STAJ Japanese Language Center

STAJ Japanese Language Center 🇯🇵 Learn Japanese from Zero to Job
🎌 Tokutei Ginou Training
🎤 Interview Preparation
✈️ Your Path to Work in Japan

ဂျပန်စာသင်တန်းအတွက် Management Support Team ဝန်ထမ်းခေါ်ယူခြင်းManagement Support Team အတွက် ဝန်ထမ်းအသစ် (၃) ဦး ခေါ်ယူနေပ...
21/08/2026

ဂျပန်စာသင်တန်းအတွက် Management Support Team ဝန်ထမ်းခေါ်ယူခြင်း

Management Support Team အတွက် ဝန်ထမ်းအသစ် (၃) ဦး ခေါ်ယူနေပါသည်။
အဖွဲ့အစည်းနှင့်အတူ ရေရှည်တိုးတက်လုပ်ကိုင်လိုသူများ လျှောက်ထားနိုင်ပါသည်။

① TEAM LEADER

လိုအပ်ချက်များ

- အသက် ၂၅ နှစ်နှင့်အထက်
- ဂျပန်စာ N2 နှင့်အထက်
- Team ကို ထိရောက်စွာ ဦးဆောင်နိုင်သူ
- ဂျပန်သူဌေး/ဂျပန်ဝန်ထမ်းများနှင့် တိုက်ရိုက်ဆက်သွယ်၍ အလုပ်လုပ်နိုင်သူ
- Team ၏ လိုအပ်ချက်များကို ခွဲခြမ်းစိတ်ဖြာပြီး ဦးစားပေးအစီအစဉ်ချမှတ်နိုင်သူ
- အလုပ်တာဝန်များကို စနစ်တကျ ခွဲဝေပေးပြီး Follow-up ပြုလုပ်နိုင်သူ
- ပြဿနာများကို ကိုယ်တိုင်စဉ်းစားဖြေရှင်းနိုင်သူ
- ဆက်သွယ်ပြောဆိုမှုကောင်းမွန်ပြီး တာဝန်ယူမှုရှိသူ
- Report / Record များကို စနစ်တကျ ပြုလုပ်နိုင်သူ
- Computer / Office Application များ အသုံးပြုနိုင်သူ
- အလုပ်ကို အချိန်မီပြီးစီးအောင် စီမံခန့်ခွဲနိုင်သူ
- Teamwork နှင့် Leadership Skill ကောင်းမွန်သူ

💰 လစာ - ၁၀ သိန်းနှင့်အထက်
(အတွေ့အကြုံနှင့် အရည်အချင်းပေါ်မူတည်၍ ညှိနှိုင်းနိုင်ပါသည်။)

② MANAGEMENT SUPPORT STAFF

လိုအပ်ချက်များ

- ဂျပန်စာ N4 နှင့်အထက်
- Teamwork ဖြင့် သွက်သွက်လက်လက် အလုပ်လုပ်နိုင်သူ
- တာဝန်ယူမှုရှိပြီး အလုပ်ကို အချိန်မီပြီးစီးအောင် လုပ်ဆောင်နိုင်သူ
- အသစ်အဆန်းများကို လေ့လာသင်ယူလိုစိတ်ရှိသူ
- ဆက်သွယ်ပြောဆိုမှုကောင်းမွန်သူ
- လိုအပ်သည့်အလုပ်များကို တက်ကြွစွာ ကူညီလုပ်ဆောင်နိုင်သူ
- Computer / Office Application အခြေခံအသုံးပြုနိုင်သူ ဖြစ်ပါက ပိုမိုကောင်းမွန်ပါသည်။
- Management Team နှင့် ပူးပေါင်း၍ အလုပ်တာဝန်များကို ဆောင်ရွက်နိုင်သူ

💰 လစာ - ၅ သိန်း(ညှိနှိုင်း)
(အတွေ့အကြုံနှင့် ဂျပန်စာအရည်အချင်းပေါ်မူတည်၍ မျှော်မှန်းလစာ ဖြည့်စွက်လျှောက်ထားနိုင်ပါသည်။)

③ လျှပ်စစ်နှင့် အဆောက်အဦး ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်း (ကျား)

တာဝန်များ

- ကျောင်းဝန်းအတွင်းရှိ လျှပ်စစ်နှင့်ပတ်သက်သော ပစ္စည်းများ၊ စနစ်များကို စစ်ဆေးခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း
- လျှပ်စစ်ပစ္စည်းများ၏ ချို့ယွင်းမှုများကို စစ်ဆေးပြီး လိုအပ်ပါက ပြုပြင်နိုင်ခြင်း
- Management Support Team ၏ လိုအပ်သည့်လုပ်ငန်းများတွင် ပူးပေါင်းကူညီပေးခြင်း
- အဆောက်အဦးအတွင်းရှိ အသေးစားပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခြင်း
- လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးပစ္စည်းများကို စစ်ဆေးပြီး တင်ပြနိုင်ခြင်း
- လုပ်ငန်းခွင် လုံခြုံရေးစည်းကမ်းများကို လိုက်နာနိုင်ခြင်း

လိုအပ်ချက်များ

- လျှပ်စစ်နှင့်ပတ်သက်သော အခြေခံဗဟုသုတနှင့် လက်တွေ့အတွေ့အကြုံရှိသူ
- ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နိုင်သူ
- ကိုယ်တိုင်စဉ်းစားပြီး ပြဿနာဖြေရှင်းနိုင်သူ
- ဂျပန်စာမရလည်း လျှောက်ထားနိုင်ပါသည်။
- ဂျပန်စာတတ်မြောက်ပါက လစာညှိနှိုင်းနိုင်ပါသည်။

💰 လစာ - ၅ သိန်း (ညှိနှိုင်း)

📌 စိတ်ဝင်စားပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအနေဖြင့် CV ပေးပို့လျှောက်ထားနိုင်ပါသည်။

“အလုပ်တစ်ခုရှာနေတာထက် ကိုယ့်အရည်အချင်းကို တိုးတက်စေမယ့် Team တစ်ခုနဲ့အတူ ကြီးထွားချင်သူများကို စောင့်မျှော်နေပါတယ်။”

📩 CV ပေးပို့ရန် — [09759779733 Viber]
📞 ဆက်သွယ်ရန် — [09759779733]


19/08/2026

ပြောမှ တတ်မယ်! တတ်မှ ပြောရဲမယ်! 💡🇯🇵

စာအုပ်ထဲက စကားလုံးတွေကို အပြင်မှာ တကယ် အသက်သွင်းကြမယ့် ကျွန်တော်တို့ရဲ့ Kaiwa Class မှ ကြိုဆိုပါတယ်! ✨

အသံထွက် မှားမှာ မကြောက်နဲ့၊ စကားမပြောရဲတာတွေကို ဒီမှာတင် လွှင့်ပစ်လိုက်တော့...
✨ သူငယ်ချင်းတွေနဲ့ အပြန်အလှန် ပျော်ပျော်ပါးပါး ပြောမယ်
✨ ဆရာ/မ နဲ့ တိုက်ရိုက် လေ့ကျင့်မယ်
✨ အတန်းရှေ့ထွက်ပြီး Spotlights အောက်မှာ Confident ပြည့်ပြည့်နဲ့ ရဲရဲဝံ့ဝံ့ စကားပြောမယ် 💯

အတန်းထဲက တက်ကြွတဲ့ Vibe၊ ပျော်ရွှင်စရာ သင်ယူမှုဝန်းကျင်နဲ့ အပြိုင်အဆိုင် လေ့ကျင့်မှုတွေက သင့်ရဲ့ Speaking Confidence ကို 100% မြှင့်တင်ပေးမှာ သေချာပါတယ်။ 🚀

ဂျပန်စာကို စာမေးပွဲအတွက်တင် မဟုတ်ဘဲ တကယ် ကျွမ်းကျွမ်းကျင်ကျင် ပြောချင်သူတွေအတွက် သီးသန့် ပြင်ဆင်ပေးထားတဲ့ အတန်းမလို့...

📥 Page Messenger ကနေ အခုပဲ အတန်းစုံစမ်း အပ်နှံလိုက်ပါဗျာ။
(နေရာအကန့်အသတ်ရှိလို့ ဦးသူ ဦးစနစ်နဲ့ လက်ခံပေးနေပါတယ်နော်! 🏃‍♂️💨)

ဂျပန်စာလေ့လာနေသူများအတွက် ဟင်းသီးဟင်းရွက်ဝေါဟာရများ 🥦✨နောက်ထပ် ဝေါဟာရအသစ်တွေကိုလည်း ဆက်တိုက်မျှဝေပေးသွားမှာမို့ Page ကို...
19/08/2026

ဂျပန်စာလေ့လာနေသူများအတွက် ဟင်းသီးဟင်းရွက်ဝေါဟာရများ 🥦✨

နောက်ထပ် ဝေါဟာရအသစ်တွေကိုလည်း ဆက်တိုက်မျှဝေပေးသွားမှာမို့ Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။


#ဂျပန်စာသင်ယူကြမယ်

ဘဝမှာ ဘယ်လိုအခက်အခဲတွေပဲ ကြုံလာပါစေ၊ ကိုယ့်ရဲ့မူလစစ်မှန်တဲ့ စိတ်ရင်းကို မပျောက်ကွယ်စေဘဲ ပျော်ရွှင်မှုနဲ့အတူ ရပ်တည်နေဖို့...
18/08/2026

ဘဝမှာ ဘယ်လိုအခက်အခဲတွေပဲ ကြုံလာပါစေ၊ ကိုယ့်ရဲ့မူလစစ်မှန်တဲ့ စိတ်ရင်းကို မပျောက်ကွယ်စေဘဲ ပျော်ရွှင်မှုနဲ့အတူ ရပ်တည်နေဖို့ သတိပေးနေတဲ့ အတိုကောက်စာသားလေး ဖြစ်ပါတယ်။
ဖတ်ပြီး လေ့လာကြည့်ကြရအောင်......🦾🦾🦾

ဘဝဆိုတာ အမြဲတမ်း စိတ်တိုင်းကျ ဖြစ်နေမှာ မဟုတ်ပါဘူး။ တချို့အရာတွေက ကိုယ်ပိုင်င်္ခခွဲနိုင်စွမ်း အလွန်အကျွံ မရှိဘဲ သူ့အလိုလို ဖြစ်လာတတ်ပါတယ်။ မပြောင်းလဲနိုင်တဲ့ အခြေအနေတွေအတွက် အရမ်းကြီး စိုးရိမ်ပူပန်မနေဘဲ၊ လက်ရှိအချိန်ကို လက်ခံကာ အကောင်းမြင်စိတ်နဲ့ ရှေ့ဆက်သွားဖို့ လိုပါတယ်။
အမှန်တကယ် ငြိမ်းချမ်းမှုဆိုတာက လက်ရှိပစ္စုပ္ပန်ကို တန်ဖိုးထားလက်ခံပြီး ခရီးစဉ်ကို ယုံကြည်လိုက်တဲ့ အချိန်မှာ စတင်လာပါလိမ့်မယ်။


15/08/2026

🇯🇵✨ STAJ ကနေ ဂျပန်ရောက်သွားတဲ့ ကျောင်းသူလေးတွေရဲ့ Life Update 💕

အလုပ်လုပ်နေကြပြီး
ဂျပန်ရဲ့ နေ့စဉ်ဘဝလေးတွေကို ကိုယ်တိုင်ဖြတ်သန်းနေကြပြီ 🇯🇵

တစ်ချိန်က “ဂျပန်ကိုသွားချင်တယ်” ဆိုတဲ့အိပ်မက်က
အခုတော့ တကယ်ဖြစ်လာပါပြီ 🥹✨

Dream → Plan → Japan 🇯🇵

STAJ နဲ့အတူ စတင်ခဲ့တဲ့ ခရီးလမ်းလေးတွေကို
ဒီလိုမြင်ရတာ ဆရာ/ဆရာမတွေအတွက်လည်း ဝမ်းသာစရာပါပဲ 🤍

14/08/2026

"သေးငယ်တဲ့ ကြွက်ကလေးတစ်ကောင်က သစ်တောဘုရင် ခြင်္သေ့ကြီးကို ဘယ်လိုများ ကယ်တင်ခဲ့တာလဲ? 🐭🦁

လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိကြတာမို့ ဘယ်သူ့ကိုမှ လျှော့တွက်လို့မရပါဘူး။
အင်အားကြီးမားတဲ့ ခြင်္သေ့ကြီးနဲ့ သေးငယ်ပေမဲ့ သစ္စာရှိတဲ့ ကြွက်ကလေးတို့ရဲ့ ချစ်စရာကောင်းပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ "ခြင်္သေ့နှင့် ကြွက်ကလေး" ပုံပြင်လေးကို ကြည့်ရှုခံစားလိုက်ပါ။ ❤️✨

#ခြင်္သေ့နှင့်ကြွက်ကလေး #ပုံပြင် "

မိနစံ JLPT results ထွက်ဖို့ 10 ရက်ပဲလိုပါတော့တယ်🙂‍↔️✨မေ့နေကြမှာစိုးလို့ပါ ✨ အားလုံးပဲ အောင်ကြပါစေ လို့ဆုတောင်းပေးပါတယ်နေ...
13/08/2026

မိနစံ JLPT results ထွက်ဖို့ 10 ရက်ပဲလိုပါတော့တယ်🙂‍↔️✨
မေ့နေကြမှာစိုးလို့ပါ ✨

အားလုံးပဲ အောင်ကြပါစေ လို့ဆုတောင်းပေးပါတယ်နော်❤️

12/08/2026

Kanji တွေ မှတ်ရခက်လို့ ခေါင်းကိုက်နေပါသလား? 🤯
ငြီးငွေ့စရာမလိုဘေး လွယ်လွယ်ကူကူ မှတ်မိစေမယ့် နည်းလမ်း ရှိပါတယ်။

N5 Class မှ သင်တန်းသား/သူလေးတွေရဲ့ Kanji Flash Card Game Activity လေးပဲ ဖြစ်ပါတယ်! 🃏⚡

တစ်ယောက်ချင်း စာကျက်တာထက် သူငယ်ချင်းတွေနဲ့ အသင်းလိုက် Teamwork နဲ့ ကစားရင်း၊ အပြိုင်အဆိုင် ဂိမ်းဆော့ရင်း သင်ယူရတာမို့လို့ စာသင်ချိန် ကုန်သွားတာပင် မသိလိုက်ရပါဘူး။

✨ ငြီးငွေ့စရာမရှိတဲ့ Class Environment
✨ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်တဲ့ Teamwork Skill
✨ စွဲမြဲသွားမယ့် Kanji Flash Cards နည်းလမ်း

အတန်းထဲမှာ စာကျက်ရတာ ဒီလောက် ပျော်ဖို့ကောင်းနေမှတော့... Kanji ဆိုတာ N5 ကလေးတွေအတွက် မခက်တော့ပါဘူး 😉

"ဂျပန်စာ သင်ရတာ ဒီလောက် ပျော်ဖို့ကောင်းမှန်း သိရင် စောစောတက်ပါတယ်" လို့ ပြောရတဲ့အထိ ဖြစ်စေရမယ်!

“ဗိုက်ဆာတာ၊ စိတ်လှုပ်ရှားတာ၊ ပျော်တာ… ဂျပန်လို ဘယ်လိုပြောမလဲ? 🇯🇵✨”ဂျပန်လူမျိုးတွေ နေ့စဉ်စကားပြောတဲ့အခါ မကြာခဏသုံးတဲ့ 擬態語...
12/08/2026

“ဗိုက်ဆာတာ၊ စိတ်လှုပ်ရှားတာ၊ ပျော်တာ… ဂျပန်လို ဘယ်လိုပြောမလဲ? 🇯🇵✨”

ဂျပန်လူမျိုးတွေ နေ့စဉ်စကားပြောတဲ့အခါ မကြာခဏသုံးတဲ့ 擬態語(ぎたいご) / အသံအမူအရာဖော်ပြတဲ့ စကားလုံးလေးတွေ ကို ဒီနေ့ လေ့လာကြမယ် 💗

🍚 ぺこぺこ (pekopeko)
👉 ဗိုက်အရမ်းဆာနေတဲ့အချိန်

お腹がぺこぺこです。
ဗိုက်အရမ်းဆာနေတယ်။

💓 ドキドキ (dokidoki)
👉 စိတ်လှုပ်ရှားပြီး ရင်ခုန်နေတဲ့အချိန်

心臓がドキドキします。
ရင်တွေ တဒိတ်ဒိတ်ခုန်နေတယ်။

✨ ワクワク (wakuwaku)
👉 မျှော်လင့်စောင့်စားရင်း စိတ်လှုပ်ရှားပျော်ရွှင်နေတဲ့အချိန်

明日の旅行がワクワクします。
မနက်ဖြန်ခရီးအတွက် အရမ်းစိတ်လှုပ်ရှားနေတယ်။

💎 キラキラ (kirakira)
👉 တောက်ပတောက်ပ / ဝင်းလက်လက်

星がキラキラしています。
ကြယ်တွေ တောက်ပနေတယ်။

😊 ニコニコ (nikoniko)
👉 ပြုံးပြုံးရွှင်ရွှင် ဖြစ်နေတဲ့ပုံစံ

彼女はニコニコしています。
သူမက ပြုံးပြုံးရွှင်ရွှင် ဖြစ်နေတယ်။

😤 イライラ (iraira)
👉 စိတ်တို၊ စိတ်ရှုပ်နေတဲ့အချိန်

仕事が多くてイライラします。
အလုပ်တွေများလို့ စိတ်ရှုပ်တယ်။

🗣️ ペラペラ (perapera)
👉 ဘာသာစကားကို သွက်သွက်လက်လက် ပြောနိုင်တဲ့အခြေအနေ

日本語がペラペラです。
ဂျပန်စကားကို သွက်သွက်လက်လက် ပြောနိုင်တယ်။

😴 グッスリ (gussuri)
👉 နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အခြေအနေ

昨日、グッスリ寝ました。
မနေ့က နှစ်နှစ်ခြိုက်ခြိုက် အိပ်ခဲ့တယ်။

😌 ゴロゴロ (gorogoro)
👉 ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး လှဲနေတဲ့အခြေအနေ

今日は家でゴロゴロしています。
ဒီနေ့ အိမ်မှာ ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး နေနေတယ်။



Address

No(1/B), U Sein Maung Street, 7 Miles
Yangon

Website

Alerts

Be the first to know and let us send you an email when STAJ Japanese Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share