ကိုယ်သိထားတာတွေလက်တွေ့အသုံးချဖို့ ကိုယ့်ရဲ့ speaking skills ကိုမြှင့်တင်ဖို့ အပတ်စဉ် Saturday and Sunday ည ၈နာရီမှ ၉နာရီထိ Telegram Group Voice Chat နဲ့လေ့ကျင့်ကြမယ်နော် ဒါကရှက်တတ်သူတွေ Zoom နဲ့ မ join ချင်သူတွေ ပြောမထွက်သူတွေအတွက် အဓိကရည်ရွယ်ထားတာမို့ English level Pre intermediate လောက်ကစပြီး လာ join လို့ရပါဘီ လူတိုင်းပြောနိုင်အောင် စီစဉ်ထားတာမို့လို့ အပတ်စဉ် လူဦးရေ 10 ယောက်သာ လက်ခံပါမယ်ရှင့်
Learn English with Gemini
Learn English with your friendly partner✨
30/05/2026
28/05/2026
📚 [Grade 11 & 12 ကျောင်းသား/သူများအတွက်
အိမ်အရောက်အနီးကပ် Guide (မြန်မာ၊ English၊ Bio)]📚
🇬🇧 [Grade 11 - English တစ်ဘာသာတည်းကို ပိုင်နိုင်ချင်တဲ့ ကျောင်းသား/သူများအတွက် သီးသန့် Home Tutor] 🇬🇧
စနစ်သစ် (New Curriculum) ရဲ့ Grade 11 နဲ့ Grade 12 ဘာသာရပ်တွေဟာ စာမေးပွဲအတွက် အရေးကြီးဆုံးအချိန်ဖြစ်လို့ ကလေးကို အပေါ်ယံမဟုတ်ဘဲ သေသေချာချာ အနီးကပ် လမ်းညွှန်ပေးမယ့် ဂိုက်ကောင်းတစ်ယောက် လိုအပ်နေပါသလားရှင်။
Grade 11 စနစ်သစ် အင်္ဂလိပ်စာမှာ Text Book ထဲက စာတွေတင်မကဘဲ Grammar နဲ့ Writing ပိုင်းတွေမှာပါ အမှတ်ကောင်းကောင်းရဖို့ အခြေခံကစပြီး အနီးကပ် တာဝန်ယူ သင်ကြားပေးမှာ ဖြစ်ပါတယ်။
ကလေးတစ်ဦးချင်းစီ၏ လိုအပ်ချက်ကို သေချာ အားစိုက်ပြီး အနီးကပ် စောင့်ကြည့်သင်ကြားပေးချင်သောကြောင့်
"တစ်ယောက်ချင်းစီ သီးသန့် ၂ ဦး သို့မဟုတ်
သူငယ်ချင်းချင်း ဝိုင်း ၁ ဝိုင်း" သာ သီးသန့် လက်ခံပါမည်။
သင်ကြားမည့် နေရာ - မရမ်းကုန်းမြို့နယ်နှင့်
အနီးတစ်ဝိုက်မြို့နယ်များ[ အင်းစိန်၊ကမာရွတ်၊စမ်းချောင်းနှင့် အခြားအဆင်ပြေသောမြို့နယ်များ]
📞 ဆက်သွယ်ရန် - 09660848437 ကို တိုက်ရိုက်
ဆက်သွယ်နိုင်ပါတယ်ရှင်။
24/05/2026
Verb + Noun Collocations
Vocabulary တွေကို တစ်လုံးချင်းလေ့လာတာထက်စာရင်တွဲလုံးလေးတွေနဲ့ မှတ်တာပိိုပြီးအသုံးဝင်သလို ကိုယ့်ရဲ့ English level ကိုလည်းပိုမြင့်စေပါတယ်
23/05/2026
Vocabulary အတွက် Cornell Method
ဒီပုံမှာ မြင်ရတဲ့အတိုင်း စာမျက်နှာကို အပိုင်း ၃ ပိုင်း ခွဲခြားပြီး အခုလို ရေးမှတ်ရမှာ ဖြစ်ပါတယ်
ညာဘက်ကွက်ကျယ် (Notes): ဒီအကွက်ထဲမှာ စကားလုံးအသစ်ရဲ့ Definition (အဓိပ္ပာယ်)၊ ဘာအမျိုးအစားလဲ (Part of speech - v, n, adj) နဲ့ တကယ့် Context ထဲမှာ သုံးထားတဲ့ ဥပမာဝါကျ
(Example Sentence) ကို အပြည့်အစုံ ရေးပါ။
(ဒီနေရာမှာ Collocation တွဲလုံးတွေကိုပါ တစ်ခါတည်း မှတ်နိုင်ပါတယ်)
ဘယ်ဘက်ကွက်တို (Keywords / Cues): ဒီအကွက်ထဲမှာတော့ စကားလုံးအသစ် သက်သက်ကိုပဲ ရေးရမှာပါ။ (စာပြန်နွှေတဲ့အခါ ဒါကိုပဲ ကြည့်ပြီး ညာဘက်က အဓိပ္ပာယ်နဲ့ ဝါကျကို စိတ်ထဲက ပြန်အော်ပြောရမှာ ဖြစ်လို့ပါ)
အောက်ခြေကွက် (Summary): ဒီနေ့လေ့လာခဲ့တဲ့ စကားလုံးအသစ်တွေအားလုံးကို ပေါင်းစပ်ပြီး ကိုယ်ပိုင် Paragraph (စာပိုဒ်တို) တစ်ခု တီထွင်ရေးသားရမယ့်
နေရာ ဖြစ်ပါတယ်။
21/05/2026
ဒီလိုအတွဲလိုက်လေးတွေလည်း လေ့လာသင့်ပါတယ်
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon