23/12/2020
ဒီ နေ့ကျွန်တော် ကြည့်ခဲ့တဲ့ ရုပ်ရှင်ကားလေး
တွေဆီက သိခဲ့တဲ့ English စာအသုံးလေးကို
မျှဝေသွားမှာ ဖြစ်ပါတယ်။🤩🤩
✅It is much better to look to the future than dwell in the past.👊
အတိတ်ထဲမှာ တဝဲလည်လည် ဖြစ်နေတာထက်
စာရင် အနာဂတ်ကို ကြို ကြည့်တာကမှ အများ
ကြီးပိုကောင်းသေးတယ်။😇
🔖(ကျွန်တော်တို့ဒီနေရာမှာ dwellကိုနေထိုင်သည်လို့
ဘာသာမ ပြန်ရပါဘူး ❌တဝဲလည်လည်ဖြစ်နေ
တယ်လို့ပဲ ပြန်ရပါမယ်😊)
ကျွန်တော်တို့ ကိစ္စ တစ်ခုခုမှာရုန်းမထွက်နိုင်ဘဲ တဝဲလည်လည်ဖြစ်တာကို Englishမှာ
dwell on/upon something ဆိုပြီးသုံးပါတယ်။
Let's not dwell on your past mistake.
အတိတ်က အမှားပေါ်မှာ တဝဲလည်လည် ဖြစ်မနေကြရအောင်ကွာ။
When life is not going to plan, look for solutions rather than dwell on problems.
ဘ၀က အစီအစဉ်ချထားတဲ့အတိုင်းဖြစ်မလာရင်
ပြဿနာတွေပေါ်မှာတဝဲလည်လည်ဖြစ်နေတာထက် ဖြေရှင်းချက်တွေကိုရှာပါ။
Why dwell on something that makes you unhappy?
မင်းကိုမပျော်ရွှင်အောင်လုပ်တဲ့အရာပေါ်မှာ ဘာ့ကြောင့်တဝဲလည်လည်နဲ့ ဖြစ်နေတာလဲ။
✔️Look on the bright side.
အကောင်းဘက်က ကြည့်ပါ။😇
💊Cocaine hijacks the pleasure center
in the brain.🧠
ကိုကိန်းဟာ ဦးနှောက်ရဲ့ ပျော်ရွှင်မှု ပေးစွမ်းနိုင်တဲ့
Center ကို အပိုင်စီးလိုက်တယ်။
📝(ကျနော်ဒီနေရာ occupy=နေရာ ယူသည်လို့
သွားရေးလို့မရပါဘူး မြန်မာစကားမှာ ဆို မကောင်းသောနည်းနဲ့ အပိုင်စီးတာ နေရာယူတာ
တနည်းမောင်ပိုင်စီးတယ်😁လို့ ပြောချင်ရင်
Hijackကိုပဲသုံးပါတယ်)
👀He is a forward-thinking person.🕵️
သူဟာရှေ့ရေးကို ကြိုတွေးတတ်တဲ့ သူ ဖြစ်တယ်
🏷️Do we have a deal?🤝
ငါတို့သဘောတူညီမှု ရ ပြီလား🧐
Reference: Cambridge English dictionary, Collins dictionary