USA and Singapore Education Service

USA and Singapore Education Service

Share

စင်ကာပူမှာ ကျောင်ထားကျောင်းတတ်ဖို့အတွက်ပါ

Photos from USA and Singapore Education Service's post 22/08/2023

အက်မင်တယောက်ပြည်နယ်မပြောင်းခင် အိမ်နားက ပန်းခြံထဲ လေကောင်းလေသန့်လာရှူတာ။

ကလေးတွေအတွက် သဘာဝတရားကြီးနဲ့ထိတွေ့ခွင့်ရရုံမက ကစားကွင်းထဲလွတ်လပ်စွာဆော့ကစားလို့လဲရတယ်။

မေမေ သို့ ဖေဖေ ကျောင်းတတ်မယ် ကျောင်းတတ်ဖို့ စျေးအသက်သာဆုံးတတ်ခွင့်ရစေဖို့ အခွင့်အရေးတွေလဲရစေမယ် သားသားမီးမီးနဲ့ မိမိအိမ်ထောင်ဖက်လဲ တခါတည်းခေါ်လာချင်တာဆို အခုဘဲ စျေးအသင့်ဆုံးနဲ့ service ယူလိုက်ပါ၊ service fees ကလဲ $$$ ရာဂဏန်းျလးဘဲ ကျသင့်မယ် ဒါပေမယ့် ယုံကြည်စိတ်ချမှ လာပါနော်။

သားသားမီးမီးလဲ ကျောင်းအလကားတတ်ရမယ် မနက်စာနေ့လည်စာပါ ကျွေးမှာနော်။

20/08/2023

အက်မင်တယောက် ပြည်နယ်ပြောင်း ကျောင်းပြောင်းနဲ့ အလုပ်ရှုပ်နေလို့ ရှေ့လလောက်ကျရင် student visa နဲ့ စျေးသက်သက်သာသာ တတ်လို့ရမယ့်နည်းလမ်းမျှဝေပေးပါမယ်။

မိမိတတ်လိုတဲ့ ဘာသာရပ် နေချင်တဲ့ပြည်နယ်ကို အရင်ရွေးပါ ဒါဆိုကျောင်းရှာရလွယ်ပါတယ်

08/08/2023

အက်မင်တယောက် jet lag ဖြစ်နေလို့ ခုမှ update တင်နိုင်တော့တယ်။

SG to WDC ကိုလမ်းမှာ transit ၂ ခါလုပ်ရတော့ လူလဲ ဂူဂူဂါဂါနဲ့ရောက်လာခဲ့ပြီ။

ပထမ ticket ဝယ်တုန်းက check through မဟုတ်ပေမယ့် စလုံးလေဆိပ်က SG to WDC ထိ check through လုပ်ပေးတော့ လူအတော်သက်သာခဲ့တယ်ပြောရမယ်။

ဒါပေမယ့် transit ကြာချိန်ကိုသတိထားဖို့ သင်ခန်းစာရလိုက်တယ်။ KL transit မှာ နားချိန်က မိနစ် ၄၀ လောက်ဘဲရှိတယ် flight delay ဖြစ်ပြီး KL ရောက်ချိန်မှာ အချိန်မလောက်လို့ hand carry အိတ်တွေနဲ့ ပြေးကြရတာ ချွေးသီးချွေးပေါက်ကျလို့။ အထုတ်ရွေးပြီး ပြန် check in လုပ်ဆိုရင် မတွေးဝံ့ဘူး။ layover time နဲနဲကြာတာကောင်းတယ်။

KL ပြီး နောက်တခု transit မှာတော့ layover အချိန်ကြာလို့ အေးဆေးလမ်းလျောက် အထဲမှာလည်ပတ်ချိန်ရပေမယ့်လဲ လူကအတော်ပင်ပန်းနေကြလို့ boarding gate မှာတင်ထိုင်စောင့်နေတော့တယ်။

ပထမ လေယာဉ် ၁:၃၀ မိနစ်
ဒုတိယ လေယာဉ် ၇ နာရီ
နောက်ဆုံးလေယာဉ် ၁၄ နာရီကြာစီးပြီး ကြာချိန် ၂၈ အပြီးမှာ WDC ကိုရောက်လာခဲ့ပါပြီ။

လေကြောင်းလိုင်းတွေကလဲ အစားအသောက် ဝအောင်ကျွေးပါတယ် မစားနိုင်လို့ ပေါင်မုန့်တွေဆို သယ်လာခဲ့တယ်။

Check through ဖြစ်လို့ လမ်းမှာ immigration ဖြတ်စရာမလိုခဲ့ပါဘူး။ သူတို့အခေါ် connection ဆိုတဲ့အတိုင်း transit အတွက်လမ်းကြောင်းအတိုင်းသာလာခဲ့ရုံပါ။

Boarding pass ထဲက flight number ကိုတော့ တီဗီဖန်သားပြင်ပေါ် အမြဲစစ်ရတာပေါ့။ ဒါမှ သွားရမယ့်ဂိတ်သိမှာလေ။

ဒီလိုနဲ့ အဆင့်ဆင့်လာပြီ WDC လေဆိပ်ရောက်တော့immigration ဆီသွားဖို့အခန်းတခုထဲ ခနစောင့် ကားစီး immigration ဝင်ရပါတော့မယ်။

Immigration ဝင်ရင် ပတ်စပို့်, I20, forms တွေ hard copy ဆောင်ထားပါ သူတို့က soft copy မရဘူး hard copy ဘဲပြပါတဲ့လေ။

ပြီးရင်တော့ ပိုက်ဆံဘယ်လောက်ပါလဲ (၁ သောင်းမကျော်ပါစေနဲ့) ဘာအစားအစာပါလဲ သားငါး အရက် ဆေးလိပ်ပါလားမေးပါလိမ့်မယ် နိုး ချည်းဖြေပါ။

အိုကေ ရပြီဆို အထုတ်ရွေးတဲ့ နေရာသွား လှည်းတစီး $၆ နဲ့ငှါးရပါတယ် စလုံးနဲ့ KL မှာ လှည်းတွေပေါပေမယ့် တခြား transit နေရာတွေမှာ မတွေ့မိဘူး 🥲။

$၆ နဲ့ငှါးပြီးရင် အထုတ်တင် ထွက်လာရုံပါဘဲ။

ဘတ်ဂျက်အရမို့ ခနခနပြောင်းစီးရပေမယ့် လူက ၄/၅ ရက် recovery ယူနေရတယ် 😅။

ကဲ Jan 2024 intake တတ်မယ်ဆို ခုတည်းကလျောက်ဖို့ ဆက်သွယ်ပါတော့ 😃😃

01/08/2023

အက်မင်တို့ တင်တာဘာများ သူများစီးပွါးထိခိုက်လို့ပါလဲ ဘာလို့ report ထုတာပါလဲ။

27/07/2023

ယူအက် အလည် ကျောင်းသား ဗီဇာတွေစလုံးမှာ ရာနှုန်းပြည့်လောက်ရနေကြလို့ အမြန်လျောက်ကြပါတော့

26/07/2023

USA မှာအခြေချချင်တယ်၊ ကျောင်းတတ် အလုပ်လုပ် Green card ရတဲ့ထိ ကြိုးစားချင်တယ်ဆိုရင် အခု link မှာ high demand jobs တွေပြထားပါတယ်

https://undp.org.ng/top-15-jobs-with-good-pay-in-usa-for-foreigners/

26/07/2023

အက်မင်တို့က ကျောင်းရှာ ကျောင်းလျောက်လုပ်ပေးပါတယ်။ ဗီဇာကိုတော့ ၁၀၀% success rate ရှိတဲ့ agent နဲ့ဆက်ပေးပါမယ်။

25/07/2023

စလုံးကနေ အမေရိကန်သွားပြီး မိသားစုလိုက် အခြေချချင်တယ်ဆို အမြန်အကောင်အထည်ဖော်ဖို့ဆက်သွယ်နိုင်ပါတယ်။
အက်မင်ကိုယ်တိုင် လှုပ်ရှားခဲ့သူမို့ သေချာလမ်းညွှန်နိုင်ပါတယ်။

ယုံကြည့်စိတ်ချမှ လာခဲ့ပါနော် သင့်တော်တဲ့ ဝန်ဆောင်ခနဲ့ စိတ်ချမ်းသာမှုရဖို့ အာမခံပါတယ်

25/07/2023

Credit post
အမေရိကန်မှာ ကျောင်းတတ်မယ်ဆို ဆက်သွယ်လိုက်ပါ

ကျမ professional နဲ့သက်ဆိုင်တဲ့ ကျောင်းဆက်တတ်ပြီး further study လုပ်ဖို့ ၃နိုင်ငံလောက် research လုပ်ပါတယ်။ ကျောင်းစာရိတ် course duration, work opportunities and residence status after study, ကလေးပါကျောင်းတတ်ရဖို့အခွင့်အရေးစတာတွေပါ လေ့လာရပါတယ်။ အေးဂျင့်တွေနဲ့စကားပြောသလို ကိုယ်တိုင်လဲ အားချိန်တိုင်းလေ့လာပါတယ်။

ကနေဒါမှာ ဝင်ခွင့် ၃ ကြိမ်ရပါတယ် reject လုပ်လိုက်ပါတယ် အဓိကကတော့ ကျောင်းလခကြိုသွင်းရမယ်ဆိုလို့ပါ။

နောက်တော့ အမေရိကားပညာရေး immigration matters, child education paths စတာတွေလေ့လာပါတယ်။ အဲနောက်တော့ US ဘဲတစိုက်မက်မက်
လုပ်ဖြစ်ပါတယ်။ agent တွေနဲ့ကျောင်းရှာဖို့ အစအဆုံးလုပ်ဖို့
ကြိုးစားပါသေးတယ်။ ကျမနှမြောမိတာနဲ့ ကိုယ်တိုင်စကြည့်ပါတယ်။
(သေချာရှင်းပြပေးတဲ့ agent တွေလဲ
ကျေးဇူးတင်ပါတယ်)

ကျမရဲ့ လက်ရှိအလုပ်နဲ့သက်ဆိုင်မယ့်ကျောင်းကို Google လုပ်ပါတယ်။ ကြိုက်တဲ့ကျောင်းကို email ပို့ပါတယ် တချို့ကျောင်းတွေက responsive ဖြစ်ပေမယ့် တချို့ကျောင်းက အရမ်းကြာပါတယ်။ ဒါကြောင့် response မြန်တဲ့ကျောင်းဘဲဆက်သွယ်ဖြစ်ပါတယ်။ ကျောင်းအတွက် WES evaluation လိုပါတယ် (တခြားကျောင်းတွေတော့မသိပါ)

ပထမတော့ document to document evaluation ဘဲလုပ်မိလို့ credit transfer ရအောင် course to course evaluation ထပ်လုပ်ရပါတယ်။ IELTS, Duolingo စတာတွေမတောင်းပါဘူး (ကျမရဲ့ စလုံးမှာပြီးထားတဲ့ ကျောင်းတွေကြောင့်လားမသိပါဘူး) ဒါကြောင့် expired ဖြစ်နေတဲ့ IELTS ဘဲပြဖြစ်ပါတယ် အဆင်ပြေပါတယ်။

ကျောင်းဝင်ခွင့်ရတာနဲ့ ကျောင်းကို financial statement ပြပြီး I20 ယူပါတယ်။

Visa and Immigration ကိစ္စဖြည့်တော့ ဖြည့်ရင်းစိတ်ရှုပ်လာလို့ agent နဲ့ဘဲ လုပ်ဖြစ်ပါတယ်။ ဒါကြောင့် D160 ဖြည့်တာ I20 အတွက်ဖြည့်တာတွေ သေချာမသိပါဘူး။

ကျမရဲ့ ပတ်စပို့မရ US visit 3 months, visa free နဲ့သွားလို့ရပေမယ့် study အတွက် F1 visa လိုပါတယ် ကလေးက F2 နဲ့လိုက်လို့ရပါတယ်။

မနေ့က ကလေးရော လူကြီးပါ ဗီဇာအောင်ပါတယ် ကလေး အသက်မမှီလေးလို့ အင်တာဗျူးမလိုပါဘူး။

အင်တာဗျူး မေးခွန်း
မေးခွန်း ၄ ခုမေးပါတယ်။

1) Tell me about the course and university that you applied, how did you find out about this?

2) why do you want to go there?

3) How did you get scholarship? Scholarship မဟုတ်ဆိုတော့ who is your financial sponsor?

4) what do your parents do?

Ok, visa is approved.

22/07/2023

ခုချိန်မှာ US ကိုဝင်ဖို့အလွယ်ဆုံးဟာ ကျောင်းသားဗီဇာပါဘဲ။

သင့်တော်ရာကျောင်းတခုခုအမြန်လျောက် ဗီဇာယူ၊ ဗီဇာရပြီးမှ တခြားကျောင်းပြောင်းတာ ပြည်နယ်ပြောင်းတာထိလုပ်လို့ရပါတယ်။

ခုရက်ပိုင်း စလုံးကနေ ဗီဇာအင်တာဗျူးဝင်ကြတာ ၁၀၀% success rate ရှိနေတယ်ပြောရပါမယ်။

ခုချိန်ဟာ အချိန်ကောင်းမို့ ကျောင်းလျောက်မယ် ဗီဇာယူမယ်ဆို အမြန်ဆက်သွယ်လိုက်ပါ။

21/07/2023

ကျမက US ကျောင်းအတွက် consultation လုပ်ပေးပါတယ် စိတ်ဝင်စားတဲ့ကျောင်း ဘာသာရပ်ကို ရှာပြီးလျောက်ပေးပါတယ်။

ဒီညီမလေးကတော့ US visit visa အတွက်လာမေးတော့ visit visa အတွက်လျောက်ဖို့ သင့်တော်ရာညွှန်ပေးပြီး အင်တာဗျူးမေးခွန်းအတွက် အကြံပေးလိုက်ပါတယ်။

၁၉ ရက်နေ့က ဗီဇာရသွားတယ်ဆိုလို ဝမ်းသာမိတယ်။

သင့်တော်ရာကျောင်းကို fair ဖြစ်တဲ့ service fees နဲ့လျောက်ပေးပါတယ်။

14/07/2023

Admin ကတော့ ကျောင်းတတ်ဖို့ ကျောင်းရှာ အိမ်ရှာ visa လျောက်နဲ့ ဒီပေ့ချ်ကို မကြည့်ဖြစ်တာ အတော်ကြာသွားတယ်။ ၆ လပိုင်းက visa ရထားလို့ ရှေ့လကျောင်းသွားတတ်ပါတော့မယ်။ အမေရိကန် အိမ်မက်ရှိရင် မေးပါ အားမနာပါနဲ့ သင့်တင့်သော စျေးနှုန်းနဲ့ ဝန်ဆောင်မှုရစေပါမယ်။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon