PG

PG

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PG, Language school, Yangon.

16/02/2025

စာတွေမလုပ်တာကြာတော့ လုပ်ကိုမလုပ်ချင်တော့ဘူး😭ယောရောဘွန်းတို့ရယ်

15/02/2025

오랜만이야 여러분들 ㅠㅠ

ဒီနေ့ မင်ပေါင် ပြောပြချင်တဲ့ 문법လေးကတော့ “ V+ 고자 하다” လေးပါ အဓိပ္ပာယ်က 으려고/려고 하다 နဲ့ ဆင်ပါတယ်နော်

Note***သူက 발표 presentation. 회의 အစည်းအဝေး
안내 လမ်းညွှန်တဲ့အခါမျိုးမှာဖဲ အသုံးများပါတယ်နော် လက်တွေ့နေ့စဉ်ဘဝတွေမှာတော့ 으려고/려고 하다ကိုအသုံးများပါတယ်နော်

ဒီgrammar ကို သူငယ်ချင်း အချင်းချင်းသုံးရင်တော့ “ဒီကောင် ဘာကောင်လားဟ “ တွေ ဖြစ်ကုန်ပါမယ်နော်🥹

မြန်မာလို” အကြောင်းအရာတစ်ခုခု ဒါမဟုတ် 목적 တစ်ခုခုကို ရှင်းလင်းဖော်ပြချင်တဲ့အခါ” သုံးပါတယ်

Exp 오늘 저는 한국의 문화체험에 대해 발표하고자 합니다.
ဒီနေ့ ကျွန်တော်ကတော့ ကိုရီးယားယဉ်ကျေးမှု အတွေ့အကြုံတွေအကြောင်း presentation တင်ပြသွားပါမယ်/ရှင်းလင်းပြပါမယ်

ကဲ ဒီနေ့ကတော့ ဒီလောက်ပါဖဲရှင်
줄거운 하루 되세요🫶🏻

28/06/2024

ကဲ ယောရောဘွန်းတို့ စျေးဆိုင်သွားရင်

어것하고 저것/ 저것하고 그것 လို့ဖဲအမြဲတမ်းသုံးနေကြတော့မှာလား😞

하고,과/와က အသုံးများကြလိူ့ ဒီနေ့တော့ သူနဲ့အဓိပ္ပာယ်ဆင်တူတဲ့ဟာလေးတစ်ခုပြောပြမယ်နော်

N + 이며/며 မြန်မာလိုဆိုရင်တော့ (နှင့်/နဲ့) (and)သဘောမျိုးပေါ့နော်

한국음식 중에서 뭘 제일 좋아해요?
ကိုရီးယားအစားအစာတွေထဲမှာ ဘာကိုအကြိုက်ဆုံးလဲ?

난(나는) 됭장찌게며 냉면이며 제일 좋아해.
ငါကတော့ ပဲငါးပိဟင်းရည်နဲ့ ခေါက်ဆွဲအေးအကြိုက်ဆုံးဖဲ


네가 뭘(뭐를) 잘 해요?
နင်ကဘာကို ကောင်းကောင်းလုပ်တတ်လဲ တော်လဲ?
공부며 운동이며 못하는 것이 없어요.
စာလေ့လာတာနဲ့ လေ့ကျင့်ခန်းလုပ်တာ ငါမလုပ်နိုင်တဲ့အရာမရှိဘူး

Ps.မင်ပေါင်နဲ့반대ပါဖဲ🥹စာနဲ့အားကစားလုပ်ရတာလွဲကျန်တာအကုန်စိတ်ဝင်စား တစ်ယောက်တစ်ချက်လောက်ရိုက်ပေးသွားကြဦး

****ဒီမှာ တစ်ခုသတိထားရမှာကတော့ 하고လို ကိုယိပြောချင်တဲ့nounနှစ်ခုကြားထဲမှာ တစ်ခါတည်းထည့်လို့မရပါဘူးနော် N + 이며/며 N + 이며/며 အ့လိုနှစ်ခါထည့်သုံးရမှာကိုမမေ့ရဘူးနော်

အ့ဆို မင်ပေါင်ညစာဆက်စားလိုက်ပါဦးမယ် 🙆‍♀️

28/06/2024

ဒီနေ့ သင်တဲ့ 어휘တွေအရမ်းခက်တာဖဲ လူတွေရယ်😭

16/06/2024

K မှာ တစ်ရက်/နှစ်ရက်/သုံးရက် စသည်ဖြင့် နေ့အခေါ်အဝေါ်လေးတွေဘယ်လ်ိုသုံး👇🏻👇🏻

1 일 허루*
2 일 이틀*
3 일 사흘*
4 일 나흘*
5 일 닷새
6 일 엿새
7 일 이레
8 일 여드레
9 일 아흐레
10일 열흘 *

***ပြထားတာလေးတွေကတော့ အဓိကအသုံးပိုများတာလေးတွေပါ ယောရောဘွန်းတို့🫶🏻

14/06/2024

ဒီနေ့ မင်ပေါင် အရမ်းသုံးကောင်းတဲ့ 문법လေးတစ်ခုsharing လုပ်ပေးချင်လို့ပါ မြန်မာစကားမှာ တော်တော်လေးသုံးကြတယ် အ့တာဘာလဲဆိုတော့ ကား

V + 을/ㄹ 뻔하다ဖဲဖြစ်ပါတယ်
သူ အဓိပ္ပာယ်ကတော့ မြန်မာလိုအနီးစပ်ဆုံးပြောရရင် "V+မလိုတောင်ဖြစ်ခဲ့တယ်/ V + လုနီးပါးဖြစ်ခဲ့တယ် “

သူက အတိတ်မှာဖြစ်ခဲ့တာကိုသုံးတဲ့ 문법ဖြစ်တာလို့ V+ 을/ㄹ 뻔했어요 သုံးကြတယ်ပေါ့နော်

ဥပမာ
급하게 나가다서 들어오는 친구와 부딪칠 뻔했어요.

အလျင်အမြန်ထွက်လာရင်း ဝင်လာတဲ့သူငယ်ချင်းနဲ့ တိုက်မိတော့မလို့တောင်ဖြစ်ခဲ့တယ် ( တိုက်တော့မတိုက်မိခဲ့ပါ တိုက်မိမလို ဖြစ်ခဲ့တဲ့ အခြေအနေ)

늦잠을 자서 면접 가려고 지각할 뻔했다.

အိပ်ယာထနောက်ကျ(နောက်ကျမှ အိပ်)လို့ အင်တာဗျူးသွားဖို့ နောက်ကျမလိုတောင် ဖြစ်ခဲ့တယ်။ (နောက်တော့မကျလိုက်)

နောက်တစ်ခုက
심심해서 죽을 뻔했어요.

ပျင်းလွန်း လို့ သေတော့မလိုဖဲ (မင်ပေါင် အရမ်းသုံးတဲ့ဟာလေး🤪)
အစားလွန်ပြီး ဗိုက်ပေါက်ထွက်တော့မလိုဖဲ/သေတော့မလိုဖဲ အ့လိုလေးတွေသုံးလို့ရပါတယ်ရှင်

ဒီ문법ရဲ့ရှေ့မှာ ပုံမှန် 거의/ 하마터면/ 잘못하면 အ့လိုအသုံးလေးတွေလိုက်တတ်တယ်ပေါ့နော်

ဒီဒါလေး ပြောပြချင်လွန်းလို့ အလုပ်လုပ်ရင်းလာတင်သွားပါတယ် ယောရောဘွန်းတို့🫶🏻

31/05/2024

ဒီနေ့ မင်ပေါင် 문법လေး နှစ်ခုအကြောင်း sharing လေး လုပ်ပေးချင်လို့ပါ ယောရောဘွန်းတို့ရေ
아/어/여 버리다 VS 고 말다
နှစ်ခုလုံးရဲ့အဓိပ္ပာယ်က တူသလိုလိုနဲ့ကွဲပါတယ်နော်

အရင်ဆုံး V+ 아/어/여 버리다အကြောင်းလေးသွားကြမယ်နော်။
သူ့ အဓိပ္ပာယ်ကတော့ မြန်မာလိုဆို (တစ်ခုခုကို လုပ်ပစ်လိုက်တယ်)
어제 냉장고 안에 남은 케이크를 내가 다 억어 버렸어요.
မနေ့က ရေခဲသေတ္တာထဲမှာ ကျန်တဲ့ ကိတ်ကို ငါအကုန်လုံးစားပစ်လိုက်တယ်(ကိုယ်ကလုပ်ချင်လို့/စားချင်လိူ့စားတာ)

V+ 고 말다
သူကတော့ မြန်မာလို တိတိကျကျပြောရရင်တော့ (လုပ်ပစ်လိုက်မိတယ်) ကိုယ့်ရဲ့ ဆန္ဒမပါဖဲ မထင်မှတ်ဖဲ ပြောလိုက်မိတာ လုပ်လိုက်မိတာမျိုး
-나뿐 결과 တွေမှာ သုံးပါတယ်

다이어트 중이었지만 너무 맛있어 보여서 먹고 말았어요.
Dietလုပ်နေတဲ့အချိန်အတွင်းဖြစ်ပေမယ့် အရမ်းစားကောင်းမဲ့ပုံပေါ်သောကြောင့် စားပစ်လိုက်မိတယ်( မရည်ရွယ်ဖဲ မထင်မှတ်ဖဲစားမိ)

ဒီ 문법နှစ်ခုရဲ့ကွာခြားချက်က အ့တာပါဖဲ ကိုယ်ကလုပ်ချင်လို့လုပ်တာလား မထင်မှတ်ဖဲလုပ်လိုက်မိတာလား
အဲ့နှစ်ခုကို ကွဲကွဲပြားပြားသိဖို့လိုပါတယ်နော် ယောရောဘွန်းတို့ 🫶🏻
ပုံလေးကတော့ မင်ပေါင့် ညီမလေးနဲ့ အပြင်မှာ 볶음밥 သွားစားထားတာလေး🫢

22/05/2024

မင်ပေါင် pageကြီးကိုပစ်ထားတာ တော်တော်လေးတောင်ကြာနေပြီမလို့ ခုပြန်လာပါပြီရှန်🤣မင်ပေါင် k ကိုသွားဖို့လုပ်နေတာနဲ့ ပြင်တာဆင်တာနဲ့ ဒီဘက်ကိုမလှည့်နိုင်ဖြစ်သွားတာ တောင်းပန်ပါတယ်ရှင့် ခုတော့ kကိုရောက်သွားပါပြီရှင့်🫶🏻မင်ပေါင် လဲ ထိုင်းသွားရတော့မလို့လို k သွားရမလိုလိုနဲ့ ကြောင်ပျောက်ပြီး ဒီလိုရောက်လာတာဖဲ🤣 မင်ပေါင်ရဲ့ 한국생활 အကြောင်းကိုလဲ နောက်ရက်ပြောပြပေးဦးမယ်နော်🫢

15/08/2021

အိမ်ရှင်ကဧည့်သည်ပြန်သွားတဲ့အခါစကားတစ်ခွန်းပြောလေ့ရှိတယ်အာဝာာဘာလဲဆိုတော့ "နောက်လဲလာလည်ပါဦးတဲ့ "...
เจ้าของบ้านบอกว่า หนึ่งประโยค เมื่อแขกกลับไป ทั้งนี้ " ขอมาเยี่ยมต่อนะ "

အာ့လိုဖဲကိုယ့်ဘဝထဲကထွက်သွားတဲ့လူတစ်ယောက်ကိုပြောခဲ့ဖူးတယ် "အဆင်ပြေတဲ့တစ်နေ့ပြန်လာပါ."လို့ပေါ့💔
เหมือนกัน ได้เคยบอก คนหนึ่งคนที่ค้างจากไปในชีวิตว่า " ขอกลับมานะวันหนึ่งที่โอเค ".....

PG #

08/08/2021

မင်မင်ရဲ့ပထမဆုံးpage အသစ်လေးမလို့followလေးလုပ်သွားပေးပါဦးနော် ဒီpageလေးကနေ ထိုင်းlanguageနဲ့ပက်သက်တဲ့ အကြောင်းအရာလေးတွေမင်မင်သိသ‌‌ေလာက်မျှဝေပေးသွားပါမယ်နော် မင်မင်လည်းစာနဲ့အလှမ်းမဝေးအောင်ပါ ကိုယ်တွေလိုလူမျိုးတွေရှိမယ်ထင်ပါတယ်နော်..like and followလေးလုပ်ပေးကြနော်😗

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon