Love,Teach&Learn by JOY

Love,Teach&Learn by JOY

Share

YOUR CHILDREN WILL BECOME WHO YOU ARE.SO BE WHO YOU WANT THEM TO BE.

26/11/2020

မြန်မာကားတွေထဲက ခပ်စွာစွာ မျက်နှာထားတင်းတင်းနဲ့ သိပ်ကို ​​မောက်မာတဲ့ မိန်းမကြီး လေသံနဲ့ ပြောရရင် "ကျွန်မက သားရှင် ရှင့်"

လောကမှာ သားယောကျာ်းလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတာ သိပ်ကို ခက်တယ်ရှင့်

လောကမှာလေ သားဆိုး ယောကျာ်းဆိုးတစ်ယောက်က မိသားစုဝင်တွေ အပါအဝင် လူတွေအများကြီးကို ဒုက္ခပေးဖို့ ပိုပြီး စွမ်းဆောင်နိုင်တယ်ရှင့်

ဒါကြောင့် ကျွန်မက သားလေးကို အသက်နဲ့ မမျှတာတွေကိုပါ ကြိုတင် ကာကွယ်ပေးမိတယ်

ကျွန်မသား JOY လေး ဟိုး ငယ်ငယ်မွေးစကတည်းက အခု toddlerအရွယ်အထိ သားရဲ့ ဂျိုးဂျိုးလေးကို ဘယ် သူစိမ်းတစ်ယောက်ကမှ မမြင်ဘူးသလို
ကျွန်မ အမေကိုယ်တ်ိုင်ကတောင် သားလေးကို ရေချိုးပေးချိန် သန့်ရှင်းရေး လုပ်ပေးချိန်ပဲ သားရဲ့ ဂျိုးဂျိုးလေးကို ကိုင်ပါတယ်

ဒါတောင် "သားလေးရေ ဒါလေးက ဂျိုးဂျိုးလို့ ခေါ်တယ်နော် သားမြင်လား ကိုင်ကြည့်ပါဦး သားလေးကို မေမေက သန့်ရှင်းရေး လုပ်ပေးလို့ ခန ကိုင်တာနော်" အဲ့လို ပြောပြီး သင်တယ် တစ်ပတ် တစ်ခါလောက်တော့ ကိုင်ကြည့်ခိုင်းတယ်ဆိုတာ သူ့ပစ္စည်းလေး သူသ်ိအောင် ကိုင်ဖူးအောင် သူများဟာကို စိတ်မဝင်စားအောင်ပါ

သားကို သန့်ရှင်းရေး လုပ်ပေးရင်လဲ ဘယ်သူစ်ိမ်း ရှေ့မှာမှ မလုပ်ပေးဘူး

သူစိမ်းမပြောနဲ့ အဖိုး အဖွားတောင် သား ဂျိုးကို ကိုင်ဖူးကြဖို့ နေနေသာသာ မြင်တောင် မမြင်အောင် ကျွန်မ ကာကွယ်ထားတာရှင့်

အမလေး ကြီးကျယ်လိုက်တာဆိုတဲ့ ကျွန်မ အမေရဲ့ ခနဲ့တဲ့တဲ့ စကားသံကြားတိုင်း ကျွန်မ ပြန်ပြောမိတာက "သားက ကိုယ့်ကိုယ်ကို ကာကွယ်တတ်ဖို့ တန်ဖိုးထားတတ်ဖို့ အခုလို သင်နေရတာပါ ကိုယ့်ကိုယ်ကိုမှ မကာကွယ်တတ် တန်ဖိုး မထားတတ်ရင် သူများကိုလဲ တန်ဖိုးမဲ့စွာ ဆက်ဆံမှာပဲ ကျွန်မသားကို ကျွန်မ ကာကွယ်ပါရစေ အမေ"လို့ ခပ်စွာစွာ ပြန်ပြောဖြစ်ပါတယ်

မနေ့က အိမ်ကို teenageအရွယ် ကောင်လေးတစ်ယောက် လာပြီး ဟျောင့်မောင်JOY မင်း ဂွေးစိက ကွာ မင်း ဂွေးစိကကွာနဲ့ ပြောပါတယ်

ဒ်ိုင်ဘာအပေါ်ကနေ ကိုင်ပါတယ်

ကျွန်မ အရမ်းစိတ်ဆိုးပေမယ့် ကျွန်မ မကြိုက်ကြောင်း အေးဆေး ပြောပါတယ်

ကျွန်မ လစ်ရင် လစ်သလို စောစောကလို ပြောပါတယ်
ကိုင်ပါတယ်

ဒေါသက ငယ်ထိပ်ရောက်ပြီး "ဟဲ့ နင့်မှာလဲ ရှိတာပဲ နင့်ဟာ နင်ကိုင်လေ ငါ့သားကို လာမထိစမ်းနဲ့ အဲ့လို အသုံးနှုန်းမျိုးလဲ လာမသုံးနဲ့ နင်တ်ို့အရွယ်တွေက သိပ်ကို ကြောက်စရာ ကောင်းပါလား ငါ့သားကို လက်တည့်စမ်းဖို့ မစဉ်းစားနဲ့ ငါက ဒါတွေ ကြိုမြင်လို့ ဘယ်သူနဲ့မှ ပေးမကစားတာ"လို့ ပြောလိုက်မိတယ်

ဒါတောင် ကျွန်မ သားက ကျွန်မ မျက်စ်ိရှေ့မှာ ကျွန်မခြံထဲမှာ ဖြစ်နေတာနော်

ကျွန်မ သားကို ကျွန်မ စိတ်ပူတယ် စိုးရိမ်တယ်

ဘာမှမဖြစ်ဘူး ကလေးကို ချစ်လို့စတာပါဆိုတဲ့ခေတ်က ကုန်ပြီနော် သူများပစ္စည်းကို တန်ဖိုးမထားသူရဲ့ စိတ်ထဲ ဘာတွေရှိပြီး ဘာတွေ တွေးနေမလဲ ကျွန်မ မမြင်နိုင်ဘူးလေ

မေမေတို့ရော ကိုယ့်သားသားတွေကို ဘယ်လို ကာကွယ်ကြလဲရှင်

ကျွန်မက အစွန်းရောက်ချင် ရောက်နေမယ် ဒါပေမယ့် s*x educationသင်ပေးလို့ မရသေးတဲ့ သားတို့အရွယ်မှာတော့ ကိုယ့်ပစ္စည်းကိုယ် တန်ဖိုးထားတတ်အောင်လောက်လေးကတော့ကတော့ သင်ကို သင်ရမှာပဲ

ကျွန်မကတော့ ကျွန်မ သားကြောင့် ဘယ်သူ့ကိုမှ မထိခိုက်စေရအောင် တတ်နိုင်တာထက် ပိုပြီး ကာကွယ်ရမှာပဲ သင်ပြရမှာပဲ

ကျွန်မ သားကိုလဲ ဘယ်သူကမှ ထိခိုက်လို့ မရအောင် ကျွန်မ အသက်နဲ့ထပ်တူ ကျွန်မ မသေမချင်း စောင့်ရှောက်သွားမှာပဲ

ဒီနေ့ သား ဂျိုးလေးကို ကိုင်တဲ့ ကောင်လေး ထပ်လာတယ်

ကျွန်မ မလာနဲ့လို့ ပြောမထွက်လို့ မလှမ်းမကမ်းကပဲ စောင့်ကြည့်နေတယ်

သားက အဖိုး အဖွားကြားမှာ ဆော့နေတာကို လှေခါးအတက်အဆင်းမှာ ဆော့မယ် လာဆိုပြီး လက်က အတင်းဆွဲတယ်

ကျွန်မက လုံးဝ မျက်ခြေပျက်မခံဘူးရှင့် "သားသားရေ မောင်JOY ရေ"လို့ ခေါ်နေရက်နဲ့ သားကို အဲ့ကောင်လေးက " ငါ ရိုက်မှာနော် ငါရိုက်မှာနော်"ဆိုပြီး ပြောတယ် သားကလဲ အရမ်းကို ငိုပါတယ် မျက်ရည်ကျပါတယ်

ကျွန်မ ဒေါသ ငယ်ထိပ်ရောက်ပြီး "ဟဲ့ ငါ့သားကို နင် အဲ့လို မပြောနဲ့ နင် ပြန်တော့ နောက် ဘယ်တော့မှ ငါ့ခြံထဲ ဝင်ဖို့ မစဉ်းစားနဲ့ "လို့ ပြောပြီး သားကို ချီပြီး ကျွန်မ အပေါ်ကို တက်လာလိုက်တယ်

ကျွန်မ စိတ်ကို သိတဲ့ ကျွန်မအဖေက နောက်က လိုက်လာပြီး စိတ်လျော့ဖို့ ပြောပေမယ့် "ကျွန်မ သားကို မတော်မတရား လာထိရင် လူသတ်မိလိမ့်မယ် ပါးပါးလို့ ကျွန်မ ပြန်ပြောလိုက်တယ်

ကျွန်မ အမေကတော့ ခပ်ရိုးရိုး ပြောရှာပါတယ် တချို့က အဲ့လို ပြောတတ်တယ် ကိုင်တတ်တယ် ဝသီပဲတဲ့

သြော ဒီလို လူတွေ သားဘဝမှာ ဘယ်လောက်များများ ထပ်တွေ့ဦးမှာလဲ

ကျွန်မကတော့ ကျွန်မသားကို လူ့ကျင့်ဝတ်တွေ သေချာသင်ပေးနေဦးမှာပဲ
ကျွန်မ အခုလိုပဲ သားကို အသက်ထက်ဆုံး ရင်အုပ်မကွာ စောင့်ရှောက်နေဦးမှာပဲ

ကမ္ဘာပေါ်မှာရှိတဲ့ ရင်သွေးလေးတွေ အားလုံးလဲ ပတ်ဝန်းကျင် ကောင်း မိတ်ဆွေခင်ပွန်းကောင်း ဆရာသမားကောင်းနဲ့သာ ကြုံရ ဆုံရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်

ငြိမ်းအေးဖြူ
၂၄ နိုဝင်ဘာ ၂၀၂၀

သားပုံလေးကတော့ သားလေး ၁၀ လသားမှာ ကျွန်မ ဖတ်ပြခဲ့ဖူးတဲ့ မနွယ်နီကံဝင်းရေးတဲ့ STOP CHILD ABUSE-DO S*X EDUCATION စာအုပ်ဖြစ်ပါတယ်

စာကြွင်း မေမေတို့လဲ ငါတ်ို့က သားမွေးထားတာပဲ ဒေါင်ကျကျ ပြားကျကျဆိုတာမျိုးတွေ မတွေးကြပါနဲ့နော်

အချိန်မရွေး ကျူးလွန်သူရော ခံရသူပါဖြစ်နိုင်တဲ့ ခေတ်မှာ ရင်အုပ်မကွာ ကာကွယ် စောင့်ရှောက်ကြပါစို့လား

23/09/2020

Since the moment I knew I was going to be a mother, I began a little research on Right Brain schools and early childhood education system, and read many a parenting books because I myself is interested in education and was worrying for the child in my belly. Fortunately, I found Shichida on Facebook. They got excellent reviews. Shichida has been standing in the educational field for more than 60 years with clear-cut missions, I decided in that instead I would send my child to Shichida. In 29 June 2020, Shichida Myanmar announced they would commence online cloud learning service on 2020 5 July, so that the children could keep learning during the Covid 19 stay-at-home period. I enrolled it for my son. They delivered the necessary worksheets to home during the course. Before the course started, I had to sit Developmental Assessment Test for my son, that resulted came to know his weaknesses and I could tend his needs. In Shichida Cloud, the lessons can be learned by weeks. Though it was a cloud learning system, an instructor was provided and my son had experienced warm and friendly learning environment unexpected of an online learning system. I chose the most appropriate time whenever my son was in a good mood for learning through either TV or iPad, while decreasing the screen time assigned by school. After every weekly lesson was completed, and when the instructor made follow up for the lesson, I had also had a chance to consult with the instructor some difficulties that my son encountered in learning. I would like to thank school and instructor for that opportunity too. During these 3 months, my son was improved especially in cognitive skill and physical skill. It is a satisfying fact that the parents and the children from distant areas are able to learn through Shichida Cloud. Shichida is a school that not only does the brain train for the children but also provides consultant for parenting. The school fees are arranged at the fair price that even the parents whose occupations are government staffs like us can afford to experience the international education by learning through Cloud. Thus, I would like to share this good news as a parent to all parents that you can entrust your children in Shichida. I sincerely wish Shichida Myanmar School continued success for many years more while fostering bright and intelligent children whom the country can entrust its future.

JOY's MayMay

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon