German with Frankie

German with Frankie For students and language learners of Myanmar to learn German with joy and happiness.

False hope တွေ မဖြစ်ကြအောင်လို့ သေချာစုံစမ်းပြီးမှ လာကြပါ။
11/12/2025

False hope တွေ မဖြစ်ကြအောင်လို့ သေချာစုံစမ်းပြီးမှ လာကြပါ။

တစ်ခြားနိုင်ငံကြီးတွေကိုသွားဖို့ခက်ခဲလာကြတော့ ခုတလော Facebook ဖွင့်လိုက်ရင် “ဂျာမနီကိုလာပါ့ တစ်ကယ်ပျော်မယ်နော့” ဆိုတာတွေ ရှောင်မလွတ်အောင်ကို တွေ့နေရတယ်။ တစ်ကယ်လည်း လာစေချင်ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်အမှားတွေနဲ့တော့ မဖြစ်စေချင်ဘူး။
အခုက Facebook မှာ မှန်မှန်ကန်ကန် ဗဟုသုတမျှဝေကြတာရှိသလို ဗီဇာအကျိုးဆောင်ဖို့၊ ဂျာမန်စာသင်တန်းသားရဖို့ ဂျာမနီမှာ လုပ်သားလိုအပ်ချက်ရှိတယ် ဆိုသမျှ အလုပ်တွေကိုရွတ်ပြပြီး လူဆွယ်နေကြတာတွေလည်း ရောတိရောရာ စိတ်မသက်သာစရာတွေ့နေရတယ်။
ဒါပေမယ့် သူတို့ကိုချည်း အပြစ်ပြောလို့လည်းမဖြစ်ပြန်ဘူး။ အလိမ်မခံရမချင်း လိမ်မယ့်သူကိုပဲ လိုက်ရှာနေကြတာတဲ့သူတွေကလည်း ဒုနဲ့ထည်နဲ့ရှိသေးတာကိုး။

ဂျာမနီက အလုပ်နေရာတွေမှာ လုပ်သားလိုအပ်ချက်ရှိတယ်ဆိုတိုင်း တတိယနိုင်ငံတွေက လှမ်းလျှောက်တာကို လက်ခံလို့မရဘူးဆိုတာ ကျနော်လည်း နှစ်ကြိမ်-သုံးကြိမ် ပြောပြီးပါပြီ။ ကိုယ်တိုင် စုံစမ်းဖို့ သက်ဆိုင်ရာ လင့်ခ် တွေလည်း ပေးပြီးပါပြီ။
မြန်မာနိုင်ငံမှာရှိနေတဲ့ ဂျာမန်သံရုံးကလည်း ကာယကံရှင်ကိုယ်တိုင် သူတို့ကို တိုက်ရိုက်မေးမြန်းစုံစမ်းပါ လို့ ပွင့်ပွင့်လင်းလင်း ပြောထားပြီးပါပြီ။ ဒါကိုမှ ကိုယ်တိုင် လုပ်ဖို့ တုန့်ဆုတ်နေသေးတယ်ဆိုရင်တော့ ဂျာမနီကိုလာဖို့ အကြံအစည်ကို နှစ်ခါပြန်သုံးသပ်သင့်တယ်လို့ သတိပေးချင်ပါတယ်။

အင်တာနက်ကို Facebook သုံးဖို့လောက်ပဲ အသုံးမချကြပါနဲ့။ ဂျာမနီက နိုင်ငံခြားသားတွေရော ဂျာမန်တွေကိုယ်တိုင်ပါ လိုချင်တဲ့အချက်အလက်ကို အင်တာနက်မှာပဲ ကိုယ်တိုင်ရှာပြီး ကိုယ်တိုင် လုပ်နေကြရတာပါ။ ကျောင်းသူ/ ကျောင်းသားတွေလည်းထို့အတူပါပဲ။ အဲ့တော့- အင်တာနက်ကိုအသုံးချပြီး လူလည်ဖြစ်အောင်မကြိုးစားချင်ရင်တောင်၊ အလိမ်ခံရလောက်အောင် မအဖို့တော့ အားထုတ်စေချင်တယ်။
ကိုယ်လာချင်တဲ့နိုင်ငံက “ဂျာမနီ” လေ။

မေးပါများ စကားရတဲ့။ မေးစရာ ဂျာမနီမှာ လက်ရှိနေထိုင်လုပ်ကိုင်နေတဲ့သူတွေလည်း Facebook မှာ Page တွေ Group တွေရှိနေတာပဲ။
အဲ- ကျနော့ကိုမေးချင်ရင်တော့ CB မှာလာမမေးပါနဲ့။ သက်ဆိုင်ရာ ပိုစ့်အောက်မှာ တိုက်ရိုက်မေးပါ။ သိထားတာရှိရင် တစ်ခြားသိချင်တဲ့သူတွေအားလုံးပါသိရအောင် ပွင့်ပွင့်လင်းလင်း ဖြေပါတယ်။ တစ်ခြားသူတွေလည်း ဖြေပေးနိုင်ပါလိမ့်မယ်။
CB ကိုလက်တို့ခေါ်ပြီး တစ်ယောက်ခြင်း တိုးတိုးတိတ်တိတ် သတင်းပေးတာ (အကျန်) ပေးတာ မရှိပါဘူး။ “ပိုက်ဆံပေးရင် ပြောပြမယ်” မလုပ်ပါဘူး။
အဲ့တော့ - ဥရောပကိုလာမယ်ဆိုရင် ကိုယ်တိုင်လည်း လူလည်ဖြစ်အောင်လုပ်ကြပါ- လို့။ 😊🍀

05/12/2025

B2.1 Intensivkurs
Montag-Freitag
8-10 Uhr
Lehrbuch: Aspekte Neu B2.1 Lehr- und Arbeitsbuch (passend zum neuen Goethe-Zertifikat B2) 2024 Version

B2.1 Regulärer Kurs
Montag, Mittwoch 19:30-22:00 Uhr
Derselbe Lehrbuch
Zur Anmeldung bitte schicken Sie mir eine Nachricht.

27/11/2025

New B1.1 Course in December
ဆရာ B1 အတန်းသစ်ကို လာမယ့် December မှာ ဖွင့်ဖို့ရှိပါတယ်။ အချိန်ကတော့ မြန်မာအချိန် ၇း၃၀-၉း၀၀ Dienstag/Donnerstag, Sonntag 8:00-10:00 Uhr ပါ။
သင်ကြားပေးမယ့်စာအုပ်က အသစ်ထွက်တဲ့ Netzwerk Neu B1 နဲ့ သင်ကြားပေးမှာ ဖြစ်ပြီး Goethe Zertifikat B1 Exam approach ပါ ရအောင် ပြောပေးသွားမှာဖြစ်ပါတယ်။ စိတ်ဝင်စားရင် page messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

27/11/2025

ဟိတ် လာမယ့် January မှာ B2 လည်းပြီးပြီ။ ဘာလုပ်ရမှန်းမသိရင် ဆရာအသစ်ဖွင့်မယ့် advanced vocab course for Studium အတန်းလေးကို စိတ်ဝင်စားကြလား။
ဆရာ့တပည့်အဟောင်းတွေဆိုရင် free လိုက်လေ့လာခွင့်ရမှာဖြစ်ပြီး တရက် ၁ နာရီနှုန်းနဲ့ ပုံမှန်လေး စာလုပ်ပေးသွားမှာပါ။ Live session တွေက မြန်မာအချိန် ည ၉း၀၀/၉း၃၀ လောက်ဖြစ်ပြီး ဆရာအတန်းတွေလွတ်တဲ့ရက်တွေမှာ Discussion တွေပြော Wortschatz/Grammatik နည်းနည်းချင်းစီ Ûbung လုပ်သွားမှာပါ။ စိတ်ဝင်စားရင် page messenger မှာ လာရောက်မေးမြန်းလို့ရပါတယ် ခင်ဗျ။

27/11/2025

Upcoming B1.2 Course with Schritte International Neu 6 in coming weeks
ဆရာလက်ရှိ B1.1 အတန်းပြီးလို့ B1.2 ကို B2 မတိုင်ခင်မှာ တက်ချင်ရင် စာရင်းသွင်းလို့ရပါတယ်။
Time: Montag/Mittwoch 19:30-22:00 Uhr (Myanmar Time)
Dauer = 2 Monate

Agent တွေ ပိုက်ဆံတွေ အများကြီးတောင်းပြီး ဂျင်းထည့်ခံရမယ့်အစား မိမိဘာမိမိ စာဖတ်ပြီး လုပ်ကြပါ။
03/10/2025

Agent တွေ ပိုက်ဆံတွေ အများကြီးတောင်းပြီး ဂျင်းထည့်ခံရမယ့်အစား မိမိဘာမိမိ စာဖတ်ပြီး လုပ်ကြပါ။

Deutschland ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အလုပ်လျှောက်မယ်ဆိုရင် Europass CV form လေးလုပ်ထားဖို့တော့လိုပါမယ်။ EU account တခုရှီ...
02/10/2025

Deutschland ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အလုပ်လျှောက်မယ်ဆိုရင် Europass CV form လေးလုပ်ထားဖို့တော့လိုပါမယ်။ EU account တခုရှီရင် Europass service အကုန်လုပ်လို့ရပါတယ်။ Firma တော်တော်များများကလည်း Europass logo ပါမှ လက်ခံကြတာ တွေ့ရပါတယ်။
See more here to make an Europass account:

Europass is a set of online tools to help with creating CVs, cover letters and also help users to find jobs and courses in the EU. Europass also matches user skills and interests such as location and topic to success suitable jobs. It is a useful tool to find information on studying or working in th...

02/10/2025

B1 Intensive course
Monday - Friday morning 8-10 am
Duration 2-3 months
စိတ်ဝင်စားရင် page messenger မှာ သင်တန်းအကြောင်းစုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျ။

02/10/2025

A2.2 course
Time Tuesday, Thursday, Sunday 7:30-9:00 pm
Duration 2-3 months
starting next two weeks
စိတ်ဝင်စားရင် ဝင်ရောက်တက်ရောက်နိုင်ပါတယ်ခင်ဗျ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when German with Frankie posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to German with Frankie:

Shortcuts

Share