Education Knowledge

Education Knowledge

Share

Industrial chemistry

24/11/2023
Photos from Education Knowledge's post 07/11/2023

Myanmar 🇲🇲🇲🇲🇲🇲

01/11/2023

#တန်ဖိုးဆိုတာ

တပည့်တစ်ယောက်က ဆရာ့ရဲ့အိမ်မှာ
အလှငါးမွေးမှန်လှောင်အိမ်လေးကို
သန့်ရှင်းရေးလုပ်ရင်း arowanaဆိုတဲ့
အပြာရောင်ငါးကလေးကို စူးစိုက်ပြီး
ကြည့်နေခဲ့တယ်...

အဲဒီအချိန်မှာ သူ့ရဲ့ဆရာဖြစ်သူက
အနောက်ကနေ သူ့အား ရပ်ကြည့်နေတာကို
သူမသိရှာဘူး...

ဒီငါးဟာ အဖိုးဘယ်လောက်တန်မယ်
မင်းထင်လဲ...

ကျွန်တော် မသိဘူးဆရာ...

အေ...ဒါဆိုမင်း အိမ်နီးခြင်းတွေကို
သွားရောင်းကြည့်ပါလား...
ဒါပေမဲ့ မရောင်းနဲ့ဦး ပေးနိူင်တဲ့စျေးကိုအရင်မေးပြီးပြန်လာခဲ့...

ဟုတ်ကဲ့ပါဆရာ...ဆိုပြီး
ငါးပုံလေးကိုရိုက်ကာ အိမ်နီးခြင်းတွေကိုဘယ်လောက်ပေးနိူင်လဲလို့
သူဟာသွားပြပြီး ဆရာ့ဆီပြန်လာခဲ့တယ်...

သူဟာ အိမ်နီးခြင်းတွေက
150ဘတ် ပေးတယ်ဆိုပြီး ကျေနပ်တဲ့လေသံနဲ့
ဆရာ့ကို
အကျိုးအကြောင်းပြန်ပြောပါတယ်...

ကိုင်း...ဒါဆို မင်း အလှမွေးငါး
ရောင်းတဲ့ဆိုင်ကိုသွားရောင်းကြည့်လို့
ဆရာကထပ်စေခိုင်းပြန်တယ်...

သူဟာ ဆရာခိုင်းတဲ့အတိုင်း
ထပ်သွားရောင်းပြီး
ဆရာ့ကို 1500ဘတ် ပေးတယ်ဆိုတဲ့အကြောင်း
ခဏကထက်ပိုကျေနပ်တဲ့လေသံနဲ့
အကျိုးအကြောင်းပြန်ပြောပါတယ်...

ဒါဆိုရင်...Juragan Joni Rahman
ဆီကို သွားရောင်းကြည့်
ပြီးတော့ဒီငါးဟာ စျေးကွက်မှာ
တန်ဖိုးရှိပြီး လေလံတင်ရောင်းချမယ့်
စာရွက်လေးကို သက်သေဖြစ်နဲ့ Joniပြပြီးရောင်းဖို့
ပေးလိုက်တယ်...

သူဟာ Joniဆီကိုသွားရောက်ကာ
150000ဘတ် ပေးတယ်ဆိုတဲ့အကြောင်းကို
ဘာဖြစ်လို့ ငါးတစ်ကောင်တည်းကိုပဲ
စျေးနှုန်းမတူရတာလဲဆိုတဲ့အတွေး တွေနဲ့
ဆရာ့အား ပြန်ပြောပါတယ်...

ဆရာပေးချင်တဲ့messageက...
ကိုင်း...မင်းကိုငါပြောမယ်
မင်းရဲ့တန်ဖိုးဟာ မင်းရွေးချယ်မယ့်နေရာဌာန
ပတ်ဝန်းကျင်အပေါ် မူတည်သလို
မင်းရဲ့ကျေနပ်လက်ခံမှုပေါ်လည်းမူတည်တယ်...
မင်းနဲ့ သင့်တော်ဆုံးဖြစ်မယ့်နေရာဟာ
မင်းရဲ့တန်ဖိုးနဲ့ထိုက်တန်တဲ့နေရာပါပဲ...

မင်းဘဝရဲ့ဖြစ်တည်မှုကို
မင်းလက်ခံနိူင်ရမယ် သူတကာကို
လေးစားဆက်ဆံရမယ်...

လူတွေက မင်းရဲ့အကြောင်း၊
မင်းဘယ်သူဘယ်ဝါဆိုတာ မသိပေမဲ့
ရှုထောင့်အမျိုးမျိုးနဲ့
တန်ဖိုးသတ်မှတ်ကြလိမ့်မယ်...

မင်းကိုချစ်တဲ့သူတွေက
မင်းဘာလုပ်လုပ် ကောင်းတာကိုသာမြင်ပေးကြပြီး
မင်းကိုမုန်းတဲ့သူတွေက
မနာလို ဝန်တိုမှုတွေနဲ့ တိုက်ခိုက်ကြလိမ့်မယ်...

လူတွေက မင်းကိုရှုထောင့်
အမျိုးအမျိုးနဲ့ အကြည့်ခံရတဲ့အခါ
အများမြင်ကောင်းအောင် အများလိုကျ
လိုက်လုပ်နေစရာ မလိုဘူးဆိုတာ
မင်းမှတ်ထား...

ဘဝမှာအရေးကြီးဆုံးက
မင်းရဲ့အချိန်ကို တန်ဖိုးရှိရှိအသုံးချပြီး
အမြဲလေ့လာသင်ယူ...
ပြီးရင် မင်းလုပ်စရာရှိတာကိုသာ
အကောင်းဆုံးဖြစ်အောင် စိတ်ရင်းအမှန်နဲ့
အချိန်တိုင်းစိတ်ပါလက်ပါ လုပ်နေရင်လုံလောက်ပြီ...

မင်းရဲ့တန်ဖိုးကိုသိတဲ့ လူ့ပတ်ဝန်းကျင်၊
မင်းနဲ့ထိုက်တန်တဲ့နေရာကိုရောက်တဲ့တစ်နေ့
အောင်မြင်မှုဆိုတာ မင်းဆီ
အလိုလိုရောက်လာလိမ့်မယ်...
ဒါပေမဲ့ တစ်ခုသိထားရမှာက
လွယ်လွယ်နဲ့တော့မရနိူင်ဘူးဆိုတာ
မင်းမှတ်ထား...

မူရင်းရေးသားသူကို လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Photos from Education Knowledge's post 29/10/2023

ဦးပိန်တံတား ကျိုးကျမှုဖြစ်

မန္တလေးမြို့၊ အမရပူရမြို့နယ်ထဲက တောင်သမန်အင်းကို ဖြတ်ဆောက်ထားတဲ့ ဦးပိန်တံတားရဲ့ အခန်းအချို့ ဒီနေ့ မွန်းလွဲပိုင်းမှာ ကျိုးကျမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

သီတင်းကျွတ်လပြည့်နေ့မှာ လာရောက်လည်ပတ်သူများချိန် အခုလို ကျိုးကျမှု ဖြစ်ခဲ့တာဖြစ်ပေမဲ့ လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

သက်တမ်း နှစ်ပေါင်း ၁၆၀ ကျော်ကြာပြီဖြစ်တဲ့ ဦးပိန်တံတားဟာ အိုမင်းဆွေးမြေ့လာတာကြောင့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကစလို့ ပြုပြင်ထိန်းသိမ်းရေးလုပ်နေရပြီး အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ အထိ တိုင်လုံးအချို့ လဲလှယ်တာတွေပြုလုပ်ထားရပါတယ်။
#ဘီဘီစီမြန်မာပိုင်း #မြန်မာ #စစ်ကိုင်း #အမရပူရ #ဦးပိန်တံတား #ကျိုးကျမှု #သက်တမ်း #သစ်သားတံတား #တောင်သမန်အင်း

29/10/2023

၁၃၈၅-ခုနှစ်သီတင်းကျွတ်လဆန်း(၁၅)ရက်
..၂၉-၁၀-၂၀၂၃..
တနင်္ဂနွေ နေ့တွင် လကြတ် မည်။
(အစိတ်ပိုင်းကြတ်ဖြစ်ပြီး မြန်မာနိုင်ငံတွင်ကောင်းစွာမြင်နိုင်သည်။)
ဖမ်းစ-ညဉ့်စက်
၁ နာရီ ၄၃ မိနစ် ၃၆ စက္ကန့်
ဖမ်းလယ်-ညဉ့်စက်
၂ နာရီ ၅ မိနစ် ၅၆ စက္ကန့်
လွတ်ဆုံး- နံနက်စက် ၃နာရီ ၅၄မိနစ် ၂၃စက္ကန့်ဖြစ်သည်။
လတစိတ်တပိုင်းကြတ်ခြင်းကို မြန်မာနိုင်ငံမှမြင်ရမယ့် သီတင်းကျွတ်လပြည့်နေ့

ယနေ့ည အောက်တိုဘာ လ ၂၈ ရက်နေ့ ည သန်းခေါင်ကျော် အချိန်မှာ လတစိတ်တပိုင်းကြတ်ခြင်းဖြစ်စဉ် ( Partial Lunar Eclipse ) ကို မြန်မာနိုင်ငံမှ မြင်ရမှာဖြစ်ပါတယ်။ လ ကြတ် တဲ့ဖြစ်စဉ် စတင်တဲ့အချိန် ဟာ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေ ရဲ့ ညသန်းခေါင် ကျော်အချိန် ၁၂ ခွဲ နာရီ ဝန်းကျင်ခန့်မှာ စတင်မှာပါ။ လကြတ်ခြင်းဖြစ်စဉ် ကြာချိန်အားဖြင့် ဖြစ်စဉ်အစ အဆုံး ၄ နာရီ ၂၅ မိနစ် ကြာမြင့်မှာဖြစ်ပါတယ်။ လကြတ်ခြင်း ဖြစ်စဉ် အချိန်ဇယား ကိုအောက်ပါအတိုင်း မှတ်သားနိုင်ပါတယ်။

လ စတင်ကြတ်ချိန် ၁၂း၃၀
လ တစိတ်တပိုင်း စကြတ်ချိန် ၂း၀၅
လ တစိတ်တပိုင်း အမြင့်ဆုံး ကြတ်ချိန် ၂း၄၄
လတစိတ်တပိုင်းကြတ်ခြင်း ပြီးဆုံးချိန် ၃း၂၂
လကြတ်ခြင်းဖြစ်စဉ် ပြီးဆုံးချိန် ၄း၅၆

အချို့လကြတ်တဲ့အချိန်တွေမှာ လက သွေးနီရောင်ပြောင်း သွားတတ်ပါတယ်။ ဒီလိုအနီရောင်ပြောင်းသွားတာက ဘာလို့လဲဆိုတော့ နေရောင်က ကမ္ဘာ့လေထုကို ဖြတ်သွားတဲ့အခါ နေရောင်ထဲမှာပါတဲ့ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း စတဲ့အရောင်တွေဟာ လေထုထဲမှာ refract (အလင်းယိုင်) သွားတာကြောင့် ကျန်နေတဲ့အနီရောင်ကသာ လပေါ်ကိုကျရောက်တဲ့ အတွက် လက အနီရောင်ပြောင်းသွားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ လေထုထဲမှာ ရှိတဲ့ ဖုန်မှုန့်တွေ နဲ့ အမှုန်အမွှားတွေ မီးခိုးတွေ ကြောင့် အနီရောင် အနေနဲ့ မြင်ရတာလဲဖြစ်ပါတယ်။

လပြည့်တဲ့အချိန်မှာ ကမ္ဘာဟာ နေနဲ့ လကြားကျရောက်တဲ့ အတွက်“လကြတ်”တာကလဲ လပြည့်နေ့မှာပဲဖြစ်ပေါ်ပါတယ်။ လဟာ ကမ္ဘာရဲ့ အရိပ်ထဲ ဝင်သွားတဲ့အတွက်လကြတ်ခြင်း ဆိုတာဖြစ်ပေါ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ကမ္ဘာက နေနဲ့လကြား ရောက်နေတဲ့အချိန်မှာ ကမ္ဘာ၊ နေ၊ လ ဟာ တစ်တန်းတည်းဖြစ်ဖို့လိုတာကြောင့် လပြည့်ညမှာသာ လကြတ်ခြင်းဖြစ်ပေါ်တာပါ။ ဒါ့အပြင် လ အမှန်တကယ်ပြည့်တဲ့ရက် သို့မဟုတ် လကြတ်ခြင်း ဖြစ်ပေါ်တဲ့နေ့ နဲ့ မြန်မာ ပြက္ခဒိန်ထဲ က လပြည့်နေ့ ဟာ တချို့ လတွေမှာ တရက် ကွာခြားပါတယ်။

လပြည့်တဲ့ အချိန်နဲ့ နောက်တစ်ခါထပ် လပြည့်မယ့်အချိန် နှစ်ခုကြားက ကြာချိန်က ပျမ်းမျှ ၂၉.၅၃ ရက်ရှိပါတယ်။ အဲ့တာကြောင့် လဆန်းတစ်ရက်နေ့မှာ လတစ်ခုကိုစတဲ့ လကိုအခြေခံတဲ့ ကျွန်တော်တို့မြန်မာပြက္ခဒိန်လိုမျိုး ပြက္ခဒိန်တွေမှာဆိုရင် လပြည့်နေ့ဟာ ၁၄ရက်နေ့ ဒါမှမဟုတ် ၁၅ရက် နေ့မှာကျရောက်တာပါ။ ဘာလို့လဲဆိုတော့ ပြက္ခဒိန်တွေမှာ ရက်တွေက အပြည့်ကိန်းတွေအနေနဲ့ ပါဝင်ပြီး လတစ်လဟာ ၂၉ရက်/ ၃၀ရက်လောက် ပါဝင်နေလို့ပဲဖြစ်ပါတယ်။

လကြတ်ခြင်းဖြစ်စဉ် ကို စောင့်ကြည့်မယ်ဆိုပါ က လ ခေါင်းပေါ်တည့်တည့်ရောက်နေချိန် ည သန်းခေါင် ၁၂ နာရီခွဲ ခန့်ကစပြီး ကောင်းကင် ကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့နေရာ ကနေ စောင့်ကြည့်ဖို့ အကြံပြုလိုပါတယ်။ မြန်မာနိုင်ငံမှာ အချို့နေရာများမှာ မိုးတိမ်များရှိနေပြီး မိုးရွာနေဆဲ ဖြစ်တာကြောင့် လကြတ်ခြင်းဖြစ်စဉ်ကို မြင်တွေ့ရဖို့ခက်ခဲပါမယ်။

~ MASES / MZM

23/10/2023

အမြင့်မတူရင် အမြင်မတူဘူး
___________________________________________

တစ်ခါတုန်းက လူသုံးယောက်ဟာ ပေ ၁၅၀ အမြင့်ရှိတဲ့ မျှော်စင်တစ်ခုပေါ်မှာ ထိုင်နေကြတယ်။

ထိုင်နေတယ်ဆိုပေမယ့် တစ်နေရာတည်းမှာ သုံးယောက်လုံးထိုင်နေကြတာ မဟုတ်ဘဲ ပေ ၅၀ အမြင့်မှာတစ်ယောက် ‌ပေ ၁၀၀ အမြင့်မှာတစ်ယောက် ပေ ၁၅၀ အမြင့်မှာတစ်ယောက် အဆင့်ဆင့်ထိုင်နေကြတာ ဖြစ်တယ်။

အဲ့ဒီမှာ ပေ ၅၀ အမြင့်ကလူက

"ဟေ့ကောင်တွေ ငါဒီအပေါ်ရောက်နေတော့ မြို့ကအိမ်တွေအ‌ကုန်လုံးကို အပေါ်စီးက အကုန်မြင်နေရတယ်။ အရမ်းလှတာပဲကွ။"

အဲ့ဒီလိုလည်းပြောရော ပေ ၁၀၀ အမြင့်ကလူက

"မင်းက အိမ်တွေကိုပဲ မြင်ရတာ၊ ငါကဟိုးနောက်ဘက်မှာရှိတဲ့ တောင်တန်းလှလှကြီးတွေကိုပါ မြင်ရတယ်ကွ၊ အရမ်းလှတာပဲ" လို့ ပြောလိုက်တယ်။

အဲ့လိုလည်းပြောရော

"သိပ်လည်းကြွားလုံးထုတ်မနေကြနဲ့။ မင်းတို့ငါနေရာကလာကြည့်ကြည့် အိမ်တွေ တောင်တန်းတွေတင်မကဘူး။ အဲ့ဒီတောင်တန်းနောက်မှာပါရှိတဲ့ ပြာလဲ့လဲ့ ပင်လယ်ပြင်ကြီးကိုပါမြင်နေရတယ်။ သိပ်လှတာပဲကွာ" လို့ ပြောလိုက်တော့တယ်။

လူတိုင်းဟာ သူတို့ရောက်နေတဲ့နေရာပေါ်မူတည်ပြီး သူတို့ရဲ့ အမြင်တွေဟာ ကွဲပြာခြားနားသွားပါတယ်။

သင်ဘာကိုမြင်သလဲဆိုတာက သင်ဘယ်နေရာကို ရောက် နေသလဲဆိုတာကိုဆုံးဖြတ်ပေးလိုက်တာပါပဲ။



credit post💜💜🤗

17/10/2023

အပေါ်ယံတွေကို တကယ်မုန်းတယ်။
=====================

ကောင်းစားစေချင်လို့ဆိုပြီး
လူကြားထဲမှာအရှက်ခွဲခဲ့တဲ့
လူတချို့ရယ်

ခင်လို့စတာပါဆိုပြီး
အားနည်းချက်ကို လှောင်ပြောင်ခဲ့တဲ့
လူတချို့ရယ်

ဖြစ်တတ်ပါတယ်ဆိုပြီး
ဟန်ဆောင်မုသားတွေနဲ့ နှစ်သိမ့်ပေးနေတဲ့
လူတချို့ရယ်

ငါဘဝမှာ နင့်ကို အခင်ဆုံးဆိုပြီး
သူစိမ်းဆန်သွားတဲ့
လူတချို့ရယ်

နွေးထွေးစွာ ပွေ့ဖက်ထားမယ့်
ဟန်ပန်နဲ့ ရင်ဝကို ရက်ရက်စက်စက်
ဆောင့်ကန်ခဲ့တဲ့
လူတချို့ရယ်

နင့်အတွက် ငါရှိတယ်ဆိုပြီး
နောက်ကျောကိုဓားနဲ့
အကြိမ်ပေါင်းများစွာ ထိုးခဲ့တဲ့
လူတချို့ရယ်

ဆွဲထူမလိုလိုနဲ့
ဆောင့်တွန်းခဲ့တဲ့
လူတချို့ရယ်

မျှော်လင့်ချက်တွေပေးပြီး
အိပ်မက်တွေကို ရိုက်ချိုးပစ်ခဲ့တယ့်
လူတချို့ရယ်

ဘဝမှာ အဲ့လိုလူတွေနဲ့
တွေ့ပြီးတဲ့နောက်ပိုင်း
စိတ်မပါလည်း ပြုံးတတ်လာခဲ့ပါတယ်
အဖော်မက်လွန်းတဲ့ လူတစ်ယောက်မှာ
မိတ်ဆွေစစ်မရှိတာ မဆန်းပါဘူး။

ကျနော် အပေါ်ယံတွေကို တကယ်မုန်းတယ်

#ဘဝစာပေများ #စာပေဗဟုသုတ

08/10/2023

နိုင်ငံအဝှမ်းရေကြီးရေလျံမူများဖြစ်ပေါ်
ပဲခူး။နောင်ချို။မန္တလေး။ကျိုက်ထို

05/10/2023

ယနေ့ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့တွင်
သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ အပေါင်းတို့အား
ရိုသေ‌လေးစားစွာဖြင့် လက်ဆယ်ဖြာထိပ်မှာမိုး
ရှိခိုးကန်တော့လိုက်ရပါတယ်🙏

နာသုံးနာ ပင်
စိတ်မှာ ဆင်
ဝတ်အင်မြဲမြံ ကျင့်ဆောင်သူ။

ဖြူစင်စိတ် ထား
ရင်မှာ ပွား
သနားကြင်နာ တတ်လေသူ။

တပည့်များ ပေါ်
မေတ္တာ ပျော်
ချစ်သော်မဝ ဖြစ်လေသူ။

အသိဉာဏ် အား
ဆင့်ဆင့်ပွား
ကြိုးစားကာဖြင့် ရှာဖွေသူ။

တပည့်လိမ္မာ
ဖြစ်စေရာ
သေချာကျန ဖော်ဆောင်သူ။

ဘဝခရီး
ဖြောင့်ဖြောင့်စီး
ဖောင်ကြီးသဖွယ် ဆောင်ပို့သူ။

တစ်ပြားမရှိ
အားသာသိ
ပီတိကိုသာ သုံးဆောင်သူ။

လွမ်းငယ်(ရွှေကျေးမြေ)
photo&poem
❣️❣️

03/10/2023

#စိတ်ဓာတ်ကျစရာမလိုဘူးအခက်ခဲလူတိုင်းမှာရှိတယ်

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့📚
==================

မုန်တိုင်းပဲလာလာ လေပဲတိုက်တိုက် တစ်ပွင့်ထဲလည်း ပွင့်ရဲရမယ်...။

တစ်ပွင့်ထဲဆိုပေမဲ့ လွင့်ကြဲသွားမယ် မထင်နဲ့။

ကိုယ်ရှင်မှ ကိုယ်သန်ရမဲ့ ခေတ်ကြီးမှာ ဘယ်သခင်မှ အားမကိုးဘူး။

ကိုယ်သာလျှင် သခင် ကိုယ်သာလျှင် ဘုရင်မို့ ကိုယ့်ကိုကိုယ်သာ အားထားရာပါ...။

ဘဝဆိုတာ လိုချင်တာ အကုန်ရနေမှ ပျော်ရမယ်လို့ မဆိုလိုပါဘူး။

ကိုယ့်ရဲ့ ဖြစ်တည်မှုတိုင်းကို နှစ်သက်တက်ရင် ပျော်စရာပဲ မဟုတ်လား။

ရှိတာလေးနဲ့ လှအောင်ဝတ် ရှိတာလေးနဲ့ ဝအောင်စား ရောင့်ရဲတက်ရင်လည်း ပျော်စရာပဲလေနော်။

ကြယ်စင်တွေလောက် မလင်းနိုင်ဘူးဆိုပြီး ပိုးစုန်းကြူးလေး ရှက်လို့သေမသွားပါဘူး။

ကြယ်စင်တွေလောက် မလင်းနိုင်ဘူးဆိုပြီးပိုးစုန်းကြူးလေး ရှက်လို့သေမသွားပါဘူး။

သူများ ဘဝကိုအားကျနေရုံနဲ့တော့ မိမိဘဝ တောက်ပလာမှာ မဟုတ်ဘူးနော်...။

သစ်ရွက်လေး ကြွေရုံနဲ့တော့ သစ်ပင်ကြီး သေမသွားပါဘူး။

ကြယ်လေးတွေ ကြွေရုံနဲ့တော့ ကောင်းကင်ကြီး မသေပါဘူး။

ပန်ပုတစ်ရုပ် လှဖို့ဆိုရင်တော့ထွင်းထုလိုက်ရတဲ့အသားစတွေ ရှိတက်စမြဲပဲလေ။

လဲလို့သာ ပြန်မထကျရင် လူဆိုတာ တွားသွားသတ္တဝါတွေ ဖြစ်ကုန်မှာပေါ့ဗျာ အားမလျှော့ပါနဲ့။

မပြည့်စုံခွင့်တောင် ရှိသေးတာပဲကွယ် ကြိုးစားခွင့်လည်း ရှိပါသေးတယ်...။

အနင်းခံမြက်တွေ တဖန် ရှင်သန်လာပြီဆိုရင် သာမန်မြက်တွေထက် ပိုမာတယ်ဆိုတာ သိထားပါ။

Credit original writer

#ဘဝအောင်မြင်ရေးစာပေများ #လူငယ်များအတွက်ဗဟုသုတစာပေများ
crd

28/09/2023

ဒီရက်ပိုင်း ကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါက Adenovial Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အလွန်ကူးစက်မြန်ပါတယ်။

🔺ဘာတွေ ခံစားရမလဲ

မျက်စိတစ်ဖက်က ရုတ်တရက် နီလာမယ်၊ မျက်ခွံဖောင်းလာမယ်၊ မျက်ရည်ကျမယ်၊ မျက်ချေးတွေ ထွက်မယ်၊ အထူးသဖြင့် မနက်အိပ်ရာနိုးချိန် မျက်ချေးတွေနဲ့ ပိတ်နေမယ်။ အမှိုက်ဝင်သလို ခံစားရမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။ နောက်တစ်ရက် နှစ်ရက်ဆိုရင် တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားပြီဆိုရင် Adenovial Conjunctivitis သေချာဖို့က အများဆုံးပါ။

တချို့က ‌မျက်မြှေးပါးက သွေးကြောလေးတွေ ပေါက်ပြီး ‌အနီရောင်အကွက်ပုံစံ ဖြစ်နေတတ်ပါတယ်။ တချို့က နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။
.
.

🔺ဘယ်လို ကုသရမလဲ

ဆောင်ရန် ရှောင်ရန် ၂ ခု ရှိပါတယ်။

ဆောင်ရွက်ရန် ✔️

၁။ ရေအေးဝတ် အုပ်ရပါမယ်။ တစ်ခါအုပ်ရင် ၁၀ - ၁၅ မိနစ်၊ လိုအပ်သလို ၂ နာရီခြား အုပ်သင့်ပါတယ်။

ရေခဲသေတ္တာရှိရင် ...
- အဝတ်စတစ်ခုကို ရေဆေးပါ။
- လေးထောင့် ခေါက်ပါ။
- ပလတ်စတစ်အိပ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ထားပါ။
- ပလတ်စတစ်အိပ်ထဲက ထုတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ရေခဲရှိရင် ...
- ရေခဲတွေကို ပလပ်စတစ်အိပ်ထဲမှာ ထည့်ပါ။
- ရေခဲအသေးလေးတွေဖြစ်အောင် လုပ်ပါ။
- ရေခဲအိပ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ဘာမှမရှိရင် ...
- ရေစိမ်ထားတဲ့ အဝတ်နဲ့ အုပ်ပါ။

၂။ မျက်ရည်တုမျက်စဉ်း ၂-၃ နာရီခြား တစ်စက် ခတ်ပါ။ example. Cool Eyes, Protear, Neotear, Tears Naturale, Hameron, Systane

၃။ မျက်ချေးမျက်ဝတ်တွေကို သန့်ရှင်းရေးလုပ်ပါ။ မျက်ချေး အဝါရောင်၊ အစိမ်းရောင်တွေ ထွက်နေရင်တော့ ဘက်တီးရီးယားပိုးသတ်တဲ့ မျက်စဉ်းခတ်ဖို့ လိုပါတယ်။ Chloramphenicol Eye drop တစ်ခါခတ် တစ်စက် တစ်နေ့ ၄ ကြိမ် တစ်ပတ်ပြည့်အောင် ခတ်ပါ။
.
.

ရှောင်ရန် ❌

မျက်စိနာရောဂါကူးစက်မှုရဲ့ အဓိကလမ်းကြောင်းက လက်ပါ။ လူအချင်းချင်းကြည့်လို့ မကူးစက်ပါဘူး။ မျက်မှန်တပ်ပြီး ကာကွယ်လို့ မရပါဘူး။ နေကာမျက်မှန်တပ်ရင် အလင်းရောင်မခံနိုင်တာကိုပဲဲ သက်သာစေပါတယ်။

• မျက်စိကို မကြာခဏ မကိုင်ပါနဲ့။
• မျက်စိကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ။
• မျက်နှာသုတ်ပုဝါ သီးသန့်ခွဲသုံးပါ။
• လက်ဆွဲနှုတ်ဆက်တာတွေ မလုပ်ပါနဲ့။
• တခြားသူတွေကို မကူးစက်ရန် လူစုလူဝေးနေရာတွေကို မသွားပါနဲ့။


မျက်စိနာကူးစက်မှုက လက်ကနေတစ်ဆင့် ကူးစက်ပါတယ်။ မျက်စိနာရောဂါ မကူးစက်ဖို့ ကာကွယ်နိုင်ကြပါစေ.....။

#တယ်လီကျန်းမာ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Yangon