PM Space

PM Space

Share

Content Writer | Storytelling
Helping you think deeper & grow stronger.

17/05/2026

Marketing နဲ့ Advertising ဘာကွာလဲ?

လူတော်တော်များများက ဒီနှစ်ခုကို တူတူပဲလို့ထင်တတ်ကြတယ်။
တကယ်တော့ သူတို့ရဲ့လုပ်ဆောင်ပုံက မတူဘူး။

Marketing ဆိုတာ
ဈေးကွက်ကိုနားလည်ဖို့၊ customer တွေရဲ့လိုအပ်ချက်ကိုသိဖို့၊ strategy ချဖို့လုပ်တဲ့ process တစ်ခုပါ။

Advertising ဆိုတာ
အဲ့ဒီ strategy ကို အသုံးချပြီး product/service ကို လူတွေဆီရောက်အောင် promote လုပ်တာပါ။

Marketing သမားတစ်ယောက် လုပ်ရတဲ့အရာတွေ

1. Market ကိုနားလည်ရမယ်
2. Research လုပ်ပြီး data ကို analyze လုပ်ရမယ်
3. Target Audience ကိုရှာရမယ်
4. Audience နဲ့ကိုက်ညီတဲ့ idea/design စဉ်းစားရမယ်
5. Plan တစ်ခုတည်ဆောက်ရမယ်

Advertising သမား လုပ်ရတဲ့အရာတွေ

1. ဘယ် platform မှာ promote လုပ်မလဲရွေးမယ်
2. Platform နဲ့ကိုက်ညီတဲ့ content ဖန်တီးမယ်

အလွယ်မှတ်ရရင်

Marketing က customer ကိုရှာပေးတယ်။
Advertising က message ကို customer ဆီပို့ပေးတယ်။

ဒီနေ့ Digital Content Marketing သင်ယူရင်း နားလည်လာတာလေး မျှဝေလိုက်ပါတယ်။

30/04/2026

Marketing ကို သေချာနားလည်ချင်လား? ဒီ 10P ကို သိထားရမယ်!
Marketing ဆိုတာ product တစ်ခုကိုရောင်းတာထက် ပိုပြီး system တစ်ခုလုံးကို စီမံခန့်ခွဲတာပါ။
အခြေခံအနေနဲ့
🔹 Product Marketing (4P)
Product – ဘာရောင်းမလဲ?
Price – ဘယ်လောက်နဲ့ရောင်းမလဲ?
Place – ဘယ်နေရာမှာရောင်းမလဲ?
Promotion – ဘယ်လိုကြော်ငြာမလဲ?
ဒါတွေက marketing ရဲ့ foundation ပါ။
🔹 Service Marketing (3P)
5. People – ဝန်ဆောင်မှုပေးတဲ့သူတွေ
6. Physical Evidence – Customer တွေမြင်နိုင်တဲ့အရာတွေ (shop, design, branding)
7. Process – ဝန်ဆောင်မှုပေးတဲ့ flow
Service business တွေအတွက် အရေးကြီးပါတယ်။
🔹 Additional Marketing (3P)
8. Public Opinion – လူထုရဲ့အမြင်
9. Political Power – Policy / law / authority
10. Partners & Stakeholders – မိတ်ဖက်တွေ၊ investment တွေ
ဒီပိုင်းတွေက brand တစ်ခု ကြီးလာတဲ့အခါ အရမ်းသက်ရောက်မှုရှိလာပါတယ်။
💡 Takeaway
Marketing က "ရောင်းချခြင်း" တစ်ခုပဲမဟုတ်ဘူး
👉 Customer experience တစ်ခုလုံးကို control လုပ်တာပါ။
📣 business သေးသေးလေးပဲဖြစ်ဖြစ်
ဒီ 10P ကိုနားလည်ထားရင် သူများထက်ခြေတစ်လှမ်းသာနေမှာပါ။

06/04/2026

"လူတွေက ကျွန်တော်တို့ရဲ့ အောင်မြင်မှုကိုပဲ မြင်ကြလိမ့်မယ်။ အဲဒီအောင်မြင်မှုနောက်ကွယ်က နေ့စဉ်လုပ်နေတဲ့ အသေးအမွှား အလေ့အကျင့်တွေကိုတော့ ဘယ်သူမှ သတိမထားမိကြပါဘူး။"
ဒီတစ်ခေါက်မှာတော့် "လူမသိသူမသိ တိတ်တဆိတ် အောင်မြင်နေသူတွေရဲ့ လျှို့ဝှက်ချက် ငါး ခုကို ပြောပြပေးသွားမှာပါ။
၁။"နေ့တိုင်း ၁ ရာခိုင်နှုန်းပဲ တိုးတက်အောင်လုပ်ပါ။
တစ်နှစ်ပြည့်တဲ့အခါ အရင်ကထက် ၃၇ ဆ ပိုတော်လာလိမ့်မယ်။ အောင်မြင်မှုဆိုတာ တစ်ညတည်းနဲ့ ဖြစ်လာတဲ့ ‘Miracle’ မဟုတ်ဘူး၊ နေ့တိုင်းထပ်ခါထပ်ခါ လုပ်ယူရတဲ့ ‘System’ တစ်ခုပဲ။"
၂။"ပန်းတိုင်ကိုပဲ အာရုံမစိုက်ပါနဲ့။
ကိုယ်ဖြစ်ချင်တဲ့ 'လူ' ဖြစ်အောင် အရင်ကြိုးစားပါ။ ဥပမာ- 'စာအုပ်ဖတ်ဖို့' ကြိုးစားတာထက် 'စာဖတ်သူတစ်ယောက်' ဖြစ်လာအောင် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်ပါ။ Identity ပြောင်းလဲခြင်းက အလေ့အကျင့်အသစ်တွေကို မြဲစေတယ်။
၄။"အလေ့အကျင့်အသစ်တစ်ခုကို အကောင်အထည်ဖော်ချင်ရင် အဟောင်းတစ်ခုနဲ့ တွဲလုပ်ကြည့်ပါ။
ဥပမာ - 'ကော်ဖီသောက်ပြီးတာနဲ့ ငါ စာတစ်မျက်နှာ ဖတ်မယ်။'
ဒီလိုမျိုး Link ချိတ်လိုက်တာက ဦးနှောက်ကို အလုပ်လုပ်ရ ပိုလွယ်ကူစေပါတယ်။"
၅။"Motivation (စိတ်ဓာတ်တက်ကြွမှု) ဆိုတာ ခဏတာပဲ။ တကယ်တမ်း လိုအပ်တာက Environment (ပတ်ဝန်းကျင်) ပါ။ ကိုယ့်ကို အာရုံနောက်စေမယ့်အရာတွေကို ဖယ်ရှားပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို မျက်စိရှေ့မှာ အမြဲရှိနေပါစေ။"

"ကိုယ့်ရဲ့ အသေးအမွှား အလေ့အကျင့်တွေက ကိုယ့်ကို ဘယ်လိုလူစားမျိုး လဲဆိုတာဖော်ပြနေပါတယ်။
ဒီလိုအလေ့အကျင့်ကောင်းတွေ တည်ဆောက်ဖို့အတွက် James Clear ရဲ့ Automic Habits
ဆိုတဲ့စာအုပ်လေးက အကူအညီပေးပါလိမ့်မယ်။
ဒီစာအုပ်လေးကို ကျွန်တော့်ရဲ့ို တဲ့ telegram channel လေးမှာအခမဲ့ဖတ်ရှုလို့ရနေပြီနော်။

Photos from PM Space's post 02/04/2026

SHWENOTE နဲ့စာဖတ်ပါ

Photos from PM Space's post 01/04/2026

“နှလုံးသားအဟာချို့တဲ့နေတဲ့ လူ့အဖွဲ့အစည်း”
ရသစာပေတွေက
တကယ်ပဲ မလိုအပ်တော့ဘူးလား…
ဝတ္ထုတစ်အုပ်က
လူတစ်ယောက်ဘဝကို ပြောင်းလဲနိုင်တယ်ဆို
ယုံမလား။
ကဗျာတစ်ပုဒ်က
လူတစ်ယောက်ရဲ့ ဒဏ်ရာကို
တိတ်တိတ်လေး ကုစားပေးနိုင်တယ်ဆို
လက်ခံမလား။
တစ်ခါတုန်းက
ကျွန်တော်တို့ကို အရမ်းပျော်စေခဲ့တဲ့
ရသစာပေတွေဟာ
အခုတော့
“အချိန်ဖြုန်းတာ” လို့ ခေါ်ခံနေရတဲ့ထိ
လူတွေ ဦးနှောက်အရမ်းသုံးလာကြပါတယ်။
ဟုတ်ပါတယ်
ဒီခေတ်မှာ
သင်ယူစရာတွေ အများကြီးရှိလာတယ်။
သိထားရမယ့်အရာတွေ မကုန်နိုင်ပါဘူး။
ဒါပေမယ့်
တကယ့် အရေးကြီးတဲ့လူသားစွမ်းရည်တွေတော့် ပျောက်ကွယ်သွားကြတယ်။
ခံစားနိုင်စွမ်း
ကိုယ်ချင်းစာနိုင်စွမ်း
လူတစ်ယောက်ဖြစ်နေတာရဲ့ အဓိပ္ပါယ်…
လူတွေက
knowledge ကိုပဲ စုဆောင်းနေကြတယ်။
feelings ကိုတော့ လျစ်လျူရှုလာကြတယ်။
ရသစာပေကို
“အချိန်ဖြုန်းတာ” လို့ မြင်လာတဲ့အထိ။
ဒါပေမယ့် စဉ်းစားကြည့်ပါ—
လူတစ်ယောက်ရဲ့ ခေါင်းထဲမှာ
“ဘာလုပ်ရမယ်”
“ဘယ်လိုအောင်မြင်မယ်”
ဆိုတာတွေပဲ ပြည့်နေပြီး
“ဘာကိုခံစားရမယ်” ဆိုတာ မရှိတော့ဘူးဆိုရင်…
အဲ့ဒီလူဟာ
လူတစ်ယောက်လား
ဒါမှမဟုတ်
စက်ရုပ်တစ်ရုပ်လား။
ဘာမဆို သိလွယ်
သင်လွယ်
တတ်လွယ်တဲ့ ခေတ်ထဲမှာ
လူသားတွေဟာ
“လူသားလိုနေဖို့” ကို
မေ့လာကြတယ်။
နည်းပညာနဲ့အတူ ကြီးလာတဲ့ မျိုးဆက်တွေကို
humanity ဆိုတာ ဘာလဲဆိုတာ
ပြန်သင်ပေးဖို့…
ရသစာပေတွေကို
ပိုလိုအပ်နေတယ်လို့
ကျွန်တော်တော့ ယုံတယ်။
လူကြီးမင်းတို့ရောဘယ်လိုမြင်ပါသလဲ
Comment မှာရေးခဲ့ပါ။

Photos from PM Space's post 31/03/2026

"အသက် ၂၀ ဆိုတာ ကစားပွဲစတဲ့ အရွယ်ပါ။ ဘယ်သူ့ရဲ့ ရုပ်သေးရုပ်မှ အဖြစ်မခံပါနဲ့။ 🔥

Photos from PM Space's post 30/03/2026

အသက် ၂၀-၂၁ အရွယ် လူငယ်တိုင်း ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုများ

29/03/2026

ကျွန်တော်အရင်ကဆို အရမ်းအားနာတတ်တယ် ဘာဖြစ်ဖြစ်သူအဆင်ပြေသွားရင်ပြီးတာပဲ၊ဒါလေးလုပ်ပေးလိုက်တာ ဘာမှအပန်းကြီးတာမှမဟုတ်တာ....
ခြုံပြောရ ရင် ကျွန်တော်က အမြဲတမ်း Yes ဆိုတဲ့စကားကိုပဲအမြဲသူံနေတတ်ပြီး No ဆိုတာကို ပြောဖို့၀န်လေးနေတတ်တဲ့သူပါ။
နောက်ဆုံးမှာ ကျွန်တော်သိလိုက်ရတာက ဒါဟာသိပ်ကိုအန္တရာယ်များတယ်ဆိုတာပါပဲ။
ဘာလို့ဆို လူတွေက လွယ်လွယ်ရ ရင် တန်ဖိုးမထားတတ်ကြတော့်လို့ပါ။ခင်ဗျားက သူတို့အတွက် လွယ်လွန်းနေရင် သူတို့က ခင်ဗျားကိုno respect ပါပဲ။လူတွေရဲ့လေးစားမှုကိုရဖို့ ကိုယ့်ရဲ့တန်ဖိုးကို လူတွေသတိထားမိစေဖို့ No ဆိုတဲ့စကားကို လိုအပ်တဲ့အချိန်မှာ ထုတ်သုံးတတ်ရပါမယ်။ဒီလောက်ပါပဲ တန်ဖိုးရှိတဲ့လူသားတွေဖြစ်နိုင်ကြပါစေ။

28/03/2026

စာအုပ်တွေကို ဝယ်ပြီး…
စာအုပ်စင်ပေါ်မှာပဲ တင်ထားတော့်မှာလား?

ကိုယ်က ဖတ်ချင်လို့
စိတ်၀င်စားလို့
စာအုပ်တစ်အုပ်ကို ဝယ်လိုက်တယ်…
ဒါပင်မဲ့
ကိုယ်ကပဲ
ငါ“အချိန်မရှိဘူး…”
ငါ“နည်းနည်းပင်ပန်းနေတယ်…
ဆိုပြီး မဖတ်ဖြစ်ကြဘူး
ဘာလို့လဲ?
အခုခေတ်မှာ
စာအုပ်ကိုဖွင့်ဖို့ဖတ်ထက်
ဖုန်းကို unlock လုပ်ဖို့ ပိုလွယ်နေလို့ပါ။
TikTok, Reels, Video Content တွေက
ကျွန်‌တော်တို့ရဲ့ အချိန်တွေကို
… တဖြည်းဖြည်း… ခိုးယူနေပါတယ်။
ဥပမာ
မိတ်ဆွေက
အလုပ်က ပြန်လာတယ်…
“အိမ်ရောက်ရင် စာဖတ်မယ်” လို့ plan ထားတယ်…
ဒါပင်မဲ့
အိမ်ရောက်ပြီး
“ခနလေးပါကွာ…” ဆိုပြီး ဖုန်းကိုင်လိုက်တယ်10မိနစ်၊10မိနစ်က‌‌နေတစ်နာရီ နောက်ဆုံး အချိန်မရှိတော့်လို့ နောင်မှလုပ်လဲရပါတယ်ဆိုပြီး မလုပ်ဖြစ်တော့်ပါဘူး။
အခုလိုsocial mediaခေတ် မှာ စာဖတ်စရာလိုသေးလို့လား
စာဖတ်တာဟာ အလကားမဟုတ်ပါဘူး
Neuroscience သုတေသနတစ်ခုအရ—
စာအုပ်ဖတ်တဲ့အချိန်မှာ
ဦးနှောက်ရဲ့ imagination
language
empathy
ဆိုင်ရာနေရာတွေ ပိုတက်ကြွလာပါတယ်
ဆိုလိုတာက—
စာဖတ်တာဟာ ဦးနှောက်အတွက် exercise တစ်ခုပါ။
Fiction ဖတ်တဲ့လူတွေက
တခြားလူရဲ့စိတ်ခံစားချက်ကို
ပိုနားလည်တတ်ကြပါတယ်
အခုခေတ်မှာ အရေးကြီးဆုံး skill တစ်ခုဖြစ်တဲ့
EQ (emotional intelligence) ကိုတောင်
စာဖတ်ခြင်းက တိုးတက်စေတယ်။
ပြီးတော့—
စာဖတ်တာက stress ကို 68% ထိလျော့ချပေးနိုင်ပါတယ်။ဒါက
music နားထောင်တာ
လမ်းလျှောက်တာထက်တောင်
ပိုထိရောက်ပါတယ်။
Why Readers are Attractive
ဘာလို့
စာဖတ်တဲ့လူနဲ့ စကားပြောရတာ
ပိုစိတ်ဝင်စားဖို့ကောင်းတာလဲ? Up
အဖြေက ရိုးရှင်းတယ်—
သူတို့ vocabulary ကြွယ်ဝတယ်
အတွေးအမြင်နက်ရှိုင်းတယ်
စကားပြောတဲ့အခါ depth ရှိတယ်။
ဒါဆို… စာဖတ် habit ကို ဘယ်လိုတည်ဆောက်မလဲ?
အရေးကြီးဆုံးက motivation မဟုတ်ပါဘူး—
system ပါ။
တစ်နေ့ကို
၁နာရီ မလိုပါဘူး…
မိနစ်30လား ဆယ့်ငါးမိန်စလား
အဆင်ပြေပါတယ်။
ဒါပင်မယ့် ပုံမှန်နေ့တိုင်းဖတ်နေဖို့တော့်လိုပါတယ်။
စာဖတ်တာဟာ “အလုပ်” မဟုတ်ဘူး
entertainment တစ်ခု လို့ သဘောထားပြီးဖတ်ပါ
ကိုယ်စိတ်ဝင်စားတဲ့စာကိုပဲ ဖတ်ပါ။
စာအုပ်တွေက ၀ယ်ဖတ်ဖို့
ဈေးကြီးတယ် ငါတို့က ဖတ်နေဖို့အချိန်မရှိဘူးဆိုရင်
online မှာShweNote လိုမျိုး
app တွေကို သုံးလို့ရပါတယ် ။audio book တွေလဲ အများကြီးရှိပါတယ်။ အခုပဲ စာဖတ်တဲ့အလေ့အကျင့်ကို စတင်ကြည့်လိုက်ပါကျွန်တော် ပြောတဲ့အကြောင်းအရာတွေက
မိတ်ဆွေတို့အတွက် အသုံးဝင်တယ်ဆိုရင်—
နောက်ထပ်ဗဟုသုတတွေကို
follow လုပ်ဖို့ မမေ့ပါနဲ့။သိချင်တဲ့အကြောင်းအရာလေးတွေရှိရင်လဲ comment မန့်ခဲ့လို့ရပါတယ်။

27/03/2026

တစ်နေ့မှာ တစ်ကြိမ်လောက်တော့်
ဘယ်တော့မှ၀င်လာမှာမဟုတ်တဲ့ဖုန်းကိုမျှော်မိမယ်။

ကိုယ့်အတွက်မဟုတ်တဲ့ notification တွေ message တွေကို စောင့်မိမယ်။

ဒီလိုနဲ့ အရင်ကအချိန်တွေထဲမှာ ကိုယ့်ကိုယ်ကို
ပိတ်လှောင်မိသွားတတ်ကြပါတယ်။

ဒါဟာ သိပ်ကိုဆိုးရွာပါတယ်
ကိုယ့်ကိုယ်ကိုပိတ်ပင်လိုက်တာပါပဲ

အချိန်တစ်ခုထိ ခံစားခွင့်ရှိပါတယ်။ဒါပေမယ့် အချိန်ကြာရင်ကြာသလောက် ကုန်သွားတဲ့အချိန်တွေက နှမျောစရာပါ။

သေချာစဉ်းစားကြည့်ပါ အခုချိန်မှာ
သူပြန်လာမယ်ဆိုခင်ဗျားတကယ်လက်ခံနိုင်အုန်းမလာ:..

ကိုယ့်ကိုယ်ကိုမညာပါနဲ့။သေချာပေါက် တွေဝေနေပါလိမ့်မယ်။ဒါသဘာ၀ပါပဲ

လူတွေက အတူရှိခဲ့ဘူးတဲ့ မှတ်ဉာဏ်တွေ
နဲ့ ဟိုး အရင်က သူ့ရဲ့ပုံစံကိုပဲ ပြန်လိုချင်ကြတာပါ

ဒါပေမယ့်
ဒါဟာမဖြစ်နိုင်တော့်ဘူးဆိုတာလဲ သိပါတယ်။

အရှိကိုလက်ခံလိုက်ပါ အသစ်တွေရောက်လာပါလိမ့်မယ်။
ဘယ်အရာမှအစွန်းရောက်တာမကောင်းပါဘူး

လွှတ်ချသင့်တဲ့အရာကိုလွှတ်ချပါ။
ဘ၀ကတိုတိုလေးလေးပါ မိတ်‌ေဆွ အရမ်းအပင်ပန်းမခံပါနဲ့ keep moving...on

ကျွန်တော့်ရဲ့စာလေးကိုဖတ်ပြီး အတွေးသစ်ပေါ်လာတယ်ဆို comment မှာရေးခဲ့ပါ။ page လေးကိုလဲ follow ထားနော်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon