04/03/2024
Spring is here. 🌞 🌼 Germanyဒီလောက်စိမ်းလန်းနေတာ ရောက်ကတည်းက အခုမှမြင်ရတော့တယ်. ပုံထဲကတော့ admin နေတဲ့ကျောင်းအဆောင်နောက်က ပန်းခြံပါ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A's Notes, Yangon.
04/03/2024
Spring is here. 🌞 🌼 Germanyဒီလောက်စိမ်းလန်းနေတာ ရောက်ကတည်းက အခုမှမြင်ရတော့တယ်. ပုံထဲကတော့ admin နေတဲ့ကျောင်းအဆောင်နောက်က ပန်းခြံပါ
24/02/2024
Living cost in Germany for an international student
လစဥ် အခြေခံကုန်ကျစရိတ်
🔺️ အခန်းငှားခ 309,40€(commaရှေ့က euro, commaနောက်က centပါ)
ကျောင်းအဆောင်မလို့ စျေးသက်သာပါတယ်။ furniture ဘာမှမပါလို့ အကုန်ဝယ်ရပါတယ်။ ရေဖိုးမီးဖိုးအကုန်ပါပြီးသားမလို့ ဘာမှထက်ပေးစရာမလိုပါ။ စစနေချင်းတော့ Deposit 500€ ပေးရပါတယ်။ ကျောင်းဆောင်ရဖို့တော့မလွယ်ပါ။ housing crisis ဖြစ်နေတာရော စျေးသက်သာလို့နေချင်တဲ့သူများတာရောကြောင့် ကျွန်မတုန်းက ၁နှစ်နီးပါးစောင့်ရပါတယ်။ private flatshare မှာနေမယ်ဆိုရင် ဒီထက်ပိုကုန်ပါတယ်။ flatshareအခန်းရဖို့လည်း job applicationလိုပဲ ကိုယ့်အကြောင်းတွေ စီကာပတ်ကုံးရေးပြီး လူတွေ့ interviewတွေဖြေပြီး အတူနေမဲ့အခန်းဖော်တွေနဲ့ အခန်းပိုင်းရှင်က သူတို့ကြိုက်မှာ ကိုယ့်ကိုရွေးတာပါ။ နောက်ကျမှ အခန်းငှားတဲ့အကြောင်းကိုဆက်ရေးပါမယ်။
🔺️ ကျန်းမာရေး အာမခံ 125,21€
ကျွန်မက TK insuranceသုံးပါတယ်။ စျေးများပေမဲ့ တော်တော်များများကို coverဖြစ်ပါတယ်။ စျေးသက်သာတာတွေက ဖျားတာနာတာလောက်ပဲ coverဖြစ်ပါတယ်။
🔺️ ဖုန်း 16,50€
O2 under age 29 contractပါ။ 25GB ရပါတယ်။ သူငယ်ချင်းတချို့ကတော့ prepaid sim cardပဲဝယ်ပြီး အသုံးလိုမှ billဖြည့်သုံးကြတာတွေရှိပါတယ်။ ကျွန်မကတော့ မသိတဲ့မြို့တွေ နေရာတွေရောက်ရင် လမ်းပျောက်မှာစိုးလို့ စိတ်ချရအောင် စျေးကြီးပေမဲ့ GBများများရတာကိုသုံးပါတယ်။
🔺️ အစားအသောက် 150- 200€
စားသောက်ဆိုင်မသွားပါ။အရသာမကြိုက်တာရော စျေးကြီးတာရောကြောင့်ပါ။ mcdonald, subway fast food chainတွေကို တလ ၁ခါ ၂ခါလောက်ပဲသွားပါတယ်။ ကိုယ့်ဘာသာချက်စားပါတယ်။ european တွေလို ပေါင်မုန့် soupနဲ့ sandwich ပဲစားနိုင်ရင်တော့ အကုန်ကျတော်တော်သက်သာပါတယ်။ european သူငယ်ချင်းတယောက်ဆို 80€ ပဲကုန်ပါတယ်။ ကျွန်မလိုအာရှစာတွေပဲချက်စားတယ်ဆိုရင်တော့ ဟင်းထဲပါတဲ့ ingredientsများတာကြောင့် တလကို 200€ ဝန်းကျင်လောက်တော့ကုန်ပါတယ်။ ချွေတာရင်တော့ ဒီထက်အကုန်ကျနည်းနိုင်ပါတယ်။
🔺️Transportation
🔸️Semester ticket - 0€
semester fee ထဲပါပြီးသားမလို့ ကျွန်မနေတဲ့ Niedersachenပြည်နယ်တခုလုံးနဲ့ အနီးဆုံးက NRWမြို့အနည်းငယ်အပြင် Netherlandsထဲက နယ်စပ်မြို့ထိပါ regional train အလကားစီးလို့ရပါတယ်။ကိုယ့်မြို့ထဲမှာဆိုရင်တော့bus + regional trainရပါတယ်
🔸️Deutschland ticket - 25€ Germanyတနိုင်ငံလုံးကို regional trainနဲ့သွားလို့ရပါတယ်။ ပေးထားတဲ့ semester feeထဲ transportationဖိုးပါပြီးသားမလို့ ဒီလျော့စျေးနဲ့ရတာပါ။ ဘာdiscountမှမပါရင် 49€ကျပါတယ်။
🔺️Total - 650-700€
ဒါကမဖြစ်မနေကုန်ကျရမဲ့ basic living cost ပါ။
ကျန်တာကတော့ ကိုယ်သုံးရင်သုံးသလောက်ကုန်မှာပါ။
ဒါကတော့ မြို့သေးမှာနေတဲ့သူတယောက်ရဲ့အခြေခံ ကုန်ကျစရိတ်ပါ။ private flatshare မှာနေရင် သို့မဟုတ် မြို့ကြီးရင် အခန်းငှားခပိုကုန်ပါတယ်။
A's Notes
24.02.2024
03/12/2023
Germanyမှာ Christmas Marketတွေက November လကုန်ခါနီးကတည်းက စပြီး များေသာအားဖြင့်December 23ရင်နေ့အထိရှိကြပါတယ် ပုံထဲကတော့Adaတို့မြို့က Christmas marketပါ
11/10/2023
ဒီနေ့က Adaတို့ University ရဲ့ official welcome dayပါ။ speechနည်းနည်းနားထောင် entertainment နည်းနည်းပါးပါးနဲ့ပေါ့နော်။ Adaတို့ကျောင်းသားတွေကြိုက်တဲ့အစီစဥ်ကတော့ boothတွေမှာ လက်ဆောင်တွေယူတာပါ။ student organisationတွေ၊ မြို့နဲ့ပတ်သတ်တဲ့ tourism ဘာညာအဖွဲ့တွေ၊ TK health insurance တို့ Sparkasse bankတို့လို ကျောင်းသားတွေနဲ့ပတ်သတ်တဲ့ companyတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ animal rights၊ အမျိုးသမီးနဲ့ q***r အခွင့်ရေး စသဖြင့် တက်ကြွလှုပ်ရှားတဲ့အသင်းတွေ၊ bar clubက couponတွေ၊ church၊ digital labတွေနဲ့ မြို့ထဲက စားသောက်ဆိုင် ကော်ဖီဆိုင် စသဖြင့် small businessတွေက လက်ဆောင်တွေပေးကြပါတယ်။ များသောအားဖြင့် sticker၊ tote bag၊ စာအုပ်၊ခဲတံ၊ ဘောပင်၊ key chain( beerပုလင်းပါဖွင့်လို့ရ😆)၊ မြေပုံ၊ discount ကူပွန် တွေပေးတာများတယ် boothတွေက ၇၀ ကျော်တာမလို့ ရတဲ့လက်ဆောင်တွေကလည်းများတာပေါ့နော် Adaကတော့ Tote bag ၅လုံး၊ drawstring bag ၂ လုံး၊ ဘောပင် ၁၃ချောင်းနဲ့ ကူပွန်တွေကတော့ မရေတွက်နိုင်😅
07/09/2023
Misunderstanding "Free Education in Europe"
အခုနောက်ပိုင်း Europe education က freeမလို့ဆိုပြီး လာမေးကြတဲ့သူများပါတယ်။ အထူးသဖြင့် Italy, Germany, Austria နဲ့ Norwayတို့ပေါ့နော်။ ခုနောက်ပိုင်း Norwayက Non-EUတွေကို 10k USDလောက် chargeလုပ်နေပါပြီ။ (Germanyက TUMဆိုရင် Non-EUတွေကို တနှစ် 12000€ စကောက်ဖို့ပြင်နေပါပြီ) Europeနိုင်ငံတွေက public university တွေကို နိုင်ငံသားတွေဆောင်တဲ့အခွန်နဲ့ လည်ပတ်တာဖြစ်လို့ နိုင်ငံသားရော ကျွန်မတို့လို့ Non-EU ကလူတွေရော ပညာသင်စရိတ်မပေးရပဲ admistration feeပေးပြီး သက်သက်သာသာနဲ့ပညာသင်လို့ရပါတယ်။
Italy, Austriaနဲ့ Germanyက Non-EUတွေကို administration fee ပျမ်းမျှ semesterတခုကို 50-350€နဲ့ တက်ခွင့်ပေးပေမဲ့ နောက်မှာ ကုန်ကျစရိတ်တွေကရှိပါတယ်။
Italyနဲ့ Austriaကို ကိုယ်တိုင်ကျောင်းမတက်ဖူးလို့detailမသိပေမဲ့ Germanyက တနှစ်စာ living expense 11208€(နှစ်စဥ်ပြောင်းလဲ ပိုတိုးဖို့ပဲရှိ) ကို blocked accountထဲ ထည့်ရပါတယ်။ show moneyမဟုတ်လို့ visaရတာနဲ့ချက်ချင်းပြန်ထုတ်လို့မရပါ။ ထည့်ထားတဲ့amountထဲကနေ တလတခါသာ လစဥ်living expenses အတွက် 934€ပြန်ထုတ်ခွင့်ပေးတာပါ။ ဒီamountကတခါတည်းထည့်ရမှာလား နှစ်စဥ်လားဆိုတာကလည်း ကိုယ်ရောက်နေတဲ့နေရာက Ausländerbehörde (foreigner office)ပေါ်မူတည်ပါတယ်။ တချို့မြို့မှာ နှစ်တိုင်း visaသက်တမ်းတိုးတာနဲ့ blocked account ထဲ11k € ပြန်ထည့်ထားရပါတယ်။ တချို့မြို့မှာတော့ visaကို courseပေါ်မူတည်ပြီး 2နှစ် 3နှစ်စာတခါတည်းထုတ်ပေးလိုက်တာရှိပါတယ်။ အခုငွေစျေးနဲ့ဆိုရင် blocked accountတခုတည်းနဲ့ သိန်း400 ကျော်ပါတယ်။ ကျန်တဲ့ အိမ်ငှားဖို့depositတင်ရတာ၊ လေယာဥ်လက်မှတ်၊ ရောက်ရောက်ချင်းသုံးဖို့ စတာတွေထပ်ပေါင်းရင် သိန်း 500 ကျော်ကုန်ပါတယ်။ education freeဆိုလို့ တခြားကုန်ကျစရိတ်တွေထည့်မတွက်ပဲ ရောက်တာနဲ့ part timeလုပ် ပိုက်ဆံရှာပြီးကျောင်းတက်မယ် စဥ်းစားထားရင်တော့ အဆင်မပြေပါဘူးရှင်။ part timeလုပ်ဖို့အတွက် language ရဖို့လည်းလိုပါတယ်။ Europeကတခြားနိုင်ငံတွေလည်း Germanyလောက် living costမများရင်တောင် ခန့်မှန်းချေ တနှစ်ကို သိန်း250-300လောက်တော့ အနည်းဆုံးကုန်နိုင်ပါတယ်။ ဒါကတော့ education freeဆိုပြီး အကုန်free ထင်နေကြတဲ့ နားလည်မှုလွဲနေတာလေးကိုရှင်းပြတာပါ။
A'Notes
7.9.2023
24/08/2023
📍Undergraduate Scholarships
♦️Scholarshipလျှောက်ဖို့အခြေခံလိုအပ်တဲ့skills
🔸️Scholarshipမလျှောက်ခင် English B2(Upper intermediate)လောက်ရှိထားရင်ပိုအဆင်ပြေတယ်
🔸️IELTS/TOEFL certificate
🔸️Scholarship essayများများရေးရလို့ ️Essay writing
🔸လိုအပ်တဲ့ informationရှာတတ်ဖို့နဲ့ Microsoft, Google စတဲ့ Digital Tools တွေသုံးတတ်ဖို့ Digital Literacy
🔺️Prospect Burma
Link
https://prospectburma.org/
🔺️Child's Dream
Link
https://childsdream.org/
🔺️GKS(Korean Government Scholarship)
Link
https://gksscholarship.com
🔺️MEXT(Japan Government Scholarship)
Link
https://www.studyinjapan.go.jp/en/smap-stopj-applications-undergraduate.html
🔺️CSC(China Scholarship Council)
Link
https://www.chinesescholarshipcouncil.com/
🔺️Jardine Scholarship (UK Oxford, Cambridge)
Link
https://www.jardines.com/en/sustainability/our-strategy/shaping-social-inclusion/jardine-foundation
🔸️Scholarship Informationတွေရှာဖို့နဲ့ သိချင်တာမေးဖို့ Facebook groups
https://www.facebook.com/groups/1053902584953667/?ref=share&mibextid=NSMWBT
https://www.facebook.com/groups/1000957064579549/?ref=share&mibextid=NSMWBT
https://www.facebook.com/groups/589712041379811/?ref=share&mibextid=NSMWBT
A’s Notes
24.8.2023
Germanyမှာ ကျောင်းလျှောက်ရင်ဘာတွေလိုအပ်တယ်ဆိုတာကို လက်ရှိ ကျောင်းတက်နေတဲ့အမက videoနဲ့သေချာရှင်းပြထားပါတယ် ကျောင်းတက်ဖို့ information နဲ့ student life ကိုသိချင်တယ်ဆိုရင် ဒီအမရဲ့ pageကို followလုပ်ထားသင့်တယ် 🍀
20/02/2023
Germanyမှာကျောင်းလျှောက်ခြင်း (Part-2)
Ada ရဲ့ Master's degree အတွက် ကျောင်းလျှောက်တုန်းကအတွေ့အကြုံဖြစ်ပါတယ်။
♦️ ကျောင်းလျှောက်ရန် လိုအပ်တဲ့ Documents
1.Letter of Motivation
2. CV
3. Language proficiency test( TOEFL/IELTS/CambridgeCAE, etc.)
4. Academic transcript နဲ့ ဘွဲ့လက်မှတ်( Certified True Copy)
4. ဆယ်တန်းအောင်လက်မှတ် နဲ့ အမှတ်စာရင်း ( Certified True Copy)
5. Passport copy
6.masterအတွက် English taught program တွေမှာ တချို့ကျောင်းတွေက German A1/A2 ဖြေထားတဲ့ certificate ရှိရပါတယ်။
Additional documents
- Bachelorတုန်းကလုပ်ခဲ့တဲ့ Thesisကိုပြရတဲ့ကျောင်းတွေရှိပါတယ်။ Thesisမလုပ်ခဲ့ဘူးဆိုရင်လည်း research proposal တင်ရပါတယ်။
- GREအမှတ်
♦️ကျောင်းလျှောက်ခြင်း
Public University တွေကိုပဲလျှောက်ဖို့အကြံ ပေးချင်ပါတယ်။ Privateတွေက စျေးများသလို ကျောင်းပြီးရင်လည်း public university တွေလောက်အလုပ်အကိုင်အခွင့်အလမ်းမသေချာပါဘူး။
ကျောင်းတော်တော်များများက Uni-assist website ကနေတဆင့်လျှောက်ရတာပါ။ ဒီwebsiteက ကိုယ့် document တွေစုံမစုံ legitဖြစ်မဖြစ် စစ်ပေးပြီး ကိုယ်လျှောက်မဲ့ကျောင်းကိုလွှဲပေးတာပါ။ Ada ဒီwebsiteကနေ ကျောင်း ၃ကျောင်းလျှောက်တာ data handling fee 135 euro ကျပါတယ်။ လျှောက်တဲ့ကျောင်းများလေ ပိုပေးရလေပါ။
ကျောင်းရဲ့ website မှာတိုက်ရိုက်လျှောက်လို့ရတဲ့ကျောင်းတွေကျတော့ ပိုက်ဆံမကုန်ပဲလျှောက်လို့ရပါတယ်။ တချို့ကျောင်းတွေက ဝင်ခွင့်စာမေးပွဲဖြေရမှသာ 30 euro စသဖြင့်ကောက်တာရှိပါတယ်။ ဥပမာ- Deggendorf Institute of Technology
ဒီနေရာမှာအကြံပေးချင်တာက application စဖွင့်တာနဲ့ အစောဆုံးလျှောက်ပါ deadlineနီးမှ ကပ်မလျှောက်ပါနဲ့
♦️ဝင်ခွင့်စာမေးပွဲအတွေ့အကြုံ
ထင်ထားသလောက်မလွယ်ပါဘူး။😄
AI/ Data scienceဆိုရင် linear algebra calculus, matrix , statistics ပါထည့်ဖြေရပါတယ်။ Ada က Göttingen University ကိုAI/ Data Science လျှောက်တာ basic knowledge in AI, math, Computer Science , matrix and statistics
ဆိုတော့လွယ်တယ်ထင်တာ စာမေးပွဲရောက်တော့ 1နာရီစာ multiple choiceတွေချည်း theoryတွေပဲမေးတာပါ။ ကိုယ်တွေကမြန်မာeducation systemနဲ့သင်ခဲ့တာဆိုတော့ တွက်ရမယ်ဆိုရင်တွက်တတ်တယ် theoryနဲ့ပြောဆိုရင် မသိတော့တာတွေဖြစ်ပါတယ်။ အဲ့ဒီတော့မဖြေနိုင်ခဲ့ပါဘူးရှင်။ တခြားကျောင်းတွေကတော့ သူ့လောက်မခက်ပေမဲ့ သူ့လိုပါပဲ bachelorတုန်းကသင်ခဲ့တဲ့ မသိမဖြစ်တွေပြန်မေးတာပါ။ Adaက ကျောင်းမှာ statistics ကို basicပဲသင်ခဲ့ရတော့ ကျောင်းဝင်ခွင့်ဖြေဖို့ကို statistics ပြန်လေ့လာရပါတယ်။ mathလည်းအတူတူပါပဲ။ မေ့ကုန်လို့ calculus, linear algebra, matrixတွေ အကုန်ပြန်လုပ်ရပါတယ်။
Cognitive science ( AI specialisation)လည်းလျှောက်တာဖြစ်တဲ့အတွက် အပေါ်ကပြောထားတာတွေအပြင် interviewအတွက် psychology, neuroscience basics တွေပါ လေ့လာခဲ့ပါတယ်။ fieldကrelatedဖြစ်ပေမဲ့ ပိုspecificဖြစ်တာကြောင့် ဘာကြောင့်ဒီဘာသာရပ်ကိုသင်ချင်တယ်ဆိုတဲ့အကြောင်း ကိုယ့်အတွေ့အကြုံနဲ့ ကိုယ်သင်ခဲ့တဲ့ဘာသာရပ်တွေကို ဆက်စပ်ပြီး Letter of motivation ကို ကောင်းကောင်းရေးရပါတယ်။
နောက်ဆုံးတော့ ၇ ကျောင်းလျှောက်တာ 3ကျောင်း ကရွေးခံရပြီး Cognitive Scienceသင်ဖို့ ရွေးလိုက်ပါတယ်။
♦️ကုန်ကျစရိတ်
ဂျာမနီက public university တွေက semester တခုကို 300-500 euro လောက်ပဲပေးရပါတယ်။ Baden-Württemberg ပြည်နယ်ထဲက တက္ကသိုလ်တွေကတော့ ကျောင်းလခအပြင် ပြည်နယ်ကိုပါ 1500euro ပေးရပါတယ်။
Ada တက်မဲ့ကျောင်းက Public University ဖြစ်တဲ့အတွက် ကျောင်းလခ( တကယ်တော့ administration feeနဲ့ student union feeပါ) semester တစ်ခုစာကို 335 euroပဲသွင်းရပါတယ်။ အဲ့ဒီကျောင်းလခက ကျောင်းရှိတဲ့မြို့ထဲနဲ့ ကျောင်းနဲ့၁-၂နာရီအကွာအဝေးမှာရှိတဲ့မြို့ ၄-၅မြို့သွားဖို့ bus, train ticket တွေအတွက်coverဖြစ်ပြီးသားပါ။
နေစရိတ်အတွက်ကတော့ blocked accountထဲကို 11208 euro သွင်းထားရပါတယ်။(ဒီamountက ကုန်စျေးနှုန်းပေါ်လိုက်ပြီးနှစ်စဥ်ပြောင်းတတ်ပါတယ်) အဲ့ထဲကမှ လစဥ် တလစာပဲ ပြန်ထုတ်လို့ရပါတယ်။
ကျောင်းသားတွေက တပတ်ကို နာရီ၂၀အလုပ်လုပ်ခွင့်ရှိပြီး အခြေခံလစာက တနာရီကို 12 euroကစပြီးရနိုင်ပါတယ်။
ဂျာမန်အစိုးရကတွက်ထားတဲ့ ခန့်မှန်းခြေ လစဥ်နေစရိတ်စားစရိတ်ကတော့ 950 euroဝန်းကျင်ပါ။ ဒါက ကိုယ်နေတဲ့နေရာပေါ်မူတည်ပြီးအနည်းငယ်ကွာခြားနိုင်ပါတယ်။ Munich, Frankfurt, Stuttgart လိုမြို့ကြီးတွေမှာဆိုရင်တော့ လူနေမှုစရိတ်ကြီးပြီး မြို့ငယ်လေးတွေမှာဆိုရင်တော့ သက်သာနိုင်ပါတယ်။
♦️အလုပ်အကိုင်အခွင့်အလမ်း
ကျောင်းပြီးရင် ၁၈လအလုပ်ရှာခွင့်ရှိပါတယ်။ အလုပ်ရမရကတော့ မိမိအရည်အချင်းအပေါ်မှာမူတည်ပြီး Germanဘာသာစကားပြောတတ်ဖို့လည်းလိုပါတယ်။ German B2 level လောက်အထိတောင်းလေ့ရှိပါတယ်။ ခြွင်းချက်အနေနဲ့ ITပိုင်းမှာဆိုရင်တော့ English နဲ့တင်အဆင်ပြေတာလည်းရှိပါတယ်။ ကိုယ်ကရေရှည်နေမယ်လို့စဥ်းစားထားရင်တော့ Germanစကားတတ်ကိုတတ်ထားသင့်ပါတယ်။
နောက်ရက်တွေမှာလည်း ပညာရေး နဲ့ language learning နဲ့ပတ်သတ်တာတွေ knowledge sharingလုပ်ပေးမှာမလို့ pageကို Like & followလုပ်ထားဖို့မမေ့ပါနဲ့နော်။
Ada
20.2.2023
18/02/2023
Germany မှာ ကျောင်းလျှောက်ခြင်း
(For Master's degree)
Part-1
Adaဒီတပတ်ပြောပြမှာကတော့ ဂျာမနီမှာကျောင်းလျှောက်တဲ့ Adaရဲ့ အတွေ့အကြုံဖြစ်ပါတယ်
♦️ဂျာမနီက ၁၂တန်းပညာရေးစနစ်ဖြစ်တဲ့အတွက် bachelorလျှောက်ချင်ရင် ၁၂တန်းပြီးထားရပါမယ်။ masterလျှောက်ချင်ရင် ၁၂တန်း + university 4 နှစ် = စုစုပေါင်း၁၆နှစ်ပြီးထားရပါမယ်။
မြန်မာပြည်ကဆိုရင် ၆နှစ်တက်ရတဲ့ TUကကျောင်းပြီးတဲ့သူတွေ masterတန်းလျှောက်လို့ရပါတယ်။ (၁၀တန်း+TU 6နှစ်)
♦️ပထမဦးဆုံး germanအစိုးရရဲ့ DAAD.de websiteကိုဝင်ကြည့်ပြီး ကိုယ် Bachelor တုန်းကတက်ခဲ့တဲ့ဘာသာရပ်နဲ့သက်ဆိုင်တဲ့ majorကို ရှာရမှာဖြစ်ပါတယ်။ ( ဥပမာ - bachelorကို Computer science နဲ့ပြီးခဲ့ရင် masterအတွက် Computer Science, Cognitive Science, Data Science စသဖြင့် ဆက်နွယ်တဲ့ဘာသာရပ်တွေကိုယူလို့ရပါတယ်။
ကိုယ်က English Literature နဲ့ bachelor ရထားပြီး Business ကို masterတက်လို့မရပါဘူး)
Websiteမှာ တက်ဖို့ကျောင်းရှာတာကိုက ၂ပတ်လောက်ကြာပါတယ်။ majorတူရင်တောင် ကျောင်းတကျောင်းနဲ့တကျောင်းက requirement တွေမတူပါဘူး။ တချို့က minimum TOEFL 95 , IELTS score 7 မှလက်ခံတာရှိတယ်။ majorမှာဆိုရင် bachelorတုန်းက ဘယ်ဘာသာရပ်တွေကို ဘာနှချိန်သင်ခဲ့တယ်ဆိုတဲ့ credit score(ECTS)ဘယ်နှမှတ်ရခဲ့မှလျှောက်ပါဆိုတာရေးထားပါတယ်။ ဥပမာ- TU Berlin ဆိုရင် Computer Science majorအတွက် theoretical computer science ဘာသာရပ်ကို ECTSပြည့်မှ လျှောက်လို့ရပါတယ်။ Adaကတော့ မြန်မာနိုင်ငံမှာ bachelorတုန်းက အဲ့ဘာသာကိုထည့်မသင်ရတဲ့အတွက်လျှောက်လို့မရခဲ့ပါဘူး။ အဲ့လိုဘာသာရပ်ECTSတွေကြောင့် မလျှောက်လိုက်ရတဲ့ ကျောင်းတွေအများကြီးပါပဲ။ အဲ့ဒါကြောင့် ကိုယ်ရထားတဲ့ ECTSနဲ့ ကိုက်တဲ့ကျောင်းတွေရှာရလို့ ၂ပတ်လောက်ကြာတာပါ။
တချို့ကျောင်းတွေက departmentအလိုက် GRE scoreပါတွဲတောင်းပါတယ်။ ဥပမာ- RWTH Aachen, Rostock Universität
♦️ကျောင်းရှာတွေ့ပြီဆို ကိုယ့်စာအုပ်ထဲမှာသူတို့ requirement နဲ့ ကျောင်းစလျှောက်ရမဲ့အချိန် deadlineတွေကိုမှတ်ထားရပါတယ်။ တနှစ်ကို summer intakeနဲ့ winter intake ဆိုပြီး ၂ခါခေါ်ပါတယ်။ တချို့ကျောင်းတွေက winter intakeပဲခေါ်တာလည်းရှိပါတယ်။ ကျောင်းတွေက ၇လလောက်စောခေါ်တတ်ပါတယ်။
Adaတုန်းက ၁၂ကျောင်းလောက်စာရင်းထဲထည့်ထားပေးမဲ့ တကယ်လျှောက်ဖြစ်တော့ ကိုယ်နဲ့အဆင်အပြေဆုံး ၇ ကျောင်းပဲပြန်ရွေးပါတယ်။ တခြားနိုင်ငံမှာကျောင်းလျှောက်သလို ၂ကျောင်း၃ကျောင်းပဲလျှောက်လို့မရပါဘူး။ (ကိုယ်ကအရမ်းတော်တယ်ဆိုရင်တော့ရပါတယ်။) ကျောင်းဝင်ခွင့်ကထင်သလောက်မလွယ်လို့ပါ။ Germany က ပညာသင်စာရိတ် အလွန်စျေးသက်သာတဲ့အတွက် နိုင်ငံတကာကကျောင်းသားတွေကျောင်းလျှောက်တာများပါတယ်။ အဲ့ဒီတော့အပြိုင်အဆိုင်များပါတယ်။
♦️Selection process
Adaကြုံရတာတော့ generalအားဖြင့် Computer Science related major တွေဆိုရင်ဒီပုံစံအတိုင်းခေါ်ပါတယ်။ majorပေါ်မူတည်ပြီး department အလိုက်တော့ ကွဲပြားမှုရှိနိုင်ပါတယ်။
1. တက္ကသိုလ်တွေ gradeတွေအရင်ကြည့်ပြီး masterဆိုရင် German GPA 2.5နဲ့အထက် ပထမအဆင့်အနေနဲ့ရွေးပါတယ်။ 2.7အထိလက်ခံတဲ့ကျောင်းတချို့လည်းရှိပါတယ်။ရှားပါတယ်။ (German GPAက တခြားနိုင်ငံတွေ gpaတွက်နည်းနဲ့မတူပါဘူး။ GPA 1ကအကောင်းဆုံးဖြစ်ပြီး 4ကတော့ အနိမ့်ဆုံးပါ) ဒီနေရာမှာ မြန်မာတက္ကသိုလ် ကပေးတဲ့ GPAကိုထည့်မစဥ်းစားပါဘူး transcript ထဲက ရထားတဲ့အမှတ်( total 100, အောင်မှတ် 40)ကို formulaထဲထည့်ပြီး German GPAပြောင်းတာပါ။
2. ပထမအဆင့်အရွေးခံရရင် ဝင်ခွင့်စာမေးပွဲဖြေဖို့ emailပို့ပါတယ်။ onlineကနေဖြေရတာပါ examပုံစံကတကျောင်းနဲ့တကျောင်းကွာပါတယ်။ တချို့က Computer science knowledge အပြင်calculus calculation တွေပါထည့်မေးပြီး တချို့ကျောင်းက theory တွေကို multiple choice မေးတာတွေရှိပါတယ်။
3. စာမေးပွဲအောင်ရင် interviewဖြေရပါတယ်။
တခြားmajor တွေကဒီပုံစံအတိုင်းမဟုတ်ရင်တောင် အနည်းဆုံးတော့ ဘာသာရပ်နဲ့ဆိုင်တဲ့knowledge interviewဖြေရပါတယ်။
Ada လျှောက်တဲ့ကျောင်းတွေက selectionကို rankနဲ့ပေးတာဖြစ်ပြီး အကောင်းဆုံးလူတွေကိုပဲ ရွေးတာပါ။ (ဥပမာ - rank 1 to 91ပဲရွေးတယ်ဆိုရင် 92ကစပြီး rejectလုပ်ခံရပါတယ်) rank ပေးတဲ့နေရာမှာ ဘာ criteriaတွေပါလဲဆိုတာ Selection Committee ကပဲသိပါလိမ့်မယ်။
သေချာတာကတော့ ကျောင်းကောင်းလေလေ criteria မြင့်လေလေပါပဲ။ German GPA 1.7အထက်မှလျှောက်ပါတို့ bachelor အတန်းရဲ့ top 30% graduateမဖြစ်ရင်လျှောက်ရန်မလိုတို့ Theoretical Computer Science ECTSမရှိရင် မလျှောက်ပါနဲ့လို့ တခါတည်း DAAD website က ကျောင်း profileမှာရေးထားတာပါ🤣
English proficiency ဆိုရင်လည်း minimum TOEFL 95, IELTS 7တောင်းတာတွေရှိပါတယ်။ ဥပမာ- Freiburg Universität
နောက်အပတ်တွေမှာလည်း ကျောင်းလျှောက်တာနဲ့ language learning နဲ့ပတ်သတ်တာတွေ knowledge sharingလုပ်ပေးမှာမလို့ pageကို Like & followလုပ်ထားဖို့မမေ့ပါနဲ့နော်။
Ada
18.2.2023