘာလေ့ကျင့်ခန်းမှမလုပ်ပဲဗိုက်မှာ 6packs ကလေးထွက်နေတတ်တယ်။ ဘယ်လောက်စားစား၀မလာဘူး။

ဒါဆိုရင်တော့သင်ဟာသေချာပါတယ်။ သင်ဟာEctomorph လို့ခေါ်တဲ့အမျိုးအစားဖြစ်ပါတယ်။ ဟောလိဝုဒ်မင်းသား ဘရက်ပစ် ကဒီအမျိုးအစားထဲမှာပါ၀င်ပါတယ်။ ဆောင်ရန်ရှောင်ရန်တွေကိုတော့အောက်မှာရေးထားပါတယ်။

*****************************************

ဒုတိယအမျိုးအစားကတော့ Mesomorph ဖြစ်တယ်။ အားကစားသမားတွေကြိုက်တဲ့ခန္ဓာကိုယ်ပေါ့။ ကြည့်လိုက်ရင်ရင်အုပ်ကြီးကားနေမယ်။ ခန္ဓာကိုယ်နဲ့စာရင်ခါးလေးတွေသေးနေမယ်။ အဆီနည်းနည်းတော့ရှိမယ်။ အရိုးတွေကြီးမယ် အပေါ်ပိုင်းကဘေးကိုကားနေမယ်။ မျက်နှာမှာရှိတဲ့ ကြွက်သားတွေဘေးကိုကားနေမယ်။ ပါးပြင်ကြီးတွေကြီးတတ်တယ်။မျက်နှာမှာရှိတဲ့မေးရိုးကိုထူနေမယ်။ ပုံမှန်ထက်စာရင်မျက်နှာပိုပေါ်မယ်။ ဆံပင်သားထူတယ်

တချို ့လူတွေမှာတင်ကြီးမယ်။ လက်ကောက်၀တ်လေးတွေသေးနေမယ်။ အရေပြားထူနေမယ်။GYM ကစားထားတဲ့သူတွေမှာဆို ဂုတ်ကြွက်သားအားကောင်းမယ်။အာနိုး(Arnold Schwannenzer) တို့ ဂျက်ဆိုက်(jeff seid)တို့အပေါ်ပိုင်းရင်အုပ်ကားပြီးအောက်ပိုင်းရှုးနေမယ်။ခနာကိုယ်က X ပုံသဏန်ရှိမယ်။ အဆီကျဖို့လည်းမြန်သလို အဆီတက်ဖို့လည်းမြန်ပါတယ်။

အကယ်၍သင်ဟာအဆီရောကြွက်သားထုကောတက်တာမြန်နေမယ်ဆိုရင်သေချာနေပါပြီ Mesomorph အမျိုးအစားဖြစ်ပါတယ်။ အာနိုးတို့စတားလုံးတို့ဗန်ဒိန်းတို့စတဲ့ရုပ်ရှင်မင်းသားကြီးများဟာဒီအမျိုးအစားများဖြစ်ပါတယ်။ အောက်မှာအကျယ်ဖတ်ပေးပါ။

*****************************************

Endomorphs ဆိုတာကတော့လူကောင်ကြီးကြီးဖြစ်မယ်။ အဆီတက်တာတအားမြန်မယ်။ ဘာမှမစားပဲဝနေတယ်။ များသောအားဖြင့်ဗိုက်ရွဲနေမယ်။ ခြေထောက်တွေလက်တွေခန္ဓာကိုယ်နဲ့ယှဉ်ရင်တို နေမယ်။ လက်ပြန်ရိုးတွေကြီးမယ်။ ခါးတုတ်နေမယ်။လက်တွေခြေထောက်တွေသူများထက်စာရင်တုတ်နေမယ်။ ခန္ဓာကိုယ်နဲ့ယှဉ်လိုက်ရင် ခြေဖဝါးလက်ဖဝါးလေးတွေသေးနေမယ်။ ကောင်းတဲ့အချက်ကတော့ဒီအမျိုးအစားကတော့မွေးရာပါသန်မာသူများပင်ဖြစ်ပါတယ်။

သင်ဟာဘာမှမစားပဲဝနေမယ်။ အဆီတက်နေတယ်။ ခန္ဓာကိုယ်ကိုကြည့်ရင် မာကြောနေမယ်။ လူကောင်ထွားထွားပုံစံပေါက်နေမယ်ဆိုရင်တော့သင်ဟာသေချာပါပြီ။ ဒီအမျိုးအစားဖြစ်တဲ့သူများကကံအလွန်းကောင်းကြပါတယ်။ ခန္ဓာကိုယ်ကဇီဝြဖစ်စဉ်နှေးတဲ့အတွက် အစာအဟာရပြတ်သည့်ထိကိုခန္ဓာကိုယ်ကခံနိုင်ရည်ရှိနေမှာပါ။ သူများထက်ပိုပြီးဘာမှမစားပဲနှင့်ကိုသန်မာနေသူများဖြစ်ကြပါတယ်။

အလေးမတဲ့ချံပီယံများနဲ့ပရော်ပက်ရှင်နယ် Bodybuilder သမားများဖြစ်တဲ့ Phill Heath ၊ Ronnie Coldman ၊Kai Green စတဲ့ အိုလံပီယာချံပီယံများမှာ ဒီအမျိုးအစားထဲမှာပါ၀င်နေပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Ectophors အမျိုးအစားများအကြောင်း" ***

ပုံမှန်အားဖြင့်တော့သေးသေးသွယ်သွယ်ရှိတဲ့ခန္ဓာကိုယ်ပေါ့။ ကိုယ်စားချင်တာစားလို့ရတယ်။ အစားထွေထွေထူးထူးရှောင်စရာမလိုဘူး။ ခန္ဓာကိုယ်မှာပါ၀င်တဲ့အဆီပမာဏလည်းနည်းမယ်။ များသောအားဖြင့်တော့ ဒီခန္ဓာကိုယ်အမျိုးအစားတွေကို တာဝေးအပြေးသမားတွေတို့စက်ဘီးစီးသမားများနဲ့စူပါမော်ဒယ်တွေမှာအတွေ့များပါတယ်။

မျိုးရိုးလိုက်တာကြောင့်လည်းဖြစ်နိုင်တယ်။ ညီအစ်ကိုမောင်နှမများနဲ့မျိုးရိုးထဲမှာလည်းဒီအမျိုးအစားများကိုတွေ့ရတတ်ပါတယ်။ Bodybuilding သမားများအတွက်တော့ ကယ်လိုရီများများစားဖို့လို အပ်ပါတယ်။ တစ်နေ့ကိုကယ်လိုရီ၄၀၀၀နဲ့အထက်စားသုံးပေးရပါမယ်။ တစ်နေ့ကိုကာဗွန်ဟိုက်ဒရိတ်ကစီဓာတ်ပါတဲ့ဂျုံပြောင်းနှမ်းနဲ့ ဆန်လုံညို။ ထမင်း စတဲ့ကယ်လိုရီများများပါတဲ့အစားအသောက်များကိုများများစားပေးနိုင်ပါတယ်။

GYM ဆော့တဲ့အခါမှာလည်း အလေးမတာတစ်မျိုးလောက်ပဲလုပ်ဆောင်သင့်သည်။ တခြား ကာဒီယို(Cardio)လေ့ကျင့်ခန်းများဖြစ်တဲ့စက်ဘီးစီးတာတို့ပြေးတာတို့ဖြစ်တဲ့ကယ်လိုရီလောက်ကြွမ်းမှုများတဲ့ အခြားအားကစားနည်းများကိုမလုပ်သင့်ပါ။ GYM ကစားခြင်းကိုလည်းအချိန်အတိုင်းအတာတစ်ခုအတွင်းပဲဆော့သင့်သည်။ အလေးများများကို အကြိမ်ရေ ၈ကြိမ်လျော့လျော့ပဲဆော့သင့်တယ်။

GYM ကစားချိန်ကိုတစ်ရက် နာရီ၀က် ၄၅မိနစ် အတွင်းပဲဆော့ပ့ါ။ GYM ကစားတဲ့ရက်တစ်ရက်နဲ့တစ်ရက်အတွင်း ၄၈နာရီမှ ၇၂ နာရီအတွင်လောက်နားသင့်တယ်လို့ဆိုထားပါတယ်။ ကြွက်သားများအားလုံးလှုပ်ရှားမှုအများဆုံးပေးရတဲ့ Deadlift ဆွဲခြင်း အောက်ပိုင်းထိုင်ခြင်း(Squats) နဲ့ရင်အုပ်တွန်းခြင်းစသည့် လေ့ကျင့်ခန်းများဦးစားပေးလုပ်ဆောင်ပေးသင့်သည်။တစ်နေ့ကိုကြွက်သားတစ်မျိုးထဲကိုပဲအဓိကထားမဆော့သင့်ပါ။ ကြွက်သားများများအလုပ်ပေးရသည့်လေ့ကျင့်ခန်းများ အပေါ်အာရုံစိုက်ပါ။

Ectomorphs အမျိုးအစားများတစ်နေ့အချိန်ဘယ်လောက်အိပ်သင့်သလည်း

တစ်နေ့ကိုအိပ်ချိန်၈နာရီထက်လျော့နည်းသင့်တယ်။ ဒီအမျိုးအစားများမှာခန္ဓာကိုယ်ကဇီဝြဖစ်စဉ်များအရမ်းမြန်တယ်။ အိပ်တဲ့အချိန်မှာကယ်လိုရီတွေလောက်ကြွမ်းမှုပိုများတယ်။ ဒါကြောင့်အိပ်ချိန်ကို တစ်နေ့နည်းနိုင်သမျှနည်းနည်းအိပ်သင့်တယ်။

Ectomorphs များနဲ့တစ်နေ့တာစားသင့်သည်များ

တစ်နေ့ကိုထမင်း၆နပ်၀န်းကျင်စားပေးသင့်ပါတယ်လို့ဆိုပါတယ်။တစ်နပ်တစ်နပ်ကိုဘယ်လောက်များများစားတယ်ဆိုတာပြသနာမရှိပါဘူး။

ရေများများသောက်ပေးပါ။ ကြွက်သားများကိုတည်ဆောက်ဖို့ရေသည်အသက်ထက်အရေကြီးသည်။ တစ်နေ့ကိုရေ ၄လီတာ၀န်းကျင်သောက်ပေးပါ။ GYM ကစားသည့်အခါရေဘူးယူသွားရန်မမေ့ပါနဲ့။ GYM ကစားပြီးတဲ့အခါခနာကိုယ်မှာရေဆုံးရှုံးမှုပိုများမယ်။ ပြင်းပြင်းထန်ထန်ကစားပြီးတဲ့အချိန်မှာရေများများသောက်ပေးဖို့လိုအပ်ပါတယ်။ ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးရန်အရေးကြီးပါတယ်။

Supplement များကိုတော့ Creatine နဲ့ Glutamine သုံးစွဲနိုင်ပါသည်။ ပရိုတိန်းစားသုံးမှုမလုံလောက်လျှင် ပရိုတိန်းမှုန့်များသောက်သုံးနိုင်သည်။

အရေးကြီးတာကတော့ ညအိပ်ယာ၀င်ခါနီးနဲ့မနက်အိပ်ယာထ မနက်စာကိုများများစားသုံးပေးပါ။ မနက်စာကိုလုံး၀အလွတ်မခံပါနဲ့။ ခန္ဓာကိုမှာကုန်ခမ်းသွားတဲ့အင်နာဂျီကိုပြန်လည်ဖြည့်တင်းဖို့့မနက်စာများများစားရန်လိုအပ်ပါတယ်။ မနက်စာမစားပဲအားကစားလုပ်ခြင်းမှုရှောင်ကြဉ်ရပါမယ်။ မနက်စာစားပြီးတစ်နာရီလောက်ကြာမှလေ့ကျင့်ခန်းများကိုလုပ်ဆောင်သင့်သည်။

ညစာကိုလည်းအာရုံစိုက်ရပါမယ်။ မစားဘဲအိပ်ယာ၀င်ခြင်းမျိုးမပြုလုပ်သင့်ပေ။ အိပ်ယာမ၀င်ခင်ကာဗွန်ဟိုက်ဒရိတ်ကစီဓာတ်များကိုများများစားသုံးပေးရမည်။ Supplement အနေနဲ့ Caesin Protein လို့ခေါ်တဲ့ပရိုတိန်းကိုသောက်သုံးသင့်တယ်။ ဒီပရိုတိန်းကပုံမှန်အားဖြင့်ခနာကိုယ်ကစုပ်ယူဖို့အချိန်ပိုကြာတယ်။ ဗိုက်ထဲမှာအကြာကြီးနေပါတယ်။ အစာအိပ်ထဲမှာအချိန်အတန်ကြာအောင်နေနိုင်ပါတယ်။ ဒါကြောင့်ညအိပ်ယာမ၀င်ခင် Caesin Protein သောက်သုံးပေးနိုင်သည်။

သင်ဟာဒီအမျိုးအစားဆိုရင်တော့အဆီလုံး၀မတက်တဲ့သင့်ခန္ဓာကိုယ်ကိုဂုဏ်ယူလိုက်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Mesomorphs အမျိုးအစားများအကြောင်း" ***

ပုံမှန်အားဖြင့်တော့တကယ့်အားကစားသမားခန္ဓာကိုယ်တွေပါ။ အဆီတက်တာကော ကြွက်သားကြီးထွားမှုနှုန်းကောမြန်ကြပါတယ်။ GYM ကိုပုံမှန်ဆော့တာနဲ့သိသာလာတဲ့ပုံစံမျိုးပါ။ ခနာကိုယ်က X ပုံသဏန်ရှိတယ်။ ဝိတ်ကျတာကောတက်တာရောမြန်ပါတယ်။ အားနည်းချက်တစ်ခုကတော့အဆီကောအတက်မြန်တာပါပဲ။

Mesomorphs များကတော့တစ်နေ့ကိုထမင်း၄နပ်ကနေ ၅နပ်လောက်စားရင်လုံလောက်ပါပြီ။ ကံကောင်းတာကတော့ မနက်စာတစ်နပ်ကိုတော့မိမိကြိုက်သလောက်စားသုံးနိုင်ပါတယ်။ တစ်နေ့တာအတွက်ကာဗွန်ဟိုက်ဒရိတ်၃၀% ပရိုတိန်း၄၀%နဲ့အဆီကို ၃၀%လောက်စားသုံးပေးရပါမယ်။ များသောအားဖြင့် ကာဗွန်ဟိုက်ဒရိတ်ပမာဏများများကို မနက်နဲ့ GYM မကစားပြီး၂နာရီလောက်အလိုမှာစားနိုင်ပါတယ်။

ညအိပ်ယာ၀င်ချိန်မှာထမင်းခေါက်ဆွဲ၊ ဂျုံနဲ့ပြုလုပ်ထားတဲ့ကယ်လိုရီများတဲ့အစားအစာများကိုလုံး၀စားလို့မရပါ။ GYM ဆော့ပြီးချိန်မှာလည်း ကာဗွန်ဟိုက်ဒရိတ်မမာဏနည်းနည်းစားပေးလို့ရနိုင်ပါတယ်။ အချိုကိုတော့တက်နိုင်သမျှရှောင်ရပါမယ်။ အချိုဓာတ်များသောသစ်သီးများကို GYM မဆော့ခင်စားနိုင်ပါတယ်။ ဆားလျော့စားပေးရပါမည်။ ငန်တဲ့အစားအစာတွေရှောင်ရပါမည်။

များများစားရမှာကတော့ ကြက်သား။ အမဲသား ငါး၊ ဆန်လုံးညို၊ အစေ့အဆန်တွေနဲ့အဆီသိပ်မပါတဲ့အစားအစာမျိုးစုံစားပေးနိုင်ပါတယ်။ GYM ကစားပြီးတဲ့ အခါမှာအဆီကျအောင် ဒိန်ချဉ်သောက်ပေးနိုင်ပါတယ်။ အစားအသောက်ပိုင်းကတော့Mesomorphs တွေအတွက်သိပ်ပြောထားတာမရှိပါဘူး။ မနက်စာနဲ့ GYM မဆော့ခင်တစ်နပ်ကလွဲရင် ကာဗွန်ဟိုက်ဒရိတ်ပမာဏကိုလျော့စားသင့်တယ်လို့ပဲအကြံပြုထားပါတယ်။

Mesomorphs များအတွက်လေ့ကျင့်ခန်း

Mesomorphs သမားများဟာကြွက်သားတည်ဆောက်ရပုံမှန်ထက်လွယ်ကူတယ်။ အားကစားသမားပုံပေါက်တယ်။ ရင်အုပ်ကြီးကျယ်နေမယ်။ ယောက်ျားဆန်တဲ့ခနာကိုယ်ရှိကြသူများဖြစ်တယ်။ တက်လာတဲ့အဆီနဲ့ကြွက်သားခွဲဖို့တော့အခက်အခဲရှိနိုင်တယ်။

ဒါကြောင့် ကယ်လိုရီလောင်ကြွမ်းမှုများတဲ့ Compound exercises များဖြစ်တဲ့ Dead liftဆွဲတာ ရင်အုပ်တွန်းတာတို့ အောက်ပိုင်းတို့ကို တစ်ပတ်သုံးကြိမ်လောက်နဲ့အသားပေးပြီးဆော့ရမယ်။ ကြွက်သားများကို တစ်ခုချင်းစီအုပ်စုခွဲဆော့လျှင်ပိုထိရောက်သည် ။ ပုံစံမတူတာသုံးလေးမျိုးထိထိရောက်ရောက်ဆော့ပေးပါ။ အလေးများများနဲ့အကြိမ်ရေ ၁၂ကြိမ်၀န်းကျင်လောက်ဆော့ပေးပါ။ တစ်ကျော့နဲ့တစ်ကျော့အကြား ၁မိနစ်ခန့်နားနိုင်သည်။ ကြွက်သားကြီးတာလည်းမြန်မယ် ။

အဆီလည်းအတက်မြန်တဲ့အတွက် Cardio လို့ခေါ်တဲ့ စက်ဘီးစီး တောင်တက် တာဝေးပြေးရေကူးစတဲ့လေ့ကျင့်ခန်းများနဲ့တွဲလုပ်ပေးရပါမည်။ တစ်ပတ်ကို သုံးကြိမ်နဲ့ တစ်နေ့ကိုမိနစ်၃၀ခန့်လုပ်ပေးနိုင်တယ်။ သင်ဟာဒီအမျိုးအစားဆိုရင်တော့ဂုဏ်ယူလိုက်ပါ။ နာမည်ကြီးအားကစားသမားများဟာ Mesomorphs များဖြစ်တယ်။ Jeff seid,Lazar Angelov, Arnold Schwannenger တို့ဟာဒီအမျိုးအစားထဲမှာပါ၀င်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Endomorphs အမျိုးအစားများအကြောင်း" ***

Endomorphs အမျိုးအစားများမှာပုံမှန်လူတွေထက်စာရင်ကံကောင်းကြပါတယ်။ သူတို့မှာဇီ၀ရုပ်ဖြစ်ပျက်တာနှေးမယ်။ တစ်နေ့တာအတွက်အစားအစာများများ စားသုံးဖို့မလိုအပ်ပါဘူး။ ပုံမှန်လူတွေထက်တော့အဆီတက်တာပိုမြန်မယ်။ ဘာမှမစားရင်ကိုအဆီတက်နေကြလိမ့်မယ်။

Endomorphs သမားများဟာမွေးရာပါသန်မာကြသည်။ အောက်ပိုင်းထိုင်တဲ့လေ့ကျင့်ခန်းများမှာသူများထက်ပိုပြီးအလေးနိုင်တာကိုတွေ့ရမှာပါ။ အမေရိကန် Football ကစားသမားများ အလေးမတဲ့သူ များ ၊ဆူမိူနပမ်းသမားမျာ၊ အိုလံပီယာချံပီယံများဟာ ဒီအမျိုးအစားများဖြစ်ကြပါတယ်။
ပုံမှန်အားဖြင့်စားသမျှဗိုက်ထဲအကုန်ရောက်ပါတယ်။ အတိအကျပြောရရင် ဗိုက်အလည်တည့်တည့်ကိုရောက်ပါတယ်။ ဗိုက်ပူနေတတ်တယ်ပေါ့။

Endomorphs အမျိုးအစားများတစ်နေ့တာစားသင့်သည်များ

Endomorphs များအနေဖြင့်ကာဗွန်ဟိုက်ဒရိတ်ပမာဏကို များများစားသုံးလို့မရနိုင်ပါဘူး။ မနက်စာလိုဟာမျိုးကိုလည်း ကာဗွန်ဟိုက်ဒရိတ်နည်းနည်းပဲစားသုံးပေးရပါမယ်။ ကာဗွန်ဟိုက်ဒရိတ် ၂၅%ပရိုတိန်း ၃၅% အဆီ ၄၀% လောက်စားပေးရပါမယ်။ ကယ်လိုရီများတဲ့ထမင်း ပါမုန့်ခေါက်ဆွဲ ပြောင်းဘူး တအားချို့တဲ့အသီးများ အားဖြည့်အချိုရည်မျိုးစုံနဲ့ချိုတဲ့ဟာမှန်သမျှကိုတတ်နိုင်သလောက်ရှောင်ကြဉ်ရပါမယ်။

အရေးကြီးတာကတော့အိပ်အိပ်ယာ၀င်ခါနီးဘာမှစားလို့မရပါဘူး။ နောက်ဆုံးMeal ကိုအိပ်ချိန်နဲ့၄နာရီ၀န်းကျင်လောက်ခွာစားရပါမယ်။ ညအိပ်ယာမ၀င်ခင်ရေတစ်လီတာ၀န်းကျင်လောက်သောက်ပေးရပါမယ်။ ဒီဟာကသင့်ကိုဝိတ်ကျအောင်ကူညီနိုင်မှာပါ။ အမျှင်ဓာတ်များတဲ့သစ်သီး၀လံများ။ ဟင်းသီးဟင်းရွက်များကိုများများစားသုံးပေးရပါမယ်။ fast food လိုခေါ်တဲ့အသင့်စားစရာများ အသင့်စားခေါက်ဆွဲခြောက်အထုပ်များကိုလုံးဝရှောင်ကြဉ်ကြရပါမယ်။

ဒီလိုဖတ်ရတော့စာဖတ်သူတစ်ယောက်အနေနဲ့စိတ်ဓာတ်ကျသွားကောင်းကျလိမ့်မယ်။ ကျွန်တော်တို့GYM ကစားသူအများစု ကျွန်တော်ကိုယ်တိုင်ရော အဆီရှောင်တယ်။ ဆားရှောင်တယ်။ ဟင်းချိုမှုန့်ရှောင်တယ်။ နောက်ဆုံးအချိုပါရှောင်ရတယ်။ ဒီလိုရှောင်ရလို့ကျွန်တော်တို့မှာပင်ပန်းတယ်။ စိတ်ဆင်းရဲရတယ်ဆိုတာမရှိပါဘူး။ နောက်ကျတော့ဒီလိုပဲနေသားကျသွားကြတာပါပဲ။

ကျွန်တော်နဲ့အတူဆော့တဲ့နိုင်ငံခြားသားတစ်ယောက်ရှိတယ်။ အချိုနဲ့အဆီသိပ်ကြိုက်တယ်။ ဘီယာအရက်သိပ်သောက်တယ်။တစ်နေ့ကျွန်တော့်ကိုမေးတယ်။ Mr Aung Ko တဲ့။ မင်းကြည့်ရတာ အချိုရှောင်ဘီယာအရက်လည်းမသောက် မင်းဘယ်လိုများအသက်ရှင်နေလည်းတဲ့။ မင်းကြည့်ရတာသိပ်သနားတာပဲတဲ့ ကျွန်တော်ကိုမေးတယ်။ ကျွန်တော်လည်းပြန်ပြောလိုက်တယ်။ မင်းဒါကြောင့်လည်း ဒီခန္ဓာကိုယ်ကြီးနဲ့ဖြစ်နေတာပဲလို့။ဗိုက်က ရှေ့ကိုတစ်ပေလောက်ထွက်နေတယ်။ ကျွန်တော့်ကိုမေးတဲ့နိုင်ငံခြားသားမှာ ဆီးချိုရှိတယ်။ သွေးတိုးရှိတယ်။ အသက်က ၃၀တောင်မပြည့်သေးပါဘူး။ ကျွန်တော်ပြန်ပြောလိုက်တယ် မင်းဒါတွေလုပ်နေလို့မင်းဘဝကိုတကယ်မပျော်ပါဘူးလို့မင်းဘ၀ကိုမင်းအရှုံးပေးနေဒါပါလို့။

ဒီလိုပါပဲကျွန်တော်တို့လိုချင်တာတစ်ခုကိုရဖို့တော့ပေးဆပ်ရတာတွေ စွန့်လွှတ်ရတာတွေအနည်းနဲ့အများတော့ရှိကြတာပဲ။ ဒီအချိန်မှာမင်းဘ၀ကိုအားငယ်နေရင်အရှုံးပဲ။ ဆရာအောင်သင်းပြောဘူးတာရှိတယ်။ မင်းဘ၀ကိုရင်မဆိုင်ရဲရင်တော့မင်းဘဝမှာအမြဲတမ်းအရှုံးတွေနဲ့ပဲထွက်ပြေးနေပေတော့။ ဘယ်သူမှမင်းခန္ဓာကိုယ်ကိုလှပအောင်။ မင်းကိုချမ်းသာအောင်။ ပညာတတ်ကြီးဖြစ်အောင်လာလုပ်မပေးဘူး။ဘ၀ဆိုတာခနလေးပါ။ ကျွန်တော်တို့ခန္ဓာကိုယ်အတွက် ကျွန်တော်တို့ဘ၀အတွက်စိတ်ဓာတ်ကျနေဖို့အချိန်မရှိဘူး။

Endomorphs အတွက်လေ့ကျင့်ခန်း

များသောအားဖြင့် GYM ဆော့အလေးမတာထက် Cardio လေ့ကျင့်ခန်းများဖြစ်တဲ့ ရေကူး။ တောင်တက်။ စက်ဘီးစီး ခြင်းစတဲ့လေ့ကျင့်ခန်းများကိုအသားပေးလုပ်ဆောင်ရမည်။ တစ့်နေ့ကို၃၀မိနစ်လောက်နဲ့တစ်ပတ်ကို ၅ရက်ကနေ ၇ရက်လောက်ထိဆော့ပေးနိုင်သည်။ GYMကိုတစ်ပတ်လျှင် ၂ကြိမ်ကနေ ၃ကြိမ်လောက်ဆော့သင့်သည်။ အလေးမသည့်အခါတွင်လည်းစဆော့သူများ အဖို့ကယ်လိုရီလောင်ကြွမ်းမှုများသည့် Deadlift ဆွဲခြင်း၊ရင်အုပ်တွန်းခြင်း၊အောက်ပိုင်းထိုင်ခြင်းများကိုအသားပေးလုပ်ဆောင်သင့်သည်။

အဆီကျ၍သင့်တော်သောခန္ဓာကိုယ်ပုံစံရောက်ရှိမှသာ ကြွက်သားအုပ်စုချင်းစီအလိုက်ကစားသင့်သည်။ ဒီလိုပါပဲ ကျွန်တော်တို့ခန္ဓာကိုယ်ဟာမွေကတည်းဘယ်သူမှ တော့ကြွက်သားတွေနဲ့ပြည့်မနေပါဘူး။ ကိုယ်တိုင်လုပ်ယူရတာပါ။ အဓိကကတော့သင့်ကိုယ်သင်ယုံကြည်မှုပါပဲ။ ကဲအားလုံးပဲလှပတဲ့ခန္ဓာကိုယ်လေးများကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ။

အောင်ကိုမင်း( ဆေးတဣသိုလ်)

Want your school to be the top-listed School/college in Naypyidaw?

Click here to claim your Sponsored Listing.

Location

Website

Address


Nay Pyi Taw
Naypyidaw