Teacher Chris

Teacher Chris

Share

English language teacher သားတစ်ယောက်မိခင်အနေနဲ့လေ့လာမှတ်သားတွေ့ကြုံတာလေးတွေကို မျှဝေပါရစေရှင်။

21/05/2026

“Pause Filler”

👉 conversation တစ်ခုမှာ turn taking
လို့ခေါ်တဲ့ တစ်ယောက်ပြောရင် တစ်ယောက် ကနားထောင်ပြီး တစ်ယောက်တစ်လှည့်ပြောကြတယ်နော်။

စကားပြောနေရင်း Pauses (စကားပြောနေရင်း နားတယ်၊ရပ်တယ်)တွေ ရှိလာရင်တော့ pauses ရဲ့အဓိကလုပ်ဆောင်ချက်က ပြောသူအလှည့်ပြီးပြီလို့ ယူဆပါတယ်။ အဲလိုခဏဆိုင်းငံ့သွားတာဟာ သူပြောစရာကုန်သွားတာလား၊ ဒါမှမဟုတ် နောက်ထပ်ပြောဖို့အချိန်ယူတာလား၊ ဘာပြောရမလဲ စဉ်းစားတာလား စသည်ဖြင့် တစ်ဖက်လူကို စိတ်ရှုပ်ထွေးစေပါတယ်။

👉 အဲလိုမျိုး ဟိုလိုဒီလို စိတ်မရှုပ်ထွေရအောင် ရယ်၊ ကိုယ်ပြောနေတဲ့အကြောင်းအရာကို ထိန်းထားဖို့ရယ် ဆိုတဲ့အကြောင်းအရာတွေအတွက်

"Fillers", "Pause Fillers”, "Discourse Markers" သို့မဟုတ် "hesitators" တွေသုံးရပါတယ်။

တစ်ဖက်က ဒါတွေသုံးပြီဆိုရင်တော့ နားထောင်သူဖက်က ဒီစကားပြောကို ဆက်လက်နားထောင်ရမယ်၊ သူ့အလှည့်မရောက်သေးဘူးဆိုတာ နားလည်သွားတာပေါ့။

👉 အသုံးအများဆုံးနဲ့ အကြားရအများဆုံးကတော့ "er", "erm" ၊ common discourse markers တွေဖြစ်တဲ့ "well, actually, you know, I mean, sort of, like” စသည်ဖြင့်ရှိပါတယ်။

ဥပမာ- It’s like …. sort of erm …..

👉 နောက်ထပ်လုပ်လို့ရတဲ့ filling pauses ( စကားရပ်မသွားအောင် ထိန်းထားတဲ့အရာ) ကတော့ စကားလုံးတစ်လုံး သို့မဟုတ် စကားစုတစ်စုကို ထပ်ခါထပ်ခါပြောတာမျိုးပါ။

ဥပမာ - It’s, it’s, it’s tropical.

👉 Filler words တွေက lexical content
မရှိပေမဲ့ စကားပြောသူရော၊ နားထောင်သူရော နှစ်ယောက်စလုံးကို ဘယ်အချိန်မှာ ဘာဝင်ပြောရမယ်၊ စကားကို ဘယ်လိုဆက်ရမယ် ဆိုတာတွေအတွက်တော့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကိုယ့် conversation နဲ့ လိုက်ဖက်အဆင်ပြေတာမျိုး သုံးတတ်ဖို့တော့လိုပါတယ်။

စာဖတ်သူတို့သုံးလေ့ရှိတဲ့ fillers တွေကကောဘာတွေများဖြစ်မလဲဆိုတာ Comment ပေးပါဦးနော်။

With love,
T.Chris

Reference: The new A-Z of ELT, A dictionary of Terms and Concepts by Scott Thornbury

Photo credit: The idea of you

y

21/05/2026

Big shout out to my newest top fans! 💎

စိုးစိုးထူး, Aungsan Zaw, Tar Tee Poe, အေး နီလာဝင်း အေးနီလာဝင်း, Ye Ye Yati, Khine Mya Pwint, Myat Mon Aung, Ei Thinzar, Aung Htet Paing, Mi Mi Win, Kyaw Swar, Ronnie Chen, T Mya, Khin Wai Nyein Chan, Chan Nyein Winn, Kaung San Thar, Ei Thae Phyu

Drop a comment to welcome them to our community,

Photos from Teacher Chris's post 20/05/2026

Good evening 🌇 !

ဒီနေ့ post မှာတော့ စာရေးဆရာ
Kevin Henkes ရဲ့ "Owen" ဆိုတဲ့ စာအုပ်
ဖတ်ပြီး ရေးစရာ idea လေးတစ်ခုရတယ်ပေါ့လေ။

ဇာတ်လမ်းရဲ့အဓိကအကြောင်းအရာကတော့ ဇတ်လမ်းထဲက Owen ဆိုတဲ့ကလေးက Fuzzy ဆိုတဲ့ သူ့ရဲ့စောင်ကို အရမ်းစွဲလမ်းနေတာကနေ တစ်ရက် ကျောင်းသွားဖို့အရွယ်ရောက် တော့ အဲစောင်ကို ကျောင်းကို ယူသွားလို့မရကြောင်းကို သူ့မိဘတွေက သူ့ကို အမျိုးမျိုး နားချ ဆုံးမတာပေါ့။အိမ်နီးနားချင်းက လူကြီးသူမတွေကလည်း Owen မိဘတွေကို အကြံတွေ ပေးတာပေါ့။

ဘယ်လိုပဲလုပ်လုပ် Owen ရဲ့ ဒီစောင်ပေါ်မှာရှိနေတဲ့ သံယောဇဉ်က လွယ်လွယ်ကူကူ ဖြတ်မရတော့တဲ့အဆုံး သူ့အမေရဲ့လိမ္မာပါးနပ်မှုနဲ့ ဘယ်လိုဖြေရှင်းလိုက်လဲဆိုတာကို စိတ်ဝင်စားအောင် ရေးထားတဲ့စာအုပ်ကောင်းလေးတစ်
အုပ်ပါ။

ကလေးတွေသာမက လူငယ်တွေမှာပါရှိတတ်တဲ့ သူတို့ကြိုက်တဲ့အရာတစ်ခုခုကို စွဲစွဲလမ်းလမ်း ဖြစ်တတ်တဲ့ သဘောသဘာဝကို ဒီစာအုပ်ကလေးဖတ်ရင်း Owen မေမေ ဖြေရှင်းနိုင်သလို အခုဒီစာကိုဖတ်နေတဲ့ ဖေဖေမေမေတို့လည်း ဖြေရှင်းနိုင်တဲ့ idea ကောင်းတွေရလိုရညား ဒီစာအုပ်ကို ဖတ်ကြည့်ဖို့ sharing လုပ်ပါတယ်နော်။

ကိုယ်ရေးချင်တဲ့အပိုင်းကအခုမှစမှာပါ။😬 စာအုပ်ထဲက

In the morning Fuzzy would be gone, but the Blanket Fairy 🧚‍♀️ would leave an absolutely wonderful, positively perfect, especially terrific big-boy gift 🎁 in its place.

ဆိုတဲ့ စာကြောင်းလေးဖတ်ပြီး
Intensifiers with Strong Adjectives ဆိုတာကို ကိုယ်သိသလောက် sharing လုပ်ပါရစေ။

💢 Intensifiers ဆိုတာ ❓❓

Intensifiers ဆိုတာ Adjectives တွေကို ပိုပြီး strong ဖြစ်အောင်သုံးတဲ့ စကားလုံးတွေပါ။

💢 ဘယ်လိုစကားလုံးတွေလဲ ❓❓

Very, really, particularly, amazingly, extremely, incredibly, exceptionally, remarkably, unusually စသည်ဖြင့်….တို့ပါ။

Examples:

🔅She lives in a remarkably crowded city.

🔅You are unusually quiet this morning.

🔅My students are exceptionally talented.

🔅I am not particularly fond of romance books.

🔅He was studying very hard but still failed the exam.

💢Intensifiers with Strong Adjectives

‼️Very ကိုတော့ Strong Adjectives တွေနဲ့တွဲသုံးလို့မရပါဘူး။

‼️Strong Adjectives တွေဟာ သူတို့မှာရှိတဲ့ စကားလုံးရဲ့ quality ကို ဘာမှထပ်ထည့်စရာမလိုအောင် အပြည့်အဝဖော်ပြနိုင်ပါတယ်။

Strong Adjectives စာလုံးတစ်ချို့ကို ရေးပြထားပါတယ်။

Very small ➡️ tiny

Very big ➡️ huge, enormous

Very clever ➡️ brilliant

Very bad ➡️ awful, dreadful, disgusting, terrible

Very good ➡️ excellent, ideal, perfect, splendid , wonderful

Very tasty ➡️ delicious

Very sure ➡️ certain

Very နဲ့တွဲသုံးလို့ရတဲ့ Adjectives တွေကိုတော့ Base Adjective လို့ခေါ်ပါတယ်။

‼️ဒီလိုဆို very delicious တို့ very wonderful တို့ဆိုပြီးမသုံးဘူးနော်‼️

အဲ့ Strong Adjectives တွေကိုထပ်ပြီး stronger ဖြစ်ချင်ရင်တော့

absolutely, completely, particularly, utterly, totally, really, positively, exceptionally, especially, really

စတဲ့ စကားလုံးတွေနဲ့တွဲသုံးပါတယ်။

Examples:

🔅Her wedding dress is absolutely perfect.

🔅After her cosmetic surgery went wrong, she looked totally dreadful.

🔅His jokes are utterly ridiculous.

🔅This school is for exceptionally gifted musicians.

🔅That sales assistant was positively rude to me!

( ဒီနေရာမှာ positively က completely နဲ့တူပါတယ်။ ကိုယ်မမျှော်လင့်ထားတာဖြစ်လာတဲ့အခါမှာသုံးတာပါ။)

✅ ပြီးတော့ ကိုယ်က Strong Adjective လား Base Adjective လား မသိရင်လည်း really နဲ့သာသုံးပါ။ Really က နှစ်မျိုးလုံးနဲ့သုံးလို့ရပါတယ်နော်။

Reference: Oxford Dictionary, Cambridge Dictionary, Google

ကိုယ်အခုတလောဖတ်ဖြစ်နေတဲ့ JH ရဲ့ စာအုပ်ကနေရတဲ့ idea ကို share ထားတာပါ။ လိုအပ်တာရှိရင်လည်းဖြည့်စွက်နားလည်ပေးပါရှင့်။

With love,
JH’s mom

20/05/2026

😇 မျိုးဆက် ၂ ခုကြားမှာ နေနေကြရသူများ

မိသားစုအတွက် နှစ်ဖက်လုံးရဲ့ တာဝန်ကို ရင်ဆိုင်ကိုင်တွယ် ဖြေရှင်းနေရသူတစ်ဦး၏ အတွေ့အကြုံ…

ကျွန်မတို့ဟာ အသက်အရွယ်ရလာသည်နှင့်
အမျှ အထူးသဖြင့် အသက် ၃၀ နဲ့ ၅၀ ကြား
ရှိသူတွေဟာ older generations မိဘတွေရဲ့ တာဝန်တွေနှင့် younger generations သားသမီးမျိုးဆက်ရဲ့ တာဝန်တွေကို တစ်ပြိုင်နက်တည်း ထမ်းဆောင်ကြရပါတယ်။

ဒါကြောင့် မိဘနဲ့ အတူနေနေ၊ မနေနေ ကျွန်မတို့ဘဝမှာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအပေါ် ဖိစီးမှုများ၊ နေ့စဉ်စီမံခန့်ခွဲရသော တာဝန်များနှင့် အချိန်မလောက်ငှမှုများ စသည့် ခက်ခဲမှုများ တဖြည်းဖြည်းနဲ့ ပြည့်နှက်လာနေပါတော့တယ်။

မိမိဟာ အိမ်ထောင်ရှိသူဖြစ်ပါက မိခင်တစ်ဦး၊
သမီးတစ်ဦးအနေနှင့်ကော ဇနီးတစ်ဦး အဖြစ်ကော သုံးနေရာခွဲ၍ အဖွဲ့သုံးခုအတွက် တစ်ယောက်တည်း တာဝန်များစွာကို ထမ်းဆောင်နေရသော အခြေအနေဖြစ်ပါတယ်။

အဲဒီအတိုင်းပဲ လွတ်လပ်တဲ့ အိမ်ထောင် မရှိသူများလည်း မိဘများရဲ့ ဝေယျာဝစ္စ၊ ကိစ္စအဝဝကို တာဝန်ယူရမှုတို့ကြောင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများနှင့်အတူ ကိုယ်ပိုင်ဘဝ နေထိုင်မှုပုံစံများပါ ပြောင်းလဲလာရမှုနှင့် ရင်ဆိုင်နေကြရပါတယ်။

ဘာတွေရင်ဆိုင်ကြုံတွေ့ကြရလဲဆိုတော့ (ကျွန်မအတွေ့အကြုံ သက်သက်ဖြစ်ပါတယ်)

အိမ်ထောင်ရှင်တွေကတော့
Emotional tug-of-war လို့ခေါ်တဲ့ ဘဝနှစ်ခုကြား ဗျာများရတော့တာပါပဲ။ ဘာလို့လဲဆိုတော့ မိဘတစ်ယောက်အနေနဲ့ ပြီးပြည့်စုံတဲ့
အနာဂတ်တစ်ခုကို တက်လူဖြစ်တဲ့ သားသမီးတွေအတွက် ဖန်တီးပေးချင်ကြတယ်။

မျှော်မှန်းထားတာတွေ ရည်ရွယ်ထားတာတွေအတွက် ကြိုးစားရုန်းကန်ရသလိုပဲ ကျလူမိဘများရဲ့ ကျန်းမာရေး၊ စိတ်အခြေအနေပြောင်းလဲလာမှု၊ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ဖြစ်ပေါ်လာသော အထီးကျန်မှု၊ ငွေကြေး အခက်အခဲ နှင့်အတူ ကဏ္ဍတိုင်းရဲ့ စိန်ခေါ်မှုများအတွက်လည်း စိုးရိမ်ပူပန် ကြရပြန်ပါတယ်။ အားလုံးကို စိတ်ထဲမှာ တစ်ပြိုင်နက်တည်း ထားရတာမို့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုမျိုးစုံကို ကျွန်မတို့ မလွဲမသွေ ခံစားကြုံတွေ့ကြရပါတယ်။

တာဝန်နှစ်ဖက်ကို ထမ်းဆောင်ရတာမို့ မိခင်
တစ်ဦးအဖြစ် သားသမီးများကို နည်းပညာနှင့် လူမှုဖိအား ပြင်းထန်လာသောခေတ်နှင့်အညီ ထူးချွန်ထက်မြက်လာအောင် ဦးဆောင်ညွှန်ကြားရသလို တစ်ဖက်မှာလည်း သမီးတစ်ဦးအဖြစ် မိဘများ၏ ကျန်းမာရေးပြဿနာများ၊လိုအပ်ချက်များစွာတွေအတွက် ပူပန်သောက ရောက်ကြရပါတယ်။ နောက်တစ်ဘဝအဖြစ် ဇနီးတစ်ယောက်အနေနဲ့ မိမိလက်တွဲဖော်ရဲ့ အသက်အရွယ်ပြောင်းလဲလာမှု၊ အလုပ်အကိုင်အခက်အခဲများနှင့် မိသားစု စီးပွါးရေးအခြေအနေများကိုလည်း တပြိုင်တည်း စဉ်းစားကြရပြန်တယ်။

ဒီကြားထဲမှာမှ စီးပွားရေးမငြိမ်မသက်မှုတွေ ဘယ်လိုပဲရှိရှိ သားသမီး ပညာရေးအတွက် ရှာဖွေစုဆောင်းရင်း မိဘများအတွက် ကျန်းမာရေး နှင့် စားစရိတ်၊ ဆေးကုသမှုစရိတ်များကိုလည်း ထောက်ပံ့ရခြင်း၊အိမ်ထောင်တစ်ခုရဲ့ မိမိတာဝန်ယူထားရသည့်စရိတ်များ၊ ရုတ်တရက်ဖြစ်ပေါ်လာသော အရေးပေါ် အခြေအနေများကြောင့် ကုန်ကျမှုများနှင့် မိမိကိုယ်ပိုင် ကျန်းမာရေးအတွက် သုံးစွဲရမှုများ စတာတွေကို အလျဉ်မီအောင် စီမံခန့်ခွဲရတာထက် ပိုပြီး စိတ်ဖိစီးတာများ ရှိနိုင် ပါသေးလားရှင်။

ကိုယ်က အိမ်ထောင်သည်မို့ ဒါမျိုးကြုံတွေ့ရသလို အိမ်ထောက်မရှိတဲ့သူတွေလည်း မိဘနဲ့အတူနေနေ မနေနေ ကြုံတွေ့ရတဲ့ အခက်အခဲတွေလည်းရှိပါတယ်။ သူတို့ကြတော့ ပြဿနာအားလုံးကို တစ်ကိုယ်တည်း တာဝန်ယူ ဖြေရှင်းရတယ်။ အဖော်မရှိဘူးပေါ့။
မိဘများအတွက် ဆေးရုံသွားတာမှအစ စားဝတ်နေရေးအပါအဝင် အားလုံးကို တစ်ယောက်တည်း လုပ်ဆောင်ရပါတယ်။ မည်သူမျှ မရှိသောကြောင့် ဘာကိုမဆို ဆုံးဖြတ်ချက်အားလုံးကို ကိုယ်တိုင်ချရပါတယ်။

တိတ်တဆိတ် အနစ်နာခံမှုတွေဖြစ်တဲ့ ကိုယ်ဖြစ်ချင်ခဲ့တဲ့ ကိုယ်ပိုင်အိပ်မက်တွေ၊ စိတ်ကြိုက်အလုပ်အကိုင် ဖန်တီးရယူတာတွေ၊ ကိုယ့်အကြိုက် ဘဝနေထိုင်မှုပုံစံ
စတာတွေကို ရပ်တန့်ထားလိုက်ရတာမျိုး၊ မျိုသိပ်ထားရတာမျိုး တွေရှိပါတယ်။ ဦးစားပေးရမည့်အရာတွေ ပေါ်လာတော့လေ။ မိသားစုအတွက် တက်ကြွစွာ အားထုတ်လုပ်ဆောင်မှုများကိုလည်း လူအများအနေနှင့် မမြင်နိုင် မသိနိုင်တာမို့ အသိအမှတ်အပြု မခံရတာ စသည်ဖြင့်ပေါ့လေ....

စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုတွေလည်းရှိတာပဲ။ တစ်ခုခုဆို တခြား ညီအစ်ကို မောင်နှမတွေထက် အမြဲအသင့်ရှိနေရတာမျိုး၊ မိဘတွေရဲ့ ချက်ချင်းလိုအပ်ချက်များကို ဖြည့်ဆည်းရတာမျိုးတွေဟာ မိမိကိုယ်တိုင် မသိမသာနဲ့ ပင်ပန်းနွမ်းနယ် လာစေတာကို သတိမထားမိကြပါဘူး။ မိမိဘဝအတွက် အချိန်မလုံလောက်တော့တာတွေ၊ တစ်ခါတလေ ကိုယ့်ကိုယ်ပိုင်ဘဝမှာရော၊ မိဘအတွက်ရော ဘယ်ဖက်မှာမှ ကိုယ်ဟာ လုပ်စရာတွေ တပုံတပင် နဲ့ " ဘယ်လောက်ပဲလုပ်ပေး လုပ်ပေး လုံလောက်တယ်ရယ်လို့ မခံစားရဘူး” ဆိုသော ခံစားမှုက စိတ်ဒုက္ခ အတော်လေး ပေးပါတယ်။

ကျွန်မအနေနဲ့ ကတော့ single life တုန်းကကော၊ အခု married life မှာရော မိဘကိုရော၊ ညီအစ်ကိုမောင်နှမတွေကိုရော ကြည့်ရှု့စောင့်ရှောက်ရတဲ့အတွက် အင်မတန်မှ တတ်ဖိုးရှိတဲ့ အတွေ့အကြုံတွေ ရတာပေါ့ရှင်….

တာဝန်ယူတတ်တဲ့သူအဖို့ကတော့ တာဝန်ဆိုတာ ခက်ခဲပင်ပန်းပါတယ်။ မိဘတွေအတွက်၊ မိသားစုအတွက်ကတော့ တကယ့်ကို အရေးပါတဲ့ အမှတ်တရတွေပါပဲ။

မိဘနဲ့ သားသမီး နှစ်ဖွဲ့စလုံးကို တပြိုင်နက်တည်း ချစ်ခြင်းမေတ္တာတွေနဲ့ သူတို့ဘဝတွေကို ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာ လူသားတစ်ယောက်ရဲ့အမြင့်မားဆုံး စွမ်းဆောင်ရည်တစ်ခုလို့ ကျွန်မမြင်ပါတယ်။

သူတို့နဲ့ ပျော်ရွှင်စရာ အမှတ်တရတွေ ဖန်တီးဖို့
မိမိကိုယ်တိုင်ကိုလည်း စောင့်ရှောက်ရန် မမေ့ဖို့။ သူများကို ဂရုစိုက်နိုင်ဖို့ ကိုယ့်အတွက်
အချိန်ပေးဖို့ (ဒါတော့ ကျွန်မ မလုပ်နိုင်သေး၊ လုပ်နိုင်ဖို့ကြိုးစားရမယ်) ဆိုတဲ့ အသိလည်း ရပါတယ်။

လူရယ်လို့ ဖြစ်လာကတည်းက ဒုက္ခက ပါလာပြီးသားမို့ ဘယ်သူ့ကို တာဝန်ယူရမယ်၊ စောင့်ရှောက်ရမယ် ဆိုတာမျိုးထက် ကျွန်မတို့ရဲ့ လူသားဆန်တဲ့ စိတ်ကလေးတစ်ခုကြောင့် သာ တစ်ဦးနှင့်တစ်ဦး ကူညီ စောင့်ရှောက် နေကြတာ မဟုတ်ပါလားရှင်။

ဒီနေရာမှာ ကျွန်မမိဘကို စိတ်တိုင်းကျ ကူညီစောင့်ရှောက်ခွင့်ရအောင် ကျွန်မနဲ့အတူ အမြဲတစ်သားတည်းရှိပေးတဲ့ ကျွန်မရဲ့ ခင်ပွန်းကိုလည်း ကျေးဇူးတင်တယ်။ မိဘကျေးဇူးသိတဲဲ့ ကျွန်မ ညီမလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။

တကယ်တော့လေ လူသားဆန်တယ်ဆိုတာ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာ၊ ကိုယ်စားချင်တာ၊ ကိုယ်သွားချင်တာတွေကို တကယ်လုပ်နိုင်တာမျိုးတွေ ဆိုရင်တော့ လူသား အရမ်းကို ဆန်ချင်တာပေါ့ရှင်။ ပျော်စရာကောင်းတယ်လေနော်။

ဒီလို လူသားဆန်တာကတော့ ပင်ပန်းတယ်ရှင်....

ဒီစာလေးရေးလိုက်ရလို့ လေးနေတာတွေ အတော်လေးကို ပေါ့ပါးသွားပါတယ်။

စာဖတ်သူတွေကော ကျွန်မလို generation နှစ်ခုကြား sandwich ဖြစ်နေတဲ့သူတွေရှိပါသလား။

အတွေ့အကြုံလေးတွေ မျှဝေပါဦးရှင်။ စိတ်ခွန်အားပေါ့…

With love,

Chris

20/05/2026

Shout out to my newest followers! Excited to have you onboard!

Ei Thandar Win, Kaung San Thar

19/05/2026

🔑 လွန်ခဲ့သော ၁၀ နှစ်နီးပါးက လေ့လာခဲ့တဲ့ CELTA က classroom ထဲ ဝင်ဖို့ confidence တွေ ပေးခဲ့တယ်။

Lesson plan ဆိုတာကို ဘယ်လိုရေးမလဲ၊ activity တွေကို ဘယ်လို sequence လုပ်မလဲ၊ student engagement ဘယ်လို တည်ဆောက်မလဲ စသည်ဖြင့် teaching ရဲ့ အခြေခံ သဘောတရားတွေကို သင်ပေးခဲ့တယ်။

🔑 ဒါပေမယ့် DELTA ကို ထိတွေ့လာတဲ့အခါ teaching ဆိုတာ “သင်ပေးခြင်း” တစ်ခုတည်း မဟုတ်မှန်း ပိုသိလာတယ်။

Classroom ထဲမှာ ဖြစ်နေတဲ့ အရာတွေကို မတူတဲ့ မျက်လုံးနဲ့ ရှုထောင့်အမျိုးမျိုးကနေ ကြည့်တတ်လာတယ်။

အရင်က ကျောင်းသားတစ်ယောက် ငြိမ်နေရင် participation မရှိဘူးလို့ ထင်မိတယ်။

အခုတော့ affective filter မြင့်နေတာလားလို့ စဉ်းစားမိတယ်။

Repeated errors တွေ့ရင် correction ပိုလုပ်ဖို့ စိတ်ကူးမိတယ်။

အခုတော့ interlanguage development ရဲ့ သဘာဝအဆင့်တစ်ခုပါလားလို့ တွေးမိတယ်။

Teacher support များများပေးတာ caring ဂရုစိုက်တာလို့ ထင်ခဲ့တယ်။

အခုတော့ scaffolding နဲ့ dependency ကြားက line ကို ပိုသတိထားမိလာတယ်။

DELTA က သင်ကြားရေးရဲ့ အဖြေအားလုံး အကုန်ပေးတာ မဟုတ်ပါဘူး။ မေးခွန်းတွေ ပိုမေးတတ်အောင် သင်ပေးတာဖြစ်ပါတယ်။

Methodology ထက် thinking process ကို reshape လုပ်ပေးတယ်။

Routine teaching ကို reflective practice အဖြစ် ပြောင်းပေးတယ်။

Lesson တစ်ခု အဆင်ပြေသွားတာက success မဟုတ်သေးဘူး။

ဘာကြောင့် အဆင်ပြေသွားတာလဲ ဆိုတာ သိမှ growth ဖြစ်တယ်။

Agree?

With love,
T. Chris

18/05/2026

“Count the blessings” တဲ့။

ဟိုးတစ်လောက ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောရင်း သူပြောခဲ့တဲ့ စကားလေး …….

အဲဒီအချိန်တုန်းကတော့ အမှူမဲ့ အမှတ်မဲ့ပဲ သာမန် အားပေးစကားတစ်ခုပဲလို့ ထင်ခဲ့မိတယ်။ ဒီရက်ပိုင်း ကိုယ့်ကိုယ်ကိုယ် မြင်
အောင် နဂိုကထက် ပိုကြည့်ဖြစ်လာတော့ အဲဒီစကားက ရိုးရိုးဆိုတာထက် ပိုတယ်ဆိုတာနားလည်လာတယ်။

🍀 ကျွန်မတို့ဘဝမှာ အထူးသဖြင့် ဒီလိုအချိန်အခါမျိုးမှာ ...

🌷မပြေလည်တာတွေ ရှိတယ်။

🌷မျှော်လင့်ထားတာတွေ လက်လှမ်းမမီတာတွေ ရှိတယ်။

🌷မကြားချင်တဲ့ သတင်းတွေ ရှိတယ်။

🌷မမေးချင်ပေမယ့် မေးနေရတဲ့ မေးခွန်းတွေ ရှိတယ်။

🌷တစ်ခါတလေ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်စိတ်ကို နားမလည်နိုင်တဲ့ နေ့တွေ ရှိတယ်။

ဘဝအမောတွေကြား ရုန်းကန်လှုပ်ရှားရင်း
လူတွေက ကိုယ့်မှာမရှိတာ၊ လစ်ဟာနေတာတွေကိုပဲ ရေတွက်တတ်ကြတယ်။

🌸 ဘာတော့ဖြင့် မရသေးဘူး။

🌸 ဘာပျောက်သွားပြီ။

🌸 ဘာမှ ဖြစ်မလာဘူး။

🌸 ဘာမှလည်း ပြန်မရနိုင်တော့ဘူး။

ဒီလိုနဲ့ပဲ .....

ကိုယ့်မှာ မရှိတာတွေကို အာရုံစိုက်နေတဲ့အချိန်
ကိုယ့်မှာ ရှိနေတာတွေကို မမြင်တော့တာပဲ။

🍀 တချို့ blessing တွေက ဆူညံစွာ မရောက်လာဘူး။ တိတ်တိတ်လေးပဲ ကိုယ့်ဘဝထဲမှာ ရှိနေတတ်တယ်။

🌻 မဆုံးရှုံးခင်အထိ တန်ဖိုးမသိမိတဲ့ ကျန်းမာခြင်းလို၊

🌻 မဝေးသွားခင်အထိ အရေးမကြီးသလို ထင်ခဲ့မိတဲ့ လူတချို့လို၊

🌻 မပျောက်ကွယ်ခင်အထိ သာမန်လို့ ထင်နေခဲ့တဲ့ နေ့ရက်လေးတွေလို …..

🪻အသက်ရှူလို့ ရနေသေးတာက blessing တစ်ခုပါ။

🪻 မနက်ဖြန်အတွက် မျှော်လင့်ခွင့် ရှိသေးတာက blessing တစ်ခုပါ။

🪻ကိုယ့်နာမည်ကို ခေါ်ပေးမယ့်သူ တစ်ယောက် ရှိနေတာက blessing တစ်ခုပါ။

🪻ဒီနေ့တစ်နေ့ကို ကောင်းကောင်း၊ ဆိုးဆိုး ဖြတ်သန်းနိုင်ခဲ့တာလည်း blessing တစ်ခုပါပဲ။

🍀 “Count the blessings” ဆိုတာ
ပြဿနာမရှိသလို ဟန်ဆောင်ဖို့ မဟုတ်ပါဘူး။
နာကျင်မှုကို မခံစားခိုင်းတာလည်း မဟုတ်ပါဘူး။ ဝမ်းနည်းမှုကို ငြင်းပယ်ဖို့လည်း မဟုတ်ပြန်ဘူး။

အမှောင်ထုထဲမှာတောင် “အလင်းတစ်စတော့ ကျန်နေသေးတယ်” လို့ ကိုယ့်စိတ်ကို ပြန်
သတိပေးတာမျိုးပါ ....

🍀 ဘဝက ကျွန်မတို့ကို အရာအားလုံး မပေးဘူး။ ဒါပေမယ့်လည်း အရာအားလုံးကိုလည်း ယူမသွားပါဘူး။

🍀 တစ်ခါတလေ ပျော်ရွှင်မှုဆိုတာ
အသစ်တစ်ခု ရလာတာမဟုတ်ဘဲ၊
ရှိပြီးသား အရာတချို့ရဲ့ တန်ဖိုးကို ပြန်မြင်လာနိုင်တဲ့ အခိုက်အတန့် ဖြစ်နေတတ်ပါတယ်။

ဒီနေ့…

စာဖတ်သူတို့ မေ့နေတဲ့ blessing တစ်ခု
ရှိလား? စဉ်းစားကြည့်ပါဦး .....

“Count the blessings” တဲ့…

With Love,
Chris



18/05/2026

Virgo တွေကို ဇီဇာကြောင်တယ်တဲ့....

သူတို့ထင်သလို မဟုတ်ဘူးဆိုတာကို အောက်ကပုံကို ပြပြီး ရှင်းပြခဲ့ရသေးတယ်…

18/05/2026

မနေ့က သွားခဲ့တဲ့ EFL workshop

18/05/2026

EFL workshop




18/05/2026

Good morning 🌞

ဒီနေ့ post မှာတော့ Reciprocal Pronouns
တွေအကြောင်း ပြောပြချင်ပါတယ်။

1️⃣ Reciprocal Pronouns ဆိုတာ ဘယ်
စကားလုံးတွေကို ခေါ်တာလဲ?

👉 Each other နဲ့ one another ကိုခေါ်ပါတယ်။

2️⃣ သူတို့ကို ဘယ်လိုအသုံးပြုရမလဲ?

👉 လူနှစ်ဦး၊နှစ်ယောက် (သို့မဟုတ် နှစ်ယောက်ထက်လည်း ပိုနိုင်ပါတယ်) က တူညီတဲ့
အကြောင်းအရာတစ်ခုကို ပြုလုပ်တဲ့အခါမှာ
one another နဲ့ each other ကိုသုံးပါတယ်။

ပုံမှန် သမားရိုးကျအတိုင်းဆိုရင်တော့ each other က လူနှစ်ဦးနှစ်ယောက်အတွက် ဖြစ်ပြီး one another ကတော့ လူနှစ်ဦးနှစ်ယောက်ထက်ပိုတဲ့အခါ သုံးပေမယ့် modern English တွေမှာတော့ သဘောတရား အတူတူအနေနဲ့ပဲ သုံးကြပါတယ်။

We use reciprocal pronouns: each other and one another when two or more people do the same thing. Traditionally, each other refers to two people and one another refers to more than two people, but this distinction is disappearing in modern English.

ဥပမာ -

✏️ Peter and Mary helped one another.
= Peter helped Mary and Mary helped Peter.

✏️ We sent each other Christmas cards.
= We sent them a Christmas card and they sent us a Christmas card.

✏️ They didn't look at one another.
= He didn't look at her and she didn't look at him.

3️⃣ Each other နဲ့ one another ကို ‘s ထည့်ပြီး
possessive form အနေနဲ့လည်းသုံးပါတယ်။

We also use the possessive forms each other's and one another's:

ဥပမာ-

✏️ They helped to look after each other's children.

✏️ We often stayed in one another's houses.

❗️Reciprocal Pronouns တွေကို clause တစ်ခုရဲ့
Subject အနေနဲ့ အသုံးပြုလို့တော့မရပါဘူးနော်။

Note: we do not use reciprocal pronouns as the subject of a clause.

With love,
T.Chris

Want your school to be the top-listed School/college?

Website

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00