18/08/2020
လက်တွေ့အသုံး၀င်မှုနဲ့ ရှင်းလင်းစွာနားလည်မှုကို ဦးစားပေးသွားပါမယ်။ Like and Follow လုပ်ထားလိုက်နော်။
Verified
18/08/2020
လက်တွေ့အသုံး၀င်မှုနဲ့ ရှင်းလင်းစွာနားလည်မှုကို ဦးစားပေးသွားပါမယ်။ Like and Follow လုပ်ထားလိုက်နော်။
16/08/2020
🇲🇲" မြန်မာနိုင်ငံနေရာဒေသအနှံ့သို့ တန်းတူညီမျှသောလေ့လာမှုအခွင့်အလမ်းရှိစေဖို့"🇲🇲 Online Learning >> Equal Opportunity
မြို့ကြီးတွေထက်စာရင် နယ်မြို့လေးတွေဘက်က လူငယ်တွေဟာ အွန်လိုင်းနဲ့လေ့လာတာကို ထိတွေ့မှုနည်းသေးတာရယ်၊ သူတို့စိတ်ဝင်စားတဲ့ သင်တန်းမျိုးတွေအနီးတစ်ဝိုက်မှာမရှိတာရယ်၊ ဘွဲ့တစ်ခုအလွယ်ရပြီး လမ်းပျောက်နေတာရယ် စတဲ့ စတဲ့ ဟာကွက်တွေကြောင့် ရသင့်သလောက်အခွင့်အရေးတွေမရသေးတာပါ။ ဒါကြောင့်လည်း Passion Bridge Learning အဖွဲ့အနေနဲ့ ဒီလို မြို့နယ်ဒေသမရွေး လူငယ်တန်းတူအခွင့်အလမ်းဖြည့်ပေးဖို့ စတင်ကြိုးစားနေပါပြီ။ ✅💯
မြန်မာနိုင်ငံမှာ အွန်လိုင်းသင်တန်းတွေက covid-19 မတိုင်ခင်တည်းက တဖြည်းဖြည်းအရှိန်ရနေပါတယ်။ Covid-19 စတဲ့နောက်ပိုင်း သိသာကြီးမားတဲ့ အပြောင်းအလဲကတော့ အွန်လိုင်းအခြေပြုလေ့လာမှုက လူတွေရဲ့ နေ့စဥ်ဘဝမှာ အရေးပါတဲ့ပုံစံတစ်ခုလို အံဝင်ခွင်ကျဖြစ်လာတာပါပဲ။ ☑️
ရက်ရှည် stay home ကာလက သင်တန်းကျောင်းတော်တော်များများကို အွန်လိုင်းပုံစံဖြစ်အောင် တွန်းပို့လိုက်သလိုပါပဲ။ ပုံမှန်အပြင်အတန်းပုံစံတွေပျောက်သွားမှာတော့မဟုတ်ပေမဲ့ အွန်လိုင်းသင်ကြားမှုက တစ်စထက်တစ်စ တိုးတက်လာဖို့များနေပါပြီ။
လူငယ်တွေနဲ့ အွန်လိုင်းကလေ့လာမှုက အသားတစ်ကျဖြစ်လာတာနဲ့အမျှ ဘာသာစကားသင်တန်းနဲ့ လုပ်ငန်းခွင်ဆိုင်ပညာရပ်အားလုံးနီးပါးက online ပေါ်မှာတစ်စုတစ်စည်းထဲရှိနေပါပြီ... ✅
အွန်လိုင်းသင်တန်း တွင်ကျယ်လာမှုက အပြင်သင်တန်းကျောင်းရှားပါးတဲ့ နယ်တွေက ကျောင်းသားလူငယ်တွေအတွက် အတော်အကျိုးရှိပါတယ်။ ဒါကြောင့် နယ်ဘက်က ကြိုးစားတဲ့လူငယ်တွေလည်း ဘာသာစကားအပြင် personal/professional skills လေ့လာဖို့ တူညီတဲ့အခွင့်အလမ်းရရှိလာပါတယ်။ ☑️
ကဲ... Passion Bridge Learning နဲ့ အတူလေ့လာဖို့ စိတ်ဝင်စားပြီး အဆင်သင့်ဖြစ်တယ်ဆို "yes" လို့ပြောထားခဲ့နော်...👇😊
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |
| Sunday | 09:00 - 22:00 |