Caring for Our Children

Caring for Our Children

Share

Created by 7 psychiatrists of Child and Adolescent Psychiatry team, Myanmar.

30/05/2021

ဝေမျှသူ - ကြီးကြီးခင် နှင့် ဘဘသက်

မူးယစ်ဆေးဝါးအလွဲသုံးစားမှု အပိုင်း (၅)

မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ ပတ်သက်ပြီး စာစောင်တွေ အများကြီးရေးခဲ့တယ်နော်။ ဘာကြောင့်ပါလဲ?

အများကြီးရေးခဲ့ပါတယ်။ မူးယစ်ဆေးဝါးအလွဲသုံးစားမှုဟာ အထူးသဖြင့်တော့ လူငယ်တွေကြားမှာ ဆက်လက်ကြီးထွားနေတဲ့၊ကြီးမားတဲ့ ပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးအလွဲသုံးစားမှုပြုခြင်းဟာ နောက် ဆက်တွဲထိခိုက်မှုတွေဖြစ်စေပြီး အသက်သေစေနိုင်ပါတယ်။ မိသားစုတစ်ခုလုံးကို ပျက်စီးသွားစေပြီး လုပ်ငန်း ခွင်မှာဆုံးရှုံးမှုတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကိုပါပျက်စီးစေနိုင်ပါတယ်။ ဒီစာစောင်ကတော့ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြတဲ့ နောက်ဆုံးစာစောင်ပဲဖြစ်ပါတယ်။

အခြား ဘယ်မူးယစ်ဆေးဝါးအကြောင်းတွေကို ရှင်းပြပေးသွားမှာလဲ?

မူးယစ်ဆေးဝါးအလွဲသုံးစားမှုများစွာရှိသော်လည်း မြန်မာနိုင်ငံမှာတော့ ဆေးခြောက်၊ အရက်၊ ဆေးရွက်ကြီး (ဆေးလိပ်) အလွဲသုံးစားမှုတွေကိုအတွေ့များပါတယ်။ အခြားအရာတွေကတော့
-စိတ်ကြွရူးသွပ်ဆေး amphetamines (speed, crystal meth)၊
- ဘိန်းပင်မှရရှိသောဘိန်းအမျိုးအစားများ opiums (heroin,opiate )၊
- စိတ်ငြိမ်ဆေး sedatives (အထူးသဖြင့်
benzodiazepines) ၊
- စိတ်အာရုံချောက်ခြားစေသောဆေး hallucinogens ( LDS or acid, mushrooms or 'shrooms) တို့ဖြစ်ပါတယ်။

အဲဒီဆေးတွေ ဝယ်ယူလို့ရလား? ကျွန်မတို့ရဲ့ ကလေး‌ တွေလည်း သုံးစွဲနိုင်ပါသလား?

မြန်မာနိုင်ငံဟာ ကမ္ဘာတဝှမ်းမှာ ဘိန်းဖြူနဲ့စိတ်ကြွရူးသွပ်ဆေးပြားတွေကို စိုက်ပျိုးထုတ်လုပ်နေပြီး၊တင်ပို့ရောင်း ချနေတဲ့နိုင်ငံတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီစီးပွားရေးကို ရာဇဝတ်ဂိုဏ်းများနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုကနေပြီး ငွေအမြောက်အများရရှိနေသော အစိုးရအချို့တွေက ထိန်းချုပ်ထားပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာလည်း ရရှိနိုင်ပါတယ်။ မူးယစ်ဆေးဝါးတွေကို ပြည်တွင်းမှာတင် စိုက်ပျိုး၊ ထုတ်လုပ်နိုင်ပြီး၊ စျေးနှုန်းအလွန်သက်သာတာကြောင့် လူငယ်တွေအတွက် ပိုမိုလွယ်ကူစွာရရှိနိုင်ပါတယ်။ စိတ်ငြိမ်ဆေး (သို့မဟုတ်) ဘိန်းမှထုတ်လုပ်ထားပြီး ဆေးညွှန်းဖြင့်သာဝယ်ယူနိုင်သောဆေးဝါးတွေကို စိုးရိမ်ပူပန်မှုများတဲ့ရောဂါ နဲ့ နာကျင်မှုဒဏ်များကို ကုသရာမှာ အထူးကုဆရာဝန်တွေက အသုံးပြုကြပါတယ်။ ထိုကဲ့သို့သောဆေးများကို လူကြီးများကအိမ်တွေမှာဆောင်ထားလေ့ရှိတာ‌ကြောင့် အဲဒီဆေးတွေကို မိသားစုအတွင်းရှိ လူငယ်တွေက အိမ်မှခိုးယူပြီး အသုံးပြုတတ်ပါတယ်။ စိတ်အာရုံချောက်ခြားဆေးကတော့အလေ့ကျပေါက်တဲ့မှိုအမျိုးအစားအပင်က ရပေမယ့် တရားမဝင်ဓာတ်ခွဲခန်းတွေမှာ စိတ်အာရုံ ချောက်ခြားဆေး အမျိုးမျိုးကို ထုတ်လုပ်နိုင်ကြပါတယ်။

စိတ်ကြွရူးသွပ်ဆေးအကြောင်းကိုတော့ ကြားဖူးတယ်။ အဲဒီဆေးအကြောင်း ရှင်းပြပေးနိုင်မလား?

Amphetamines (စိတ်ကြွရူးသွပ်ဆေး) တွေကို တရားမဝင် ဓာတ်ခွဲခန်းတွေမှ ထုတ်လုပ်ပြီး နေရာတော်တော်များများမှာ ရရှိနိုင်ပါတယ်။ ဒီဆေးရဲ့ အဓိက အကျိုးသက်ရောက်မှု (အာနိသင်)ကတော့ လူတစ်ဦးရဲ့စိတ်နဲ့ စွမ်းအင်အဆင့်ကိုလျင်မြန်စွာမြှင့်တင်ပေးပါတယ်။ ဒီမူးယစ်ဆေးသုံးထားသူဟာ အချိန်အနည်းငယ်သာ အိပ်စက်ပါတယ်။ ဒီဆေးဟာ လူတစ်ဦးရဲ့ နာကျင်မှု ခံစားနိုင်စွမ်း (သို့မဟုတ်) အခြားသူတွေအပေါ် ဂရုစိုက်နေနိုင်စွမ်းကို လျှော့ချသွားစေပါတယ်။ အချိန်ကြာမြင့်စွာသုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ သွားများကို ဂရုမစိုက်၊ လျစ်လျူရှုထားမိလေ့ရှိတာကြောင့် နောက်ပိုင်းမှာ သွားဖုံးတွေကနေ သွေးယိုဆင်းလာခြင်းနဲ့ သွားများ ကျွတ်ထွက်ခြင်းတွေဖြစ်တတ်ပါတယ်။ သူတို့ ဆေးအရှိန်မြင့်နေချိန်မှာဆို ကသိကအောက်ဖြစ်တာမျိုး၊အရေပြားကို ထပ်ခါတလဲလဲ ဆွဲလိမ်တာမျိုး ပြုလုပ်တတ်ပါတယ်။ ဆေးအသုံးပြုခြင်းရပ်တန့်လိုက်ချိန်မှာ လဲကျပြိုလဲသွားသလိုမျိုးဖြစ်တတ်ပါတယ်။ ဆိုလိုတာက စိတ်ဓာတ်ကျလာတာမျိုးနဲ့ အိပ်ပဲအိပ်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အမြန်ဆုံးမြင့်တင်ပေးနိုင်တဲ့ တရားမဝင် စိတ်ကြွရူးသွပ်ဆေးမျိုးတွေလည်း ရှိပါတယ်။ ကိုးကင်း ကတော့ ကိုကင်အပင်ရဲ့အရွက်ဖြင့် ထုတ်လုပ်ထားသည့် ဆေးမျိုးဖြစ်ပြီး စိတ်ကြွရူးသွပ်ဆေးနဲ့ အလားတူအာနိသင်တွေရှိပါတယ်။

ဘိန်းဖြူအကြောင်းရော ရှင်းပြပေးပါ။

ဘိန်းဖြူဆိုတာက ဘိန်းပန်းတွေကနေ ထုတ်လုပ်ထားတဲ့ ဆေးဝါးမျိုးဖြစ်တယ်။ ဘိန်းဖြူမှဓာတုဗေဒနည်းပညာနဲ့ ထုတ်လုပ်တဲ့ဆေးဝါးတွေကို ဓာတ်ခွဲခန်းတွေမှာ ပြုလုပ်ပြီး စိတ်ကြွရူးသွပ်ဆေးတွေလိုမျိုး အလားတူ အာနိသင်ရှိပါတယ်။ ဘိန်းဖြူကိုသုံးနေချိန်မှာ လူတစ်ဦးကို ကမ္ဘာပေါ်မှာ ဘာစိုးရိမ်စရာမှမရှိသလိုခံစားမှုမျိုးကို ပေးပါတယ်။ ဆေးစွဲနေသူတွေဟာ နောက်ထပ်ဘိန်းဖြူကိုဘယ်လိုရရှိအောင်လုပ်မလဲဆိုတာမှအပ အခြားအရာတွေကို ပြုလုပ်လိုချင်စိတ်မရှိကြပါဘူး။ ဘိန်းဖြူကို အများအားဖြင့် သွေးကြောထဲကို ထိုးသွင်းလေ့ရှိပြီး ဆေးထိုးအပ် ဝေမျှသုံးခြင်းဟာ HIV/ AIDS ကူးစက်မှုကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ဘိန်းဖြူကို ၁ကြိမ် (သို့မဟုတ်) ၂ကြိမ်လောက် စမ်းသုံးကြည့်ရုံနဲ့တင် ဆေးစွဲသွားတတ်ပါတယ်။ ဘိန်းဖြူတွေဟာ စွဲလမ်းအားအလွန်ပင်ကြီးပါတယ်။ လူကြီးတွေဆိုရင် နာတာရှည်ခါးနာခြင်း (သို့မဟုတ်) ခွဲစိတ်ကုသမှုအပြီးမှာ ခံစားရတဲ့နာကျင်မှုတွေအတွက် ဘိန်းကနေ ထုတ်လုပ်ထားတဲ့ အကိုက်အခဲပျောက်ဆေးဝါးတွေကို သောက်သုံးရင်းနဲ့လည်း ဆေးစွဲမှုတွေဖြစ်တတ်ပါတယ်။ ဘိန်းစွဲပြီဆိုရင် ဖြတ်ရအလွန်ခက်ပါတယ်။

စိတ်ချောက်ခြားဆေးအကြောင်းရော ရှင်းပြပေးပါ။

ယေဘုယျအားဖြင့် လူတွေဟာ စိတ်ချောက်ခြားဆေးတွေကို စွဲလမ်းခြင်းမရှိပါဘူး။ ဆိုလိုတာက အခြားမူးယစ်ဆေးဝါးတွေဟာ အသုံးပြုရာမှရပ်တန့်လိုက်ချိန်မှာ ဆေးပြတ်တဲ့ရောဂါလက္ခဏာတွေပေါ်တတ်ပေမယ့် ဒီဆေးတွေဖြတ်လိုက်ချိန်မှာတော့ မဖြစ်ခြင်းကြောင့်ဖြစ်ပါတယ်။ သိုပေမယ့် လူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းနှစ်ခုရှိပါတယ်။ ပထမအချက်ကတော့ စိတ်ချောက်ခြားဆေးကို သုံးစွဲနေသူအချို့ဟာ လက်တွေ့ဘဝနဲ့အဆက်အသွယ်ပြတ်သွားပြီး အကြောင်း မဲ့၊ ယုတ္တိမရှိသောအရာများကို ပြုလုပ်တတ်ပါတယ်။ ဥပမာ သစ်ပင် (သို့မဟုတ်) ဝရံတာပေါ်ကနေ ပျံသန်းဖို့ ကြိုးစားတာမျိုး၊ အဝတ်အစားတွေကို ချွတ်ပြီး လမ်းပေါ်ပြေးလွှားတာမျိုးတို့ပြုလုပ်တတ်ပါတယ်။ ဒုတိယအချက်ကတော့ စိတ်ရောဂါအခံရှိသူအချို့အနေနဲ့ စိတ်ချောက်ခြားဆေးကို သောက်သုံးပြီးနောက် စိတ်အနှောင့်အယှက်တွေ ပိုပြီး ဖြစ်လာတတ်ပါတယ်။

ကျွန်မမှာ စိုးရိမ်ပူပန်မှုနဲ့ပတ်သက်ပြီး ပြဿနာအချို့ရှိပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ပေးထားတဲ့ စိတ်ငြိမ်ဆေးတွေကို အိမ်ရဲ့ရေချိုးခန်းထဲမှာ သိမ်းထားပါတယ်။ အိမ်မှာလည်း ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်ရှိနေတာကြောင့် အခုလို ဆေးဆောင်ထားတာ ပြဿနာရှိနိုင်လား?

ပထမဆုံးအကြံပေးလိုတာကတော့ အိပ်စက်ခြင်း (သို့မဟုတ်) စိုးရိမ်ပူပန်မှုနဲ့ပတ်သက်တဲ့ ပြဿနာတွေကို သက်သာအောင်ပြုလုပ်ဖို့ စိတ်ငြိမ်ဆေးများသောက်သုံးနေခြင်းကို အထူးဂရုစိုက်သင့်ပါတယ်။ ထိုပြဿနာနှစ်ရပ်လုံးဟာ ဆေးကို မကြာခဏ သောက်သုံးမိတဲ့ အကျင့်ကိုဖြစ်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ဆေးယဥ်သွားတတ်ပြီးနောက်ပိုင်းမှာ တူညီတဲ့ အကျိုးသက်ရောက်မှုရရှိအောင် ဆေးပမာဏ တိုးရတာမျိုးတွေ လိုလာတတ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ စိုးရိမ်မှုနဲ့ အိပ်မပျော်ခြင်းရောဂါအကြောင်းအရာများကို ပိုမိုသိရှိနားလည်အောင် အကြံပေးနိုင်သူတစ်ဦးကိုရှာဖွေပြီး တွေ့ဆုံဆွေးနွေးသင့်ပါတယ်။
မေးခွန်းကိုပြန်ဖြေရရင် ဆေးတွေကို ကလေးတွေ အလွယ်တကူမတွေ့နိုင်တဲ့နေရာမှာ သိမ်းဆည်းထားခြင်းဟာ ပိုပြီးလုံခြုံမှုရှိပါတယ်။ ကလေးတွေဟာ စူးစမ်းလိုစိတ်ရှိတတ်ကြပြီး ကလေးအများစုဟာ သူတို့မိဘတွေရဲ့ဆေးတွေကိုခိုးယူပြီး စတင်သုံးစွဲတတ်ကြပါတယ်။

ဘဘရှင်းပြခဲ့တဲ့ ပြဿနာကြီးတစ်ရပ်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို သဘောပေါက်သွားပါပြီ။ မူးယစ်ဆေးစွဲနေခြင်းကို ဘယ်လိုကုသနိုင်ပါသလဲ?

ကုသမှုပိုင်းဟာ နက်နဲတာကြောင့် ဒီစာစောင်ထဲမှာ အကျယ်တဝင့် ရှင်းပြပေးဖို့ အခက်အခဲရှိပါတယ်။ မူးယစ်ဆေးစွဲနေသူတွေကို ဆေးဖြတ်သွားနိုင်အောင်ကူညီကုသပေးနေတဲ့ ကျွမ်းကျင်ပညာရှင်များနဲ့ ကုသမှုအထူးအစီအစဉ်များရှိပါတယ်။ ပထမဦးစွာ မူးယစ်ဆေးစွဲခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာရှိနေပြီဆိုတဲ့အချက်ကို လူနာကိုယ်တိုင်က လက်ခံအသိအမှတ်ပြုတတ်ရပါမယ်။ အဲဒီနောက် ပြဿနာတွေကို ကျော်လွှားချင်တဲ့စိတ်ရှိဖို့လိုအပ်ပါတယ်။ မိသားစုဝင်နဲ့ လူမှုအသိုင်းအဝိုင်းတွေကလည်း လူငယ်တွေကို မူးယစ်ဆေးဝါးစွဲနေခြင်းမှ လွတ် မြောက်အောင် ကူညီပံ့ပိုးပေးနိုင်ပါတယ်။ မူးယစ်ဆေးဝါးစွဲနေသူများကြုံတွေ့ရတဲ့ အခက်ခဲဆုံးသော ကိစ္စရပ်ကတော့ သူတို့ရဲ့လူမူဘဝနဲ့ သူငယ်ချင်းမိတ်ဆွေတွေအားလုံးနီးပါးဟာ မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့ ပတ်သက်မှုရှိနေခြင်းပင်ဖြစ်ပါတယ်။ ထို့ကြောင့် မူးယစ်ဆေးသုံးစွဲခြင်းကိုအမှန်တကယ် ရပ်တန့်လိုပါက ထိုအပေါင်းအဖော်များနှင့်အဆက်အသွယ်ဖြတ်ပြီး သူငယ်ချင်းအသစ်၊ပတ်ဝန်းကျင် အခွင့်အလမ်းအသစ်များကို ရှာဖွေရပါမယ်။
Caring For Our Children
Issue #36
22 February 2021

25/02/2021

မူးယစ်ဆေးအလွဲသုံးစားမှု အပိုင်း (၄)
.......................................................

..................................................................................
အသက် ၁၄နှစ်အရွယ်ရှိတဲ့ ကျွန်မသမီးလေးက မနေ့က သူငယ်ချင်းတွေဆီသွားတာ ပြန်လာတော့ ဆေးလိပ်နံ့တွေရတယ်။ ကျွန်မဆီကနေ ထွက်သွားတဲ့အဖြစ်မျိုးလည်း မဖြစ်ချင်ဘူး။ ကျွန်မ သမီးကို ဘာပြောရမယ်မှန်းလည်းမသိဘူး။ သမီးကိုလည်း ဆေးလိပ်တွေ ဆက်ပြီးမသောက်စေလိုဘူး။
..…............................................................................
ဆေးလိပ်စမ်းသောက်ကြည့်ခြင်းဟာ ဆယ်ကျော်သက်လူငယ်တွေ လုပ်လေ့လုပ်ထရှိတဲ့ အရာတစ်ခုဖြစ်တယ်။ များသောအားဖြင့် သူတို့ရဲ့ သူငယ်ချင်းတွေနဲ့အတူ ပြုလုပ်လေ့ရှိပါတယ်။ သူတို့အနေနဲ့ “ကြည့်ကောင်းတယ်၊ အရမ်းကိုမိုက်တယ်” လို့ထင်တဲ့ မိဘ၊ ရုပ်ရှင်မင်းသား/ မင်းသမီး၊ လူလတ်ပိုင်းတွေကို ကြည့်ပြီး ပြန်လည်အတုယူကြတာဖြစ်တယ်။

.............................................................................
လူငယ်တွေ လုပ်လေ့လုပ်ထရှိတယ်ဆိုပေမယ့် ကျွန်မတော့ ဒီအရာကို မကြိုက်ဘူး။
....................................................................................
ဘဘလည်း မိဘတွေရဲ့ခံစားချက်ကို လုံးဝနားလည်ပါတယ်။ သားသမီးတွေဟာ တခါတလေ လူကြီးတွေ မကြိုက်တဲ့အရာတွေကို ပြုလုပ်တာမျိုး (သို့မဟုတ်) စမ်းလုပ်ကြည့်တာမျိုးတွေပြုလုပ်တတ်ပါတယ်။ သား၊ သမီးတွေအပေါ် လူကြီးတွေရဲ့ တစ်ခုတည်းသောလွှမ်းမိုးမှုတွေဟာ သူတို့ကို ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ခဲ့ပုံနဲ့ မိဘနဲ့သားသမီးကြားရှိ ဆက်ဆံရေးတွေသာဖြစ်တယ်။ ဒါကြောင့် မိဘတွေနဲ့ ကလေးတွေအကြားမှာ စိတ်ဆိုးမှုတွေဖြစ်မယ်ဆိုရင် ကလေးတွေအနေနဲ့ လူကြီးတွေမကြိုက်တဲ့အရာတစ်ခုခုကို လုပ်ကြည့်တတ်လာကြပါတယ်။ အကယ်လို့ သူတို့အနေနဲ့ လွတ်လပ်မှုမရှိသလိုခံစားရတာမျိုးနဲ့ သူတို့ရဲ့အပြုအမူတွေဟာ မိဘတွေလိုချင်တဲ့အတိုင်းအရမ်းကို ပြုလုပ်နေရပြီဆိုရင် နောက်ပိုင်း ပုန်ကန်မှုတွေဖြစ်လာနိုင်ပါတယ်။

................................................................................
ဆေးလိပ်သောက်တာလည်း အန္တရာယ်များတယ် မဟုတ်လား?
...............................................................................
ဆေးလိပ်ကို အချိန်ကာလတစ်ခုအထိကို သောက်သုံးနေမယ်ဆိုရင် ကျန်းမာရေးကိုဆိုးကျိုးများစွာြဖစ်စေပါတယ်။ ပထမဦးဆုံးအနေနဲ့ ရှင်းပြချင်တာက ဆေးလိပ်ထဲမှာပါတဲ့ ni****ne (နီကိုတင်း) ဟာ အလွန်စွဲလမ်းမှုကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ မကြာခဏ ဆေးလိပ်ကို ပုံမှန်သောက်သုံးပါက နောက်ပိုင်းမှာ ဆေးလိပ်ဖြတ်ဖို့ရန် အလွန်ခက်ခဲနိုင်ပါတယ်။ ထို့နောက် အချိန်ကြာလာသည်နှင့်အမျှ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောဂါတွေကြောင့် ခန္ဓာကိုယ်ကို မိမိလိုသလို အသုံးမပြုနိုင်၊ ခြေထောက်ရှိ သွေးကြောတွေမှာလည်း ပြဿနာတွေဖြစ်ပေါ်လာနိုင်ပြီး အခြားပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေရရှိနိုင်ပါတယ်။

................................................................................
သမီးရဲ့ ဆံပင်နဲ့ အဝတ်အစားတွေက ဆေးလိပ်နံ့တွေကို မကြိုက်ဘူး။
...............................................................................
ဆေးလိပ်သောက်တဲ့ မိန်းကလေးကို နမ်းခြင်းဟာဆိုရင် ကတ္တရာကို လျှာနဲ့လျက်နေတာနဲ့အတူတူပါဘဲ။ ဆေးလိပ်သောက်ခြင်းဟာ သူမရဲ့ အနံနဲ့ အရသာခံစားမှုတွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒါကြောင့် အစားအသာက်တွေဟာ ဆေးလိပ်သောက်သူတွေအတွက် အရသာမရှိပါဘူး။ တကယ်လို့ သင့်အနေနဲ့ ကားဟောင်းတစ်စီးကို ဝယ်ရင် အရင်ကားပိုင်ရှင် ဆေးလိပ်မသောက်ကြောင်း သေချာနေပါစေ။ အိမ်က လိုက်ကာ ခန်းဆီးတွေနဲ့ ကော်ဇော်တွေမှာ ဆေးလိပ်နံ့တွေစွဲနေရင် ဖယ်ရှားဖို့ရန် အလွန်ခက်ခဲသလိုဘဲ ကားထိုင်ခုံကူရှင်တွေက အနံ့တွေကို ဖယ်ရှားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

............................................................................
သမီး ဆေးလိပ် ဆက်မသောက်အောင် ဘယ်လိုလုပ်သင့်ပါသလဲ?
..............................................................................
သမီးလေးကို စကားစပြောတာအကောင်းဆုံးနည်းလမ်းဖြစ်တယ်။ ဒီနေရာမှာ သင့်အနေနဲ့ အရမ်းလောတာမျိုးမပြုလုပ်မိဖို့နဲ့ ကလေးကို ဆူနေတဲ့ပုံစံမျိုးမဖြစ်ဖို့ လိုအပ်ပါတယ်။ သမီးလေးအနေနဲ့ ဆေးလိပ်သောက်ခြင်းရဲ့ နောက်ဆက်တွဲ အန္တရာယ်ကို အပြည့်အဝနားလည် နေသေးမည်မဟုတ်ပါ။ ဒါကြောင့် ထိုအန္တရာယ်တွေကို သမီးလေး သိရှိအောင် ရှင်းပြပေးဖို့ဟာ သင့်တာဝန်သာဖြစ်ပြီး သမီးလေးအနေနဲ့ ထိုအကြောင်းအရာများကို စဥ်းစားပြီး သမီးကိုယ်တိုင်ကဘဲ ဆေးလိပ်ကို ဆက်ပြီး သောက်မလား၊ မသောက်ဘူးလားဆိုတာကို ဆုံးဖြတ်ရမှာဖြစ်တဘ်။ ဒါကြောင့် သင့်အနေနဲ့ အကြောင်းအရာတွေကို အရင်ဆုံး သိရှိလက်ခံထားသင့်ပါတယ်။

..........................................................................
သမီးလေးကို အိမ်မှာဘဲနေစေပြီး သူငယ်ချင်းတွေနဲ့ တွေ့ခွင့်မပေးတော့ရင်ရော?
...................................................................................
သင်လုပ်ချင်ရင် လုပ်လို့ရပါတယ်။ ဒါပေမယ့် သင်လိုချင်တဲ့ ရလဒ်ကို ရမှာမဟုတ်ပါဘူး။ ယေဘုယျအားဖြင့် အခုလို မိမိရဲ့ ဘဝအတွက်ကိုယ်တိုင်ဆုံးဖြတ်ချက်ချရမဲ့ (ဥပမာ ဆေးလိပ်ဆက်သောက်မလား၊ မသောက်တော့ဘူးလား) ဆိုတဲ့ကိစ္စရပ်မျိုးတွေကို သားသမီးနဲ့ မိဘအကြား ဂရုစိုက်မှု၊ သတင်းအချက်အလက်ပေးမှု အစရှိတဲ့ ဆက်ဆံရေးပုံစံမျိုးတွေနဲ့ ပြုလုပ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ တကယ်လို့ ထိုအရာဟာ ရန်ပွဲအနေနဲ့ဖြစ်လာပါက သင်ရှုံးသွားနိုင်ပါတယ်။ သင်သိတဲ့အတိုင်း မလုပ်နဲ့၊ မစားနဲ့ဆိုတဲ့ အသီးတွေကို ပိုစားချင်ကြတယ်လေ။

.................................................................................
ကျွန်မကလေးကိုတောင် အကာအကွယ်တွေမပေးနိုင်ဘူးဆိုတဲ့ ဒီခံစားချက်မျိုးကို မကြိုက်ဘူး။
..................................................................................
သေချာတာပါ့။ ဒီခံစားချက်ဟာ အရမ်းကို မခံစားနိုင်ဖြစ်စေပါတယ်။ ကလေးတွေ ဆယ်ကျော်သက်အရွယ်ဖြစ်လာတဲ့အချိန် သင့်အနေနဲ့ အကောင်းဆုံးကူညီပေးနိုင်တာတွေက သူတို့တွေ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်တတ်ဖို့၊ တန်ဖိုးထားတတ်နိုင်ဖို့နဲ့ ကိုယ်တိုင် ကာကွယ်ချင်တဲ့စိတ်တွေရှိအောင်ဖြစ်တယ်။ ကလေးနဲ့ သင့်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေခြင်းကြောင့် သူတို့အနေနဲ့ သင့်ကို စိတ်ချမ်းသာအောင် ထားချင်တဲ့အချက်ကတော့ သင် ကလေးအပေါ် အကောင်းမွန်ဆုံးလွှမ်းမိုးခြင်းဘဲဖြစ်ပါတယ်။

...............................................................................
ဆေးလိပ်တွေရဲ့ ကုန်ကျစရိတ်တွေအကြောင်းရောရှင်းပြပေးပါ။
...................................................................................
ဆေးလိပ်သောက်လေ့ရှိတဲ့ အလေ့အထကတော့ ကုန်ကျစရိတ်များပါတယ်။ ဒါပေမယ့် ကလေးတွေ ဆေးလိပ်မသောက်တော့အောင် သူတို့ရဲ့ အသုံးစရိတ်တွေ လျော့ပေးတာမျိုးဟာ အကျိုးရှိလေ့ မရှိပါဘူး။ သင်မပြုလုပ်စေလိုတာကြောင့် သူတို့မှာ ဒေါသထွက်လာနိုင်ပြီး ဆေးလိပ်သောက်လိုခြင်းကြောင့် ပြန်အာခံလာတာမျိုးတွေပြုလုပ်တတ်ပါတယ်။
ဒီနေရာ ဘဘ ထပ်ပြီး ဖြည့်စွက်ရှင်းပြချင်တာက မိဘက ဆေးလိပ်သောက်ရင် ကလေးလည်း သောက်လာပါလိမ့်မယ်။ မိဘတစ်ယောက်အနေနဲ့ “ငါပြောသလိုလုပ်၊ ငါလုပ်သလို လိုက်မလုပ်နဲ့” လို့ပြောဆိုနေခြင်းဟာ အကျိုးမရှိပါဘူး။ Actions speak louder than words (အပြုအမူတွေက ပြောဆိုနေတာထက် ထိရောက်တယ်) အထူးသဖြင့် လူငယ်တွေမှာပေါ့။

....................................................................................
ကျွန်မ ကလေးကို ကာကွယ်ဖို့ အစွမ်းအစ မရှိနေတာကို အရမ်းမုန်းတယ်။
..................................................................................
ဟုတ်ပါတယ်။ ဒီလိုခံစားချက်မျိုးဟာ အလွန်ခံစားရခက်စေပါတယ်။ သို့ပေမယ့် သင့်အနေနဲ့ ကလေးတွေ ဆယ်ကျော်သက်ရောက်လာချိန်မှာ အကောင်းဆုံး ကူညီပေးနိုင်တာတွေရှိပါတယ်။ မိမိကိုယ်ကို ကာကွယ်တတ်အောင်၊ တန်ဖိုးထားတတ်အောင်နဲ့ ကာကွယ်လိုချင်စိတ်ရှိအောင် ကူညီပေးနိုင်ပါတယ်။ ကလေးနဲ့ သင့်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိနေလို့ ကလေးတွေဟာ သင့်ကို စိတ်ချမ်းသာအောင်ထားချင်တာမျိုးဆိုရင်တော့ သင် ကလေးအပေါ် အစိုးမိုးနိုင်ဆုံးပင်ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သင့်အနေနဲ့ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အန္တရာယ်တွေကို သိပ္ပံနည်းကျပြီး မှန်ကန်သော သတင်းအချက်အလက်အစရှိတာတွေကို ရှင်းပြပေးသင့်ပါတယ်။

Caring For Our Children
Issue #35
8 February 2021
Image source - IASLC

ဝေမျှသူ - ကြီးကြီးခင် နှင့် ဘဘသက်

27/01/2021

ကလေး နဲ့ ကျောင်းပညာရေး

Caring For Our Children


ဝေမျှသူ - ကြီးကြီးခင် နှင့် ဘဘသက်

ကလေးများ၏ သင်ယူတတ်မြောက်နိုင်စွမ်းနှင့် ကျောင်းပညာရေး အတွဲ (၂)

ကလေးတွေကျောင်းတက်ဖို့ ဘာကြောင့် ဒီလောက်အရေးကြီးတာလဲ? မိသားစုကို အထောက်အပံ့ ဖြစ်အောင် သားကိုလယ်ထဲမှာ အတူတူ အလုပ်စလုပ်စေချင်ပြီ။
မေးခွန်းကိုကြည့်ခြင်းဖြင့် မိဘတွေက လယ်သမားတွေဖြစ်မယ်နော်။ သားလေး ငယ်ငယ်နဲ့ကျောင်းထွက်ပြီး လယ်ကွင်းမှာ အလုပ်လုပ်စေခြင်းဟာ မိဘနှင့် သားနှစ်ဦးစလုံးအတွက် အဖော်ရပြီး စီးပွားရေးအရရော အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် သားလေးကျောင်းတက်ခြင်းဖြင့် သူ့အတွက် မတူထူးခြားတဲ့အရာများ ရရှိနိုင်ပါတယ်။
ပညာရေးဟာ သားလေးကို နောက်ပိုင်းမှာ သူ့ကိုယ်သူပိုပြီး အောင်မြင်ပြီးမြောက်တဲ့သူလို့ခံစားရစေပြီး အလုပ်အကိုင်များစွာကိုလည်း ရွေးချယ်နိုင်အောင် ကူညီပေးနိုင်ခြင်းကြောင့် ပိုက်ဆံလည်း ပိုရှာနိုင်ပါတယ်။ လယ်ယာစိုက်ပျိုးရေးဟာ တန်ဖိုးရှိပြီး လေးစားထိုက်ကာ မရှိမဖြစ်လိုအပ်သော အလုပ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လယ်သမားတွေမရှိရင် စားစရာတွေလည်းရှိမှာမဟုတ်တဲ့အတွက် အားလုံးသေဆုံးနိုင်လို့ပါ။ အကယ်လို့ သားလေးဟာ လယ်သမားဖြစ်ချင်ရင်တောင် ကျောင်းကိုဆက်ပြီးတက်စေခြင်းဖြင့် သူ့ကို ပိုမိုအောင်မြင်သောလယ်သမားဖြစ်လာအောင် အထောက်အကူဖြစ်စေမယ့် စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို လေ့လာသင်ယူနိုင်မှာဖြစ်တယ်။

ဒါနဲ့ပတ်သက်ပြီး သိပ်တော့မသေချာဘူး။ ကလေးရဲ့ ကျောင်းပညာရေးအောင်မြင်ဖို့ ဘာတွေလိုအပ်လဲ?
ကလေးများ ကောင်းမွန်စွာ သင်ယူတတ်မြောက်နိုင်ရန် သူတို့ပြုလုပ်နေသောအရာအပေါ်မှာ စိတ်ဝင်စားပြီး ပျော်ရွှင်နေဖို့ လိုအပ်ပါတယ်။ အိမ်နဲ့ ကျောင်းပတ်ဝန်းကျင်မှာ သူတို့အတွက်လုံခြုံမှုရှိ ရပါမယ်။မိဘ ၊ ဆရာတွေရဲ့ချစ်ခြင်းမေတ္တာ၊ တန်းဖိုးထားမှုရရှိစေရန်လည်း လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကင်းဝေးဖို့ကတော့ အရေးကြီးဆုံးပါ။

“စိတ်ပိုင်းဆိုင်ရာ ပြဿနာများ” ဆိုတာဘာကိုဆိုလိုတာလဲ?
မည့်သည့်အကြောင်းအရာကြောင့်ဘဲဖြစ်ဖြစ် ကလေးဟာ ပျော်ရွှင်ခြင်းမရှိနေလျှင် ပညာသင်ယူရာမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။ ကလေးတစ်ယောက်ဟာ သူ့ရဲ့ မိဘ၊ မွေးချင်း တစ်ဦးဦး ဆုံးရှုံးခဲ့ရင် အရမ်းဝမ်းနည်းပြီး စိတ်ဓာတ်ကျနိုင်ပါတယ်။ ထိုကဲ့သို့ စိတ်ဓာတ်ကျလျှင် ကောင်းမွန်စွာ အာရုံစူးစိုက်နိုင်စွမ်း မရှိတော့ဘဲ ကျောင်းပညာသင်ယူလေ့လာရာမှာလည်း စိတ်ပါဝင်စားနိုင်တော့မည် မဟုတ်ပါဘူး။ အိမ်တွင် မိဘများအနေဖြင့် ကလေးရှေ့မှာ ရန်ဖြစ်ခြင်း၊ ရိုက်နှက်ခြင်းများရှိပါက ကလေး၏ စိတ်ထဲတွင် ဘေးကင်းလုံခြုံမှုမရှိဘဲ စိုးရိမ်ပူပန်မှုများ အမြဲ ပြည့်နှက်နိုင်ပါတယ်။ ထို့အပြင် ကလေးဟာ သူကိုယ်တိုင် ရိုက်ခြင်းခံရပါက ကြောက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ခံစားရနိုင်ပါတယ်။ ဒီအရာတွေဟာ ကလေးရဲ့ ကျောင်းပညာရေးကို အနှောင့်အယှက် အတားအဆီးဖြစ်နိုင်ပါတယ်။

သင်ယူလေ့လာရေးမှာ အနှောက်အယှက်ဖြစ်စေတဲ့ တခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိသေးလား?
တချို့ကလေးတွေဆီမှာတော့ စိုးရိမ်ပူပန်တတ်သော စိတ်များရှိနေတတ်ပါတယ်။ အထူးသဖြင့် သူတို့နှင့် ရင်းနှီးမှု မရှိသော အခြေအနေများတွင် သူတို့ဟာ ပိုပြီးစိုးရိမ်စိတ်များတတ်ပါတယ်။ “စာကောင်းကောင်းကြိုးစားနော်” ဆိုတဲ့ မိဘများရဲ့ အားပေးမှုဟာ တချို့ကလေးများအတွက် တွန်းအားဖြစ်ပေမယ့် တချို့ကလေးတွေ အတွက်ကျတော့ စိတ်ဖိစီးမှု ဖြစ်သွားနိုင်ပါတယ်။ စိတ်ဖိစီးမှု ဖြစ်လာရင် ကျောင်းစာကို ပျော်ရွှင်စွာ သင်ယူနိုင်မှာ မဟုတ်ဘဲ စိုးရိမ်စိတ်တွေ ရှိလာနိုင်ပါတယ်။
လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ကလေးတွေမှာလည်း အလားတူ စိုးရိမ်စိတ်များရှိနေတတ်ပါတယ်။ ဆက်လက်စော်ကားခံရအုံးမှာလား၊ ဒီထက်ပိုပြီး စော်ကားခံရမှာလားဆိုပြီး တစ်ခြားဘာကိုမှ မစဥ်းစားနိုင်တော့ဘဲ အမြဲ စိုးရိမ် ကြောက်ရွံ့နေတတ်ပါတယ်။

ဒီအရာတွေ အိမ်မှာ မဖြစ်နေတာတော့ သေချာတယ်။
မိဘတွေကွာရှင်းတာ သို့မဟုတ် ကွာရှင်းဖို့လုပ်နေတာမျိုးဆိုရင် ကလေးတွေဟာ သူတို့အနာဂတ်၊ မိသားစု အနာဂတ်အတွက် စိုးရိမ်ပူပန်တတ်ပါတယ်။ တကယ်လို့ ကွာရှင်းပြီဆိုရင် မိဘတစ်ယောက်ကတော့ အိမ်က ထွက်သွားရမှာဖြစ်ပြီး ကလေးနဲ့ အရင်လို မတွေ့နိုင်တော့ပါဘူး။ တခြားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မိဘတွေဆိုရင်လည်း ကလေးနဲ့ အမြဲတွေ့ဖို့ခက်ခဲပါတယ်။ အိမ်မှာ ကလေးနဲ့အတူမရှိပေးနိုင်တဲ့ မိဘတွေထဲမှာ အစိုးရဝန်ထမ်းများလည်း ပါဝင်ပါတယ်။ ဥပမာ စစ်သားတို့ ဆရာဝန်တို့။ တခါတရံ မိဘ ၂ ယောက်လုံးက အလုပ်လုပ်တဲ့သူတွေဖြစ်ရင် တယောက်က အလုပ်ပြောင်းရွှေ့ပြီး တယောက်က မပြောင်းဘဲ ကျန်ခဲ့တတ်တာမျိုး ဖြစ်လေ့ရှိပါတယ်။
မိဘက မကြာခဏ အလုပ်ပြောင်းရွှေ့ရလျှင် ကလေးကလည်း ကျောင်းကို မကြခဏပြောင်းရွှေ့ရတတ်ပါတယ်။ ဒီလို ပြောင်းရတာဟာ ကလေးတွေအတွက် အခက်အခဲ ဖြစ်စေပါတယ်။. ကလေးတွေဟာ တနေရာမှာ မိတ်ဆွေတွေရပြီး အခြေကျခါစမှာဘဲ နောက်တနေရာကို ထပ်ပြောင်းရတဲ့အတွက် မိတ်ဆွေအသစ်တွေ ထပ်ရှာရပြန်ပါတယ်။

ဘဘရှင်းပြတော့မှ သတိထားမိတယ်။ မြန်မာနိုင်ငံမှာက မိသားစုတွေ အတူမရှိနိုင်တာကို အတွေ့များတယ်။
ဟုတ်ပါတယ်။ ဒီလိုအခြေအနေကို မိသားစုတော်တော်များများကြုံတွေ့နေရပြီး ရှောင်လွဲလို့မရကြပါဘူး။ ဒီအရာတွေဟာ ကလေးရဲ့ ကျောင်းပညာရေးကောင်းမွန်ဖို့ရန် အနှောင့်အယှက် အတားအဆီးဖြစ်စေပါတယ်။ မိဘများသိထားရမှာက သည်ကလေးတွေရဲ့အခြေအနေတွေဟာ တခြားအထီးကျန်စိတ်ဝေဒနာခံစားနေရတဲ့ကလေး၊ ဥာဏ်ရည်မသန်စွမ်းတဲ့ကလေး၊ စိတ်ကစဥ့်ကလျားဖြစ်တတ်တဲ့ကလေးဟာ အာရုံစူးစိုက်မှုနည်းပြီး မငြိမ်တဲ့ကလေးတွေရဲ့အခြေအနေခြင်းနဲ့မတူပါဘူး။

မိဘတစ်ဦးအနေနဲ့ မိသားစုတွေ ခွဲခွာနေရတဲ့အချိန်မျိုးနဲ့ မိဘတွေ စကားများ ရန်ဖြစ်တဲ့အချိန်မျိုးမှာ ကလေးကို ဘာလုပ်ပေးနိုင်သလဲ?
ကလေးတွေအနေဖြင့် အာရုံစူးစိုက်နိုင်ပြီး ကောင်းမွန်စွာ ပညာသင်ယူနိုင်ဖို့ရန်အတွက် ကြောက်ရွံ့မှု၊ ဒေါသစိတ်၊ စိုးရိမ်မှု၊ ဝမ်းနည်းမှုနဲ့ အခြားစိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ မရှိဖို့ လိုအပ်ပါတယ်။ အေးဆေးတည်ငြိမ်ပြီး စိတ်ဝင်တစားရှိတဲ့ မိဘများ၊ အဒေါ်များ၊ အဖိုး၊ အဖွား များဟာ ကလေးကို အခက်အခဲတွေကနေ ကျော်လွှားနိုင်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ ကျောင်းမကြာခဏ ပြောင်းရလို့ စိတ်ညစ်နေတဲ့ ကလေးတွေကို ကူညီပေးနိုင်သလို ကျောင်းပညာရေးမှာ ပြန်ပြီး အာရုံစိုက်လာနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။
အဘိုးအဘွားများ၊ အဒေါ်များနှင့် ဦးလေးများအားလုံးနီးနီးကပ်ကပ်ရှိပြီးတစ်အိမ်တည်းမှာဘဲအတူနေထိုင်ကြတဲ့ မိသားစုတွေမှာဆို မိဘတွေက အပြင်မှာ ရုန်းကန်နေရချိန် (သို့မဟုတ်) ကလေးနဲ့ကွဲပြီးနေရတဲ့အချိန်မျိုးတွေမှာ ကလေးကို ကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ပြီး တည်တည်ငြိမ်ငြိမ်ရှိအောင် ကူညီပေးနိုင်ပါတယ်။

ဘဘအနေဖြင့် သားလေးရဲ့ သင်ယူမှုနဲ့ ပတ်သက်ပြီး အကြံပေးချင်တာများရှိသလား?
အရေးကြီးသောအချက်မှာ ကလေးတွေက နေမကောင်းဖြစ်တဲ့အချိန်၊ ခြေလက်ကျိုးနေတဲ့အချိန်တွေမှာ စိတ်အနှောက်အယှက်ဖြစ်တတ်ပြီး သူကြိုးစားသလောက် အရာမထင်တတ်ပါဘူး။ ဒီလိုအချိန်မျိုးမှာ မိဘတွေအနေဖြင့် သူတို့ရဲ့နေရာမှာဝင်ပြီး စာနာနားလည်ပေးခြင်းဖြင့် ကလေးတွေကို အခက်အခဲမျိုးစုံကနေ ကျော်လွှားနိုင်အောင် ကူညီပေးနိုင်ပါတယ်။
မိဘတွေ၊ ကလေးပြုစုသူတွေအနေနဲ့ ကလေးကို ကူညီနိုင်ဖို့ သူတို့ယုံကြည်ရတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့လိုအပ်ပါတယ်။ ကလေးတွေက သူတို့ ယုံကြည်စိတ်ချတဲ့သူများကိုသာ သူတို့ရဲ့ စိတ်ပူပန်မှုတွေ စိတ်ခံစားမှုတွေကို ပြောလေ့ရှိကြပါတယ်။ ဒါကြောင့် နားထောင်တဲ့နေရာမှာ သူတို့နေရာက ခံစားနားထောင်ပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ ပြဿနာတော်တော်များများကို သူတို့ကိုယ်တိုင်ဖြေရှင်းနိုင်ကြပါတယ်။

27/01/2021

Caring For Our Children
Issue #33
26 January 2021

ဝေမျှသူ - ကြီးကြီးခင် နှင့် ဘဘသက်
မူးယစ်ဆေး အလွဲသုံးစားမှုအပိုင်း (၂)

မြန်မာနိုင်ငံမှာ အသုံးများတဲ့ မူးယစ်ဆေးတွေရဲ့ အကျိုးသက်ရောက်မှုကို ရှင်းပြပေးပါ။
ဟုတ်ပါပြီ။ ရှင်းပြပေးသွားပါမယ်။ ပထမဦးဆုံးအနေနဲ့ ဆေးခြောက်အကြောင်းကို ရှင်းပြပေးသွားပြီး တခြား မူးယစ်ဆေးဝါးတွေအကြောင်းကို နောက်ပိုင်းစာစောင်တွေမှာ​ ရှင်းပြပေးသွားပါမယ်။
Ma*****na (ခေါ်) ဆေးခြောက် (cannabis, w**d, Mary Jane)
Ma*****na (ခေါ်) ဆေးခြောက်ဟာ ကမ္ဘာအနှံ့မှာ တွေ့ရတဲ့ အပင်ရိုင်းတစ်မျိုးဖြစ်ပါတယ်။ ဒီအပင်တွေကို လူတော်တော်များများ နှစ်ပေါင်းကြာမြင့်စွာအသုံးပြုလာခဲ့ကြတာဖြစ်ပြီး ဘာသာရေး ထုံးတမ်းစဥ်လာတွေမှာတောင် အသုံးပြုခဲ့ကြတာဖြစ်တယ်။ လက်ရှိနိုင်ငံတွေမှာ ရောင်းချနေကြတဲ့ ဆေးခြောက်အမျိုးအစားကတော့ အခြားအပင်ရိုင်းအမျိုးအစားတွေထက် အာနိတင်က ပိုပြင်းပြီး စိုက်ပျိုးမှုနှုန်းလည်း အလွန်များပါတယ်။
ဆေးခြောက်ပင်ရဲ့ အရွက်နဲ့ အဖူးတွေကို များသောအားဖြင့် စီးကရက်ထဲမှာ ထည့်သွင်းကာ ဆေးလိပ်အနေနဲ့ သောက်သုံးကြပါတယ်။ ထို့အပြင် ကွတ်ကီး၊ သကြားလုံးတွေလိုမျိုး “အသင့်စား အစားအသောက်” တွေထဲမှာလည်း ပေါင်းစပ်ထည့်သွင်းကြပါတယ်။ လက်ဖက်ရည်လိုမျိုး အမှုန့်ကြိတ်ကာ သောက်သုံးနိုင်သလို အခြား မျိုချလို့ရတဲ့ စားသောက်ကုန်ပုံစံမျိုးလည်း ထုတ်လုပ်ကြပါတယ်။
ဆေးခြောက်ကို တခြားနိုင်ငံတွေမှာ တရားဝင်သုံးစွဲခွင့်ပြုထားတယ်လို့ ကြားမိတယ်။
ယခင်က မြန်မာနိုင်ငံမှာ တရားဝင်ဖြစ်ခဲ့ပေမယ့် ယခုလက်ရှိမှာတော့ တရားဝင်ခွင့်ပြုထားခြင်းမရှိပါဘူး။ ဒီကိစ္စရပ်ဟာ ယခုအချိန်အထိကို အငြင်းပွားဖွယ် မူဝါဒတစ်ရပ်ဖြစ်နေဆဲဖြစ်တယ်။ သို့ပေမယ့် ကနေဒါနိုင်ငံနဲ့ ဥရုဂွေးနိုင်ငံတွေမှာ ဒီဆေးခြောက်ကြောင့်ဖြစ်လာနိုင်တဲ့ မှောင်ခိုလုပ်ငန်းတွေ၊ ရောင်းချခြင်း၊ ပိုင်ဆိုင်ထားခြင်း၊ အသုံးပြုခြင်းနဲ့ စိုက်ပျိုးခြင်း အစရှိတဲ့ ရာဇဝတ်မှုတွေကို လျော့ချနိုင်ဖို့အတွက် တရားဝင်လုပ်ကိုင်နိုင်ခွင့် ပြုပေးထားပါတယ်။ အမေရိကန်နိုင်ငံမှာ ပြည်ထောင်စုအစိုးရကတော့ တရားဝင်ခွင့်ပြုထားခြင်းမရှိသေးပေမယ့် တစ်ချို့သော ပြည်နယ်တွေမှာတော့ တရားဝင်သုံးစွဲခွင့်ပြုထားပါတယ်။ နယ်သာလန်လိုမျိုးနိုင်ငံမှာဆိုရင် ပထဝီအနေအထားပေါ်မူတည်ပြီး တစ်ချို့နေရာတွေမှာ တရားဝင်အသုံးပြုနိုင်ခွင့်ပြုထားပါတယ်။ တခြားတစ်ဖက်ကို ကြည့်ရမယ်ဆိုရင် အာရှတိုက်ရှိ နိုင်ငံတော်တော်များများမှာတော့ တရားဝင်ခွင့်ပြုထားခြင်း လုံးဝမရှိဘဲ အသုံးပြုပါကလည်း နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းတွေကို ခံရနိုင်ပါတယ်။
ဥပမာ စင်္ကာပူလိုနိုင်ငံမှာဆိုရင် ၁/၂ကီလို (သို့မဟုတ်) ဒီထက်ပိုများတဲ့ ဆေးခြောက်တွေကို ပိုင်ဆိုင်ထားရင် သေဒဏ်ချမှတ်ပါတယ်။ အနည်းငယ်သော ပမာဏကို အသုံးပြုရင် ငွေဒဏ် ဒေါ်လာ ၂၀၀၀၀ (သို့မဟုတ်) ထောင်ဒဏ် ၁၀နှစ် အထိကျခံရနိုင်ပါတယ်။
ဒီဆေးခြောက်တွေကို သုံးတဲ့အခါ လူတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရသလဲ?
ဆေးခြောက်ရဲ့ အကျိုးသက်ရောက်မှုက လူတစ်ယောက်ရဲ့ ခံစားချက်နဲ့ အတွေးတွေကို သတိမဲ့စွာနဲ့ ချုပ်တည်းမှုမရှိအောင် ပြုလုပ်ပေးပါတယ်။ ဒီဆေးခြောက်တွေကို အသုံးပြုသူတွေဟာ များသောအားဖြင့် ၎င်းကို အသုံးမပြုနေတဲ့အချိန်မှာ အမှန်တကယ်ရယ်မောဖွယ်မကောင်းသောအရာများကို ရယ်မောဖွယ်အဖြင့်မြင်တွေ့နေတတ်ပါတယ်။ တချို့လူတွေကို စိတ်ငြိမ်အောင်နဲ့ အထူးသဖြင့် လူတွေကြားရောက်ရင် စိတ်လှုပ်ရှားတတ်တဲ့သူတွေကို ကူညီပေးနိုင်ပါတယ်။ တခါတလေ အလွန်ဆာလောင်မှုကိုဖြစ်စေပါတယ်။
ဆေးခြောက်ရဲ့ ထူးခြားတဲ့အချက်တစ်ခုအနေနဲ့က ကင်ဆာရောဂါကို ဓာတုကုထုံးနဲ့ကုသနေတဲ့ ရောဂါဝေဒနာရှင်တွေ မကြာခဏကြုံတွေရတဲ့ ပြင်းထန်တဲ့ ပျို့အန်ခြင်းကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီပျို့အန်ခြင်းကြောင့် ကင်ဆာဝေဒနာရှင်တွေဟာ အစာကောင်းကောင်းမစားနိုင်ဘဲ ကိုယ်အလေးချိန်တွေကျကာ ရောဂါကို ပြန်လည်တိုက်ခိုက်ဖို့ ခွန်အားလည်းလျော့နည်းသွားတတ်ပါတယ်။ ဒီအချက်ကြောင့် ၎င်းကို ဆေးဘက်ဆိုင်ရာအတွက်ဆိုပြီး နိုင်ငံတော်တော်များများက အသုံးပြုခွင့်ပေးထားပါတယ်။
ဆေးခြောက်သုံးစွဲခြင်းမှာ အဖမ်းခံရခြင်းအပြင် အခြားဘာဆိုးကျိုးတွေရှိသေးလဲ?
လူတစ်ယောက်နဲ့ တစ်ယောက်အပေါ်ကျရောက်တဲ့ ဆေးခြောက်သုံးစွဲခြင်းရဲ့ အကျိုးသက်ရောက်မှုဟာ မတူကြပါဘူး။ တချို့လူတွေဟာ ဆေးခြောက်ကိုသုံးနေချိန်မှာဆို အကြောက်လွန်ရောဂါကို ခံစားရတတ်ပါတယ်။ တချို့ကြတော့ အိပ်မောကျသွားတတ်ပါတယ်။ အရမ်းပြင်းတဲ့ဆေးခြောက်တွေဆိုရင် လူအချို့ကို စိတ်အာရုံချောက်ခြားစေနိုင်ပါတယ်။ အပြင်မှာမရှိသောအရာများကို မြင်တွေ့ ခံစားပြီး အသံတွေကို ကြားနေရတာမျိုးဖြစ်တယ်။ စိတ်ကစဥ့်ကလျားရောဂါလိုမျိုး ပြင်းထန်တဲ့စိတ်ရောဂါဝေဒနာကို ခံစားနေရသူတွေဟာ ဆေးခြောက်ရှူပါက ရောဂါပြန်လည်ကောင်းမွန်လာအောင်ကုသရာမှာ အလွန်အန္တရာယ်ရှိနိုင်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ တချို့လူအနည်းစုအတွက် “gateway drug” လိုဖြစ်သွားနိုင်ပါတယ်။ ဒီဆေးကိုသုံးစွဲခြင်းဖြင့် ဒီထက်ပြင်းပြီး အန္တရာယ်ပိုများတဲ့ဆေးတွေဖြစ်တဲ့ ဘိန်းဖြူလိုမျိုး၊ စိတ်ကြွဆေးတွေလိုမျိုး မူးယစ်ဆေးဝါးတွေကို အသုံးပြုသွားတတ်ပါတယ်။
ကျွန်မသားကို ဆေးခြောက်သုံးတာဖြတ်နိုင်အောင် ဘယ်လိုကူညီပေးနိုင်သလဲ?
ဆေးခြောက်အလွဲသုံးစားမှုနဲ့ အခြားသောမူးယစ်ဆေးအလွဲသုံးစားမှုအတွက် ကုသမှုနည်းလမ်းတွေဟာ တော်ရုံလောက်သာ အကျိုးသက်ရောက်ပါတယ်။
ရှေးဦးစွာ လူငယ်တွေ ဆေးခြောက်သုံးစွဲခြင်းရဲ့ အကြောင်းအရင်းကို လေ့လာဖို့ရန်အရေးကြီးပါတယ်။ ဆေးလိပ်သောက်တဲ့သူငယ်ချင်းတွေနဲ့ အတူအဖွဲ့ကျနေဖို့ဘဲ ဆေးခြောက်ကို လိုက်သုံးနေတာလား? သူတို့ရဲ့အတွင်းစိတ်မှာပြင်းထန်စွာဖြစ်ပေါ်နေတဲ့ မနှစ်မြို့ဖွယ်ကောင်းတဲ့ခံစားချက်တွေကနေ လွတ်မြောက်သွားဖို့ သုံးနေတာလား? ဒါဆို ဘာကြောင့်သူတို့ ဒီလိုခံစားနေရတာလဲ ဆိုတဲ့အကြောင်းအရင်းတွေကို ရှာဖွေပါ။ မိသားစုဝင်တွေကနေ မိသားစုအတွင်းရှိ ဆက်ဆံရေးအခြေအနေတွေကို ပြန်လည်စောင့်ကြည့်ပါ။ အကယ်လို့ မိသားစုအတွင်းမှာ စိတ်ညစ်ဖွယ်ရာများနဲ့ပြည့်နှံ့နေတာမျိုး၊ အိမ်ထောင်မှုဖောက်ပြန်မှု၊ အပြောအဆို (သို့) ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု၊ အိမ်တွင်းအကြမ်းဖက်မှု နဲ့ လူငယ်တွေစိတ်ဆင်းရဲ့တတ်တဲ့အခြားအကြောင်းအရာတွေရှိနေပါက ကျွမ်းကျင်သူတွေထံမှာ အကူအညီရယူပါ။
ယေဘုယျအားဖြင့် လူငယ်တွေနဲ့ မိဘတွေအကြား ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုရင် မူးယစ်ဆေးဝါးသုံးစွဲမှုဟာ အစောပိုင်းမှာ အန္တရာယ်ကင်းနေပေမယ့် နောက်ပိုင်းမှာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာဆိုးကျိုးများစွာပေးနိုင်ကြောင်း ရှင်းပြခြင်းနဲ့ ဆွေးနွေးမှုပြုလုပ်ပေးပါ။ မြန်မာနိုင်ငံမှာလည်း ဆေးခြောက်သုံးစွဲခြင်းဟာ တရားဝင်မဟုတ်နေတဲ့အတွက် နောက်ပိုင်းမှာ အဖမ်းခံရတာမျိုးရှိတာကြောင့် သူတို့ရဲ့ရှေ့ရေးအတွက် များစွာဆိုးကျိုးသက်ရောက်နိုင်ကြောင့် သူတို့အား ရှင်းပြပေးပါ။
There is no drug treatment proven to help a person stop using ma*****na at this time.
ကလေးက အခြားဆေးလိပ်မသောက်တဲ့ သူငယ်ချင်းအုပ်စုအသစ်ကို ရှာဖွေဖို့တော့လိုအပ်ပါတယ်။ မိသားစုတွေအနေနဲ့ မူးယစ်ဆေးဝါးဆိုင်ရာကုသအကြံပေးနိုင်သူ၊ မူးယစ်ဆေးဝါးအလွဲသုံးခြင်းကုသမှုအစီအစဥ် နဲ့ မူးယစ်ဆေးဝါးအလွဲသုံးမှုဆိုင်ရာရောဂါများကိုကုသရာတွင်အတွေ့အကြုံရှိတဲ့ စိတ်ရောဂါအထူးကုဆရာဝန်အချို့အားရှာဖွေရန်အရေးကြီးပါတယ်။ လူနှစ်ဦးစကားပြောပြီးကုသပေးတဲ့ ကုထုံးပညာရှင်တွေပြုလုပ်တဲ့ Motivational Interviewing (စိတ်ခွန်အားနိုးကြားစေတဲ့ အင်တာဗျူး) နဲ့ Cognitive Behavioral Therapy တွေဟာအလွန်ထိရောက်ကြောင်းတွေ့ရပါတယ်။
ယခုအချိန်အထိတော့ ဆေးခြောက်သုံးစွဲခြင်းကို ရပ်တန့်သွားအောင်ကုသပေးနိုင်တဲ့ ဆေးဝါးကုသမှုတော့ မရှိသေးပါဘူး။

27/01/2021

Caring For Our Children
Issue #32
18 January 2021
ဝေမျှသူ - ကြီးကြီးခင် နှင့် ဘဘသက်
မူးယစ်ဆေး အလွဲသုံးစားမှုအပိုင်း (၁)

၁၆နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကျွန်မသားက သူငယ်ချင်းတွေနဲ့ ကျောင်းဆင်းပြီဆိုရင် ဆေးခြောက်တွေသောက်နေတယ်ထင်တယ်။ အဲ့ဒါကျွန်မ ဘာလုပ်သင့်ပါသလဲ?
နိုင်ငံအားလုံးမှာရှိတဲ့ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေအကြားမှာ မူးယစ်ဆေး အလွဲသုံးစားမှုဟာဖြစ်လေ့ရှိပါတယ်။ တွေ့ရအများဆုံးနဲ့ လွယ်ကူစွာရရှိနိုင်တဲ့ မူးယစ်ဆေးကတော့ အရက်ဘဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆေးခြောက်တွေကိုအသုံးပြုလာကြပြီး နောက်ဆုံးမှာတော့ ဆေးလိပ်ပုံစံနဲ့လာတဲ့ ဆေးရွက်ကြီးတွေကိုသောက်သုံးတတ်လာကြပါတယ်။
ဒီလို မူးယစ်ဆေးတွေကို ကြာရှည်စွာအလွဲသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက သိသာထင်ရှားပြီး ကျန်းမာရေးကို အဓိက ထိခိုက်စေနိုင်ကြောင်းကို လူ့ဘောင်အဖွဲ့အစည်းတိုင်းမှာ တွေ့ရပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေက ဆင်းရဲနွမ်းပါးသွားခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံခြင်း၊ မိသားစုပြိုကွဲခြင်းနဲ့ ကျန်းမာရေးမကောင်းခြင်းတို့ဖြစ်ပါတယ်။
အခု ကျွန်မပိုတောင် စိတ်ပူသွားပြီ။
အရက် နဲ့ ဆေးခြောက်တွေကို စမ်းသုံးခြင်းဟာ အလွဲသုံးစားမှုပြုခြင်း၊ စွဲလမ်းသွားခြင်းတို့နဲ့ ကွဲပြားပါတယ်။ ဆယ်ကျော်သက်တော်တော်များများဟာ များသောအားဖြင့် အရက် ကိုစတင်စမ်းသပ်တတ်ကြပါတယ်။ တချို့ လူငယ်အနည်းကျဥ်းတော့ ဆေးခြောက်ကို စမ်းသုံးတတ်ကြပါတယ်။ စီးကရက်သောက်ခြင်းကတော့ အဖြစ်များပါတယ်။ ထိုအရာတွေကို အနည်းငယ် (သို့မဟုတ်) လူငယ် တော်တော်များများက ပုံမှန်သုံးစွဲတတ်ကြပါတယ်။ နောက်ပိုင်းမှာ amphetamines (ဗဟိုအာရုံကြောမအဖွဲ့အစည်းကို လှုံ့ဆော်ပေးတဲ့နေရာမှာအားကောင်းတဲ့ စိတ်ကြွရူးသွပ်ဆေးပြား၊ crystal meth)နဲ့ ဘိန်းဖြူတို့ကိုပါ အသုံးပြုလာတတ်သလို ဆေးညွှန်းဖြင့်သာဝယ်ယူလို့ရတဲ့ (benzodiazepines, အကိုက်အခဲပျောက်ဆေး) တွေကိုလည်း မကြာခဏ မိဘတွေရဲ့ ဆေးဗီရိုတွေထဲကနေ ခိုးယူအသုံးပြုတတ်နိုင်ပါတယ်။

ဘာကြောင့် ဒီလိုဆေးတွေကို အသုံးပြုကြတာလဲ? အဓိကအချက်က ဘာဖြစ်မလဲ?
လူတွေရဲ့ ခံစားမှု၊ အတွေးနဲ့ အပြုအမူတို့ကို ပြောင်းလဲသွားစေနိုင်တဲ့ ဆေးဝါးတွေကို psychoactive drugs (စိတ်ပိုင်းဆိုင်ရာဆေးဝါးများ) လို့လူသိများပါတယ်။ ဒီဆေးတွေဟာ လူတွေရဲ့ခံစားချက် (သို့မဟုတ်) စိတ်ရောဂါအပေါ်မှာ ဆေးထိရောက်မှုရှိခြင်းကြောင့်ဖြစ်ပါတယ်။ လူတွေဟာ သူတို့ရဲ့ခံစားချက်တွေကို ပြောင်းလဲဖို့ ဒီဆေးတွေကို အသုံးပြုကြပါတယ်။ တချို့လူငယ်တွေ အရက် နဲ့ ဆေးခြောက်တွေကို အသုံးပြုခြင်းဟာ အုပ်စုတစ်ခုအတွင်းမှာ ဝင်ဆံ့ချင်လို့ (သို့မဟုတ်) သူငယ်ချင်းတွေလုပ်သလို လိုက်လုပ်တတ်ကြပါတယ်။ တချို့ကြတော့ သူတို့ရဲ့ အခက်အခဲများ၊ နာကျင်လှသော ခံစားချက်များ၊ အတွေးများ၊ အမှတ်တရများမှ ရုံးထွက်ဖို့ရန်အတွက်အသုံးပြကြပါတယ်။ ထိုအရာများက လူရဲ့ခံစားမှုတွေကို နေလို့ပိုကောင်းအောင် ပြုလုပ်ပေးနိုင်ခြင်းကြောင့် ဖြစ်တယ်။
ထိုအရာတွေက လူရဲ့ခံစားမှုတွေကို နေလို့ပိုကောင်းသွားအောင် ကူညီပေးနိုင်တာလား?
ထိုအရာတွေဟာ လူ့ရဲ့ခံစားမှုကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ပြောရမယ်ဆိုရင် လူတွေရဲ့ အတွင်းထဲမှာ ပြင်းထန်စွာဖြစ်ပေါ်နေသော စိတ်ဖိစီးမှု၊ အပြစ်ရှိသလိုခံစားနေရမှု၊ ဒေါသထွက်မှု၊ အရှက်ခွဲမှု၊ လုံခြုံမှုမရှိသလို ခံစားနေရမှုနဲ့ အခြားသော သာယာဖွယ်မကောင်းသော စိတ်ခံစားမှုများကို သက်သာစေနိုင်ပါတယ်။ သို့ပေမယ့် ထိုအရာတွေကို အချိန်အတိုင်းအတာတစ်ခုထက် ကျော်လွန်ပြီး ပုံမှန်အသုံးပြုပါက ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ထိခိုက်လာစေနိုင်ပါတယ်။
သူငယ်ချင်းတွေနဲ့အတူ တခါတလေ ဘီယာတစ်ခွက်၊ နှစ်ခွက်သောက်ခြင်းဟာ စိတ်ကိုအပန်းဖြေစေနိုင်ပါတယ်။ သို့ပေမယ့် အရက်ကို အလွန်အကျွံသောက်သုံးခြင်းကတော့ အချိန်ကြာလာတာနဲ့အမျှ အသဲ၊ ဦးနှောက်၊ အာရုံကြော၊ အစာအိမ်နဲ့ ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေကိုပါ ပျက်စီးစေနိုင်ပါတယ်။ ထိုရောဂါများကို ကုသဖို့ရန်မှာ ငွေကုန်ကျများပါတယ်။ ကုန်သွားသောငွေတွေဟာ မိသားစုရဲ့လိုအပ်ချက်တွေအတွက် အကျိုးရှိရှိ အသုံးချသွားနိုင်ပါတယ်။ အလွန်အကျွံသောက်သုံးသူတွေဟာ လုပ်ငန်းခွင်မှာရော ကောင်းမွန်စွာ မလုပ်ဆောင်နိုင်တော့ဘဲ နောက်ပိုင်း အလုပ်ကိုပါ စွန့်လွှန့်လိုက်ရတတ်ပါတတ်။ ကောင်းမွန်စွာ မတွေးခေါ် နိုင်၊ မဆုံးဖြတ်လာနိုင်ခြင်းကြောင့် ခိုက်ရန်ဖြစ်ပွားခြင်းများနဲ့ ယာဥ်တိုက်ခံရမှုများလည်း ဖြစ်လာနိုင်ပါတယ်။ ကလေးတွေအပေါ်မှာလည်း မိဘကောင်းများအနေဖြင့် မနေပေးနိုင်တော့ပါဘူး။ ကိုယ်ဝန်ဆောင်နေစဥ်အတွင်း အရက်သောက်သုံးပါက ဥာဏ်ရည်မမှီသောကလေးကို မွေးဖွားနိုင်ခြေပိုများပါတယ်။
ဒါကြောင့် လူရဲ့ခံစားမှုကို သက်သာစေနိုင်တယ်ဆိုတာ မဟုတ်ပါ။ သူငယ်ချင်းတွေနဲ့အဆင်ပြေအောင် (သို့) ခံစားမှုတွေကို ပြောင်းလဲဖို့ အချိန်တိုအတွင်း ခဏသာ သက်သာသွားစေနိုင်ရုံသာဖြစ်ပါတယ်။

ဆေးခြောက်နဲ့ပတ်သက်ပြီး နည်းနည်းထပ်ရှင်းပြပေးပါ။ သူ့ရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ကျွန်မသား အသုံးပြုနေတာကနေ ရပ်တန့်သွားအောင် ဘယ်လိုကူညီပေးနိုင်ကြောင်း ရှင်းပြပေးပါ။
အသုံးများတဲ့ အမျိုးမျိုးသောမူးယစ်ဆေးဝါးတွေအကြောင်းကို နောက်အပတ်စာစောင်မှာ အသေးစိတ်ရှင်းပြပေးသွားပါမယ်။
ဘဘရှင်းပြခဲ့သလိုဘဲ မူးယစ်ဆေးအလွဲသုံးစားမှုဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကြီးမားသော ပြဿနာတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ လုပ်ငန်းခွင် ဆုံးရှုံးခြင်း၊ ကောင်းမွန်စွာမလုပ်ဆောင်နိုင်ခြင်း၊ ကလေးနဲ့ မိသားစု ပြိုကွဲခြင်း၊ ရာဇဝတ်မှုများစွာဖြစ်စေပါတယ်။ ဒီအခြေအနေတွေဟာ နာကျင်သောစိတ်ခံစားမှု၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ စီးပွားရေးဆိုင်ရာ ခက်ခဲမှုများ အစရှိတဲ့ စိတ်ခံစားမှုတွေကို ဖြစ်ပေါ်စေပါတယ်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

University Of Medicine 1, Myoma Kyaung Street, Lanmadaw Township
Yangon

Opening Hours

Monday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00