The EduVerse

The EduVerse

Share

"Exploring Knowledge, Empowering Educators "

"A dedicated hub for English language mastery, professional teacher development, and literary insights.

Exploring the universe of learning together."

10/03/2026

Take" ကို "ယူသည်" လို့ပဲ သိထားရင် မှားပါလိမ့်မယ်! ⚠️⚠️⚠️

📌Take ဆိုတဲ့ စကားလုံးဟာ အင်္ဂလိပ်စာမှာ Collocations (တွဲဖက်အသုံးအနှုန်း) အများဆုံး စကားလုံးတွေထဲက တစ်ခုပါ။ သူ့ကို "ယူသည်" ဆိုတဲ့ အဓိပ္ပာယ်အပြင် အခြေအနေအမျိုးမျိုးမှာ အသုံးချနိုင်ပါတယ်။

ကျန်တော်တို့ က‌နေ လေ့လာသူတွေကိုယ်တိုင် အသုံးချနိုင်ဖို့ အသုံးအများဆုံး Take Collocations တွေကို အောက်မှာ စုစည်းပေးလိုက်ပါတယ် -
✅ အချိန်နှင့် ပတ်သက်သောအသုံး (Time)
ဒါက Speaking မှာ အသုံးအများဆုံး အပိုင်းပါ။
* Take your time: အေးဆေးလုပ်ပါ (အလောတကြီး လုပ်စရာမလိုပါ)။
* Take a break: ခေတ္တခဏ အနားယူသည်။
* Take a long time: အချိန်အကြာကြီး ယူရသည်။ (Learning English takes a long time.)
* Take a look: တစ်ချက်ကြည့်ကြည့်သည်။ (Take a look at this photo.)
✅ နေ့စဉ်ဘဝနှင့် ကျန်းမာရေး (Daily Life & Health)
* Take a shower / Take a bath: ရေချိုးသည်။
* Take a nap: တစ်ရေးအိပ်သည်။
* Take medicine: ဆေးသောက်သည်။ (အင်္ဂလိပ်လို Drink medicine လို့ မသုံးပါဘူး)။
* Take a seat: ထိုင်ပါ။ (Please take a seat.)
✅ လှုပ်ရှားမှုနှင့် အစီအစဉ်များ (Actions & Plans)
* Take a photo / Take a picture: ဓာတ်ပုံရိုက်သည်။
* Take an exam / Take a test: စာမေးပွဲဖြေဆိုသည်။
* Take a chance / Take a risk: အခွင့်အရေးကို အရယူသည် (သို့မဟုတ်) စွန့်စားကြည့်သည်။
* Take notes: မှတ်စုထုတ်သည်။ (Take notes during the lecture.)
* Take a bus / Take a taxi: ဘတ်စ်ကားစီးသည် / တက္ကစီစီးသည်။

🌿"Take" နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အသုံးအနှုန်းများ (Phrasal Verbs)လေးတွေကို
စကားပြောတဲ့ အခါမှာ ပိုသဘာဝကျစေဖို့ ဒါလေးတွေလည်း သိထားသင့်ပါတယ် -
* Take off: (လေယာဉ်) ပျံတက်သည် (သို့မဟုတ်) အဝတ်အစား ချွတ်သည်။
* Take care: ဂရုစိုက်ပါ။ (နှုတ်ဆက်တဲ့အခါ သုံးပါတယ်)။
* Take after: (ရုပ်ရည်/အမူအရာ) ဆင်တူသည်။ (He takes after his father.)

အင်္ဂလိပ်စာမှာ "Take" နဲ့ တွဲသုံးလေ့ရှိတဲ့ အသုံးများတဲ့ Collocations တွေကို အောက်မှာ စုစည်းပေးထားပါတယ်။
* 🚿 Take a shower = ရေချိုးတယ်
* 🚌 Take a bus = ဘတ်စ်ကားစီးတယ်
* 📸 Take a photo = ဓာတ်ပုံရိုက်တယ်
* 💊 Take medicine = ဆေးသောက်တယ် (Drink medicine လို့ မသုံးရပါဘူး)
* ✍️ Take notes = မှတ်စုထုတ်တယ်
ဒီအသုံးအနှုန်းလေးတွေကို မှတ်မိအောင် Comment မှာ ဝါကျလေးတစ်ကြောင်းစီ ရေးသွားကြဦးနော်! 👇

09/03/2026

😮Make လား Do လား ??

🍀ဒီနှစ်ခုက English လေ့လာသူတွေကြားမှာ အမှားအများဆုံးနဲ့ အရှုပ်ထွေးဆုံးအပိုင်းမို့ ကနေ လွယ်ကူအောင် ပြောပြပါရစေ ။
👉အလွယ်ကူဆုံး ခွဲခြားနည်းကတော့ "ဖန်တီးတာလား (Creation)" ဒါမှမဟုတ် "လုပ်ဆောင်တာလား (Action)" ဆိုတာကို ကြည့်ဖို့ပါပဲ။
📌Make (တစ်ခုခု အသစ်ဖြစ်ပေါ်လာခြင်း/ဖန်တီးခြင်း)
Make ကို ပုံမှန်အားဖြင့် လက်နဲ့ဖြစ်စေ၊ စိတ်နဲ့ဖြစ်စေ တစ်ခုခုကို ဖန်တီးတာ (Produce/Create)၊ တည်ဆောက်တာ ဒါမှမဟုတ် ရလဒ်တစ်ခု ထွက်လာတာမျိုးမှာ သုံးပါတယ်။
✅အစားအသောက်: Make breakfast, Make coffee, Make a cake.
✅စကားပြော/အသံ: Make a phone call, Make a noise, Make a speech.
✅ရလဒ်/ထုတ်ကုန်: Make a mess (ရှုပ်ပွအောင်လုပ်ခြင်း), Make a discovery.
အစီအစဉ်: Make a plan, Make a decision, Make a mistake.

📌Do (အလုပ်တစ်ခု၊ တာဝန်တစ်ခုကို လုပ်ဆောင်ခြင်း)
Do ကိုတော့ ရှိပြီးသား တာဝန် (Task)၊ အလုပ်တစ်ခုခု ဒါမှမဟုတ် ပုံမှန်လုပ်နေကျ အလုပ်တွေ (Routine) အတွက် သုံးပါတယ်။ ဘာအသစ်မှ ထွက်မလာဘဲ "လုပ်ဆောင်မှု" ကိုပဲ အဓိကထားတာပါ။
✅အိမ်မှုကိစ္စ: Do the dishes (ပန်းကန်ဆေးခြင်း), Do the laundry (အဝတ်လျှော်ခြင်း), Do the shopping.
✅အလုပ်/ပညာရေး: Do homework, Do business, Do a report, Do a job.
✅ခန္ဓာကိုယ်: Do exercise, Do your hair, Do your nails.
✅ယေဘုယျ: Do something, Do nothing, Do everything.

07/03/2026

"I am agree" လို့ ပြောနေတုန်းပဲလား? ❌

ဒီနေ့မှာတော့ ကျွန်တော်တို့ ကနေ English စကားပြောတဲ့အခါ Direct Translation ကြောင့် အမှားအယွင်း အရှိဆုံး အသုံးအနှုန်းလေးတစ်ခုအကြောင်း ပြောပြချင်ပါတယ်။

တစ်စုံတစ်ယောက်အပေါ်မှာ
ငါသဘောတူတယ်လို့ ပြောချင်ရင်...
❌ Don't say: I am agree.
✅ Say: I agree. (ဒါမှမဟုတ်) I'm in agreement လို့ သုံးရပါမယ်။

👉ဘာကြောင့်လဲ?
"Agree" ဆိုတာ "Verb (ကြိယာ)" တစ်ခုဖြစ်ပါတယ်။ သူကိုယ်တိုင်က လုပ်ဆောင်ချက်ကို ဖော်ပြနေတာမို့ ရှေ့မှာ "am" (be verb) ထည့်စရာ မလိုပါဘူး။
တခြား ဘယ်လိုနေရာတွေမှာ သုံးလို့ရသေးလဲ?
✅I completely agree with you. (မင်းနဲ့ လုံးဝ သဘောတူပါတယ်။)
✅She agrees to the plan. (သူမ အစီအစဉ်ကို သဘောတူတယ်။)
✅Do you agree? (မင်း သဘောတူလား?)
ပိုပြီး Professional ကျစွာ သုံးချင်ရင်တော့
"I agree" အစား အောက်ပါ အသုံးအနှုန်းလေးတွေကိုလည်း သုံးကြည့်နိုင်ပါတယ် -
👉"Exactly!" (အတိအကျပဲ!)
👉"I feel the same way." (ငါလည်း အဲ့ဒီလိုပဲ ခံစားရတယ်/ထင်တယ်။)
👉"You're right." (မင်းပြောတာ မှန်တယ်။)

ဒီ Post လေးက သင့်အတွက် အကျိုးရှိစေတယ်ဆိုရင် Like & Share လုပ်ထားဖို့ မမေ့နဲ့ဦးနော်! အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို မှာ အမြဲ လေ့လာနိုင်ပါတယ်။


06/03/2026

🌿English Speaking စွမ်းရည် တိုးတက်ဖို့ လက်တွေ့လုပ်ဆောင်စို့။🌿

📌English Speaking (စကားပြော) စွမ်းရည်တိုးတက်ဖို့ဆိုတာ စာအုပ်ထဲက သဒ္ဒါတွေကို သိနေရုံနဲ့ မလုံလောက်ပါဘူး။ အားကစားလေ့ကျင့်သလိုမျိုး နှုတ်ခမ်းနဲ့ လျှာကို အလုပ်ပေးဖို့ (Muscle Memory) က အဓိကကျပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ကနေပြီးတော့ ထိရောက်တဲ့ နည်းလမ်းကောင်း ၅ ခုကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ် -
✅ Shadowing Technique (လိုက်ဆိုခြင်း)
ဒါက Speaking အတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။ Native Speaker တစ်ယောက် ပြောတာကို နားထောင်ပြီး သူတို့ရဲ့ အသံနေအသံထား (Intonation)၊ အဖြတ်အတောက် (Pausing) နဲ့ အလေးအနက်ပြုပုံ (Stress) တို့ကို တစ်ထပ်တည်းကျအောင် လိုက်ဆိုကြည့်တာပါ။
လုပ်ဆောင်ရန်: YouTube ဗီဒီယို သို့မဟုတ် Podcast တစ်ခုကိုဖွင့်ပြီး သူတို့ပြောပြီးတာနဲ့ ချက်ချင်း (သို့မဟုတ်) ထပ်တူ လိုက်ပြောပါ။
✅ကိုယ့်ဘာသာ စကားပြောပါ (Self-Talk)
စကားပြောဖော် မရှိလို့ စိတ်မပူပါနဲ့။ ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို အင်္ဂလိပ်လို ရေရွတ်ကြည့်ပါ။
ဥပမာ: "I am making a cup of coffee now." "Where are my keys?"
ဒါက ကိုယ့်ရဲ့ အတွေးတွေကို အင်္ဂလိပ်လို တိုက်ရိုက်ပြောင်းလဲနိုင်စွမ်း (Thinking in English) ကို တိုးတက်စေပါတယ်။
✅ Mirror Practice (မှန်ကြည့်ပြီး လေ့ကျင့်ပါ)
မှန်ရှေ့မှာ ရပ်ပြီး အကြောင်းအရာတစ်ခုခုကို အင်္ဂလိပ်လို ၅ မိနစ်ခန့် ပြောကြည့်ပါ။
အကျိုးကျေးဇူး: ကိုယ့်ရဲ့ မျက်နှာအမူအရာနဲ့ ယုံကြည်မှုကို မြင်ရသလို၊ ဘယ်နေရာမှာ စကားထစ်နေသလဲဆိုတာကိုလည်း သတိပြုမိစေပါတယ်။
✅ IPA နဲ့ Phonetics ကို အခြေခံလေ့လာပါ
စကားလုံးတွေကို မှန်မှန်ကန်ကန် အသံထွက်တတ်ဖို့ International Phonetic Alphabet (IPA) ကို လေ့လာထားတာက အရမ်းအထောက်အကူပြုပါတယ်။
အသံထွက်မှန်မှ ကိုယ့်စကားကို တဖက်လူက နားလည်မှာဖြစ်သလို၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုရှိလာပါလိမ့်မယ်။
✅အမှားလုပ်မှာကို မကြောက်ပါနဲ့ (ဒါကတော့ ထပ်ခါထပ်ခါ သတိပေးရပါတယ်)
Speaking မှာ အကြီးမားဆုံး အဟန့်အတားက "မှားမှာကြောက်တာ" ပါပဲ။ Grammar အသေးအဖွဲလေးတွေ မှားတာထက် ကိုယ်ပြောချင်တဲ့ အဓိပ္ပာယ်ကို တဖက်လူ နားလည်အောင် (Communication) ပြောနိုင်ဖို့က ပိုအရေးကြီးပါတယ်။
📌နောက်ဆုံး အကြံပြုချင်တာကတော့ အင်္ဂလိပ်လို စကားပြောတဲ့အခါ မြန်မြန်ပြောနိုင်ဖို့ထက် ရှင်းရှင်းလင်းလင်း (Clearly) ပြောဖို့ကို အရင်ဦးစားပေးဖို့ လိုပါတယ်ခင်ဗျာ။


16/02/2026

ဖတ်ရန်။ တစ်မိနစ်သာ

ကိုယ်ပိုင်ကျောင်းအချို့နှင့် သင်ကြားမှုစံပေတံ

ဒီရက်ပိုင်း ကိုယ်ပိုင်ကျောင်းတွေမှာ ကလေးကို စာမလုပ်လာလို့ရိုက်တာ၊ စာမရေးလို့ရိုက်တဲ့ပြသနာ၊ ကလေးတွေကို မှိုချိုးမျှစ်ချိုးပြောတဲ့ပြသနာ စသဖြင့် လူမှုကွန်ယက်မှာ ခပ်စပ်စိပ်တွေ့လာရပါတယ်။ ဒါဟာ ဘာကိုပြနေလဲဆိုရင် အဲ့ကျောင်းတွေရဲ့ အုပ်ချုပ်ရေးစနစ်၊ သင်ကြားမှုမနိုင်နင်းတဲ့စနစ်၊ ကျောင်းရှိ ဆရာ/မတွေကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ထားမှုမရှိတဲ့ အခြေအနေတွေကြောင့်ပဲဖြစ်ပါတယ်။

ဟိုတလောက တီချယ်တစ်ယောက် ကျန်တော်သူငယ်ချင်းရဲ့ ISကျောင်းတစ်ခုမှာ Assistant Teacher Position ခေါ်လို့ပါဆိုပြီး လာလျှောက်တဲ့ ဖြစ်ရပ်တစ်ခုကို သာဓကဆောင်ပါရစေ။ လာလျှောက်တဲ့ ဆရာမကို Interview ကြည့်တော့ ဆရာမလေးဟာ ၈တန်းနဲ့ ကျောင်းထွက်ထားပါတယ်။ ဒါပေမဲ့ သူရဲ့ CV formကို ယူကြည့်လေတော့ ရန်ကုန်ထဲက အစွန်ဆုံးမြို့တစ်ခုရဲ့ကိုယ်ပိုင်ကျောင်းတစ်ခုမှာ Assistant Teacher အဖြစ် ၂နှစ်၊ Subject တီချယ်အဖြစ် ၂နှစ်လုပ်ဖူးတာကို တွေ့ရတော့ တကယ်အံ့အားသင့်ရပါတယ်။ လာလျှောက်တဲ့အပေါ် ရိုသေသမှုနဲ့ Interview ကြည့်တော့လဲ ၁၀၀ ရာနှုန်းမှာ ၁လောက်တောင် အ‌ဆင်မပြေတာတွေ့ရပါတယ်။ဘာလို့ဒီလိုတွေခန့်ထားရပါသလဲဆိုတာတောင် စဉ်းစားမရပါ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်ဖြစ်နေပါပြီ။ ကိုယ်ပိုင်ကျောင်းအချို့ရဲ့ ပညာရေးအပေါ်လက်လွတ်စံပယ်ဖြေရှင်နည်းပါပဲ။

ကိုယ်ပိုင်ကျောင်းတွေ မြန်မာပြည်မှာ အများကြီးပါ။ Well-trained teacher တွေဖြစ်အောင် တင်းပြည့်ကျပ်ပြည့် တီချယ်တွေဖြစ်အောင် CPDအမြဲလုပ်ဆောင်နေအောင် Training ပေးတဲ့ကျောင်းဆိုတာ လက်ဆယ်ချောင်း မပြည့်ပါဘူး။ ကလေး‌ တွေအပေါ် ဘယ်လိုဆက်ဆံရမလဲ၊ စာသင်ခန်းထဲဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတဲ့ ပညာရေးဆိုင်ရာစီမံခန့်ခွဲမှု၊ပညာရေးစိတ်ပညာ ၊စာသင်ခန်းထဲ Interaction ဖြစ်အောင် သင်ကြားသင်ယူမှု ပေါက်မြောက်အောင် ဘယ်လိုသင်ကြားရမလဲဆိုတဲ့ Educational Pedagogy စတဲ့ စတဲ့ အရာတွေမပြောပါနဲ့ဦး၊ ဆရာတစ်ယောက်၏ စံဂုဏ်ဆိုတာဘာဆိုတာတောင် မသိတဲ့ လူတွေကို ဝန်ထမ်းအဖြစ်ခန့်ပြီး စာအုပ်ကြည့်ပြီး သင်ခိုင်းတဲ့ အနေအထားတွေဟာ ပညာရေးကို စီးပွားရေးဆန်ဆန်နဲ့ လုပ်ဆောင်လာတာတွေတွေ့ရပါတယ်။
သင်ကြားရတဲ့ ဆရာတွေအနေနဲ့လည်း ကျောင်းအုပ်ချုပ်သူတွေရဲ့ လောဘတွေနဲ့ စာသင်ခန်းတွေထဲ အကူဆရာကမရှိ၊ ကျောင်းသားမဆန့်မပြဲထည့်ထားမှု တွေအပေါ် သင်ယူမှုအဆင်‌ ပြေအောင်လဲ လုပ်ဆောင်ရ‌ ပေမယ့် Well-trained teacher တွေ မဖြစ်လေတော့ ပင်ပန်းသမျှ ဒေါသအဟုန်ဟာ ကလေးတွေအပေါ် စီးဆင်းလို့လာပါတယ်။ Child Psychology ဆိုတာ ချိုနဲ့လား မြွေနဂါးတောင် မကြောက်ဘူးကွယ်ဆိုတဲ့ တီချယ်တွေဟာ အနုထည်ပညာရေးရဲ့ အနုပညာရပ်ကို မသိလေတော့ သူတို့မြင်တွေ့ခဲ့သလို သူတို့ကြုံတွေ့ခဲ့ရသလို ကလေးတွေကို ဆူဆဲ ရိုက်နှက်ပါလေတော့တယ်။ စာကို ရစေချင်တဲ့ စေတနာအပေါ်မှာ ကိုင်တွယ်ပုံတွေ မှားယွင်းနေတာပါလို့ ပြောပါရစေ။

အချုပ်အနေနဲ့ ကျောင်းတည်ထောင်သူတွေအနေနဲ့ မိမိကျောင်းက ဆရာဆရာမတွေကို တင်းပြည့်ကျပ်ပြည့် တောင်တောင်မြည် ဆရာများဖြစ်အောင် ပညာရေးအပေါ် ယုံကြည်သက်ဝင် သိကျွမ်းနားလည်တဲ့ ပညာရေးဆရာဝန်များနှင့် အမြန်ဆုံးပြသဖို့လိုပါကြောင်း တင်ပြအပ်ပါသည်။

#ပြည့်ချစ်သော်

13/02/2026

သားသမီးကို ပြုစုပျိုးထောင်ဆုံးမကြရာဝယ်.....

ကျန်တော်စာသင်နေတဲ့ ကလေးတွေစိတ်ညစ်တာ စိတ်ရှုပ်နေတာတွေ မြင်ရလို့ မေးကြည့်ရင် ခြောက်ဆယ်ရာနှုန်းလောက်က အိမ်ကြောင့် တနည်းအားဖြင့် အမေကြောင့်လေတဲ့

အမေ အမေဆိုတာ သားသမီးများကို အသက်ထက်ချစ်တဲ့ သက်ရှိလူသားများပင်ဖြစ်ပါတယ်။မိမိသားသမီးတွေ လူတန်းစေ့ မြင့်တင်စေလိုသည်၊ သူများထက် သာစေလိုသည်၊ ကြီးပွားစေလိုသည်၊ စာတော်စေချင်သည်၊ ထူးချွန်စေချင်သည်ဆိုတဲ့ သည်....ပေါင်းများစွာတို့အပေါ် ဖြစ်စေချင်သော မိဘတို့ရဲ ဖြူစင်သောလောဘ သို့ လိုဘ လို့ဆိုရပါမယ်။ ဒါပေမယ့် သည်..ပေါင်းများစွာ မဖြစ်လာသေတဲ့အခါ မိဘနဲ့ သားသမီးကြား ပဋိပခ ဖြစ်ကြရတာပေါ့ဗျာ ။ အဘယ်ကြောင့်နည်း လူသားများဖြစ်တဲ့အတွက်ကြောင့် ဘယ်အရာစိတ်တိုင်းကျ ပြီးပြည့်စုံပါမည်နည်း။ အထူးသဖြင့် သမီးမိန်းကလေးဆိုရင် မနက်မိုးလင်းကနေစ ညအိပ်ယာဝင်အထိ သည်ပေါင်းများစွာဖြင့် ပြောဆိုဆုံးမကြတာအဟုတ်ပဲေလ ။ ဒီလိုဆုံးမတာကနေ လိုဘမှတဆင့် ချုပ်ခြယ်မှု ဖြစ်လာစေပြီး သားသမီးနဲ့ မိဘကြား အခြေအတင်ဖြစ်လာစေနိုင်တာပေါ့ဗျာ။ သရေကွင်းတစ်ကွင်းတောင်မှ သူထမ်းစည်းရမည့် ဝန်အားကျော်လာပါက ပြတ်ထွက်သွားသည်မဟုတ်ပါလား။ သတိချပ်ရမည့်အချက်ပင်။ ထို ချုပ်ခြယ်မှုများမှတဆင့် ကလေးများ Physical trauma , emotional trauma တွေ mental problem ဖြစ်လာနိုင်ပါတယ်။ နေရာတစ်ကာ ငါဘာလုပ်လုပ် မှန်ပါ့မလားဆိုပြီး စိုးရိမ်စိတ်တွေဝင်လာကာ မိမိကိုကိုယ် ယုံကြည်မှုအားနည်းလာစေပါတယ်။

တနေ့က Facebookမှာ ဇာတ်လမ်းတိုတစ်ခုတွေ့လိုက်ရတယ်ဗျ။ ထိုဇာတ်လမ်းထဲမှာ ကလေးကား သူ့ရဲ့ report cardမှာ အရာရာအားလုံး A ရနေပေမဲ့ အရပ်အမြင့်နေရာတွင် Bဖြစ်နေတာဗျ။ အရပ်နိမ့်လို့ပါ ။ ဒါပေမယ့် မိဘက မလိုချင်ဘူး အကုန် Aရရမည်လို့ ဒေါနဲ့မောနဲ့ပြောနေတာကို တွေ့ခဲ့ရတယ်။ သူကတော့ အရပ်ရှည်ဆေးကြော်ငြာပါ။ ဒါပေမယ့် လက်တွေ့မှာရော ထိုသို့မိဘများ မရှိကြပါသလော။ ရှိကြမယ်ထင်ပါတယ်။ အရာရာကို မိမိဖြစ်ချင်သလို ပုံသွင်းချင်ကြတာ။ ဘယ်သို့ဖြစ်နိုင်ပါ့မည်နည်း။

တလောက ဆရာတော်တစ်ပါးတင်ထားသည့် postတစ်ခုကို ဆယ်ကျော်သက်လူငယ်တွေ ဝိုင်းshareပြီး Captionတွင် မိဘများအား လာရောက်ဆုံးမတော်မူပါဘုရားလို့ တွေ့ရေတာ့မိမိအနေဖြင့် ကလေးတွေ traumaရနေတာကို တွေ့ရတဲ့အခါ စိတ်မကောင်းဖြစ်မိတယ် ။ ထို postတွင် အချို့ မိဘများ ပြောနေကျ စကားလေးကို ဆရာတော်သုံးထားတာပါ ( ကျေးဇူးမသိတတ်ဘူး ကျေးဇူးကန်းတယ် မွေးရကျိုးမနပ်ဘူး နင်တို့သိလား မိဘစကားနားထောင်တဲ့သားသမီး ဘယ်တော့မှမဆင်းရဲဘူး ဒုက္ခမရောက်ဘူး ကံကြီးထိုက်မယ် သတိထား ဒါတွေဟာ သားသမီးကို ဆုံးမတဲ့ မိဘတေလက်သုံးစကားပေါ့ ပုံစံသွင်းချင်ရင် ခွေးပဲမွေးလေ)တဲ့။ လိုရာအတိုင်း ဖြစ်စေချင်ရင် လိုသလို ပုံသွင်းချင်ရင် ခွေးလေးတွေမွေးပေါ့ ။ ဒါတောင် ပုံသွင်းသလိုဖြစ်ချင်မှဖြစ်တာပါ။ မိဘတွေအနေဖြင့် အပြောအဆိုမတက်မှု ချုပ်ခြယ်မှုများကတဆင့် ငါမိဘ နင်ကသားသမီး ငါမွေးလို့လူဖြစ်လာတာများ မွေးရတာ ဝမ်းရည်စပ်တယ် စသဖြင့် စသဖြင့် ပြောဆိုချုပ်ခြယ်နေရာမှ ကိုယ်တိုင် အာဏာရှင်ဆန်သွားတာကိုရော သတိချပ်မိပါသလား။သားသမီးအပေါ် အနိုင်ကျင့်သည့်စရိုက်ဖြစ်သွားတာရော သတိပြုမိကြပါသလား။ ဆင်ခြင်စရာပါ။

ကျွန်တော် ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲပါတဲ့ Elon Muskရဲ့ စကားလေးတစ်ခုကြားဖူးတယ် ။ ဒါလေးက ''My children didn't choose to be born,I chose to have children . They owe me nothing, I owe them everything.'' ကျွန်တော့်သားသမီးတွေက သူတို့ကိုမွေးဖွားလာဖို့ ရွေးချယ်ခဲ့ကြတာမဟုတ်ပါဘူး ကျွန်တော်ကသာ သူတို့ကိုရဖို့ ရွေးချယ်ခဲ့တာပါ။ သူတို့က ကျွန်တော့အပေါ် ဘာမှ မရှိပါဘူး ကျွန်တော်ကသာ သူတို့အပေါ်ရှိတာပါတဲ့
ကျွနိတော်တို့တွေ ရွေးချယ်ပြီး မွေးဖွားလာတဲ့ကလေးတွေကို တနေ့ငါကိုကျေးဇူးဆပ်ရမယ်လို့ တွေးတောမျှော်လင့်ပြီး မွေးခဲ့ကြတာမှမဟုတ်ခဲ့တာ။ သိတတ်လို့ဆပ်တော့လဲ အပိုဆုလေး bonusလေးရတာပေါ့လို့ တွေးတောရပါမယ်။

ကျန်တော်တို့တွေ လိုချင်တောင့်တပြီး ပြုစုမွေးလာတဲ့ ကလေးတွေကို ကျန်တော်တို့ ဖြစ်ချင်သလို ဖြစ်နိုင်ပါ့မလား။ မိမိလဲ ငယ်ရာကနေ ကြီးလာတာပါ။ ဒီနေရာမှာ ဒါဆိုလဲ ပစ်ထားလိုက်မယ် သူ့ထိုက်နဲ့သူ့ကံပေါ့ ဆိုပြီး ဖြစ်စေချင်တာလဲမဟုတ်ပါ ဆုံးမပါ အတိုင်းအတာတစ်ခုထိပါ။ ချုပ်ခြယ်ပါ အတိုင်းအတာတစ်ခုထိပါ။

ကျန်တော်တို့ရွေးချယ်မွေးဖွားကြတဲ့ ကလေးတွေကို ကိုယ်တိုင် အာဏာရှင်ဆန်ဆန် စိတ်ဒဏ်ရာပေးကြမှာလားဗျာ။ ငါမွေးထားလို့ လူဖြစ်လာတဲ့အကောင်ကများ ငါကျေးဇူးရှင်ဟဲ့ ဘုရားနဲ့တစ်ဂိုဏ်းတည်း နင်ပြန်မပြောနဲ့ ခွေးဖြစ်မဲ့အကောင် ငါမိဘ ငါဆရာလာမလုပ်နဲ့ စသဖြင့် ဆဲရေးတိုင်းထွာ နေကြမှာလားဗျာ။ အမှန်က ငါ့သားသမီး ဘာပြောချင်သလဲ သူ့ခံယူထားတာကဘာလဲ သူဘာတွေဖြစ်နေတာလဲ စသဖြင့် နှလုံးသားတံခါးဖွင့်ထားပြီး သူတို့လေးတွေ ခံစားချက်ကိုနားထောင်ပေးသင့်တယ်လို့ ကျန်ေတာ်ေတာ့ယူဆပါတယ်ဗျာ။ မိဘခေါ်ရင် ချက်ချင်းလာ ပြောရင်ဟုတ်ဟုတ်မဟုတ်ဟုတ် ဟုတ်ကဲ့လိုက် မိဘကချိုရင်ချို ခါးရင်ခါးလိုက် အရှေ့ကမြောင်းဖြစ်နေတောင် ခုန်ဆိုခုန်ချလိုက် မိဘစကားမြေဝယ်မကျနားထောင် မိဘဆိုတာ ဘုရားနဲ့တဂိုဏ်းထဲ ပြန်မပြောနဲ့ ....စသဖြင့် ဒါတွေဟာ သားသမီးကို တသွေးတသံ တမိန့်ပေးနေတဲ့ အာဏာရှင်ဆန်ဆန်လို့ပဲမြင်မိပါတယ်။ နေ့တိုင်း ဒီဒဏ်တွေခံရင်း မနေနိုင်တဲ့အဆုံး ပြန်ပြောမိကြတဲ့အခါ သားဆိုးသမီးဆိုးတွေ နေ့တွင်းညချငိး ဖြစ်သွားတော့တာပါပဲ။
ဆုံးမပါ အပြုသဘောဆောင်ပါစေ။ ဒေါသရှေ့မထား လိုဘရှေ့မထားဘဲ ဆုံးမကြပါ။ သားသမီးကို စိတ်ဒဏ်ရာပေးခြင်းမှ ရှောင်ကြဥ်ကြပါ။ ချစ်ခြင်းကို နူးညံ့သောနှလုံးသားပြတင်းပေါက်ဖြင့် ကြည့်ကြပါ။
နောက်ဆုံး ပညာရေးမှာ အတွေ့အကြုံရှိလှတဲ့ ဆရာတစ်ယောက် ရဲ့ စကားယူသုံးပြီး ပြောရရင် မိဘဆိုတာ သားသမီးအပေါ်ကျေးဇူးရှိတယ်၊ ကျေးဇူးရှင်ဆိုတာ မိဘကိုယ်တိုင်က သတ်မှတ်ရမှာမဟုတ်ပါဘူး သတ်မှတ်စရာလဲမလိုပါဘူး မိဘဆိုတာ ကျေးဇူးရှင်တွေဆိုတာကို သားသမီးကပဲ သတ်မှတ်ပေးပါလိမ့်မယ်။

#ပြည့်ချစ်သော်

29/12/2023

Hello guys,
Do you know about this page? I established it for those who want to learn and apply the English language in real life. On this page, I wish to share the knowledgeable things to be interesting.
Mr. Austin

02/02/2022

🥰🥰ရွှေခြံမြေမှ မိသားစုအမျိုးများအားလုံး မဂ်လာပါဗျ 🥰🥰
🍀ကျွန်တော်တို့ Straightforward Quality Learning Space-SQLSမှ သတင်းကောင်းပါးအပ်ပါတယ်ဗျ🍀
...................................................
🙆ရွှေခြံမြေမှ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ကြသည့် ကျောင်းသား/သူများ၊ တက္ကသိုလ်ကျောင်းသား/သူများ ၊ အဂ်လိပ်ဘာသာစကားကို စဉ်ဆက်မပျက် လေ့လာနေကြသူများ၊ အဂ်လိပ်ဘာသာရပ်ကို 4 skillsလုံး ခြုံငုံထိ‌မိအောင် လေ့လာသင်ကြားလိုသူများအတွက် ၊။ Listeningနဲ့ Speakingကို စနစ်ကျကျ မှန်မှန်ကန်ကန် လေ့လာလိုသူများအတွက်

💁💁Cambridge University press ကထုတ်သည့် Interchange Fifth Edition CEFR Level A1နဲ့ ညီမျှတဲ့
Beginners တွေအတွက် General 4-Skills English Course ပဲ ဖြစ်ပါတယ်ဗျ
🤗ဒီCourse လေးဟာဆိုရင်
ကမ္ဘာ့သန်းပေါင်းများစွာသော
လူငယ်လေးတွေ သင်ယူနေကြတဲ့
သင်ရိုး Syllabus ဖြစ်ပါတယ်။

🍀အသက်အရွယ် 15 က စပြီး
အင်္ဂလိပ်ဘာသာစကားကို
အခြေခံအဆင့် သင်ယူလိုသူတိုင်း
တက်ရောက်လို့ ရပါတယ်။

✅Speaking
✅Reading
✅Writing
✅Listening

✅အထူးသဖြင့် Listening skillကို ပိုမို‌ပြည့်ဝစေပြီး Speaking Skillကို pronunciationမှန်မှန်နဲ့ အဆင်ပြေစေမှာပဲဖြစ်ပါတယ်ဗျ

4-Skill အားလုံးပါဝင်တဲ့
Course ဖြစ်ပြီး
ကမ္ဘာအနှံ့က လူငယ်တွေနဲ့
တန်းတူ အဆင့်တူ
English Language ကို
ရင်ဘောင်တန်း လေ့လာခွင့် ရမှာဖြစ်ပါတယ်ဗျ။

အင်္ဂလိပ်စာဆိုတာ ဘာသာရပ်မဟုတ်ပါဘူး။
ဘာသာစကားပါဗျ။ တနည်းအားဖြင့် အသုံးချဘာသာစကားပဲဖြစ်ပါတယ်ဗျ

ကျွန်တော် တို့အနေဖြင့် ဘာသာစကားသင်ယူ
လေ့လာ လေ့ကျင့်လို့ ရတဲ့
Language Learning Environment တစ်ခုကို ရွှေခြံမြေအတွက် ဖန်တီးပေးပါ့မယ်ဗျ

..................................................

သင်တန်းသားတွေရဲ့
English Speaking လေ့ကျင့်မှုကို
အဓိက focus လုပ်ပြီး
Unit တစ်ခုချင်းက
Grammar ကို base လုပ်ထားပါတယ်။
Syllabus က Update ဖြစ်တာကြောင့်
ခေတ်နဲ့အညီ သုံးစွဲနေကြတဲ့
Vocabulary ကို သိရှိလေ့လာရမှာ ဖြစ်ပါတယ်။

Listening ပါတာမို့
Native Speaker တွေရဲ့
မူရင်း အသံထွက် (Pronunciation)
လေယူလေသိမ်း ( intonation) တွေကို
နားယဉ်သွားမှာပါ။
ဘာသာစကားမှာ အရေးကြီးတဲ့
Listening Skill ကို တည်ဆောက်ပြီး
သင်တန်းသားတွေရဲ့ Pronunciation မှန်အောင်လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

Interchange
Cambridge English Language
Reference Series ဟာ
ကမ္ဘာ့ အအောင်မြင်ဆုံး
သင်ရိုးဖြစ်ပါတယ်။

ဒါ့အပြင် 21st century teaching approachများဖြင့် တတ်မြောက်အောင်သင်ကြားပေးမှာဖြစ်ပါတယ် ။သင်ကြားပို့ချပေးမည့်ဆရာကတော့ အဂ်လိပ်စာဘာသာစကားကို အတွေ့အကြုံရှိရှိ သင်ကြားနေတဲ့ ဆရာ Austin Kate (B.Ed.) ဖြစ်ပါတယ်ဗျ။

...................................................

Course ကြာချိန် ~ 2 months
Days ~ Every Monday, Tuesday & Wednesday
Time ~ 12 to 1:30 PM
Starting Date ~ 15 February, 2022
Course Fees ~ 60,000 MMK
( Book Feeပါဝင်ပြီး )

🖌️🖌️သင်ခန်းစာထိရောက်အောင်မြင်စေရန် သင်တန်းသား(၁၅)ယောက်သာ သင်ကြားပို့ချ လေ့ကျင့်စေမှာဖြစ်ပါတယ်ဗျ။

သင်တန်းစုံစမ်းရန် - အမှတ်(၉၃) မာလာမြိုင်လမ်း၊ မင်းပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်းမြို့။
ဖုန်း- 09458951053
...................................................

Thank You All
Straightforward Quality Learning Space-SQLS
Yangon, Myanmar

Photos from Lingual Learning Space for Education - LLSE's post 15/11/2021

🙏🙏မင်္ဂလာပါဗျ🙏🙏

🤗ကျွန်တော်တို့ KLAရဲ့ English Course အထူးအစီအစဉ်လေးများ ‌ရောက်ရှိလာပါပြီဗျ🤗

🍀🍀ဒီကာလ ဒီအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာကျောင်းမတက်ကြသူများ တက္ကသိုလ်ကျောင်းသားများနှင့် အင်္ဂလိပ်စာကို အခြေခံကနေ ပြန်ပြီးလေ့လာဆည်းပူးလိုသူများ၊ အသံထွက်မှန်မှန်ကန်ကန်နှင့် အင်္ဂလိပ်ဘာသာစကားလေ့လာလိုသူများအတွက် လက်လှမ်းမဝေးစေဖို့ English language coursesလေးတွေနှင့် မိတ်ဆက်ပြီး သတင်းကောင်းလေးပေးချင်ပါတယ်ဗျ။🍀🍀

✅အခြေခံပညာကျောင်းသား/သူများအတွက် အောက်ပါ သင်တန်းလေးတွေ အပ်လို့ရပါတယ်။
👉 Jolley Phonics ( မူလတန်းကလေးများ)
👉Basic English Four Language Skills
👉 Basic English Grammar for Language Learners (Book 1+2)( အလယ်တန်းကျောင်းသားများ)
👉 Essential Grammar in Use by Murphy (Cambridge) (အထက်တန်းကျောင်းသားများ)
👉 International Phonetic Alphabet (IPA)
👉Basic Writing Training
👉Basic Speaking Skill

✅တက္ကသိုလ်ကျောင်းသားများအတွက်
👉 Basic English language skills
👉 Essential Grammar in Use by Murphy (Cambridge)
👉 Writing Training
👉 International Phonetic Alphabet (IPA)
👉Basic Speaking Skill

✅ English ကို စနစ်တကျ ပြန်လည်လေ့လာနေသူများအတွက်
👉 Essential Grammar in Use by Murphy (Cambridge)
👉 Writing skill
👉 English Teacher Training
👉 International Phonetic Alphabet (IPA)

✅ English speakingကို patternsလေးတွေနှင့် သင်ကြားလိုသူများအတွက်
👉 English Spoken Patterns

✅ ဒါအပြင် English Speakingကို လေ့ကျင့်လိုသူများအတွက်
👉 English Coffee Club

📢📢စတဲ့ Coursesတွေကို ရွေးချယ်တက်ရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ဗျ📣📣

💁💁သင်ကြားပေးမည့်ဆရာကတော့ ပညာရေးနှင့် ဘာသာစကားနယ်ပယ်မှာ အတွေ့အကြုံများစွာဖြင့် လေ့လာဆည်းပူးခဲ့ပြီး သင်ကြားပို့ချနေတဲ့ ဆရာ Austin Kate ပါဗျ💁💁

😍😍လက်ရှိမှာတော့ offline classes ‌‌ေလး‌ေတွပဲဖွင့်ပါဦးမယ်ဗျ။ နောက် online classes‌ေတွကိုလည်း အကြောင်းကြားပါ့မယ်နော်။😍😍

🕓🕓သင်တန်းချိန်လေးများကတော့
👉စနေ၊တနင်္ဂနွေနေ့ ရုံးပိတ်ရက်များ
👉တနင်္လာနေ့မှ သောကြာနေ့အထိ အတန်းများ
✅📢စတင်ဖွင့်လှစ်မည့်ရက်ကတော့ ( December 1, 2021)နေ့ပဲ ဖြစ်ပါတယ်။

🙆🙆သင်တန်းတွေနှင့်ပတ်သက်ပြီး တက်ရောက်ရန် စုံစမ်းလိုပါက-
☎️☎️ အိမ်အမှတ်(၉၃)၊ မာလာမြိုင်လမ်း၊ မင်းပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်းမြို့။
၀၉- ၄၅၈၉၅၁၀၅၃

☺️ရွှေခြံမြို့အတွက် အစဉ်ကြိုးစားလျက်☺️
Austin Kate
B.Ed.

14/10/2021

🤗🤗အားလုံးပဲ မင်္ဂလာပါ 🤗🤗

☘️ကွမ်းခြံကုန်းမြို့နယ် ရှိ ပညာရေးရပ်ဝန်းသမားများအတွက် ဒီpageလေးကို ဆောင်ရွက်လိုက်ပါတယ်☘️

✅နောက်နေ့တွေမှာ အင်္ဂလိပ်ဘာသာစကားနှင့်ပတ်သက်သည့် ဗဟုသုတတွေကိုရော language courseတွေပါ မျှဝေပေးမှာဖြစ်ပါတယ်။

💁ဒီ ကိုဗစ်ကာလနှင့် နိုင်ငံရေးအခြေအနေတွေကြားမှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်ကြတဲ့ Grade 10(စနစ်သစ်) ကျောင်းသား/သူများအတွက် ကျောင်းသင်ခန်းစာဖြစ်တဲ့ Grade 10 (စနစ်သစ်) အင်္ဂလိပ်စာဘာသာရပ်ကို လေ့လာသင်ကြားဆည်းပူးရင်း languageကိုပါ တစ်ပါတည်း four skillsဖြင့် ချိတ်ဆက်သင်ကြားပေးမည့်အစီအစဉ်လေးပါ💁

🖌️သင်‌တန်းကြေးကရော 😮😮 ခုနှစ်ထောင်( 7000)ကျပ်တည်းပါ။ အမှန်တော့ ပညာဒါနသင်ချင်တာပါ သို့သော် ဘာသာရပ်သင်ကြားမှုကိုစိတ်ဝင်စားစေချင်လို့ သင်တန်းကြေးယူလိုက်ရပါတယ်😁😁

💻သင်ကြားမည့် ပုံစံကတော့ zoom platform နှင့် တိုက်ရိုက်သင်ကြားမည့်အပြင် learner based systemနှင့် သင်နည်းအသစ်များထည့်သွင်းအသုံးပြုမှာမို့ နားမလည်ရမှာ စိတ်မဝင်စားမှတော့မပူပါနဲ့နော်
✅ဘာသာရပ်သင်ရင်း ဘာသာစကားပါတက်ကျွမ်းမည့်အစီအစဉ်မို့ အင်မတန်အဆင်ပြေပါလိမ့်မယ်

☺️ဒီလ( အောက်တိုဘာ) 22ရက်နေ့ သင်တန်းလေးစမှာဖြစ်တဲ့အတွက် သင်တန်းကိုစိတ်ဝင်စားသူကျောင်းသား/သူများအနေဖြင့် အပ်လိုပါက messenger boxမှဖြစ်စေ ၊ 09458951053သို့ ဖြစ်စေ
အပ်နှံစာရင်းပေးနိုင်ပါသည်။☺️

🤗အခြား ဘာသာရပ်ဆိုင်ရာ writing course , vocabulary course, basic grammar , four language skills နဲ့ IPA (International Phonetic Alphabet)courseများလည်း စတင်သင်ကြားတော့မည်ဖြစ်ကြောင်း သတင်းပါးအပ်ပါတယ် 🤗

သင်ကြားမည့်ဆရာကတော့
U Aung Khant Thaw
B.Ed.

😍 ရွှေခြံမြို့အတွက် ကြိုးစားလျက် 😍

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon