မီနားစံ တို့ konbanwa ပါ 🌸❤
page ကို ပစ်ထားတာ တော်တော်ကြာနေပီမလို့ အခုတော့ special announcement လေးလုပ်ပီး ပြန်လာပါပီ😁
ကျွန်မတို့အနေနဲ့ Japanese basic class ကို ပညာဒါနလေး လုပ်ဖို့ စီစဥ်ထားပါတယ်ရှင့်❤
ပညာဒါန class ဆိုပေမယ့် ပီးစလွယ် သင်ပေးမှာ မဟုတ်ဘဲ သေချာ သင်ပေးသွားမှာပါနော်🌸
ဒါပေမယ့် ဂျပန်ကို အလုပ်နဲ့သွားမှာမလို့ လောတဲ့ သူတွေ အတွက် တော့ ဒီ class ကို recommand မပေးပါဘူးနော် ❤ ဒီအတွက် သပ်သပ် စီစဥ်ထားပါတယ် 🌸
ကဲလာပါပီ
Basic အောင်မြင်သွားလို့ n5 class ကိုဆက် join ချင်ရင်တော့ ပညာဒါန join ထားတဲ့ students တွေအတွက် promotion price တွေကစောင့်နေပါတယ်ရှင် 🌸
တစ်ပတ်ငါးရက် mon -fri ကို သုံးလ သင်ပေးသွားမာဖြစ် ပီး fees ကတော့ တစ်လကို 45000 MMK ဖြစ်ပါတယ်
ပညာဒါန class ကို join ထားတဲ့ students တွေအတွက် ပထမ လ ကို 40000 MMK နဲ့ရရှိမှာဖြစ်ပါတယ်📣🎉
weekend သင်ချင်ရင်တော့ အချိန် ညှိပေးလို့ရပါတယ်နော်🌸
စျေးသက်သာပီး တကယ်ထိရောက်တဲ့ nihongo class ကို တက်ချင်ရင်တော့ အခုဘဲ chat box ကို hi လိုက်ပါ❤
Stay Safe and healthy guys🌸
Mirai Nihongo
Your trusted Japanese class
Guyss long time no seeee!!!
We are back now
Stay tuned 🌸📣
ကွန်ဘန်ဝ မီနားစံတို့🌸
ဒီညမှာတော့ kanji ဘယ်လို ဖြစ်ပေါ်လာလဲဆိုတဲ့ အကြောင်းကို share ပေးသွားမာဖြစ်ပါတယ်😇
Kanji ဆိုတာ တရုတ်စကားလုံးတွေဖြစ်ပီး8 ရာစုနှစ်မှာ ဂျပန်ကိုရောက်ရှိလာပါတယ် ။ စကား အဓိပ္ပာယ် အများကြီးကို စာလုံးတစ်လုံးထဲ နဲ့ ပုံဖော်နိုင်တာ kanji ပါ
အက်တာ မတိုင်ခင်က ဂျပန်နိုင်ငံမာ အရေးအတွက် စကားလုံးတွေ မရှိခဲ့ပါဘူး။ kankoku ရဲ့ kan (kan, 漢) နဲ့ စကားလုံး (ji, 字) ကနေမှ kanji ဖြစ်လာပါတယ်။ သမိုင်း စကားတွေအရတော့ ကိုရီးယားကျွန်းဆွယ်မှာရှိတဲ့ တရုတ်ကုန်သည်တွေကနေ တဆင့် kanji ဟာ ပြန့်ပွားလာတယ်လို့ဆိုပါတယ်။ kanji အရေး အသားကို မွေးစားပီးတဲ့နောက်မှာ ဂျပန်တွေက သူတို့စကားပြောနဲ့ ကိုက်ညီအောင် အမျိုးမျိုးတီထွင်ခဲ့ကြပါတယ်။ Research တွေအရတော့ kanji ဟာ အရှေ့အာရှ အတွက် ကြီးမားတဲ့ပြောင်းလဲမှု တစ်ခုကို ယူဆောင်လာခဲ့ပေးပုံပါဘဲ။ စကားလုံးတွေ တီထွင်ခဲ့ ကြပီးနောက်မှ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သေချာ ဆက်သွယ်လာနိုင်ပီး ကုန်သွယ်မှုတွေထွန်းကားလာခဲ့ပါတယ်။ အခုအချိန်မှာတော့ kanji ဟာ ဂျပန်တွေ အဓိက ထားသုံးနေတဲ့ စကားတစ်ခု ဖြစ်နေပါပီ။ official အဓိကထားသုံးနေတဲ့ kanji စာလုံးပေါင်း 2000 ကျော်ရှိပါတယ်တဲ့။
ဒီနေ့အဖို့တော့ဒီလောက်ပါဘဲ🌸ဆက်လက်ပီး ဂျပန်နဲ့ ပတ်သတ်တဲ့ knowledge တွေကို share ပေးဦးမာမလို့ stay tuned!🌸
03/09/2022
ကွန်ဘန်ဝ မီနားစံတို့ 🌸
ဒီညနေမှာတော့ တိရစ္ဆာန်လေးတွေနဲ့ ပတ်သတ်တဲ့ kotoba ( vocabulary) ကို sharing လုပ်ပေးမှာဘဲ ဖြစ်ပါတယ်😇
တိရစ္ဆာန် ( animals) တွေကို doubutsu ( 動物) (どうぶつ) လို့ ခေါ်ပါတယ်။
ဥပမာ စာကြောင်း အနေနဲ့
動物を守らなければなりません
( We must protect animals) ဆိုပီး အသုံးပြုနိုင်ပါတယ်
နောက်ထပ် ဥပမာ အနေနဲ့
彼は無害な動物は全然殺さなかった
( He never killed an inoffensive animal) ဆိုပီး အသုံးပြုနိုင်ပါတယ်
အမေး စာကြောင်းအနေနဲ့ကတော့
何の動物が好きですか?
( What animal do u like?) ဆိုပီး အသုံးပြုနိုင်ပါတယ်
တိရစ္ဆာန် ပေါက်စ လေးတွေကို တော့ စာလုံးရဲ့ အရှေ့မှာ 子 こ (ko) ကိုထည့်ရပါတယ် ။ ဥပမာ うさぎ (usagi) – “rabbit” ဖြစ်ပီး 子うさぎ (kousagi) ဆိုရင် Baby Bunny ဖြစ်သွားပါတယ်။
နောက်ထပ် ဥပမာ စာလုံးတွေကို အောက်မာ ဆက်ပီး ဖော်ပြပေးထားပါတယ် 🌸
Japanese class တွေကို စုံစမ်းချင်တယ်ဆိုရင်တော့ chat box မာ လာရောက်စုံစမ်းလို့ရပါတယ်🌸
03/09/2022
Konichiwa Minasan 🌸
ဒီနေ့အတွက် sharing လုပ်ပေးချင်တဲ့ အကြောင်းကတော့ Nihon ဘယ်လိုဖြစ်လာလဲ? ဘာကြောင့် Nihon လို့ခေါ်လဲ? Nippon ဆိုတာဘာလဲ? ဆိုတာတွေဘဲ ဖြစ်ပါတယ် 🌸
Japanese တွေကတော့ ကိုယ့်နိုင်ငံကိုယ် Nihon (にっぽん) လို့ခေါ်ပါတယ်။ Nihon ရဲ့ အဓိပ္ပာယ် က The land of the rising sun ( နေထွက်တဲ့နေရာ) ဖြစ်ပါတယ်။ Knowledge အနေနဲ့ ပြောရမယ်ဆိုရင် ဂျပန်ဟာ နေထွက်တာကို ပထမဆုံးမြင်ရတဲ့ နိုင်ငံဖြစ်ပါတယ်။ တခြားနိုင်ငံတွေကတော့ Nihon ကို Japan လို့ခေါ်ပါတယ်။ အကြောင်းအရင်းကတော့ debate တခုအနေနဲ့ ဟုတ်တယ် မဟုတ်ဘူး ရှိနေပေမယ့်လဲ ခိုင်မာတဲ့ researchers တွေအရတော့ 13 ရာစုနှစ်မှာ Marco Polo လို့ခေါ်တဲ့ touristကုန်သည်က " Cinpangu" လို့ စတင် describe လုပ်ပါတယ်။ အဓိပ္ပာယ် ကေတာ့ " sun source country'' ( Nihon နဲ့ အဓိပ္ပာယ် တူ) ဖြစ်ပီး 16 ရာစုနှစ် ရေကြောင်းကနေ ကုန်သည် ကူးသန်းရောင်းဝယ်ရေးတွေ ခေတ်စားလာတဲ့အချိန်မာ Malay နဲ့ Indo ကုန်သည်တွေဆီကနေ Jepang, Jipang နဲ့ Jepun
ဆိုပီး စတင်အခေါ်အဝေါ်ပြောင်းလာခဲ့ပါတယ်။ ဒီလိုနဲ့ missions တွေရောက်လာတဲ့အခါမှာ အခေါ်အဝေါ် တေ ပြောင်းလဲလာခဲ့ပီး Jepun ကနေ Japan လို့ ပြောင်းလဲ လာခဲ့ပါတယ်🌸
Nihon ဆိုပီး official မခေါ်ခဲ့ခင် အချိန်တုန်းကတော့ Wa (倭) သို့မဟုတ် Wakoku လို့ ခေါ်ခဲ့ပါတယ်။ Wa ဆိုတဲ့ စကားလုံးက တရုတ်စကားလုံး ဖြစ်ပီး Three Kingdoms Period တုန်းက ဂျပန်နိုင်ငံမာ နေထိုင်တဲ့ လူမျိုးစု တစ်စုကို ရည်ညွှန်းပီးခေါ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် "wa " ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ဟာ ''လူပုတို့ရဲ့ နိုင်ငံ '' ( submissive country) ဆိုပီး ဖြစ်တာကြောင့် ဒီစကားလုံးကို သူတို့ မကြိုက်ကြပါဘူး။ ဒီလိုနဲ့ဘဲ 6 ရာစု နှစ်မာ
和 ( harmony, peace, balance) လို့ အဓိပ္ပာယ် ရတဲ့ စကားလုံးရယ် 大 (Great)လို့ အဓိပ္ပာယ် ရတဲ့ စကားလုံးရယ် ပေါင်းပီး Yamato (大和) (Great Wa) ဆိုပီး ပြောင်းပီး စခေါ်ခဲ့ကြပါတယ်တဲ့။ ဒါပေမယ့် အက်ဒီအချိန်တုန်းက တရုတ်စကားလုံးတွေဘဲ ရှိသေးတဲ့အတွက် ရေးတဲ့ အဓိပ္ပာယ် ကို ဘာသာပြန်ဖို့ အခက်အခဲရှိခဲ့ကြပါတယ်။ နောက်ပိုင်း kanji စကားလုံးတွေ တီထွင်လိုက်မှသာ sun's origin (日本) ဖြစ်လာပါတယ်တဲ့ ။ 🌸
အခုပြောသွားတဲ့ facts တွေကတော့ admin web storming လုပ်ပီး ရရှိလာတဲ့ result ဘဲ ဖြစ်ပါတယ်😗။ ဆက်လက်ပီးတော့လဲ သိထားတဲ့ facts တွေကို share ပေးနေဦးမာမလို့ Stay tuned!
02/09/2022
Konbanwa ပါ မီနားစံတို့🌸
ဒီည admin sharing လုပ်ဖို့စိတ်ပါနေလို့ နောက်ထပ် topic လေးတစ်ခု အကြောင်း sharing လုပ်ပေးချင်ပါတယ်🙋
အခုလို အကုန်လုံး ကုန်စျေးနှုန်းတွေတက်ပီး ရှားပါးနေတဲ့ အချိန်မှာ Kakeibo(家計簿(かけいぼ) လို့ ခေါ်တဲ့ japanese money saving method အကြောင်းကိုပြောပြချင်ပါတယ်။ သူက ထူးထူးခြားခြား steps တွေမပါဘဲ ရိုးရှင်း တဲ့နည်းလမ်းတွေဘဲမလို့ ဘယ်သူမဆို လိုက်လုပ်လို့ရပါတယ်။ လိုအပ်တာက တော့ စာရွက်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်းဘဲ ဖြစ်ပါတယ်။
(家計簿(かけいぼ)( Kakeibo) ကို '' household finanace ledger'' ( အိမ်တွင်းအသုံးစရိတ် စိစစ်တဲ့ နည်း) အဖြစ် အဓိက သုံးကြပေမယ့် ဘယ်နေရာမာ ဘယ်သူဘဲဖြစ်ဖြစ် saving နဲ့ ပတ်သတ်ရင်အသုံးပြုလို့ရပါတယ်
(家計簿(かけいぼ)ကို 1904 ခုနစ်မှာ Hani Motoko လို့ခေါ်တဲ့ ဂျပန်နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး ဂျာနယ်လစ် တစ်ယောက်ကနေ တီထွင်ခဲ့တာဖြစ်ပါတယ်။ တီထွင်တုန်းကတော့ အိမ်ထောင်ရှင် အမျိုးသမီးတွေ အတွက် တီထွင်ခဲ့တာဖြစ်ပေမယ့် ဘယ် နေရာမှာ ဘယ်သူ ဘဲ ဖြစ်ဖြစ် သုံးလို့အဆင်ပြေနေပါတယ်။
သူရဲ့နည်းက တော့ ကိုယ့်ရဲ့ အသုံးစရိတ်တွေကို အလေအလွင့်မဖြစ်စေဘဲနဲ့ စိစစ်တဲ့ နည်းဘဲ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ ပုံမှန်လစာ ကိုသိရဖို့လိုတယ်။ ပီးတော့ အခွန် တို့ အိမ်လစာတို့ မီတာ တို့ကို ဖယ်လိုက်ပီး ကိုယ့်ရဲ့ အသုံးစရိတ်ကိုဘဲ စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။ 🌸
Kakeibo ရဲ့ နည်းလမ်းမှာဆိုရင် basic question 4 ခု ရှိပါတယ်🌸
1. ပိုက်ဆံကို ဘယ်လောက်ပမာဏအထိသုံးနိုင်မလဲ?
2. ဘယ်လောက်ပမာဏ အထိ စုထားနိုင်လဲ?
3. ဘယ်လောက်ပမာဏအထိသုံးမှာလဲ?
4. စုလိုက်လို့ ဘယ်လောက်အထိ တိုးတက်သွားနိုင်သလဲ? တို့ဘဲ ဖြစ်ပါတယ်
သူကရိုးရှင်းတဲ့မေးခွန်းတွေဘဲ ဖြစ်ပေမယ့်တော်တော်ထိရောက်ပါတယ် 🌸
နောက်ထပ် မှတ်ထားရမယ့်လေးခု အနေနဲ့ကတော့ 🌸
1. မရှိမဖြစ်လိုအပ်တဲ့ အရာ( ဥပမာ ရေ၊ အစားအသောက်)
2. လိုချင်၊ လုပ်ချင်နေတဲ့ အရာ ( ဥပမာ ဖိနပ်အသစ်တစ်ရံ ၊ အပြင်ထွက် စားတာ)
3. ကိုယ့်ရဲ့ ပျော်ရွှင်မှု အပန်ဖြေမှုအတွက်သုံးလိုက်ရတဲ့ ပိုက်ဆံ ( ဥပမာ museum dates, hotel dates, ပန်းခြံ dates)
4. မမျှော်လင့်ဘဲ သုံးလိုက်ရတဲ့ ပိုက်ဆံ ( ဥပမာ ကားပြင်လိုက်ရတာ၊ ဆေးခန်းပြ လိုက်ရတာ) တို့ကို category ခွဲ ချရေးပီး မှတ်ထားဖို့လိုအပ်ပါတယ်
ကိုယ် တစ်ခုခုကို မဝယ်ခင်မှာ အပေါ်ဆုံးက မေးခွန်းလေးခုကို ကိုယ့်ဟာကိုယ်ပြန်မေးပီး ကိုယ့်ဘာသာဆန်းစစ်နိုင်ပါတယ် 🌸
ပီးတော့ နောက်ဆုံးအနေနဲ့ ကိုယ်ဘယ်လောက်ချွေတာနိုင်ရမယ်ဆိုတဲ့ goal တစ်ခုကို သတ်မှတ်နိုင်ရပါမယ် 🌸
ဒါဆိုရင်တော့ kakeibo ရဲ့ နည်းလမ်းကို နဲနဲသိလောက်ပီထင်ပါတယ်🌸
Kakeibo က ဘာကြောင့် တခြား ချွေတာရေးနည်းတွေထက်အလုပ်ဖြစ်တာလဲ? 🌸
Kakeibo နည်းလမ်းကိုသုံးကြတဲ့သူတွေကို စာရွက်နဲ့ ဘောပင်ကို အသုံးပြုပီး မှတ်သားကြတာ ဖြစ်ပါတယ်။ research တွေအရ လက်ရေးနဲ့ မှတ်သားခြင်းဟာ memory ပြန်ခေါ်တဲ့ နေရာမှာ ပိုအထောက်အကူပေးပီး တော့ တခြား ကွန်ပြူတာတို့ ဖုန်းတို့မှာ မှတ်တာထက်ကို detail ပိုမှတ်မိစေပါတယ်။ အကုန်လုံးကို သေချာ မှတ်မိနေတဲ့ အတွက် အသုံးစရိတ်တွေကို ချရေးတဲ့ အခါမှာလဲ ကိုယ်ပိုသုံး မိတဲ့နေရာတွေရှိရင် နောက်ထပ်မလုပ်တော့မိဖို့ ပိုပီး ဆင်ခြင် မိနေစေပါတယ်တဲ့ 🌸
( လက်ရေးနဲ့ မှတ်သားခြင်းက kakeibo ရဲ့ အနှစ်သာရ လို့ပြောလို့ရပါတယ်)
Needs and wants ကို သေချာခွဲ ခြားတတ်ရင် Kakeibo method ကို တော်တော်လေး သိနေပါပီ
Kakeibo method ကို ဘယ်သူတွေသုံးသင့်လဲ?🌸
1. Budget အတည်တကျ မထားတတ်တဲ့သူတွေ
Admin လို လူမျိုးတွေပါ။ တစ်လတစ်လ သုံးချင်သလို သုံး စာရင်းအဝင်အထွက်မရှိ ဖြုန်းနေတတ်တဲ့ သူတွေအတွက် အတော်အဆင်ပြေမာပါ
2. လက်ဖွာတတ်တဲ့သူတွေ
ဒါကတော့ ပထမတစ်မျိုးနဲ့တူပေမယ့် ဒီလူတွေကြ ပိုက်ဆံစုဖို့ကို ကြောက်နေကြတဲ့သူတွေပါ။ ( ကောင်းကောင်းမသုံးရတော့မှာစိုးလို့နဲ့တူတယ် 🤣) ဆိုတော့ admin အကြံပေးချင်တာက မကြောက်ဘဲနဲ့ ပိုက်ဆံ စစိစစ် ကြည့်ပါ နည်းလမ်းကလဲ မခက်တဲ့အပြင် လုပ်လို့လဲ လွယ်ကူပါတယ်
3.ပထမဆုံး ပိုက်ဆံ စစုမယ့်သူတွေ
ကိုယ့်ဘာသာကိုယ်မေးခွန်းပြန်မေးတာလောက်လွယ်ကူတာ မရှိတော့ဘူးလေနော့။ တခြား နည်းလမ်းတွေလို ထွေထွေ ထူးထူး တွေ လျှောက်လုပ်နေစရာလဲမလိုဘူး။ ဒီလို လွယ်ကူတဲ့ နည်းလမ်းကိုသုံးပီး ပိုက်ဆံ စစုကြည့်ဖို့ အကြံပြုချင်ပါတယ်
4. အသုံးစရိတ် အပိုထွက်ဖို့လိုအပ်နေတဲ့သူတွေ
ဒီလိုလူတွေကြတော့ အပေါ်က သူတွေထက် စုတဲ့ နေရာမာ stress နဲနဲ ပိုဖြစ်မယ်ထင်တယ်။ အပိုထွက်မှရမယ့် သူတေဆိုတော့ ကိုယ့်စိတ်ကိုယ် နိုင်ပါလို့ အကြံပေးချင်ပါတယ်။ Kakeibo ရဲ့ နည်းလမ်း က လွယ်ကူပေမယ့် ကိုယ့်စိတ်ကိုယ် မနိုင်ရင်တော့ အလကားဘဲ ဖြစ်နေမာပါ🤕
အခု admin ပြောပြခဲ့တဲ့ နည်းလမ်းတွေကတော့ online ကနေ research လုပ်ပီး အဆင်ပြေသလို ဘာသာပြန်ပေးထားတာဘဲ ဖြစ်ပါတယ်။ ချွေတာဖို့စဥ်းစား နေတဲ့ သူတွေအတွက် အထောက်အကူ တစ်ခု ဖြစ်သွားခဲ့တယ်ဆို ရင်ကို ဝမ်းသာပါတယ်🌸❤
ဒီညအဖို့တော့ ဒီလောက်ပါဘဲ ။ နောက်ထပ် knowledge တွေ ထပ် share ပေးဖို့ ရှိတာကြောင့် stay tuned!
02/09/2022
ကွန်ဘန်၀ ပါ မီနားစံတို့ 🌸
ဒီညနေ အတွက်တော့ colours တွေနဲ့ ပတ်သတ်တဲ့ Kotaba ( Vocabulary) တွေကို sharing လုပ်ပေး ချင်ပါတယ်🙋
အရောင်တွေကို iro 色 (いろ) လို့ အသံထွက်ပါတယ်
ဥပမာ အနေနဲ့
僕は海の色が好きです
(ぼくはうみのいろがすきです)
( I love the color of the ocean) ဆိုပီး အသုံးပြုလို့ရပါတယ်
နောက်ထပ်ဥပမာ အနေနဲ့
その色は濃い青です
(そのいろはこいあおです)
(Its color is deep blue) ဆိုပီးသုံးလို့ရပါတယ်
အမေးစကားအနေ နဲ့ မေးမယ်ဆိုရင်တော့
どんな色が好きですか?
( What colour do u like?) ဆိုပီး အသုံးပြုလို့ရပါတယ်
iro色(いろ) ( colour) ဆိုတဲ့စကားလုံးက noun ဖြစ်ပီး plural အနေနဲ့ အသုံးပြုလို့ရပါတယ်။
နောက်ထပ် colour iro色(いろ)နဲ့ ပတ်သတ်တဲ့စကားလုံးကို အောက်မာထပ်ပီးဖော်ပြပေးသွားပါမယ်
FYI: Japanese class တွေ စုံစမ်းချင်တယ်ဆိုရင်တော့ page ရဲ့ cb ကိုလာရောက်ဆက်သွယ်နိုင်ပါတယ်နော်🌸
29/08/2022
အိပ်ကြပီလား Minasan တို့🌸
မအိပ်ခင် လေး language leaning tips တွေနဲ့ ပတ်သတ်ပီး လေ့လာထားတာ လေးတွေကို sharing လုပ်ပေးချင်ပါတယ်❤
ဘာသာစကားလေ့လာတယ်ဆိုတာက အရမ်းလွယ်ကူတဲ့ ကိစ္စ တော့ မဟုတ်ပါဘူး။ အထူးသဖြင့် ကိုယ် စိတ်မဝင်စားတဲ့ ဘာသာစကားဆိုရင် ပိုဆိုးပါတယ်။ မြင်တာနဲ့ကိုထွက်ပြေးချင်တာပါ။ အလုပ်လိုအပ်ချက်ကြောင့်ဘဲ ဖြစ်ဖြစ် အခြားသော အကြောင်းအရင်း တွေကြောင့်ဘဲ ဖြစ်ဖြစ် ဘာသာစကားတစ်ခုကို လေ့လာရတဲ့အခါ ဘယ်လို လုပ်ရင် ပိုပီး လွယ်ကူမလဲဆိုတာကို ဒီည မျှဝေပေးပါမယ်နော်
1. Podcast နားထောင်ခြင်း
Podcast နားထောင်တဲ့ အလေ့အကျင့်က ဒီမာ သိပ်ပီး ရေပန်းမစားသေးပေမယ့် တခြားနိုင်ငံတွေမာတော့ podcast နားထောင်တာကို တွင်တွင်ကျယ်ကျယ် သုံးနေပါတယ်။ Podcast ဆိုတာ တနည်းအားဖြင့် conversation ဒါမှမဟုတ် topic တခုကို facts ကျကျနဲ့ ပြောနေတဲ့ ထုတ်လွှင့်မှုတစ်ခုဘဲဖြစ်ပါတယ်။ ရှာရတာခက်တယ် ဆိုရင် youtube မာ ကိုယ်လေ့လာနေတဲ့ ဘာသာစကားတစ်ခုခုရဲ့ podcast ဆိုပီး နှိပ်လိုက်ရင် topic တေ တန်းစီထွက်လာမာဖြစ်ပီး ကိုယ်စိတ်ဝင်စားတာကိုရွေးချယ်လို့ရပါတယ်။ ဗဟုသုတ လဲရသလို vocabulary အသစ်တွေလဲ တိုးလာမာ ဖြစ်လို့ မလုပ်ဖူးရင် စမ်းသင့်ပါတယ်။
2. သီချင်းနားထောင်ခြင်း
ဒီအချက်ကတော့ အရိုးဆုံးနဲ့ အထိရောက်ဆုံးလို့ပြောလို့ရပါတယ်။ slang words ( ဗန်းစကား) တွေပါ သိရတဲ့အပြင် pronunciation ကိုလဲ ကောင်းကောင်းလေ့လာနိုင်ပါတယ်။
3. ရုပ်ရှင်ကြည့်ခြင်း
အပန်းလဲပြေတဲ့အပြင် ကိုယ်လေ့လာနေတဲ့ ဘာသာစကားရဲ့ နိုင်ငံ အကြောင်းကို ထဲထဲဝင်ဝင် ပိုလေ့လာနိုင်ပါတယ်။ ဝတ်စားဆင်ယင်မှု လူနေမှု ပုံစံတွေအပြင် အစားအသောက် တွေအကြောင်းကိုပါ လေ့လာလိုရပါသေးတယ်။ မင်းသား မင်းသမီးတွေ ချောရင် မျက်လုံးပါ အစာကျွေးပီးသား ဖြစ်တာပေါ့ ဟဲဟဲ။
4.Confidence တည်ဆောက်ခြင်း
ကိုယ့်ဟာကိုယ်ဘယ်လောက်ဘဲ လေ့လာလေ့လာ ယုံကြည်ချက်မရှိရင် ဘာမှမဖြစ်လာပါဘူး။ တချို့ စကားလုံးတွေဆို ကိုယ်က သိနေပေမယ့် တစ်ဖက်လူက ဘာပြောနေလဲ သိနေပေမယ့် ကြောက်နေလို့ ပြန်မပြောရဲတာတို့ အသံမထွက်ရဲတာတို့ ဆိုရင်တော့ effective learning ဖြစ်နေတယ်လို့ပြောလို့မရပါဘူး။ လူဆိုတာ အမှားနဲ့ မကင်းပါဘူး။ အသံထွက်မှားမာ grammer မှားမာ မကြောက်ပါနဲ့။ တဖြည်းဖြည်းနဲ့ဘဲ သင်ယူကြလာရတာပါ။
5. စာလေ့လာချိန် သတ်မှတ်ထားခြင်း
Admin လို ပျင်းနေရင် စာအုပ်ချောင်ထိုးထားလိုက် စိတ်ပါမှထကြည့်လိုက်လုပ်ရင်တော့ ဘယ်တော့မှ စာကို မှတ်မိမာ မဟုတ်ပါဘူး :3 ။ အက်တာကြောင့် စာလေ့လာတဲ့အချိန်ကို သတ်သတ်မှတ်မှတ်ထားပီး revision လုပ်တဲ့ အချိန် excersise လုပ်တဲ့ အချိန်တွေကိုခွဲထားခြင်းအားဖြင့် တစ်ရက်ထက်တစ်ရက် ကိုယ်ဘယ်လောက် တိုးတက်လာလဲဆိုတာကို သိလာစေပါတယ်။ ကိုယ် passion ထားရင် ထားသလောက် တစ်ရက်ထက်တစ်ရက် တိုးတက်လာမာ ဖြစ်ပါတယ်။
အခုပြောပြသွားတဲ့ အချက်တွေကတော့ research လုပ်တဲ့အထဲ မာ common အဖြစ်ဆုံး အချက်တွေဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ကိုယ်အဆင်ပြေဆုံး လေ့လာနည်းကို ရွေးလုပ်တာက အကောင်းဆုံးဖြစ်မှာပါ။ ဒီနေ့ အဖို့တော့ဒီလောက်ပါဘဲ။
Stay Safe and healthy guys❤
နောက် စိတ်ပါရင် ပါသလို စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေ ဝေမျှဦးမာ မလို့ stay tuned!!!!
Hello Minna san!🌸
📣Mirai Nihongo မှ Nihongo class တွေကို offer လုပ်ပေးနေပါတယ်📣
Basic + N5ကို သုံးလ အပြတ်
တစ်ပတ်မာ 6 ရက် ( mon - sat)
ညနေ 5:30 ကနေ 7:30 ဖြစ်ပါတယ် 🕟🕢
fees ကတော့ တစ်လကို 40000ks ပါ💸
အချိန်နဲ့ ရက်ကတော့ flexible ဖြစ်လို့ ညှိချင်တယ်ဆို ညှိလို့ရပါတယ်❕❕
ဆိုတော့ကာ..စိတ်ဝင်စားရင် DM!!💬💬
19/08/2022
Hello minna san!
Welcome to " Mirai Nihongo " !!!
ဒီ page မှ language learning tips နဲ့ Nihongo class တွေကို offer လုပ်ပေးသွားမှာဖြစ်ပါတယ် ❤
Stay Tuned!
Click here to claim your Sponsored Listing.