FREE: Approach To English Language

FREE: Approach To English Language Believe in Yourself & Nothing is Impossible.

In English Language, there is no rule except one rule. The rule is “there is no rule”. “အင်္ဂလိပ်ဘာသာစကားမှာ စည်းမျဉ်းတခ...
03/07/2021

In English Language, there is no rule except one rule.
The rule is “there is no rule”.

“အင်္ဂလိပ်ဘာသာစကားမှာ စည်းမျဉ်းတခုကလွဲပြီး ရာနှုန်းပြည့်မှန်တဲ့စည်းမျဉ်း ဆိုတာ မရှိပါဘူး”
အဲ့ဒီ စည်းမျဉ်းကတော့ “ရာနှုန်းပြည့်မှန်တဲ့စည်းမျဉ်း ဆိုတာ မရှိဘူး” ဆိုတာပဲဖြစ်ပါတယ်။

Mr. D.Y.Morgan (Improve Your English)

9. Determiners“Determiners ဆိုတာ Noun (နာမ်) ရဲ့ ဆိုလိုရင်းကိုရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ နာမ်တစ်ခုရဲ့ရှေ့မှာ ထည့်ထားတ...
23/06/2021

9. Determiners

“Determiners ဆိုတာ Noun (နာမ်) ရဲ့ ဆိုလိုရင်းကိုရှင်းရှင်းလင်းလင်း ဖြစ်စေဖို့ နာမ်တစ်ခုရဲ့ရှေ့မှာ ထည့်ထားတဲ့စကားလုံးတွေဖြစ်ပါတယ်”

Determiner တွေကိုတော့ အောက်ပါအတိုင်း ခွဲခြားထားပါတယ် ...

Definite article : the

Indefinite articles : a, an

Demonstratives : this, that, these, those

Possessive determiners : my, your, his, her, its, our, their

Quantifiers : a few, a little, much, many, a lot of, most, some, any, enough

Numbers : one, ten, thirty

Distributives : all, both, half, either, neither, each, every

Difference words : other, another

Pre-determiners : such, rather, quite

Interrogatives : what, which, whose

ဥပမာ အနေနဲ့ ...

This is the lake.
This is a lake.
That one looks new.
This shark is pregnant.
Each owner is responsible for their dog.
I bought some batteries.

အောက်မှာ နမူနာရေးပြထားတဲ့ စာကြောင်းတွေမှာ ဘယ်စကားလုံးတွေက Determiner ဖြစ်မလဲဆိုတာ လေ့လာကြည့်ပေးပါ ...

For Example,

An old woman brought me a very long dress from a tailor, and then she quickly disappeared.

The boy yelled, "Help!" and he saw a brave dog quickly run to the rescue.

8. Interjection (အာမေဋိတ်)“ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အခြေအနေကြောင့် နှုတ်ကနေထွက်လိုက်တဲ့အသံကို Interjection (အာမေဋိတ်) လို့...
23/06/2021

8. Interjection (အာမေဋိတ်)

“ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အခြေအနေကြောင့် နှုတ်ကနေထွက်လိုက်တဲ့အသံကို Interjection (အာမေဋိတ်) လို့ခေါ်ပါတယ်”

တခါတရံမှာ အာမေဋိတ် စကားလုံးရဲ့နောက်မှာ Exclamation Mark လို့ခေါ်တဲ့ ဒီ အာမေဋိတ် အမှတ်အသားလေး “!” ထည့်ပေးရပါတယ် ...

Ahh! Wow! Help! Ok, Hey! Hello! Hi! Congrats! စတာတွေပဲ ဖြစ်ပါတယ် ...

သဘောတူညီတဲ့ (Agreement) အခါမှာ ထွက်လာတဲ့ အာမေဋိတ် သံတွေကတော့ Oh yes, Oh no, Ok စာတာတွေဖြစ်ပြီး

စိတ်ရှုတ်ထွေးတဲ့အခါမှာ ထွက်လာတဲ့ အာမေဋိတ် သံတွေကတော့ Ah, Shoo (go-away), Grr စတာတွေပါပဲ ...

အောက်မှာ နမူနာရေးပြထားတဲ့ စာကြောင်းတွေမှာ ဘယ်စကားလုံးတွေက အာမေဋိတ် ဖြစ်မလဲဆိုတာ လေ့လာကြည့်ပေးပါ ...

For Example,

Congrats! You finally got your master's degree.

The boy yelled, "Help!" and he saw a brave dog quickly run to the rescue.

7. Conjunction (စကားဆက်)“စကားလုံး၊ ပုဒ်စု၊ စာကြောင်း တွေကို ဆက်သွယ်တဲ့အခါမှာ အသုံးပြုတဲ့ပုဒ်ကို Conjunction (စကားဆက်) လိ...
23/06/2021

7. Conjunction (စကားဆက်)

“စကားလုံး၊ ပုဒ်စု၊ စာကြောင်း တွေကို ဆက်သွယ်တဲ့အခါမှာ အသုံးပြုတဲ့ပုဒ်ကို Conjunction (စကားဆက်) လို့ ခေါ်ပါတယ်”

For - အတွက်၊ And - ပြီးနောက်၊ Or - သို့မဟုတ်၊ So - ဒါ့ကြောင့်၊ But - ဒါပေမယ့်၊ Yet - ထိတိုင်အောင်၊ Nor - သော်လည်းကောင်း၊ Due to - သောကြောင့် စတဲ့စကားလုံးတွေဟာ Conjunction (စကားဆက်) တွေဖြစ်ပါတယ် ...

I have two dogs and a cat.
ကျွန်တော့်မှာ ခွေး နှစ်ကောင် နဲ့ ကြောင် တစ်ကောင် ရှိပါတယ်။

I stay at my home due to rain.
မိုးရွာ သောကြောင့် ကျွန်တော် အိမ်ထဲမှာပဲနေတယ်။

She usually eats at home, because she likes cooking.
သူမ ဟာ များသောအားဖြင့် အိမ်မှာပဲ စားပါတယ်။ အဘယ့်ကြောင့်ဆိုသော် သူမဟာ ချက်ပြုတ်ရတာ သဘောကျလို့ပါ။

အောက်မှာ နမူနာရေးပြထားတဲ့ စာကြောင်းတွေမှာ ဘယ်စကားလုံးတွေက စကားဆက် ဖြစ်မလဲဆိုတာ လေ့လာကြည့်ပေးပါ ...

For Example,

An old woman brought me a very long dress from a tailor, and then she quickly disappeared.

The boy yelled, "Help!" and he saw a brave dog quickly run to the rescue.

6. Preposition (ဝိဘတ်)“လူပုဂ္ဂိုလ် နဲ့ အရာဝတ္ထု ပစ္စည်းတွေရဲ့ တည်နေရာနဲ့ အချိန်ကို ဖော်ပြတဲ့ ပုဒ်ကို Preposition (ဝိဘတ်)...
23/06/2021

6. Preposition (ဝိဘတ်)

“လူပုဂ္ဂိုလ် နဲ့ အရာဝတ္ထု ပစ္စည်းတွေရဲ့ တည်နေရာနဲ့ အချိန်ကို ဖော်ပြတဲ့ ပုဒ်ကို Preposition (ဝိဘတ်) လို့ ခေါ်ပါတယ်”

Preposition (ဝိဘတ်) ရဲ့ လုပ်ဆောင်ချက်ကတော့ Noun (နာမ်) (သို့မဟုတ်) Pronoun (နာမ်စား) တို့ကို တခြား စကားလုံး၊ စာကြောင်းတွေနဲ့ ချိတ်ဆက်ပေးပါတယ်။

တည်နေရာကို ဖော်ပြတဲ့အခါမှာ at, in, on, to, under, behind, by, for, from စတာတွေပဲ ဖြစ်ပါတယ် ...

There is some milk in the fridge.
နွားနို့အချို့ ရေခဲသေတ္တာ ထဲမှာ ရှိတယ်။

She was hiding under the table.
သူမ စားပွဲ အောက်မှာ ပုန်းနေခဲ့တယ်။

He sit on the chair.
သူ ထိုင်ခုံ ပေါ်မှာ ထိုင်တယ်။

အပေါ်မှာ ဖော်ပြခဲ့တဲ့ စကားလုံးတွေထဲကမှ at, in, on ဆိုတဲ့ စကားလုံးတွေကို အချိန်အခါကို ဖော်ပြတဲ့အခါမှာလည်း သုံးလို့ရပါတယ် ...

I have a meeting at 9 am.
ကျွန်တော် ၉ နာရီ မှာ အစည်းအဝေးရှိတယ်။

Do you think we will go to Jupiter in the future?
အနာဂါတ်မှာ ငါတို့တွေ ကြာသပတေးဂြိုလ် ကို သွားလိမ့်မယ်လို့ မင်းထင်လား?

Her birthday is on 5, May.
သူမ မွေးနေ့က မေလ၊ ၅ ရက်နေ့ ဖြစ်တယ်။

အောက်မှာ နမူနာရေးပြထားတဲ့ စာကြောင်းတွေမှာ ဘယ်စကားလုံးတွေက ဝိဘတ် ဖြစ်မလဲဆိုတာ လေ့လာကြည့်ပေးပါ ...

For Example,

An old woman brought me a very long dress from a tailor, and then she quickly disappeared.

The boy yelled, "Help!" and he saw a brave dog quickly run to the rescue.

5. Adjective (နာမဝိသေသန)“Noun (နာမ်) (သို့မဟုတ်) Pronoun (နာမ်စား) တို့ကို အထူးပြုပြီး ပုံဖော်ပေးတဲ့ ပုဒ်ကို Adjective (...
23/06/2021

5. Adjective (နာမဝိသေသန)

“Noun (နာမ်) (သို့မဟုတ်) Pronoun (နာမ်စား) တို့ကို အထူးပြုပြီး ပုံဖော်ပေးတဲ့ ပုဒ်ကို Adjective (နာမဝိသေသန) လို့ ခေါ်ပါတယ်”

ဥပမာ အားဖြင့် -
old, beautiful, long, brave, pretty, yummy စတဲ့ စကားလုံးတွေ ဖြစ်ပါတယ် ...

They live in a beautiful house.
သူတို့ဟာ လှပတဲ့အိမ်ကြီးမှာ နေကြပါတယ်။

She is a pretty girl.
သူမဟာ ချစ်ဖို့ကောင်းတဲ့ မိန်းကလေး ဖြစ်ပါတယ်။

He is a brave boy.
သူဟာ သတ္တိရှိတဲ့ ကောင်လေးတစ်ယောက်ပါ။

Adjective (နာမဝိသေသန) ကို ၂ ခု (သို့မဟုတ်) ၂ ခု ထက်ပိုတဲ့ Noun (နာမ်) တွေကို နှိုင်းယှဉ်တဲ့အခါမှာလည်း အသုံးပြုလို့ရပါတယ် ...

His shoe is bigger than my shoe.
သူ့ဖိနပ်က ကျွန်တော့်ဖိနပ်ထက် ပိုကြီးပါတယ်။

အောက်မှာ နမူနာရေးပြထားတဲ့ စာကြောင်းတွေမှာ ဘယ်စကားလုံးတွေက နာမဝိသေသန ဖြစ်မလဲဆိုတာ လေ့လာကြည့်ပေးပါ ...

For Example,

An old woman brought me a very long dress from a tailor, and then she quickly disappeared.

The boy yelled, "Help!" and he saw a brave dog quickly run to the rescue.

4. Adverb (ကြိယာဝိသေသန)“Verb (ကြိယာ) (သို့မဟုတ်) Adjective (နာမဝိသေသန) ကို အထူးပြုတဲ့ ပုဒ်ကို Adverb (ကြိယာဝိသေသန) လို့ ...
23/06/2021

4. Adverb (ကြိယာဝိသေသန)

“Verb (ကြိယာ) (သို့မဟုတ်) Adjective (နာမဝိသေသန) ကို အထူးပြုတဲ့ ပုဒ်ကို Adverb (ကြိယာဝိသေသန) လို့ ခေါ်ပါတယ်”

ဥပမာ စကားလုံးတွေကတော့ -
outside, very, really, quickly, silently, happily စတာတွေပဲ ဖြစ်ပါတယ် ...

မြန်မာလိုကတော့ အလွယ်တကူပဲ “-ly” နဲ့ ဆုံးတယ်လို့ မှတ်ထားကြပြီးတော့ “စွာ” လို့ ဘာသာပြန်ကြပါတယ် ...

ဥပမာ -
He runs quickly.
သူ လျှင်မြန်စွာ ပြေးတယ်။

The girl is very pretty.
ကောင်မလေးက အရမ်းချစ်ဖို့ကောင်းတယ်။

ဒီနေရာမှာ pretty ဆိုတဲ့ နာမဝိသေသန ကို very ဆိုတဲ့ Adverb (ကြိယာဝိသေသန) က အထူးပြုထားပါတယ် ...

အောက်မှာ နမူနာရေးပြထားတဲ့ စာကြောင်းတွေမှာ ဘယ်စကားလုံးတွေက ကြိယာဝိသေသန ဖြစ်မလဲဆိုတာ လေ့လာကြည့်ပေးပါ ...

For Example,

An old woman brought me a very long dress from a tailor, and then she quickly disappeared.

The boy yelled, "Help!" and he saw a brave dog quickly run to the rescue.

3. Verb (ကြိယာ)“Verb (ကြိယာ) ဆိုတာ ဖြစ်ခြင်း၊ ပျက်ခြင်း၊ ပြုမူဆောင်ရွက်ခြင်း တွေကို ဖော်ပြတဲ့နေရာမှာ သုံးပါတယ်။ ဒါ့အပြင်...
23/06/2021

3. Verb (ကြိယာ)

“Verb (ကြိယာ) ဆိုတာ ဖြစ်ခြင်း၊ ပျက်ခြင်း၊ ပြုမူဆောင်ရွက်ခြင်း တွေကို ဖော်ပြတဲ့နေရာမှာ သုံးပါတယ်။ ဒါ့အပြင် Noun (နာမ်) ကို တခြားသောစကားလုံးတွေနဲ့ ချိတ်ဆက်ပြီး အဓိပ္ပါယ်လေးနက်စေချင်ရင်လည်း အသုံးပြုပါတယ်”

Verb (ကြိယာ) မှာလည်း ကာလ (Tense) ၃ ခု ရှိပါတယ် ...

Past Tense (အတိတ်ကာလ)

I studied my lesson yesterday.
ကျွန်တော့်ရဲ့ သင်ခန်းစာကို မနေ့က လေ့လာခဲ့ပါတယ်။
I eat when I am hungry.
ဗိုက်ဆာနေတဲ့အချိန်မှာ ကျွန်တော် စားတယ်။

Present Tense (ပစ္စုပ္ပန်ကာလ)

I study my lesson right now.
ကျွန်တော် အခု သင်ခန်းစာကို လေ့လာပါတယ်။
Last week, we swam in the pool.
ကျွန်တော်တို့တွေ ပြီးခဲ့တဲ့အပါတ်က ရေကူးကန်မှာ ရေကူးခဲ့တယ်။

Future Tense (အနာဂါတ်ကာလ)

I will study my lesson tomorrow.
မနက်ဖန်မှ ကျွန်တော့်ရဲ့ သင်ခန်းစာကို လေ့လာပါမယ်။
They will play at the park next week.
နောက်တပါတ် သူတို့တွေ ပန်းခြံမှာ ကစားလိမ့်မယ်။

အောက်မှာ နမူနာရေးပြထားတဲ့ စာကြောင်းတွေမှာ ဘယ်စကားလုံးတွေက ကြိယာ ဖြစ်မလဲဆိုတာ လေ့လာကြည့်ပေးပါ ...

For Example,

An old woman brought me a very long dress from a tailor, and then she quickly disappeared.

The boy yelled, "Help!" and he saw a brave dog quickly run to the rescue.

2. Pronoun (နာမ်စား)“Noun (နာမ်) ရဲ့ အစား အသုံးပြုတဲ့ ပုဒ်ကို Pronoun (နာမ်စား) လို့ ခေါ်ပါတယ်”ဥပမာ အနေနဲ့ Hla Hla အစား ...
23/06/2021

2. Pronoun (နာမ်စား)

“Noun (နာမ်) ရဲ့ အစား အသုံးပြုတဲ့ ပုဒ်ကို Pronoun (နာမ်စား) လို့ ခေါ်ပါတယ်”

ဥပမာ အနေနဲ့
Hla Hla အစား she,
dog အစား it. စတဲ့ အသုံးအနှုန်းမျိုး ဖြစ်ပါတယ် ...

ဒီနေရာမှာလည်း Pronoun (နာမ်စား) ကို (၃) မျိုး ထပ်ခွဲလို့ ရပါသေးတယ် ...

Subject Pronoun - I, we, you, he, she, it, they
Object Pronoun - me, us, you, him, her, it, them
ဒါ့အပြင် ပိုင်ဆိုင်မှု ကိုပြတဲ့နေရာမှာဆိုရင် ...
Possessive Pronoun - mine, ours, yours, his, her, its, theirs ဆိုပြီး ခွဲခြားထားပါတယ် ...

ဥပမာ -
Look at Mike. He is a good boy.
This car belongs to us.
The blue hat is mine. Yours is on the upper shelf.
Who is there at the door?
Whose is this dress?

အောက်မှာ နမူနာရေးပြထားတဲ့ စာကြောင်းတွေမှာ ဘယ်စကားလုံးတွေက နာမ်စား ဖြစ်မလဲဆိုတာ လေ့လာကြည့်ပေးပါ ...

For Example,

An old woman brought me a very long dress from a tailor, and then she quickly disappeared.

The boy yelled, "Help!" and he saw a brave dog quickly run to the rescue.

1. Noun (နာမ်)“လူပုဂ္ဂိုလ်၊ အရာဝတ္ထု၊ နာမည်၊ နေရာ၊ စိတ်ခံစားချက် တွေကို Noun (နာမ်) လို့ ခေါ်ပါတယ်”ဥပမာ တွေကတော့ - girl ...
23/06/2021

1. Noun (နာမ်)

“လူပုဂ္ဂိုလ်၊ အရာဝတ္ထု၊ နာမည်၊ နေရာ၊ စိတ်ခံစားချက် တွေကို Noun (နာမ်) လို့ ခေါ်ပါတယ်”

ဥပမာ တွေကတော့ -

girl - မိန်းကလေး၊ school - ကျောင်း၊ pencil - ခဲတံ၊ hate - အမုန်း စတာတွေပဲ ဖြစ်ပါတယ်။

Noun (နာမ်) ကို (၃) မျိုး ထပ်ခွဲထားပါသေးတယ် ...

Concrete Noun (ကိုင်တွယ်လို့ရတဲ့နာမ်) - cake, pencil, student စတဲ့ စကားလုံးတွေ နဲ့ ...

Abstract Noun (ကိုင်တွယ်လို့မရတဲ့နာမ်) - love, hate, freedom ဆိုပြီးတော့

နောက်ဆုံးတစ်ခုအနေနဲ့ .....

Possessive Noun (ပိုင်ဆိုင်မှုပြနာမ်) - ___'s နဲ့ ရေးရပါတယ် ...

ဥပမာ -
This is a cake.
I love Mom.
We want freedom.
This is Bo Bo's book. ဆိုပြီး ရေးလို့ရပါတယ် ...

အောက်မှာ နမူနာရေးပြထားတဲ့ စာကြောင်းတွေမှာ ဘယ်စကားလုံးတွေက နာမ် ဖြစ်မလဲဆိုတာ လေ့လာကြည့်ပေးပါ ...

For Example,

An old woman brought me a very long dress from a tailor, and then she quickly disappeared.

The boy yelled, "Help!" and he saw a brave dog quickly run to the rescue.

What Are The 9 Parts Of Speech?1. Noun2. Pronoun3. Verb4. Adverb5. Adjective6. Preposition7. Conjunction8. Interjection9...
23/06/2021

What Are The 9 Parts Of Speech?

1. Noun
2. Pronoun
3. Verb
4. Adverb
5. Adjective
6. Preposition
7. Conjunction
8. Interjection
9. Determiners

Address

Weiza Street, 9 Mile, Mayangone Township
Yangon

Alerts

Be the first to know and let us send you an email when FREE: Approach To English Language posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category