10/01/2024
2024 နှစ်စမှာ ကြိုးစားကြည့်သင့်တဲ့ Scholarship များ
ကဲ Listies လေးတို့ရေ.... 2024 ကိုရောက်တာဆိုရင်တော့ဖြင့် တစ်ပတ်တောင်ကျော်သွားခဲ့ပြီပဲနော်....🫣
ျှောက်ဖို့ ဘယ်ကစပြင်ရမလဲမသိတဲ့သူတွေအတွက်
https://m.facebook.com/story.php?story_fbid=1404844850147417&id=100018657475838
ဒီတစ်ပတ်အတွင်းမှာ Scholarship လျှောက်ဖို့ အပြင်းထန်ကြိုးစားနေကြတဲ့ Listies လေးတွေအတွက် Opportunity တွေကို ရှာဖွေမွှေနှောက်ရင်းနဲ့ပဲ အချိန်မကုန်ရလေအောင် Try ကြည့်သင့်တဲ့ Scholarship Program တွေအားလုံးကို တစ်နေရာတည်းမှာ စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။
◽◽◽◽◽◽◽
🌟 Prospect Burma 🇲🇲
🎯 Type: Fully-Funded ✅
🎯 Level: Undergraduate, Master or Ph.D
🚨 Deadline: January 31, 2024
ပထမဦးဆုံးအနေနဲ့ Listies လေးတို့နဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ Prospect Burma ရဲ့ 2024/2025 intake လေးကို လျှောက်ကြည့်ဖို့ အကြုံပြုပါရစေ။ Organization ကသတ်မှတ်ထားတဲ့ တက္ကသိုလ်တွေကို Fully-Funded လျှောက်လို့ရတဲ့အပြင်၊ ကိုယ်၀င်ခွင့်ရထားပြီးသား ကျောင်းအတွက်လည်း ကျောင်းလခ လျှောက်ထားလို့ရပါတယ်။
📌 Scholarship နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ လျှောက်တဲ့အခါမှာ လိုအပ်တဲ့ Requirement တွေကို ဒီကနေကြည့်ပါ။
https://students.prospectburma.org/scholarships/guidance-notes/
◽◽◽◽◽◽◽
🌟 Child's Dream Scholarship 🇹🇭
🎯 Type: Fully-Funded ✅
🎯 Level: Undergraduate
🚨Deadline: February 15, 2024
နောက်တစ်ခုကလည်း တော်တော်များများ ရင်းနှီးပြီးသားဖြစ်တဲ့ Child's Dream Scholarship ပါ။
ဒါကတော့ ထိုင်းနိုင်ငံမှာ ပညာသင်လိုတဲ့ Undergraduate Level Student တွေအတွက် Fully-Funded ပေးတဲ့ Scholarship Program တစ်ခုပါ။
မြန်မာကျောင်းသားတွေအများစုလည်း ရကြပြီး၊ Field တော်တော်များများက Major အများကြီးကို လျှောက်နိုင်တာမလို့ သေချာပေါက်ကို Try ကြည့်သင့်တဲ့ Scholarship တစ်ခုပါ။
📌 အသေးစိတ်သိချင်တယ်ဆိုရင်တော့.....
https://m.facebook.com/story.php?story_fbid=1399720727326496&id=100018657475838&mibextid=UyTHkb
◽◽◽◽◽◽◽
🌟 ASEAN-MayBank Scholarship
🎯 Type: Fully-Funded ✅
🎯 Level: Undergraduate
ဒါကတော့ Maybank Foundation နဲ့ ASEAN Secretarist တို့ပူးပေါင်းပြီးပေးအပ်တဲ့၊ ဒီနိုင်ငံမှာတော့ လူသိနည်းတဲ့ Scholarship ပဲဖြစ်ပါတယ်။ လူသိနည်းတယ်ဆိုပေမဲ့လည်း ကျောင်းလခ၊ နေစရိတ်၊ စားစရိတ် အသုံးဆောင်အစုံအလင်အပြင်ကို Laptop တစ်လုံးပါ ထောက်ပံ့ပေးပါတယ်။ ပိုမိုက်တာကတော့ ASEAN အဖွဲ့၀င်နိုင်ငံသားတွေအတွက်ပဲ သီးသန့်ဖြစ်ပြီးတော့ AUN Member အရှေ့တောင်အာရှရဲ့ ထိပ်တန်းတက္ကသိုလ်ပေါင်း သုံးဆယ်ကို လျှောက်လို့ရတာပါ။ 2024 အတွက်ကတော့ မကြေငြာသေးပေမဲ့ နှစ်စဉ် February or March လောက်မှာ ဖွင့်လေ့ရှိတာမလို့ ကြိုတင်ပြင်ဆင်ထားလို့ရအောင် ဖော်ပြပေးတာပဲဖြစ်ပါတယ်။
📌 အဲ့အတွက်လည်း လိုအပ်တဲ့ information အသေးစိတ်ကို ဒီကနေကြည့်လို့ရပါတယ်။
http://www.maybankfoundation.com/index.php/what-we-do/our-pillars/education/item/asean-maybank-scholaship-programme
◽◽◽◽◽◽◽
🌟 EBA Scholarship (Chulalongkorn University) 🇹🇭
🎯 Type: Fully-Funded ✅
🎯 Level: Undergraduate
🚨 Deadline: March 27, 2024
ထိုင်းနိုင်ငံရဲ့ Ranking No.1 တက္ကသိုလ်ဖြစ်တဲ့ Chulalongkorn University ကနေပေးအပ်တဲ့ Scholarship ပါ။ ဘန်ကောက်မြို့အလယ်မှာရှိတာကြောင့် တက်တဲ့ကျောင်းသားတွေအနေနဲ့ City Life အရသာအပြည့်အ၀နဲ့ စာသင်ကြားခွင့်ရမှာပါ။ အားသာချက်ကတော့ English Proficiency level အတွက် IELTS, TOEFL, Duolingo, SAT, ACT စတာတွေတော်တော်များများနဲ့လည်း လျှောက်လို့ရတာပါပဲ။ ဒါ့အပြင် ကျောင်းလျှောက်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ ကိုယ့်ရဲ့ English Proficiency Level ကိုမြှင့်ချင်တယ်ဆိုရင်တော့ ကိုထွန်းလင်းရဲ့ IELTS Ready အတန်းလေးကို လှမ်းလာခဲ့ဖို့ပါ တစ်ခါတည်းကြော်ငြာ၀င်ပါရစေ။ 💥 https://m.facebook.com/story.php?story_fbid=1408884019743500&id=100018657475838&mibextid=UyTHkb
📌 Apply Here: http://www.eba.econ.chula.ac.th/admission/announcement
◽◽◽◽◽◽
🌟 WMI Scholar Program 🌏
🎯 Type: Partially-Funded
🎯 Level: Undergraduate
🚨 Deadline: March 1, 2024
အရှည်ကောက် The Wells Mountain Foundation Scholarship ဆိုတဲ့ ဒီ Program လေးကတော့ ဖွံ့ဖြိုးဆဲနိုင်ငံက ကျောင်းသားကျောင်းသူလေးတွေအတွက် သူတို့ရဲ့ ပညာရေးခရီးကိုရှေ့ဆက်နိုင်ဖို့ရာ တစ်စိတ်တစ်ပိုင်း ထောက်ပံ့ပေးတဲ့ Program တစ်ခုပဲဖြစ်ပါတယ်။ ဘယ် Undergraduate Program အတွက်မဆို လျှောက်လို့ရပြီး၊ အိမ်နီးချင်းနိုင်ငံ ဒါမှမဟုတ် Home Country အတွက်ပဲ ထည့်သွင်းစဉ်းစားပေးမှာပါ။ နှစ်တိုင်း လူအယောက်ငါးဆယ်စာလောက် ထောက်ပံ့ပေးတာဖြစ်လို့ ရနိုင်ချေလည်းများတဲ့ Scholarship တစ်ခုပါ။
📌 အသေးစိတ်ကိုတော့ ဒီကနေဖတ်ပါ။ https://www.wellsmountaininitiative.org/prospective-scholars/
◽◽◽◽◽◽◽
🌟 Amgen Scholar Program 🇸🇬 🇨🇳 🇯🇵
🎯 Type: Fully-Funded ✅
🎯 Level: Undergraduate Research Program
🚨 Deadline: February 1, 2024
ဒါကတော့ ဘွဲ့ကြို ဘွဲ့လွန် Level မျိုးမဟုတ်ပေမဲ့လည်း၊ University to Tokyo & Kyoto University(Japan), National University of Singapore, Tsinghua University (China) ဆိုတဲ့ ထိပ်တန်း တက္ကသိုလ်ကြီးတွေမှာ နှစ်လတာ သွားရောက်ပြီး လေ့လာနိုင်မဲ့ Research Program တစ်ခုဖြစ်တာမလို့၊ လက်လွှတ်မခံသင့်တဲ့ကြောင်း ဖော်ပြပေးလိုက်ရတာပါ။ အထူးသဖြင့် Science ကိုစိတ်၀င်စားတဲ့ ကျောင်းသားတွေအတွက်ပါ။
📌 အသေးစိတ်ကိုတော့ https://amgenscholars.com/asia-program/
◽◽◽◽◽◽◽
🌟 The Government of Brunei Darussalam Scholarship 🇧🇳
🎯 Type: Fully-Funded ✅
🎯 Level: Undergraduate
🚨 Deadline: February 15, 2024
ဒါကတော့ ဘရူနိုင်းအစိုးရကပေးတဲ့ Scholarship ပါ။ လူသိနည်းပေမဲ့လည်း အစိုးကနေ ကျောင်းစတက်တည်းကနေ ကျောင်းပြီးတဲ့အထိ တစ်ပြားမှ အကုန်ခံစရာမလိုအောင်ကို စားစရိတ်၊ Health Insurance ကအစ လုံး၀ ပြည့်ပြည့်စုံစုံထောက်ပံ့ပေးတာ ဖြစ်တဲ့အပြင်ကို ဘရူနိုင်းရဲ့ ထိပ်တန်းတက္ကသိုလ်ငါးခုမှာ တက်ရောက်နိုင်တာကြောင့် သေချာပေါက်ကို Worth a Shot ပါ။
📌 အသေးစိတ်ဖတ်ချင်တယ်ဆိုရင်တော့ https://m.facebook.com/story.php?story_fbid=1407578703207365&id=100018657475838&mibextid=UyTHkb
◽◽◽◽◽◽
🌟 KKU Scholarship 🇹🇭
🎯 Type: Fully-Funded ✅
🎯 Level: Master, Ph.D
🚨 Deadline: January 31, 2024
ဒါကတော့ Master or Doctoral Degree တက်ရောက်ချင်သူတွေအတွက်ပါ။ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ Khon Karen University ကနေပေးအပ်တာဖြစ်ပြီးတော့ မြန်မာနိုင်ငံကကျောင်းသားတွေလည်း နှစ်တိုင်းနီးပါး ရနေကျဖြစ်ပါတယ်။
📌 Apply Here: https://iad.kku.ac.th/gms_scholarships_app/
ဒီလိုကျောင်းတွေလျှောက်ရာမှာ လိုအပ်မဲ့ Notary Service ကိုလည်း ကိုထွန်းလင်းကနေ ၀န်ဆောင်မှုပေးနေတယ်နော်။ https://bitly.ws/399Lq
◽◽◽◽◽◽◽
🌟 UMP's Rector Scholarship 🇮🇩
🎯 Type: Fully-Funded ✅
🎯 Level: Undergraduate
🚨 Deadline: January 31, 2024
နောက်ဆုံးတစ်ခုအနေနဲ အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်ကနေ International Student တွေအတွက် Offer လုပ်ပေးတဲ့ Fully-Funded Scholarship ကိုလျှောက်ကြည့်ဖို့အကြံပေးချင်ပါတယ်။ ကျောင်းလခ၊ နေစားစရိတ်တွေအပြင်၊ Indonesia ဘာသာစကားအတွက် ငါးလကြာ Free Course ပါ ထပ်ပေါင်းပေးသွားဦးမှာပဲဖြစ်ပါတယ်။
📌 For More information: https://m.facebook.com/story.php?story_fbid=1404817406816828&id=100018657475838&mibextid=UyTHkb
◽◽◽◽◽◽◽
ခြုံငုံပြီးပြောရရင်တော့ ဒီအပိုင်းမှာ အရှေ့တောင်အာရှတစ်ဝိုက်မှာ ပညာသင်ယူလို့ရနိုင်မဲ့ အခွင့်လမ်းတွေကို အဓိကထားပြီး ဖော်ပြပေးခဲ့တာပါ။ လာမဲ့ Part-2 မှာတော့ Exchange Program တွေနဲ့၊ US, Europe တစ်လျှောက်မှာ ပညာသင်ကြားနိုင်မဲ့ Opportunity တွေကို စုစည်းပြီးတော့ ဖော်ပြပေးသွားပါ့မယ်။ ဒါကြောင့် ကိုထွန်းလင်းရဲ့ Page လေးကို Like လုပ်ထားပြီး၊ Telegram Channel လေးကိုလည်း Join ထားပေးကြဖို့ မမေ့နဲ့ဦးနော်။
🔔 https://t.me/ctrllist 🔔