27/05/2026
မြတ်မြင့်မိုရ်ကောင်း ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ နွေရာသီကျောင်းပိတ်ရက် အနုပညာနှင့် အသိပညာမြှင့်တင်ရေး Summer Class အစီအစဉ်လေးဟာ ယနေ့တွင် အဆင်ပြေချောမွေ့စွာနဲ့ ရည်မှန်းချက်အတိုင်း ပြီးမြောက်အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။
သင်တန်းကာလတစ်လျှောက်လုံးမှာ စိတ်အားထက်သန်စွာ သင်ကြားပြသပေးခဲ့ကြတဲ့ ဆရာ/ဆရာမများ၊ အစစအရာရာ ပံ့ပိုးကူညီပေးခဲ့ကြတဲ့ မိဘအုပ်ထိန်းသူများနှင့် တက်ကြွလှုပ်ရှားစွာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ သားတို့သမီးတို့ အားလုံးကို ကျောင်းတော်ကြီးမှ အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
နောင်နှစ်တွေမှာလည်း ဒီထက်မက ပိုမိုကောင်းမွန်တဲ့ အစီအစဉ်ကောင်းတွေနဲ့အတူ ပြန်လည်ဆုံတွေ့ကြပါဦးမယ်။