Your Lingo Buddy

Your Lingo Buddy

Share

Language - Your passport to adventure through out the world

31/12/2023

¡¡¡Feliz Año Nuevo a Todos!!!!

2023 ကုန်ဆုံးခါနီးအချိန်မှာတော့ စပိန်နိုင်ငံရဲ့ ရိုးရာဓလေ့လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ 🧐

“Las Doce Uvas de La Suerte” လို့ခေါ်တဲ့ “The Twelve Grapes of Luck”…….

နှစ်သစ်ကူးအကြိုညရဲ့ ၁၂နာရီထိုးတဲ့အချိန်မှာ စပျစ်သီး ၁၂လုံးကုန်အောင်စားနိုင်ရင် ကိုယ့်ဆီကံကောင်းမှုတွေ ယူဆောင်လာနိုင်တယ်ဆိုပြီး စပိန်လူမျိုးတွေက ယုံကြည်ကြပါတယ်။ 🍀🍇

ဒီဓလေ့စတင်ခဲ့တဲ့ရာဇဝင်တွေက များပြားပေမယ့်လည်း 1880 အစောပိုင်းကာလမှာတည်းက ရှိနေခဲ့ပါပြီ။

အကြိုညမှာ စပျစ်သီးစားရင်း ရှန်ပိန်သောက်ကာ နှစ်သစ်ကူးကို ကြိုဆိုကြတဲ့ ပြင်သစ်လူမျိုးတွေဆီကတစ်ဆင့် မက်ဒရစ်ကြေးရတတ်လူတန်းစားတွေဆီ ဒီဓလေ့ထုံးတမ်းရောက်လာခဲ့တယ်လို့လည်း ဆိုကြပါတယ်။

စပိန်နိုင်ငံရဲ့ ဓလေ့အစဉ်အလာဖြစ်ပေမယ့်လည်း South America နဲ့ Latin America က နိုင်ငံတော်တော်များများလည်း ဒီဓလေ့ကို ကျင့်သုံးကြပါတယ်။

အခုဆိုရင်တော့ Tiktok မှာလည်း viral ဖြစ်သွားခဲ့တာကြောင့် Global နိုင်ငံတွေမှာလည်း လူစိတ်ဝင်စားပြီး အာရုံစိုက်ခံနေရတဲ့ ဓလေ့တစ်ခုဖြစ်လာပါပြီ။

ကံကောင်းမှုကိုဆွဲခေါ်နိုင်ရုံသာမက အနီရောင်အတွင်းခံကို ဝတ်ဆင်ပြီး စားပွဲခုံအောက်မှာစားရင် အချစ်ရေးအတွက် ကံကောင်းစေမယ်လို့လည်း ယုံကြည့်ကြပါသေးတယ်။ 💋👀

ကဲ ဒါဆိုရင် စပိန်နိုင်ငံရဲ့ ရိုးရာဓလေ့ကို လက်တွေ့စမ်းသပ်ကြည့်ဖို့ အဆင်သင့်ဖြစ်နေကြပြီလား??

Page လေးကို Like & Follow လေးလုပ်ခဲ့ဖို့ မမေ့နဲ့နော် 💕🥰

Photos from Your Lingo Buddy 's post 02/11/2023

မှုခင်းရုပ်ရှင်တွေကြည့်ရတာ စိတ်ဝင်စားကြလား?? 🧐

ဒါဆိုရင်တော့ 2017 မှာထွက်ခဲ့တဲ့ Thriller/ Crime စပိန်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

The Invisible Guest movie ဟာ 1နာရီနဲ့ 46မိနစ် ကြာမြင့်ပေမဲ့ မှုခင်းစိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်တာတန်တဲ့ကားကောင်းတစ်ခုဖြစ်စေမှာပါ။ 💕

ဒိတ်ဒိတ်ကြဲနာမည်ရနေတဲ့ စီးပွါးရေးသမားတစ်ယောက်ဟာ လူသတ်မှုနဲ့စွဲချက်တင်ခံထားရပါတယ်။ အသတ်ခံလိုက်ရတဲ့သူကတော့ သူနဲ့တိတ်တဆိတ် affair ဖြစ်နေတဲ့ ကောင်မလေးပဲဖြစ်ပါတယ်။
ဒါ့အပြင်တံခါးသော့ခတ်ထားတဲ့ ဟိုတယ်အခန်းထဲမှာ နှစ်ယောက်တည်းရှိနေချိန်ဖြစ်ခဲ့တော့ သံသယမျက်လုံးတွေအောက်ကနေ သူဘယ်လိုရုန်းထွက်မလဲ?
တကယ်ပဲသူပြောသလို တတိယလူတစ်ယောက်ပါဝင်ပတ်သတ်နေတာလား?

အမှုကနေလွတ်မြောက်နိုင်ဖို့ သူကနာမည်ကြီးရှေ့နေအမျိုးသမီးတစ်ယောက်ကို ငှါးရမ်းခဲ့ပါသေးတယ်။
ဒါပေမဲ့ အဲ့ဒီရှေ့နေအမျိုးသမီးကြီးကရော သူ့ရဲ့ဖုံးကွယ်တဲ့အချက်အလက်တွေကို ဘယ်လိုသိနေတာလဲ?
သူမမှာရော လျှို့ဝှက်ချက်တွေရှိနေတာလား?

စသည်ဖြင့် လားပေါင်းများစွာနဲ့ ကြည့်ရှုရမဲ့အပြင် ဇာတ်လမ်းရဲ့လှည့်စားမှုမှာ ကိုယ်တိုင်မျောပါသွားမှာ အသေအချာပါပဲ ✨

IMDb rating 8/10 နဲ့ Rotten tomatoes rating 70% ရထားတာပဲဖြစ်ပါတယ်။




Photos from Your Lingo Buddy 's post 29/09/2023

စပိန်ဘာသာစကားကို စပိန်တစ်နိုင်ငံတည်းသုံးတယ်လို့ထင်နေတုန်းပဲလား??

တကယ်တော့စပိန်ဘာသာစကားဟာ Global Language တစ်ခုဖြစ်ပါတယ်။
နိုင်ငံပေါင်း ၂၀ကျော်ရဲ့ တရားဝင်ဘာသာစကားတစ်ခုဖြစ်တဲ့အပြင် ကမ္ဘာ့လူဦးရေ 7.5 ရာခိုင်နှုန်းက စပိန်စကားပြောကြပါတယ်။

Spain နိုင်ငံအပြင် တစ်ခြားစပိန်စကားပြောမြို့နဲ့နိုင်ငံတွေကရော ဘာကြောင့်နာမည်ကြီးကြတာလဲ?

📌 Mexico မြို့ကတော့ သူရဲ့ရိုးရာဓလေ့တွေအပြင် အရသာရှိလှတဲ့ cuisine တွေကြောင့် ထင်ရှားကြော်ကြားပါတယ်။

📌 မြောက်အမေရိကားရဲ့ Argentina ဆိုရင် သူ့ရဲ့ tango music က နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်ဆုံးပါပဲ။

📌 Manchu Picchu လို ရှေးဟောင်းအထင်ကရ Incan Empire ရဲ့လက်ရာအပြင် တစ်ခြားဗိသုကာလက်ရာတွေ အများအပြားရှိတဲ့ Peru နိုင်ငံဟာလည်း သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပါပဲ။

📌 Latin America ရဲ့ Panama ဆိုရင် နေထွက်ချိန်ကို Pacific သမုဒ္ဒရာက နေထွက်တာကိုမြင်ရပြီး Atlantic သမုဒ္ဒရာမှာ နေဝင်ချိန်ကိုမြင်တွေ့ရတဲ့အတွက် အတော်ထူးခြားပြီးဆွဲဆောင်လွန်းတဲ့ နိုင်ငံတစ်ခုထဲပါပါတယ်။

အခုဆိုရင် စပိန်စကားပြောနိုင်ငံတွေထဲက tourist attraction များတဲ့နိုင်ငံတွေအကြောင်းကိုဖော်ပြပေးထားပါတယ်။
စပိန်စကားသင်ယူဖို့ စဉ်းစားနေတုန်းပဲလား?





28/08/2023

ဒီနေ့မှာတော့ Your Lingo Buddy က This or That (Spanish version) လေးကို ရှင်းပြပေးချင်ပါတယ် .....

ကိုယ့်ရဲ့အနီးမှာရှိနေရင် This, အဝေးကအရာကိုရည်ညွှန်းချင်ရင် That ဆိုတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။
စပိန်ဘာသာစကားနဲ့ဆိုရင်တော့ ကိုယ့်အနီးမှာ ရှိနေတဲ့အရာကို Este or Esta, လှမ်းတဲ့အရာဝထ္တုအတွက်ဆို Ese or Esa ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။

ဘာလို့နှစ်ခု နှစ်ခုစီကွဲနေရတာလဲ? 🧐
တစ်ခြားဘာသာစကားတွေနဲ့မတူတာကတော့ စပိန်စကားက အထီး အမ ခွဲခြားပေးရတာပဲဖြစ်ပါတယ်။
ကိုယ်ရည်ညွှန်းလိုတဲ့ Noun အထီး အမ ပေါ်မူတည်ပြီး ကွဲပြားသွားတာဖြစ်လို့ပါ။

📌ကိုယ်ညွှန်းလိုတဲ့ Noun က အထီး (masculine) ဖြစ်နေမယ် ဒါ့အပြင် အနီးမှာဆိုရင် Este ကို သုံးပေးရပြီး အနီးမှာရှိနေပေမဲ့ အမ (feminine) Noun ဖြစ်နေရင် Esta ကို သုံးရမှာပါ။
📌အလားတူပဲ ကိုယ်နဲ့လှမ်းနေမယ့် masculine ပစ္စည်းအတွက် Ese ကို သုံးရပြီး feminine ပစ္စည်းအတွက်ဆို Esa ကိုသုံးရပါတယ်။

ပုံလေးထဲမှာပါတဲ့ adjective လေးနှစ်ခုကတော့
Cerca - နီးသော
Lejos - ဝေးသော

ကဲ ဒါဆိုရင်တော့ နီးတဲ့အရာဝတ္ထုအတွက်ရော အဝေးကအရာအတွက်ရော ဘယ်လိုသုံးရမလဲဆိုတာ သဘောပေါက်သွားမယ်လို့မျှော်လင့်ပါတယ်။
ဒီလိုမျိုး စပိန်ဘာသာစကားနဲ့ ဂျပန်ဘာသာစကားတို့ကို တစ်လှည့်စီတင်ပေးနေမှာဖြစ်လို့ ဗဟုသုတရချင်တဲ့ language learners တို့အတွက် page ကို like & follow လုပ်ထားပေးပါဦးနော်!! 💕📝




11/06/2023

ကဲ ဖြေပေးခဲ့ကြပါဦးနော်
နောက်ပိုင်းတွေမှာ ဘာသာစကားတစ်ခုချင်းစီတိုင်းရဲ့ study tips လေးတွေကိုပါ YLB က sharing လုပ်ပေးဦးမှာဖြစ်လို့ page ကို like & follow လုပ်ဖို့ မမေ့နဲ့နော်



Photos from Your Lingo Buddy 's post 05/06/2023

ဒီတစ်ပတ်မှာတော့ Learner တို့လျှာသွက်စေဖို့အတွက် tongue twisters စကားလုံးတွေကို ဖော်ပြပေးလိုက်ပါတယ်




30/05/2023

ဒီနေ့မှာတော့ learners တို့အတွက် “wàn shì kāi tóu nán” ဆိုတဲ့ Chinese စကားပုံလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပေးပါတယ်

သူ့ရဲ့အဓိပ္ပါယ်လေးကတော့ ဘယ်ကိစ္စမဆို အစပိုင်းမှာတော့ခက်ခဲမှာပဲတဲ့
ဘယ်အရာပဲလုပ်လုပ် ဘယ်ဘာသာစကားပဲသင်ယူသင်ယူ ကနဦးခြေလှမ်းတွေမှာတော့ အခက်အခဲတွေက ရှိနေစမြဲပါ

ဒါပေမဲ့လည်း ဖြည်းဖြည်းချင်းစီနဲ့ ပုံမှန်ဆက်သွားမယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်လေးကို ရောက်ရှိမှာဖြစ်လို့ ဒီစကားပုံလေးအတိုင်းပဲ စိတ်ဓာတ်မကျဘဲ YLB နဲ့အတူတူကြိုးစားသွားကြမယ်လေနော် ☘️

🇨🇳 Chinese language နဲ့ပတ်သတ်တဲ့ ဗဟုသုတလေးတွေကို အပတ်စဉ်တင်ပေးသွားမှာမို့လို့ YLB page လေးကို like & follow လုပ်ထားဖို့ မမေ့ကြနဲ့ဦးနော်



27/05/2023

Spain နိုင်ငံရဲ့ ဘဝနဲ့ပတ်သက်တဲ့ အယူအဆလေးတစ်ခု quote တစ်ခုကို sharing လုပ်ပေးချင်ပါတယ်
ဒီစကားလေးကတော့ “ဘဝရဲ့ အဓိပ္ပါယ်ကို လိုက်ရှာနေမဲ့အစား အချိန်တိုင်းစက္ကန့်တိုင်းကို ရှင်သန်ပါ” တဲ့

ဒါဆို buddy တို့နည်းနည်းလေ့လာကြည့်ရအောင်နော်!
Vocabulary:
La vida - ဘဝ
Cada - … တိုင်း (ဥပမာ- နေ့ရက်တိုင်း၊ ညတိုင်း)
Momento - အချိန်အခိုက်အတန့်တိုင်း
Sentido - meaning/ sense


21/05/2023

Join our page and embark on an exciting exploration of languages, one phrase at a time!

Photos from Your Lingo Buddy 's post 18/05/2023

ကြည့်လို့ကောင်းတဲ့ anime horror series တွေကို page ကနေပြီး ညွှန်းပေးချင်ပါတယ်

အောက်မှလည်း ဇာတ်ညွှန်းလေးတွေ ဖြည့်စွက်ပေးထားလို့ မီးမှောင်မှောင်နဲ့ အားလုံးပဲခြောက်ခြားလိုက်ကြရအောင်!! 😝👻

01/05/2023

Hello Everyone !!!
皆。。こにちわ!!!
¡Hola amigos!
你好吗?

Lingo Buddy language guiding Page အသစ်လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်နော် 💕

Self-study လေ့လာနေကြတဲ့သူတွေ၊ ဘာသာစကားတစ်ခုခုကို လေ့လာ‌နေတဲ့သူ သို့မဟုတ် စတင်လေ့လာချင်သူတွေအတွက် Guide သဘောမျိုးနဲ့ ထောက်ကူပေးမဲ့ page လေးတစ်ခုဖြစ်ပါတယ်

Chinese Japanese တို့အပြင် English နဲ့ Spanish ဘာသာစကားတွေကိုပါ အခြေခံကနေစပြီး ဘယ်လို self study လုပ်မလဲ ဆိုတဲ့ tips တွေ share ပေးမှာဖြစ်ပါတယ်

ဒါတင်မကဘဲ သူတို့ရဲ့ရိုးရာဓလေ့ယဥ်‌ကျေးမှုလေးတွေနဲ့ မှတ်သားစရာဗဟုသုတများစွာကိုလည်း ဒီ page လေးမှာ တင်ပေးသွားမှာဖြစ်လို့ page လေးကို like & follow လေးလုပ်ထားဖို့ မမေ့ပါနဲ့နော် 🥂💕



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Online Platform
Yangon