23/08/2025
ူတိုင်းဘ၀မှာတစ်ခါတော့တက်သင့်တဲ့_DISC_Training
Q. 𝐃 𝐈 𝐒 𝐂 ဆိုတာဘာလဲ ❓
DISCဆိုတာ ကိုယ်ရည်ကိုယ်သွေးနဲ့အမူအကျင့်တွေကို ခွဲခြားသတ်မှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အများနားလည်နိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
☝️တစ်နည်းအားဖြင့်
𝐃 𝐈 𝐒 𝐂 ဆိုတာ မိမိနဲ့ အခြားသူများရဲ့မွေးရာပါ မတူညီသည့်စိတ်နေသဘောထား (၄) မျိုး နဲ့ အမူအကျင့် တွေကိုလေ့လာတဲ့ ပညာရပ် ဖြစ်ပါတယ်။
𝐃 𝐈 𝐒 𝐂 ကို နှစ်ပေါင်း ၉၀ ကျော် အသုံးပြုခဲ့တဲ့ အပြုအမူဆိုင်ရာ သီအိုရီ (Behavioral Theory) တွေအပေါ်မှာ အခြေခံထားတာပဲ ဖြစ်ပါတယ်။
အဆိုပါပညာရပ် ရဲ့ အားသာချက်ကတော့ လေ့လာသင်ယူရ လွယ်တဲ့အပြင် နားလည်လွယ်ပြီး အသုံးပြုရလည်း လွယ်ကူခြင်းပဲ ဖြစ်ပါတယ်။
သင်တန်းတွင် ကိုယ်ရည် ကိုယ်သွေး
𝐃 𝐈 𝐒 𝐂ကို စစ်ဆေးပေးပြီး အကြံပြုချက်များလည်း ပါပါမည် ။
➖➖➖➖➖➖➖➖➖➖➖➖
Q. DISC တက်ပြီးပါက ဘာတွေကောင်းလာမလဲ ❓
⭐ DISC ကိုသင်ယူပြီးပါက ⭐
✅ မိမိရဲ့ စိတ်နေ သဘောထားအားသာချက် ၊ အားနည်းချက်များကို သဘောပေါက် နားလည်လာပြီး မိမိကိုယ်ကို ပြုပြင်ပြောင်းလဲလာနိုင်မည်။
✅အခြားသူများ၏စိတ်နေသဘောထားများကို နားလည်လာကာ တစ်ဦးနှင့်တစ်ဦး နားလည်မှု ပိုမိုရှိလာစေမည်။
✅မိမိပင်ကိုယ်အရည်အသွေးနှင့် မိမိအလုပ်အကိုင်ကိုက်ညီမှုရှိမရှိ သိလာမည်။
👍ပေါင်းသင်း ဆက်ဆံရေးနှင့်၊အသင်းအဖွဲ့အလုပ်လုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေလာမည် ။✔
👍ခေါင်းဆောင်မှု အရည်အသွေး မြင့်မားလာမည်။ ✔
👍စီမံခန့်ခွဲမှုများတွင် လူမှန် နေရာမှန် ခန့်ခွဲတတ်လာမည်။ ✔
👍မိမိကိုယ်ကို အကောင်းမြင်စိတ် /ယုံကြည်စိတ်များတိုးပွားလာမည်။ ✔
Q. လူတိုင်း တက်နိုင်ပါသလား❓
✔ မည်သူမဆို ( ၁၅ နှစ်အထက် ၊ ပညာအရည်အချင်း မကန့်သတ်ထားပါ )ဤသင်တန်းကို တက်ရောက်နိုင်ပါသည်။
DISC ပညာရပ်ကို ၅နှစ်ကျော်အတွင်း အနုပညာရှင် ,လုပ်ငန်းရှင်, ဘာသာရေး ဆရာ၊ ဆရာမများ , လူငယ်၊လူကြီး ၅,၀၀၀ ကျော်ကို မျှဝေခဲ့ပြီးဖြစ်ပါသည်။
➖➖➖➖➖➖➖➖➖➖➖➖➖
Q .သင်ကြားမှု ပုံစံ ❓
👨🏫သင်ကြားမှုပုံစံကတော့နိုင်ငံ
တကာအဆင့်မှီ Trainer များနဲ့
Face To Face တိုက်ရိုက် Zoomဖြင့်
သင်ကြားပေးသွားမှာဖြစ်ပြီး Zoom
Video record လည်းထားပေးမှာ
ဖြစ်ပါတယ် ။
💻 Zoom Online အတန်းတွက်
- Participant hand out 📑
- Certificate 🔖
စသည့်ကြေးများအပါအဝင်မှ
Special Prize အနေဖြင့်တစ်ဦးလျှင်
၃၂,၀၀၀ ကျပ်သာကောက်ခံပါမည်။ 😀
သင်တန်းကာလ - ၂ ပတ်
အပတ်စဉ် - စနေ , တနင်္ဂနွေည
၈လပိုင်း - ( 23 , 24 ) , ( 30 , 31 )
📅 စရက် - 23. August. 2025 ( စနေနေ့ )
🕑 အချိန် - 7 pm - 9 : 30 pm
🔹ထိရောက်စွာ သင်ကြားပေးလိုသောကြောင့် လူဦးရေ ကန့်သတ်ထားပါသည် ။
သင်တန်းအပ်ရန်
_Chat Box ( Or )📱
_Viber - 09 458073758
09 793415391
➡ပျင်းစရာကောင်းသော သင်တန်း မဖြစ်အောင် Activityများလည်း ပါ၀င်မည် ။
➡ ဘယ်မှာမှမရတဲ့ အခွင့်ရေးဖြစ်ပြီးအမြဲမဖွင့်တာကြောင့် အမြန်ဆုံး 🏃♂️ စာရင်းပေးသွင်းလိုက်ပါနော် ။
သင်တန်းအပေါ် စိတ်ကျေနပ်မှု မရှိပါက
💯% pay back money
➖➖➖➖➖➖➖➖➖➖➖➖
Q. ဘယ်သူ သင်ပေးမှာလဲ ❓
Trainer Profile အကျဉ်း
👩🏻🎓 Ms.Pann Yu
✅ သင်ကြာရေးနဲ့ ခေါင်းဆောင်မှုပိုင်းတွေမှာ နာမည်ဂုဏ်သတင်းကောင်းသူ တစ်ယောက် ဖြစ်ပြီးမြန်မာနိုင်ငံနှင့်နိုင်ငံခြားမှာပါ လက်ရှိ သင်တန်းများစွာကိုပို့ချသင်ကြားပေးနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ် ။DISC ပညာရပ်ကို USA မှတစ်ဆင့် အထူးပြု လေ့လာထားသူဖြစ်ပြီး( The Institute of Motivational Living USA )အသိမှတ်ပြု DISC Trainer လက်မှတ် ရရှိထားသူ ဖြစ်သည်။
Behavioral Consultant (USA)
Leadership Trainer (KL)
TEFL/TESOL Instructor (UK)
of Arts in Organizational Leadership
♦️ Support Trainer
👨💼 Ko Shine ( For You Training )
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Key ares where DISC knowledge is particularly useful
🔑 Coaching Consulting Training
🔑 Team Building
🔑 Customer Service Training
🔑 Developing Leaders
🔑 Salesforce Development
🔑 Conflict Relationship
🔑 Job & Career Searching
🔑 Problem Solving
🔑 Public Relations
🔑 Business, Human Resources
🔑 Ministry
🔑 Educational
For You Training
💎 Upgrade yourself 💎
01/08/2025
Soft Skills Training ( B 14 )
အောင်မြင်စွာ ပြီးစီးပါပြီ ။
အတွေးခေါ်ကောင်းတွေနှင့် စိတ်ခွန်အားတွေ အများကြီးရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
အကောင်းဆုံး သင်ကြားမျှဝေပေးတဲ့
ဆရာ - Dr Hein Htut
သင်တန်းကို အကောင်းဆုံး ဦးဆောင်သွားတဲ့ Host - Wai Mon Mon Kyaw နှင့်
Soft Skills သင်တန်း ကိုတက်ရောက်ပေးခဲ့ကြတဲ့ မိတ်ဆွေများ အားလုံးကို အထူး
ကျေးဇူးတင်ရှိပါတယ် ။
August 23 ရက်မှာ DISC Training
ပြန်စမှာဖြစ်လို့ အားလုံးကို ဖိတ်ခေါ်အပ်ပါတယ် ။
17/07/2025
"ရှောင်နေလိုက်ပါ မိတ်ဆွေ"
သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီဆိုရင်
တိုက်ရိုက် သွားမပြောနဲ့။
မသိသလို နေပေးပြီးတော့
နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ။
သူ့အကျင့်ကို ရိပ်မိနေပြီမလား?
သွားပြီး ပေါက်ကွဲ မပြနဲ့။
မသိသလို နေပေးပြီး
နောက်ဆို ကိုယ်ကဆင်ခြင်လိုက်ပါ။
နင်ကဘယ်လို ငါကဘယ်လိုဆိုပြီး
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့မလိုပါဘူး။
ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို
ကိုယ်က နားလည်နေပြီမလား?
ဆက်ပြီး အပေါင်းအသင်း မလုပ်နဲ့။
တဖြည်းဖြည်း ရှောင်နေလိုက်ပါ။
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ
ထိခိုက်စေနိုင်တာမို့ပါ။
တစ်ခါတစ်လေတော့
ကိုယ်သိတဲ့ အရာတစ်ခုဟာ
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲလိုတာပါ။
လုံးဝ မပတ်သက် မဆက်ဆံရဘူးလို့
မပြောလိုဘူး။
မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ်ဆိုရင်လည်း
ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ်။
ရိုးသားချင်ယောင်ဆောင်
သဘောကောင်းသလို ဟန်ပြ
ကွယ်ရာမှာ နောက်ကောက်ချနင်း
ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူလို လေလွှင့်
ခွင့်ရရင် ရသလိုဖဲ့ညှစ်
အရာရာကို သူ့အပြစ်မဟုတ်ဘူးလို့
ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့လူမျိုးကို
ဒီတစ်သက် သင်တွေ့ဆုံခဲ့ရင်
ကင်းနိုင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ။
#စာပေ #ဗဟုသုတ
08/07/2025
**ဘဝကိုတိုးတက်ချင်သူတိုင်းလက်လွတ်မခံသင့်တဲ့ Soft Skills သင်တန်း 🚀**
Soft Skills ဆိုတာက လူတစ်ယောက်ရဲ့ဘဝအောင်မြင် တိုးတက်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ပညာရပ် ဖြစ်ပါတယ်။
ပညာရပ်မှာ Hard Skills နှင့် Soft Skillsဆိုပြီး ✌️ရပ်ရှိပါတယ်။
Hard Skills က အတတ်ပညာပိုင်းဖြစ်ပြီး Soft Skills က အသိပညာပိုင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်
🔍လေ့လာတွေ့ရှိချက်အရ ဘွဲ့ ၊ အတတ်ပညာချင်းတူရင်တောင် Soft Skills အားကောင်းတဲ့သူက ရာထူးပိုင်း ၊ဝင်ငွေနှင့် ပျော်ရွှင်မှုကိုပိုပြီးရတတ်တာကို တွေ့ရှိရပါတယ် ။
အလုပ်မှာ အောင်မြင်ဖို့ဆိုရင် Hard Skills က ၁၅% လိုအပ်ပြီး Soft Skillsကတော့ ၈၅%လိုအပ်ပါတယ် ။
( Harvard University Research )
ဒါကြောင့် 📈အောင်မြင် တိုးတက်ပြီး တန်ဖိုးရှိတဲ့ဘ၀ကို ပိုင်ဆိုင် နိုင်ရန်အတွက်Soft Skills သင်တန်းလေးကို တက်ဖို့ ဖိတ်ခေါ်ပါတယ် ။
➖➖➖➖➖➖➖➖➖➖➖➖
သင်ကြားမျှဝေပေးမယ့် အကြောင်းရာများကတော့
ဗလ ( ၅ )တန်ဖြစ်တဲ့
၁။ ကာယဗလ (💪 ကျန်းမာရေးအသိပညာ )
၂။ဉာဏ်ဏ ဗလ (📚 ပညာရေး အသိပညာ)
၃။ ဘောဂ ဗလ ( 💵ငွေကြေး အသိပညာ )
၄။ စာရိတ္တ ဗလ ( 🙏ကိုယ်ကျင့်တရား အသိပညာ )
၅။ မိတ်တဗလ ( 🤝 လူမှုပေါင်းသင်ဆက်ဆံရေး အသိပညာ )များအပြင်
လုပ်ငန်းခွင်မှာ ပိုမိုကောင်းမွန်ဖို့
🔰Personal Development
🔰Active Listening
🔰Confident Body Language
🔰Problem Solving
🔰PDCA Circle
🔰Communication
🔰Attitude
များအပြင် စိတ်ဓာတ်ကျ | စိတ်ဖိစီးသူများ အတွက် စိတ်ခွန်အားပေးခြင်းတို့ကိုသင်ကြား မျှဝေပေးရမှာ ဖြစ်ပါတယ် ။
➖➖➖➖➖➖➖➖➖➖➖➖
သင်တန်းကာလ - ၃ပတ်
၇လပိုင်း အပတ်စဉ် စနေ , တနင်္ဂနွေ
( 12, 13 ) - ( 19 , 20 ) - ( 26 , 27 )
📅စရက် -12. JULY .2025
(စနေနေ့)
🕑 အချိန် - 7 pm - 9:30 pm
➡ သင်တန်းပြီးရင် Certificate ပါ Online မှပေးမှာ ဖြစ်ပါတယ် ။
Training Fee ကတော့ပုံမှန်သင်တန်းကြေး ၄၀,၀၀၀ ကျပ်ကို
Promotion အနေဖြင့် ( ၂၉,၀၀၀ ကျပ် )
သင်တန်းအပေါ် စိတ်ကျေနပ်မှု မရှိပါက
💯% pay back money
➖➖➖➖➖➖➖➖➖➖➖➖➖
👨🏫 သင်ကြားမှုပုံစံကတော့
Trainer များနှင့် Face To Face တိုက်ရိုက်✨ Zoomဖြင့် အဓိကသင်ကြားပေးမှာ ဖြစ်ပြီး
Video Records များလည်းလုပ်ထားပေးမှာဖြစ်ပါတယ် ။
ပါဝင် သင်ကြားပေးမည့် Trainerများကတော့
ဆရာဝန်တစ်ဦးလည်း ဖြစ်ပြီး Soft Skills , စိတ်ပိုင်းဆိုင်ရာ နှင့် စိတ်ဓာတ်မြှင့်တင်ရေးပိုင်းတွင်ကျွမ်းကျင်သူဖြစ်တဲ့
👨🏫 Dr Hein Htut ( MIELA )နှင့်
👨🏫 Ko Shine
( Founder of For You Training )
တို့က သင်ကြားပေးမှာ ဖြစ်ပြီး Trainerများ အနေဖြင့် ပြည်တွင်း,ပြည်ပ ဆရာပေါင်းများစွာဆီမှာ Soft Skills ပညာရပ်များ နှင့်ဘဝတိုးတက်အောင်မြင်ရေးပညာရပ်များကို အကြိမ်ပေါင်းများစွာ လေ့လာသင်ယူထားသူများဖြစ်ကြပါတယ် ။
သင်တန်းအပ်လိုပါက
🪧 Page ရဲ့ Chat box
(or)
🤳 Viber - 09793415391 သို့
တိုက်ရိုက်ဆက်သွယ်မေးမြန်း
စုံစမ်းနိုင်ပါတယ်
For You Training
💎 Upgrade yourself 💎
06/07/2025
လုပ်ငန်းခွင်မှာ လိုအပ်သည့် Thinking ၇မျိုး
လုပ်ငန်းခွင်မှာ မိမိကိုယ်တိုင်ဖြစ်စေ မိမိဝန်ထမ်းတွေဖြစ်စေ Thinking ၇မျိုး ကို လုပ်ငန်းအတွက်တွေးတက်ရင် ဒီလုပ်ငန်းက တခြားလုပ်ငန်းတွေထက်ပိုပြီးတော့ ရှေ့ရောက်နိုင်ပါတယ်။ဒီ Thinking ၇မျိုးက ဘာတွေလည်းဆိုတော့
(1) Critical Thinking
(2) Analytical Thinking
(3) Creative Thinking
(4) Abstract Thinking
(5) Concrete Thinking
(6) Divergent Thinking
(7) Convergent Thinking ဆိုပြီးဖြစ်ပါတယ်။
(1) Critical Thinking ဘာလဲဆိုတော့ thinkingစဥ်းစားတွေးတော့တဲ့အခါ မိမိစိတ်ထင်တာတွေကိုပဲ ယူပြီး စဥ်းစားတာမဟုတ်ပဲ fact နဲ့ data သတင်းအချက်အလက်တွေအပေါ်မှုတည်ကာ စဥ်းစားခြင်းဖြစ်ပါတယ် နောက်ပြီး ဒီfact နဲ့ dataတွေက ဘယ်လိုရတာလဲ တကယ်ကော ယုံကြည်စိတ်ချရရဲ့လား ဆိုတာကို သေချာစမ်းစစ်ပြီးမှာ စဥ်းစားတဲ့ သသဘောဖြစ်ပါတယ် အဓိကက biasနဲ့ မှားရွင်းတဲွ ရွေးချယ်မှုတွေကို ရှောင်ရှားနိုင်ဖို့ဖြစ်ပါတယ်။
ဥပမာအနေနဲ့ပြောရရင် လုပ်ငန်းခွင်မှာ new product development ပစ္စည်းအသစ်ကို ထုပ်တဲ့အခါ မိမိစိတ်ထဲ ရောင်းရမယ်ထင်တဲ့ပစ္စည်းတွေကို လျှောက်ထုပ်တာမဟုတ်ပဲ တကယ့်စျေးကွက်ထဲကို သွားပြီး survey နဲ့ observation လုပ်ကာ sales channelမှာရှိတဲ့ wholesaler နဲ့ retailerတွေ နောက် consumerတွေကို မေးမြန်ပြီး ရလာတဲ့ factတွေ dataတွေအရ စျေးကွက်ကလိုချင်တဲ့ ပစ္စည်းတွေကို ထုပ်ရောင်းတဲ့ စဥ်းစားတွေးခေါ်မှု ဖြစ်ပါတယ်။နောက်
(2) Analytical Thinking ဆိုတာကတော့ ခွဲခြမ်းစိတ်ဖြာစဥ်းစားတဲ့ ပုံစံမျိုးဖြစ်ပါတယ် အဓီကအားဖြင့် problem solving ပြသနာတွေကို ဖြေရှင်းတဲ့အခါ ဒီပြသနာ ဘာကြောင့်ဖြစ်နိုင်တယ်ဆိုတဲ့ ွကြောင်းတရားတွေကို ခွဲခြမ်းစိတ်ဖြားပြီး စီစစ်သုံးသပ်ကာ ၎င်းတို့အကြား ဆက်နွယ်မှုနဲ့ အကျိုးသက်ရောက်မှုတွေကို ရှာဖွေသုံးသပ်ခြင်းဖြစ်ပါတယ်။
ဥပမာပြောရရင် မိမိလုပ်ငန်းက အရောင်းတွေကျနေတယ်ဆိုရင် external factorတွေဖြစ်တဲ့ စျေးကွက်ရဲ့customerတွေနဲ့ consumer အပြုအမှုတွေပြောင်းလဲမှုကြောင့်လား ၊ နိုင်ငံရေးစီးပွားပြောင်းလဲမှုတွေကြောင့်လား ဒါမှမဟုတ် internal factorတွေဖြစ်တဲ့ စျေးနှုန်း ၊ ပစ္စည်းquality ၊ service ဒါတွေကြောင့်လား ဆိုတာကို အပိုင်းလိုက်ခွဲခြမ်း စိတ်ဖြာပြီး သုံးသပ်လေ့လာကာ problem solving လုပ်ရမှာဖြစ်ပါတယ်။ဒါပြီးရင်
(3) Creative Thinking ဆိုတာကတော့ အလွယ်ပြောရရင် စိတ်ကူးစိတ်သန်းအသစ်တွေ စဥ်းစားတွေးခေါ်တာဖြစ်ပါတယ် လူတိုင်းမှာ တွေးတောတဲ့အခါ ကန့်သက်ထားတဲ့ ဘောင်တွေ စည်းတွေရှိပါတယ် ဒါဆိုရင် ဘယ်လိုဖြစ်ရမယ်ဆိုတဲ့Dominantပုံစံရှိပါတယ် ဥပမာ ဘယ်ပစ္စည်းဆိုရင် ဘယ်လ်ုပုံစံရှိတယ် ဘယ်လုပ်ငန်းဆိုရင် ဘယ်လိုပုံစံလုပ်လို့ရတယ် စသဖြင့် စိတ်ထဲရှိကြပါတယ်။ creative thinkingမှာ ဒီစည်းတွေဘောင်တွေမထားပဲ ဘောင်တွေစည်းတွေကိုကျော်ပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို စဥ်းစားတွေခေါ်ခြင်းဖြစ်ပါတယ်။
(4) Abstract Thinking ဆိုတာက ရုပ်ပိုင်းဆိုင်ရာတွေအခြေခံတာထက် စိတ်ကူးစိတ်သန်းideaတွေ ၊ conceptတွေ ထွက်ပေါ်လာအောင်တွေးခြင်းဖြစ်ပါတယ် လုပ်ငန်းခွင်မှာ ဖြစ်ပေါ်နေသော ပြသနာကို ဘယ်လိုပုံစံနဲ့ ဖြေရှင်းမလဲဆိုတာမျိုးတွေးတဲ့အခါ အရမ်းအဆင်ပြေပါတယ်။
ဥပမာ ကိုယ်လိမ်းပေါင်ဒါထုပ်တဲ့ လုပ်ငန်းက အရောင်းကျတဲ့အခါ ပေါင်ဒါတွေကို ပိုရောင်းရအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို ဝန်ထမ်းတွေကို ဝိုင်းစဥ်းစားခိုင်းပါတယ် အရောင်းတက်ဖို့အတွက် budgetလည်း များများမသုံးချင်ပါဘူး ဒီတော့ ဝန်ထမ်းတွေဝိုင်းစဥ်းစားတဲ့အခါ တချို့က marketingပိုလုပ် ၊တချို့ကြ promotionတွေပေး စသဖြင့် ဝိုင်းတွေးပေးကြပါတယ် ဒီထဲမှာ ဝန်ထမ်းတစ်ယောက်က ပေါင်ဒါဘူး အပေါက်လေးတွေကို ပိုကျယ်အောင်ချဲ့ထားခြင်းအားဖြင့် consumerတွေတစ်ခါသုံးရင်များများပိုထွက်ပြီး မြန်မြန်ကုန်ကြောင့် စျေးကွက်ထဲ အရေအတွက်ပိုပြီးရောင်းရမယ်ဆိုပြီး စဥ်းစားကာ အကြံပေးခဲ့တာကြောင့် အဲ့လိုလုပ်ပြီး အဲ့လုပ်ငန်းဟာ ငွေထပ်မကုန်ပဲ အရောင်းတက်ခဲ့ပါတယ်။
(5) Concrete Thinking ဆိုတာက လက်ရှိအခြေအနေမှာ ဘာလုပ်ရမလဲဆိုတာမျိုးအတွက် ချက်ချင်းစဥ်းစားတွေးခေါ်ခြင်း ဖြစ်ပါတယ် ကိစ္စတစ်ခုက ချက်ချင်း decisionချဖို့အတွက် လက်ရှိဘာဖြစ်နေလဲဆိုတာကို ရေတိုကြည့်ပြီး ချက်ချင်းဆုံးဖြတ်ခြင်းဖြစ်ပါတယ် ဥပမာ စက်ရုံတစ်ခုမှာ ပစ္စည်းတွေ orderတက်လို့ ထုပ်နေတဲ့ အချိန် စက်က ပျက်သွားတာကြောင့် စဥ်းစားတဲ့အခါ စက်က ပြင်လို့ရသေးလား ပြင်ရင် ဘယ်လောက်ကြာမလဲ ကုန်ကျစရိတ်ဘယ်လောက်ရှိလဲ ဒါမှမဟုတ် အသစ်ဝယ်ရင် ဘယ်လောက်ကြာမလဲ ဘယ်လောက်ကုန်မလဲ စသဖြင့် ချက်ချင်းဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ဖို့ စဥ်းစားခြင်းဖြစ်ပါတယ် နောက် အရေးပေါ်အခြေအနေမျိုးတစ်ခုခုမှာလည်း ဒီလိုတွေးတောရပါတယ်။
(6) Divergent Thinking နဲ့ (7) Convergent Thinking ၂ခုဟာတွဲပြီး စဥ်းစားရပါတယ် divergent စဥ်းစားတဲ့အခါ ရနိုင်သလောက် ideaတွေကို များများရအောင် brainstormingလုပ်ကာ ideaများများထုပ်စဥ်းစားတာမျိုးကို divergentလို့ခေါ်ပါတယ်။ဒီလိုမျိုး ideaတွေအများကြီးထွက်လာတဲ့အခါ ဖြစ်နိုင်မဖြစ်နိုင်ကို Critical Thinking နဲ့ Analytical Thinking အရာသုံးသပ်ကာ ဇကာစစ်ထုပ်ပြီး နောက်ဆုံး idea ၃ခုလောက်ပဲ ကျန်တော့တဲ့အခါအသေးစိတ် detail လက်တွေ့လုပ်ဖို့ သေချာစဥ်းစာတာကို Convergent Thinking လုပ်တယ်ခေါ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
CRD
Myint Maung Maung Tun
26/06/2025
ိတ်ဓာတ်ကျ_စိတ်ဖိစီးနေသူများအတွက်_Free_Webinar
နိုင်ငံရေး , လူမှုရေး ,စီးပွားရေး
စတာတွေကြောင့်
🔻 စိတ်ဓာတ်တွေ ကျနေတယ်
🔻 စိုးရိမ်ပူပန်မှုတွေ များနေတယ်
🔻 Over Thinking (အတွေးလွန်ခြင်း )
🔻 အထီးကျန်ပြီး မပျော်ရတဲ့ 😞
နေ့ရက်တွေများနေတယ်
စတာတွေ ကြုံတွေ့နေရသူများအတွက်
For You Training ကနေ အခမဲ့
စိတ်ခွန်အားပေးခြင်း Webinarလေးကို ပြုလုပ်သွားမှာဖြစ်ပါတယ်
➖➖➖➖➖➖➖➖➖➖➖➖
Webinar မှာ ဘာတွေပါဝင်မလဲဆိုတော့
🔰အတွေးခေါ်ကောင်းများ မျှဝေခြင်း
🔰စိတ်ခွန်အားပေးခြင်း
🔰 စိတ်ဖိစီးမှုကို ဖြစ်စေသော အကြောင်းရင်းများ၊ လက္ခာများနှင့် စနစ်တကျ ကိုင်တွယ် ဖြေရှင်းနည်းများ
🔰6 Human needs , Ikigai
🔰 Black Swan Theory , Happy life များအပြင်
Trainer များနှင့် Face to Face
စိတ်ပိုင်းဆိုင်ရာ အကြံပေး ဆွေးနွေး
ခြင်းများ ပါဝင်မှာ ဖြစ်ပါတယ် ။
သင်ကြားမျှဝေပေးမယ့် ပုံစံကတော့
Zoom Meetingကနေ ဖြစ်ပါတယ် ။
Webinar ကာလ - ၄ ရက်
အပတ်စဉ် စနေ , တနင်္ဂနွေ ,
Jun ( 28 , 29 ) - July ( 5 , 6 )
📅 စရက် - 28 . Jun . 2025 ( Sat )
🕑 အချိန် - 7 pm - 9 pm
သင်ကြားမျှဝေပေးမယ့်သူကတော့
ဆရာဝန်တစ်ဦးလည်းဖြစ်ပြီး စိတ်ပိုင်း
ဆိုင်ရာ နှင့် စိတ်ဓာတ်မြှင့်တင်ရေးပိုင်းတွင်ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့
👨🏫 Dr Hein Htut နှင့်
For You Tranging Founder
👨🏫 Ko Shine
တို့ကမျှဝေပေးသွားမှာ ဖြစ်ပါတယ် ။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Webinarကို တက်ရောက်လိုပါက
၁ ။ Free Webinar တက်ရောက်လိုသူများအနေဖြင့် ဒီပို့စ်အောက်မှာ လို့
မန့်ပေးခဲ့ပါနော်။
၂။ Like & Share လုပ်ခြင်းဖြင့် အခြားသူများကိုလည်း အသိပေးကူညီပါ ။
၃။ မပျက်မကွက်လာရောက်တက်ပေးပါ။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
For You Telegram Channel တွင်လဲ
Video Lesson နှင့် Zoom ID - PW များကို
တင်ပေးမှာဖြစ်လို့ Join ဖို့ မမေ့ပါနဲ့နော်
Telegram Link 👇
https://t.me/foryoutraining
For You Training
💎 Upgrade yourself 💎
15/06/2025
ဖခင်များနေ့ (Father’s Day) ဟာ
အမေရိကန်နိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး၊
ဖခင်အပေါ်အလေးထားမှုနဲ့ ဂုဏ်ပြုဖို့
ရည်ရွယ်ထားတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။
ဖခင်များနေ့ စတင်မှုသမိုင်း
၁. စတင်ဖွဲ့စည်းခြင်း – ၁၉၁၀ ခုနှစ်
ဖခင်များနေ့ကို စတင်ဖွဲ့စည်းခဲ့သူကတော့ Sonora Smart Dodd ဆိုသူဖြစ်ပါတယ်။
သူ့ဖခင်ဖြစ်သူ William Jackson Smart က
မိခင်ကွယ်လွန်ပြီးနောက်မှာ သားသမီး ၆ ယောက်ကို တစ်ကိုယ်တည်း ထိန်းကြောင်းခဲ့သူတစ်ဦးပါ။
၁၉၁၀ ခုနှစ်မှာ Sonora ဟာ မိခင်များနေ့ရှိသလို ဖခင်တွေအတွက်လည်း ထူးခြားတဲ့နေ့တစ်နေ့ရှိဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီတုန်းက Spokane, Washington (အမေရိကန်) မြို့မှာ ဦးဆောင်ပြီး June 19, 1910 ခုနှစ်မှာ ပထမဆုံး Father’s Day ပြုလုပ်ခဲ့ပါတယ်။
၂. တရားဝင်နေ့အဖြစ် အသိအမှတ်ပြုခြင်း
အစောပိုင်းက လူသိနည်းပြီး ရေပန်းအစားစားမခဲ့ပေမယ့်၊ အချိန်နှင့်အမျှ နိုင်ငံတော်အဆင့်ထိ ပံ့ပိုးမှုများလာပါတယ်။
၁၉၆၆ ခုနှစ်မှာ သမ္မတ Lyndon B. Johnson က June လ ၃ ရက်မြောက်တနင်္ဂနွေနေ့ကို ဖခင်များနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။
၁၉၇၂ ခုနှစ်မှာ သမ္မတ Richard Nixon က ဖခင်များနေ့ကို တရားဝင် အမျိုးသားနေ့အဖြစ် ကြေညာလိုက်ပါတယ်။
ယခုအခါမှာတော့ Father’s Day ဟာ ကမ္ဘာအနှံ့အပြားနိုင်ငံအများစုမှာ ကျင်းပကြပြီး—
အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်၊ မြန်မာ (မိသားစုအခြေခံ) စသည့် နိုင်ငံများမှာ June လ တတိယမြောက် တနင်္ဂနွေနေ့ ကို ဖခင်များနေ့အဖြစ်
သက်မှတ်ကြပါတယ်။
#ဖခင်များနေ့
12/06/2025
“အတိတ်ကို အတိတ်မှာပဲ မထားခဲ့နိုင်ဘူးဆိုရင် ဒီပုံပြင်လေးက သင့်အတွက်ပါပဲ”
တခါတုန်းက တိတ်ဆိတ်ငြိမ်သက်တဲ့ သစ်တောကြီးတစ်ခုမှာ ချစ်စရာကောင်းတဲ့ ငှက်ကလေးတစ်ကောင် နေထိုင်ခဲ့ပါတယ်။ သူ့မှာ တောက်ပတဲ့ အမွေးအတောင်တွေနဲ့ ကြင်နာတတ်တဲ့ စိတ်နှလုံးရှိပါတယ်။
ဒါပေမယ့် သူ့မှာ ထူးဆန်းတဲ့ အလေ့အကျင့်တစ်ခု ရှိတယ်။ သူဟာနေ့တိုင်း မြင်သမျှ၊ ကြားသမျှ၊ ခံစားရသမျှကို ကျောက်စရစ်ခဲလေးတစ်ခုပေါ်မှာ ရေးမှတ်ထားပါတယ်။ ပျော်စရာကောင်းတဲ့ အရာဖြစ်ဖြစ်၊ နာကျင်စရာကောင်းတဲ့ အရာဖြစ်ဖြစ်၊ ဘယ်အခိုက်အတန့်ကိုမဆို မှတ်သားထားသင့်တယ်လို့ သူကယုံကြည်တယ်။
ပျော်ရွှင်ဖွယ်အမှတ်တရတွေက ကျွန်တော်တို့ကို ပြုံးပျော်ရွှင်စေတာကြောင့် အမြဲတမ်းသတိရနေဖို့အတွက် ရေးမှတ်သင့်ပြီး ၊ မကောင်းတဲ့အရာတွေကိုတော့ နှလုံးသားထဲမှာ မထားဘဲ ရေးမှတ်ပြီး လွှတ်ချသင့်တယ်လို့ သူထင်ပါတယ်။
ဒါကြောင့် နေ့တိုင်း ကျောက်စရစ်ခဲအသစ်တစ်ခုကို ကောက်ယူ၊ သူ့နှုတ်သီးနဲ့ သူ့အတွေးတွေကို အပေါ်မှာရေးပြီး၊ သူပျံသန်းတဲ့နေရာတိုင်းမှာ သယ်ဆောင်သွားတဲ့ အဝတ်အိတ်ကလေးထဲ ထည့်ပြီးသယ်သွားလေ့ရှိတယ်။
အစပိုင်းမှာတော့ ဒါဟာအရမ်းကိုလှပတဲ့ခံစားချက်
တစ်ခုဖြစ်ခဲ့ပါတယ်။ သူဟာအမှတ်တရတွေကို စုဆောင်းရတာ နှစ်သက်ပြီး၊ ဒါတွေက သူ့အနာဂတ်အတွက် အထောက်အကူဖြစ်မယ်လို့ ယုံကြည်ခဲ့ပါတယ်။
အဲဒီအိတ်ကလေးဟာလည်း သူ့ဘဝရဲ့ အခိုက်အတန့်တွေနဲ့ ပြည့်နှက်နေတဲ့ သူ့ရဲ့ဘဏ္ဍာတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် နေ့တွေကြာလာတာနဲ့အမျှ သူ့အိတ်က ပိုလေးလာပါတယ်။
ကျောက်တွေများလာတာနဲ့အမျှ အလေးချိန်တိုးလာပြီး တဖြည်းဖြည်းနဲ့ သူ့အတောင်ပံတွေကို ထိခိုက်လာပါတော့တယ်။ သူပျံသန်းနှုန်းက နှေးကွေးလာပြီး၊
အရင်လို မြင့်မြင့်မပျံနိုင်တော့တာကို ငှက်ကလေးက သတိမထားမိဘဲ ကျောက်တွေကိုသာဆက်ပြီး စုဆောင်းနေခဲ့ပါတယ်။
တစ်နေ့မှာတော့ သူက အတွေ့အကြုံရှိတဲ့ ဇီးကွက်ကြီးတစ်ကောင်နဲ့ တွေ့ပါတယ်။ ဇီးကွက်ကြီးက "ဘာကြောင့် အဲဒီအိတ်ကို သယ်နေတာလဲ ငှက်ကလေး" လို့ မေးတော့ ငှက်ကလေးက ပြုံးပြီး "ဒါက ကျွန်မဘဝကို သယ်ထားတာပါ။ ပျော်စရာ၊ နာကျင်စရာ၊ သင်ခန်းစာတိုင်းပါပဲ။" လို့ပြန်ဖြေပါတယ်။
ဇီးကွက်ကြီးက နဖူးတွန့်ပြီး "ဒါဆို မင်းက အခုလက်ရှိအချိန်မှာရော နေရဲ့လား။ ဒါမှမဟုတ် မနေ့ကအရာတွေကို ကျောပေါ်မှာတင်ပြီး ပျံနေတာလား" လို့ထပ်မေးတော့ ငှက်ကလေးက ဇီးကွက်ကြီးရဲ့အမေးကိုနားမလည်တာကြောင့် အဖြေမပေးဘဲ အဝေးတစ်နေရာကို ပျံထွက်သွားခဲ့ပါတယ်။
အချိန်တွေကြာလာတော့ သူ့အိတ်က အပြည့်ဖြစ်လာပြီး ကျောက်တွေက ထွက်ကျလာပါတယ်။ မြေကြီးပေါ်ကနေ ပျံတက်ဖို့တောင် သူခက်ခဲနေပါပြီ။ သူ့အတောင်တွေက နာကျင်နေပြီး၊ အားအင်တွေ ကုန်ခမ်းသွားခဲ့ပါတယ်။
မိုးရွာတဲ့ညနေခင်းတစ်ခုမှာ ဘေးကင်းစွာ ပျံသန်းဖို့ကြိုးစားနေစဉ်သူမြေပြင်ပေါ်ကို အရှိန်နဲ့ကျဆင်းသွားခဲ့ပါတယ်။ သူပိုင်ဆိုင်တဲ့ အမှတ်တရကျောက်တွေရဲ့ အလေးချိန်က သူ့ရဲ့နုနယ်တဲ့ခန္ဓာကိုယ်ကို ဖိမိပြီး ငှက်ကလေးဟာ အဆုံးသတ်မလှစွာနဲ့ ကြေမွသွားခဲ့ပါတယ်။
သူအသက်ရှင်ဖို့ အထောက်အကူဖြစ်မယ်လို့ ထင်ခဲ့တဲ့ အမှတ်တရတွေကပဲ သူ့အသက်ကို နှုတ်ယူသွားခဲ့ပါတယ်။
အဲဒီညမှာပဲ ဇီးကွက်ကြီးက သူ့ကို ထပ်ပြီးလာတွေ့ပါတယ်။ သူဟာလဲကျနေတဲ့ ငှက်ကလေးကို ကြည့်ရင်း "အမှတ်တရတွေက လမ်းပြဖို့သာ ရည်ရွယ်တာ၊ မင်းကို နောက်ပြန်ဆွဲဖို့ မဟုတ်ဘူး" လို့ ဝမ်းနည်းစွာ တိုးတိုးလေးပြောလိုက်ပါတယ်။
ငှက်ကလေးဟာ အရာအားလုံးကို သယ်ဆောင်ဖို့ ကြိုးစားရင်း ဘဝကို ရှင်သန်ဖို့ မေ့သွားခဲ့တယ်။
တခါတလေ ငှက်ကလေးလိုပဲအမှတ်တရတွေကို စုဆောင်းမိပြီး အကောင်းနဲ့အဆိုးကို အမြဲတမ်းတွေးနေတတ်ကြပါတယ်။ အကယ်၍ အတိတ်တွေကို နေ့တိုင်းသယ်ဆောင်ထားမယ်ဆိုရင် စိတ်အတွင်းထဲမှာ သေချာပေါက်ပင်ပန်းလာပါလိမ့်မယ်။
ဒါ့အပြင်အမြဲတမ်းအတိတ်မှာပဲ နေထိုင်နေတာကြောင့် ဒီနေ့ကို မခံစားနိုင်တော့တဲ့အပြင် အနာဂတ်ဆီကိုပျံသန်းဖို့လည်း မတတ်နိုင်တော့ပါဘူး။
ငှက်ကလေးလိုပဲ လူတွေအတော်များများဟာ အတိတ်ရဲ့နာကျင်မှုတွေ၊ ပျော်ရွှင်မှုတွေကို အချိန်အကြာကြီး သယ်ဆောင်ထားတတ်ကြပါတယ်။ ဒါပေမယ့် တကယ့်ဘဝဆိုတာ လွှတ်ချတတ်ဖို့ပါပဲ။ ဖြစ်ပြီးသွားတဲ့အရာတွေကို ပြန်ပြောင်းလို့မရပါဘူး။ ဒါပေမယ့် လက်ရှိအချိန်ကိုတော့ လှပအောင် ဖန်တီးနိုင်ပါတယ်။
ဒါကြောင့် ခွင့်လွှတ်ပါ၊ မေ့ပစ်လိုက်ပါ၊ ရှေ့ဆက်သွားပါ။ အသစ်တွေကို အတွေ့အကြုံရယူပါ၊ အသစ်တွေဆီကို ခြေလှမ်းလှမ်းပါ၊ ပေါ့ပါးတဲ့နှလုံးသားနဲ့ နေထိုင်ပါ။ ကျေးဇူးတင်တတ်ပါ၊ သည်းခံပါ၊ အမြဲတမ်း ရှေ့ဆက်သွားပါ။
02/06/2025
အသက် ၄၀ အရွယ် ကစ၍ လုပ်သင့်သည့်အချက်များ
■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ
■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ -
နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။
■ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ
■ စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
ရောဂ၊ တရားထိုင်၊ အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ
■ငါး၊ ကြက်သား၊ အခွံမာစေ့များစားပေးရင်
လိုအပ်သည့် ပရိုတင်းဓာတ်ကို ရရှိမယ်
စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။
■အဖော်နဲ့ ခရီးထွက်ပေးပါ
■သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ
■ ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။
_______________________
အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ
* အရိုး *
● အရိုးတွေ ချောင်လာတယ်
● ဒူးနာတတ်တယ်
● ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်
● ခါးဆစ်ရိုးတွေလည်း နာတတ်တယ်
●ချော်မလဲအောင် ဂရုစိုက်ပါ
● ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။
* ကြွက်သား *
■ ကြွက်သား အားမရှိတာ
အမျိးသားက ၃ ပုံ ၁ ပုံ နဲ့
အမျိုးသမီးက တဝက်လောက် အဖြစ်များတယ် ။
■ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။
■ လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ။
* အကြော၊ အဆစ်
●အကြော အဆစ် နာတတ်တယ်
● ဝတဲ့ သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ်
( အကြောအားဆေး သောက်ပေးပါ)
● ဦးနှောက် အာရုံကြောက ပိုမရေးကြီးတယ်
● အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။
* အတွင်းကလီစာများ *
▪~အသက်ကြီးလာတာနဲ့အမျှ ..
ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး အားနည်းလာတယ်။
▪~ နှလုံး၊ ကျောက်ကပ်၊ သရက်ရွက်၊ သည်းခြေ၊ အသည်း
ညဖက် ဆီးခဏခဏ သွားတာနဲ့ ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။
▪~ အများအားဖြင့်ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့
အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။
▪~ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီ၊ အပူ၊ အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။
* နှလုံး *
နှလုံးစဖြစ်ရင်...
●အသက်ရူမဝခြင်း
●ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း
● ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း အပေါ်ဖက်လည်း ညောင်းပြီး အကြောတက် တတ်တယ်။
● အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။
● မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ ပေါ်တတ်တယ်။
● နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော ၃ ချောင်းရှိတယ် အားလုံးပိတ်ရင် စက်တပ်ရတယ်။
●နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check သွားလုပ်ပါ။
● အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ။
* အသည်း *
◆အသည်းပြဿနာဖြစ်ရင် ညာဖက် ဗိုက်ခေါက် အပေါ်ဘက်ကို နာကျင်တယ်
◆ညာခါး အနောက်ဖက် ညောင်းနာမယ်
◆ညာဖက်ပုခုံး ထုံကျင်ညောင်းနာ
◆ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ်
◆ အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ
◆ ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ်
◆အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ်
◆ လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်
◆ တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ်
◆ ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ်
◆ အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင် သတိထားပါ
◆ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ်
◆ အရေပြား ခြောက်သွေ့ လာတယ်/ နှာခေါင်းထိပ်နီလာတယ်
◆ အသား၊လက်ဖဝါး၊မျက်လုံးအိမ်တွေ ဝါလာမယ်
◆ အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး
ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ်
( ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာနဲ့ ကြည့်နည်းပါ)
* ကျောက်ကပ် *
¤ ကျောက်ကပ်ပြဿနာကတော့ ခါးနား ကြောနာ မလန်းဆန်းဘူး
¤ ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူး
¤ အသားအရေ ယားယံတတ်တယ်
¤ ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး
¤ ခြေ လက် အေးတတ်တယ်
¤ ခြေထောက်တွေ ရောင်လာတတ်တယ်
¤ အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ်
¤ အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး
¤ ခြေသည်းခွံတွေ ကြမ်းလာတယ်
¤ အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ် - ကြမ်းပြီးထူလာတယ်
¤ အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ -
အမြဲဆေးသောက်ပါ ဆီးချိုချိန်ပါ
¤ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ်
¤ သွေးပေါင်ကျလည်း မူးတတ်တယ် ကျောက်ကပ်ကို အထူးဂရုစိုက်ပါ
* သရက်ရွက် *
◆ သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ်
◆ လည်ပင်း ဇက်ကြော တက်လွယ်တယ်
◆ ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ်
◆ အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီး ဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်
◆ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး သိပ်မသောက်ပါနဲ့
◆ အကိုက်အခဲပျောက်ဆေးက အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ် အူလမ်းကြောင်းကို ထိပြီး သွေးယိုတတ်တယ်
◆ ဝမ်းသွား သွေးပါရင် သတိထားပါ
( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင်သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်း ကြောင်းရဲ့ နံရံပါး ( သို့ )ပေါက်ပြီး ဖြစ်တတ်တယ်။
◆ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ
(ရှောကနဲ အဖြောင့်လိုက်သွားပြီး ဖင်မကပ်ရင်အကောင်းဆုံးပါ)
(ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ)
◆တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိုးက အပူတွေထုတ်ပစ်တာ ကြောက်စရာမလို - ကောင်းတယ် -
(တရက်လုံး ပန်းရင်တော့ ဝမ်းလျောပြီ)
◆ အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ ( စကားပုံရှိပါတယ် ဝမ်းတလုံး
ကောင်းရင် ခေါင်းမခဲဆိုတာ)
* အူမကြီး *
● အူမကြီးမကောင်းရင်ပါးစပ်ခါးပြီး တချိန်လုံးရေသောက်ချင် ရေငတ်တတ်တယ်
● နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်
● သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်
● လည်ပင်းရောင် ဖောင်းတတ်တယ်
● တော်ရုံ အနည်းငယ်လေးတာတောင် အလေး မ , မ နိုင်ပါ
● ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ်
( အပူများတဲ့သဘော )
● ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ်
● အူမကြီးက ဝမ်းနဲ့ဆိုင်တယ်
● ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ်
● လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့
နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ်
●အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာဖြစ်တတ်တယ်
●အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ်
( အစာမခံပဲ ဗိုက်ဆာရင်စားပါ)
● အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့
●အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ
● နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ
(တခါတည်းအများကြီးမစားပါနဲ့)
● တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး- ပိန်ပိန်ပဲ ဒါမျိုးကကျန်းမာရင် ပြဿနာမရှိပါ။
● သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား မကောင်းတော့ဘူး ဗီတာမင်မယူနိုင်တော့ဘူး။
( ဆရာဝန်နဲ့ သေချာပြပါ )
● ဂေါက်ရောဂါရှိရင် ဘီယာနဲ့မတဲ့ပါ
● ရေချိုးရင် မချော်တတ်တဲ့ဘိနပ်စီးပြီးချိုးပါ
● ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း အကြောချဉ် ကိုက်တတ်
● ချော်လဲကျလွယ်တယ်
● အသက်ကြီးရင် အရိုးတွေက weak ဖြစ်နေပြီး အရိုးအားဆေးစားပါ
● ချော်မလဲကျပါစေနဲ့
* အသက် ၄၀ အရွယ် * ကစ၍လုပ်သင့်သည့်အချက်များ
■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ
■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ -
နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။
■ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ
■ စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
ရောဂ. တရားထိုင်. အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ
■ ငါး ကြက်သား အခွံမာစေ့များစားပေးရင် လိုအပ်သည့် ပရိုတင်းဓာတ်ကို ရရှိမယ် စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။
■အဖော်နဲ့ ခရီးထွက်ပေးပါ
■သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ
■ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။
* အသက်ကြီးသူများလိုက်နာရန် *
မျောက်လို လူပ်ရှား
ကြောင်လိုစား
နွားလိုရေသောက်
လိပ်လိုလျှောက်
တုတ်ထောက်မပျင်းနှင့် ..
●မျောက်လိုလူပ်ရှား -
အသက်ကြီးလာလျှင် လူပ်လူပ်ရှားရှားနေပါ လူပ်ရှားမူ မရှိပါက
အကြောများဆိုင်း၍ လူမမာဖြစ်တတ်သည်။
●ကြောင်လိုစား -
လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို စားမှ အစာကို ကျေညက်စေနိုင်သည်။
တကြိမ်တည်း များစွာမစားရ။
●နွားလိုရေသောက် -
ဆီး ဝမ်းမှန် စေရန်အတွက် ရေကို များများသောက်ပေးပါ။
●လိပ်လိုလျှောက် -
အသက်ကြီးလျှင် အရိုးအဆစ်များ မသန်မာသည့်အတွက် သွားလာ
လူပ်ရှားလျှင် ချော်လဲ မကျအောင် ဖြေးဖြေးနှေးနှေး သွားလာပါ။
●တုတ်ထောက်မပျင်းနှင့် -
အရိုးအဆစ်များ မသန်မာအသက်ကြီးသူများ တုတ်ကောက်
ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည် -
မိမိကိုယ်ကို လဲမကျအောင် တုတ်ကောက်က အကူရသည်။
credit - original
17/09/2024
အိကီဂိုင် စည်းမျည်း (၁၀) ချက် ✅
(၁) တက်တက်ကြွကြွနေပါ။ အငြိမ်းစားမယူပါနဲ့။ ကိုယ်လုပ်ရပျော်တဲ့ အရာတွေကို စွန့်လွှတ်လိုက်တာနဲ့ သူတို့တွေရဲ့ ဘဝရည်ရွယ်ချက်တွေဟာလည်း ပျောက်ဆုံးသွားတော့တာပဲ။ ဒါကြောင့် ကိုယ့်ရဲ့ရာထူး၊ တာဝန်တွေကို စွန့်လွှတ်လိုက်ရင်တောင် ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ဆက်လုပ်ဖို့၊ တိုးတက်မှုတွေရှိအောင်လုပ်ဖို့၊ တခြားသူတွေအတွက် အလှတရားတွေဖန်တီးပေးဖို့၊ မိမိကိုယ်ကို အသုံးဝင်အောင်နေဖို့၊ ကူညီပေးဖို့၊ ကိုယ့်ပတ်ဝန်း ကျင်ကို လှပအောင် ဖန်တီးဖို့ ကြိုးစားပါ။
(၂) ဖြည်းဖြည်းသက်သာလုပ်ပါ။ ဘဝကို အလျှင်စလိုနေထိုင်ခြင်းဟာ ဘဝရဲ့ အရည်အ သွေးနဲ့ပြောင်းပြန်အချိုးကျတယ်။ “ဖြေးဖြေးသွားရင် ခရီးပိုရောက်တယ်” ဆိုတဲ့ ရှေးခေတ်စကားပုံလိုပေါ့ ။ အလျှင်လိုတာတွေကို ကျောခိုင်းလိုက်တာနဲ့ ဘဝနဲ့ အချိန်တွေဟာ ကိုယ့် ဘဝအတွက် အဓိပ္ပါယ်တစ်မျိုးပြောင်းသွားလိမ့်တယ်။
(၃) အစာအိမ်မှာ ပြည့်မနေပါစေနဲ့။ သက်ရှည်ကျန်းမာဖို့ဆိုရင် စားသောက်ခြင်းနဲ့ ပတ်သတ်လာရင် နည်းလေ ပိုကောင်းလေလို့ ဆိုရမှာပါပဲ။ ၈၀ ရာခိုင်နှုန်း စည်မျှည်းအရ ပိုကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေချင်ရင် ဗိုက်တင်းအောင် စားမယ့်အစား တကယ်လိုအပ်တာထက် နည်းနည်းလျော့စားသင့်ပါတယ်။
(၄) မိတ်ဆွေကောင်းတွေ ထားရှိပါ။ မိတ်ဆွေတွေဆိုတာ အကောင်းဆုံးဆေးဝါးတွေပါပဲ။ ကိုယ့်ရဲ့ စိုးရိမ်စိတ်တွေကို ယုံယုံကြည်ကြည် ဖွင့်ပြောလို့ရတဲ့ မိတ်ဆွေမျိုး၊ ကိုယ့်ရဲ့အတွေ့အကြုံတွေကို မျှဝေပြောပြနိုင်တာမျိုး၊ အကြံဉာဏ်တွေ ရယူနိုင်တာ၊ ပျော်ပျော်ရွှင်ရွှင်နေနိုင်တာ၊ စိတ်ကူးယဉ်ကြတာ တနည်းအားဖြင့် ဘဝကို အတူတူ ပျော်ရွှင်စွာဖြတ်သန်းမယ့် မိတ်ဆွေမျိုးပေါ့။
(၅) နောက်မွေးနေ့တစ်ပွဲ ကျင်းပနိုင်အောင် ကျန်းမာရေးကို ဂရုစိုက်ပါ။ ရေဆိုတာ လှုပ်ရှားနေတတ်တဲ့ သဘာဝရှိတယ်။ ရပ်တန့်မနေပဲ ဒီလိုလှုပ်ရှား စီးဆင်းနေမှလည်း သူ့ရဲ့ကြည်လင်မှုကို ထိန်းသိမ်းနိုင်မှာပေါ့။ ဘဝတလျှောက် ရွှေ့လျား လှုပ်ရှားနေတဲ့ လူ့ဘဝဟာလည်း အချိန်အကြာကြီး ဆက်လက်ရှင်သန်နိုင်ဖို့ နေ့စဉ် ထိမ်းသိမ်းမှုလေးတော့ လိုအပ်တာပေါ့။ ဒိ့အပြင် ကိုယ်လက်လှုပ်ရှားမှုဟာ လူကို ပျော်ရွှင်အောင်ပြုလုပ်ပေးတဲ့ ဟိုမုန်းတွေကိုလည်း ထုတ်လွှတ်ပေးနိုင်ပါသေးတယ်။
(၆) ပြုံးပါ။ စိတ်လက်ပျော်ရွှင်ခြင်းဆိုတာ အနားယူရုံ သက်သက်မဟုတ်ပါဘူး။ မိတ်ဆွေဖွဲ့ရာမှာလည်း ပိုလွယ်ကူစေပါတယ်။ လောကရဲ့ အားနည်းချက် ချွတ်ယွင်းချက်တွေကိုလည်း သတိပြုဖို့လိုသလို ကိုယ်တို့ဟာ ဒီလို အလား အလာတွေ ပြည့်နှပ်နေတဲ့ ကမ္ဘာကြီးမှာ ရောက်နေတဲ့ အားသာချက်ကိုလည်း မမေ့ဖို့လိုပါတယ်။
(၇) သဘာဝတရားနဲ့ ပြန်ဆက်စပ်ပါ။ ဒီနေ့ခေတ်မှာ လူတော်တော်များများဟာ မြို့ကြီးပြကြီးတွေမှာ နေကြပေမယ့် လူဆိုတာ သဘာဝတရားကြီးအတွက် မွေးဖွားလာခဲ့တယ်ဆိုတာ မမေ့သင့်ပါ။ ဒါကြောင့် မိမိကိုယ်ကို အားအင်သစ်တွေလောင်းဖို့ သဘာဝတရားနဲ့ မကြာမကြာ ထိတွေ့ပေးပါ။
(၈) ကျေးဇူးတင်ပါ။ ကိုယ့်ကို အသက်ရှုခွင့်ပေး၊ အစားအသောက်တွေပေးတဲ့ ကိုယ့်ဘိုးဘေးဘီဘင်တွေ နဲ့ သဘာဝတရားတွေကို ကျေးဇူးတင်ပါ။ ကိုယ့်ဘဝကို သာယာလှပစေတဲ့ ကိုယ့်ရဲ့ မိသားစု၊ မိတ်ဆွေနဲ့ တခြားအရာတွေကိုလည်း ကျေးဇူးတင်ပါ။ ဒီလို ကျေးဇူးတင်တတ်တဲ့ အကျင့်ကို နေ့စဉ်ပြုလုပ်ပေးခြင်းဖြင့် ကိုယ့်ဘဝကို တစ်နေ့ထက်တစ်နေ့ ပိုကျေနပ်စွာ နေနိုင်လာလိမ့်မယ်။
(၉) လက်ရှိ ပစ္စုပ္ပန်တွင်သာ နေထိုင်ပါ။ အတိတ်ကို နောင်တရနေတာ၊ အနာဂတ်ကို ကြောက်နေတာတွေကို ရပ်လိုက်ပါ။ ကိုယ်ပိုင်ဆိုင်တာဟာ ဒီနေ့ပါပဲ။ ဒီနေ့ကို အကောင်းဆုံး အသုံးချပါ။ နေ့စဉ်ဘဝကို အလှပဆုံးဖန်တီးပါ။
(၁၀) အိကီဂိုင် အတိုင်းနေထိုင်ပါ။ ကိုယ့်ရင်ထဲမှာ ကိုယ့်ဘဝနောက်ဆုံးအချိန်ထိ မိမိကိုယ်ကို အကောင်းဆုံးဖန်တီးသွားနိုင်မယ့် အရည်အသွေး၊ ဘဝကို အဓိပ္ပါယ်ပြည့်ဝစေတဲ့ စိတ်အားထက်သန်မှုတစ်ခု ရှိနေပါတယ်။ ကိုယ့်ရဲ့ အိကီဂိုင် ဘာလဲမသိရင် အဲဒီအရာကို ရှာဖွေဖို့ဆိုတာ ကိုယ့်ဘဝရဲ့ ပင်မပန်းတိုင်ပါပဲလို့ ဗစ်တာဖရင်ကယ်က ပြောခဲ့ဖူးပါတယ်။
#အီကီဂိုင်
#ကူးယူဖော်ပြခြင်း
04/08/2024
်လွတ်မခံဘဲတက်သင့်တဲ့
✨ Soft Skills ဆိုတာက လူတစ်
ယောက် အောင်မြင် တိုးတက်ဖို့
အတွက် မရှိမဖြစ် လိုအပ်တဲ့
ပညာရပ် ဖြစ်ပါတယ်။
ပညာရပ်မှာ Hard Skills နှင့် Soft Skills
ဆိုပြီး ✌️ရပ်ရှိပါတယ်။
Hard Skills က အတတ်ပညာပိုင်းဖြစ်ပြီး
Soft Skills က အသိပညာပိုင်းကို
ဆိုလိုခြင်း ဖြစ်ပါတယ်
🔍လေ့လာတွေ့ရှိချက်အရ ဘွဲ့ ၊ အတတ်ပညာချင်းတူရင်တောင်
Soft Skills အားကောင်းတဲ့သူက
ရာထူးပိုင်း၊ဝင်ငွေနှင့် ပျော်ရွှင်မှုကို
ပိုပြီးရတတ်တာကို တွေ့ရှိရပါတယ် ။
အလုပ်အကိုင်တစ်ခုအောင်မြင်ဖို့ဆိုရင် Hard Skills က ၁၅% လိုအပ်ပြီး Soft Skillsကတော့ ၈၅%လိုအပ်ပါတယ် ။
( Harvard University Research )
ဒါကြောင့် 📈
အောင်မြင် တိုးတက်ပြီး တန်ဖိုးရှိတဲ့
ဘ၀ကို ပိုင်ဆိုင် နိုင်ရန်အတွက်
Soft Skills သင်တန်းလေးကို
တက်ဖို့ ဖိတ်ခေါ်ပါတယ် ။
➖➖➖➖➖➖➖➖➖➖➖➖
သင်ကြားမျှဝေပေးမယ့် အကြောင်း
အရာများကတော့
ဗလ ( ၅ )တန်ဖြစ်တဲ့
၁။ ကာယဗလ (💪 ကျန်းမာရေး အသိပညာ )
၂။ဉာဏ်ဏ ဗလ (📚 ပညာရေး အသိပညာ)
၃။ ဘောဂ ဗလ ( 💵ငွေကြေး အသိပညာ )
၄။ စာရိတ္တ ဗလ ( 🙏ကိုယ်ကျင့်တရား အသိပညာ )
၅။ မိတ်တဗလ ( 🤝 လူမှုပေါင်းသင်ဆက်ဆံရေး အသိပညာ )များအပြင်
လုပ်ငန်းခွင်မှာ ပိုမိုကောင်းမွန်ဖို့
🔰Personal Development
🔰Active Listening
🔰Confident Body Language
🔰Healthy Coping Mechanish And Stress
🔰Problem Solving
🔰PDCA Circle
🔰Communication
🔰Attitude
များအပြင် စိတ်ဓာတ်ကျ | စိတ်ဖိစီးသူများ အတွက် စိတ်ခွန်အားပေးခြင်းတို့ကိုသင်ကြား မျှဝေပေးရမှာ ဖြစ်ပါတယ် ။
➖➖➖➖➖➖➖➖➖➖➖➖
သင်တန်းကာလ - ၃ပတ်
၈လပိုင်း အပတ်စဉ်
စနေ , တနင်္ဂနွေ ,
( 10, 11 ) - ( 17 , 18 ) - ( 24 , 25 )
🕑 သင်တန်းချိန် - 7 pm to 9:30 pm
📅စရက် -10. August .2024
(စနေနေ့)
🕑 အချိန် - 7 pm - 9:30 pm
➡ သင်တန်းပြီးရင် Certificate ပါ
Online မှပေးမှာ ဖြစ်ပါတယ် ။
Training Fee ကတော့
ပုံမှန်သင်တန်းကြေး 👇
၄၀,၀၀၀ ကျပ်ကို
Promotion အနေဖြင့် ( ၂၈,၀၀၀ ကျပ် )
သာပေးသွင်းရမှာဖြစ်ပါတယ် ။
သင်တန်းအပေါ် စိတ်ကျေနပ်မှု မရှိပါက
💯% pay back money
➖➖➖➖➖➖➖➖➖➖➖➖➖
👨🏫 သင်ကြားမှုပုံစံကတော့
Trainer များနှင့် Face To Face တိုက်ရိုက်✨ Zoomဖြင့် အဓိက
သင်ကြားပေးမှာ ဖြစ်ပြီး
Video Records များလည်းလုပ်ထား
ပေးမှာဖြစ်လို့ ဖုန်းလိုင်းမကောင်းမှာ မအားလိုက်လို့ မမှီလိုက်မှာ မီးပျက်လို့ သင်ခန်းစာလွတ်မှာ စိတ်မပူရတော့ပါဘူးနော် 😊
➡🤭ပျင်းစရာကောင်းသော သင်တန်း
မဖြစ်အောင် Activity များလည်းရှိပါမယ်နော် ။
🔹For You သင်တန်းအနေဖြင့် Soft Skills ပညာရပ်ကို ၄နှစ်ကျော်အတွင်း အနုပညာရှင် ၊လုပ်ငန်းရှင်၊ဘာသာရေး
ဆရာ ဆရာမ ၊လူငယ် လူကြီး
အယောက် ၇,၀၀၀ ခန့်ထံ မျှဝေခဲ့ပြီး
ဖြစ်ပါသည် ။
➖➖➖➖➖➖➖➖➖➖➖➖
ပါဝင် သင်ကြားပေးမည့် Trainerများကတော့
ဆရာဝန်တစ်ဦးလည်း ဖြစ်ပြီး
စိတ်ပိုင်းဆိုင်ရာ နှင့် စိတ်ဓာတ်
မြှင့်တင်ရေးပိုင်းတွင်ကျွမ်းကျင်
သူဖြစ်တဲ့
👨🏫 Dr Hein Htut ( MIELA )နှင့်
👨🏫 Ko Shine
( Founder of For You Training )
တို့က သင်ကြားပေးမှာ ဖြစ်ပြီး
Trainerများ အနေဖြင့် ပြည်တွင်း,
ပြည်ပ ဆရာပေါင်းများစွာဆီက
နေSoft Skills ပညာရပ်များ နှင့်
ဘဝတိုးတက်အောင်မြင်ရေး
ပညာရပ်များကို အကြိမ်ပေါင်း
များစွာ လေ့လာသင်ယူထားသူ
များဖြစ်ကြပါတယ် ။
➖➖➖➖➖➖➖➖➖➖➖➖
📣 သင်တန်း တက်လိုပါက
မိမိရဲ့
👩 နာမည် -
☎️ ဖုန်းနံပါတ် -
အသက် -
🏙️ နေရပ်(မြို့) -
တို့ကို Chat box ထဲလာရောက်
ပို့ပေးနိုင်ပါတယ် ။
🔖 သင်တန်းကြေးကို
🏦 KBZ , AYA , CB , Wave , Pay
မိမိကြိုက်ရာ လွှဲသွားနိုင်ပါတယ်ရှင့်
🔔 ထပ်ပြီးသိလိုချင်တာရှိရင်လည်း
🪧 Page ရဲ့ Chat box ထဲ
(or)
🤳 Viber - 09793415391 သို့
တိုက်ရိုက်ဆက်သွယ်မေးမြန်း
စုံစမ်းနိုင်ပါတယ်
For You Training
💎 Upgrade yourself 💎