28/07/2026
မူရင်းပို့စ်ပိုင်ရှင်ကိုကျေးဇူးအထူးတင်ရှိစွာနဲ့ credit ပေးပါတယ်ခင်ဗျာ
📌 မြန်မာနိုင်ငံမှာ ဘွဲ့မရခဲ့လို့ ထိုင်ဝမ်မှာ ကျောင်းဆက်တက်လို့ မရတော့ဘူးဆိုတာ logic ကျပါသလား?
ကျောင်းသားတစ်ယောက်က မြန်မာနိုင်ငံမှာ တက္ကသိုလ်ဒုတိယနှစ်အထိ တက်ခဲ့ပြီး—
✅ ပညာရေးအခြေအနေကို အမှန်အတိုင်းတင်ပြထားတယ်
✅ စာရွက်စာတမ်းအားလုံး အစစ်အမှန်ဖြစ်တယ်
✅ Taiwan official authentication လုပ်ထားပြီးသားဖြစ်တယ်
✅ ကျောင်းဘက်က စစ်ဆေးပြီး Admission ပေးခဲ့တယ်
✅ Semester တစ်ခုအထိ တက်ပြီးသားဖြစ်တယ်
ဆိုရင် နောက်မှ “မြန်မာနိုင်ငံမှာ Bachelor ဘွဲ့မရသေးလို့ ဆက်တက်လို့မရဘူး” လို့ ပြောလာတာဟာ အလွယ်တကူ လက်ခံရမယ့်အကြောင်းပြချက် မဟုတ်ပါဘူး။သက်သက်အနိုင်ကျင့်တာပါ။
အထူးသဖြင့် လျှောက်ထားချိန်က Admission Requirements မှာ Bachelor ဘွဲ့ရပြီးဖြစ်ရမယ်လို့ မပါခဲ့ဘူးဆိုရင် နောက်မှ သတ်မှတ်ချက်အသစ်ထည့်ပြီး ဝင်ခွင့်ရပြီးသားကျောင်းသားအပေါ် ပြန်သုံးတာက မမျှတပါဘူး။
ဒီလိုအခြေအနေကြုံရရင် အရမ်းစိတ်မပူဘဲ ကျောင်းကို—
1️⃣ ဘယ်ဥပဒေ၊ ဘယ်ကျောင်းစည်းမျဉ်းအရ ဘွဲ့လိုအပ်တာလဲ စာနဲ့မေးပါ။
2️⃣ အဲဒီစည်းမျဉ်းက လျှောက်ထားချိန်ကတည်းက ရှိပြီးသားလား စစ်ပါ။
3️⃣ နှုတ်နဲ့ပြောတာကိုပဲ လက်မခံပဲ စာဖြင့်Official Decision နဲ့ အကြောင်းပြချက်ကို တောင်းပါ။
4️⃣ Admission Brochure၊ Admission Letter၊ Transcript၊ Authentication နဲ့ ကျောင်းနဲ့ဆက်သွယ်ထားတဲ့ မှတ်တမ်းတွေကို သိမ်းထားပါ။
5️⃣ အခြေအနေမရှင်းသေးခင် ကျောင်းထွက်စာ၊ ကျောင်းနားစာ ဒါမှမဟုတ် မိမိအမှားဖြစ်ကြောင်း ဝန်ခံစာကို လက်မှတ်မထိုးပါနဲ့။
6️⃣လိုအပ်ရင် Student Appeal「學生申訴」ကနေ အယူခံတင်နိုင်ပါတယ်။
Student Appeal「學生申訴」ဆိုတာဘာလဲ?
Student Appeal ဆိုတာ ကျောင်းရဲ့ဆုံးဖြတ်ချက်က မမှန်ဘူး၊ မမျှတဘူး ဒါမှမဟုတ် ကိုယ့်အခွင့်အရေးကို ထိခိုက်တယ်လို့ ယူဆရင် ကျောင်းအတွင်းရှိ Student Appeal Review Committee「學生申訴評議委員會」ထံ တရားဝင်စာဖြင့် ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုခြင်း ဖြစ်ပါတယ်။
ကျောင်းသားက—
- ဘာဖြစ်ခဲ့သလဲ
- ကျောင်းရဲ့ဆုံးဖြတ်ချက်က ဘာကြောင့် မမှန်ဘူးလို့ယူဆသလဲ
- မူလ Admission Requirements မှာ ဘာတွေဖော်ပြထားသလဲ
- ကိုယ့်ဘက်မှာရှိတဲ့ အထောက်အထားတွေက ဘာတွေလဲ
- ကျောင်းဆက်တက်ခွင့်ပေးရန် သို့မဟုတ် ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရန် ဘာကြောင့်တောင်းဆိုသလဲ
ဆိုတာတွေကို အထောက်အထားနဲ့တကွ ရေးတင်ရပါတယ်။
Student Appeal ကို ကျောင်းရဲ့ Official Website မှာ ရှာရင်ရပါတယ်။ ထိုင်ဝမ်ရှိ တက္ကသိုလ်တိုင်းမှာ ကျောင်းသားအယူခံစနစ်နဲ့ 學生申訴評議委員會 ရှိရမယ်လို့ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။
⚠️ အရေးကြီးတဲ့ အချိန်ကန့်သတ်ချက်
ကျောင်းရဲ့ဆုံးဖြတ်ချက်ကို လက်ခံရရှိတဲ့နောက်နေ့ကစပြီး ရက် ၃၀ အတွင်း Student Appeal ကို စာဖြင့်တင်ရပါတယ်။
ကျောင်းဘက်က Appeal ရရှိပြီးနောက် ပုံမှန်အားဖြင့် ရက် ၃၀ အတွင်း ဆုံးဖြတ်ချက်ချရပါတယ်။ ကျောင်းထုတ်ခြင်း၊ Student Status ဖျက်သိမ်းခြင်းလို ကိစ္စတွေမှာ စစ်ဆေးချိန်ကို ထပ်တိုးလို့မရပါဘူး။
Appeal စစ်ဆေးနေစဉ် ကျောင်းဆက်တက်ချင်ရင် ဆက်လက်တက်ရောက်ခွင့်ပြုရန် စာဖြင့်သီးခြားတောင်းဆိုနိုင်ပါတယ်။ ကျောင်းက အဲဒီတောင်းဆိုချက်ကို ၇ ရက်အတွင်း စာဖြင့်ပြန်ကြားရပါတယ်။ ခွင့်ပြုထားရင် ဘွဲ့လက်မှတ်ထုတ်ပေးခြင်းမှလွဲ၍ အတန်းတက်ခြင်း၊ စာမေးပွဲဖြေခြင်းနဲ့ အမှတ်တွက်ခြင်းတို့ကို ပုံမှန်ကျောင်းသားလို ဆက်လုပ်နိုင်ပါတယ်။
Student Appeal မအောင်မြင်သေးရင်လည်း အဲဒီဆုံးဖြတ်ချက်ရတဲ့နောက်နေ့ကစပြီး ရက် ၃၀ အတွင်း ကျောင်းမှတစ်ဆင့် Ministry of Education သို့မဟုတ် သက်ဆိုင်ရာမြို့အစိုးရထံ Administrative Appeal「訴願」ဆက်တင်နိုင်ပါတယ်။
အဓိကက စာရွက်စာတမ်းအတုမရှိ၊ အချက်အလက်ဖုံးကွယ်ထားခြင်းမရှိ၊ မူလဝင်ခွင့်သတ်မှတ်ချက်နဲ့ ကိုက်ညီခဲ့တယ်ဆိုရင် ကိုယ့်ဘက်က ရှင်းပြပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိပါတယ်။
ဒါကြောင့် မလောပါနဲ့။ တရားဝင်အကြောင်းပြချက်တောင်းပါ၊ အထောက်အထားတွေသိမ်းထားပါ၊ လိုအပ်ရင် Student Appeal ကို အချိန်မီအသုံးပြုပါ။