11/07/2026
“အာကာသထဲရောက်အောင်တွန်းပေးပါ၊
ကမ္ဘာအပြင်ဘက်သွားမှာနော် “တဲ့
ခုတလော ဒန်းစီးသူတွေကြား ရေပန်းစားနေတဲ့ စကား တချို့ပါ
A social enterprise dedicated to providing high-quality education in Myanmar
11/07/2026
“အာကာသထဲရောက်အောင်တွန်းပေးပါ၊
ကမ္ဘာအပြင်ဘက်သွားမှာနော် “တဲ့
ခုတလော ဒန်းစီးသူတွေကြား ရေပန်းစားနေတဲ့ စကား တချို့ပါ
A glimpse into hours and hours of free imaginative play 🌻
ဖမ်းစက်မျိုးစုံတီထွင်နေကြတာပါ
မီးဖမ်းစက်ကတော့ လောကကြီးမှာ မရှိပါဘူး တဲ့
Busy hands, happy souls!
သီးပင်စားပင်လေးတွေနဲ့ ဇီနီယာပန်းပင်လေးတွေ စိုက်ဖြစ်ကြတဲ့ မနက်ခင်း 🌦️🌷🌱
30/06/2026
အရင်နှစ်တွေတုန်းကတွေ့နေကျ သံပရာရွက်စားတဲ့ ပိုးတုံးလုံးလေးတွေကို ဒီနေ့မနက် ပျဉ်းတော်သိမ်ပင်လေးမှာ တွေ့ကြရပါတယ် 🦋
ဆရာလုတို့ ဟေရမုန် - Urban Organic Farm က လက်ဆောင်ရထားတဲ့ OP မျိုးစေ့လေးတွေလဲ စိုက်မယ်စိုက်မယ်နဲ့ အခုတော့ စိုက်ဖြစ်သွားပါပြီ 🌱🌱
တိုက်တိုက်ဆိုင်ဆိုင် အခုတလော ကလေးတွေဓာတ်ကျနေကြတဲ့ စာအုပ်ကလဲ ဆရာတာရဲ့ မြေကြီးတစ်ဆုပ်ပါ တဲ့
စာပိုဒ်တွေ ရှည်လျားပြီး အသက်အရွယ်ထက်ပိုမြင့်နေတော့ တီချယ်တွေပြန်ဖြေပြောပြရပါတယ်
စာအုပ်ထဲပါတဲ့ အကြောင်းအရာတွေကတော့ လက်တွေ့နဲ့ တိုက်ရိုက် ချိတ်ဆက်နေတာမလို့
ဆက်စပ်ရလွယ်တော့ သဘောကျကြတာ ထင်ပါတယ်
ဖတ်ပါများလို့ စာအုပ်လေးတောင်ပြုတ်ထွက်ချင်နေပြီ
ကျွန်မတို့ ကလေးတွေအတွက် မိုးတွင်းရောက်တိုင်း ကျောင်းမှာ အပျော်ဆုံးအချိန်တွေဟာ မိုးရွာတဲ့ အချိန်တွေပါပဲ 🌦️ 🌦️
ကျောင်းမှာဆို လေပြင်းမိုးပြင်း မဟုတ်ပဲ ကလေးတွေလဲ နေထိုင်ကောင်းနေကြတယ်ဆို မိုးရေချိုးဖို့ ခွင့်ပြုအားပေးထားပါတယ်
သဘာဝမှာ လွတ်လပ်စွာကစားခွင့်ရတဲ့ကလေးတိုင်း တစ်နှစ်ထက်တစ်နှစ်ကိုယ်ခံအားတိုးပြီး ကိုယ်ရောစိတ်ပါကြံ့ကြံ့ခံနိုင်လာတာကို သုတေသနတွေ့ရှိချက်တွေက အထောက်အပံ့ပေးထားသလို
ကလေးတွေသာမက ဆရာ/မ တွေဆီမှာပါလက်တွေ့ခံစားကြရတာပါ
အခုဆို ကျောင်းဝန်းထဲမှာ ခြံရှင်ဆရာမကပါ သေချာကြိုတွေးထားပြီး မိုးကြိုးလွဲစနစ်ပါ ကြိုတင်တပ်ဆင်ထားတာမလို့ မိုးရွာတာနဲ့ စိတ်လွတ်ကိုယ်လွတ်
ပျော်ကြရတော့တာပဲ
အရေးကြီးတာ ကလေးဘဝမှာ ကလေးပီပီ အချိန်အကန့်အသတ်မဲ့ တစ်သက်စာကျန်ခဲ့မဲ့ အမှတ်တရတွေ ဖန်တီးနိုင်ဖို့ပါပဲ
ကျန်တဲ့ မိဘတွေ ဖြစ်စေချင်တဲ့
ဇွဲကောင်းတဲ့၊ အားမလျှော့တဲ့၊ကိုယ်စိတ်နှလုံး ပျော်ရွှင်ကျန်းမာပြီး သင်ယူသင်ကြားမှုခရီးလမ်းမှာ အခက်အခဲမရှိတဲ့ ကလေးလေးတွေ ဖြစ်စေဖို့
စတဲ့ ကျန်တဲ့အပိုင်းတွေက
အလိုလို သဘာဝကျကျ ဖြစ်လာမှာ သေချာပြီးသားပဲလေနော် 🌷
21/06/2026
🌳🌿 ကလေးတွေရဲ့ အလုံးစုံဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ "စွန့်စားကစားနည်း (Risky Play) အမျိုးအစား (၆) မျိုး" 🌿🌳
ယေဘူယျအားဖြင့် လူကြီးမိဘများအနေနဲ့ ကလေးတွေ ဆော့ကစားတဲ့အခါ အနည်းငယ် စွန့်စားရပြီး ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ ကစားနည်းတွေကို ပေးဆော့ဖို့ စိတ်ပူတတ်ကြတာ အများစုဖြစ်မယ်ထင်ပါတယ်။
တကယ်တော့ ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုထဲမှာ ကလေးတွေကို "Risky Play" စွန့်စားလုပ်ဆောင်ရန်အခွင့်အရေးပေးခြင်း၊ အန္တရာယ်ဖြစ်စေတယ်လို့ ယူဆရတဲ့ အရာတွေနဲ့ ပေးဆော့ခြင်းက သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကြံ့ကြံ့ခိုင်ခံနိုင်စွမ်း (Resilience) နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို အံ့ဩစရာကောင်းလောက်အောင် တိုးတက်စေပါတယ်။
ကျွန်မတို့ လေ့လာကျင့်သုံးနေတဲ့ Forest School အပါအဝင် Waldorf နဲ့ Pikler ချဉ်းကပ်နည်းတွေမှာပါ ကလေးတွေ အန္တရာယ်ကို စနစ်တကျ ချင့်ချိန်ရင်ဆိုင်နိုင်လာအောင်၊ အကြောက်တရားကို ထိန်းညှိနိုင်လာအောင် ဂရုတစိုက်ပံ့ပိုးပေးကြပါတယ်။
ဒီနေရာမှာ နော်ဝေနိုင်ငံက ကလေးသူငယ်ဖွံ့ဖြိုးရေး သုတေသီပါမောက္ခ Ellen Sandseter ရဲ့ လေ့လာချက်အရ Risky Play မှာ အဓိက အမျိုးအစား (၆) မျိုးကို မျှဝေချင်ပါတယ်။ ကျွန်မတို့ရဲ့ ပထဝီအနေအထား၊လူနေမှုပုံစံ၊ ကလေးတွေကျင်လည်တဲ့ပတ်ဝန်းကျင်လုံခြုံမှု အနေအထားအရ တချို့သော risky play type တွေကို ခွင့်ပြုပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
(၁) Great Heights (အမြင့်မှာ ဆော့ကစားခြင်း)
ကလေးတွေဟာ အမြင့်ကို တက်ရတာ၊ အပေါ်ကနေ ငုံ့ကြည့်ရတာမျိုးကို သဘောကျကြပါတယ်။
ဥပမာ - သစ်ပင်တက်ခြင်း၊ ခေါင်မိုး သို့မဟုတ် ခပ်မြင့်မြင့်နေရာတွေပေါ် တက်ခြင်း၊ ငြမ်းတွေပေါ် ခိုစီးခြင်း။
ရလဒ် - အမြင့်အာရုံကို တွက်ချက်တတ်လာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပါတယ်။
Vestibular system နဲ့ ကိုယ်တွင်းအာရုံခံစနစ်ကို ကောင်းမွန်စွာ integrate ဖြစ်စေပါတယ်။ နောင်စာသင်ရာမှာကော ကိုယ်စိတ်ကျမ်းမာရေးအတွက်ပါ အထူးလိုအပ်ပြီး လူသားဆင့်ကဲ ဖြစ်စဉ်မှာ ရှေးအကျဆုံးအချိန်ကတည်းက ရှိခဲ့တဲ့ စနစ်တွေဖြစ်ပါတယ်။
(၂) Rapid/high Speeds (အရှိန်အဟုန်ပြင်းပြင်း ဆော့ကစားခြင်း)
ထိန်းချုပ်ရခက်တဲ့ အရှိန်တစ်ခုနဲ့ လှုပ်ရှားရတဲ့အခါ ကလေးတွေ ရင်ခုန်စိတ်လှုပ်ရှားမှုကို ခံစားရပါတယ်။
ဥပမာ - စက်ဘီး အရှိန်ပြင်းပြင်းစီးခြင်း၊ လျှော (Slide) အမြင့်ကြီးကနေ ဆင်းခြင်း၊ ဒန်းအမြင့်ကြီး စီးခြင်း သို့မဟုတ် ကုန်းဆင်းအတိုင်း အရှိန်နဲ့ ပြေးဆင်းခြင်း၊ လှိမ့်ချခြင်း။ ဘောလုံးကန်တမ်း၊ စိန်ပြေးတမ်း၊ထုတ်စီးထိုးတမ်း ကစားရာမှာလဲ သိသာစွာမြင်နိုင်ပါတယ်။
ရလဒ် - အမြန်နှုန်းနဲ့ ခန္ဓာကိုယ် ဟန်ချက်ညီမှုကို ထိန်းညှိတတ်လာပါတယ်။ အထက်ကလိုပဲ vestibular နဲ့ proprioception ကိုယ်တွင်းအာရုံခံစနစ်တွေကို အထူးအထောက်အပံ့ပေးတဲ့နည်းတွေဖြစ်ပါတယ်။
(၃) Dangerous Tools (အန္တရာယ်ရှိနိုင်သော ကိရိယာများကို အသုံးပြုခြင်း)
လူကြီးတွေ သုံးတဲ့ ပစ္စည်းတွေကို စနစ်တကျနဲ့ ကိုင်တွယ်အသုံးပြုတတ်အောင် သင်ယူခြင်းဖြစ်ပါတယ်။
ဥပမာ - ဓား၊ လွှ၊ ပုဆိန် သို့မဟုတ် တူ စတာတွေကို လူကြီးရဲ့ စနစ်တကျကြီးကြပ်မှုအောက်မှာ အသုံးပြုပြီး ကစားစရာလေးများ ဖန်တီးခြင်း၊ ထင်း သို့ ဥယာဉ်စိုက်ပျိုးရာတွင် လက်တွေ့အသုံးချနိုင်သော အရာများ ဖြတ်တောက်ခြင်း။
ရလဒ် - အာရုံစူးစိုက်မှု ပူးပေါင်းနိုင်မှုအားကောင်းလာပြီး တာဝန်ယူလိုစိတ် ရှိလာပါတယ်။ ညွှန်ကြားချက်ကို စနစ်တကျလိုက်နာနိုင်စွမ်းမြင့်မားလာပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ဖန်တီးလုပ်ဆောင်တာမို့ အဓိပ္ပာယ်ပြည့်ဝမှုကိုပါ ခံစားရစေပါတယ်။ Self-awareness မိမိကိုယ်ကို သိမြင်မှုအားကောင်းလာစေပါတယ်။
(၄) Dangerous Elements (သဘာဝဘေးအန္တရာယ်ရှိနိုင်သော အရာများအနီး ဆော့ကစားခြင်း)
သဘာဝတရားရဲ့ စွမ်းအင်တွေကို ထိတွေ့ပြီး ဘေးကင်းအောင် ဘယ်လိုနေရမလဲဆိုတာကို သိရှိလာစေပါတယ်။
ဥပမာ - မီးပုံပွဲဘေးတွင် ဆော့ကစားခြင်း၊ မီးကို အသုံးပြု၍ အတူတကွချက်ပြုတ်စားသောက်ခြင်း၊ ရေကန်၊ မြစ်ချောင်း သို့မဟုတ် ပင်လယ်ဒီရေလှိုင်းများအနီးတွင် ကစားခြင်း။
ရလဒ် - သဘာဝတရားရဲ့ စွမ်းအင်ကို နားလည်ပြီး စနစ်တကျ အသုံးချနိုင်လာတဲ့အပြင်၊ တွဲပါလာတဲ့ အန္တရာယ်ကို သတိပြုမိလာပြီး မိမိကိုယ်ကို ဘေးကင်းအောင် ကာကွယ်တတ်လာပါတယ်။ လေးစားမှုအခြေခံတဲ့စိတ်နဲ့ ကိုင်တွယ်အသုံးချတတ်လာပါတယ်။
(၅) Rough and Tumble (အကြမ်းပတမ်း လုံးထွေးသတ်ပုတ် ကစားခြင်း)
ဒါဟာ ရန်ဖြစ်တာမဟုတ်ဘဲ ကလေးအချင်းချင်း ရင်းနှီးမှုနဲ့ ခန္ဓာကိုယ်အင်အားကို စမ်းသပ်တဲ့ ပျော်စရာကစားနည်း ဖြစ်ပါတယ်။
ဥပမာ - တစ်ယောက်နဲ့တစ်ယောက် လုံးထွေးသတ်ပုတ်ခြင်း၊ နပန်းလုံးခြင်း၊ ထင်းချောင်း အတိုအစတွေနဲ့ ဓားခုတ်တမ်းကစားခြင်း။
ရလဒ် - ကိုယ်ချင်းစာစိတ် (Empathy) တိုးလာပြီး သူတစ်ပါး မနာကျင်အောင် မိမိရဲ့ တွန်းအား၊ ရိုက်အားကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိရှိသွားပါစေတယ်။ ဒါကိုဘေးကနေ ကြည့်ရှု့အထောက်အပံ့ပေးတဲ့ လူကြီးအနေနဲ့ လိမ္မာပါးနပ်ဖို့ အများကြီးလိုပါတယ်။ ပျော်ရွှင်စွာလုံးထွေးကစားခြင်း Play Fight ကနေ တစ်ယောက်တစ်ယောက်နာကျင်စေတဲ့ Real fight အဆင့်ဆီကူးပြောင်းသွားတတ်တာကို
စောင့်ကြည့်ထိန်းညှိပေးရတာ ခက်တာကြောင့်ပါ။
(၆) Disappear / Get Lost (မျက်ခြေပျက်ခြင်း သို့မဟုတ် ပုန်းလျှိုးကစားခြင်း)
လူကြီးတွေရဲ့ အမြဲတမ်း စောင့်ကြည့်နေတဲ့ မျက်စိအောက်ကနေ ခဏတာ ကွယ်ပျောက်ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ခံစားရခြင်း ဖြစ်ပါတယ်။
ဥပမာ - တူပုန်းတမ်းကစားခြင်း၊ တောအုပ် သို့မဟုတ် ခြုံပုတ်ထဲတွင် တစ်ယောက်တည်း စူးစမ်းလေ့လာခြင်း၊ လမ်းကြောင်းအသစ်များကို လိုက်ရှာခြင်း။
ရလဒ် - လွတ်လပ်မှုကို ခံစားရပြီး လမ်းကြောင်းရှာဖွေနိုင်စွမ်းနဲ့ Spatial Awareness ရရှိစေပါတယ်။
💡 အဓိက ပြောချင်တာကတော့ Risky Play ဆိုတာ ကလေးတွေကို ထိခိုက်ဒဏ်ရာရအောင် ပစ်ထားတာမျိုး မဟုတ်ပါဘူး။ အန္တရာယ် (Hazard) နဲ့ စွန့်စားမှု (Risk) ကို ခွဲခြားပြီး၊ ကလေးတွေရဲ့ အရည်အချင်းနဲ့ အသက်အရွယ်အလိုက် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်အောင် ဘေးကနေ ပံ့ပိုးကူညီပေးခြင်းသာ ဖြစ်ပါတယ်။
တုံးတိုက်တိုက် ကျားကိုက်ကိုက် ကမူးရှူးထိုးဖြစ်ခြင်းကို လုံးဝအားမပေးပဲ ပတ်ဝန်းကျင်မှာ တွေ့ရှိရင်ဆိုင်ရမဲ့ အန္တရာယ်တွေကို ချင့်ချိန်တွက်စတဲ့စွမ်းရည်ကို လက်တွေ့ကျကျပျိုးထောင်ပံ့ပိုးပေးခြင်းဖြစ်ပါတယ်။ ဒါကို Controlled risk / Calculated risk ယူခြင်းလို့လဲခေါ်ဆိုနိုင်ပါတယ်။
📚 ကိုးကား
Sandseter, E. B. H. (2007). Categorising risky play—how can we identify risky play in children’s play environment?
Sandseter, E. B. H. (2009). Children’s expressions of exhilaration and fear in risky play.
ရပ်ကွက်ထဲ ပထမဆုံး လမ်းလျှောက်ထွက်ဖြစ်ကြတဲ့ အပတ်မှာ စီးဆင်းနေတဲ့ ရေမြောင်းလေးတွေ့တာနဲ့ ကျောင်းမှာ ကတ်ထူပြားလေးတွေပြန်ယူပြီး လှေလွှတ်ကြတာပေါ့
လွှတ်မယ်လို့ပြင်တုန်း ၂ယောက်လောက်က
လှေပေါ်တက်စီးမယ်ကြံနေလို့ မြက်ပင်လေးပဲ စီးပါစေဆိုပြီး
မြက်ပင်လေးတွေ လှေထဲညှပ်ပြီး ဖြောင်းဖျရတဲ့ အခိုက်အတန့်
လှေမစီးရသော်လဲ အားကြိုးမာန်တက် မျှောချသွားတဲ့ လှေကလေးတွေကို လိုက်ပြေးကြည့်ရင်း
ပျော်ကြတာတအား
14/06/2026
"To love a garden during the monsoon is to understand that growth is often messy, loud, and entirely unstoppable." ☔️
မိုးတွင်းမှာ အလေ့ကျ ပေါက်တဲ့ ခြုံနွယ်နဲ့ ပိန်းပင်တွေ ကျောင်းဝန်းထဲမှာ အပြိုင်းအရိုင်းတွေ့ရသလို အကြည်ဓာတ်ပေးတဲ့
ပန်းလေးတွေကလဲ အပြိုင်အဆိုင်
11/06/2026
🌳🌳 International Day Of Play 🌳🌳
"The best classroom and the richest cupboard is roofed only by the sky."
— Margaret McMillan, Pioneer of the Open-Air Nursery School Movement
🔴 Protect Play, Protect Childhood