Myanmar Humanitarian Training and NGO & INGO Job Consultation Service

Myanmar Humanitarian Training and NGO & INGO Job Consultation Service

Share

NGO/INGO စိတ်ဝင်စားတိိုင်းအတွက် CV form ပြင် CoverရေးတာကစပြီးTraining,Interview ထိ အကြံပေးဝန်ဆောင်မှု

30/08/2025

မင်္ဂလာပါ🙋‍♂️🙋‍♀️

အလုပ်တဖက် ကျောင်းတဖက်နှင့် အင်္ဂလိပ်စာတိုးတက်ချင်ပေမယ့် သင်တန်းတက်ဖို့ သီးသန့်အချိန်မပေးနိုင် ဖြစ်နေပါသလား?

ဒါဆိုရင် ကိုယ့်ရဲ့ အားလပ်ချိန်လေးတွေမှာ လေ့လာနိုင်အောင် စီစဉ်ထားတဲ့ EPOP အတန်းကို တက်နိုင်ပါတယ်။

𝗧𝗲𝗣 (𝗧𝗲𝗮𝗰𝗵𝗶𝗻𝗴 & 𝗲𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺) ရဲ့ တက်ရောက်မှုအများဆုံး 𝗘𝗣𝗢𝗣 (𝗘𝘅𝗮𝗺 𝗣𝗿𝗲𝗽𝗮𝗿𝗮𝘁𝗶𝗼𝗻 𝗢𝘂𝘁𝗿𝗲𝗮𝗰𝗵 𝗣𝗿𝗼𝗴𝗿𝗮𝗺) 𝗢𝗰𝘁𝗼𝗯𝗲𝗿 𝗜𝗻𝘁𝗮𝗸𝗲 (𝟮-𝟮𝟬𝟮𝟱) အတွက် လျှောက်လွှာတင်နိုင်ပါပြီ။

လျှောက်လွှာတင်ရန်လင့် > https://forms.gle/itDWaFprK5uEc55u6

ဖွင့်လှစ်မည့် အွန်လိုင်းအတန်းများကတော့
• Academic English 1
• Academic English 2
• TOEFL ITP
📆 လျှောက်လွှာပိတ်ရက် : 31-August-2025

✍️ အွန်လိုင်း အခမဲ့ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့ September လ တတိယအပတ်တွင် စတင်ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။

💡သင်တန်းကာလကတော့ October တတိယပတ်မှစပြီး အပတ်(၂၀)ကြာ လေ့လာ သင်ယူသွားရမှာ ဖြစ်ပါတယ်။

💬သိရှိလိုသည်များကို Messenger / Email / Phone တို့ဖြင့်လည်း ထပ်မံမေးမြန်းနိုင်ပါတယ်။

Phone - 09795498152, 09267846741 (MM), +66 0804315188 (Thailand)

11/08/2025

Emergency Proposal တွေကို Problem Tree မဆွဲဘဲ ဘယ်လိုရေးကြလဲ? 🤔

NGO လောကမှာ အလုပ်လုပ်ဖူးသူတိုင်း Proposal ရေးရင် Problem Tree, Solution Tree ကစရတယ်လို့ သိထားကြမှာပါ။

ဒါပေမယ့် အဖြစ်မှန်ကတော့... အရေးပေါ်အခြေအနေ (Emergency) မှာ အဲ့ဒီလို လုပ်မနေနိုင်ပါဘူး။ 😅

အထူးသဖြင့် အချိန်တိုအတွင်း အပြီးတင်ရတဲ့ Health & Nutrition project တွေမှာပေါ့။

ကဲ... တကယ်တမ်း လက်တွေ့မှာ ဘယ်လို အမြန်ဆုံးနည်းနဲ့ ရေးနေကြလဲ?

အစဉ်လိုက်မဟုတ်ဘဲ "ပြောင်းပြန်" နည်းလမ်းကို သုံးပါတယ်။ 👇
✅ Step 1: Activity တွေကို အရင်ချရေးတယ်။ (ဘာတွေလုပ်မလဲ?)
✅ Step 2: Budget ထဲဝင်အောင် အရင်ညှိတယ်။ (ဘယ်လောက်သုံးမှာလဲ?)
✅ Step 3: Budget ကိုကြည့်ပြီး Target တွေ၊ နေရာတွေ ပြန်ချိန်တယ်။ (ဘယ်သူ့အတွက်၊ ဘယ်နေရာမှာလဲ?)
✅ Step 4: နောက်ဆုံးမှ Logframe နဲ့ Narrative ကိုရေးတယ်။ (စာရွက်ပေါ်ပြန်တင်မယ်။)
ပြောချင်တာက Emergency မှာ လက်တွေ့ကျမှု (Practicality) က အဓိကပါပဲ။

🔥 COMING SOON! | သင့်ရဲ့ NGO လုပ်ငန်းခရီးအတွက် လက်တွဲဖော်
မကြာခင်မှာ NGO Job Consultant ကနေ အောက်ပါ Service တွေကို စတင်တော့မှာဖြစ်ပါတယ်။
* Proposal ရေးပေးခြင်း
* Recruitment လုပ်ပေးခြင်း
* MEAL System အကြံပေးခြင်း
သင့်အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေအတွက် အကောင်းဆုံးကူညီပေးဖို့ အသင့်ရှိနေပါတယ်။ စောင့်ကြည့်ပေးကြပါဦးနော်။

ဒီလို NGO လောကရဲ့ အတွင်းကျကျ ဗဟုသုတတွေသိချင်ရင် Page ကို Like & Share လုပ်သွားပေးကြပါဦး။ ❤️

လေးစားစွာဖြင့်၊
NGO/INGO Job Consultant

07/08/2025

Cover Letter ရေးရမလား၊ မရေးရဘူးလား❓ NGO/INGO အလုပ်လျှောက်သူတွေအတွက် အရေးကြီးတဲ့အချက်။

NGO/INGO လောကကိုဝင်ရောက်ဖို့ ကြိုးစားနေသူတွေကြားက အမြဲတမ်းမေးနေကျ မေးခွန်းတစ်ခုကတော့... "Cover Letter / Motivation Letter တွေကို အလုပ်ခန့်တဲ့သူတွေ တကယ်ဖတ်ကြရဲ့လား" ဆိုတာပါပဲ။ 🤔

အဖြေကို အတိုချုပ်ပြောရရင်တော့ "အခြေအနေအရပဲ" ဆိုပေမယ့်၊ အမှန်တရားကတော့ Recruiter အများစုဟာ Cover Letter တွေကို အချိန်အကြာကြီးပေးပြီး မဖတ်နိုင်ကြပါဘူး။

ဘာကြောင့်လဲ❓
ရာထူးတစ်ခုအတွက် တစ်ပတ်အတွင်း လျှောက်လွှာပေါင်း ၅၀၊ ၁၀၀ ကျော် လက်ခံရရှိနေတဲ့အတွက် CV/Resume ကိုသာ အဓိက အာရုံစိုက်ပြီး အချိန်တိုအတွင်း အရည်အချင်းပြည့်မီသူကို စိစစ်ရလေ့ရှိပါတယ်။

⚠️ ဒါပေမဲ့ Recruiter တွေ သတိထားမိတဲ့ အမှား
Cover Letter ကို မဖတ်ဘူးဆိုပေမယ့် တစ်ချက်ကြည့်လိုက်တာနဲ့ ကိုယ့်ရဲ့ First Impression ကို ကျဆင်းသွားစေနိုင်တဲ့ အမှားမျိုးကိုတော့ ချက်ချင်းသတိထားမိတတ်ပါတယ်။ အဲဒါကတော့ အရင်အလုပ်လျှောက်တုန်းက Cover Letter ကို Copy-Paste လုပ်ပြီး မပြင်ဘဲထည့်လိုက်တာမျိုးပါ။

👉 အဖွဲ့အစည်းနာမည်မှားတာ၊ လျှောက်တဲ့ရာထူးနာမည်မှားနေတာမျိုးက Professional မဆန်တဲ့အတွက် "ဒီလူ ငါတို့အဖွဲ့ကို တကယ်စိတ်မဝင်စားပါလား" ဆိုပြီး ချက်ချင်းအကဲဖြတ်ခံရနိုင်ပါတယ်။

💡 ဒါဆို ဘာလုပ်သင့်လဲ?
Cover Letter အတွက် အချိန်အများကြီးပေးမယ့်အစား၊ အဲဒီအချိန်နဲ့ ကြိုးစားအားထုတ်မှုကို ကိုယ့်ရဲ့ CV ပထမတစ်မျက်နှာ မှာ ရင်းနှီးမြှုပ်နှံလိုက်ပါ။

* ကိုယ့်ရဲ့ အတွေ့အကြုံ၊ အရည်အချင်းနဲ့ ဒီရာထူးကို ဘာကြောင့်စိတ်ဝင်စားတယ်ဆိုတဲ့ အနှစ်ချုပ် (Profile Summary) ကို CV ရဲ့ ထိပ်ဆုံးမှာ ထိထိမိမိ ရေးသားဖော်ပြခြင်းက Recruiter ကို ဆွဲဆောင်ဖို့ အထိရောက်ဆုံး နည်းလမ်းတစ်ခုပါပဲ။

🔔 Stay Tuned!

နောက်တင်မယ့် Post မှာတော့ CV/Resume ကိုစစ်တဲ့အခါ Recruiter တွေ တကယ်အဓိကကြည့်တဲ့ လျှို့ဝှက်အချက် (၅) ချက် ကို အသေးစိတ်မျှဝေပေးသွားမှာမို့၊ ဒီ Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။
ဒီ Post က အကျိုးရှိတယ်ထင်ရင် သူငယ်ချင်း
တွေကို Share လုပ်ပေးလိုက်ပါဦး။ ❤️

လေးစားစွာဖြင့်၊
NGO Job Consultant

#အလုပ်အကိုင်လမ်းညွှန်

06/08/2025

NGO တွေရဲ့ ရာထူးဖွဲ့စည်းပုံ တကယ်ပဲ မတူဘူးလား❓🤔

NGO/INGO လောကကို စိတ်ဝင်စားနေသူတွေ၊ အလုပ်လျှောက်ဖို့ ပြင်ဆင်နေသူတွေအတွက် အရမ်းအသုံးဝင်မယ့် အချက်လေးတွေ မျှဝေချင်ပါတယ်။

အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ရာထူးအဆင့်ဆင့်နဲ့ ဖွဲ့စည်းပုံတွေက တော်တော်လေး ကွဲပြားနိုင်ပါတယ်နော်။

အကြမ်းဖျင်းအားဖြင့် အဓိက (၃) မျိုး ခွဲခြားလေ့လာနိုင်ပါတယ်-

၁။ 🇫🇷 ပြင်သစ်အခြေစိုက် အဖွဲ့အစည်းများ (ဥပမာ - MSF, ACF)
ဒါတွေရဲ့ အဓိကထူးခြားချက်ကတော့ "Coordinator" ဆိုတဲ့ ရာထူးပါ။
* Coordinator/Head of Department (Medical Co, Log Co, Field Co) ဟာ နိုင်ငံအကြီးအကဲ (HoM/CD) ပြီးရင် ဒုတိယအရေးအကြီးဆုံးနေရာမှာ ရှိတတ်ပြီး Manager တွေရဲ့ အထက်ကပါ။ 🎯
* သူတို့ဟာ နိုင်ငံအဆင့် မဟာဗျူဟာပိုင်းမှာ တိုက်ရိုက်ပါဝင်ရတဲ့ အကြီးတန်း စီမံခန့်ခွဲမှုအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

၂။ 🇺🇸🇬🇧 US/UK အခြေစိုက် အဖွဲ့အစည်းများ (ဥပမာ - Save the Children, Oxfam)
ဒီအဖွဲ့တွေမှာတော့ "Coordinator" ရာထူးက ပုံစံတစ်မျိုးကွဲသွားပါတယ် 👇
* များသောအားဖြင့် Manager ရဲ့အောက်မှာဖြစ်စေ၊ Project တစ်ခုရဲ့ လုပ်ငန်းညှိနှိုင်းရေးတာဝန်ခံအနေနဲ့ဖြစ်စေ ထားရှိတတ်ပါတယ်။
* ပြင်သစ်အဖွဲ့တွေလို အမြင့်ဆုံးအဆင့်မှာတော့ သိပ်မတွေ့ရပါဘူး။

၃။ 🇺🇳 ကုလသမဂ္ဂ (UN) အဖွဲ့အစည်းများ
UN ရဲ့ ဖွဲ့စည်းပုံကတော့ တော်တော်လေး ထူးခြားပါတယ်။
* Manager အဆင့်တွေကို နိုင်ငံတကာဝန်ထမ်း (Expat) တွေနဲ့ အများဆုံး ခန့်အပ်လေ့ရှိပါတယ်။
* အရေးကြီးဆုံးအချက်က Officer/Specialist (NO1, NO2) ရာထူးတွေပါ။ လစာနဲ့ တာဝန်ယူမှုအပိုင်းမှာ အခြား NGO တွေရဲ့ ဒုတိယအကြီးအကဲအဆင့်ထက်တောင် မြင့်မားနိုင်တာမို့ "Officer ပဲ" ဆိုပြီး ပေါ့သေးသေး မထင်သင့်ပါဘူးနော်။ 💪✨

💡 အနှစ်ချုပ်အနေနဲ့…

အဖွဲ့အစည်းတစ်ခုချင်းစီမှာ အသေးစိတ်ကွဲပြားမှုတွေ ရှိနိုင်ပေမယ့် ဒီယေဘုယျပုံစံတွေကို သိထားခြင်းက ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်း (Career Path) ကို စဉ်းစားတဲ့အခါ၊ အင်တာဗျူးတွေဖြေဆိုတဲ့အခါ အများကြီး အထောက်အကူပြုပါလိမ့်မယ်။

ဒီအချက်အလက်တွေက အကျိုးရှိတယ်ဆိုရင် Like & Share လုပ်ပြီး သူငယ်ချင်းတွေကိုလည်း မျှဝေပေးလိုက်ပါဦးခင်ဗျာ။ ❤️

လေးစားစွာဖြင့်
NGO/INGO Job Consultant

#အလုပ်အကိုင်လမ်းညွှန် #ဗဟုသုတ

05/08/2025

🚨 နောက်ဆုံးအခွင့်အရေး! | Promotion နဲ့စာရင်းသွင်းဖို့ ဒီနေ့ညပဲ ကျန်တော့တယ်! 🚨

1-Year Job Consultation Program အတွက် 50% Discount (တစ်နှစ်စာ ၆၀,၀၀၀ ကျပ်) နဲ့ စာရင်းသွင်းခွင့်ဟာ ဒီနေ့၊ August 5 ရက်နေ့ မှာ နောက်ဆုံးဖြစ်ပါတယ်။

သင်ဘာတွေ လက်လွှတ်ရတော့မလဲ?
* တစ်နှစ်ပတ်လုံး အတိုင်ပင်ခံ ဝန်ဆောင်မှုအတွက် 50% လျှော့စျေး။
* "Humanitarian သမိုင်းကြောင်းနှင့် မြန်မာ့ NGO ကဏ္ဍ" အကြောင်း Bonus Orientation Session ကို အခမဲ့တက်ရောက်ခွင့်။

ဘာကြောင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ရွေးချယ်သင့်သလဲ?

ဘာကြောင့်လဲဆိုတော့ သင့်ကိုလမ်းညွှန်ပေးမယ့် ကျွန်ုပ်တို့၏ Consultant ဟာ အောက်ပါအတိုင်း ထူးခြားတဲ့ အတွေ့အကြုံတွေ ပိုင်ဆိုင်ထားလို့ပါပဲ။

Consultant Profile:

နယ်ပယ်အတွေ့အကြုံ (၈) နှစ်ကျော်နှင့် ဝန်ထမ်းခန့်အပ်ရေးအတွေ့အကြုံ (၅) နှစ်ကျော် ပိုင်ဆိုင်ထားသူဖြစ်ပြီး ဆေးပညာဘွဲ့ရ ဆရာဝန်တစ်ဦးအဖြစ်မှ INGO လောကသို့ ကူးပြောင်းကာ အချိန်တိုအတွင်း အောင်မြင်မှုများရရှိခဲ့သူ ဖြစ်ပါတယ်။

* Management သို့ အမြန်ဆုံးရောက်ရှိခြင်း: INGO လောကသို့ဝင်ရောက်ပြီး တစ်နှစ်အတွင်း Management ရာထူးသို့ တိုးမြှင့်ခံခဲ့ရသည်။

* ထိပ်တန်းခေါင်းဆောင်မှု: လုပ်ငန်းအတွေ့အကြုံ (၄) နှစ်မပြည့်မီ Program Manager မှ Head of Department အထိ တာဝန်ယူနိုင်ခဲ့သည်။

* ဝန်ထမ်းခန့်အပ်ရေး ကျွမ်းကျင်သူ: လုပ်သက်တစ်လျှောက် ဝန်ထမ်းခန့်အပ်ခြင်း (Recruitment) လုပ်ငန်းစဉ်များကို (၅) နှစ်ကျော် တိုက်ရိုက်ကိုင်တွယ်ခဲ့သည့်အတွက် သင်၏ CV နှင့် Interview များအတွက် အကောင်းဆုံးပြင်ဆင်ပေးနိုင်မှာ သေချာပါတယ်။

* နိုင်ငံတကာမှ အသိအမှတ်ပြုခြင်း: အမေရိကန်ပြည်ထောင်စု၏ လူငယ် Professional ခေါင်းဆောင်မှုသင်တန်း (YSEALI PFP) အတွက် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ခံခဲ့ရသည်။
ယခုအခါ ကိုယ်ပိုင် Youth Organization ကိုဦးဆောင်ရင်း သူ၏အဖိုးတန်အတွေ့အကြုံများကို မျိုးဆက်သစ်များထံ မျှဝေပေးရန် အသင့်ရှိနေပါပြီ။

အချိန်နှောင်းသွားလို့ နောင်တမရလေအောင်...
ဒီအထူးအခွင့်အရေးအားလုံးကို ဒီနေ့၊ August 5 ရက်နေ့ ည ၁၂ နာရီ မတိုင်ခင် စာရင်းသွင်းသူတွေပဲ ရရှိမှာဖြစ်ပါတယ်။

အခုပဲ Page Messenger မှာ "LAST CALL" လို့ စာတစ်စောင်ပို့ပြီး Promotion နဲ့ အမြန်ဆုံးစာရင်းသွင်းလိုက်ပါ။

Photos from Myanmar Humanitarian Training and NGO & INGO Job Consultation Service's post 04/08/2025

Brach အသစ်စရန် ရက်ပိုင်းအလို

25/07/2025

သောကြာနေ့ညချမ်းမှာ Humanitarian ဆိုတဲ့ စကားလုံးရဲ့ ခရီးရှည်ကြီးအကြောင်း အတူတူပြန်ကြည့်ရအောင်...
Happy Friday ပါခင်ဗျာ။ ဒီတစ်ပတ်တာလုံး ပင်ပန်းခဲ့သမျှကို အနားယူရင်း၊ ပေါ့ပေါ့ပါးပါး စဉ်းစားစရာလေးတစ်ခု မျှဝေချင်ပါတယ်။

ကျွန်တော်တို့ မကြာခဏကြားနေရတဲ့ "Humanitarian" (လူသားချင်းစာနာထောက်ထားမှု) ဆိုတဲ့ စကားလုံးက ဘယ်ကနေ ဘယ်လို စတင်ခဲ့တယ်လို့ ထင်ပါသလဲ?

ဒီအရာအားလုံးရဲ့အစဟာ ၁၈၅၉ ခုနှစ်၊ Solferino စစ်မြေပြင် ကနေ စတင်ခဲ့ပါတယ်။ ဆွစ်ဇာလန်စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ Henry Dunant ဟာ စစ်မြေပြင်မှာ နှစ်ဖက်စလုံးက ဒဏ်ရာရစစ်သားတွေ ထောင်နဲ့ချီပြီး ဘယ်သူ့ရဲ့ကူညီမှုမှမရဘဲ သေဆုံးနေကြတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။

ဒီမြင်ကွင်းက သူ့ကို အလွန်ထိခိုက်စေခဲ့ပြီး "ဘက်မလိုက်ဘဲ ဒဏ်ရာရသူတိုင်းကို ကူညီရမယ်" ဆိုတဲ့ အတွေးတစ်ခုကို မွေးဖွားပေးခဲ့ပါတယ်။ အဲ့ဒီအတွေးကနေပဲ ကမ္ဘာကျော် နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ ဂျီနီဗာ သဘောတူစာချုပ်များ (Geneva Conventions) ဆိုတာတွေ ပေါက်ဖွားလာခဲ့တာပါ။

အဲ့ဒီနေ့က Henry Dunant ရဲ့ လူသားချင်းစာနာစိတ်တစ်ခုဟာ ဒီနေ့ခေတ်မှာတော့...

* သဘာဝဘေးအန္တရာယ်ကျရောက်ရာနေရာတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ၊
* ပဋိပက္ခကြားက အပြစ်မဲ့ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေမှုတွေ၊
* အလိုအပ်ဆုံးသူတွေဆီကို အစားအစာနဲ့ ဆေးဝါးတွေပေးနေတဲ့ လုပ်ငန်းတွေအဖြစ် ကမ္ဘာတစ်ဝှမ်းမှာ ဆက်လက်အသက်ဝင်နေပါတယ်။

သင်ကရော ဒီလိုအဓိပ္ပာယ်ရှိတဲ့ သမိုင်းအစဉ်အလာကြီးမားတဲ့ လုပ်ငန်းတွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ချင်သူတစ်ယောက်လား?

ဒီသမိုင်းဝင်လုပ်ငန်းတွေကို ဒီနေ့ခေတ်မှာတော့ ကမ္ဘာတစ်ဝှမ်းက NGO/INGO တွေကတဆင့် ဆက်လက်အကောင်အထည်ဖော်နေကြပါတယ်။ သင်လည်းပဲ ဒီလိုအဖွဲ့အစည်းတွေမှာ အလုပ်လုပ်ချင်တယ်၊ ဒါပေမယ့် ဘယ်ကစရမှန်းမသိဘူးဖြစ်နေရင်တော့.....

ကျွန်တော်တို့ရဲ့ 1-Year Job Consultation Program က ကူညီပေးဖို့ အသင့်ရှိနေပါတယ်။
✅ CV ပြင်ဆင်ခြင်း၊ Interview လေ့ကျင့်ခြင်းမှစပြီး သင့်တော်တဲ့အလုပ်အကိုင်လမ်းကြောင်းကို ရှာဖွေပေးခြင်းအထိ တစ်နေရာတည်းမှာ အစုံ ရရှိနိုင်မှာပါ။

အထူးသတင်းကောင်း!
August 5 မတိုင်ခင် စာရင်းသွင်းသူတိုင်းအတွက် 50% လျှော့စျေး (၆၀,၀၀၀ ကျပ်) အပြင် Humanitarian သမိုင်းကြောင်းနဲ့ မြန်မာ့ NGO ကဏ္ဍအကြောင်း ဆွေးနွေးမယ့် Bonus Orientation Session ကိုပါ အခမဲ့ တက်ရောက်ခွင့်ရမှာပါ။

စိတ်ဝင်စားတယ်ဆိုရင် အခုပဲ Page Messenger မှာ "YES" လို့ စာတစ်စောင်ပို့ပြီး အသေးစိတ်မေးမြန်းလိုက်ပါ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Yangon
11021