04/09/2023
ဒီနေ့မှာတော့ eat into ဆိုတဲ့ phrasal verb လေးအကြောင်း ဝေမျှပေးချင်ပါတယ်။ 😊😊😊
Cambridge Dictionary မှာဖော်ပြထားတဲ့ သူ့ရဲ့ meaning ကတော့ to use or take away a large part of something valuable, such as money or time ဖြစ်ပါတယ်။ ⏱⏱⏱💸💸💸
တိုက်ရိုက်ဘာသာ ပြန်မယ်ဆိုရင် ပိုက်ဆံ အချိန် တို့ကဲ့သို့ တန်ဖိုးရှိတဲ့ တခုခုကို ထုတ်ယူလိုက်တယ် အသုံးပြုလိုက်တယ် (ကုန်စေတယ်)။ 🕰🕰🕰💰💰💰
Example sentences လေးတွေကိုလဲ ဖော်ပြပေးလိုက်ပါတယ်။
The price increase is eating into my savings.
ကုန်ဈေးနှုန်းတတ်ခြင်းက ကျွန်တော့်ရဲ့ စုဆောင်းထားတဲ့ ငွေတွေကို ကုန်စေတယ်။ 💵💵💵
Responsibilities at home and work eat into his time.
အလုပ်နဲ့ အိမ်မှာ သူလုပ်ရတဲ့ တာဝန်တွေက သူ့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ကုန်စေတယ်။ 🏠🏠🏦🏦
ကိုယ်ပိုင် sentence လေး တည်ဆောက်ကြည့်ပါမယ်။
Using social media eats into my time. But I can’t help using it.
Social media သုံးခြင်းက စာရေးသူရဲ့ အချိန်တွေကို ကုန်စေတယ်။ ဒါပေမဲ့ မသုံးဘဲလဲ မနေနိုင်ပါ။
😅😅😅
စာဖတ်သူများအတွက်ရော ဘယ်လိုအရာတွေက အချိန်နဲ့ ငွေကြေးတို့ကို ကုန်ဆုံးစေလဲ ဆိုတာ comment မှာ ရေးသားပေးသွားနိုင်ပါတယ်။ ☺☺☺