YARUKI Japanese Language Academy

YARUKI Japanese Language Academy

Share

Our page is educational page on Japanese language,and we will perform other educational services.

05/03/2026

၂၀၂၆ခုနှစ် ဧပြီလအတန်းမှာလည်းပဲ YARUKI ကလျှောက်သူတွေ 100 % passed ပါပဲနော်။N4 နှင့်N4 အထက်အောင်လက်မှတ်ရှိသူ(၃ဦး) 2026 - October ထပ်တိုးကျောင်းနဲ့ ၁၀လပိုင်းLanguage Schoolကျောင်းအမြန်လျှောက်ထားနိုင်ပါပြီ။
တက္ကသိုလ်ကောလိပ် ဆက်တက်ချင်သူဖြစ်ရပါမယ်။
အသေးစိတ် Messengerမှာမေးပါ။
လူဦးရေနည်းနည်းပဲခေါ်တာမို့ ပြည့်တာမြန်ပါတယ်။အမြန်လျှောက်မှ စိတ်ချရပါမယ်နော်။
အသေးစိတ်သိချင်ရင် ဖုန်းဆက်လို့လည်းရတယ်နော်
09-979623823-

19/02/2026

ဒီနေ့ တိုကျို ကို2026 April intake အတွက်လျောက်တဲ့ 8ယောက်လုံး COE အောင်မြင်ပါတယ်။ おめでとうございます。100%passed ပါ။

25/01/2026

တပတ် ၄ရက်(တနလ်ာနေ့မှကြာသပတေးနေ့အထိ) ရုံးချိန်လွတ် N2 သင်တန်း
သင်ကြားမည့်စာအုပ်များ
hinShin Kanzen Master Bunpo
‎Shin Kanzen Master Goi
‎Shin Kanzen Master Dokkai
‎Shin Kanzen Master Chokai
‎Kanji Master
မေးခွန်းဟောင်း၁၀စုံ
ဆက်သွယ်ရန်-09-777505788

21/12/2025

2026 July Intake အတွက် Tokyoကျောင်း ၃ ကျောင်း အတွက််ကျောင်းသားလက်ခံနေပါပြီ။July Intake ကစောစောခေါ်ပါတယ်လူကြိုက်များတော့ခဏလေးနဲ့လူပြည့်တာမို့ စိတ်ဝင်စားသူများ အမြန်လျှောက်ထားဖို့လိုအပ်ပါမယ်။
2026,7လပိုင်းကျောင်းလျှောက်ချင်သူများစတင်လက်ခံနေပါပြီ။
Messenger မှာဆက်သွယ်စုံစမ်းနိင်ပါတယ်။

တတ်ရောက်နိုင်သောမြို့များ




15/12/2025

2026 July Intake အတွက် Tokyoကျောင်း ၃ ကျောင်း အတွက််ကျောင်းသားလက်ခံနေပါပြီ။July Intake ကစောစောခေါ်ပါတယ်လူကြိုက်များတော့ခဏလေးနဲ့လူပြည့်ပါတယ်
2026,7လပိုင်းကျောင်းလျှောက်ချင်သူများစတင်လက်ခံနေပါပြီ။
Messenger မှာဆက်သွယ်စုံစမ်းနိင်ပါတယ်။

တတ်ရောက်နိုင်သောကျောင်းများ




Send a message to learn more

15/09/2025
11/09/2025

iPhone 17 နဲ့ နွားမ
ဘယ်ဟာကို ရွေးမှာလဲ?

ဂျပန်လို ဘယ်လိုပြောမလဲ။

26/08/2025

ဒီလိုအရေးခံရတာဟာ ဂုဏ်ယူစရာကောင်းတဲ့ကိစ္စမဟုတ်တာမို့ တယောက်ချင်းအလိုက်သတိနဲ့ဆင်ခြင်နေထိုင်စေချင်တယ်ကလေးတို့ရေ။

‼️မြန်မာနိုင်ငံသားတွေ (ဓလေ့အရ)
အချင်းချင်း ရန်ဖြစ်ရင်လက်နက်အဖြစ်သုံးသ-တ်တယ့်အထိလုပ်ရပ်တွေကြောင့်🇯🇵ဂျပန်တွေသတိထားကြဘို့ဂျပန်ထိပ်တန်းမဂ္ဂဇင်းရေးသား😢‼️

=======

❗️မြန်မာနိုင်ငံသားတွေရန်ဖြစ်ရင် လက်နက်သုံးတတ်ကြတယ်လို့ဥပမာပေးကာ❗️
ဂျပန်နာမည်ကြီးမဂ္ဂဇင်းကနိုင်ငံခြားသားတွေဂျပန်မှာရန်ဖြစ်တာတွေ့ရင်ဂျပန်တွေကိုဝင်မပါဘို့သတိထားသင့်ကြောင်းရေးသားထားတာပါ
========
(彼らသူတို့/我々ငါတို့)ဆိုပြီးနိုင်ငံခြားသားနဲ့ဂျပန်ခွဲရေးသားထားပါတယ်

それは、母国にいた時の習慣で、そういったものを持ち歩くのは彼らにとっては何も特別なことではありません。

(အနှစ်ချုပ်ကတော့ မြန်မာနိုင်ငံသားတွေသူ့နိုင်ငံသဘာဝ အရရန်ဖြစ်ရင်တခုခုကို လက်နက်အဖြစ်သုံးတတ်ကြပြီးအဆုံးအထိလုပ်တတ်ကြတယ်ဆိုတာကို သူတို့ကမထူးဆန်းပေမယ့်
ဂျပန်လူမျိုးတွေသတိထားသင့်တယ်ဆိုပြီးရေးသားထားတာလို့မြင်မိပါတယ်)

ဂျပန်ရဲ့နာမည်ကြီးမဂ္ဂဇင်းတခုဖြစ်တဲ့Friday မဂ္ဂဇင်းက
👉သူတို့တွေရန်ဖြစ်ရင်လက်နက်တခုခုကို ကိုင်တွယ်ဖြေရှင်းတတ်ကြတယ်
👉ဂျပန်လူမျိုးတွေအဲလိုသိပ်မရှိလို့မစိုးရိမ်ရပေမယ့်
👉မြန်မာအချင်းချင်းလူသတ်မှုတွေလို့ခေါင်းစဉ်ပေးထားပါတယ်
“မြန်မာကို ဥပမာပေးထားတာတွေရပါတယ်”
彼らは常に護身用の武器を携帯している」日本人も他人事じゃない!ミャンマー人同士の殺人事件
❗️❗️
အကျဉ်းချုံးဘာသာပြန်ရရင်
👉သောက်စားပြီးမြန်မာအချင်းချင်းရန်ဖြစ်ရာမှာ
(၁)တိုကျိုမြို့ Shinjuku ရပ်ကွက် ကလပ်မှာရန်ဖြစ်ကာ ဝိုင်ပုလင်းကိုလက်နက်အဖြစ်နဲ့လူသတ်မှုအထိကျူးလွန်ခဲ့တဲ့မြန်မာနိုင်ငံသား ဇော်မျိုးထက် (၂၄)နှစ်နဲ့
(၂) Chiba စီရင်စု မှာနေအိမ်တွင် အရက်သောက်ပြီး လမ်းပေါ်ထွက်
ရန်ဖြစ်ရာမှ အိမ်သုံးဓားနဲ့လူသတ်မှုအဖြစ် ဖြစ်ပွါးခဲ့ကြတာကို ဥပမာပေးကာ သတင်းဆောင်းပါးရှင်က ရေးသားထားပါတယ်
(စာရှည်မှာစိုးလို့အရှည်မပြန်တော့ပါ)
“ဂျပန်လူမျိုးတွေကြားထဲမှာတောင် အရက်သောက်တဲ့ ပွဲတွေပါတီပွဲတွေဆိုတော့ မတူကွဲပြားတဲ့ အုပ်စုတွေကြား ရန်ပွဲတွေ မကြာခဏ ဖြစ်တတ်ပါတယ် ဒါပေမယ့် နိုင်ငံခြားသားတွေမလိုတော့ ဓားနဲ့ တခြားလက်နက်တွေ ကိုင်ဆောင်လာတဲ့ အဖြစ်အပျက်တွေ သိပ်မရှိကြပါဘူး”
“ဒါပေမယ့်နိုင်ငံခြားသားတွေက သူတို့နိုင်ငံတွင်းမှာ ကြုံဖူးတဲ့ အလေ့အထအတွေ့အကြုံတွေကြောင့် ဒီလို လက်နက်တွေ ကိုင်ဆောင်တာက သူတို့အတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး။လို့”လည်း
Kanagawa စီရင်စုရဲ စုံထောက်ဟောင်းနှင့် မှုခင်းသတင်းထောက် Ogawa Taihei က ရှင်းပြထားပါတယ်။

မြန်မာနိုင်ငံသားများအကြား အရက်မူးနေချိန်တွင်အငြင်းပွားမှု ဖြစ်ပွားပြီးနောက် တွင် ပြစ်မှုနှစ်ခုစလုံးကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြပြီးအဲဒီအထိမရည်ရွယ်ကြပါဘူးလို့လည်းတစိတ်တပိုင်းငြင်းဆိုနေကြပါတယ်
ဂျပန်တွင် လက်နက် အဖြစ်ကိုင်ဆောင်ခြင်းသည် ဥပဒေအရတရားမ၀င်ဟု လူများက သိထားသော် လည်း ဤစည်းမျဉ်းကို နိုင်ငံခြားသားများအသိုင်းအဝိုင်းတွင် လိုက်နာခြင်းမရှိပေ။ ဒီလိုနိုင်ငံခြားသားတွေကို ချဉ်းကပ်ပြီး စောင့်ကြည့်ရာမှာ ဂျပန်ရဲတွေက ကာလကြာရှည် ပေါ့ဆမှုရဲ့ ရလဒ်
လည်း ဖြစ်ပါတယ်။”လို့လည်းရဲအရာရှိကထပ်ဆိုပါတယ်တဲ့

“မကြာသေးမီနှစ်များအတွင်း နိုင်ငံခြားခရီးသွားအရေအတွက် တိုးများလာပြီး ဂျပန်နိုင်ငံမှာ အခြေချနေထိုင်တဲ့နိုင်ငံခြားသားဦးရေလည်း တိုးမြင့်လာတာကြောင့် နိုင်ငံခြားသားအသိုက်အဝန်းတွေ တိုးပွားလာနေပါတယ်။ ဆိုလိုတာကတော့ ဒီနိုင်ငံခြားသားအသိုင်းအဝိုင်းအတွင်း ရာဇ၀တ်မှုတွေ များလာပေမယ့် ဂျပန်ရဲတွေ၊ မီဒီယာတွေနဲ့ ပြည်သူတွေကတော့ ဒီကိစ္စကို သိပ်ဂရုမစိုက်ငတိမထားကြပါဘူး။

ဥပမာအားဖြင့်၊ ညဘက်တွင် လူစည်ကားသောနေရာများတွင် နိုင်ငံခြားသားများကြား ခိုက်ရန်ဖြစ်ပွားမှုများမှာ သေချာပေါက်ဖြစ်သည်။ ဒီလို မြင်ကွင်းမျိုး ကြုံလာရရင် စွက်ဖက်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ သူတို့သည် လက်နက်များ ကိုင်ဆောင်ထားနိုင်ပြီး ၎င်းတို့ကို တားဆီးဖမ်းမိရန် အန္တရာယ် အလွန်မြင့်မားသည်။ ဖြစ်နိုင်ရင် အခင်းဖြစ်ပွားရာကနေ ထွက်သွားပြီး ရဲကို ချက်ချင်းဆက်သွယ်တာ အကောင်းဆုံးပါပဲ။”

ကျွန်ုပ်တို့သည်(ဂျပန်တွေကိုညွန်းတာလို့ယူဆရ) ကျွန်ုပ်
တို့၏နေ့စဉ် နေထိုင်မှုတွင် အထူးသတိထားရန်အရေးကြီးကြောင်းကို ပို၍သတိပေးခံနေရသည်မှာ ထင်ရှားပါသည်။ဟု
ဆိုကာဆောင်းပါးကို အဆုံးသတ်ထားပါ
အနှစ်ချုပ်ကတော့ မြန်မာနိုင်ငံသားတွေသူ့နိုင်ငံရဲ့ဓလေ့သဘာဝ အရရန်ဖြစ်ရင်လက်နက်အဖြစ်သုံးတတ်ကြပြီးအဆုံးအထိလုပ်တတ်ကြတယ်ဆိုတာကို ဂျပန်လူမျိုးတွေသတိထားသင့်တယ်ဆိုပြီးရေးသားထားတာလို့မြင်မိပါတယ်

#ဂျပန်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


မင်းနန္ဒာလမ်း
Yangon
11241