17/02/2021
သင်္ချာသင်္ကေတများနှင့် လူလောကအကြောင်း အပိုင်း(၁)
တရားခြင်း (သို့) အမှန် (☑️)
---------------------------
ယနေ့လူငယ်တွေ "အမှန်တရား" နောက်ကိုလိုက်ကြတယ်။ သဘောအရမ်းကျတယ်။ ဂုဏ်လည်းဂုဏ်ယူတယ်။ အမြဲတမ်းမှန်ကန် သော "စစ်မှန်သောတရား" သည်မရှိဘူး။ တစ်ခါတစ်ရံမှာ အမှန်တရားများသည် ပျောက်ကွယ်နေတတ်ကြတယ်။ အသုံးချခြင်းအားဖြင့် တိုက်ရိုက်ထိခိုက်ခံရတတ်ကြတယ်။ ဒါကြောင့် "အမှန်တရား" နောက်ကိုလိုက်ရင် ကြာရှည်တယ်။ နှစ်ဖြင့်ချီပြီးကြာရှည်တတ်တယ်။ ဒါကြောင့် လူငယ်တွေ "စစ်မှန်သောတရား" ကို အရင်လုပ်ကြဖို့ အကြံပြုချင်တယ်။ ငါတို့ဗုဒ္ဓမြတ်စွာဘုရားတောင် တရားထူးတရားမြတ်တွေရဖို့ ၄ အင်္သချေ နှင် ကမ္ဘာတစ်သိန်း ဖြတ်သန်းလာခဲ့ရတယ်။ အမှန်တရားကို ရှာမယ်ဆိုရင်တော့ "ဒုက္ခ" ကိုတွေ့မှာအမှန်ပဲ။
မတရားခြင်း (သို့) အမှား (❌)
------------------------
အမြဲမှားသော "အမှားသံသရာ" ဆိုတာလည်းမရှိပါဘူး။ အမြဲတမ်းမမှားနိုင်ဘူး။ ဘာလို့လည်းဆိုတော့ "လူ့ပတ်ဝန်းကျင်" က အမျိုးမျိုးပြောင်းလဲနေကြတယ်။ အမှားဆိုတာ တစ်ချိန်ချိန်တော့ ရပ်တန့်သွားမှာပါ။ အမှန်တရားကသာ လည်ပတ်ရိုးထုံးစံရှိပြီး... "အမှားသံသရာ" ဆိုတာတော့ လည်ပတ်ရိုးထုံးစံ ရှားပါးပါတယ်။ "မတရားမှုဆိုတာ" ပျောက်ကွယ်စမြဲပါ...တစ်နေ့တစ်ချိန် ပေါ်လာစမြဲပါ...
ဘာလို့သူပေါ်လာရတာလည်း...ဆိုတော့...အမှန်တရားဆိုတာ ပျောက်ကွယ်ရိုးထုံးစံမရှိလို့...အမှန်ဆိုတဲ့သံသရာက လည်ပတ်နေလို့...အမှန်တရားနဲ့ပြန်တွေ့ပြီး ထိပ်တိုက်ရင်ဆိုင်ကြလို့......ပေါ်လာတာလို့ ပြောချင်တာပါ။
ရေးသားသူ_ဦးဟိန်းမာန်အောင် (လူငယ်များဆီသို့)