Dr. Moe Yeik Htin

Dr. Moe Yeik Htin

Share

IGCSE, A level, GED, IB, OSSD

28/01/2026

💥💥 96,000 kyats
💥💥 only until January 31st

စာမေးပွဲနီးမှ ရင်မမောရအောင် အခုကတည်းက ပြင်ဆင်ထားလိုက်ပါ
💢💢 IGCSE Biology online classes (Edexcel & CIE)
Revision & past papers practice
for 2026 May-June exam

💥💥💥 Dr.မိုးရိပ်ထင်ရဲ့ စာသင်သက် နှစ် ၂၀ ပြည့် အမှတ်တရ
20% discount
96,000 kyats per month

Edexcel ⏰ Monday, Tuesday 5:30 - 7 pm
CIE ⏰ Wednesday, Thursday 7:30 - 9 pm

Mock tests စစ်ပြီး feedback ပေးပါမယ်
စာမေးပွဲအတိုင်း အပြင်မှာ စာရွက်နဲ့ရေးဖြေကျင့်ချင်တဲ့ကလေးများ ကျောက်တံတား/ကမာရွတ်မြို့နယ်မှာ လာဖြေနိုင်ပါတယ်
Human Bio တက်ချင်တဲ့ကလေးများ အချိန်စုံစမ်းနိုင်ပါတယ်

Page messenger
017507612
095039645 (phone, viber, telegram)

01/01/2026

Happy New Year 🎊
နှစ်သစ်မှာ အေးချမ်းကြပါစေ
ပညာရေးရည်မှန်းချက်များ အောင်မြင်ပြည့်ဝကြပါစေ
အမှတ်တွေလည်း အများကြီးရကြပါစေ 🥰

26/12/2025

(IAS level)
The cell membrane determines which molecules can enter or leave a cell.
Which pair of membrane transport mechanisms only involves a solute moving down a concentration gradient?
A. active transport and diffusion
B. active transport and osmosis
C. diffusion and facilitated diffusion
D. facilitated diffusion and osmosis

Telegram channel မှာ quiz ဖြေပြီး အဖြေမှန်ကို ကြည့်နိုင်ပါတယ်
https://t.me/drmoeyh/56

25/12/2025

ဝမ်းသာခြင်း လွမ်းဆွတ်ခြင်းများနှင့် Merry Christmas
☃️🎄🎊

ဒေါက်တာမိုးရိပ်ထင် သင်တန်းအနေနဲ့ တပည့်တွေရဲ့ ပညာရေး ခြေလှမ်းတွေကို ကူညီခဲ့တာ နှစ်ပေါင်းများစွာတောင် ရှိခဲ့ပါပြီ။

ဒေါက်တာမိုးရိပ်ထင်ရဲ့ တပည့်တွေဟာ Secondary education ပြီးလို့ တက္ကသိုလ် ကောလိပ်တွေမှာ တက်ရောက်တာလည်း တော်တော်များနေပြီလို့ ပြောရပါလိမ့်မယ်။
ဒါပေမယ့် တက္ကသိုလ် သွားတက်တော့မယ်၊ သားတို့ သမီးတို့ နိုင်ငံခြားသွားတော့မယ်လို့ လာနှုတ်ဆက်တိုင်းလည်း စိတ်မကောင်းဖြစ်ရတာ အကြိမ်ကြိမ်ပါ။ သူတို့ဘဝ ပညာရေးတက်လမ်းအတွက် ရှေ့ဆက်လျှောက်သွားတာကို ဝမ်းသာပေမယ့် ခွဲခွာရတာကိုတော့ အခုအချိန်အထိ ကျင့်သားမရသေးဘူးလို့ ဆိုရပါမယ်။

ခရစ္စမတ်အချိန်အခါဆိုတာ မိသားစုတွေ ရင်းနှီးသူတွေ တစ်စုတစ်ဝေးတည်း ရှိကြရတဲ့ အချိန်ဆိုတော့ လက်ရှိ တပည့်တွေသာမက တပည့်ဟောင်းတွေ အားလုံးကိုလည်း အထူးပဲ သတိတရ လွမ်းဆွတ်ကြောင်း တပည့်ချစ်တစ်ယောက်ချင်းစီကို အလေးအနက် ပြောကြားလိုပါတယ်။

ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ Merry Christmas ပါ ကလေးတို့.
ရှေ့ဆက်လျှောက်မယ့် ပညာရေးခရီးမှာလည်း ထူးချွန်ကြပါစေ။ အောင်မြင်ကြပါစေ။ ရည်မှန်းချက် ပြည့်ဝကြပါစေ။
ဆရာပြည့် + တီချယ်မို့

23/12/2025


A single-celled organism has chloroplasts, a cell wall and a nucleus.
Which kingdom is this organism placed in?
A. fungus
B. plant
C. prokaryote
D. protoctist

Telegram channel မှာ quiz ဖြေပြီး အဖြေမှန်ကို ကြည့်နိုင်ပါတယ်
https://t.me/drmoeyh/50

22/12/2025

Economics Question:
Explain the difference between public goods and merit goods.

အဖြေကို telegram channel မှာ ကြည့်နိုင်ပါတယ် 👇
https://t.me/drmoeyh/53

21/12/2025

🍎🍎 Intermittent Fasting လုပ်ရန် နည်းလမ်း(၆)သွယ်

မကြာသေးမီနှစ်များအတွင်း ခေတ်စားလာတာကတော့ Intermittent fasting (IF) ခေါ် အချိန် အပိုင်းအခြားဖြင့် အစားမစားဘဲနေတဲ့ နည်းလမ်းဖြစ်ပါတယ်။

ဒီနည်းကို ကိုယ်အလေးချိန်လျှော့ဖို့၊ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်များ ကောင်းမွန်စေဖို့ လုပ်ဆောင်လာကြတာ ဖြစ်ပြီး အသက်ရှည်နိုင်တဲ့အထိ ကောင်းကျိုးပေးနိုင်လိမ့်မယ်လို့ ယူဆလာကြပါတယ်။

Intermittent fasting မှာ နည်းလမ်းအမျိုးမျိုး ရှိတာကြောင့်လည်း လူကြိုက်များလာရခြင်း ဖြစ်ပါတယ်။ နည်းလမ်းတိုင်းက ထိရောက်မှုရှိပြီး ဘယ်နည်းက ထိရောက်မှု အရှိဆုံးလဲ ဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။

Intermittent fasting အတွက် လူကြိုက်များတဲ့ နည်းလမ်း (၆)ခုကို ဖော်ပြပေးလိုက်ပါတယ်။

🍎 ၁။ The 16/8 Method (တစ်နေ့လျှင် ၁၆ နာရီ အစာမစားခြင်း)

ဒီနည်းလမ်းမှာ တစ်နေ့လျှင် ၁၄ နာရီမှ ၁၆ နာရီ အစာမစားဘဲနေပြီး အစာစားချိန်ကို ၈ နာရီမှ ၁၀ နာရီ အတွင်းသာ ထားရှိခြင်း ဖြစ်ပါတယ်။
အစားစားချိန် ၈-၁၀ နာရီ အတွင်းမှာ ၂ နပ်၊ ၃ နပ်မက စားနိုင်ပါတယ်။
ဒီနည်းလမ်းကို Leangains protocol ဟုလည်း ခေါ်ပြီး fitness expert တစ်ဦးဖြစ်သူ Martin Berkhan ကြောင့် လူသိများခဲ့ခြင်း ဖြစ်သည်။

ဒီနည်းလမ်းက ရိုးရိုးရှင်းရှင်းပဲ ဖြစ်ပြီး ညစာ စားပြီးချိန်မှစ၍ ဘာမှမစားတော့ဘဲ နောက်နေ့ မနက်စာကိုပါ မစားခြင်းဖြစ်သည်။ ဥပမာ - ညစာကို ည ၈ နာရီမှာ စားပြီးလျှင် နောက်နေ့ မွန်းတည့်ချိန်အထိ ဘာမှမစားဘဲ နေလိုက်ပါက အစာမစားဘဲနေချိန် ၁၆ နာရီ ရှိသွားမည်ဖြစ်သည်။

အမျိုးသမီးများမှာ fasting လုပ်ချိန်နည်းလျှင် ပိုကောင်းသောကြောင့် ၁၄ နာရီမှ ၁၅ နာရီ အတွင်းသာ အစာမစားဘဲနေရန် အကြံပြုထားပါတယ်။

မနက်ခင်းမှာ ဗိုက်ဆာတတ်ပြီး မနက်စာ စားလေ့ရှိသူများအတွက် ဒီနည်းလမ်းက ခက်ခဲနိုင်ပါတယ်။

အစာမစားတဲ့အချိန်အတွင်းမှာ ဗိုက်ဆာတဲ့အခါ ရေ၊ ကော်ဖီနဲ့ အခြား ကယ်လိုရီမပါတဲ့ အရည်များကို သောက်သုံးနိုင်ပါတယ်။

အစားစားတဲ့အချိန် ၁၀ နာရီခန့် အတွင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို အဓိကထားပြီး စားဖို့က အရမ်းအရေးကြီးပါတယ်။ ကယ်လိုရီအရမ်းများတဲ့ အစားအသောက်တွေနဲ့ Junk food တွေကို အများကြီး စားမယ်ဆိုရင်တော့ ဒီနည်းလမ်းက အကျိုးထူးမှာ မဟုတ်ပါဘူး။

🍎 ၂။ The 5:2 diet (တစ်ပတ်လျှင် ၂ ရက် အစာလျှော့စားခြင်း)

5:2 diet ဆိုတာ တစ်ပတ်မှာ ၅ ရက် ပုံမှန်စားပြီး ၂ ရက်မှာ ကယ်လိုရီ ၅၀၀-၆၀၀ စီသာ စားတာ ဖြစ်ပါတယ်။ ဒီနည်းကို The Fast Diet လို့လည်း ခေါ်ပြီး ဗြိတိန် သတင်းစာဆရာ Michael Mosley ကြောင့် လူသိများလာခဲ့တာ ဖြစ်ပါတယ်။

အစားလျှော့စားတဲ့နေ့တွေမှာ အမျိုးသမီးများက ကယ်လိုရီ ၅၀၀ စားပြီး၊ အမျိုးသားများက ကယ်လိုရီ ၆၀၀ စားရန် အကြံပြုထားပါတယ်။

5:2 diet ကို စမ်းသပ်ထားတဲ့ လေ့လာမှုတွေတော့ မရှိသေးပါဘူး။ Intermittent Fasting ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာထားတာတွေတော့ အများကြီး ရှိပါတယ်။

ဆက်လက်ဖော်ပြပါမည်။
Dr.M
11 February 2020

17/12/2025


Farmers sometimes use biological control to reduce the damage to their crops caused by pests such as insects.
Which of these is an advantage of using biological control over chemical control?
A. it lasts a short time
B. it leads to bioaccumulation
C. it is specific
D. it is quicker

Telegram channel မှာ quiz ဖြေပြီး အဖြေမှန်ကို ကြည့်နိုင်ပါတယ်
https://t.me/drmoeyh/49

12/12/2025

စာမေးပွဲနီးမှ ရင်မမောရအောင် အခုကတည်းက ပြင်ဆင်ထားလိုက်ပါ
💢💢 IGCSE Biology online classes (Edexcel & CIE)
Revision & past papers practice
for 2026 May-June exam

💥💥💥 Dr.မိုးရိပ်ထင်ရဲ့ စာသင်သက် နှစ် ၂၀ ပြည့် အမှတ်တရ
20% discount
96,000 kyats per month

Edexcel ⏰ Monday, Tuesday
CIE ⏰ Tuesday, Friday

Mock tests စစ်ပြီး feedback ပေးပါမယ်
စာမေးပွဲအတိုင်း အပြင်မှာ စာရွက်နဲ့ရေးဖြေကျင့်ချင်တဲ့ကလေးများ ကျောက်တံတား/ကမာရွတ်မြို့နယ်မှာ လာဖြေနိုင်ပါတယ်

Human Bio တက်ချင်တဲ့ကလေးများ အချိန်စုံစမ်းနိုင်ပါတယ်
Telegram 👉 https://t.me/drmoeyh
Page messenger
017507612
095039645 (phone, viber, telegram)

11/12/2025


Identify the cell component that transports substances inside the cell.
A. cell membrane
B. cytoplasm
C. endoplasmic reticulum
D. ribosomes

Telegram channel မှာ quiz ဖြေပြီး အဖြေမှန်ကို ကြည့်နိုင်ပါတယ်
https://t.me/drmoeyh/48

09/12/2025


Which mineral ion is found in haemoglobin?
A. calcium
B. iron
C. magnesium
D. sodium

Telegram channel မှာ quiz ဖြေပြီး အဖြေမှန်ကို ကြည့်နိုင်ပါတယ်
https://t.me/c/2310471443/95

09/12/2025

Spicy food တွေ အမြဲစားတဲ့အခါ
🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶

အစပ်အရသာကို လူတိုင်းနီးပါးကြိုက်ကြပါတယ်။ ထမင်းစားရင် အစပ်ကလေးတစ်ခုခုမှမပါတဲ့အခါ ထမင်းစားမကောင်းတတ်ကြပါဘူး။ အခုနောက်ပိုင်းမှာတော့ spicy food တွေ ပိုပြီးခေတ်စားလာပါတယ်။ ကလေးမုန့်တွေကအစ spicy ဖြစ်လာပါတယ်။ ကျောင်းသားတွေကြားမှာလည်း အစပ်ကို ဘယ်လောက်စားနိုင်တာဆိုပြီး ဂုဏ်ယူပြီး အပြိုင်အဆိုင် စားလာကြပါတယ်။ အစပ်မစားနိုင်တဲ့သူဆိုရင် ခေတ်မမီတော့သလိုမျိုးအထိပါပဲ။

မုန့်ဆိုင်တွေမှာလည်း spicy snacks တွေ နေရာယူလာပါတယ်။ အလွယ်တကူဝယ်လို့ရတဲ့မုန့်တွေက အစပ်တွေဖြစ်နေတဲ့အတွက်လည်း ပိုစားဖြစ်လာပါတယ်။ ရေပန်းစားလာတာတွေကလည်း spicy food တွေများပါတယ်။ မာလာဟင်းကနေ မာလာရှမ်းကော၊ မာလာမောက်ချိုက်၊ မာလာထန်တို့လို အစားအစာတွေ နာမည်ကြီးလာပါတယ်။ ကြက်ကြော်ဆိုလည်း spicy ပဲ။ ကလေးတွေ အလွယ်တကူဝယ်စားလေ့ရှိတဲ့ ခေါက်ဆွဲထုပ်တွေကလည်း spicy တွေပဲ များပါတယ်။

ငရုတ်သီးမှာပါတဲ့ capsaicin (ကပ်ပ်စီယာစင်)ဓာတ်က လျှာပေါ်မှာ ပူတဲ့အရသာ ရစေတာဖြစ်ပါတယ်။ အဲဒီအခါမှာ ပူတာကိုသက်သာစေဖို့အတွက် ဦးနှောက်က endorphins ကို ထုတ်ပေးတဲ့အပြင် dopamine ကိုလည်း ထုတ်ပေးပါတယ်။ ဒီဓာတ်တွေက ပျော်ရွှင်တဲ့ခံစားမှုကို ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ပူပူစပ်စပ် အစားအစာတွေကို နှစ်ခြိုက်ကြတာဖြစ်ပါတယ်။

ငရုတ်သီးမှာပါတဲ့ capsaicin ရဲ့ နောက်ထပ်ကောင်းကျိုးတွေက နှလုံးရောဂါ၊ သွေးတိုးနဲ့ လေဖြတ်နိုင်ခြေတို့ကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် အလွန်အကျွံစားရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အစပ်စားတာအရမ်းများရင် ပထမဆုံး ဒုက္ခပေးမှာက အစာအိမ်ပါ။ အစပ်တွေက အစာအိမ်ကထွက်တဲ့ အက်ဆစ်ကို ပိုများစေလို့ အစာအိမ်ရဲ့ အတွင်းနံရံရောင်ပြီး အနာဖြစ်လာပါမယ်။ အဲဒီအခါမှာ ဗိုက်နာတာ၊ ရင်ပူတာ၊ လေပွတာ၊ ပျို့တာ၊ အန်တာတွေ ဖြစ်လာပါမယ်။

ပြီးရင်တော့ အစပ်စားတာများရင် အူထဲမှာ လှုပ်ရှားမှုတွေများပြီး ဝမ်းလျှောနိုင်ပါတယ်။ နောက်တစ်ခုက ညစာစားတဲ့အခါ spicy food တွေ များသွားရင် ရင်ပူ၊ အစာအိမ်လေပွ၊ ဗိုက်ကယ်ပြီး မသက်မသာဖြစ်တတ်တဲ့အတွက် အိပ်မပျော်ဖြစ်နိုင်ပါတယ်။

ဒါကြောင့် spicy food တွေကို အသင့်အတင့်သာစားဖို့ လိုပါတယ်။ အစပ်ကြိုက်တဲ့သူတွေလည်း အရမ်းစပ်တဲ့အစားအသောက်ကို အမြဲမစားဖို့ သတိထားသင့်ပါတယ်။ အထူးသဖြင့် ကလေးတွေရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းက နုနယ်တဲ့အတွက် အစာအိမ်ရောဂါမဖြစ်ရလေအောင် ဂရုစိုက်ပေးဖို့လိုပါတယ်။

အခုနောက်ပိုင်းမှာ spicy food အစားများလို့ ဆေးခန်းရောက်တဲ့ကလေးတွေ ပိုများလာတဲ့အတွက် ကျောင်းမှာ မုန့်ဝယ်စားတဲ့အခါ သတိထားဖို့နဲ့ အစပ်ကို လိုတာထက်အများကြီးပိုစားရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ပြောပြထားပေးသင့်ပါတယ်။ ကျောင်းသားတွေအနေနဲ့လည်း အထက်ပါရောဂါလက္ခဏာတွေ ဖြစ်လာခဲ့ရင် မိဘအုပ်ထိန်းသူများကို ပြောပြဖို့နဲ့ ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အစာအိမ်ရောဂါဖြစ်ပြီး အချိန်မီ မကုရင် အစာအိမ်ကင်ဆာ၊ အစာအိမ်သွေးကြောပေါက်တာမျိုးအထိ ဖြစ်နိုင်တဲ့အတွက် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးလိုက်ရပါတယ်။

ကျန်းမာပျော်ရွှင်အောင်မြင်ကြပါစေ
Dr. မိုးရိပ်ထင်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00