မိခင်နိ့တိုက် ကျွေး ခြင်းနဲ့ပတ်သက်ပြီး
အခက်ခဲရှိ၍မေးမြန်းလိုပါက
ဤ page တွင်မေးမြန်းနိင်ပါသည်။
YKCH Human Milk Bank မိခင်နို့ရည်ဘဏ်
Donor Human Milk Bank.
မိခင်နို့ရည်ဘဏ်။ ရန်ကင်းက?
25/12/2020
မိခင် နိ့တိုက်ကျွေးခြင်းသည် သာ မိမိကလေး ငယ်အတွက် အကောင်းဆုံး ဖြစ်ပါသည်
💚💚💚ရန်ကင်း
ကလေးဆေးရုံ
မွေးကင်းစကလေးဆောင်ရှိ
Donor Human Milk Bank
အတွက် နိ့လှူဒါန်းလိုသော မိခင်များ
Human Milk Bank သို့
လှူ ဒါန်းနိင်ပါသည်။ 💚💚💚
💚 ကိုယ်တိုင် လာရောက် လှူဒါန်းရန် အခက်ခဲရှိပါက အိမ်တွင် စနစ်တကျ သိမ်းထားပြီး စုထားသော မိခင်နိ့ရည်ကို လာရောက် လှူ ဒါန်းနိင်ပါသည်။💚
❤❤ဆက်သွယ်ရန်ဖုန်း 09975800821
0940332947
နေလည် ၁ နာရီ မှ ၃ နာရီ❤❤
နိ့လှူဒါန်း လိုသော မေမေများ
သိရှိသင့်သော အကြောင်းအရာများ
၁ ။ မိခင်နိ့လှူဒါန်းမည့် နိ့တိုက်မိခင်သည် ကျန်းမာရေးကောင်းမွန်ရပါမည်။
၂ ။ Donor selection မေးခွန်းများကို ဖြေပေးရန်လိုအပ်ပါသည်။
၃။ အသဲရောင်အသားဝါ B ပိုးနင့် C ပိုး၊ HIV ပိုး နင့် ကာသသားရောဂါပိုး မရှိကြောင်း သွေးစစ်ပေးရန်လိုအပ်ပါသည်၊လွန်ခဲ့သော (၃) လအတွင်း သွေးစစ်ထားပါက ပြန်စစ်ရန်မလိုအပ်ပါ။ (၃) လကျော်ပါက သွေးစစ်ပေးရန်လိုအပ်ပါသည်။ဆေးရုံမှ သွေးစစ်ပေးပါမည်။
၄။ နိ့ညစ်ပါ က သန့်ရှင်းသောလက်ဖြင့် ညစ် ပေးရန်လိုအပ်ပါသည်။
Breast pump ဖြင့် ညစ်ပါက
မညစ် ခင်နင့် ညစ်ပြီးချိန်တွင် Breast pump အား သန့်ရှင်းရေး
သေချာပြုလုပ်ပေးရန်လိုအပ်ပါသည်။ Breast pump အသုံပြု ပါက Hospital grade Breast pump ကို အသုံးပြုရန်လိုအပ် ပါသည်။ နိ့ညစ်သော Date and Time ကို Permanent marker pen ဖြင့် ဗူးပေါ် အိတ်ပေါ်တွင် ရေးပေးရန်လို အပ်ပါသည်။
၅။ ညစ်ထားသော နိ့ကို BPA (Bisphenol A) free food grade bottle သို့မဟုတ် Bag တွင်ထည့်၍ minus 18°C - minus20° C ကြားရှိ Deep freezer တွင် store လုပ်ပေးထား ရန်လိုအပ်ပါသည်။ ထိုသို့ store လုပ်ရာတွင် မီးပျက်ခြင်း မရှိရန် သတိထားရပါမည်၊ Back up generator ရှိရန်လိုအပ်ပါသည်။ Deep freezer တွင်
(၃) လထိ သိမ်းဆည်းထားနိင်ပါသည်။ ၃ လအတွင်း အသုံးပြု နိင်ပါသည်။
၆။ ရေခဲသတ္တော Refrigeratorတွင် ထားပါက( ၂၄) နာရီထားနိင်ပါသည်။ရေခဲသတ္တော၏ အပူချိန်မှာ +2°C - +4°C ကြားတွင် ထား ရပါမည်။ (၂၄ )နာရီအတွင်း အသုံးပြုရန်လိုအပ်ပါသည်။
၇။ညစ်ထားသော မိခင်နိ့အား Freezer တွင်သိမ်းထားလိုပါက
၃လထိ သိမ်းထားနိင်ပါသည်၊ Freezer၏ အပူချိန်သည် minus 18° centigrade အောက် ရှိရမည် ဖြစ်ပါသည်။ ( - 18 to -20° Centrigrade)
အထူးသတိပြုရန်လိုအပ်သည်မှာ Freezer တွင်သိမ်းထားပါက တစ်နေ့လျှင် ၂ကြိမ် Freezer ၏ အပူချိန်ကို တိုင်း၍ မှတ်ထားပေးရန်လိုအပ်ပါသည်။
လျှပ်စစ်မီး မပျက်ရန်လိုအပ်ပါသည်၊ မီးပျက်ပါက အရေးပေါ် မီးစက်ဖြင့် ထိန်းထားပေးရန်လိုအပ်ပါသည်။
၈။ သိမ်းထားသော မိခင်နိ့ကိုဆေးရုံသို့ လှူဒါန်းရန် သယ်ဆောင်လာသော အခါ ရေခဲဗူး ၏ အပူချိန်မှာ +4°C ရှိရန်လိုအပ်ပါသည်၊ ထိုအပူချိန်ရရန်အတွက် ရေခဲခြောက်ကို လိုအပ် သလောက် ထည့်ပေးပါ၊ ရေခဲအစို မသုံးရပါ၊ ရေခဲဗူး အား ကားအင်ဂျင် နင့်မနီးသောနေရာ၊နေရောင် ခြည် တိုက်ရိုက်မထိသော နေရာတွင် ထား ၍ သယ်ယူ ပေးပါရန်လိုအပ်ပါသည်။
၉။ အထူးသတိပြုရန် မှာ သတ်မှတ်ထားသော အပူချိန်တွင်မထိန်းသိမ်းနိင်ပါက သိမ်းထားသော နိ့ရည်များသည် ပျက်စီးသွား ၍ အသုံပြု ရန်မဖြစ်နိင်တော့ပါ။ သိုလှောင်ထားရာတွင် ဖြစ်စေ၊ သယ်ယူရာတွင် ဖြစ်စေ သက်မှတ်ထား သော အပူချိန်အတွင်း ရှိနေရန်အမြဲ သတိထား ရန်လိုအပ်ပါသည်။ ရေခဲ သေ တ္တာ၏ အပူချိန်အား တစ်နေ့လျှင် ၂ကြိမ် မှတ်ထားပေးရန်လို အပ်ပါသည်။
၁၀။ မိခင်နိ့ရည်အား လှူဒါန်း ကြောင့်
Consent Form တွင် သဘောတူ ကြောင်းလက်မှတ်ရေးထိုးပေးရန်လိုအပ်ပါသည်။
၁၁။ သတ်မှတ်ထားသော စံချိန်စံညွှန်း နင့် ကိုက်ညီသော မိခင်နိ့ရည်ကို Human Milk Bank မှ လက်ခံ ပေးမည် ဖြစ်ပါသည်။
18/11/2020
Covid ကာလမှာ
Donor Human Ykch Milk Bank ကို လုပ်ငန်းမရပ်အောင် ဆက်လက်ထိန်းသိမ်းထားရသလို အမြဲတိုးတက်နေအောင် လုပ်နေရပါတယ်။
💚 တံခါး အဟောင်းမှ Non touch sensor တံခါး အသစ်စီသို့ 💚
12/09/2020
💚 လုံခြုံ ကျန်းမာ
ဒို့ကမ္ဘာ မိခင် နိ့ချို တိုက်ကျွေးပါ 💚
20/08/2020
❤ မိခင် နင့်
မွေးကင်းစကလေး ကျန်းမာရေးအတွက် ကိုယ်ဝန်စောင့်ရှောက်မူကို သေချာခံယူပေးကြပါ။ ❤
09/08/2020
ရန်ကင်းကလေးဆေးရုံကြီး
မိခင်နိ့ရည်ဘဏ်
အတွက်
မိခင်နိ့ရည်ကို ဒုတိယအကြိမ် လှူဒါန်းပေးသော
မလင်းဝတ်မှုံ
အားအထူးကျေးဇူးတင်ရှိပါသည်။
05/08/2020
💚💚 World Breastfeeding Week activities in
NICU,YKCH 💚💚
💜 ကမ္ဘာ့ မိခင်နို့ချိုတိုက်ကျွေးရေးရက်သတ္တပတ်ကို
၁၉၉ ၂ ခုနစ်က စပြီး နှစ်စဥ် ကျင်းပခဲ့ပါတယ်။
ယခု နှစ်လည်း ရန်ကင်းကလေးဆေးရုံကြီး၊မွေးကင်းစဆောင် နှင့် မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်မှာကျင်းပပါတယ်။
Covid ကာလ ဖြစ်တဲ့အတွက် တချိန်တည်းတပြိုင်တည်းမှာ နေရာ ၃နေရာမှာခွဲပြီးကျင်းပပါတယ်။
လူ (၁၅) ယောက်ထက္မပိုစေဘဲ နေရာ ခွဲပြီးကျင်းပတာက ဒီနှစ်ရဲ့အမှတ်တရလေးပါ။
ဝိုင်းဝန်းကူညီသူ အားလုံးကို
မွေးကင်းစဆောင်မိသားစု၊ ၇န်ကင်းကလေးဆေးရုံကြီးမှ အထူးကျေးဇူးတင်ပါတယ်။ 💜
World Breast Feeding Week Activities were started worldwide since 1992.
This year, 2020, NICU, YKCH proudly held World Breast Feeding Activities Week.
As this is COVID era, NICU , YKCH drew systematic plans such as arranging 3 separate places with not more than 15 audiences ☺️ in one place.
Heartfelt thanks to all the helping hands
From NICU, YKCH.
04/08/2020
💙🤍 💛World Breastfeeding Week 1st August to 7th August,
2020💛🤍💙
03/08/2020
💜 World Breastfeeding Week 💜
1st August to 7th August,2020
01/08/2020
💜 World Breastfeeding Week
1st - 7th August, 2020 💜
ကမ္ဘာ မိခင်နိ့တိုက်ကျွေးရေး ရက်သတ္တပတ်ကို သြဂုတ်လ ၁ရက်နေ့မှ ၇ရက်နေ့ထိ နစ်စဥ်
ကျင်းပ ပါတယ်။
၁၉၉၂ ခုနစ် ကစပြီး နစ်စဥ်နစ်တိုင်းကျင်းပ ပါတယ်။ နစ်စဥ် နိင်ငံပေါင်း ၁၂၀ ကျော် က ကျင်းပ ပါတယ်။
ကျင်းပရတဲ့ အဓိက ရည်မှန်းချက်ကတော့ မိခင်နိ့ တိုက် ကျွေးခြင်းကို အားပေးပြီ မိခင် နိ့တိုက်ကျွေးခြင်းကို အထောက်ကူပြု ကူညီပေးနိင်ရန် ဖြစ်ပါတယ်၊
ကလေး အသက် (၆) လအထိ မိခင်နိ့တစ်မျိုးတည်းပဲ
တိုက်ကျွေးခြင်းအသက်(၆) လပြည့်လျှင် ဖြည့်စွက်အစာ စကျွေးပြီး အသက် (၂) နစ်ထိ မိခင်နိ့ကို ဆက်လက်တိုက်ကျွေး ရမည် ဖြစ်ပါသည်။ ထိုသို့ ပြုလုပ် ပေးခြင်း
ဖြင့် ကလေးငယ်အတွက် အကျိုးကျေးဇူး များစွာဖြစ်ထွန်းပြီ အထူးသဖြင့် အသက်ဆုံးရူံးစေနိင်သောရောဂါပိုးများ ဝင်ရောက်ခြင်း (ဥပမာ- နမိုးနီးယား အဆုတ်ရောက်ရောဂါ)ကို ကာကွယ်ပါသည်။
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 10:00 - 15:00 |
| Tuesday | 09:00 - 15:00 |
| Wednesday | 10:00 - 15:00 |
| Thursday | 09:00 - 15:00 |
| Friday | 10:00 - 15:00 |