14/01/2026
GED ရဲ့ Social Studies ဘာသာရပ်မှာ မကြာခဏတွေ့ရတဲ့ Line of Succession အကြောင်းကို အနည်းငယ်ရှင်းပြပါမယ်။
Line of Succession ဆိုတာကတော့ အမေရိကန် သမ္မတဟာ
သူ့တာဝန်ကို ဆက်လက်မထမ်းဆောင်နိုင်တော့တဲ့အခြေအနေများ
(ရာထူးမှ ဖယ်ရှားခံရခြင်း၊ နုတ်ထွက်ခြင်း၊ အသက်ဆုံးပါးခြင်း သို့မဟုတ် တာဝန်မထမ်းဆောင်နိုင်တော့ခြင်း) ဖြစ်လာတဲ့အခါ
နိုင်ငံရဲ့ အုပ်ချုပ်ရေးတာဝန်တွေ မပြတ်တောက်စေရန်အတွက်
ဘယ်သူက သမ္မတတာဝန်ကို ဆက်လက်ယူဆောင်မလဲဆိုတာကို
သတ်မှတ်ထားတဲ့ အစီအစဉ်ကို ခေါ်တာပဲဖြစ်ပါတယ်။
ဒီ Line of Succession ကို
US Constitution နဲ့
Presidential Succession Act of 1947 တို့အောက်မှာ တရားဝင် ပြဌာန်းထားပါတယ်။
Line of Succession အရ သမ္မတနောက်တစ်ဆင့် ဆက်လက်တာဝန်ယူနိုင်မယ့်သူတွေကို
အစိုးရဌာနတွေ ဖွဲ့စည်းခဲ့တဲ့ အချိန်အစဉ်အလိုက်
အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။
Vice President
Speaker of the House
President pro tempore of the Senate
Secretary of State
Secretary of the Treasury
Secretary of Defense
Attorney General
Secretary of the Interior
Secretary of Agriculture
Secretary of Commerce
Secretary of Labor
Secretary of Health and Human Services
Secretary of Housing and Urban Development
Secretary of Transportation
Secretary of Energy
Secretary of Education
Secretary of Veterans Affairs
Secretary of Homeland Security
ဒီအထဲမှာ Department of Homeland Security ကတော့
2001 ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့
နောက်ဆုံးအကျဆုံး အစိုးရဌာနဖြစ်ပါတယ်။
Presidential Succession Laws (Twenty-Fifth Amendment).” U.S. Constitution Annotated, Legal Information Institute, Cornell Law School, https://www.law.cornell.edu/constitution-conan/
amendment-25/presidential-succession-laws
Presidential Succession.” U.S. Constitution Annotated, Legal Information Institute, Cornell Law School, https://www.law.cornell.edu/constitution-conan/article-2/section-1/clause-6/presidential-succession