10/08/2024
여러분 잘 지내고 계신가요?
여러분들 위해 좋은 기회를 알려드리고 싶습니다.
သင်တန်းကောင်းလေးတစ်ခု မိတ်ဆက်ပေးချင်တာပါ အောက်က link မှာ အသေးစိတ်ကြည့်ပေးနော်
https://www.facebook.com/share/p/N2rGEsmFbWNyJepK/?mibextid=oFDknk
우리 어학당과 함께 빛나는 미래로
10/08/2024
여러분 잘 지내고 계신가요?
여러분들 위해 좋은 기회를 알려드리고 싶습니다.
သင်တန်းကောင်းလေးတစ်ခု မိတ်ဆက်ပေးချင်တာပါ အောက်က link မှာ အသေးစိတ်ကြည့်ပေးနော်
https://www.facebook.com/share/p/N2rGEsmFbWNyJepK/?mibextid=oFDknk
24/05/2024
안녕하세요 여러분
ဒီနေ့ကတော့ ကိုရီးယားမှာ ကျောင်းသွားတက်မဲ့သူတွေရော တခြားနိုင်ငံမှာကျောင်းသွားတက်မဲ့သူတွေအနေနဲ့ မရေးမဖြစ်ရေးရတဲ့ Personal Statement ဘယ်လိုရေးရမလဲဆိုတာနဲ့ပတ်သတ်ပြီး sharing လေးလုပ်ပေးသွားမှာဖြစ်ပါတယ်။
Personal Statement ဆိုတာဘာလဲ?
Personal Statement ကိုဘယ်လိုရေးကြမလဲ?
여러분 တို့အတွက် surprise အစီအစဥ်လေးပါတာမို့ အဆုံးထိဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေနော်။
Personal Statememt ဆိုတာကတော့ ကျွန်မတို့ ကျောင်းလျှောက်တဲ့အခါတွေ scholarshipလျှောက်တဲ့အခါတွေမှာ ကိုယ့်ရဲ့အကြောင်းကို စာမျက်နှာ ၁မျက်နှာမှ ၂မျက်နှာအတွင်း သေချာရေးပြပြီး personal branding လုပ်တာလို့အလွယ်မှတ်ထားလို့ရပါတယ်။
PS မှာ ဘာတွေပါသင့်လဲဆိုတာကို အကြမ်းဖျင်းအနေနဲ့ ၇ပိုင်းအဖြစ်သတ်မှတ်လို့ရပါတယ်။
1. Introduction
2. Academic Background
3. Extracurricular Experiences
4. Personal Qualities and Skills
5. Motivation Goals
6. Unique Contribution
7. Conclusion တွေပဲဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ကိုယ့်အကြောင်းကို အတိုချုံးအနေနဲ့မိတ်ဆက်ပေးစာလေးရေးပေးသင့်ပါတယ်။
ကျွန်မအနေနဲ့ကတော့ Quotes တွေနဲ့ intro ၀င်ရတာ သဘောကျတဲ့သူအနေနဲ့ စကားပုံ /ဆိုရိုးလေးနဲ့ intro ၀င်ပြီး ကျွန်မအကြောင်းကို ဖတ်ချင်စိတ်ဖြစ်လာအောင်ရေးရင်းနဲ့ အဆုံးသတ်နားမှာ ဘာ့ကြောင့် ဒီ program ကိုဘယ်လိုလျှောက်ဖြစ်သွားတာလဲဆိုတာကို အတိုချုံးအနေနဲ့ ထည့်ရေးပေးလိုက်ပါတယ်။
ပြီးရင်တော့ ကိုယ့်ရဲ့ မိသားစု အကြောင်းကိုနည်းနည်းရေးပေးပါမယ်။ ဒီနေရာမှာသတိထားရမှာက ကိုယ်ကအများကြီးရေးရင်လဲ ဟုန်သွားတတ်လို့ တိုတိုတုတ်တုတ်နဲ့ပဲ ရေးသင့်ပါတယ်။
ဒါဆိုရင်တော့ ပထမအချက်ဖြစ်တဲ့ introduction အပိုင်းပြီးသွားမှာဖြစ်ပါတယ်။
ဒုတိယအနေနဲ့ကတော့ ကိုယ့်ရဲ့ ကျောင်းတုန်းက acedmic background ကိုရှင်းပြပါမယ်။ ကိုယ်ကကျောင်းတုန်းက ဘယ်လိုကျောင်းသားမျိုးဖြစ်ခဲ့လဲ။ နောက်ပြီးကိုယ့်ရဲ့ မူလတန်း၊ အလည်တန်း၊, အထက်တန်းကျောင်းသားဘဝအကြောင်း ဘွဲ့ရပြီးသားသူတွေအတွက်ဆိုရင်လဲ တက္ကသိုလ်ကျောင်းသားဘ၀မှာ ကိုယ့်ရဲ့မေဂျာ၊ ဘာသာရပ်တွေနဲ့ပတ်သတ်တဲ့ အတွေ့အကြုံတွေကိုရေးပေးသင့်ပါတယ်။ ထပ်ပြီးတော့ ကျောင်းသားဘ၀တုန်းက ရရှိခဲ့တဲ့ ဆုရတဲ့အတွေ့အကြုံ, ကြိုးစားပြီးစာလေ့လာခဲ့တဲ့အကြောင်းတွေကိုလဲ ရေးပေးသင့်ပါတယ်။
ကဲ ဒါဆိုရင်တော့ Academic Baground အတွက်ရေးပြီးသားဖြစ်သွားပါပြီ။
နောက်တစ်ဆင့်အနေနဲ့ကတော့ Extracurricular Experiences တွေကို ရေးပေးသင့်ပါတယ်။
ဒီအပိုင်းမှာဆိုရင်တော့ ကျောင်းစာအပြင် ကိုယ်ရဲ့ volunteer အတွေ့အကြုံတွေ intermship ဆင်းဖူးတဲ့ အတွေ့အကြုံတွေ အခြားကိုယ်လုပ်ခဲ့ဖူးတဲ့ activities, project တွေကို ရေးပေးသင့်ပါတယ်။ ဒီနေရာမှာတော့ ကိုယ်လုပ်ခဲ့ဖူးတဲ့ activies တွေက ကိုယ်ရွေးချယ်ထားတဲ့ major နဲ့ အချိတ်အဆက်မိအောင်နဲ့ ကိုယ်ကဘယ်လို contribute တွေလုပ်ခဲ့သလဲဆိုတာကို ရေးပေးသင့်ပါတယ်နော်။
ကဲ အဆင့်လေးအနေနဲ့ကတော့ ကိုယ့်ရဲ့personal skiils, interpersonal skills တွေကို ရေးပေးရပါမယ်။ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို အနည်းငယ် ရေးသင့်ပါတယ်။ ဒီနေရာမှာ သတိထားရမှာတစ်ခုကတော့ အားနည်းချက်တွေကို ရေးတဲ့အခါမှာ ကိုယ့်ကို negative အနေနဲ့မြင်သွားစေတာမျိုးကိုရှောင်ရပါမယ်။ ဥပမာ ငါ့ရဲ့အားနည်းချက်ကတော့ အရာအားလုံးကို အကောင်းဆုံးဖြစ်စေချင်ပြီး အမှားမပါအောင် လုပ်ရမယ်ဆိုတဲ့ စိတ်ကြောင့် တစ်ခါတစ်လေမှာ stress ဖြစ်ရပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ ဒီလို စိတ်ထားကြောင့် အကောင်းဆုံးတွေဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်ဆိုတဲ့ သဘောမျိုးအနေနဲ့ weakness to strengths ဘက်ကိုသွားတာမျိုးရေးပေးဖို့ သတိချပ်စေလိုပါတယ်။
အဆင့်ငါးအနေနဲ့ကတော့ ကိုယ်က ဘာ့ကြောင့် ဒီမေဂျာကို စိတ်၀င်စားပြီး ရွေးချယ်ဖြစ်သွားတာလဲနဲ့ပတ်သတ်ပြီးရေးပေးရပါမယ်။ နောက်ပြီး ကိုယ်က ဒီမေဂျာ ဒီ program ဒီကျောင်းနဲ့ ကိုက်ညီလဲဆိုတာမျိုးကို တစ်ဖက်လှည့်အနေနဲ့ အလိုအပိုမရှိ သဘာ၀ကျကျရေးတတ်ရပါမယ်။ ဥပမာအနေနဲ့ ကိုယ်ကဘယ်လိုတွေဆုံးဖြတ်ချထားပြီး ဘယ်လိုတွေ creativity ရှိလဲ research တွေကိုဘယ်လိုလုပ်မယ်ဆိုတာကို ပြသပေးရပါမယ်။ နောက်ပြီး ကိုယ့်ရဲ့ future plan အနေနဲ့ ကိုယ့်ရဲ့ အနာဂတ် plan နဲ့ဘယ်လိုတွေချိတ်ဆက်နေလဲ ကိုယ့်ရဲ့ plan ကို ရောက်အောင် ဒီမေဂျာ ဒီ programကဘယ်လိုတွေ ကူညီနိုင်လဲဆိုတာကို ရေးပေးသင့်ပါတယ်။
ကဲဒါဆိုဘာလိုလိုနဲ့ အဆင့်၆ကိုတောင်ရောက်လာပြီနော်။ အဆင့်၆အနေနဲ့ကတော့ ကိုယ့်ကိုရွေးချယ်ပေးမယ်ဆိုရင် ကိုယ့်အနေနဲ့ ဒီ program ဒီကျောင်းကို ဘယ်လိုပြန်ပေးမလဲ ဘယ်လို contribute ပြန်လုပ်ပေးနိုင်မလဲဆိုတာကို ရှင်းပြပေးရပါမယ်။
နောက်ဆုံးအဆင့်အနေနဲ့ကတော့ conclusion ချုပ်ပေးရတော့မှာပဲဖြစ်ပါတယ်။
ကိုယ့်အနေနဲ့ ဒီprogram ကိုလျှောက်ရတာ ဘယ်လောက်တောင်စိတိအားထက်သန်နေတယ်ဆိုတာမျိုးကို ပြောရင်းနဲ့ နိဂုံးချုပ်ပေးလိုက်ရင် ပြီးပြည့်စုံတဲ့ Personal Statement တစ်စောင်ရလာမှာ အသေချာပါပဲနော်။
ကျွန်မတို့ အနေနဲ့အကြံပေးချင်တာကတော့ PS ဆိုတာကို ကိုယ့်ရဲ့ အတွေ့အကြုံတွေ ပညာရေးနောက်ခံအကြောင်းတွေနဲ့ ကိုယ့်ရဲ့ အောင်မြင်မှုတွေကို ကိုယ်ရည်သွေးပြီး ပြရတဲ့ essay type ဖြစ်တဲ့အတွက် over မဖြစ်စေပဲနဲ့ ရိုးသားစွာနဲ့ ကိုယ့်အကြောင်းကိုယ် ရေးပေးရမှာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဒီနေ့ sharing လုပ်ပေးခဲ့တဲ့ PS ကိုဘယ်လိုရေးရမလဲဆိုတာနဲ့ပတ်သတ်ပြီး တစ်စိတ်တစ်ပိုင်းပနေနဲ့ အကူညီဖြစ်မယ်လို့မျှော်လင့်ပါတယ်။
하루메모ကနေပြီးတော့ 여러분 တို့အတွက် surprise အနေနဲ့ pg လေးကို like and share လေးလုပ်ပြီးတော့ အခု post လေးကို share ထားတဲ့ screenshot ကို ment ပေးထားတဲ့သူတွေထဲက ၃ယောက်ကိုရွေးပြီးတော့ Proof Reading လုပ်ပေးသွားမှာဖြစ်ပါတယ်။ PS ကိုရေးပေးမှာမဟုတ်ပဲ Proof Read ပဲဖတ်ပေးမှာကိုတော့ သတိချပ်စေလိုပါတယ်နော်။ ကဲဒါဆိုရင်တော့ Like and Share လေးလုပ်ပြီးတော့ Proof Read လေးဖတ်ပေးတဲ့ အစီအစဥ်မှာ ပါ၀င်လို့ရပါပြီနော်။
하루메모 မှ content များအား လွတ်လပ်စွာ share နိုင်ပြီး ပြန်လည်ကူးယူဖော်ပြခြင်း(လုံးဝ)မပြုကြပါရန်❗️
#하루메모
21/05/2024
안녕하세요 여러분,
ဒီနေ့အတွက်하루메모က sharing လုပ်ပေးချင်တာလေးကတော့ ကိုရီးယားသံရုံးက ကျင်းပတဲ့ 2024 대사배 퀴즈 대회 ဆိုတဲ့ Quiz ပြိုင်ပွဲ လေးဖြစ်ပါတယ်။
ㅇ ပြိုင်ပွဲအချိန်ဇယား
ဇွန်လ 15 ရက်၊ 2024 ခုနှစ် ( သံရုံးမှာ သွားပြိုင်ရမှာဖြစ်ပါတယ်)
ㅇ လျှောက်ထားနိုင်သည့်ကာလ
မေလ (၂၀) ရက် ကနေ ဇွန်လ (၂) ရက်နေ့ထိ (အရင်ဆုံးလျှောက်တဲ့ အယောက် ၁၀၀ ကို ဦးစားပေးရွေးမှာဖြစ်ပါတယ်)
ㅇ ပါဝင်နိုင်သူများ
မြန်မာနိုင်ငံသား မည်သူမဆို
ㅇပါဝင်နိုင်မယ့်နည်းလမ်း
အောက်က Google လင့်ခ် မှာဝင်ဖြည့်ပေးရမှာဖြစ်ပါတယ်
https://docs.google.com/forms/d/e/1FAIpQLSfGVQTISLlvBIlnzuaWV3ZDUJd_oscTmbH0opGPVfdmv7Bdow/viewform
ㅇ ဆက်သွယ်ရန်
email - [email protected]
မနှစ်ကပြိုင်တဲ့ အတွေ့အကြုံအရတော့ အရမ်းပျော်ဖို့ကောင်းလို့ အားလုံးကို ပြိုင်စေချင်ပါတယ်
#하루메모
20/05/2024
안녕하세요 여러분 👋
ဒီနေ့လေးမှာတော့ 여러분တို့အတွက် အကျိုးရှိစေမဲ့ seminar လေးတစ်ခုကို Daily Memo က ယူဆောင်လာပါတယ်နော်။
အဲ့ဒါကတော့ Handong Global University ကနေပြီးတော့ ကျင်းပပြုလုပ်မည့် Business Ideation Seminar လေးပဲဖြစ်ပါတယ်။
ဒီ Seminar လေးမှာတော့ Startup Business တစ်ခုကို ဘယ်လိုတွေ plan ချပြီး run မလဲ။ နောက်ပြီး HGU ကျောင်းသားတွေရဲ့ startup business တွေအတွက် Professor တွေဆီကနေ feedback ပြန်လည်ပေးခြင်း၊ HGU ကျောင်းသားများ idea များဖလှယ်ခြင်း စတာတွေပါ၀င်မှာပဲ ဖြစ်ပါတယ်။
ဒီ Lecture ကိုတက်ရောက်သူတွေကိုလဲ HGU ကနေ certificate များပေးအပ်သွားမှာဖြစ်ပါတယ်နော်။ အကယ်လို့များ ဒီပွဲကိုတက်ရောက်ချင်သူများအနေဖြင့် အောက်ပါ link မှာ register လုပ်ပြီးတက်ရောက်နိုင်ပါတယ်နော်။
Application Link: https://forms.gle/yqCR33f13GMkYaiK9
Seminar Details:
* Subject: Strategies for Detailed Business Startup Planning
* Lecture by: Professor Sejin Kim (School of Computer Science and Electrical Engineering)
* Date: May 25th (Sat), 8:30~9:30 a.m. (MMT)
1) Lecture on refining and detailing business startup ideas
2) May include feedback from the professor on startup ideas developed by Handong Global University students
3) Optional session to observe group presentations of Handong students' startup ideas (feel free to come, 7:00~8:30 a.m. MMT)
* The seminar is open to EVERYONE!!
* The lecture will be given in English.
* Zoom Link: https://zoom.us/j/94751638930?pwd=SmkzVnNwZHVONnpoWUdsNlI2Zjc0UT09
Additional Information:
* Official certificate will be given for those who attend this seminar.
* The Business Ideation Seminar is held annually on various topics. Only students who attend this year's seminar will be given the opportunity to attend future seminars.
Contact Information: [email protected]
하루메모 မှ content များအား လွတ်လပ်စွာ share နိုင်ပြီး ပြန်လည်ကူးယူဖော်ပြခြင်း(လုံးဝ)မပြုကြပါရန်❗️
#하루메모
20/05/2024
안녕하세요 여러분,
ဒီနေ့အတွက်하루메모က sharing လုပ်ပေးချင်တဲ့ ပြိုင်ပွဲလေးကတော့ ကိုရီးယားသံရုံးက ကျင်းပတဲ့ 2024 대사배 온라인 백일장 ဆိုတဲ့ writing contest လေးဖြစ်ပါတယ်။
🔷ခေါင်းစဉ်
မျှော်လင့်ချက်ရစေတဲ့ ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲက မြင်ကွင်းတစ်ခု
🔷ယှဉ်ပြိုင်နိုင်တဲ့အချိန်
May 20 2024 - June 09 2024
🔷ပါဝင်ယှဉ်ပြိုင်နိုင်သူ
မြန်မာနိုင်ငံသား မည်သူမဆို
🔷ယှဉ်ပြိုင်လျှောက်ထားရမယ့် နည်းလမ်း
ခေါင်းစဉ်နဲ့ ကိုက်ညီမယ့် ကိုရီးယားစာ အတို (စာလုံးရေ ၁၀၀ အတွင်းဖြစ်ရပါမယ်) ကို အဲ့ဒီစာနဲ့ ကိုက်ညီမယ့် ဓာတ်ပုံ/ ဗီဒီယိုတွေနဲ့ အတူ တင်နိုင်ပါတယ်။
🔷ပေးပို့လျှောက်ထားရမည့်လိပ်စာ
[email protected]
အသေးစိတ်သိချင်ရင်တော့အောက်က မူရင်းလင့်မှာ ဝင်ကြည့်နိုင်ပါတယ်ရှင့်
https://overseas.mofa.go.kr/mm-ko/brd/m_2091/view.do?seq=1346158&page=1
#하루메모
19/05/2024
안녕하세요 여러분👋
Sunday မှာတော့ Quiz လေးနဲ့အတူပြန်လာပါပြီနော်။
အောက်မှာ ပေးထားတဲ့ quizလေးတွေကို cmt မှာ ဖြေကြည့်ရင်း 하루메모 နဲ့အတူ အင်္ဂါနေ့ကျရင် အဖြေတိုက်ကြည့်ကြရအောင်နော် 여러분တို့ရေ
하루메모 မှ content များအား လွတ်လပ်စွာ share နိုင်ပြီး ပြန်လည်ကူးယူဖော်ပြခြင်း(လုံးဝ)မပြုကြပါရန်❗️
#하루메모
우리가 생각하는 사랑은....
ကိုယ်တို့တွေ စဥ်းစားမိတဲ့ အချစ်ဆိုတာက....
#하루메모
15/05/2024
안녕하세요 여러분
Korea လူမျိုးဆရာမတွေနဲ့ speaking တိုက်ရိုက်သင်ယူနိုင်မယ့် အခွင့်အရေးလေး မျှဝေပေးချင်ပါတယ်
King Sejong Institute ရဲ့ 2024 Metaverse Speaking course 2nd semester register လုပ်လို့ရပါပြီနော်
Online ကနေ သင်ရတာဖြစ်ပြီး အရမ်း အရမ်းကို ပျော်ဖို့ကောင်းတဲ့သင်တန်းဖြစ်ပါတယ်
စကားပြောလေ့ကျင့်ချင်တဲ့သူတွေ တက်ဖို့အသင့်ဆုံးပါ
သူက လျှောက်တဲ့သူများပြီး ဦးရာလူ တက်ရမယ့်စနစ်မို့ မြန်မြန်တော့လျှောက်ဖို့လိုပါတယ်
သင်တန်းကာလ -May 29 - July 20
သင်တန်းချိန် က တစ်ပါတ်မှာ ၂ရက် (8weeks) တက်ရပါမယ် မိမိတက်ချင်တဲ့ ရက်နဲ့ အချိန်ကို အောက်မှာပြထားတဲ့ အချိန်ဇယားထဲကနေ ရွေးပြီးတက်လို့ရပါတယ်
Wednesday - 10am (KST)
Thursday - 21pm (KST)
Friday - 20pm (KST)
Saturday - 10am
- 16pm
- 20pm
သင်တန်းကြေး - အခမဲ့
လျှောက်ထားနိုင်သူများ - Intermediate level (level test စစ်လို့ရပြီးတော့ level 3-4သမားတွေ လျှောက်လို့ရပါတယ်)
လျှောက်ထားရမယ့် link - https://abit.ly/24-2
လျှောက်ထားနိုင်တဲ့ကာလ - May 13က စပြီး လူပြည့်တဲ့အချိန်ထိပါ
(လျှောက်တဲ့နေရာမှာ အဆင်မပြေတာရှိရင် လာမေးလို့ရပါတယ်)
14/05/2024
2024 K-Pop World Festival in Myanmar ပွဲကြေငြာချက်လေးပါ 여러분
Kpop ဝါသနာရှင်တွေ ဝင်ပြိုင်ဖြစ်အောင်ပြိုင်ကြပါနော်
အောက်မှာ သံရုံး ကြေငြာချက် အပြည့်အစုံပါ
2024 အတွက် K-Pop World Festival in Myanmar ရဲ့ အချိန် တဖန်ပြန်လည်ရောက်ရှိလာပါပြီ။ ဒီနှစ် ပြိုင်ပွဲနဲ့ ပတ်သက်သည့် စည်းမျဉ်းစည်းကမ်း အဆင့်ဆင့်ကို အောက်ပါအတိုင်း သေချာ ဖတ်ရှုပေးဖို့ မှာကြားအပ်ပါသည်။
ဦးစွာ ပြိုင်ပွဲအား
- ပထမအဆင့် : Online Video Audition
- ဒုတိယအဆင့် : မြန်မာ့အဆင့်ရွေးချယ်ခြင်း Competition (2024, July)
- တတိယအဆင့် : နိုင်ငံတကာအဆင့် ဗိုလ်လုပွဲ (Changwon, Korea) ဟူ၍ ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။
ပထမအဆင့် Online Video Audition အတွက် အောက်ပါ Google Form Link အား ပြည့်စုံစွာ ဖြည့်စွက်ပြီး Cover Dance/ Song အား ဝင်ရောက်ယှဉ်ပြိုင်ရပါမည်။ Google Form တွင် မိမိ၏ ပြိုင်ပွဲဝင်မည့် Video အား Google Drive Link အဖြစ် ထည့်သွင်းပေးရမယ်ဖြစ်ပြီး share အား anyone ထားထားပေးရမည် ဖြစ်ပါသည်။ ပေးပို့လာသော Video ကို အကဲဖြတ်ဒိုင်လူကြီးများမှ အမှတ်ပေး စိစစ်မည်ဖြစ်ပါသည်။ လျှောက်လွှာတင်ခွင့် နောက်ဆုံးရက်မှာ June 10, 2024 ဖြစ်သည်ကို အထူးသတိပြုစေလိုပါသည်။
Form Link
https://docs.google.com/forms/d/e/1FAIpQLSeRMD52dSC6Oy0Lq1YIvIKBLtJiXfvQhU1moXssO3ZTy0TZvw/viewform?usp=sf_link
ဒုတိယအဆင့် မြန်မာ့အဆင့်ရွေးချယ်ခြင်း Competition အား Offline Event အနေဖြင့် 2024, July တွင် ကျင်းပသွားပြီး တတိယအဆင့် ကိုရီးယားနိုင်ငံ၊ ချန်ဝန်မြို့တွင် ပြုလုပ်သွားမည့် နိုင်ငံတကာအဆင့် ဗိုလ်လုပွဲအား မြန်မာကိုယ်စားလှယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရန် အဆို (၁)ဖွဲ့ ၊ အက (၂)ဖွဲ့ ပေါင်း (၃)ဖွဲ့ကို ရွေးချယ်သွားမည် ဖြစ်ပါသည်။ အနိုင်ရ (၃)ဖွဲ့၏ Performance Video များအား KBS သို့ ပေးပို့သွားမည်ဖြစ်ပါသည်။
တတိယအဆင့် နိုင်ငံတကာအဆင့် ဗိုလ်လုပွဲအတွက် ပြိုင်ပွဲရလဒ်အဖြေအား August, 2024 တွင် အသိပေးကြေညာသွားမည်ဖြစ်ပါသည်။
2024 K-Pop World Festival in Myanmar ရဲ့ သတိပြုရမည့် စည်းကမ်းချက်များ
⁃ မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး အသက် (၁၈)နှစ် မပြည့်သေးသူများသည် မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက် ပါရှိရပါမည်။
⁃ Category (၂)ခုလုံးအတွက် Solo, Duo, Group စသဖြင့် ယှဉ်ပြိုင်ပိုင်ခွင့်ရှိပါသည်။
⁃ ပြိုင်ပွဲဝင် တစ်ဦး/အဖွဲ့သည် မိမိယှဉ်ပြိုင်မည့် ကာဗာ အဆို/အက (၁)ခုကိုသာ ရွေးချယ်ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင် (၁)ဦးသည် (၁)ဖွဲ့တည်းသာ ယှဉ်ပြိုင်ခွင့်ရှိပါသည်။
⁃ တစ်ဖွဲ့သည် Video အား (၁)ကြိမ်သာ ပေးပို့ရမည်ဖြစ်သည်။
⁃ အဆို ပြိုင်ပွဲဝင်များသည် Back Dancer အား ထည့်သွင်းနိုင်ပြီး ပြိုင်ပွဲဝင်ဟု မသတ်မှတ်ဘဲ အဆိုကိုသာ အကဲဖြတ် အမှတ်ပေးမည်သာ ဖြစ်ပါသည်။ အကပြိုင်ပွဲဝင်ထားသူများသည် အဆို၏ Back Dancer လုပ်ခွင့်ရှိပါသည်။
⁃ Korean သီချင်း (K-Pop) ဖြစ်ရမည် ဖြစ်ပြီး အဆိုတော်များ၏ နိုင်ငံခြားသီချင်း ကာဗာများဖြင့် ယှဉ်ပြိုင်ခွင့်မရှိပါ။ ကိုရီးယားဘာသာစကား သီချင်းဖြင့်သာ ယှဉ်ပြိုင်ခွင့် ရှိပါသည်။
⁃ ပြိုင်ပွဲဝင်သီချင်းအား အများဆုံး (၅)မိနစ်ထက် ကျော်လွန်၍ မရသလို mash-up များလည်း ခွင့်မပြုပါ။
⁃ အကအတွက် Own-Choreography/ Intro/ Break Dance အား ထည့်သွင်းခွင့်ရှိပြီး သီချင်း၏ (၁၀)%မျှသာ ထည့်ခွင့်ရှိပါသည်။
⁃ ပထမအဆင့်ကို အောင်မြင်သူများသည် သီချင်းအား ပြောင်းလဲခွင့်ရှိပြီး ဒုတိယအဆင့်နှင့် တတိယအဆင့် သီချင်းသည် ပြောင်းလဲခွင့်မရှိသည်ကို သတိပြုစေချင်ပါသည်။
⁃ ပြိုင်ပွဲမှ ထွက်ခွါလိုပါက ဒုတိယအဆင့်ပြိုင်ပွဲ မတိုင်မှီ (၂)ပတ်အလိုတွင် အကြောင်းကြားပေးရပါမည်။
⁃ ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှု Video များနှင့် ဖျော်ဖြေမှု ဓါတ်ပုံများအား Korean Embassy in Myanmar မှ Korean Culture အတွက် ပြသခြင်း၊ ထုတ်ဝေခြင်း၊ ကြော်ညာခြင်း စသည်အတွက် အသုံးပြုနိုင်သည်ကို သိရှိထားရမည်ဖြစ်ပါသည်။
ယောရောဘွန်း သတင်းကောင်းလေးပါ
အရင်ကတစ်နှစ်မှာ တစ်ခါပဲဖြေရတဲ့ Topik စာမေးပွဲကြီးက ခုဆို ၂ခါ ဖြေလို့ရပါတော့မယ် အောက်ကတော့ သံရုံးရဲ့ကြေကြာချက်ကို ကူးယူဖော်ပြပေးထားတာဖစ်ပါတယ်
မင်မင်ကတော့ မန္တလေးသွားချင်လို့ နောက်တစ်ခါထပ်ဖြေရမလားစဉ်းစားနေပါပြီ 😁
စာလုပ်ကြပါ ယောရောဘွန်း
မင်္ဂလာပါ။
(၉၄)ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ(TOPIK) အား မေလ ၁၂ ရက်၊ တနင်္ဂနွေနေ့တွင် မန္တလေးမြို့၊ (၉၆)ကြိမ်မြောက်အား အောက်တိုဘာလ ၁၃ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့တို့၌ ကျင်းပပြုလုပ်နိုင်ရန် စီစဉ်လျှက်ရှိနေပါသည်။
TOPIK နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များအား နောက်ပိုင်းတွင် ဆက်လက်ကြေငြာပေးသွားပါမည်။
2024년 한국어능력시험(TOPIK)은 제94회 5월 12일(일요일) 만달레이 및 제96회 10월 13일(일요일) 양곤에서 개최될 수 있도록 준비 중에 있습니다.
토픽 관련하여 상세한 내용은 앞으로 공지하도록 하겠습니다.
감사합니다.
25/12/2023
여러분, 메리 크리스마스! °❆⛄⋆.ೃ࿔🦌*:・❄️
#하루메모
10/12/2023
간절하게 바라면
언젠가 어떻게든
이뤄진다
생각하지 못한 방식으로
စိတ်အားထက်သန်စွာနဲ့သာ မျှော်လင့်နေမယ်ဆိုရင်
တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့
ကိုယ်မထင်ထားတဲ့ နည်းလမ်းနဲ့
တကယ်ဖြစ်လာမှာပါ။
#하루메모
#무인도위디바