Your Bestie is Here For You

Your Bestie is Here For You When you feel Lost & down, I'm here for you♡

My Comeback Hello Hello 1နှစ်ကျော်လောက် ကောင်းကောင်းပစ်ထားပြီးတဲ့နောက်မှာ Lilac ဒီPageလေးကိုသေချာပြန်ပြီးအသက်သွင်းတော့မှ...
23/07/2025

My Comeback

Hello Hello 1နှစ်ကျော်လောက် ကောင်းကောင်းပစ်ထားပြီးတဲ့နောက်မှာ Lilac ဒီPageလေးကိုသေချာပြန်ပြီးအသက်သွင်းတော့မှာပါသူငယ်ချင်းလေးရေ။
Vlogတွေရော၊Blogလေးတွေရော တခြားTeenage Vibeလေးတွေနဲ့ Contentလေးတွေကိုဝေဝေဆာဆာတွေ့ရမှာမလို့Stay Tuned!!🤍

မနက်ဖြန်လုပ်မယ့် Digital Literacy Sharing Session ​လေးအတွက် Google meet link ​လေးပါ Digital Literacy Program Day 1 Monda...
16/04/2023

မနက်ဖြန်လုပ်မယ့် Digital Literacy Sharing Session ​လေးအတွက် Google meet link ​လေးပါ

Digital Literacy Program Day 1
Monday, 17 April · 9:00 – 11:00am
Google Meet joining info
Video call link: https://meet.google.com/hby-vmsd-zft

Digital Literacy Program Day 2
Wednesday, 19 April · 7:00 – 9:00pm
Google Meet joining info
Video call link: https://meet.google.com/psb-jfuo-xgc

Hello Lilac သတင်း​​ကောင်း​လေးတစ်ခု​ပြောစရာရှိလို့
အဲ့ဒါက​တော့ မြန်မာသင်္ကြန်နှစ်သစ်ပြီးတဲ့အချိန်မှာ​အ​ပြောင်းအလဲကြီးကြီးမားမားတစ်ခုဖြစ်​ပေါ် ....
အဲ.. အဲ့ဒီသတင်းက Lilac Social Media ​ပေါ်မှာ ခဏခဏတွေ့တာ... သိချင်....

Wait wait
Bestie တို့နားမ​ထောင်ခင် Lilac ​ပြောစရာ​လေးရှိတယ် 🫢
Bestie တို့ကိုတစ်စုံတစ်​ယောက်က
"ဟဲ့ သတင်းတစ်ခု​တော့​ပြောစရာရှိတယ် ဟိုမှာ​လေ ---ဖြစ်လို့"

"A နဲ့ B အတွဲသိတယ်မလား A ကို C နဲ့တွဲ​တွေ့လို့တဲ့"

"--- မှာ​တော့မိုးကြီး​နေတယ်ကြားတယ်"

စသည် စသည် သတင်းအချက်အလက်​တွေကိုတစ်ဆင့်စကားတစ်ဆင့်နား​ပြောကြတယ်မလား😌
နည်းပညာရဲ့ကျယ်ပြန့်လာမှုနဲ့အတူ Social Media ​ပေါ်မှာ အပြိုင်အဆိုင်တင်လာကြပါတယ်

သတင်းအမှား​တွေနဲ့စိတ်မချရတဲ့သတင်းMedia ​တွေက မှိုလို​ပေါက်လာကြ​ရော Trending ဖြစ်​နေတဲ့သတင်းတိုင်းဟာမှန်တယ်လို့​ပြောလို့မရဘူးဆိုတာ​ရော သိကြလား😱

"မယုံ မယုံ မယုံ စဥ်းစားပါရ​စေဦးကွယ်" 🤔

ယုံမိရင် ကိုယ့်အတွက်​ရော ကိုယ့်ပတ်၀န်းကျင်အတွက်​ရော ကိုယ့်မိသားစုအတွက်​ရော ထိခိုက်​စေနိုင်တယ်ဆိုတာ​ရော
မှုခင်း ပြစ်မှု စတာ​တွေရဲ့ တစ်ချို့အရင်းအမြစ်က သတင်းမှား​တွေ​ကြောင့်ဆိုတာ​ရော သိကြလား

​ဆေးပညာနဲ့လွဲ​ချော်​နေတဲ့ သတင်းအမှား​တွေက​ရော
လူ့အသက်ကိုဆုံးရှုံး​စေနိုင်တဲ့အပြင် မသမာတဲ့လူတစ်စုက​နေ Internet ​ပေါ်ကWebsite ​တွေကတစ်ဆင့် ​၀င်ငွေရှာ​နေပါတယ်☠️☠️

21ရာစု​ခေတ်မှာ သတင်းအချက်အလက်နဲ့နည်းပညာဆိုတာ လူသားအားလုံးအတွက်အ​ရေးကြီး​နေပါပြီ။
လူမှုကွန်ယက်စာမျက်နှာမှာတင်ကြတဲ့သတင်းအချက်အလက်​တွေကို သတင်းမှား/သတင်းမှန် ဘယ်လိုခွဲမလဲ ?
Social media ကိုဘယ်လိုအကျိုးရှိစွာအသုံးချမလဲ ?

ကဲ ဒါဆိုရင်​တော့ ဒီတစ်​ခေါက်Lilac Knowledge sharing session ​လေးတစ်ခုလုပ်​ပေးထားပါတယ်
Digital Literacy Program ဖြစ်ပါတယ်
Trainer နဲ့အတူတူ ​ဆွေး​နွေးကြရင်း Digital Lietracy အ​ကြောင်းကို​​လေ့လာနိုင်မှာမလို့ လက်လွတ်မခံသင့်တဲ့အခွင့်အ​ရေးပါလို့🙆‍♀️🙆‍♀️

April 17 ရက်​နေ့ (မြန်မာနှစ်ဆန်းတစ်ရက်​နေ့) နဲ့April 19 ရက်​​နေ့မှာ လုပ်မယ့်Digital Literacy programme ​လေးကိုလာတက်ရင်း နှစ်သစ်ကစ ပိုမို​ကောင်းမွန်တဲ့ ဘဝ ကိုစတင်ကြပါစို့!!

​နှစ်ရက်ထဲက ကိုယ်အဆင်​ပြေတဲ့အချိန် ကိုယ်အဆင်​ပြေတဲ့ရက်ကို လာJoin နိုင်ပါတယ်ရှင့်
Curriculum က​တော့ အတူတူ​ပေမယ့် Training ပုံစံမတူတာမလို့ တစ်ချိန်ပဲJoinရင်လည်းရသလို 2 ချိန်လုံးလည်းJoin လို့လည်းရပါတယ်


Date & Time - April 17 (9:00AM to 11:00AM)
April 19 (7:30 PM to 9:30PM)

စိတ်၀င်စားရင် Formလေးကို Registerလုပ်လိုက်​တော့​နော်
Lilac ​မျှော်​နေပါ့မယ်ရှင့် 🤎🤎

https://forms.gle/4pRA5vagLJAvCLJc9



Hello  Lilac သတင်း​​ကောင်း​လေးတစ်ခု​ပြောစရာရှိလို့ အဲ့ဒါက​တော့ မြန်မာသင်္ကြန်နှစ်သစ်ပြီးတဲ့အချိန်မှာ​အ​ပြောင်းအလဲကြီးကြီ...
04/04/2023

Hello Lilac သတင်း​​ကောင်း​လေးတစ်ခု​ပြောစရာရှိလို့
အဲ့ဒါက​တော့ မြန်မာသင်္ကြန်နှစ်သစ်ပြီးတဲ့အချိန်မှာ​အ​ပြောင်းအလဲကြီးကြီးမားမားတစ်ခုဖြစ်​ပေါ် ....
အဲ.. အဲ့ဒီသတင်းက Lilac Social Media ​ပေါ်မှာ ခဏခဏတွေ့တာ... သိချင်....

Wait wait
Bestie တို့နားမ​ထောင်ခင် Lilac ​ပြောစရာ​လေးရှိတယ် 🫢
Bestie တို့ကိုတစ်စုံတစ်​ယောက်က
"ဟဲ့ သတင်းတစ်ခု​တော့​ပြောစရာရှိတယ် ဟိုမှာ​လေ ---ဖြစ်လို့"

"A နဲ့ B အတွဲသိတယ်မလား A ကို C နဲ့တွဲ​တွေ့လို့တဲ့"

"--- မှာ​တော့မိုးကြီး​နေတယ်ကြားတယ်"

စသည် စသည် သတင်းအချက်အလက်​တွေကိုတစ်ဆင့်စကားတစ်ဆင့်နား​ပြောကြတယ်မလား😌
နည်းပညာရဲ့ကျယ်ပြန့်လာမှုနဲ့အတူ Social Media ​ပေါ်မှာ အပြိုင်အဆိုင်တင်လာကြပါတယ်

သတင်းအမှား​တွေနဲ့စိတ်မချရတဲ့သတင်းMedia ​တွေက မှိုလို​ပေါက်လာကြ​ရော Trending ဖြစ်​နေတဲ့သတင်းတိုင်းဟာမှန်တယ်လို့​ပြောလို့မရဘူးဆိုတာ​ရော သိကြလား😱

"မယုံ မယုံ မယုံ စဥ်းစားပါရ​စေဦးကွယ်" 🤔

ယုံမိရင် ကိုယ့်အတွက်​ရော ကိုယ့်ပတ်၀န်းကျင်အတွက်​ရော ကိုယ့်မိသားစုအတွက်​ရော ထိခိုက်​စေနိုင်တယ်ဆိုတာ​ရော
မှုခင်း ပြစ်မှု စတာ​တွေရဲ့ တစ်ချို့အရင်းအမြစ်က သတင်းမှား​တွေ​ကြောင့်ဆိုတာ​ရော သိကြလား

​ဆေးပညာနဲ့လွဲ​ချော်​နေတဲ့ သတင်းအမှား​တွေက​ရော
လူ့အသက်ကိုဆုံးရှုံး​စေနိုင်တဲ့အပြင် မသမာတဲ့လူတစ်စုက​နေ Internet ​ပေါ်ကWebsite ​တွေကတစ်ဆင့် ​၀င်ငွေရှာ​နေပါတယ်☠️☠️

21ရာစု​ခေတ်မှာ သတင်းအချက်အလက်နဲ့နည်းပညာဆိုတာ လူသားအားလုံးအတွက်အ​ရေးကြီး​နေပါပြီ။
လူမှုကွန်ယက်စာမျက်နှာမှာတင်ကြတဲ့သတင်းအချက်အလက်​တွေကို သတင်းမှား/သတင်းမှန် ဘယ်လိုခွဲမလဲ ?
Social media ကိုဘယ်လိုအကျိုးရှိစွာအသုံးချမလဲ ?

ကဲ ဒါဆိုရင်​တော့ ဒီတစ်​ခေါက်Lilac Knowledge sharing session ​လေးတစ်ခုလုပ်​ပေးထားပါတယ်
Digital Literacy Program ဖြစ်ပါတယ်
Trainer နဲ့အတူတူ ​ဆွေး​နွေးကြရင်း Digital Lietracy အ​ကြောင်းကို​​လေ့လာနိုင်မှာမလို့ လက်လွတ်မခံသင့်တဲ့အခွင့်အ​ရေးပါလို့🙆‍♀️🙆‍♀️

April 17 ရက်​နေ့ (မြန်မာနှစ်ဆန်းတစ်ရက်​နေ့) နဲ့April 19 ရက်​​နေ့မှာ လုပ်မယ့်Digital Literacy programme ​လေးကိုလာတက်ရင်း နှစ်သစ်ကစ ပိုမို​ကောင်းမွန်တဲ့ ဘဝ ကိုစတင်ကြပါစို့!!

​နှစ်ရက်ထဲက ကိုယ်အဆင်​ပြေတဲ့အချိန် ကိုယ်အဆင်​ပြေတဲ့ရက်ကို လာJoin နိုင်ပါတယ်ရှင့်
Curriculum က​တော့ အတူတူ​ပေမယ့် Training ပုံစံမတူတာမလို့ တစ်ချိန်ပဲJoinရင်လည်းရသလို 2 ချိန်လုံးလည်းJoin လို့လည်းရပါတယ်


Date & Time - April 17 (9:00AM to 11:00AM)
April 19 (7:30 PM to 9:30PM)

စိတ်၀င်စားရင် Formလေးကို Registerလုပ်လိုက်​တော့​နော်
Lilac ​မျှော်​နေပါ့မယ်ရှင့် 🤎🤎

https://forms.gle/4pRA5vagLJAvCLJc9



It's not your fault "အဲ့ဒါ နင့်​ကြောင့် နင် အသုံးမကျလို့ဖြစ်ရတာ""နင်မှ​သေချာမလုပ်တာ" 'နင်ကဘာမို့လို့လဲ နင်မှန်တယ်​ပြောရ​...
04/03/2023

It's not your fault

"အဲ့ဒါ နင့်​ကြောင့် နင် အသုံးမကျလို့ဖြစ်ရတာ"
"နင်မှ​သေချာမလုပ်တာ"
'နင်ကဘာမို့လို့လဲ နင်မှန်တယ်​ပြောရ​အောင်"
"ဒီလိုလုပ်​လေ"
"မလုပ်မှမလုပ်ခဲ့တာ ခံ​ပေါ့"
"နင်​ကြောင့်"

Hello Lilac ပြန်လာပါပြီ Lilac ​ကိုပစ်ထားမိလို့စိတ်ဆိုး​နေတာလား သူငယ်ချင်းလေး​ရေ
Lilac ဒီရက်ပိုင်းစာ​တွေ​ရေးလိုက်ပြန်ဖျက်လိုက်နဲ့ပဲ အလုပ်​တွေရှုပ်​နေခဲ့တာ...
ဒီတစ်​ခေါက် Lilac ​ပြောပြရမှာက "It is not your fault" တဲ့..
ကဲ...အ​ပေါ်ကစကားလေး​တွေကိုသွားပြန်ကြည့်ကြည့်ပါဦး
​တော်​တော်များများက ဒီလိုစကား​တွေနဲ့ရင်းနှီးမယ်လို့ထင်တယ်.. သို့မဟုတ်​နေ့တိုင်းလိုလို ​ပြောခံရတဲ့အချိန်​တွေလည်းရှိမှာပါပဲ

Lilac ​ရောပါပဲ။ အ​ပြောခံရတယ်။ ဘယ်​လောက်ပဲဂရုမစိုက်ဘူး​ပြော​ပြောတစ်ခါတစ်​လေ​တော့လည်းပင်ပန်းစရာ​​ကောင်း​လောက်​အောင်ပဲ
စကားတစ်ခွန်းတည်းနဲ့ခံစားသွားရတာမျိုး​ပေါ့။
အဲ့ဒီလိုအချိန်​တွေမှာ Insecurity ​တွေမြင့်လာပြီး စိတ်​တွေရှုပ်​ထွေးလာတယ် ဘယ်သူ့ကိုမှ မယုံကြည်​တော့ဘူး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တဲ့စိတ်​တွေ၀င်လာတယ်​။
ကိုယ့်ရဲ့positive enrgy ​တွေကိုစုပ်ယူသွားသလိုခံစားရတယ်

ဒါ​ပေမယ့် Lilac ​ပြောစရာရှိတယ်သိလား။
အဲ့လို​ပြောခံရရင် အတတ်နိုင်ဆုံးအမြန်ဆုံး အဲ့ဒီ​နေရာက ​ပြုံးပြပြီးရှောင်ထွက်ခဲ့ သူငယ်ချင်း​လေး။
အဲ့ဒါက ခက်ခဲတယ်။ဒါ​ပေမယ့် သန်မာတဲ့ မင်းရဲ့စိတ်ဓါတ်အတွက်ပါမွှားပဲ။
ပြီးရင် အသက်ပြင်းပြင်းရှူ။
၁ခါ ၂ခါ ၃ခါ
ပြီးရင် ကိုယ့်ရင်ဘတ်​​ပေါ်လက်​လေးတင်ပြီး ပြုံးလိုက်ပါဦး။
အိုး. သိပ်လှတဲ့Angel​​လေး။
အဲ့ဒါ It is not your Faultလို့​ပြောပြီး ကိုယ့်ကိုယ်ကိုယ်အား​ပေးလိုက်ပါ။ စိတ်ထဲကမ​ကောင်ယတာ​တွေဖယ်ထုတ်လိုက်။
ကြည့်ပါဦး ​နွေဦးသစ်ရွက်နု​လေးလို​ပေါ့ပါး လန်းဆန်းသွားပြီ။

ပြီးရင် ကိုယ်ကြိုက်တဲ့သီချင်းဖွင့်ပြီး ​အော််ဆိုလိုက် ဒါမှမဟုတ် ကလိုက်ပါ
Lilac​ပြောပြမယ်​နော်။ မင်းကိုလူ​တွေသ​ဘောကျဖို့အတွက် မင်းအများကြီးကြိုးစားစရာမလိုပါဘူး။ မင်းဖြစ်​နေဖို့ပဲ။

​နောက်ပြီး​ပြောပြမယ် သိလား ။

မင်းက တန်ဖိုးရှိလွန်းတယ် ။ ကမ္ဘာကြီးက ​လောကကြီးက စကြ၀ဠာကြီးကိုမင်းကို အဆုံးရှုံးမခံဘူး။ Lilac လည်းမင်းကိုအဆုံးရှုံးမခံနိုင်​လောက်​အောင်ကို မင်းကတန်ဖိုးကြီးမားတဲ့သူတစ်​ယောက်ပါ။

မင်းကိုချစ်တဲ့သူ​တွေကိုပြန်ကြည့်ပါဦး။ သူတို့ကသွေးရင်းမဟုတ်​နေရင်​တောင် မင်းကိုသိပ်ချစ်တာ။
မင်းကအချစ်ခံ​နေရတယ်​နော်။

မင်းကိုမချစ်တဲ့သူ​တွေအတွက် မင်းဘာလို့အချိန်ကုန်ခံမှာလဲ။
C'mon Lilac ရဲ့ အသက်ရှင်​ဆေး​လေး။
It is not your fault.. မင်းဟာသိပ်ကိုမြတ်နိုးဖို့​ကောင်းတဲ့ ပန်း​လေးတစ်ပွင့်ပါပဲ က​လေးငယ်​ရေ...

​နောက် Post မှာ​တော့ Lilacက ဘာ​ကြောင့် လူ​တွေတစ်​ယောက်နဲ့တစ်​ယောက်အပြစ်တင်​နေကြလဲ မသိလိုက်ဘဲ Negative energy ​တွေ​ပေး​နေမိလဲ ဆိုတာကို ရှင်းပြသွားမှာပါ။
Lilac အ​နေနဲ့ Counselling လုပ်ဖို့လည်းရှိတာမလို့ (တကယ်​တော့ ​ဝေး​တော့​ဝေး​​သေးတယ် ) ​စောင့်​နေကြပါဦး ငယ်​လေး​ရေ
Lilac အများကြီးချစ်ပါတယ်ရှင်..

Heyooo!! မျက်နှာ​လေးက ညိုး​နေလိုက်တာ။ မင်းအများကြီးပင်ပန်း​နေပြီ..။ Lilac ဆီလာပါဦး။ ဖက်ထား​ပေးမယ်​လေ။ ပြီး​တော့စကား​တွေ...
24/01/2023

Heyooo!!

မျက်နှာ​လေးက ညိုး​နေလိုက်တာ။ မင်းအများကြီးပင်ပန်း​နေပြီ..။ Lilac ဆီလာပါဦး။ ဖက်ထား​ပေးမယ်​လေ။ ပြီး​တော့စကား​တွေ​ပြောကြမယ်​လေ...။
-
-
-
ကြည့်ရတာ မင်းရဲ့ပြသာနာကနုနယ်တဲ့နှလုံးသားငယ်လေးနာကျင်​နေတာဖြစ်မယ်။ Lilac ကိုကြည့်
Lilac ​သေချာ​ပြောပြမယ် ....
အရင်ဆုံး မျက်လုံး​လေးမှိတ်လိုက်ဦး။ မင်းရဲ့ Specific person ကို မြင်​ယောင်ကြည့်လိုက်...။

လှတယ်မလား။ ကြည်နူးစရာ​ကောင်းတယ်မလား..။

ဒါဆိုရင် အခု မျက်လုံး​လေးမှိတ်​နေတဲ့မင်း (သို့မဟုတ်) လွန်ခဲ့တဲ့အချိန်ပိုင်းက နာကျင်​နေတဲ့မင်းကိုမြင်​ယောင်ကြည့်။

အခု​ရော...
မင်းကိုမင်း ပြန်ကြည့်ရတာ အများကြီးပင်ပန်း​နေတယ်ဆိုတာမြင်တယ်မလား။

မင်းဘာလို့ သူများကိုကျဂရုစိုက်ပြီး
ကမ္ဘာ​ပေါ်မှာ တန်ဖိုးအရှိဆုံး ကိုယ့်ကိုယ်ကိုယ် ကျ
ဘာလို့​မေ့ထားရတာလဲ
ဘာလို့ဂရုမစိုက်ရတာလဲ...

မင်းရဲ့အိပ်မက်​တွေ​ရော
ကဲ အခု အိပ်မက်​တွေ Goals ​တွေကို​အောင်မြင်ပြီးတဲ့
မင်းပုံစံကိုမြင်​ယောင်ကြည့်

သိပ်လှတယ်မလား။
မြတ်နိုးစရာ​ကောင်းတယ်​လေ။

ကဲ...ထ​တော့။ အပြင်​လောက ကြီးကို ကြည့်။
အသက်ပြင်းပြင်းရှူလိုက်ပါ။
ဘယ်​လောက် လတ်ဆတ်လိုက်တဲ့​လေ လဲ။

ဒါဆို Lilac ​မေးမယ်
ပထမတစ်ခု ပိုလှလား
တတိယတစ်ခု ပိုလှလား

အ​ဖြေထုတ်ကြည့်ပါ။

မင်း ဘယ်အရာကိုပဲ​ရွေးချယ်​ရွေးချယ် ကမ္ဘာ​ပေါ်မှာ​နေရတဲ့
စက္ကန့်တိုင်းမှာ အ​ရေးကြီးဆုံးလူသားဖြစ်တဲ့ မင်းက ​
ပျော်ရွှင်ဖို့ အလှပဆုံးရှင်သန်နိုင်ဖို့လိုတယ်​လေ
သူငယ်ချင်း​လေး​ရေ....

Let's 𝒄𝒂𝒕𝒄𝒉 𝒕𝒉𝒆 𝒔𝒖𝒏 𝒐𝒏 𝒑𝒂𝒕𝒉𝒘𝒂𝒚 002"𝐇𝐨𝐰 𝐭𝐨 𝐛𝐞 𝐭𝐨𝐩𝐩𝐞𝐫 𝐚𝐭 𝐈𝐆𝐂𝐒𝐄" Hello, Lilac ပြန်လာပါပြီရှင့်..ဒီ​နေ့မှာ​တော့ Lilac ​ပြောပ...
18/01/2023

Let's 𝒄𝒂𝒕𝒄𝒉 𝒕𝒉𝒆 𝒔𝒖𝒏 𝒐𝒏 𝒑𝒂𝒕𝒉𝒘𝒂𝒚 002

"𝐇𝐨𝐰 𝐭𝐨 𝐛𝐞 𝐭𝐨𝐩𝐩𝐞𝐫 𝐚𝐭 𝐈𝐆𝐂𝐒𝐄"

Hello, Lilac ပြန်လာပါပြီရှင့်..

ဒီ​နေ့မှာ​တော့ Lilac ​ပြောပြထားတဲ့အတိုင်း IGCSE ဘာသာရပ်​တွေရဲ့ Structure ​တွေ သင်ကြားပုံ​တွေကို Lilac က ​ကျောင်းသားတစ်​ယောက်အ​နေနဲ့ ​ပြောပြသွားမှာဖြစ်ပါတယ်။ ပြီးရင်တစ်ခုချင်းစီကိုသင်ယူတဲ့အခါ အ​ထောက်အကူဖြစ်​စေမယ့် Mateiral ​တွေကိုလည်း ​ပြောပြပါမယ်ရှင်။

ဒီ​နေ့​ပြောပြမယ့်ဘာသာရပ်​တွေကLilac သင်ယူ​နေတဲ့ ဘာသာရပ်​တွေဖြစ်တဲ့

"🟣English as First Language (EFL)

🟣Additional Math

🟣Extended Core Math

🟣Physics

🟣Chemistry

🟣Computer Science

🟣ICT"

ကို အ​သေးစိတ်ရှင်းပြသွားဖြစ်ပါတယ်။
Lilac သင်မလို့စဥ်းစားလိုက်ပြီးမှမသင်လိုက်ရတဲ့ ဘာသာတစ်ချို့အ​ကြောင်းကိုလည်းLilac သိသ​လောက်ပြန်​ပြောပြသွားမှာပါရှင့်...အဲဒီဘာသာ​တွေက

"English Literature
Biology " ပါ။

Lilac ရဲ့ရည်မှန်းချက်က Computer Science Major ကိုတက်ချင်တာပါ။ ဒါမှမဟုတ် Cyber Security or Networking and Database ပါ

​Lilac က Science ကို ဝါသနာပါပြီးသ​ဘောကျလို့လား​တော့မသိဘူး။ Bio ကစိတ်၀င်စားဖို့ ​ကောင်းပါတယ် ဒါ​ပေမယ့် ICT က ပိုပြီးအ​ထောက်အကူဖြစ်မယ်လို့ဆုံးဖြတ်လိုက်တာမလို့​ရွေးလိုက်တာပါ။ Bio ကိုOverview အ​နေဲ့ပဲရှင်းပြ​ပေးမှာမလို့အမှားပါရင် ထောက်ပြ​ပေးပါ​နော် ။

ပထမဆုံးက

💠"EFL : English as First language

ဒီအပိုင်းမှာ EFl အ​ကြောင်းကိုရှင်းပြ​ပေးပါမယ်

Lilac သင်ဖူးသမျှထဲမှာ အခက်ဆုံး ဘာသာပါ။ EFL ကိုမသင်ခင်တုန်းက Information sharing group ထဲမှာ EFL ကို A ရဖို့မလွယ်ဘူးလို့ ​​ရေးထားတာကို​တွေ့ရပါတယ်။ ဒါ​ကေမယ့် Lilac က ထင်ခဲ့တာ အဲ့​လောက်ကြီးမခက်​လောက်ပါဘူး။ Engish အ​ခြေခံရှိတဲ့သူအတွက် အများကြီးအဆင်​ပြေမှာပါလို့ထင်ခဲ့တာပါ။

တကယ်က Totally Wrong ပါ​နော်။
EFLမှာ A* ရဖို့ထက် A ရဖို့ကို​တောင် ​တော်​တော်​လေးရုန်းကန်ရမှာပါ။ EFL မှာ C ရတာက ESL မှာ A ရတာနဲ့အတူတူပဲလို့​တောင်ပြောရတဲ့အထိပါ။

EFL မှာ Writing Style ​တွေက အမျိုးမျိုးရှိပြီးတစ်ခုချင်းစီမှာမတူညီတဲ့စံနှုန်း​တွေရှိပါတယ်။ Vocabulary​တွေကလည်းအများကြီးကျယ်ပြန့်ပါတယ်။
For Example: The house is old ဆိုပြီး​ Simple Sentence ရေးလို့မရပါဘူး

The house, at the corner of street, shawdoy and murky, smell like a ton of dust, is aged over 50 years.

ဒီထက်ကျယ်ပြန့်တဲ့စကားလုံး​တွေလည်းရှိသလို
စာပိုဒ်တစ်ပိုဒ် မှာ စကားလုံး​တွေကိုထပ်ခါထပ်ခါသုံးလို့မရပါဘူး
Phrasal Verb ​တွေလည်းအများကြီးသုံးရသလို..
Vocab ကိုလည်း Advanced ​ရောက်​အောင်သုံးတတ်ရပါတယ်

ဖတ်တဲ့သူကိုလည်းဆွဲ​ဆောင်မှုရှိ​အောင်​ရေးရပါမယ်။ Simple ဖြစ်​နေလို့ကိုမရတာပါ။

Comprehension မှာ
Idiom​တွေရဲ့အဓိပ္ပါယ်ကို ကိုယ့်စကားလုံးနဲ့ ကိုယ် ပြန်​ရေးခိုင်းတာ​တွေရှိပါတယ်။ Synonym ​တွေရှာခိုင်းတာလည်း ရှိပါတယ်။
​ပေးထားတဲ့ Text ထဲက အ​ကြောင်းအ​ရာ​တွေကို Own words နဲ့ပြန်​ရေးခိုင်းတာမျိုးလည်းရှိပါတယ်

ပထမဆုံးက
💫Summary Writing
​ပေးထားတဲ့ Text ကိုအကျဥ်းချုပ်ပြီးပြန်​ရေးရပါတယ်။ Main point​လေး​တွေကိုဆွဲထုတ်ပြီးစာပိုဒ်အတို​လေးဖြစ်​အောင်ပြန်​ရေးရတာပါ Text ထဲက Vocab ​တွေလုံးဝ ပြန်သုံးလို့မရပါဘူး။ Lilac အတွက်က​တော့ Summary က အခက်ဆုံးပါ။ Summary မှာ Words Limit က 120-150 words ဖြစ်ပါတယ်။

💫 Descriptive Wriring
မြန်မာလိုဆိုရင်​တော့ သရုပ်​ဖော်စာစီစာကုံးပါ။
သူ့မှာ Vocabulary က ပိုကျယ်ပြန့်ပါတယ်။ အသံ၊အနံ့၊ အထိအ​တွေ့ ၊ အမြင်စတာ​တွေကို သရုပ်​ပေါ်​အောင်​ရေးရတာမလို့အဲ့ဒါနဲ့ပက်သတ်တဲ့ Adjective ​တွေကို မှတ်ထားရပါမယ်။ ​ထားသိုမှု၊ အသုံးအနှုန်း​တွေသိရပါမယ်။ အဓိက Readers' attention ပါ စကားလုံးသုံးနှုန်းပုံကအစ ဝါကျတည်​ဆောက်ပုံအဆုံး ​သေသပ်လှပ​နေရမှာဖြစ်ပါတယ်။

💫 Article Writing

Lilac အတွက်က​တော့အလွယ်ဆုံးပါပဲ ဒါ​ပေမယ့် Article Writingမှာ Title က အ​ရေးကြီးပါတယ် ။ Title မှာတည်းက လှလှ ပပနဲ့ ဆွဲ​ဆောင်နိုင်မယ်ဆိုရင် အမှတ်ရ​နေပါပြီ။ Article writingက များသောအားဖြင့်​မေးခွန်းနဲ့စ​လေ့ရှိပြီး ၃ပိုဒ်က​နေ ၄ပိုဒ် အထိရှိရပါတယ်

💫Narrative Writing

ပုံပြင်​ပြောသလိုပြန်​ရေးရတာဖြစ်ပြီး Descriptuve writing နဲ့အတူတူ Past Paper မှာ Options ​ပေးထားပါတယ်။ ​ကျောင်းသားအများစုက​တော့ Narrative writing ကို​ရွေးချယ်ကြပါတယ်။

💫Writer's Effect
​ရေးဖူးသမျှထဲမှာအခက်ဆုံးပါ ။ စာပိုဒ်ထဲက Word (or) phraseတစ်ခုကိုဆွဲယူရပြီး Writer ကဘယ်လို​ပြောချင်​ကြောင်း စာဖတ်သူကိုဘယ်လိုရှင်းပြထား​ကြောင်း ​ဖော်ပြထား​ကြောင်းရေးရတာပါ။ လွယ်လွယ်​လေးလို့မထင်ပါနဲ့။ Text မှာ အဲ့လိုစာလုံးတွေ အများကြီးရှိသလို ၂​ခေါက်​လောက်ဖတ်မှနားလည်မယ့် စာ​တွေလည်းရှိပါတယ်

ကျန်တဲ့ Interview Writing, Speech Writing နဲ့ Diary Entry က ​တော့သိပ်မခက်လှပါဘူး။ အဲ့တာ​တွေပါ ဆက်ရှင်းရင်စာရှည်သွားပါလိမ့်မယ်

"Tips From Me"

💥Speaking ပိုင်းကို​လေ့ကျင့်ပါ
💥Speaking Club ​တွေတက်ပါ
💥စကား​ပြောဖို့မ​ကြောက်ပါနဲ့
💥 Vocabulary ကို တစ်လကိုဘယ်နှလုံးကျက်ရမယ်ဆိုတာကို Limit နဲ့ကျက်ပါ
💥Listening Skill ကိုမြင့်သထက်မြင့်​အောင်လုပ်ပါ

အ​ရေးအကြီးဆုံးက​တော့ စာဖတ်ဖို့ပါပဲ။
စာအုပ်များများဖတ်​လေ Writer's Effect တို့ တခြား Writing ကို​ကောင်း​ကောင်း​ရေးနိုင်ပါတယ်

Instruction ​သေချာ​ဖတ်ပါ။ ​မေးခွန်းက တစ်ခါတစ်​လေ ဒီလို​မေးတာ​ပေမယ့် မျက်စိလျှမ်းပြီး ကိုယ်​ဖြေတာလွဲသွားနိုင်ပါတယ်​နော်။

မြန်မာလို​တွေး အင်္ဂလိပ်လို​ရေးပါ။ ကိုယ် အား​နေရင် Eng လို စာတို​ပေစ​လေး​တွေ ကဗျာ​လေး​တွေ​ရေးရင်းနဲ့ Writing Skill တိုးတက်နိုင်ပါတယ်

​အောက်မှာ​တော့ EFL အတွက် ​လေ့လာသင့်တဲ့ Youtube Channel ​လေး​တစ်ခုကို ​ဖော်ပြသွားပါမယ်

https://youtube.com/

Youtibe Search bar မှာ "IGCSE EFL Study Tips" လို့ရိုက်ရှာလိုက်ရင်​ အများကြီးထွက်လာပါတယ်။

Lilac Recommend ​ပေးချင်တဲ့စာအုပ်က​တော့

"Courage to be disliked"

"The House at Riverton"

စာအုပ်နှစ်အုပ်ကိုအရင်ဖတ်ကြည့်ပါ။ အ​ကြောင်းအရာ​လေး​တွေကလည်းစိတ်၀င်စားစရာ​ကောင်းပြီး လွယ်လည်းလွယ်ပါတယ်။
"The House At Riverton " ကို Summary, Writer's Effect တို့ကို​ရေးကြည့်ပါ။
English Newspaper ​တွေ မဂ္ဂဇင်း​တွေဖတ်ပါ​။

​သေး​သေး​လေးကစရင်း အများကြီးတိုးတက်လာပါလိမ့်မယ်။

EFL ကခက်​ပေမယ့် Grade ​ကောင်းတာနဲ့အမျှ
အခွင့်အလမ်း​တွေအများကြီးပိုရှိပါတယ်

တစ်ချို့​ကျောင်း​တွေက IGCSE မှာ EFLနဲ့​အောင်ရင် IELTS , TOFEL တို့​လို English Proficiency Test Score ​တွေမ​တောင်းတာမျိုးလည်းရှိပါတယ်။

ဒါ​ကြောင့် EFL ကိုသင်ဖို့ စဥ်းစားထားတယ်ဆိုရင် Lilac ​ပြောထားတာ​လေး​တွေကို ​သေချာစဥ်းစားပြီးအ​ကောင်းဆုံးပြင်ဆင်ကြိုးစားကြပါ​နော်။

https://t.me/podcasts_by_mon မှာလည်း လွယ်ကူပြီး နား​ထောင်ရလွယ်ကူတဲ့စိတ်၀င်စားစရာ Podcasts ​တွေတင်​ပေးသွားမှာမလို့ Join ထားရင်အကျိုးမယုတ်ပါဘူးရှင့်။

ကဲ... Speaking Club ​လေး​တွေJoin ချင်တယ် အဆင်မ​ပြေမှာလည်းစိုးတယ် အခုမှလည်းအစဆို​တော့ Lilacက Hypen Organization ကိုRecommend ​ပေးချင်ပါတယ်​နော်။ အပတ်တိုင်း Speaking Club ​တွေလည်းရှိပါတယ်​နော်။

Lilac ကိုယ်တိုင်လည်းအဲ့မှာတက်ပြီး Speaking Skill ​တွေအများကြီးတိုးတက်ခဲ့တာမလို့ Try ကြည့်ကြပါဦး​နော်♡♡

စာလည်းရှည်သွားပြီမလို့ ဒီ​လောက်နဲ့ပဲ
နှုတ်ဆက်လိုက်ပါတယ်ရှင့်...

𝑳𝒆𝒕'𝒔 𝒄𝒂𝒕𝒄𝒉 𝒕𝒉𝒆 𝒔𝒖𝒏 𝒐𝒏 𝒑𝒂𝒕𝒉𝒘𝒂𝒚 :001 𝑇𝒉𝑒 𝑠𝑡𝑦𝑙𝑒 𝑜𝑓 𝐼𝐺𝐶𝑆𝐸  Part 1 Hello Sweethearts, Hey နိုင်ငံခြား ဇာတ်လမ်း​တွေထဲမှာ​လေ မ...
29/10/2022

𝑳𝒆𝒕'𝒔 𝒄𝒂𝒕𝒄𝒉 𝒕𝒉𝒆 𝒔𝒖𝒏 𝒐𝒏 𝒑𝒂𝒕𝒉𝒘𝒂𝒚 :001

𝑇𝒉𝑒 𝑠𝑡𝑦𝑙𝑒 𝑜𝑓 𝐼𝐺𝐶𝑆𝐸 Part 1

Hello Sweethearts,

Hey နိုင်ငံခြား ဇာတ်လမ်း​တွေထဲမှာ​လေ မျက်မှန်၀ိုင်း၀ိုင်း​လေးနဲ့ Nerdy Girl / Boy ​လေး​တွေ စာလုပ်ကြတာကို အားကျဖူးတဲ့ သူ​တွေရှိကြလား

Chemistry ကို လက်​တွေ့လုပ်ပြီး ဓါတ်သတ္ထု​တွေ​ဖော်ထုတ်တာ
Physics Experiment​တွေကို လုပ်ပြတာ Biology ဆိုလည်း အ​ကောင်​လေး​တွေအ​ကြောင်း အပင်​တွေအ​ကြောင်း​သေချာ​လေ့လာတာ​တွေကို သ​ဘောကျဖူးတယ်မလား

Lilac ​လည်း အများကြီးသ​ဘောကျဖူးပါတယ် ခက်တာက​လေ အဲ့ဒီလို ပုံစံ​လေး​တွေက Lilacတို့နိုင်ငံမှာလူတန်းစားတစ်ချို့ပဲတတ်နိုင်ကြတဲ့ပုံစံမျိုးဖြစ်​နေခဲ့တယ်​လေ။

Public School (အစိုးရ​ကျောင်း) ကိုတက်ကြတဲ့သူ​တွေကြ​တော့ သင်​ထောက်ကူပစ္စည်းမပြည့်စုံတာ Environment​ or Gurdian က Supportive မဖြစ်တာ Qualified Teaching မရတာ စတာ စတာ​တွေ​ကြောင့် ဒီလိုမျိုးဆိုတာ အိပ်မက်မက်​နေရုံပဲလို့​တောင်​ပြောလို့ရတဲ့အထိပါပဲ

ဒါကျက် ဒါ​ဖြေ ဆိုတဲ့စနစ်​နဲ့ ကြီးပြင်းလာတဲ့အတွက် စာကို တကယ်နားလည်ပြီးလက်​တွေ့မှာ အသုံးချနိုင်တဲ့ က​လေးဆိုတာ သင်ယူမှုအား​ကောင်းပြီး Supportiveဖြစ်တဲ့ Gurdianရယ် Qualified Teaching ရယ်ရှိမှသာ ဖြစ်နိုင်တယ်လို့ ဆိုရမှာပါ။

Lilac ကိုယ်တိုင်လည်း International School Studentမဟုတ်တဲ့အပြင် အစိုးရ​ကျောင်းကိုမှတကယ့်ကိုနာမည်မကြီးတဲ့​ကျောင်း​လေးပါ

ဒီ​နေ့​ပြောသွား​​ပေးမှာက​တော့ အစိုးရ​ကျောင်းက​နေ IGCSE ကို​ပြောင်းလဲသင်ကြားတဲ့အခါ ​ကျောင်းသားတစ်​ယောက်အ​နေနဲ့ ဘယ်လိုမြင်လဲ ဘယ်လိုအခက်အခဲ​တွေရှိလဲ Lilac ရဲ့ Point of view ကို ရှင်းပြ​ပေးသွားမှာဖြစ်လို့ IGCSE ကို စပြီးသင်မယ့်သူဖြစ်​စေ သင်ဆဲဖြစ်​စေ အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ရှင့်။

ပထမဆုံးက​တော့

👉ပထမဆုံးက​တော့
"အစိုးရ​ကျောင်းတက်လာတဲ့ ​ကျောင်းသား​တွေဟာ IGCSE ကိုတက်ရင် Pre IGCSE ယူသင့်တယ်" ဆိုတာပါပဲ

အဲ့ဒါကိုမ​ပြောခင် Lilac Facts တစ်ချို့ကို​ထောက်ပြ​ပေးသွားပါမယ်...

🟠 IGCSE O level Vs မြန်မာ​ကျောင်း Curriculum

Lilac က ၈တန်းအထိ မြန်မာ​ကျောင်းသင်ရိုး​ဟောင်းကိုသင်လာတဲ့သူဖြစ်ပါတယ်။ Coup ဖြစ်ပြီး​နောက်ပိုင်း Lilac ကို Lilac ​မေ​မေက IGCSE ကို​ပြောင်းထားပေးခဲ့ပါတယ်။ Lilac ​နောက်ပိုင်း G-10 စနစ်သစ် Curriculumကိုဆက်သင်ခဲ့ပါတယ် အဲ့ဒီမှာဘာ​တွေ့ရလဲဆို​တော့ ၈တန်းအထိ Lilac စာ​တွေကို​အော်ကျက်ခဲ့ရတာ​တွေက စနစ်သစ် သင်ရိုးမှာ​ရော IGCSE သင်ရိုးမှာ​ရော လုံး၀ အသုံးမ၀င်ခဲ့ဘူးဆိုတာပါပဲ

မြန်မာသဒ္ဒါ တစ်ခုပဲ ​ကောင်း​ကောင်းမွန်မွန်အဆင်​ပြေပြီးကျန်တာ​တွေက တကယ်ကို Waste of time ဖြစ်ခဲ့တဲ့အပြင်စိတ်ပင်ပန်း လူပင်ပန်းပါ ဖြစ်ခဲ့ရတာပါ သမိုင်းဆိုရင် ခုနှစ်သက္ကရာဇ်အတိအကျ​တွေလိုက်ကျက်ရတာမလို့ မုန်းလွန်းလို့ လှည့်​တောင်မကြည့်ချင်ခဲ့ပါဘူး

စနစ်သစ် New Curriculumဟာ IGCSE ရဲ့ Curriculum ကို Base လုပ်ထားပြီး Syllabus ကို နည်းနည်း​လေး​ပြောင်းထားတာပါပဲ

ဒါ​ပေမယ့် စနစ်သစ်သင်ရိုးကို ​ရေးဆွဲတဲ့သူ​တွေဟာ မြန်မာ​ကျောင်းသားတွေအတွက် သင်ရိုးကိုပိုပြီးသင်ယူမှုအား​ကောင်း​အောင် လွယ်​အောင် ​ရေးဆွဲထားတယ်လို့မြင်ပါတယ်

ဥပမာ​ပြောရရင် IGCSE O level ရဲ့ Chemistryမှာ Periodic Table အ​ကြောင်းကို ​နောက်ပိုင်း​လောက်မှ သင်ရ​ပေမယ့် G-10 မှာ​တော့ Periodic Table အ​ကြောင်းအစပိုင်းမှာ နည်းနည်းပါးပါးကိုထည့်ထားပါတယ် အဲ့​တော့ ဘာလွယ်သွားလည်းလို့​မေးရင်

Molar Mass ​တွေ Mole​တွေတွက်တဲ့အခါ Element အခု 20ကို ရပြီးသားဖြစ်သွားတဲ့အပြင် Valence ကိုပါတွက်လို့ရတာမလို့ တစ်ခုနဲ့တစ်ခု ကွင်းဆက်မိပါတယ်။

IGCSE O level Chemistry ရဲ့ Periodic Table ​သင်ခန်းစာမှာ Periodic Tableကိုသင်ပြီးတာနဲ့ Group 1 နဲ့ Group 7 ကို သင်ပါတယ်

G-10မှာ Group 7 ကို သတ်သတ်ခွဲထုတ်ထားပြီး Group 1 အ​ကြောင်းနဲ့ Transition metals​တွေကို G-11မှာထည့်ထားပါတယ်

​နောက်တစ်ခုက Stoichiometryနဲ့ Acid Base and Salt အခန်းပါ။ IGCSE မှာ Stoichiometry လာပြီးမှ Acid Base and salt လာပါတယ် စနစ်သစ်မှာ ​ပြောင်းပြန်လုပ်ထားပြီး Acid Base ​တွေကို အရင်သင်တာမလို့ Equation ​ရေးတဲ့အခါ ပိုပြီးလွယ်ကူနားလည်လွယ်တယ်လို့ Lilac မြင်ပါတယ်။

Physics ကလည်အဲ့ဒီလိုပါပဲ ဒါ​ပေမယ့် အစပိုင်းမှာ Scientific Notation ​တွေအ​ကြောင်းကို စနစ်သစ်သင်ရိုးမှာထည့်​ပေးထားပြီး Unit​တွေ Quantity​တွေ အ​ကြောင်းအရင်သင်​ပေးထားတာမလို့ Physics ကို​နောက်ပိုင်းတွက်ရတာအများကြီးလွယ်သွားတယ်လို့မြင်ပါတယ်

Bioက Lilac မယူထားလို့မသိ​ပေမယ့် စနစ်သစ်မှာက Organismsတွေအ​ကြောင်းကိုမိတ်ဆက်ပြီးမှ ​နောက်ပိုင်းကိုသင််ပါတယ် IGCSE O level နဲ့ သိပ်ပြီး​တော့မကွာလှပါဘူး

ဒီ​တော့ဒီ​နေရာမှာ IGCSE ကိိုစပြီး​လေ့လာမယ့်သူ​တွေအ​နေနဲ့ G-10 သင်ရိုးကိုထိ​တွေ့ပြီးသားဆိုရင်​တော့ Physics, Chemistry, Biology, E math , A math ​​တွေကို ယူခဲ့ရင် Pre တက်စရာမလိုပါဘူး

Lilac တစ်ခုအကြံ​ပေးချင်တာက​လေ IGCSE ကိုစ​​ပြောင်းမယ်ဆိုရင် Pre တက်မယ့်အစား G-10 စနစ်သစ်ကို အရင်သင်ပါ ​Youtubeလို Online Platform မှာ Qualifiedဖြစ်တဲ့ သင်ကြားမှု​Video​တွေရှိပါတယ်။

Lilacက အဲ့ဒီက​နေသင်တာပါ ။ အဲ့ဒါ​တွေကို အရင်သင်ပြီး Self study လုပ်ပါ။

G-10 စနစ်သစ်ကို သင်​ပေးမယ့် Guide ယူပါ။ တကယ်ဆို ကိုယ်က Passionate ဖြစ်ရင် Guide မယူဘဲ Youtube ကို Video​တွေကို အားကိုးလို့ရပါတယ်။

မသိရင် Google ​​ခေါက်ပါ ။ Pre IGCSE ကိုယူရင် ​​Budgetကို ကြည့်ရပါတယ်။ ​

နောက်ပိုင်းအများကြီးကုန်ဦးမှာမလို့ အခုထဲက ခြိုးခြံထားရင် ​ကောင်းမယ်လို့အကြံ​ပေးချင်ပါတယ် ။
IGCSE O level ကိုသင်​နေရင်း G 10 ပြီးသွားရင် G 11 ကိုသင်ကြည့်ပါ ။ တကယ်ကိုအများကြီးအ​ထောက်အကူဖြစ်ပါတယ်

Physics, Chemistry, Biology ကိုသင်ကြည့်ပါ တစ်ချို့​တွေထင်သလို စာနှစ်မျိုးမဟုတ်ဘဲ စာတစ်ခုတည်းကိုပါ Versionနှစ်မျိုးပါ။ Trust Me..တကယ်ကို အ​ထောက်အကူဖြစ်ပါတယ်​နော်

🟠 English, Computer Science and ICT in IGCSE

ဒါ​တွေအတွက်ကို ​တော့ Lilac အ​နေနဲ့ ကိုယ့်ကိုကိုယ် မလိုက်နိုင်​လောက်ဘူး လို့ထင်ရင် Pre IGCSE ယူဖို့ အကြံ​ပေးချင်ပါတယ်။ အဲ့ဒီလို မဟုတ်​တောင် တခြား အကြိုတစ်တန်းတက်သင့်ပါတယ်။ Year 9 and 8 က စာ​တွေကိုပြန်ကြည့်ပါ။

English က Lilac တို့ အစိုးရ​ကျောင်းမှာသင်ခဲ့တဲ့ စာ​တွေအတိုင်း Grammar, Word form, verb form​တွေမဟုတ်ပါဘူး။ Writing ​တွေကိုအဓိကထားပြီး Writing ပုံစံအမျိုးမျိုးရှိပါတယ်။ Vocab​တွေကပိုပြီးကျယ်ပြန့်ပါတယ်။ Comprehensionကလည်း ကိုယ်ဘယ်လောက်နားလည်လည်းဆိုတာ​မေးတာမလို့ English စာအ​ခြေခံကိုပိုင်နိုင်​အောင်လုပ်ထားတယ် Writting ​ကောင်း​ကောင်း​ရေးနိုင်ပြီး English Level အတန်အသင့်​ကောင်းတယ် ဆိုရင် သူလည်း Pre တက်စရာမလိုပါဘူး။

IGCSE မှာ EFL (English as First language) နဲ့ (English as Second Language) ရှိပါတယ်။
EFL က ပိုအားစိုက်ရမှာဖြစ်ပြီး အများကြီးကြိုးစားရပါမယ်။ Lilacသိသ​လောက် Preမှာ ESL နဲ့ EFL မခွဲ​သေးပါဘူး။
ဒါ​ပေမယ့် Writing Style​တွေက သာမန် Essay ,Letter မဟုတ်ဘဲ တခြား Varieties ​တွေရှိ​သေးပါတယ်။
ဒါ​တွေကို ​နောက် အပိုင်းမှာ ဘာသာရပ်​တွေအ​ကြောင်းရှင်းပြရင် ​သေချာ​ပြောပြပါမယ်။


Computer Science နဲ့ ICT က​တော့ Computer Knowledge အခြေခံရှိရင်မယ်ဆိုရင် Pre မှာက Coding ကိုနည်းနည်း​လေးပဲစထားတာမလို့ O levelက စတက်လည်း အဆင်​ပြေပါတယ်။ အဓိက Computer Knowledgeရှိရပါမယ်။
စာသင်ကာမှ Software install မလုပ်တတ်တာ Virus မ​ဖြေရှင်းတတ်တာ ဘယ်​နေရာမှာ ဘယ် Fileရှိတာကို မသိတာ Zip File မဖြည်တတ်တာ မျိုး တို့ စာရိုက်တာ​လောက်ပဲလုပ်တတ်​နေရင်​တော့အဆင်မ​ပြေ​သေးပါဘူး

​နောက်တစ်ခုက​တော့
👉 Learn with Passion , Explore​ and Don't Be AFRAID

ဒီတစ်ချက်က​တော့တကယ်အ​ရေးကြီးပါတယ် စာသင်တဲ့အခါ မိဘခိုင်းလို့သင်တာထက် ကိုယ့်ဘာသာ သင်ချင်လို့ သင်ချင်စိတ်ရှိလို့ သင်တာဟာ သင်ယူမှုမှာ အများကြီးအ​ထောင်အကူဖြစ်ပါတယ်။
Lilac ကိုယ်တိုင်က Nerdy ပုံစံမျိုးပါ အဲ့ဒီ​တော့ စာ​တွေကိုသင်ယူရတာကို ​ပျော်စရာတစ်ခုလို့ မြင်ပါတယ် မသိတာရှိရင် Googleရှာတယ် Youtubeကြည့်တယ်
ဆရာ​တွေကို​မေးကြည့်တယ် Questionအရမ်းထုတ်တဲ့ Student​တွေကို ဆရာ​တွေက အမြင်ကတ်တယ်ဆိုတာက သင်ရိုး​ဟောင်းမူပါ IGCSEမှာ ​မေးခွန်းထုတ်တဲ့​ကျောင်းသား​တွေ နားမလည်လို့ပြန်ရှင်းခိုင်းတဲ့​ကျောင်းသား​တွေကို ဆရာ​တွေက ချစ်ကြပါတယ်။

ဒါ​ပေမယ့် Silly Question​တွေကို​တော့မ​မေးပါနဲ့။ ဒါက​တော့လူတိုင်းသိကြပါတယ်​နော်။
"စာ​တွေက ခက်လိုက်တာ "
"နားလည်းမလည်ဘူး"
"ဘာ​တွေမှန်းလဲမသိဘူး"ဆိုတာ
ကိုယ်တကယ်မကြိုးစားမရှာ​ဖွေ​သေးလို့ပါ မရဘူးလို့မ​တွေးဘဲ ဘယ်လိုရ​အောင်လုပ်ကြည့်မလဲဆိုတာကို ​​တွေးရင် Learning is fun ဆိုတာ တကယ်မှန်ပါတယ်​နော်

​ကြောက်စိတ်ကိုမ​မွေးဘဲ သင်ကြည့်ပါ ဒီစာ​တွေကတကယ် အသုံး၀င်တယ်လို့ ခံစားကြည့်တဲ့အခါ စာသင်ရတာက အများကြီး​ပျော်ဖို့​ကောင်းပါတယ်
Internet က တကယ်ကိုအကျိုးရှိတဲ့အရာပါ
ရှာ​ဖွေ​လေ​တွေ့ရှိ​လေပါပဲ

Lilac က Self-study ကိုအား​ပေးပါတယ်။ အဲ့ဒါက အများကြီးပိုနားလည်စေလို့ပါ Online Source​တွေအများကြီးရှိပါတယ် Self-Study စာအုပ်​တွေ၀ယ်ပြီး​လေ့လာရင်ပဲဖြစ်ဖြစ်
Work book ​တွေအများကြီးလုပ်ရင် Pre IGCSE ဖြစ်ဖြစ် တခြားဘာပဲဖြစ်ဖြစ် အများကြီးသင်ယူနိုင်ပါတယ်။

IS school တက်မှ ပို​ကောင်းတဲ့အနာဂတ်ရမှာမဟုတ်ပါဘူး ကိုယ်ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်

👉 ​နောက်တစ်ချက်က "Budget" ပါ

Lilac တို့သိပါတယ် IGCSEက Long term planပါ။ O Level တစ်ခုတည်းနဲ့ ကိုယ်လိုချင်တဲ့​ကျောင်းကို​လျှောက်လို့လည်းမရသလို တခြား Criteria ​တွေအများကြီးလိုအပ်ပါတယ်
A level ဆက်တက်ရမလား တခြားဟာ​တွေပဲလုပ်ရမလားဆိုတာရှိပါတယ်။

ဒါ​ကြောင့် အ​စောပိုင်းမှာကတည်းက အများကြီးကုန်ထားရင် စရိတ်ကပိုကြီးနိုင်ပါတယ်။ ပြီး​တော့ အစတည်းက IGCSE ကို သင်မယ် မလုပ်ကတည်းက ကိုယ်ဘယ်ကိုသွားမယ် ဘာလုပ်မယ် ဆိုတာ ကိုအရင်ကြိုစဥ်းစားထားသင့်ပါတယ်။ Pathway မသိဘဲ O level က တက်သင့်တယ် ​recommend ​ပေးလို့တက်လိုက်တယ်ဆိုတာ ဟာ Budget ​လည်းပိုကုန်ပြီး လမ်း​ပျောက်​စေပါတယ်။
A Level နဲ့ O level မကွဲတာ ဘယ်ဘာသာရပ်ကို​ရွေးချယ်သင့်တယ်ဆိုတာမသိရင် ကိုယ်နဲ့ကိုက်ညီတဲ့ ဘာသာရပ်ကို မ​ရွေးချယ်မိရင် ​ငွေကုန်​ကြေးကျ ပိုများပါတယ်

🟠 School Vs Tutition and Selected Teacher

Lilac က Rich Kid မဟုတ်ပါဘူး အဲ့ဒါ​ကြောင့် School ထက် Qualified Teacher လို့ခံစားရတဲ့ဆရာ​တွေဆီမှာ ကိုယ်ကြိုက်ရာ​ရွေးထုတ်ပြီးသင်ပါတယ်။ အဲ့ဒီလိုနည်းက ပိုပြီး Budget ကိုSave လုပ်တယ်လို့ထင်ပါတယ်။

School ​တွေက သင်ထောက်ကူပစ္စည်း​တွေ Experiment​တွေပိုလုပ်ရတယ် အခွင့်အလမ်းများတယ်ဆိုတာ မှန်ပါတယ်။
But တစ်ချို့လူ​တွေကြ School​တွေက ပိုပြီးကုန်ကျပါတယ်။
Lilac တို့လို လူ​တွေကြ​တော့ အဆင်​မ​ပြေပါဘူး။

IGCSE မှာ Paper 6(Alternative to pratical ) ဆိုတာရှိပါတယ်။ အဲ့ဒါက Pratical လုပ်တဲ့ procedure ​တွေကိုပြန်​ရေးရတာမျိုးပါ။ ဒီလို​နေရာမှာ School​တွေက ပိုအဆင်​ပြေပါတယ် သူတို့ကတကယ်ထိ​တွေ့ရပါတယ်။
But စာသင်တာဆိုရင်​တော့ School​တွေထက်
Education Centre​တွေနဲ့ Tuition ​တွေက တစ်လကို သိန်းဆယ်ချီပြီးမကုန်ပါဘူး။
School​တွေကို မတက်သင့်ဘူးလို့မ​ဟုတ်ဘူး​နော်။ ကိုယ့်ရဲ့ Budget ကိုကြည့်ပြီး တွက်ကြည့်​စေချင်ပါတယ်။

Paper 6 အတွက်က Campaign ​တွေလည်းရှိသလို Online Platform​တွေလည်းရှိပါတယ် Paper 6 ကို သီးသန့် Train​ပေးမယ့် Class ​တွေလည်းရှိတာမလို့ Budget ကို Save

​နောက်တစ်ခုက Lilac ​ပြောခဲ့သလို Self -Srudy အများကြီးလုပ်ပါ။ ကိုယ့်အားကိုယ်ကိုးမှအဆင်​ပြေမှာပါ။ Teaching ထက် studying ကို Lilacက အား​ပေးပါတယ်။ Focus လုပ်ပြီးသင်မယ်ဆိုရင် A* ကမလွဲဘဲရပါတယ်။
ပြီး​တော့ အားတဲ့အချိန်မှာ Knowledge​တွေလိုက်ရှာ စာအုပ်ဖတ် တာမျိုးလုပ်မယ်ဆိုရင် ကိုယ့်အတွက်အများကြီးအကျိုးရှိပါတယ်။

Budget မလိုက်နိုင်လို့ IS မထားနိုင်ဟာ ကကိုယ့်အပြစ်မဟုတ်ဘဲ ရသမျှအခွင့်အ​ရေးနဲ့မကြိုးစားတာ အသုံးမချတာဟာ ကိုယ့်အပြစ်ပါ။

Attitude , passion သာရှိရင် Nothing is Impossibleပါ​နော်။

ဒီ​နေ့က​တော့ ဒီ​လောက်ပါပဲ။ Lilac က student တစ်​ယောက်ရဲ့အမြင်က​နေ​ရေးထားတာမလို့အမှားပါရင်လည်း ​ထောက်ပြ​ပေးပါရှင့်။
𝑳𝒆𝒕'𝒔 𝒄𝒂𝒕𝒄𝒉 𝒕𝒉𝒆 𝒔𝒖𝒏 𝒐𝒏 𝒑𝒂𝒕𝒉𝒘𝒂𝒚 seires ​လေးမှာ Educationနဲ့ပတ်သက်တဲ့ Content​တွေနဲ့ Myanmar Student တစ်​​ယောက်ရဲ့ point of view ကို​ရေးပြ​ပေးသွားမှာမလို့ Page​လေးကို Like and follow လုပ်ထား​ပေးဖို့​တောင်းဆိုပါတယ်ရှင့်♡

​နောက်အပိုင်းမှာ​တော့ "𝙷𝚘𝚠 𝚝𝚘 𝚂𝚝𝚞𝚍𝚢 𝙸𝙶𝙲𝚂𝙴" ဆိုတဲ့အပိုင်းမှာ Lilac အခုယူထားတဲ့ Subject​တွေဖြစ်တဲ့

"English as first language
Additional Mathematics
Core and Extended Mathematics
Physics
Chemistry
Computer Science
ICT
ဘာသာရပ်​တွေအ​ကြောင်းကို​ပြောပြ​ပေးသွားမှာမလို့ ​​စောင့်​မျှော်ဖတ်ရှု​ပေးကြပါ​နော်။
​ကောင်း​သော​နေ့​လေးဖြစ်ပါ​စေရှင့်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Your Bestie is Here For You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Your Bestie is Here For You:

Shortcuts

Share