အရဟံဖောင်ဒေးရှင်း Arahaṃ Foundation

အရဟံဖောင်ဒေးရှင်း Arahaṃ Foundation

Share

လောကဓမ္မ၊ နှစ်ဝကောင်းကျိုး၊ သယ်ပိုးပေးရန်၊ အရဟံ

Photos from အရဟံဖောင်ဒေးရှင်း Arahaṃ Foundation's post 17/06/2026

အရဟံသင်တန်းသား/သူ အာစိဏ္ဏကံကုသိုလ်ရှင်များ၏ "မေလ" အတွက် အာစိဏ္ဏကံ နဝကမ္မများကို အကျိုးဆောင်ကျောင်းသူများက ဆရာတော်ထံ လာရောက်ဆက်ကပ်ကြပါသည်။

16/06/2026

▪️Assignments များပေးပို့ကြရန် အသိပေးအကြောင်းကြားခြင်း။

အရဟံဖောင်ဒေးရှင်း၏ သာသနာပြုလုပ်ငန်းစဥ်အမှတ်(၁) "အရဟံ သာသနာပြုဓမ္မကောလိပ်" မှ

➖ဗုဒ္ဓ၊ဓမ္မစာပေများကို အမှန်တကယ် သိမြင်နားလည်ပြီး နေ့စဥ်ဘဝတွင် လက်တွေ့အသုံးချနိုင်စေရန်...။

➖ ဘာသာရေးအရည်အချင်းပြည့်ဝသော "စံချန်မီ ဗုဒ္ဓဘာသာဝင်ကောင်းများ" ဖြစ်စေရန်...။

➖ ဓမ္မအသိမှတဆင့် "ဘဝငြိမ်းအေးမှုမှသည် သံသရာလွတ်မြောက်မှုအထိ " တက်လှမ်းနိုင်စေရန် " ရည်ရွယ်၍ "လူပုဂ္ဂိုလ်များဆိုင်ရာ ဥပါသကာဒီပလိုမာဘွဲ့ " Diploma in Dhamma Studies (အရဟံ ဓမ္မမာမက) တန်းနှင့် "ဥပါသကာဓမ္မဝိဇ္ဇာဘွဲ့" B.A (Dhamma Studies) "အရဟံ ဓမ္မဝိသာရဒ" တန်း များကို သင်ကြားပို့ချခဲ့ပါသည်။

ယင်းအတန်းအားလုံးသည် သင်တန်းပို့ချချက်ဘာသာရပ်အားလုံး၏ Assignments များကို အောက်ဖော်ပြပါ မိမိတို့အတန်းအလိုက် သတ်မှတ်ပေးထားသည့် Viber No များသို့ (17.6.2026) နေ့မှ (25.6.2026) နေ့အတွင်း ပေးပို့ကြပါရန် အသိပေးကြေညာအပ်ပါသည်။

🔹(25.6.2026) နေ့နောက်ပိုင်း ပေးပို့ပါက အကျုံးဝင်မည်မဟုတ်ပါ။

🔹 တစ်ဘာသာလျှင် တဖိုင်းတည်းပေါင်း၍ ပို့ရပါမည်။
-------------------------------------

၁။ B.A (Dhamma Studies) Third Semester 09779838480

B.A, (Third Semester) များသည် ရှေ့(၂) လ Assignments များကို ပို့ပြီးသည်ဖြစ်စေ၊ မပို့ရသေးသည်ဖြစ်စေ ထပ်မပို့ရပါ။

၂။ B.A (Dhamma Studies) First & Second Semesters များသည် 09955922284

၃။ Dip in Dhamma Studies (Third Semester) များသည် 092023104

၄။ Dip in Dhamma Studies ( First & Second Semesters) များသည် 09756004278

16/06/2026

"ရဟန်းခံ ကံဆောင်ချိန်၌ ကာရကသံဃာများစကားပြောနေပါက ကံပျက်ပါသလား..?

- အရဟံဖောင်ဒေးရှင်းအဓိပတိ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ အဂ္ဂါဘိဓဇ မဟာသိမ်တော်ကြီးဆရာတော်-

Photos from အရဟံဖောင်ဒေးရှင်း Arahaṃ Foundation's post 15/06/2026

🔹 အသိပေးကြေညာခြင်း
______________________________

16.6.2026 , အင်္ဂါနေ့ည (၈:၀၀)နာရီအချိန်တွင်
"အရဟံ သာသနာပြုဓမ္မကောလိပ်" Diploma in Dhamma Studies (အရဟံ ဓမ္မမာမက) တန်းနှင့် B.A(Dhamma Studies) "အရဟံ ဓမ္မဝိသာရဒ" တန်း စာမေးပွဲနှင့်ပတ်သက်၍ Founder နှင့် ပဓာနဦးဆောင်ဆရာတော်က မိန့်ကြားမည်ဖြစ်ပါ၍ မပျက်မကွက်တက်ရောက်ကြပါရန် နှိုးဆော်အပ်ပါသည်။

Ps; သင်တန်းကို (10) မီးနစ်ထက်နောက်ကျသူများကို Zoom ဝင်ခွင့် လက်မခံပါ။

Record Video မပေးပါ။

Photos from အရဟံဖောင်ဒေးရှင်း Arahaṃ Foundation's post 15/06/2026

➖သာသနာပြုဒီပလိုမာတန်း First Semester ပထမနေ့ စာမေးပွဲ စတင်ဖြေဆို➖ (၁၃. ၆.၂၀၂၆)

အရဟံဖောင်ဒေးရှင်း၏ သာသနာပြုလုပ်ငန်းစဥ်
အမှတ်(၁) "အရဟံသာသနာပြုဓမ္မကောလိပ်" ကျောင်းထိုင်ဆရာတော်များနှင့် ဓမ္မာစရိယ ကျမ်းပြီး/ကျမ်းစွဲဆရာတော်၊သီလရှင်များဆိုင်ရာ Diploma in Arahaṃ Missionary (သာသနဟိတာရမ္ဘ) Batch-5 ၏ First Semester စာမေးပွဲ တတိယနေ့အဖြစ် -

"Buddhist Ethics"(ဗုဒ္ဓနည်းကျ ကိုယ်ကျင့်တရားပညာ) ဘာသာရပ်ကို Zoom Video Conferencing မှတဆင့် Open Book System ဖြင့် ဖြေဆိုတော်မူကြပါသည်။

15/06/2026

"အရဟံသင်တန်းတွေ တနိုင်ငံလုံးရှိစေချင်တယ်၊ သံဃာတော်တွေအနေနဲ့ ဗြဟ္မစိုရ်တရား၊လောကပါလတရာ၊ ကံ ဉာဏ် ဝီရိယစွမ်းအားတရားတွေကို စောကြားစေချင်တယ်"

-ဥရောပသာသနာပြု ဘာမင်ဂန်ဆရာတော်ဒေါက်တာဥတ္တရဉာဏ-

15/06/2026

"ဗုဒ္ဓဘာသာတို့ လက်ခံထားသည့်တရား(၃)ပါး"

"အရဟံဖောင်ဒေးရှင်းသြဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ"

Photos from အရဟံဖောင်ဒေးရှင်း Arahaṃ Foundation's post 15/06/2026

ဘုရားအလိုတော်ကျ မိဘကိုကျေးဇူးဆပ်နေတဲ့
အရဟံ ကျောင်းသူ စိုးမြတ်နန္ဒာ
__________________________

အရဟံဖောင်ဒေးရှင်းသင်တန်း စာမေးပွဲ ငါးဘာသာ ကို July 1 ရက်နေ့ ကနေစပြီး ဖြေရမှာပါ.. ကိုယ်ဖြေနိုင်ဖို့ထက် အမေ ဖြေနိုင်ဖို့ လိုပါတယ်လေ..😵‍💫

အမေ့ကို အဖေမရှိတဲ့နောက် အတွေးတွေမအားအောင် စာတစ်ခုခုသင်စေချင်ခဲ့တာ ..

လေးစားချစ်ခင်ရတဲ့ မခိုင်ကြီး ရဲ့ အကူအညီနဲ့ အမေ့ ကို ကျောင်းအပ်ပေးခဲ့တယ်..

ကိုယ်တိုင်လည်း အမေ တစ်ခုခုနားမလည်ရင် ရှင်းပြတတ်အောင် လိုက်သင်ခဲ့ပေမယ့် မြန်မာ အချိန် ည ၈ နာရီ ကသင်တန်းအချိန် ဆိုတော့ တစ်ပတ် ၆ ရက်ကို US မှာ မနက် ၅:၃၀ ထသင်ခဲ့ရတာ နည်းနည်း ခက်ခဲတယ်..ဒါပေမဲ့ လုပ်နိုင်ခဲ့ပါတယ်..

အမေ က ကိုယ်တွေထက်တောင် Assignment တင်တာ မှန်တယ်. သေချာလည်းရေးတတ်တယ်.. တနေကုန်လည်း စာအုပ်တွေနဲ့ အလုပ်ရှုပ်နေတာ..ဒီကြားထဲကမှ Facebook ပေါ် ဘယ်ချိန်စာတွေတက်တက်ရေးနေမှန်းမသိ 😖
မရေးပါနဲ့တော့ ပြောလည်း ကလေးကြီး လိုပဲ ..

နောက်ဆုံးတော့ စိတ်ချမ်းသာသလိုနေပါစေ လို့ပဲ သဘောထားလိုက်တော့တယ်.. သူ ဝါသနာပါတာ သူလုပ်ပါစေပေါ့လေ ( အဖေ့ ကိုတိုင်လို့မှမရတာပဲ)

ပြောချင်တာကတော့ အရဟံဖောင်ဒေးရှင်း ကနေ July/August လောက်မှာ သင်တန်းတွေ ပြန်စမှာပါ.
ကိုယ့်အိမ်မှာရှိတဲ့ အဖေ အမေ တွေကို join ပေးလို့ရပါတယ်.. သင်တန်းဆိုပေမယ့် မခက်ခဲပါဘူးနော် ..

နေ့တိုင်း ဆရာတော်ဘုရားတွေ သင်တဲ့ အကြောင်းအရာတွေ ခေါင်းထဲရောက်သွားတာကိုက အမြတ်ပါ.. ဆရာတော်ဘုရားတွေ သင်တဲ့အချိန် လိုက်မှတ်ပြီး Assignment တင်ရပါတယ်.. နားမလည်ရင် YouTube မှာ ထပ်ခါထပ်ခါ နားထောင်လို့ရပါတယ်.. စာမေးပွဲကလည်း Assignment တွေကို ပြန်လေ့လာပြီး ဖြေရတဲ့ Open Book Exam ပါ..

“အဖေ တို့ အမေ တို့ စာအုပ်တွေကြားထဲအလုပ်ရှုပ်နေတာတွေမြင်ရတာ တကယ်ကြည်နူးစရာကောင်းပါတယ် လို့ “

Photos from အရဟံဖောင်ဒေးရှင်း Arahaṃ Foundation's post 14/06/2026

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော်ထံသြဝါဒခံယူ၍ အရဟံတွင် ဟောပြောပို့ချပေးရန် လျှောက်ထားခဲ့ပါသည်။ ဆရာတော်ကြီးမှလည်း ဝမ်းမြောက်စွာလက်ခံတော်မူပါသည်......။

(14.6.2026) 9:20,PM

Photos from အရဟံဖောင်ဒေးရှင်း Arahaṃ Foundation's post 13/06/2026

🔹 "ဝိဟာရဒါန" တစ်သိန်းကျပ်တန်ကျောင်းအလှူတော် သာဓုအနုမောဒနာမှတ်တမ်းလွှာ🔹

🔸 (ဦးသက်နိုင်ဦး) အားရည်စူး၍
"ဒေါ်စမ်းစမ်းအေး" Dip in Dhamma Studies (အရဟံ ဓမ္မမာမက) Third Semester
သား--မောင်ဇေယျာရဲရင့် +မသဇင်လင်း
သား-မောင်သက်ထူးဇင် (မိသားစု)
မြောက်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့- က

အရဟံဖောင်းဒေးရှင်း (ဗဟို)ရုံး နှင့် အရဟံ သာသနာပြုဓမ္မကောလိပ် တည်ရှိရာ "အရဟံ ဓမ္မဝီရသာသနာပြုကျောင်းတိုက်" အတွင်း၌ အသစ်ဆောက်လုပ်လျှက်ရှိသည့် " ဓမ္မမာမက(၅) ထပ် ဆွမ်းစားကျောင်းနှင့်သောတုဇနသံဃာနေကျောင်းဆောင်တော်ကြီး" ဆောက်လုပ်ရန် အတွက် -

“ဝိဟာရဒါနံ သံဃဿ အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဏိတံ” သံဃာရည်မှန်း ဆောက်လှူဒါန်းသည့် ကျောင်းလှူဝိဟာ မြတ်စေတနာကား အမြတ်ဆုံးသဒ္ဓါ ကုသလာဟု ဆူဆူဘုရား မိန့်ကြားထားသည့် ဝိနယစူဠဝါဒေသနာတော်နှင့်အညီ “ ဝိဟာရဒါနကုသိုလ်တော်”အဖြစ် -

အလှူတော်ငွေ (၁၀၀,၀၀၀) တစ်သိန်းကျပ်တိတိကို သဒ္ဓါကြည်ဖြူ ပေးလှူဒါန်းပါသည်။

ထိုသို့လှူဒါန်းမှုအား ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုအပ်ပါသည်။

အရဟံ ဖောင်ဒေးရှင်း(ဗဟို) ရုံး၊ အရဟံ သာသနာပြုဓမ္မကောလိပ် ၊ဘုရားသုံးဆူစာသင်
တိုက်ဝင်း၊ LBC အနီး၊ သုဝဏ္ဏဘောလုံးကွင်း အနောက်ဘက်၊ နနွင်းကုန်းရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon
HTTPS://MAPS.APP.GOO.GL/IJ1OGHYQKVZTFFVH7?G_ST=IC