18/03/2026
အားလုံးစောင့်မျှော်နေကြတဲ့
Fitness ရထားကြီး ထွက်ပါမည်။
Lead With Calisthenics ဆိုတာဟာ
ကျန်းမာ၊ကြံ့ခိုင်၊သန်စွမ်း ချင်သူများအတွက်
၉ ပတ်အကြာမှ တစ်ခါသာ
ထွက်ခွာပေးတဲ့ ရထားကြီး လိုပါပဲ။
မိတ်ဆွေ လက်ရှိစတင်မည့် ကြိုက်ရာမှတ်တိုင်မှ
လိုက်ပါခဲ့လို့ရပါတယ်။
❓မိတ်ဆွေက လေ့ကျင့်ခန်းအခုမှစလုပ်မည့်သူလား?
❓လေ့ကျင့်ခန်းလုပ်လေ့ရှိသော်လည်း
ကြံ့ခိုင်သန်စွမ်းမှု အဆင့်မြှင့်ချင်သူလား ?
❓ Bodyweight စွမ်းဆောင်ရည် Performance Skill တွေကိုစိတ်ဝင်စားသူလား ?
ဘာပဲဖြစ်ဖြစ်
အားလုံးရောက်ရှိမည့် ပန်းတိုင်ကတော့
#ဘယ်တော့မှအဝမလွန်ပြန်မဝခြင်း နှင့်
#တာရှည်အသုံးခံပါဝါအားမာန်ပြည့်ပြီး
မပျက်စီးလွယ်တဲ့
အချိုးအစား ၊ကြံ့ခိုင်မှုတွေပဲဖြစ်ပါတယ်။
Lead With Calisthenics Online Training
ပြန်စပါမည်။
ယခုဆိုရင် Batch-6 ကို ရောက်ပါပြီ။
✅ခန္ဓာကိုဟာ အမြဲပြောင်းလဲ နေတာဖြစ်ပါတယ်၊
ဒီလို ပြောင်းလဲသွားတဲ့ ဒဏ်ကိုခံနိုင်ဖို့
အပေါ်ယံ ရုပ်သွင်ပြင်အချိုးအစားကိုပဲ အာရုံမစိုက်ပါနဲ့။
❓ဘာကြောင့် အဝလွန်တာလဲ ?
❓ဘာကြောင့် အဆီတွေတက်နေတာလဲ?
❓ဘာကြောင့် အားအင်ချိနဲ့ နေရတာလဲ?
❓ဘာကြောင့် သေးသိမ် ပိန်လိန်နေရတာလဲ?
❓ဘာကြောင့် ကိုယ့်ကိုယ်ကို မလှဘူးထင်ရတာလဲ ?
ဒီလိုမျိုးပြဿနာများရဲ့ အရင်းအမြစ်ကိုပြောရမယ်ဆိုရင်
Health, Fitness, Performance မရှိလို့ဖြစ်နေတာပါ။
____________________________________
🖥️Lead With Calisthenics သင်တန်းဟာ
ဒီလို လူ ၉ မျိုး အတွက် ဖြစ်ပါတယ်။
💥အခုမှ လေ့ကျင့်ခန်းစလုပ်ပြီး
နည်းလမ်းမမှားချင်သူတွေအတွက်။
💥 အပေါယံ ဝိတ်ချ ၊ အဆီချ သံသရာဝဲဂယက်မှ လွတ်မြောက်ပြီး ဘယ်တော့မှအဝမလွန် ပြန်မဝတဲ့
လွတ်လပ်ပေါ့ပါးသူ တစ်ယောက်ဖြစ်ဖို့။
( Never Fat Again Method)
💥 ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မပြဿနာများနှင့်
ဆီးချို ၊ သွေးတိုး ၊ သွေးပျစ် ၊ ထုံကျင် ၊
မောပန်းလွယ်ခြင်း ၊ ကိုယ်နေဟန်မကျ ၊ ကိုယ်ခံအားနည်း
စသဖြင့်သော Metabolic Diseases များမှ ကာကွယ်၍
တာရှည်အသုံးခံ ပါဝါအားမာန်ပြည့်သောကြွက်သားများ
တည်ဆောက်ချင်သူများအတွက်။
(Long Lasting Muscle Method)
💥ကျန်းမာ ၊ ကြံ့ခိုင် ၊ သန်စွမ်းဖို့ကို အာရုံစိုက်ပြီး
တတ်ကျွမ်းတဲ့ပညာရှင် နှင့် အတူတကွ
လေ့ကျင့်ခန်းလုပ်ချင်သူတွေ အတွက်ပါ။
💥 ခန္ဓာကိုယ်အချိုးအစားပြောင်းလဲခြင်း ဆိုတာကို
ကိုယ်တိုင်တောင် မသိလိုက်ပဲ အလိုအလျောက်
အပိုဆုအနေနဲ့ ပေါ့ပါး ကျန်းမာ ၊ ကြံ့ခိုင်စွာ
ရရှိသွားချင်သူတွေအတွက်ပါ။
( Get Bodytransformation As A Bonus)
💥 Performance ကောင်းချင်ပြီး
Calisthenics ကစားသမားဖြစ်ချင်သူ ၊
Fitness သမားတွေအတွက် ဖြစ်ပါတယ်။
ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုကို သာမန်လူထက်ပိုတဲ့
Skill တွေအထိ ရယူ လေ့ကျင့်ချင်သူများအတွက်။
(Calisthenics Athletic Training)
💥ကိုယ်တိုင် ပရိုဂရမ်တိတိကျကျမရှိပဲ
ကြိုးစားသလောက် ရှေ့မရောက်သေးတဲ့
Fitness သမားတွေအတွက်။
(Intermediate Fitness Training)
💥 ကိုယ်ရာက်ချင်တဲ့ ပန်းတိုင်နဲ့ ကိုယ့်ရဲ့ကြားက
ကွာဟ နေတဲ့ Gap ကိုမသိပဲ ဒုန်းလုပ်နေသူတွေအတွက်
(Purpose Driven Training)
💥 Gym ဆော့တယ်ဆိုတာ လှဖို့သက်သက်မဟုတ်ပဲ
ဘဝအတွက် ကျန်းမာ ၊ ကြံ့ခိုင် ၊သန်စွမ်းဖို့ ရည်ရွယ်ပြီး
အမှန်တကယ် ပြုလုပ်ရမည့် အလေးမ လေ့ကျင့်ခန်းဆိုတာ
ဘာတွေလဲ သိချင်သူများ အတွက်။
(Health, Fitness, Performance Training)
_________________________________
မိတ်ဆွေတို့ရရှိနိုင်မည့် Training များကတော့ 👇
၁။ 100 % Beginner လူသစ်များအတွက်
အခြေခံ Bodyweight Home Workout များ
၂။ Gym မှာပြုလုပ်နေတဲ့မိမိရဲ့လက်ရှိကစားနည်းများကို
အသစ်ပေါင်းစပ် လေ့ကျင့်နိုင်သည့် Bodyweight Training များ
၃။ အမှန်တကယ်ကြံ့ခိုင်သန်စွမ်းစေတဲ့
Gym ခန်းထဲမှာမတွေ့ရသော အလေးမလေ့ကျင့်ခန်းများ
၄။ ဝိတ်ချ/အဆီချစရာမလို ၊
ခန္ဓာကိုယ်ဟာ ပြန်လည်ပုံပျက်မသွားစေဖို့
Never Fat Again Method နှင့်
Long Lasting Muscle Method
၆။ နေ့စဉ်ဘဝမှာ အချိန်အများကြီးပေးစရာမလို၊
နေရာကျဉ်းကျဉ်းလေးမှာ ပစ္စည်းကိရိယာမပါပဲ
Bodyweight သီးသန့်ဖြင့်လုပ်နိုင်သည့်
Pain Free Training
__________________________________
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥
📱 လေ့ကျင့်ချိန် ပြဿနာ မရှိရလေအောင်
Online လုပ်ပေးမှာဖြစ်ပြီး ...
ယခု အသုတ်မှာ ပြောင်းလဲလိုက်တဲ့ သင်ပြမှုစနစ်အရ
ရိုးရှင်းပြီး ၊ ထိရောက်မှုများသော လေ့ကျင့်ခန်းများကို
အားလုံးပိုင်နိုင်မှု ရှိသည်အထိ အသေးစိပ် အတူတူ ပြုလုပ်ရတဲ့
"Technique Week " (နည်းစနစ်အဓိကထားတဲ့ အပတ်များ) ပါဝင်လာမှာဖြစ်ပါတယ်။
ဒါကြောင့် လေ့ကျင့်ခန်းတွေကို ပိုင်နိုင်ကျွမ်းကျင်မှုမရှိပဲ
Weekly Program တွေကို အသစ်ထပ်တိုးပြောင်းလဲပေးတာမျိုးထက် အသေးစိပ်စနစ်တကျ လေ့ကျင့်နိုင်ဖို့ကိုသာ
ဦးစားပေးမှာဖြစ်ပါတယ်။
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥
📋 သင်တန်း ကြာချိန်က တော့ ၉ ပတ် ဖြစ်ပါတယ်📋
🤝 သင်တန်းကြေးသည် ယခင်အတိုင်း
၁သိန်း ၅ သောင်း ကျပ် ဖြစ်ပါတယ် ဗျာ 🤝
🗒️ သင်တန်း စတင်မည့်အချိန်သည်
၃ လပိုင်း ၃၀ ရက်နေ့ (တနင်္လာနေ့) ဖြစ်ပါတယ်🗒️
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
စက်ပစ္စည်း ၊ Gym မလိုပဲ
Calisthenics Training ဖြင့် ဦးဆောင်ချင်သူများအနေဖြင့်
ကျွန်တော်ရဲ့ KBZ Pay Account
- 09975688285 -
( U Wai Yan Phyo)ဆီကိုငွေလွှဲပြီး
ပြေစာနှင့်တကွ သင်တန်းအပ်ထားလို့ရပါပြီ။
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
ဒီတစ်သုတ် လွတ်သွား သူများသည်
နောက်ထပ် ၉ ပတ် ကိုစောင့် ဆိုင်းရမှာ ဖြစ်ပါတယ်။
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
မြန်မာ နှစ်သစ်မတိုင်မီ
ကျန်းမာ ၊ ကြံ့ခိုင် ၊သန်စွမ်းတဲ့ဘဝကို တည်ဆောက်ရင်း
ဘယ်တော့မှ အဝမလွန်ပြန်မဝကြသူများ အဖြစ်၊
မပျက်စီး ၊ မဆုံးရှုံးလွယ်တဲ့ တာရှည်အသုံးခံ
ပါဝါအားမာန်ပြည့်သောဘဝကို
ကြံ့ကြံ့ခံ တည်ဆောက်နိုင်ကြပါစေ။
02/03/2026
Resistance training လေ့ကျင့်ခန်းတိုင်းမှာ ရလဒ်နှစ်ခု အမြဲတွဲပါလာတတ်ပါတယ်။ အဲဒါတွေကတော့-
∆ Adaptation signal:
ခန္ဓာကိုယ်ကို တိုးတက်ပြောင်းလဲလာအောင် ပေးတဲ့ အချက်ပေးချက် (နှိုးဆွမှု)။
∆ Fatigue cost:
အဲဒီလေ့ကျင့်ခန်းကြောင့် ပေးဆပ်လိုက်ရတဲ့ ပင်ပန်းနွမ်းနယ်မှု တန်ဖိုး။
ဒီနှစ်ခုဟာ တစ်ခုနဲ့တစ်ခု မတူပါဘူး။ သူတို့ကြားမှာ ချိန်ခွင်လျှာတစ်ခု ရှိနေပါတယ်။
တစ်ဖက်မှာ: နှိုးဆွမှု မြင့်မားပြီး ပင်ပန်းမှုက ထိန်းချုပ်လို့ရတဲ့အဆင့် မှာ ရှိနေတာ။
နောက်တစ်ဖက်မှာ: ပင်ပန်းမှုက အရမ်းများနေပြီး နှိုးဆွမှု (ရလဒ်) ကတော့ မပြောပလောက်တာ မျိုးပါ။
လေ့ကျင့်ခန်း Program တစ်ခုရဲ့ရည်မှန်းချက်ဟာ
ကိုယ့်ကိုယ်ကိုယ် အစွမ်းကုန် ပင်ပန်းအောင် လုပ်ဖို့ မဟုတ်ပါဘူး။
Stimulus-to-fatigue ratio (နှိုးဆွမှုနဲ့ ပင်ပန်းမှု အချိုးအစား) ကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိဖို့ပဲ ဖြစ်ပါတယ်။
ဥပမာ_
∆ Heavy compound lifts (အလေးမတာမျိုး)မှာ_ အာရုံကြောစနစ်ကို ကောင်းကောင်းနှိုးဆွနိုင်ပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သက်ရောက်တဲ့ ပင်ပန်းမှုကလည်း အရမ်းမြင့်ပါတယ်။
ဒါက Deadlift, Bench Press, Clean , Sn**ch လို
လေ့ကျင့်ခန်းကြီး တွေအကုန်ပါဝင်ပါတယ်။
____________________
∆ Isolation work (ကြွက်သားတစ်ခုချင်းစီ လေ့ကျင့်တာ)မျိုးမှာ_
နှိုးဆွမှု အသင့်အတင့်ရှိပြီး ခန္ဓာကိုယ်စနစ်တစ်ခုလုံးအပေါ် ပင်ပန်းမှု သက်ရောက်တာ နည်းပါတယ်။
ဒါကြောင့်Hypertrophy ရဲ့ Training အယူအဆတွေဟာ _ Old School သမား တွေကလွဲပြီး နောက်ပိုင်း Science Based Lifter ဆိုတဲ့ ကလေးတွေဟာ တဖြည်းဖြည်း Isolation ကို ပိုရှာဖွေလာကြပါတယ်။
_______________________
∆ Failure training (အားကုန်တဲ့အထိ ကစားတာ)မျိုးမှာ_
ကစားနေတဲ့ ကြွက်သားအပိုင်းအစအတွက် နှိုးဆွမှု ကောင်းပေမဲ့ ပေးဆပ်လိုက်ရတဲ့ ပင်ပန်းမှုကတော့ မတန်တဆ များပြားသွားတတ်ပါတယ်။
Failure Training က ကြွက်သားတည် ဆောက်တာနဲ့
Endurance Training မှာတင်ရှိတာမဟုတ်။
Bodyweight Skill Acquisition မှာလည်း ဒီလိုအခြအ နေ ကြံရလေ့ရှိတယ်။
___________________________
∆ Volume accumulation (အကြိမ်ရေ/ပတ်ရေ တိုးကစားတာ)မျိုးမှာ_
နှိုးဆွမှုကို မြင့်တက်စေပေမဲ့ ပင်ပန်းမှုကတော့ ထပ်ညွှန်းကိန်းအတိုင်း အဆမတန် တက်လာတတ်ပါတယ်။
ဒီနေရာမှာ Bodyweight Training နဲ့ Movement Skill တွေသင်တဲ့အခါ အများစုံကြုံရတဲ့အချက်က Volume Accumulation ကိစ္စ အမြဲကျော်ဖြတ်ရပါတယ်။
Gym အောက်ပိုင်း တွေ အပြင်းအထန်ဆော့နိုင်ပေမယ့် ၊
Bodyweight Training လေးလုပ်ကြည့်တာ
အဲ့ထက်ပိုဆိုးနေတယ်လို့ ကိုယ့်ကိုယ်ကို ထင်ကြတာ ဒါကြောင့်လည်းပါတယ်။
Technical Cueing ကို လိုက်နားထောင်ပြီး
လေ့ကျင့်ခန်းပုံစံကို ပြင်ဆင်နေတာနဲ့တင် လက်တွေ အားကုန်သွားတာမျိုး။
Cognitive Load လို့ခေါ်တဲ့ မမြင်ရတဲ့ Training Intensity အရမ်းများတာ ကြောင့်ဖြစ်တာ။
_______
မှတ်ထားရမှာက ပိုပင်ပန်းတိုင်း ပိုပြီး တိုးတက်ပြောင်းလဲလာတာ မဟုတ်ဘူး ဆိုတာပါပဲ။
_____
Intensity (ပြင်းထန်မှု) က နှိုးဆွမှုကို ဖန်တီးပေးတယ်။
Recovery (နားချိန်/အနားယူမှု) က ပင်ပန်းမှုကို ဖယ်ရှားပေးတယ်။
________
အကယ်၍ ပင်ပန်းမှု စုပုံလာတာက ခန္ဓာကိုယ်က ပြန်လည်ကုစားနိုင်တာထက် မြန်နေမယ်ဆိုရင်-
တိုးတက်မှုတွေ အားလုံး ရပ်တန့်သွားပါလိမ့်မယ်။
________
Force–Velocity Curve က "ဘယ်လိုပုံစံ" လေ့ကျင့်ရမလဲဆိုတာကို ပြောပြတယ်။
Stimulus–Fatigue Ratio က "ဘယ်လောက်အထိ" လေ့ကျင့်သင့်လဲဆိုတာကို ပြောပြပါတယ်။
_______
ဒီနှစ်ခုစလုံးကို ပိုင်နိုင်ပြီဆိုရင် သင့်ရဲ့ လေ့ကျင့်ခန်းတွေဟာ မှန်းဆချက်တွေ မဟုတ်တော့ဘဲ စနစ်တကျရှိတဲ့ တိုးတက်မှုတွေ ဖြစ်လာပါလိမ့်မယ်။
___________
MRT Online သင်တန်းက Exercise Science တွေကို တော်ရုံနားမလည်ဘူး ဆိုတဲ့လူ တွေအတွက်
အခရာကျတဲ့ အနှစ်ချုပ် ကီးပွိုင့် တွေကိုပဲ ထုတ်ပြီး
Map ဆွဲပေးထားတယ်။
____________
Intensity Vs Recovery
Force Vs Velocity
Adaptation Vs Fatigue
____________
02/03/2026
Resistance training (ဝန်သုံးလေ့ကျင့်ခန်းအားလုံး)မှာ ကျွန်တော်တို့ လှုပ်ရှားသမျှတိုင်းဟာ
နိယာမတစ်ခုထဲအပေါ်မှာပဲ အခြေခံပါတယ်။ အဲ
ဒါကတော့-
∆ အား (Force) များလာရင် အလျင် (Velocity) က လျော့သွားတတ်တယ်။
∆ အလျင် (Velocity) မြန်လာရင်တော့ တွန်းကန်အား (Force) က လျော့သွားတတ်ပါတယ်။
ဒီလို ပြောင်းပြန်အချိုးကျတဲ့ ဆက်နွှယ်မှုကို Force–Velocity Curve လို့ ခေါ်ပါတယ်။
လေးလံတဲ့ Squat ထိုင်တာမျိုးလား?
-တွန်းကန်အား (Force) အများကြီးသုံးရပြီး အရှိန် (Velocity) ကတော့ နှေးသွားပါတယ်။
အမြန်ပြေးတာ (Sprint) လား?
-ပြင်ပတွန်းကန်အား သိပ်မလိုပေမဲ့ အရှိန် (Velocity) ကတော့ အရမ်းမြန်ပါတယ်။
Olympic lift ဒါမှမဟုတ် ခုန်တာမျိုးလား?
-အားလည်း အသင့်အတင့်သုံးရသလို အရှိန်လည်း အရမ်းမြန်ပါတယ်။ ဒါကို Power လို့ ခေါ်တာ ပေါ့ဗျာ။
ဒီအရာတွေက သီးခြားစီ ခွဲခြားထားတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ မဟုတ်ပါဘူး။
(Mechanical spectrum) တစ်ခုတည်းပေါ်က မတူညီတဲ့ အမှတ်အသားတွေသာ ဖြစ်ပါတယ်။
ကျွန်တော်တို့က
"Hypertrophy zone" (ကြွက်သားထုတက်တဲ့ ဇုန်)၊ "Strength zone" (ခွန်အားတက်တဲ့ ဇုန်) ဒါမှမဟုတ် "Power training" (စွမ်းအားလေ့ကျင့်ခန်း) ဆိုပြီး အလွယ်တကူ ခေါင်းစဉ်တပ်လေ့ရှိကြပါတယ်။
တကယ်တော့ ဒါတွေက အခြေအနေတစ်ခုကို နားလည်လွယ်အောင် နာမည်တပ်ထားတာပဲ ရှိတာပါ။
လက်တွေ့မှာတော့ Force-Velocity ရဲ့ လမ်းကြောင်းပေါ်မှာ ဘယ်ဘက်ကို ပိုအားသာအောင် လုပ်မလဲဆိုတာ
အပေါ် မူတည်ပြီး ဘယ်လောက်ကြံ့ခိုင် ၊ သန်စွမ်းပြီး
ခိုင်မာ တည်ငြိမ်တဲ့ ခန္ဓာကိုတည် ဆောက်မလဲဆိုတာကို အသုံးချရမှာပါ။
လူ့ခန္ဓာကိုယ်က ခေါင်းစဉ်တွေကို နားမလည်ပါဘူး။ သူ နားလည်တာတွေကတော့-
∆ Mechanical tension:
ကြွက်သားပေါ်သက်ရောက်တဲ့ တင်းအား
∆ Rate of force production:
အားကို ဘယ်လောက်မြန်မြန် ထုတ်နိုင်သလဲ
∆ Neural demand:
အာရုံကြောစနစ်ကို ဘယ်လောက် သုံးရသလဲ
∆ Metabolic cost:
စွမ်းအင် ဘယ်လောက် ကုန်ဆုံးသလဲ
အကယ်၍ ကစားသမားတစ်ယောက်က
သန်ပေမဲ့ နှေးနေရင် → အရှိန် (Velocity) ဘက်ကို ဦးတည်လေ့ကျင့်ပေးတာမျိုး။
အကယ်၍ မြန်ပေမဲ့ ခွန်အားမရှိရင် →
အမြင့်ဆုံးတွန်းကန်အား (Maximal force) ဘက်ကို ဦးတည်ပေးတာမျိုး။
အကယ်၍ ပေါက်ကွဲအား (Explosiveness) မရှိရင် → Curve ရဲ့ အလယ်မှတ် (Power emphasis) မှာ လေ့ကျင့်ပေးတာမျိုးပေါ့။
စွမ်းဆောင်ရည် အားနည်းချက်တွေကို ကြုံရာကျပန်း လေ့ကျင့်ခန်းတွေနဲ့ ပြင်လို့မရပါဘူး။
Curveပေါ်က လိုအပ်နေတဲ့ အမှတ်အသားကို တိတိကျကျ ပစ်မှတ်ထားပြီးမှသာ ပြင်ဆင်နိုင်မှာပါ။
ဒီ Curve ရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီမှာ မတူညီတဲ့ ပြင်းအား (Intensity )သဘောသဘာဝတွေ ရှိပါတယ်။
ဥပမာ_
∆ Max strength (အမြင့်ဆုံးခွန်အား):
အာရုံကြောစနစ်ကို ဖိအားပေးပြီး Recovery (နားချိန်) အများကြီး လိုအပ်ပါတယ်။
∆ Speedwork (အမြန်နှုန်း):
ဦးနှောက်နဲ့ အာရုံကြောစနစ် (CNS) ကို အသုံးချမှု မြင့်မားပေမဲ့ ကြွက်သားပိုင်း ထိရောက်မှု (Structural load) တော့ နည်းပါတယ်။
∆ Power work (စွမ်းအား):
အထက်ပါ နှစ်ခုစလုံးကို အချိုးကျ ပေါင်းစပ်ထားတယ်လို့ အလွယ်မှတ်နိုင်ပါတယ်။
လေ့ကျင့်ခန်းဇယားဆွဲတယ်ဆိုတာ
လေ့ကျင့်ခန်းတွေကိာ ရွေးနေရတာ မဟုတ်ပါဘူး။
ခန္ဓာကိုယ်ရဲ့ပြန်လည်နာလန်ထူနိုင်စွမ်း (Recovery limits) အတွင်းမှာနေပြီး ပြင်းထန်မှုတွေကို Force-Velocity လမ်းကြောင်းပေါ်မှာ ဘယ်လို မျှတအောင် ဖြန့်ခွဲမလဲဆိုတာပဲ ဖြစ်ပါတယ်။
______________
Force–Velocity Curve ဆိုတာ ကြွက်သားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြတဲ့ ပုံစံကြမ်း (Blueprint) ပဲ ဖြစ်ပါတယ်။
ကုန်ကုန်ပြောရရင် လေ့ကျင့်ခန်းအားလုံးဟာ
"Resistance Training တွေပဲ" ဆိုတဲ့စကားက
ဒီ Curve ကိုနားလည်ရင်လက်ခံပါလိမ့်မယ်။
ဒီ Curve ကို ပိုင်နိုင်အောင် လေ့လာပါ။ ဒါဆိုရင် သင်ဟာ Resistance training ကို ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။
______________
နည်းပြတွေရော ၊ လေ့ကျင့်ခန်းလုပ် နေသူတိုင်းပါ
အတူတူတက်သင့်တဲ့ MRT Online သင်တန်း
စတင်ရန် ၅ ရက်သာလိုပါတော့တယ်။
မိမိအတွက် အကျိုးဖြစ်မယ်လို့ယုံကြည်ရင်
အခုပဲ ပါဝင်နိုင်ပါတယ်ဗျာ __
01/03/2026
လေ့ကျင့်ခန်းလုပ်ပြီဆိုရင် လူတိုင်းသိထားသင့်တဲ့
" Fitness ခရီးအတွက် အိပ်ဆောင်အသိပညာများ "
" Master Of Resistance Training ®MRT "
ကျွန်တော်ကိုယ်တိုင်သင်ကြားပေးမည်ဖြစ်ပြီး
Trainer များနှင့် Gym ကစားသူများ အတူတကွ
တက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။
ဖုန်းတစ်လုံးရှိရုံဖြင့် ဘာပစ္စည်းမှမလိုတဲ့
Online သင်တန်းဖြစ်ပြီး _
လေ့ကျင့်ခန်းတွေရဲ့အကျိုးအကြောင်း/အသုံးချပုံနယ်ပယ် များကို ရိုးရှင်းတဲ့ "Mind Map" ပုံကြီးတစ်ခုတည်းဖြင့် တစ်သက်တာအသုံးချ နိုင်ပါမယ်။
________________________
လေ့ကျင့်ခန်းအမျိုးကွဲများအားလုံး၏ အသုံးပြုပုံ ၊
ရည်ရွယ်ချက် ၊ ကွာခြားမှု ၊ နမူနာ ပုံစံများကို
ရိုးရှင်းစွာ နားလည်အသုံးချနိုင်မည့် သင်တန်းဖြစ်ပါတယ်။
________________________
သင်တန်းစတင်ရန် ၆ ရက်သာလိုပါတော့သည်။
________________________
Master Of Resistance Training ™
®
28/02/2026
Today, I’m quietly sharing something very meaningful to me.
This book is not just an ebook — it is a memory of my journey, a milestone in my career, and a personal achievement I once only imagined.
Coming from Myanmar’s fitness industry, I never followed trends or borrowed systems. I built my own concepts, my own philosophy, and my own creative direction around Health, Fitness, and Performance.
Becoming an international author from our industry is something I hold with gratitude — not as a title, but as responsibility.
Thank you to everyone who has supported my work, trusted my ideas, and grown together with me.
Here is the ebook link:
[ https://a.co/d/073z8Kha ]
— Wai Yan Phyoe
Don’t Lose Weight—Loosen Your Mind: Never Fat Again
Fat is not the enemy. Fighting your body is. For years, we’ve been taught that fat must be attacked, burned, destroyed. Calories must be counted. Cardio must punish. Discipline must suffer. But what if the real problem was never your body — it was your thinking? Never Fat Again is not another di...
28/02/2026
Google မှာ Amazon.com လို့ရိုက်ရှာပါ။
Amazon Website ကိုရောက်တဲ့အခါ
ကျွန်တော့်စာအုပ်ကို "Loosen Your Mind" လို့ရိုက်ရှာပါ။
ပြီးရင်ဝယ်ယူအားပေးလို့ရပါပြီ။
ပြည်ပရောက်မြန်မာတွေရော ၊ မြန်မာပြည်အတွင်းက
Bank Visa ရှိသူတိုင်းဝယ်ယူလို့ရတဲ့
English Version E book ဖြစ်ပါတယ်။
"Don't Lose Weight" လို့ရိုက်မရှာပါနဲ့။
အိန္ဒိယက မာမူတစ်ယောက်ရဲ့ စာအုပ်နဲ့မှားမှာစိုးလို့ပါ။
သူနဲ့ကျွန်တော်က ဆန့်ကျင့်ဘက်နာမည်ပါ။
Fat is not the enemy.
Fighting your body is.
For years, we’ve been taught that fat must be attacked, burned, destroyed.
Calories must be counted.
Cardio must punish.
Discipline must suffer.
But what if the real problem was never your body —
it was your thinking?
Never Fat Again is not another diet book.
It is a paradigm shift.
This book challenges the outdated belief that exercise exists to burn fat.
It exposes the illusion of calorie obsession and short-term transformation culture.
Instead of shrinking your body, you will learn to build it.
Instead of chasing fat loss, you will develop:
• Strength that lasts
• Muscle built for capacity, not appearance
• A metabolism that works naturally
• A mindset that frees you from diet cycles
• A performance-based approach to life
There are no exercises for fat loss.
Cardio, resistance training, and movement are not tools for punishment — they are tools for health, fitness, and performance.
This book introduces a new way of thinking:
Build muscle like a blade forged in fire.
Train for life, not for the mirror.
Become an everyday athlete.
If you are tired of: – Losing weight and gaining it back
– Obsessing over calories
– Exercising only to “burn”
– Feeling trapped in diet culture
Then this is your bridge to a new era.
Never Fat Again is not about losing weight.
It is about building a body that never needs to lose it again.
27/02/2026
ဘယ်နေရာကိုမှမထိတဲ့
လေ့ကျင့်ခန်းလှုပ်ရှားမှုတွေက မိမိရဲ့နေ့စဉ်ဘဝကို
အများကြီးပို၍ Fit ဖြစ်စေပါတယ်။
ပို၍ ခိုင်မာတည်ငြိမ်တဲ့ ခန္ဓာကိုယ်ကို ရစေနိုင်ပါတယ်။
Resistance Training အကြောင်းပြောရင်လူသိနည်းပြီး
သိတဲ့သူတစ်ချို့မှာလည်းအယူလွဲနေတဲ့
အကြောင်းအရာလေးတစ်ခုရှိပါသေးတယ်။
"ဒီလေ့ကျင့်ခန်းက ဘယ်ကိုထိတာလဲဆရာ" ဆိုတဲ့
Gym အတွင်းက အမြစ်တွယ်သွားတဲ့ ရိုးရာယဉ်ကျေးမှု မေးခွန်းပေါ့။
Localized Mechanical Tension နဲ့ပြုလုပ်နေကြတဲ့
အလေးမလေ့ကျင့်ခန်းများ ၊ ကြွက်သားနေရာအလိုက် လေ့ကျင့်ရတဲ့ဝန်သုံးလေ့ကျင်းခန်းများကိုပဲ လူသိများတဲ့အတွက်ကြောင့် ဖြစ်လာတဲ့ အလေ့အထ အယူအဆပေါ့။
ဒီလို ကြွက်သားအခြေပြုလေ့ကျင့်ခန်းတွေက
တကယ်ဆိုရင် Resistance Training နယ်ပယ်ကြီးတစ်ခုလုံးမှာ High Impact Training အမျိုးအစား (သက်ရောက်မှုဒဏ်အမြင့်ဆုံး လေ့ကျင့်ခန်းများ) တောင်ဖြစ်နေပါသေးတယ် ။
ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲအတွက် အများကြီးအသုံးတည့်တဲ့ တစ်လမ်းသွား လေ့ကျင့်ခန်းတွေဖြစ်နေတာပါ။
-ခွန်အားတိုးတက်မှုကိုချက်ချင်းခံစားမိစေတယ်
-ကြွက်သားရဲ့ဆင့်ကဲတိုးတက်မှုကိုခံစားရလွယ်တယ်
-Muscle Tone နဲ့ Power ကိုချက်ချင်းခံစားမိစေတာကိုး
(ဒီနေရာမှာ Muscle Power ဆိုတာ Medical ရှုထောင့်ကပြောတာ)
ဒါကြောင့်လည်း
လေ့ကျင့်ခန်းဟာ တစ်နေရာရာကိုထိရမယ်ဆိုတဲ့ အဖြေကိုလိုချင်ကြတာ မဆန်းပါဘူး။
အဲ့ဒီလိုအခြေအနေမှာ "ကစားသမားတွေကိုရှင်းပြဖို့"
စကားချီတဲ့အနေနဲ့ ကျွန်တော်က အရွှန်းဖောက်ပြီး
ဘန်းစကားတစ်ခုနဲ့ ဟာသလုပ်လေ့ရှိပါတယ်။
"ဒီလေ့ကျင့်ခန်းလေးက ခေါင်းကိုထိတာ" ဆိုပြီးတော့
စလေ့ ၊ နောက်လေ့ရှိပါတယ် ၊
ပြီးရင်တော့ အလုံးစုံရှင်းပြရတာပေါ့ဗျာ ၊
မေးတဲ့သူရဲ့စိတ်ထဲက သိထားတဲ့၊ ထင်မြင်ထားလေ့ရှိတဲ့
အယူအဆကိုလည်း ရှင်းရတာပေါ့။
"ခေါင်းကိုထိတယ်" ဆိုတာက Neuromotor Efficiency ကိုပြောတာ _
လေ့ကျင့်ခန်းတိုင်းက အာရုံကြောပါဝင်မှုရှိတာချည်းပဲ၊
သို့သော် Efficiency ကိုပြောတာ။
Movement Efficiency ဆိုတာ စွမ်းအင်နည်းနည်းပဲသုံးပြီး ၊ မပင်မပန်း ၊ မညောင်းမညာ ၊ မနာမကျင် ပဲ ပေါ့ပါးသွက်လက်စွာ နေ့စဉ်ဘဝမှာ "ဖင်ပေါ့" တဲ့လူငယ်တစ်ယောက်လို အမြဲ လှုပ်ရှားလိုစိတ်ရှိနေတာကိုပြောတာ။
စွမ်းအင်နည်းနည်းပဲသုံးတဲ့လှုပ်ရှားမှုဆိုတော့
ကယ်လိုရီလည်း နည်းနည်းပဲ လောင်ကျွမ်းမှာပေါ့လို့
တွေးမိနေရင် ____ No မဟုတ်ဘူး။
မြင်သာအောင်ပြောရရင် ဓာတ်ဆီအစားနည်းပြီး
အင်ဂျင်ကသွက်နေတာကို ပြောတာ ။
ဒီနေရာမှာ
ကယ်လိုရီနဲ့ စွမ်းအင် မတူဘူးပြောရင်လည်း
ကျုပ်ခမျာ နောက်ပြဿနာ တစ်ခုထပ်ရှင်းရပြန်ဦးမယ်။
_____
ဒီဆောင်းပါးက ရေးချင် ၊ ရှင်းပြချင်သေးတာတွေ အများကြီးရှိသေးပေမယ့်
စာရှည်မှာဆိုးလို့ မပြည့်မစုံနဲ့ ရပ်ထားပါဦးမယ်။
" ဝိတ်မချနဲ့စိတ်ချ "
24/02/2026
အလေးမမပါနဲ့ ၊
အလေးကိုလွှဲပါ ၊ အလုပ်ပြီးမြောက်ဖို့ရွှေ့ပြောင်းပါ။
ဒီစကားကိုရော ကြားဖူးလားဗျ ။
လေ့ကျင့်ခန်းတွေကို Aerobic နဲ့ Anaerobic ဆိုပြီး_
ခန္ဓာကိုယ် စွမ်းအင်စနစ်ရဲ့ ဘောင်နှစ်ဖက်အပေါ် အခြေခံပြီး ခွဲခြားထားပေမယ့် _
ကျွန်တော်တို့အများစုဟာ အဲ့ဒီနှစ်ခုကြားထဲက
ရောပြွမ်းနေတဲ့ Continuums တွေမှာပဲ
လေ့ကျင့်ကြတာပါ။
တစ်ဖက်တည်းကို အထူးထိရောက်အောင်လုပ်တာမျိုးက Sport (အားကစား) ဖြစ်ရင်ဖြစ် ၊
မဟုတ်ရင် Performance တက်ချင်လို့ တမင်ဦးတည်လေ့ကျင့်တဲ့ အချောသတ် လေ့ကျင့်တဲ့ပုံစံမျိုးတွေမှာ
တွေ့ရများပါတယ်။
ကျွန်တော်တို့လူသားတွေရဲ့ မူလအားဖြင့်
အဓိကအားကိုးရတဲ့ စွမ်းအင်သုံး လှုပ်ရှားမှုတွေမှာ Aerobic ဆန်တဲ့လှုပ်ရှားမှုတွေအများကြီးရှိသလို
Anaerobic ဆန်တဲ့ မဖြစ်ညှစ်ကျယ် အားစိုက်လှုပ်ရှားမှုတွေလည်း ရှိပါတယ် ၊ ဒီ့အပြင် ရုတ်ချည်းအားစိုက်ရတဲ့ Cell တွင်း နယူကလိယား ပေါက်ကွဲအားစွမ်းအင်သုံး
အခြေအနေ လည်း ရှိပါတယ်။
23/02/2026
“အဆီဆိုတာ ရန်သူမဟုတ်ခဲ့ပါဘူး၊ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားတဲ့ အရာတစ်ခုပါ။ အဲဒါကို အတင်းအကျပ် တိုက်ထုတ်နေတာဟာ သင့်ကို ရှေ့ဆက်သယ်ဆောင်သွားမယ့် တံတားကို ကိုယ်တိုင် ပြန်ဖြိုဖျက်နေတာနဲ့ တူပါတယ်။”
စနစ်တစ်ခုကို စိန်ခေါ်မယ့် အတွေးအခေါ်သစ်တွေဟာ နားလည်သဘောပေါက်ခြင်း မခံရခင်မှာ နားလည်မှုလွဲခြင်းကို အရင်ရင်ဆိုင်ရလေ့ရှိပါတယ်။
အပြောင်းအလဲကာလတွေမှာ ..
∆ တိကျပြတ်သားမှုကို ကန့်လန့်တိုက်မှုလို့ အထင်မှားတတ်ကြသလို၊
∆ ထိန်းသိမ်းမှုကို အစွန်းရောက်မှုလို့လည်း မြင်တတ်ကြပါတယ်၊
∆ ဇီဝဗေဒဆိုင်ရာ အမှန်တရားတွေကိုလည်း ဖျက်ဆီးမှုတွေလို့ သတ်မှတ်တတ်ကြပါတယ်။
ဒါပေမဲ့ အမှန်တရားဆိုတာ အမြင်တွေအပေါ်မူတည်ပြီး ပြောင်းလဲမသွားပါဘူး—သူ့ကို ကြိုဆိုသည်ဖြစ်စေ၊ တွန်းလှန်သည်ဖြစ်စေ၊ ပုံစံသစ်နဲ့ ပြန်ထုတ်သည်ဖြစ်စေ အမှန်တရားဟာ အမှန်တရားအတိုင်းသာ တည်ရှိနေမှာပါ။
(Perception Is Not Set In Stone_ But Yes The Truth Is Truth) 😁
Never Fat Again ကို ရေးသားခဲ့ခြင်းဟာ ခန္ဓာကိုယ်အလှအပ ပြောင်းလဲရေး (Body Transformation) အပေါ်မှာ တည်ဆောက်ထားတဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေးတွေ ဒါမှမဟုတ် အယူအဆဟောင်းတွေကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။
Fitness ဆိုတဲ့ ပညာရပ်ရဲ့ စစ်မှန်တဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။
လူ့ခန္ဓာကိုယ်ဟာ တိုးတက်ပြောင်းလဲမှုကို တွန်းလှန်နေတာ မဟုတ်ဘဲ—အဓိပ္ပာယ်မဲ့တာ၊ ဘေးမကင်းတာနဲ့ မယုံကြည်ရတဲ့ လေ့ကျင့်ပေးမှုတွေကိုပဲ တွန်းလှန်နေတာဖြစ်ကြောင်း ပြန်လည်သတိပေးဖို့ ဖြစ်ပါတယ်။
ဒါဟာ ခန္ဓာကိုယ်ပြောင်းလဲရေး နည်းလမ်းသစ်တစ်ခု မဟုတ်ပါဘူး။
ပိုပြီးကောင်းမွန်အောင် ပြုပြင်ထားတဲ့ အဆီချနည်းဗျူဟာလည်း မဟုတ်ပါဘူး။
ဝိတ်ပြန်မတက်အောင် ကာကွယ်ဖို့ ဒါမှမဟုတ် ပိုပြီးထိန်းချုပ်ခြင်းအားဖြင့် "ထာဝရ၊ရာသက်ပန်အဆီကျတဲ့" ရလဒ်တွေရဖို့ ဖန်တီးထားတဲ့ စနစ်တစ်ခုလည်း မဟုတ်ပါဘူး။
တကယ်တော့ Never Fat Again ဟာ အဆီချတဲ့လုပ်ငန်းနယ်ပယ် (Fat-loss Industry) နဲ့ လုံးဝမသက်ဆိုင်ပါဘူး။
ဒါဟာ ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ထားတဲ့ ခေတ်ကူး တံတားတစ်စင်း ဖြစ်ပါတယ်။
( Paradigm Shift Bridge For Weight Loss Coaches)
ဝိတ်ချတဲ့နည်းပြတွေအတွက် အနာဂတ်မှာ ဖြစ်လာမယ့် ခေတ်ပြောင်း စနစ်ပြောင်းကို ကူးပေးမယ့်တံတားပါ။
ခန္ဓာကိုယ်အလှအပ ပြောင်းလဲရေးဆိုတဲ့ အတွေးအခေါ်ဟောင်းကနေ Fitness ရဲ့ ခေတ်သစ်တစ်ခုဆီကို ကူးပြောင်းနိုင်ဖို့ ခင်းပေးထားတဲ့ တံတားပါ။
ဒီခေတ်သစ်မှာတော့ Fitness ဆိုတာ
-အပြင်ပန်းကို လိုက်လံထိန်းချုပ်နေဖို့၊
-ရလဒ်နောက်ကို လိုက်နေဖို့
-ဒါမှမဟုတ် နဂိုအတိုင်း ပြန်ဖြစ်သွားမှာကို ကြောက်နေဖို့ မဟုတ်တော့ပါဘူး။
ဇီဝကမ္မဆိုင်ရာ ထိန်းညှိမှု၊ စွမ်းဆောင်ရည်နဲ့ ရေရှည်လုပ်ဆောင်နိုင်စွမ်းတွေအပေါ်မှာပဲ အခြေခံတော့မှာ ဖြစ်ပါတယ်။
ကျွန်ုပ်အနေနဲ့ Never Fat Again Strategy ကို ဖော်ထုတ်ခဲ့စဉ်ကာလတွေ မှာ...
∆ နားလည်မှုလွဲခံရခြင်း၊
∆ တိုက်ခိုက်ခံရခြင်း ဒါမှမဟုတ်
∆ အစွန်းရောက်ဝါဒအဖြစ် စွပ်စွဲခြင်းတွေကို ကြုံတွေ့ခဲ့ရပါတယ်။
ဒါဟာ Fitness လောကအတွက် ခင်းပေးထားတဲ့ တံတားတစ်စင်းဆိုတာကို လျစ်လျူရှုပြီး အဲဒီတံတားကို ဖြိုဖျက်ဖို့ ကြိုးစားခဲ့ကြတာပါ။
ဒါကြောင့် သင်ဟာ ဒီစာအုပ်ကို သင့်အတွက် ကူးပေးမယ့် တံတားတစ်စင်းအဖြစ် မမြင်နိုင်ဘူးဆိုရင် စာအုပ်ထဲက အချက်အလက်တွေက သင့်ကို စိတ်မသက်မသာ ဖြစ်စေနိုင်ပါတယ်။
ဒီစာအုပ်ဟာ ပဋိပက္ခကို မရှာသလို၊ အသိအမှတ်ပြုမှုနဲ့ ထောက်ခံမှုကိုလည်း မတောင်းဆိုပါဘူး။ တံတားတစ်စင်းကိုသာ ကမ်းလှမ်းတာ ဖြစ်ပါတယ်။
• အပေါ်ယံအလှအပအတွက် အသည်းအသန်ဖြစ်ခြင်းကနေ လူသားဆန်ပြီး လက်တွေ့ဘဝကို အလေးထားတဲ့ ကျင့်စဉ်ဆီသို့ ကူးပေးမယ့် တံတား။
• ချုပ်ကိုင်မှုကနေ ပူးပေါင်းဆောင်ရွက်မှုဆီသို့ ကူးပေးမယ့် တံတား။
• ရေတိုရလဒ်တွေကနေ ရေရှည်စွမ်းဆောင်ရည်တွေဆီသို့ ကူးပေးမယ့် တံတား။
ဒီတံတားကို ဖြတ်ကျော်မယ့်သူတွေဟာ သူတို့ရဲ့ ရပ်တည်ချက်ကို ကာကွယ်နေဖို့ မလိုတော့ပါဘူး။
သူတို့ကိုယ်တိုင် ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုဆီကို တိုးတက်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
Never Fat Again ဆိုတာ အဲဒီတံတားပါပဲ။
PEACE 👌
22/02/2026
"လူကြီးမင်း_ အင်္ဂလိပ်သဒ္ဒါမှာ Verb Zero ဆိုတာကြားဖူးလား ?"
ကျွန်တော်ကတော့ကြားဖူးခဲ့သလို လက်လည်းခံခဲ့ပါတယ်။
ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်ရဲ့ အလေးစားရဆုံး
အင်္ဂလိပ်စာဆရာကြီးဟာ အငြင်းပွားစရာကောင်းတဲ့
အယူအဆတစ်ခုကို ပြောခဲ့ဖူးတယ်။
သူက ဒီလိုပြောတယ်-
“Verb to be ရဲ့နောက်မှာ Verb 1 အနည်းလိုက်ရမယ်ဆိုရင် _
ဘာကြောင့် ......
I want to is .... လို့မရေးလဲ?
I want to am လို့ရောမရေးကြတာလဲ
__ဘာလို့ခြွင်းချက်ထားပြီးစာသင်ကြသလဲပေါ့ဗျာ "
ကျောင်းသား (ကလေးတွေ) သာ ပညာရေးကို
အမှန်တကယ် တွေးတောသုံးသပ်မှု နဲ့ မေးခွန်းထုတ်ရင်
ဘယ်လိုဖြေကြမလဲပေါ့ဗျာ...
တကယ်တော့ Verb To Be ရဲ့ နောက်မှာ ဖော်ပြထည့်သွင်းလိုတဲ့ Verb သည် ပမာဏ(Singular or Plural) လုံးဝမပါပဲ အဓိပ္ပာယ် (meaning) သီးသန့်ကိုသာလိုအပ်တာမလို့ ...
"Verb Zero" လိုက်ရမယ်လို့ ပြောခဲ့တယ်။
တစ်နိုင်ငံလုံးက Grammar စာအုပ်တွေထဲမှာတော့
“Verb zero” ဆိုတဲ့ စကားလုံး မရှိဘူးပေါ့ဗျာ။
ပုံမှန် အင်္ဂလိပ်သဒ္ဒါ သတ်မှတ်ချက်တွေအရ ကျွန်တော်တို့ကို သင်ပေးထားတာက-
၁။ Verb to be / Verb to have
၂။ Verb 1
၃။ Verb 2
၄။ Verb 3
၅။ V-ing
ဒါပေမဲ့ ဆရာက မေးခွန်းထုတ်တယ်-
“ Verb zero လို့ ဘာလို့ မခေါ်နိုင်ရမှာလဲ?
သူက သဒ္ဒါစည်းကမ်းကို ဖောက်ဖျက်နေတာ မဟုတ်ပါဘူး။
အဲဒီ Educational Classification ကိုမေးခွန်းထုတ်နေတာပါ။
အဲဒီအခိုက်အတန့်က ကျွန်တော့်ရင်ထဲမှာ အမြဲစွဲကျန်နေခဲ့တယ်။
အခု Fitness ဘက်ကို လှည့်ကြည့်ရအောင်။
American Council On Exercise အပါအဝင်
ပညာရေး ပလတ်ဖောင်းတိုင်းက
ကျွန်တော်တို့ကို သင်ထားကြတာက-
ဒါက Cardio။
ဒါက Strength training။
ဒါက Aerobic၊ ဒါက Hypertrophy။
ဒါက Strength Training ဆိုပြီးတော့သင်တာပါ။
ဒါပေမယ့် လက်တွေ့အသုံးချတဲ့အခါ ယနေ့ခေတ်လို
Mixed Modal Training, Strength and Conditioning ရှုထောင့်အရ Fitness ဟာလူတိုင်းကို နေ့စဉ်ဘဝမှာ အားကစားသမားလို ပေါင်းစပ်လေ့ကျင့်တဲ့ အသုံးချနယ်ပယ်ဖြစ်တဲ့အတွက် _
တကယ်လက်တွေ့ နယ်ပယ်မှာ
အသုံးချ_ အလုပ်လုပ်နေတဲ့ Fitness Coach တွေအတွက်_
" Cardio ဆိုတာ လေ့ကျင့်ခန်းမျိုးစိတ်အသစ်မဟုတ်ဘူး/သီးခြားကိုမဟုတ်နေတာ_ ဒါဟာလည်း Strength Training အငယ်ကောင်ပဲ"
တကယ်လည်း "ကာဒီရိုလေ့ကျင့်ခန်း" ဆိုတဲ့စကားလုံးဟာ ပျောက်ကွယ်လုနီးပါးဖြစ်ပြီး ဝိတ်ချနယ်ပယ်မှာသာ ကျန်ရစ်နေတာပါ။
တစ်နေ့က ကျွန်တော်ပြောတဲ့စကားကို Fitness ရဲ့အပြောင်းအလဲတွေကို လက်တွေ့ဘာဖြစ်နေလဲမသိရင်အံ့အားသင့်ပါလိမ့်မယ် _
"Cardio ဆိုတာ လေ့ကျင့်ခန်း အမျိုးအစားတစ်ခု မဟုတ်ပါဘူး။ အဲဒါဟာ အတိုင်းအတာတစ်ခု (Parameter) သာ ဖြစ်တယ်။"
Heart rate? ဒါ Parameter တစ်ခုပဲ။
VO₂? ဒါလည်း Parameter တစ်ခုပဲ။
Cardiac output? ဒါလည်း Parameter တစ်ခုပဲ။"
ကျွန်တော်ဒီလို ပြောခဲ့ပါတယ် ၊ ဟုတ်ပါတယ်။
ဒါတွေက ခန္ဓာကိုယ်အပေါ် ဖိအားသက်ရောက်မှု (Stress) ကြောင့် ဖြစ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေပါ။
သင် အလေးတွေ ပြင်းပြင်းထန်ထန် မ (Lift) တဲ့အခါ-
နှလုံးခုန်နှုန်း မြန်လာတယ်၊ အောက်ဆီဂျင် သုံးစွဲမှု မြင့်တက်လာတယ်၊ သွေးလှည့်ပတ်မှု စနစ်က လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလာတယ်။
ဒါဆို အဲဒါက “Cardio” မဟုတ်ဘူးလား?
သင် ပြေးတဲ့အခါ-
ကြွက်သားတွေက အားကို အကြိမ်ကြိမ် ထုတ်သုံးရတယ်၊ မြေပြင်နဲ့ ရိုက်ခတ်တဲ့ဒဏ်ကို ကြွက်သားတွေက ခံနိုင်ရည်ရှိအောင် လုပ်ရတယ်၊ Mechanical tension တွေ ဖြစ်လာတယ်။
ဒါဆို အဲဒါက ကြွက်သားအလုပ်လုပ်တာ (Muscular work) မဟုတ်ဘူးလား?
ကွာခြားချက်က ဘာကို ပိုအလေးပေးသလဲ (Emphasis) ဆိုတာပဲ ရှိတာပါ။ သူတို့ရဲ့ သဘာဝက အတူတူပါပဲ။
“Verb zero” လိုပါပဲ။ ဖွဲ့စည်းပုံက အတူတူပဲ၊ သတ်မှတ်တဲ့ အမည်နာမ စနစ်ပဲ ပြောင်းသွားတာ။
တကယ့် အချက်က ဒါပဲ။
________
∆ ပညာရေးစနစ်တွေက သင်ကြားရလွယ်အောင်လို့
အုပ်စုတွေ ခွဲခြားသတ်မှတ်ခဲ့ကြတယ်။
ဒါပေမဲ့ အချိန်ကြာလာတော့ ဒီအုပ်စုခွဲခြားမှုတွေက အစွဲအလမ်း (Dogma) တွေ ဖြစ်လာတယ်။
_________
လူတွေက ဖွဲ့စည်းပုံကို မတွေးတော့ဘဲ နားလည်မှုထက် စကားလုံး အသုံးအနှုန်းတွေကိုပဲ ရှေ့တန်းတင် ကာကွယ်နေကြတော့တယ်။
ကျွန်တော့် ဆရာက အင်္ဂလိပ်သဒ္ဒါ အခေါ်အဝေါ်တွေကို မေးခွန်းထုတ်ခဲ့တယ်။
ဒါဟာ ကန့်လန့်တိုက်တာ မဟုတ်ပါဘူး။
ပိုပြီး နက်နက်ရှိုင်းရှိုင်း တွေးတောနိုင်ဖို့ပါ။
ကျွန်တော်ရေးနေတာကြာပြီဖြစ်တဲ့Social Fitness ဆောင်းပါးစီးရီးအကြောင်းပြောပြမယ်။
Social Fitness ဆိုတာ လေ့ကျင့်ခန်းနှင့် အားကစားနယ်ပယ်အတွက်ပဲ စာတွေရေးနေတာမဟုတ်ဘူး။
ဒါဟာ သင့်စိတ်ကို လှေနံဓားထစ်ဖြစ်စေတဲ့ အယူအဆအဟောင်းတွေထဲကနေ လွတ်မြောက်အောင် လုပ်တာပါ။
အခေါ်အဝေါ်တွေကို မေးခွန်းမထုတ်နိုင်ရင် အယူအဆအသစ်တွေကိုလည်း ဖန်တီး/လက်ခံနိုင်မှာ မဟုတ်ဘူး။
Cardio ဆိုတာ ဝိတ်ချဖို့ လုပ်ရတဲ့ ထုံးတမ်းစဉ်လာတစ်ခု မဟုတ်ပါဘူး။
တိုင်းတာလို့ရတဲ့ တုံ့ပြန်မှု (Response) တစ်ခုပါ။
တစ်ခါတလေ တိုးတက်မှုအတွက် အသိပညာအသစ်တွေ မလိုအပ်ပါဘူး။
သင့်ကို ပေးထားတဲ့ "အမည်နာမတွေ" ကို ပြန်ပြီး မေးခွန်းထုတ်ဖို့ပဲ လိုတာပါ။