𝐒𝐭𝐮𝐝𝐲 𝐊𝐨𝐫𝐞𝐚𝐧 𝐖𝐢𝐭𝐡 𝐌𝐞

  • Home
  • Myanmar
  • Yangon
  • 𝐒𝐭𝐮𝐝𝐲 𝐊𝐨𝐫𝐞𝐚𝐧 𝐖𝐢𝐭𝐡 𝐌𝐞

𝐒𝐭𝐮𝐝𝐲 𝐊𝐨𝐫𝐞𝐚𝐧 𝐖𝐢𝐭𝐡 𝐌𝐞 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐒𝐭𝐮𝐝𝐲 𝐊𝐨𝐫𝐞𝐚𝐧 𝐖𝐢𝐭𝐡 𝐌𝐞, Yangon.

မတင်တာလည်းကြာပြီဆို‌တော့  ဒီနေ့  နေ့ရက်‌တေရဲ့ ကိုရီးယား အခေါ်အဝေါ်တေကိုတင်ပေးလိုက်ပါတယ်
09/01/2021

မတင်တာလည်းကြာပြီဆို‌တော့ ဒီနေ့ နေ့ရက်‌တေရဲ့ ကိုရီးယား အခေါ်အဝေါ်တေကိုတင်ပေးလိုက်ပါတယ်

ဒီနေ့တော့ အသတ်မပါပဲ စာလုံးနှစ်လုံးနဲ့ အဓိပ္ပါယ်ရှိတယ့် စကားလုံး ၃၂ လုံးကို တင်ပေးလိုက်ပါတယ်နော်
02/01/2021

ဒီနေ့တော့ အသတ်မပါပဲ စာလုံးနှစ်လုံးနဲ့ အဓိပ္ပါယ်ရှိတယ့် စကားလုံး ၃၂ လုံးကို တင်ပေးလိုက်ပါတယ်နော်

ဒီနေ့ကတော့ တစ်လုံးတည်းနဲ့ အဓိပ္ပါယ်ရှိပြီး အသတ်လည်းမပါတယ့် စာလုံး ၂၀ ကိုဖော်ပြလိုက်ပါတယ်
31/12/2020

ဒီနေ့ကတော့ တစ်လုံးတည်းနဲ့ အဓိပ္ပါယ်ရှိပြီး အသတ်လည်းမပါတယ့် စာလုံး ၂၀ ကိုဖော်ပြလိုက်ပါတယ်

နှစ်သစ်မှာ ကံကောင်ခြင်းတေ အများကြီး လက်ခံရရှိပါစေ 새해 복 많이 받으세요 🎉🎉
31/12/2020

နှစ်သစ်မှာ ကံကောင်ခြင်းတေ အများကြီး လက်ခံရရှိပါစေ
새해 복 많이 받으세요 🎉🎉

ဒီနေ့ကတော့ ကိုရီးယား ရေတပ်ဗိုလ်ချုပ်ကြီးနဲ့ စစ်ဗိုလ်ချုပ်ကြီးဖြစ်‌တယ့် Lee sun-shin ( 이순신 ) အကြောင်းတင်ပေးပါမှာဖြစ်ပါတယ်...
31/12/2020

ဒီနေ့ကတော့ ကိုရီးယား ရေတပ်ဗိုလ်ချုပ်ကြီးနဲ့ စစ်ဗိုလ်ချုပ်ကြီးဖြစ်‌တယ့် Lee sun-shin ( 이순신 ) အကြောင်းတင်ပေးပါမှာဖြစ်ပါတယ်

Lee sun-shin ကို‌ Mobile Legends ဆော့တယ့်သူတေကတော့ game hero အဖြစ်ရင်းနှီးမှာဖြစ်ပြီး Drama fan တေကတော့ The King : Eternal Monarch ကြည့်ဖူးရင် သူ့ရုပ်ထုနဲ့ ရင်းနှီးမှာပါ ရုပ်ရှင်ထဲက Lee min ho နေတယ့်နန်း‌တော်ကြီးကို ရိုက်ပြပြီဆိုရင် အဲ့ရုပ်ထုကို အရင်ရိုက်ပြသလို Lee Min-ho မြင်းဖြူကြီးစီးပြီး ဒီဘက်‌ခေတ်ကိုရောက်လာတော့ မင်းသမီးနဲစ‌တွေ့တယ့်နေရာကလည်း Admiral Lee sun-shin ရဲ့ရုပ်ထုကြီး‌ရှေ့မှာပါပဲ

Lee sun-shin အကြောင်းကို အများကြီးမသိရပေမယ့် သူကလည်း joseon ခေတ်ရဲ့ အောင်မြင်ကျော်ကြားတယ့် ဗိုလ်ချုပ်ကြီးဖြစ်ပါတယ် Japan တေနဲ့ တိုက်ပွဲဖြစ်နေစဉ်အတွင်း Japan ရေတပ်ကို တိုက်ထုတ်ပြီး အောင်ပွဲခံနိုင်ခဲ့လို့ national hero of Korea အဖြစ်လည်းသတ်မှတ်ကြပါတယ်

Lee Sun shin ရဲ့ ‌ကြေးရုပ်ထုကိုတော့ gyeongbokgung ( 경복궁) နန်းတော်ရှေ့က Gwanghwamun plaza မှာရှိတယ့် King Sejong (세종대왕 ) ရဲ့ ကြေးရုပ်ထု အနီးနားမှာ တွေ့မြင်နိုင်ပါတယ်

စာကြွင်း : အစကတော့ ML မဆော့တော့ ML ထဲမှာ Lee sun-shin ပါတာမသိပါဘူး မနေ့က Sejong Daewang post အောက်မှာ တစ်ယောက်ကလာမေးထားလို့ ရှာကြည့်တာ တူတူပါပဲဆိုလို့ ထည့်ရေးလိုက်ပါတယ်

Korean Basic free class လေးလည်းဖွင့်ဖို့ရှိတော့ page ကို like လုပ်ပေးထားပါဦးနော် 😉😉

Thanks for reading......
읽어 주셔서 고맙습니다......

안녕하세요   အားလုံးပဲ မင်္ဂလာပါဒီနေ့မှာတော့ အခုခေတ် လူငယ်တော်တော်များများ စိတ်ဝင်တစားသင်ယူနေကြတယ့် ကိုရီးယားစာ ဘယ်လိုဖြစ်ပေါ်လာ...
30/12/2020

안녕하세요 အားလုံးပဲ မင်္ဂလာပါ
ဒီနေ့မှာတော့ အခုခေတ် လူငယ်တော်တော်များများ စိတ်ဝင်တစားသင်ယူနေကြတယ့် ကိုရီးယားစာ ဘယ်လိုဖြစ်ပေါ်လာတာလဲ ?
ဘယ်သူက တီထွင်ခဲ့တာလဲ ဆိုတယ့် အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်

ကိုရီးယားစကားလုံး( 한글 )ကို စတင်တီထွင့်ခဲ့တယ့်သူကတော့ ဆယ်ဂျုံး ဒယ်ဝမ် (세종대왕) ဆိုတယ့်ဘုရင်ကြီးပဲဖြစ်ပါတယ်
ဆယ်ဂျုံးဒယ်ဝမ် ကတော့ ကိုရီးယားရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တယ့် joseon မင်းဆက်ရဲ့ လေးဆက်မြောက်ဘုရင်ဖြစ်ပြီး ကိုရီးယား
စကားလုံးကိုတော့ 1443 ခုနှစ်မှာတီထွင်ခဲ့ပါတယ်

အဲ့‌တော့ နောက်ဆုံးမင်းဆက်ဖြစ်တယ့် joseon ခေတ်မှာမှ ကိုရီးယားစကားလုံးက စပြီးဖြစ်ပေါ်လာ တာဆိုတော့ ရှေ့မင်းဆက်တေဖြစ်တယ့် Goguyeo , Baekjae , Shilla ,Goryeo မင်းဆက်တေမှာ စာရေးတယ့်အခါ ဘာစကားလုံးကိုသုံးကြလဲ ဆိုတယ့် မေးခွန်းမျိုးရှိလာနိုင်ပါတယ်

ရှေ့မင်းဆက်တေမှာ စာရေးရင် ဘယ်စကားလုံးသုံးလဲဆိုရင်တော့ ဟန်းဂျာ ( 한자 )လို့ခေါ်တယ့် တရုတ်စကားလုံး သုံးပြီး‌ ‌ရေးကြပါတယ် ကိုရီးယားနန်းတွင်း ဒရာမာ ကြည့်တယ့်သူတေဆိုရင်တော့ သတိထားမိကြမှာပါ

တရုတ်စကားလုံးဖြစ်တယ့် Hanja( 한자 ) ကနေမှ ကိုရီးယားစကားလုံးဖြစ်တယ့် Hangul ( 한글 ) ဆိုပြီးဖြစ်လာတာပါ
ဘယ်လူမျိုးမဆို ကိုယ်ပိုင်စာပေက ရှိသင့်တယ်မလား
ဆယ်ဂျုံးဘုရင်ကြီးက ကိုရီးယားစကားလုံးကိုတီထွင်ဖို့ ဘယ်လိုအကြံရလဲဆိုတော့ ကောင်းကင်ရယ် မြေကြီးရယ် လူ‌တွေရယ်ကိုကြည့်ပြီး တီထွင်ဖို့ဖြစ်ခဲ့လာတာတာပါ ကိုရီးယားစာရဲ့ ပထမဆုံးသုံးလုံးဖြစ်တယ့် ( ㅇ) ,( ㅡ), ( ㅣ) ရယ်စပြီးတီထွင်ခဲ့တာပါ
အခုဆိုရင်တော့ ကိုရီးယားစာပေမှာ ဗျည်း ၁၉ လုံးနဲ့ သရ ၂၁ လုံးရှိပါတယ်

ဆယ်ဂျုံးဒယ်ဝမ်ဘုရင်ကြီးရဲ့ ပုံကိုတော့ ကိုရီးယားနိုင်ငံရဲ့ ပိုက်ဆံဖြစ်တယ့် ဝမ် 10000 တန်မှာတွေ့နိုင်ပြီး ကြေးရုပ်ထုကိုတော့ ဆိုး(လ်) မှာရှိတယ့် ဂယောင်ဘို့ဂွန်း (경복궁) နန်းတော်ရှေ့ကရင်ပြင်မှာ Lee sun-shin (이순신) ရုပ်ထုနဲ့အတူ တွေ့မြင်နိုင်ပါတယ်

ရေတပ် ဗိုလ်ချုပ်ကြီး Lee sun-shin ရဲ့ အကြောင်းကိုလည်းနောက်နေ့မှာ တင်ပေးပါဦးမယ်

Page လေးကိုလည်း like and follow လေးလုပ်ပေးသွားပါနော် နောက်ပိုင်းမှာ korean basic free class လေးလည်းဖွင့်သွားဖို့ရှိပါတယ် 😉😉

읽어 주셔서 고맙습니다......
Thanks for reading ......

29/12/2020

안녕하세요 အားလုံးပဲ မင်္ဂလာပါ
Study Korean With Me page လေးကတော့ ကိုရီးယားစာ လေ့လာနေသူအတွက် အကျိုးရှိမယ့် စကားလုံးတေရယ် ကိုရီးယား quotes တေ အသုံးများတယ့် စကားစုတေကို တင်ပေးမယ့် page လေးဖြစ်ပါတယ်

နောက်ပိုင်းမှာတော့ Korean basic free class ကိုလည်းသင်ပေးသွားမယ့် အစီအစဉ်ရှိပါတယ် အခု lesson plan ဆွဲနေပြီးတော့ သင်တန်းဖွင့်ဖို့ အချိန်တစ်ခုကြာဦးမှာဆိုပေမယ့် page ဖွင့်တယ့်ရည်ရွယ်ချက်က Korean basic ကိုသင်ပေးချင်တာဖြစ်တာကြောင့် အားလုံးအဆင်သင့်ဖြစ်တယ့်အခါ class က သေချာပေါက်စမှာဖြစ်ပြီး သေသေချာတတ်အောင်သင်ပေးမှာပါ
읽어 주셔서 감사합니다......
Thanks for reading......

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝐒𝐭𝐮𝐝𝐲 𝐊𝐨𝐫𝐞𝐚𝐧 𝐖𝐢𝐭𝐡 𝐌𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to 𝐒𝐭𝐮𝐝𝐲 𝐊𝐨𝐫𝐞𝐚𝐧 𝐖𝐢𝐭𝐡 𝐌𝐞:

Shortcuts

Share