Little Steps with Thet Hnin

Little Steps with Thet Hnin Big dreams start with little steps 👣

Today in our Summer Fun English Class, students learned about different jobs and enjoyed fun activities together. 👩‍⚕️👨‍...
08/03/2026

Today in our Summer Fun English Class, students learned about different jobs and enjoyed fun activities together. 👩‍⚕️👨‍🍳👩‍🏫

Everyone participated actively, and I’m very proud of my students for speaking up and sharing their ideas in class.

Learning English can be fun when we learn together! 🌟

Today was the first day of our Summer Fun English Class 💛Seeing the students smile, speak confidently, and enjoy learnin...
01/03/2026

Today was the first day of our Summer Fun English Class 💛
Seeing the students smile, speak confidently, and enjoy learning English made my heart so happy.
We learned through games, speaking activities, and teamwork — because learning English should be fun! 🌈

Looking forward to more Sundays together ✨

📣 Summer English Class – Registration ClosedSummer English Class အတွက် သတ်မှတ်ထားတဲ့ ကျောင်းသားဦးရေ ပြည့်သွားပြီဖြစ်တဲ့ ...
24/02/2026

📣 Summer English Class – Registration Closed

Summer English Class အတွက် သတ်မှတ်ထားတဲ့ ကျောင်းသားဦးရေ ပြည့်သွားပြီဖြစ်တဲ့ အတွက်ကြောင့် registration ကို ပိတ်လိုက်ပါပြီရှင့်၊၊ English Class ကို စိတ်ဝင်စားပြီး စာရင်းပေးထားသော မိဘများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ စာရင်းပေးထားတဲ့ ကျောင်းသားတွေကိုလဲအသေးစိတ်အချက်အလက်များကို မကြာမီ ပို့ပေးပါမယ်ရှင့်၊၊ 🍀ဒီတစ်ခါ မတက်လိုက်ရတဲ့ ကျောင်းသားတွေကိုလဲ နောက်ထပ် သင်တန်းအသစ်တွေ ထပ်ဖွင့်ပေးမှာဖြစ်လို့ စိတ်ဝင်စားရင် Page ကို Follow လုပ်ထားပေးပါအုန်းနော် ၊၊
Let’s continue learning together 🌸

မကြာခင် ကလေးတိုင်း စောင့်မျှော်ကြတဲ့ 🌤 နွေရာသီ ကျောင်းပိတ်ရှည် ရောက်လာတော့မယ်နော်… ငယ်ငယ်တုန်းက ကျောင်းပိတ်ရင် သူငယ်ချင်းတွေနဲ့ ခွဲရလို့ စိတ်မကောင်းဖြစ်မိပေမယ့် နွေရာသီ English စာသင်တန်း တက်ရတဲ့ အချိန်တွေကိုတော့ အရမ်းပျော်ခဲ့တာပဲ 💛
အခု အသက်ကြီးလာပြီး ကိုယ်တိုင် ဆရာမဖြစ်လာတဲ့အချိန်မှာတော့ နွေရာသီရောက်တိုင်း အဖြစ်ချင်ဆုံး ဆန္ဒက — ကလေးတွေကို Free English Class ဖွင့်ပေးပြီး ကိုယ်သိထားတာတွေကို မျှဝေပေးချင်တာပါ ✨
ဒါကြောင့်…
🌈 March လက စပြီး May လအကုန်အထိ
🌞 Summer Free English Class ကို ဖွင့်ပေးဖို့ စီစဉ်ထားပါတယ်။

📅 Every Sunday
⏰ 10:00 AM – 11:30 AM
💻 Zoom Online Class
👧👦 Age: 10 – 15

ဒီသင်တန်းမှာ…

📌 Course book နဲ့ သင်တယ်ဆိုတာထက်
📌 ကလေးတွေက 4 Skills (Listening, Speaking, Reading, Writing) နဲ့ ပိုရင်းနှီးအောင်
📌 Grammar ကို ပျင်းစရာမဖြစ်အောင် Activity-based နဲ့
📌 Game Activities, Speaking Practice, Creative Tasks တွေစီစဉ်ထားပါတယ်

ရည်ရွယ်ချက်ကတော့ ကလေးတွေ English ကို မကြောက်တော့ဘဲ ယုံကြည်မှုရှိရှိ ပြောနိုင်ဖို့ပါ 💛

🎟 Free Class ဖြစ်ပြီး Seats Limited ဖြစ်ပါတယ်ရှင့် ၊၊

📌 စာရင်းပေးရန် – https://docs.google.com/forms/d/e/1FAIpQLSfWOY61gwKS1JYgobBjN7C0sY9NJq0ut-l1vsv8E8j3YGyErg/viewform?usp=publish-editor

နွေရာသီကို ပျော်ရွှင်ပြီး အကျိုးရှိစေဖို့ အတူတူ လေ့လာကြမယ်နော် 🌞✨

နောက်တစ်ပတ်ဆိုရင် သင်တန်းစတော့မှာဖြစ်လို့ဒီရက်ပိုင်းအတွင်းမှာ သင်တန်းကို Register လုပ်လို့ရသေးတယ်နော် ၊၊Google Form ကနေ ...
22/02/2026

နောက်တစ်ပတ်ဆိုရင် သင်တန်းစတော့မှာဖြစ်လို့
ဒီရက်ပိုင်းအတွင်းမှာ သင်တန်းကို Register လုပ်လို့ရသေးတယ်နော် ၊၊

Google Form ကနေ စာရင်းပေးလို့ရသလို
Formဖြည့်လို့ အဆင်မပြေရင်လဲ Page Messenger ကနေ စာပို့ထားပြီး စာရင်းပေးထားလို့လဲ ရပါတယ်ရှင့် ၊၊

မကြာခင် ကလေးတိုင်း စောင့်မျှော်ကြတဲ့ 🌤 နွေရာသီ ကျောင်းပိတ်ရှည် ရောက်လာတော့မယ်နော်… ငယ်ငယ်တုန်းက ကျောင်းပိတ်ရင် သူငယ်ချင်းတွေနဲ့ ခွဲရလို့ စိတ်မကောင်းဖြစ်မိပေမယ့် နွေရာသီ English စာသင်တန်း တက်ရတဲ့ အချိန်တွေကိုတော့ အရမ်းပျော်ခဲ့တာပဲ 💛
အခု အသက်ကြီးလာပြီး ကိုယ်တိုင် ဆရာမဖြစ်လာတဲ့အချိန်မှာတော့ နွေရာသီရောက်တိုင်း အဖြစ်ချင်ဆုံး ဆန္ဒက — ကလေးတွေကို Free English Class ဖွင့်ပေးပြီး ကိုယ်သိထားတာတွေကို မျှဝေပေးချင်တာပါ ✨
ဒါကြောင့်…
🌈 March လက စပြီး May လအကုန်အထိ
🌞 Summer Free English Class ကို ဖွင့်ပေးဖို့ စီစဉ်ထားပါတယ်။

📅 Every Sunday
⏰ 10:00 AM – 11:30 AM
💻 Zoom Online Class
👧👦 Age: 10 – 15

ဒီသင်တန်းမှာ…

📌 Course book နဲ့ သင်တယ်ဆိုတာထက်
📌 ကလေးတွေက 4 Skills (Listening, Speaking, Reading, Writing) နဲ့ ပိုရင်းနှီးအောင်
📌 Grammar ကို ပျင်းစရာမဖြစ်အောင် Activity-based နဲ့
📌 Game Activities, Speaking Practice, Creative Tasks တွေစီစဉ်ထားပါတယ်

ရည်ရွယ်ချက်ကတော့ ကလေးတွေ English ကို မကြောက်တော့ဘဲ ယုံကြည်မှုရှိရှိ ပြောနိုင်ဖို့ပါ 💛

🎟 Free Class ဖြစ်ပြီး Seats Limited ဖြစ်ပါတယ်ရှင့် ၊၊

📌 စာရင်းပေးရန် – https://docs.google.com/forms/d/e/1FAIpQLSfWOY61gwKS1JYgobBjN7C0sY9NJq0ut-l1vsv8E8j3YGyErg/viewform?usp=publish-editor

နွေရာသီကို ပျော်ရွှင်ပြီး အကျိုးရှိစေဖို့ အတူတူ လေ့လာကြမယ်နော် 🌞✨

မကြာခင် ကလေးတိုင်း စောင့်မျှော်ကြတဲ့ 🌤 နွေရာသီ ကျောင်းပိတ်ရှည် ရောက်လာတော့မယ်နော်… ငယ်ငယ်တုန်းက ကျောင်းပိတ်ရင် သူငယ်ချင်...
20/02/2026

မကြာခင် ကလေးတိုင်း စောင့်မျှော်ကြတဲ့ 🌤 နွေရာသီ ကျောင်းပိတ်ရှည် ရောက်လာတော့မယ်နော်… ငယ်ငယ်တုန်းက ကျောင်းပိတ်ရင် သူငယ်ချင်းတွေနဲ့ ခွဲရလို့ စိတ်မကောင်းဖြစ်မိပေမယ့် နွေရာသီ English စာသင်တန်း တက်ရတဲ့ အချိန်တွေကိုတော့ အရမ်းပျော်ခဲ့တာပဲ 💛
အခု အသက်ကြီးလာပြီး ကိုယ်တိုင် ဆရာမဖြစ်လာတဲ့အချိန်မှာတော့ နွေရာသီရောက်တိုင်း အဖြစ်ချင်ဆုံး ဆန္ဒက — ကလေးတွေကို Free English Class ဖွင့်ပေးပြီး ကိုယ်သိထားတာတွေကို မျှဝေပေးချင်တာပါ ✨
ဒါကြောင့်…
🌈 March လက စပြီး May လအကုန်အထိ
🌞 Summer Free English Class ကို ဖွင့်ပေးဖို့ စီစဉ်ထားပါတယ်။

📅 Every Sunday
⏰ 10:00 AM – 11:30 AM
💻 Zoom Online Class
👧👦 Age: 10 – 15

ဒီသင်တန်းမှာ…

📌 Course book နဲ့ သင်တယ်ဆိုတာထက်
📌 ကလေးတွေက 4 Skills (Listening, Speaking, Reading, Writing) နဲ့ ပိုရင်းနှီးအောင်
📌 Grammar ကို ပျင်းစရာမဖြစ်အောင် Activity-based နဲ့
📌 Game Activities, Speaking Practice, Creative Tasks တွေစီစဉ်ထားပါတယ်

ရည်ရွယ်ချက်ကတော့ ကလေးတွေ English ကို မကြောက်တော့ဘဲ ယုံကြည်မှုရှိရှိ ပြောနိုင်ဖို့ပါ 💛

🎟 Free Class ဖြစ်ပြီး Seats Limited ဖြစ်ပါတယ်ရှင့် ၊၊

📌 စာရင်းပေးရန် – https://docs.google.com/forms/d/e/1FAIpQLSfWOY61gwKS1JYgobBjN7C0sY9NJq0ut-l1vsv8E8j3YGyErg/viewform?usp=publish-editor

နွေရာသီကို ပျော်ရွှင်ပြီး အကျိုးရှိစေဖို့ အတူတူ လေ့လာကြမယ်နော် 🌞✨

မိဘတွေရဲ့ မျက်စိရှေ့မှာ ပျော်နေတဲ့ ကလေးတစ်ယောက်က သူ့ရဲ့ အတွင်းစိတ်ထဲမှာတော့ စိတ်မကောင်းဖြစ်တာ ၊ မပျော်ရွှင်တာ ဖြစ်နိုင်ပ...
09/11/2025

မိဘတွေရဲ့ မျက်စိရှေ့မှာ ပျော်နေတဲ့ ကလေးတစ်ယောက်က သူ့ရဲ့ အတွင်းစိတ်ထဲမှာတော့ စိတ်မကောင်းဖြစ်တာ ၊ မပျော်ရွှင်တာ ဖြစ်နိုင်ပါသလား?❗️

ဖြစ်နိုင်ပါတယ်နော် ၊၊ ကလေးတွေက သူတို့ ခံစားနေရတဲ့ စိတ်ခံစားချက်တွေ ( ဥပမာ- ဝမ်းနည်းတာ ၊ စိတ်မကောင်းတာ) ကို ထုတ်မပြပဲ ဖုံးကွယ်ထားပြီး အပြင်ပန်းမှာ အမြဲ ပျော်ရွှင်တဲ့ ကလေးတစ်ယောက်အနေနဲ့ နေပြတဲ့ အခြေအနေကို Masking လို့ခေါ်ပါတယ် ၊၊

~ ဒီလို အခြေအနေမျိုးကို Preschool တက်တဲ့ ကလေး ( ၃နှစ်ကနေ - ၅ နှစ် အတွင်း) အရွယ်မှာ တွေ့ရလေ့ရှိပါတယ်၊၊ ဒီအရွယ်မှာ ကလေးတွေက

- စကားလုံးတွေနဲ့သူတို့ရဲ့ စိတ်ခံစားချက်ကို သေချာလေး မပြောပြ၊ မဖော်ပြတတ်သေးတာကြောင့် သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဖုံးကွယ်ထားတာပါတယ် ၊၊

- တခါတလေမှာ မိဘတွေက ကလေးတွေ ဝမ်းနည်းစရာ ၊ စိတ်တိုစရာနဲ့ ကြုံလာရင် “မငိုရဘူး ၊ ငိုရင် မေမေ၊ဖေဖေက မချစ်တော့ဘူး ၊ ဆိုးတယ်” လို့ ပြောလေ့ရှိရင် ကလေးဟာ သူ့စိတ်ခံစားချက်တွေကို မဖော်ပြတော့ပဲ ဖုံးကွယ်ထားတတ်ပါတယ် ၊၊
(ဥပမာ- စာသင်ခန်းမှာ စိတ်မပျော်​ပေမယ့် မေမေ၊ဖေဖေက ဆူမှာကြောက်လို့ ၊ မလိမ်မာဘူးပြောမှာကြောက်လို့ ပြုံးနေသလို ပြတတ်တယ်။)

ကလေးတွေ Masking လုပ်တာရေရှည်မှာဆိုရင်တော့

(၁) သူတို့ရဲ့ စိတ်ခံစားချက် အစစ် အမှန်ကို သိတော့မှာမဟုတ်ပါဘူး ၊၊
(၂) ကလေးရဲ့ emotional growth ကိုလဲ ထိခိုက်နိုင်ပါတယ်၊၊
(၃) ကလေးက ကြာလာတဲ့အခါမှာ စိတ်ဖိစီးတာတွေဖြစ်နိုင်ပါတယ် ၊၊

ကလေးတွေကို ဘယ်လို ကူညီပေးလို့ရလဲ ??

(၁) ကလေးတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကို စကားလုံးနဲ့ သေချာ မဖော်ပြနိုင်သေးလို့ Masking လုပ်တတ်တာကြောင့် ကလေးကို Emotion တွေ ၊Feeling နဲ့ ပတ်သတ်တဲ့ စကားလုံးတွေ များများပြောပြဖို့က လိုအပ်ပါတယ် ၊၊ ဒါမှသာလျှင် သူ့စိတ်ခံစားချက်ကို သေချာဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ် ၊၊

(၂) Emotions make us human ဆိုတဲ့အတိုင်း စိတ်ခံစားချက်တွေရှိလို့ လူသားဆန်နေတာဖြစ်ပါတယ် ၊၊ မဟုတ်ရင် ခံစားချက် မရှိတဲ့ စက်ရုပ်လူသားတွေဖြစ်သွားမှာပေါ့နော် ၊၊ ဒါကြောင့် ကလေးရဲ့ Emotions တွေ အားလုံးကို လက်ခံပေးကြရပါမယ် ၊၊ကလေးရဲ့ ဖြစ်တည်မှုကိုလဲ လက်ခံပေးကြရမယ်နော် ၊၊

(၃) ကလေးနဲ့ မိဘရဲ့ကြားထဲမှာ ခိုင်မာတဲ့ relationship တခုရှိဖို့ဆိုတာကလဲ အရမ်းကို အရေးကြီးပါတယ် ၊၊ ကလေးတွေကို အချိန်ပေးဖို့ ၊ တူတူဆော့ပေးဖို့ ၊ ချစ်ခြင်း မေတ္တာ နွေးထွေးမှုတွေ ပေးဖို့ကလဲ လိုအပ်ပါတယ် ၊၊ ဒီလိုအခါမှာလဲ တသတ်မတ်တည်းဖြစ်ဖို့က အရေးကြီးပါတယ် ၊၊ တစ်နေ့ ၊ တစ်ရက်ထဲ လုပ်လို့မရပါဘူး ၊၊ ဒါမှသာလျှင်လဲ မိဘနဲ့ သားသမီးကြား strong ဖြစ်တဲ့ relationship တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ် ၊၊

(၄) ကလေးက တစ်ခုခုရင်ဖွင့်တဲ့အခါမှာလဲ ကိုယ်က Good listener ဖြစ်ပေးဖို့ကလဲ အရမ်း အရေးကြီးပါတယ် ၊၊ သေချာလေးနားထောင်ပေးဖို့ဆိုတာကလဲ လိုအပ်ပါတယ် ၊၊

ဒီစာဖတ်နေရင်း Masking လုပ်နေတဲ့ သားသမီးလေးတစ်ယောက်ကို သတိထားမိပါက သူ့စိတ်ကို နားထောင်ပေးပြီး ‘It’s okay to feel sad’ လို့ ပြောပေးကြပါ။ 💕”
အဆုံးထိဖတ်ပေးကြတဲ့ တစ်ဥိီးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင် ၊၊ 🫶🙆‍♀️

ကလေးတွေက ငယ်တဲ့အခါမှာ ဘယ်လို ကစားကြပါလိမ့် ၊၊ 🤔🤔🤔 ကစားတဲ့အခါမှာရော ကလေး အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ၊ တိုးတက်မှုတွေ ရှ...
13/10/2025

ကလေးတွေက ငယ်တဲ့အခါမှာ ဘယ်လို ကစားကြပါလိမ့် ၊၊ 🤔🤔🤔

ကစားတဲ့အခါမှာရော ကလေး အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ၊ တိုးတက်မှုတွေ ရှိပါသလဲ ??

ကလေးတွေ ကစားခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေ၊ တိုးတက်မှုတွေ အများကြီးရှိပါတယ် ၊၊

ရရှိလာမယ့် အကျိုးကျေးဇူးအချက်တချို့တွေက -
🧠 ဉာဏ်ရည်တိုးတက်မှု – စူးစမ်းလေ့လာနိုင်ခြင်း

🗣 စကားပြောစွမ်းရည် ၊ လူမှုရေးတိုးတက်မှု

💪 ခန္ဓာကိုယ်လှုပ်ရှား တိုးတက်မှု

❤️ စိတ်ခံစားချက်ထိန်းချုပ်တတ်လာခြင်း

🌱 တီထွင်ဖန်တီးမှု တိုးတက်ခြင်း တို့ပဲဖြစ်ပါတယ် ၊၊

ပုံတစ်ပုံချင်းစီရဲ့ အောက်မှာ အသေးစိတ်ရေးပေးထားပါတယ် ၊၊

Page ရဲ့ ပထမဆုံး Post ကို ဘာအကြောင်းတင်ရင် ကောင်းမလဲတွေးရင်းနဲ့ မ်ိဘတိုင်း ၊ ကလေးတိုင်း ကြုံတွေ့ရ ၊ ဖြတ်ကျော်ရတဲ့ Terrib...
05/10/2025

Page ရဲ့ ပထမဆုံး Post ကို ဘာအကြောင်းတင်ရင် ကောင်းမလဲတွေးရင်းနဲ့ မ်ိဘတိုင်း ၊ ကလေးတိုင်း ကြုံတွေ့ရ ၊ ဖြတ်ကျော်ရတဲ့ Terrible Two အကြောင်းလေးပဲရေးဖြစ်သွားပါတယ် ၊၊ ✍️✍️

Terrible Two stage က ကလေးလေးတွေရဲ့ အသက်၂ နှစ်ဝန်းကျင်လောက်ကနေ အသက် ၃ နှစ်မတိုင်မီမှာ ဖြစ်ပေါ်လာတတ်တဲ့ ကလေးလေးတွေရဲ့ milestone တစ်ခု ၊ emotional development တစ်ခုပဲဖြစ်ပါတယ် ၊၊ ဒီကာလတွေမှာဆိုရင် ကလေးလေးတွေက စကားလဲ သေချာမပြောတတ် ၊ သူတို့ရဲ့ ခံစားချက် ၊ ဖြစ်ချင်တာတွေကို သေချာမပြောနိုင်သေးတဲ့အပြင် တခုခုဆိုရင်လဲ ကိုယ်တိုင်လုပ်ချင်တာလေးတွေရှိလာတော့ စိတ်အလိုမကျဖြစ်တတ်တာလေးတွေ ၊ tantrum တွေ ၊ တခါတလေမှာ အော်တာ ၊ အရမ်းငိုတာတွေဖြစ်လာတတ်ပါတယ် ၊၊ ဒါသည် မိဘက မှားနေလို့ ကလေးက မှားနေလို့ ဆိုတာ မဟုတ်ပါဘူးနော် ၊၊ ကလေးတိုင်း ဖြတ်ကျော်ရတဲ့ Stage တခုဖြစ်ပါတယ် ၊၊ ဒီကာလမှာ မိဘတွေရဲ့ ကလေးအပေါ်ချဉ်းကပ်ပုံကလဲ အရမ်း အရေးကြီးပါတယ် ၊၊

၁၊၊ ကလေး က စိတ်အရမ်းဆိုးတဲ့ အခါမှာ လူကြီးက ကလေးရဲ့ စိတ်နဲ့ ဆန့်ကျင့်ဘက်မှာ ရှိနေပေးဖို့က အရမ်းကိုမှ အရေးကြီးပါတယ် ၊၊ ကလေးက စိတ်တိုလို့ လူကြီးကပါ စိတ်ဆိုးပြီး အော်လိုက်တာမျိုးရင် ကလေးနဲ့ မိဘကြားက connection ပြတ်တောက်သွားနိုင်ပါတယ် ၊၊ ဒါကြောင့် ကလေးတွေကို ပိုပြီး စိတ်ရှည်ပေးကြရပါမယ်နော် ၊၊

၂၊၊ ကလေးကို ‘ No ‘ 🙅‍♀️ ဆိုတာကို သိခွင့်ပေးပါ ၊၊ ငိုခွင့်ပေးပါ ၊၊ တခါတလေ ကလေးက တခုခုလိုချင်လို့ အော်တာ ငိုတာမျိုးဆိုရင် မိဘ တွေ အနေနဲ့က လုပ်ပေးလို့ မရတဲ့ အခါမှာမျိုးမှာ ကလေးကို ‘ No ‘ဆိုတာကို ပြတ်ပြတ်သားသားပြောပြပေးဖို့လိုအပ်ပါတယ် ၊၊ ဒီလိုမှမဟုတ်ပဲ ကလေးက အရမ်းငိုလို့ဆိုပြီး ဒီတစ်ခါတော့ လုပ်ပေးလိုက်ပါမယ်လေ ဆိုပြီး လုပ်ပေးလိုက်တဲ့အခါမှာ ကလေးက ငိုလဲ ရတာပါလားလေ ဆိုပြီး နောက်လဲ လိုချင်တာရှိရင် ငိုပါလိမ့်မယ် ၊၊ ဒါကြောင့် အစထဲက ပေးလို့မရတာဆိုရင် No ဆိုတာကို သိခွင့်ပေးပါ ၊၊ ဒါ့အပြင် Consistent ရှိဖို့ဆိုတာကလဲ အရမ်းအရေးကြီးပါတယ် ၊၊ နောက်တစ်ခုက မေမေက No ပြောထားတဲ့အခါမှာ ဖေဖေကလဲ No ဆိုတာကို ပြောပြပေးဖို့ကလဲ လိုပါတယ် ၊၊ ဒီလိုမှ မဟုတ်ပဲ မေမေကတော့ မရဘူးဆိုပြီး ဖေဖေကတော့ ပေးလိုက်တာမျိုးဆိုရင် နောက်ဆိုရင် စည်းကမ်းချမှတ်ဖို့ရာလဲ ခက်ခဲသွားပြီး ဖေဖေ့ကိုပဲ ချစ်တယ် ၊၊ မေမေ့ကို မချစ်ဘူးဆိုတာမျိုး ဖြစ်လာတတ်ပါတယ် ၊၊

၃၊၊ ကလေး အရမ်းငိုတဲ့အခါမှာ နေရာပြောင်းပေးဖို့ environment ပြောင်းပေးဖို့က လိုအပ်ပါတယ် ၊၊
ဥပမာ - ကလေးက ဧည့်ခန်းထဲမှာ ငိုနေရင် ခြံထဲချီခေါ်သွားတာ ၊ အိမ်ခန်းထဲခေါ်သွားတာမျိုးလုပ်ပေးလို့ရပါတယ်။ ကလေးတွေ အတွက် Safe Environment ဖန်တီးပေးဖို့ကလဲ အရမ်း အရေးကြီးပါတယ် ၊၊

၄၊၊ ကလေးကို ဘယ်တော့မှ နာမည်မတပ်ပါနဲ့ ၊၊ သူရဲ့ Emotion ကိုသာ နာမည်တပ်ပေးပါ ၊၊

ကလေးက အရမ်းငိုတဲ့အခါ ၊ စိတ်တအားဆိုးတဲ့အခါမှာ ဒီကလေးက ဆိုးလိုက်တာ ၊ လူဆိုးပဲဆိုတာမျိုး ပြောခြင်းကို ရှောင်ရပါမယ်နော် ၊၊ 🚫🚫ကလေးတွေက လူကြီးတွေပြောတာကို ကောင်းတာ ၊ ဆိုးတာတွေကို အမြဲ နားထောင် မှတ်ယူနေကြတာမို့ သူတို့လေးတွေက ကိုယ်ပြောတဲ့အတိုင်းဖြစ်လာတတ်ကြပါတယ် ၊၊
( သက်နှင်းရဲ့ ကိုယ်တွေ့ အတွေ့အကြုံနဲ့ ချိန်ထိုးပြောပြရရင် သက်နှင်းကို အရမ်းရိုးသားတယ် ပွင့်လင်းတယ်ဆိုပြီး ပြောတဲ့ အမ တစ်ယောက်နဲ့ ကြုံဖူးတယ် ၊၊ ကိုယ်တခါတလေ သူ့ရှေ့မှာ လိမ်မိသလို တခုခုဆိုရင်တောင် အော် ငါက ရိုးသားတာပဲ အမှန်တိုင်းပြောလိုက်ပါမယ်လေဆိုပြီး ကိုယ့်စိတ်ကို ပြန်ထိန်းလာနိုင်ခဲ့ပါတယ် ၊၊ )
ဒီတော့ တခုခုဆို ကလေးရဲ့ ခံစားချက်ကိုသာ နာမည်တပ်ပေးကြပါမယ်နော် ၊၊
ဥပမာ - ကလေးက အရုပ်မရလို့ စိတ်ဆိုးပြီး ငိုနေတာမျိုးဆို သမီးက အရုပ်မရလို့ ဝမ်းနည်းတာ ၊ စိတ်ဆိုးတာ မေမေသိတယ်နော် ၊၊ ဒါပေမယ့် မေမေပေးလို့မရလို့ပါ ၊၊ သမီးလေး ငိုချင်ငိုလို့ရတယ်နော် ဆိုပြီး ပြောပြပေးလို့ရပါတယ် ၊၊

စာလေးကို အဆုံးထိ ဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလဲ ကျေးဇူးတင်ပါတယ် ၊၊ 🍀🍀✨

02/10/2025

✨ Hello! အားလုံးပဲ မင်္ဂလာပါရှင် 🙋‍♀️
သက်နှင်းပါ 🌿

သက်နှင်း ကိုယ်တိုင်က ကိုယ်လေ့လာထားတွေ ၊ကိုယ်သိထားတဲ့ knowledge တွေကို လက်တွေ့မှာ ပြန်အသုံးမချ ၊ Sharing မလုပ်ရင် မေ့သွားနိုင်တာ ၊ အကျိုးမရှိတာကို လက်ခံထားတာသူဖြစ်တဲ့အပြင် ဒီရက်ပိုင်းလဲ စာရေးချင်စိတ်တွေဖြစ်လာတာမို့ ဒီ Page ကို စပြီး run ဖြစ်တာပါ ၊၊ ✍️✨

အဓိက ရေးချင်တဲ့ အချက်တွေက ကိုယ်အမြဲ လေ့လာဖြစ်နေတဲ့ Parenting tips တွေ ၊ ကလေးတွေရဲ့ Developments တွေရယ် ၊ Young Learner English သင်တဲ့ အကြောင်းတွေပါပဲ ၊၊ ကိုယ်စာရေးချင်တဲ့ topic တွေ အကြောင်းတွေးမိတာနဲ့ တနေ့တာ ပင်ပန်းတာတွေပါ အကုန်ပျောက်ကုန်တာကတော့ ကိုယ်တိုင်အံ့ဩမိတဲ့ အချက်ပါပဲ ။ 🤭

ကိုယ့်အတွက်လဲ စာရေးတဲ့အခါမှာ Motivationရလာပြီး စာဖတ်တဲ့သူတွေလဲ တခုခုရသွားအောင်တော့ Sunday တိုင်းတော့ Post တင်နိုင်အောင် အကောင်းဆုံးကြိုးစားပါတော့မယ် ၊၊ 💪🌻

အရင်တုန်းက စာရေးတာနဲ့ပတ်သတ်ရင် “မလုပ်နိုင်လောက်ဘူး” ထင်ထားတာကနေနည်းဆုံးတော့ ငါလုပ်နိုင်ခဲ့ပြီဆိုပြီးတော့ ကိုယ့်ပါကို တွေးနိုင်တာပေါ့ 🫶🫶🫶

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Little Steps with Thet Hnin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category