Swel's Blog

Swel's Blog

Share

Swel'Blog: Life style/ Education/ Health/ Motivation/ delicious food share to all Personal Blog/ Life Style

10/12/2020

Privacy ဆိုတာ မိဘနဲ့သားသမီးကြားမှာ
ထားဖို့လိုပါတယ်....
ကိုယ်ရေးအချက်အလက်တွေကို...
ငါကမိဘဖြစ်တယ်ဆိုပြီး သွားစွက်ဖတ်ကြတဲ့အခါ မိဘတွေကိုသားသမီးတွေ
အမြင်မှားလာမယ်....။

ကိုယ့်သားသမီးက
ဆေးလိပ်အရက်မသောက်ပေမဲ့
ဆေးလိပ်သောက်လား အရက်သောက်လား
အတင်းမေးနေတဲ့အခါ မသောက်တာကို..
မိဘကပြောလို့အရွံ့တိုက်ပြီး
လုပ်ချင်လာတယ်....။

သူငယ်ချင်းယောကျာ်းလေးနဲ့စကားပြောရင်တောင် ရည်းစားလိုလို ချစ်သူလိုလို
ထင်ခံရတဲ့အခါ ရည်းစားမထားချင်လဲ..
"အဖေတို့အမေတို့တောင်ဒီလိုထင်တာ..
ထားလိုက်မယ် "ဆိုပြီးဖြစ်လာတတ်တယ်...။

အဖေတွေအမေတွေရှေ့မှာတောင်...
သူငယ်ချင်းတွေဖုန်းလာရင် မပြောရဲတာတို့
ရည်းစားလို့ထင်ခဲရမှာဆိုးလို့...။

တကယ်တော့ အဲ့လိုမိဘတွေက..
ကိုယ့်ရဲ့သားသမီးကို အချစ်လွန်လို့ဆိုပေမဲ့..
လူတောမတောရဲအောင်လုပ်လိုက်နဲ့..
အတူတူပါပဲ....။

ကောင်မလေးဆို အသက်၁၈/၁၉ရှိနေပြီ..,
တစ်ယောက်တည်းအပြင်မထွက်ရဘူး..
သူငယ်ချင်းတွေနဲ့မလည်ရဘူးတို့..
(ကြာလာတော့ ကိုယ့်သမီးမှာသူငယ်ချင်းတွေကြားတောင် ခပ်စိမ်းစိမ်းဖြစ်လာတယ်)

တက္ကသိုလ်ရည်းစားမထားရဘူးတို့...
တက္ကသိုလ်ပဲ အဲ့လောက်ထိ...
ကိုယ့်သားသမီးရဲ့privacy မှာ
ဝင်လိုက်တဲ့အခါ....
ကိုယ့်သားသမီးမှာရည်းစားနဲ့ခိုးတွေ့..
ရည်းစားနဲ့ခိုးချစ်ရာကနေ...
သိသွားရင်မေမေဆူမှာဆိုးလိုကနေ..
ငယ်ငယ်လေးနဲ့ ခိုးရာလိုက်သွားတာတို့...
ဖြစ်တတ်ပါတယ်....။

ညဘက်တွေစောစောအိပ်ရမယ်...
ဖုန်းတွေသိမ်းလိုက်တာတို့ ...
တကယ်တော့ ကိုယ့်သားသမီးက..
ကိုယ်ထင်သလို
ရည်းစားနဲ့ Chat နေတာလဲမဟုတ်ပါဘူး....
Vd editလုပ်ချင်လုပ်နေမယ်..
Content တစ်ခုခုရေးချင်ရေးနေမယ်..
ဒါက သူတို့ရဲ့ Privacy တစ်ခုဖြစ််ပါတယ်...။

လူကြီးမင်းတို့လဲ အဲ့အရွယ်တုန်းက..
ဖုန်းတွေမပေါ်ခဲ့ပေမယ့် အပြင်မှာနေချင်
နေနေမှာပါ....
အခုက 2020 သူတို့ ဖုန်းကိုင်တာကိုင်ပါစေ
အနည်းဆုံးအိမ်မှာပဲလေ....။
Night out ထွက်နေတာလဲမဟုတ်ပါဘူး.။

သားသမီးကလည်း..
လူကြီးရဲ့ privacy ကိုမထိရပါဘူး...
ကိုယ့်အမေရဲ့ ဖုန်းကိုခိုးကိုင်တာတို့...
အမျိုးမျိုးပေါ့....။

အဲ့လို မိဘနဲ့သားသမီးကြားက..
Privacy ကိုနှစ်ဖတ်လုံး လက်ခံပြီး..
စောင့်ထိန်းတဲ့အခါ...
ကိုယ့်သားသမီးကလည်း...
သားဆိုး/သမီးဆိုးမဖြစ်တော့ဘဲ..
ကိုယ်ကိုလည်းပိုပြီးချစ်လာမှာပါ...။

သားသမီးတွေကိုယုံကြည်မှုပေးလိုက်ပါ...
စီရိုနယ်ဒိုဘောလုံးသမားကောင်း
ဖြစ်လာမယ်လို့ဘယ်သူမှမယုံခဲ့ဘူး...
သူ့အမေကလွဲလို့ပေါ့...။

အဲ့လိုပဲ ကိုယ့်သားသမီးကို...
ကိုယ်မှမယုံကြည်ရင်ဘယ်သူယုံကြည်မှာလဲ..။

Verse

08/11/2020

မြန်မာပြည်ကြီး ကံကောင်းပါစေ ...........

တရားမျှတသော ရွေးကောက်ပွဲဖြစ်ပါစေ.........

🙏🙏🙏🙏🙏

Photo Credit #

03/11/2020

စိတ်ဓာတ်တွေအရမ်းကျတဲ့အချိန်ရှိဖူးလား။ ဒါမှမဟုတ် အခုရှိနေလား။ အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့အချိန်ပေါ့။ တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းများ ကံဆိုးမှုတွေအကုန်ကျရောက်နေသလား ထင်ရလောက်တဲ့အချိန်တွေပေါ့။တစ်ယောက်တည်းလို့ ခံစားရတဲ့ခံစားချက်နဲ့ မငိုဖြစ်ဖို့ အားတင်းထားရတဲ့အချိန်တွေ။ အခန်းလေးထဲမှာ ကိုယ်တစ်ယောက်တည်းနေချင်တဲ့အချိန်တွေပေါ့။ တစ်ယောက်ယောက်ကိုပြောပြလိုက်ချင်ပေမယ့် အရေးတယူလုပ်ခံရမှာမဟုတ်မှန်းသေချာတဲ့အခါ ဘယ်သူ့ကိုမှ မပြောဖြစ်တော့ဘူး။ ဒါမှမဟုတ် ကိုယ်တကယ်ပြောပြဖို့ ယုံကြည်ရလောက်တဲ့သူမရှိတာလည်းပါတယ်။ ဘယ်နေရာရယ်မသေချာပေမယ့် ဒီနေရာကနေ အဝေးဆုံးကိုထွက်သွားချင်တယ်။ ကိုယ်ဆိုတဲ့တည်ရှိမှု မရှိတော့ရင်ကောင်းမယ်။ မနက်ဖြန်ဆိုတာ မရှိတော့ရင်ကောင်းမယ်လို့ တွေးဖူးတဲ့အချိန်တွေပေါ့။ အဲဒီအချိန် အပြန်ပြန်အလှန်လှန်မေးမိတဲ့မေးခွန်းက “ဘာ့ကြောင့်များလဲ” ဆိုတာပဲ။

၁။ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။

ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို တိတိပပ မပြောနိုင်ပေမယ့် ဒီလိုတွေခံစားနေရတာ၊ ခံစားခဲ့ဖူးတာက ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ စိတ်ဓာတ်ကျတာက ချမ်းသာတာ၊ ဆင်းရဲတာ၊ ပညာတတ်တာ၊ မတတ်တာတွေနဲ့ လုံးဝမသက်ဆိုင်ဘူး။ ကျရှုံးလို့ စိတ်ဓာတ်ကျနေတဲ့ သူတွေရှိသလို အောင်မြင်နေတဲ့ သူတွေ မှာလည်း စိတ်ဓာတ်ကျတာပါပဲ။ တကယ်တမ်းပြောရရင် ချမ်းသာတဲ့သူ၊ ပညာတတ်တဲ့သူတွေနဲ့ အောင်မြင်နေတယ်လို့ ထင်ရသူတွေက စိတ်ဓာတ်ကျမှုကို ပိုလို့တောင်ခံစား ရနိုင်သေးတယ်ဆိုတာ ကိုယ့်ဘဝ ကိုယ်နှုတ်ယူသွားတဲ့သူတွေကိုကြည့်ရင် သိမြင်နိုင်ပါလိမ့်မယ်။ အခက်အခဲတွေကြုံနေရတဲ့အချိန် စိတ်ဓာတ်ကျတဲ့အချိန်မှာ ပိုပြင်းထန်တဲ့ရိုက်ခတ်မှုက “ငါတစ်ယောက်တည်းပဲ” ဆိုတဲ့ခံစားချက်ပါ။ လူတိုင်း စိတ်ဓာတ်ကျမှုကို ခံစားရနိုင်ပါတယ်။ အောင်မြင်နေတာနဲ့ ပျော်ရွှင်နေတဲ့ ပုံပေါက်နေတာနဲ့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတွေ မရှိဘူးလို့ ကောက်ချက်ချလို့မရနိုင်ပါဘူး။ လောကဓံရဲ့ သက်ရောက်မှုက လူတိုင်းအပေါ်မှာရှိနေပါတယ်။ လူတိုင်းစိတ်ဓာတ်ကျနိုင်ပါတယ်။ ကိုယ်ဟာ ဘယ်တော့မှ တစ်ယောက်တည်းမဟုတ်ပါဘူး။

၂။ ကိုယ်ဘယ်နေရာထိ ရောက်ခဲ့ပြီးပြီလဲဆိုတာကိုကြည့်ပါ။

တောင်တက်ဖူးတဲ့သူတွေဆိုပိုသိပါလိမ့်မယ်။ တောင်တက်တဲ့အခါ အရမ်းပင်ပန်းလွန်းလို့ ရပ်တန့်ပစ်လိုက်ချင်တယ်။ ဒါပေမယ့် တောင်အောက်ကိုပြန်ကြည့်ပြီး ငါ ဒီအထိတောင် တက်လာခဲ့ပြီးပြီပဲဆိုတဲ့စိတ်နဲ့ နောက်ဆုံးမှာ ထိပ်ဆုံးထိရောက်ရှိစေခဲ့ တယ်မလား။ အခုလည်း စိတ်ဓာတ်ကျတဲ့အခါ ကိုယ်စခဲ့ရတဲ့နေရာလေးကို ပြန်ကြည့်ပါ။ ကိုယ်ဟာ ဘယ်လောက်သေးသေး သိမ်သိမ်စခဲ့ရတာလဲ။ ဘယ်လောက်သေးငယ်တဲ့အစက်အပျောက်လေးတစ်ခုကနေ စခဲ့ရတာလဲ။ အခု ကိုယ်ဒီနေရာကိုရောက်လာအောင် နတ်တွေဖန်ဆင်းပေးလိုက်တာမဟုတ်ဘူး။ ကိုယ်တိုင်ကြိုးစားခဲ့ရတာ။ ကိုယ်တိုင်လုပ်ယူခဲ့တာ။ ကိုယ်တိုင်တည်ဆောက်ခဲ့တာ။ ကိုယ်တိုင်ရှေ့ကိုတဖြည်းဖြည်းချင်းတိုးလာခဲ့တာ။ အခုချိန်ကျမှ ဒီလိုအဖြစ်အပျက်လေးတွေက ကိုယ့်ကိုရပ်တန့်စေနိုင်မှာတဲ့လား။မမေ့ပါနဲ့။ “အရဲရင့်ဆုံး စစ်သူကြီးတွေဟာ တစ်ချိန်တုန်းက အရမ်းကို နုနယ်တဲ့ ကလေးတွေဖြစ်ခဲ့ဖူးကြတယ်” ဆိုတာကို။ဟုတ်ပါဘူး။းခွန်းက “ဘာ့ကြောင့်များလဲ” ဆိုတာပဲ။

၃။ ပြဿနာတိုင်းမှာ အဖြေရှိတယ်။

ဆန်ဖရန်စစ်စကိုတံတားပေါ်ကနေ ခုန်ချပြီး သတ်သေတာမှာ အသက်မသေဘဲ ကယ်တင်လို့ ရလိုက်တဲ့သူတွေကို အင်တာဗျူးတစ်ခုလုပ်တာမှာ သိလိုက်ရတာတစ်ခုက သူတို့ခုန်ချ လိုက်တဲ့ အချိန် ရေပြင်ကိုမရောက်သေး တဲ့အချိန်မှာ ရုတ်တရက်ပေါ်လာ တဲ့သိမြင်မှုက သူတို့ဘဝမှာ လက်ရှိကြုံနေရတဲ့ပြဿနာမှန်သမျှဟာ ဖြေရှင်းလုိ့ရနိုင်တယ်ဆိုတာပါပဲတဲ့။ သိပ်ကိုစိတ်မကောင်းစရာကောင်းတဲ့ဖြစ်ရပ်ပါ။ လူတွေဟာ စိတ်ဓာတ်ကျတဲ့အခါ ပြဿနာတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဖြေရှင်းလို့မရတော့ဘူးလို့ တွေးကြတယ်။ ဒါဟာ အဆိုးရွားဆုံးပဲလို့ တွေးကြတယ်။ ဝမ်းနည်းပူဆွေးကြတယ်။ နောက်ဆုံးမှာကိုယ့်အသက်ကိုယ်နှုတ်ယူတဲ့နည်းလမ်းကိုတောင် သုံးဖို့စဉ်းစားကြတယ်။ အမှန်တကယ်တော့ ပြဿနာတွေအခက်အခဲတွေက လူကြောင့်ဖြစ်လာသလို ဖြေရှင်းနိုင်တာလည်း ဒီလူပါပဲ။ အသက်ရှင်နေသ၍ ကိုယ်ရပ်တည်နေသမျှ ဘယ်လိုပြဿနာမျိုးကိုမဆို ကိုယ်ဟာ ရင်ဆိုင်ဖြေရှင်းနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ ဖြေရှင်းလို့မရတဲ့ ပြဿနာဆိုတာမရှိပါဘူး။ ကိုယ်သေချာကိုင်တွယ်လိုက်ရင် အဆုံးသတ်မှာ ပြေလည်သွားကြတာပါပဲ။

၄။ ကိုယ့်ကိုဂရုစိုက်ကြပါတယ်။

စိတ်ဓာတ်ကျတဲ့အခါ ဝမ်းနည်းနေတဲ့အခါမှာ ကိုယ့်အနီးအနားမှာ ဘယ်သူမှမရှိဘူး။ ကိုယ့်ကိုဘယ်သူမှ ဂရုမစိုက်ဘူးလို့ ထင်တတ်ကြတယ်။ အမှန်တကယ်တော့ ကိုယ်ထင်တာထက် ကိုယ့်အနီးအနားက လူတွေက ကိုယ့်အပေါ်မှာ ဂရုတစိုက်ရှိကြပါတယ်။ ချစ်ခင်မြတ်နိုးကြပါတယ်။ ကျွန်တော်တို့ဟာ အချစ်ခံကြရပါတယ်။ ကိုယ်အချစ်ခံရတယ်ဆိုတာကို သတိမမူမိတာပါ။ ကိုယ့်ဘက်က ဆက်သွယ်ပြောဆိုတာမလုပ်တဲ့အခါ သူတို့လည်း ဘယ်သိနိုင်ပါ့မလဲ။ အကြားအမြင်ရနေကြတဲ့သူတွေမဟုတ်ဘူးလေ။ ကိုယ့်ဘက်က အကူအညီတောင်းတဲ့အခါ လှိုက်လှိုက်လှဲလှဲ အကူအညီပေး နွေးထွေးပေးကြမယ့်သူတွေအများကြီးပါ။

၅။ တချို့လူတွေကိုရှောင်ပါ။

ဘဝထဲမှာရှိတဲ့တချို့လူတွေကတော့ ကိုယ့်ကိုယ်စိတ်ဓာတ်ကျစေတဲ့သူတွေနဲ့နေတတ်ကြတယ်။ အချို့လူတွေကအဆိပ်အတောက်တွေနဲ့ ပြည့်နှက်နေတဲ့သူတွေဖြစ်နေတတ်တယ် အဲဒီလိုလူတွေကိုတော့ ရှောင်ဖို့ အကြံပေးချင်တယ်။ ကိုယ့်အပေါ် ဘာကောင်းရာကောင်းကျိုးမှမပေးဘဲ စိတ်မချမ်းမြေ့မှုတွေကိုပဲ ပေးနေတယ်ဆိုရင်တော့ ရှောင်လိုက်တာက အကောင်းဆုံးဖြစ်မှာပါ။

Credit From ဒေါက်တာသူရိန်လှိုင်ဝင်း

Photos from Swel's Blog's post 28/10/2020

လူငယ်တွေကို ကျွန်မချစ်တယ် 🖤🖤🖤

ကျွန်မက လူငယ်တွေထဲက လူငယ်တစ်ယောက်ဖြစ်နေတာရော နောက်ပြီး လူငယ်လေးတွေကိုမျှဝေခြင်းတွေပေးနေတဲ့သူတစ်ယောက်အနေနဲ့ရော ကျွန်မလူငယ်တွေကိုချစ်တယ်။

လူငယ်ဆိုတာ ရဲရင့်တယ်။ တက်ကြွတယ်။ ဖြတ်လတ်သွက်လက်မှုကို ပိုင်ဆိုင်ထားတယ်။ ငယ်ရွယ်မှုဆိုတဲ့ ဂုဏ်လေးပါ ရှိကြတယ်။ နောက်ပြီးလူငယ်တွေဆိုတာ လူငယ်ပီပီ စူးစမ်းမှုကို လိုလားကြတယ်။
ဒါကြောင့် လူငယ်တွေကို ကျွန်မ ချစ်တယ်။

လူငယ်တွေမှာ ဆန်းသစ်တဲ့အတွေးအခေါ်နဲ့ တီထွင်မှုရှိကြတယ်။ ဒါတွေကို အကောင်အထည်ဖော်ပြီး လူပုံအလယ်မှာ ယုံကြည်မှုရှိရှိနဲ့ ရပ်တည်နေကြတဲ့သူတွေဆို ကျွန်မအားပေးတယ်။

လူငယ်တွေဆိုတာ ဖျတ်လတ်ရမယ်။ သွက်လက်ရမယ်။ ကိုယ်ရပ်တည်ချင်တဲ့ လမ်းကို ကိုယ်တိုင်ဖောက်နိုင်စွမ်းရှိရမယ်။ ဒါမှ လူငယ်ပီသတယ်။

27/10/2020

ပြုံးပါ 🙂🙂🙂🙂🙂

များများပြုံးနိုင်အောင် ကြိုးစားကြည့်ပါ
ကိုယ့်ကိုချစ်တဲ့ သူတွေရှေ့မှာလဲ ပြုံးပါ
ကိုယ့်ကိုမုန်းတဲ့သူတွေရှေ့ရောက်လဲ ပြုံးပါ
စိတ်ညစ်စရာတွေရှိနေလဲ ပြုံးပါ
တစ်ပါးသူက သင့်ကိုမြင်လိုက်တာနဲ့ စိတ်ကြည်လင်ပြီး ကျက်သရေရှိနေအောင် ပြုံးပါ။

ရင်ထဲက ပူလောင်မှုတွေကို မျက်နှာပေါ် ပေါက်ထွက်မလာနိုင်အောင်ထိ တားဆီးပြီး ပြုံးပါ။

စွယ်တို့ မြန်မာလူမျိုးတွေဟာ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ပြုံးပြီး ရင်းနှီးဖော်ရွေမှုကို ပြသတတ်ကြတယ်နော်။ ပြုံးတယ်ဆိုတာ မြင်ရသူအဖို့ ကျက်သရေရှိပြီး မဂ်လာရှိစေလို့ ပြုံးပါ။

အခက်အခဲတွေရှိလာရင်လဲ အပြုံးနဲ့ ဖြတ်သန်းပါ။
အမုန်းကြောင့် လူတွေကို ပျက်ဆီးစေသလို အပြုံးကြောင့် လူတွေကို လှပစေတာမလို့ ပြုံးပါ။
အပြုံးဆိုတာ ဘယ်မိတ်ကပ်မှမမှီတဲ့ သဘာဝကပေးတဲ့ အလှတရားတစ်ခုပါ။

မိမိ၏အပြုံးနှင့် သဘာဝတရားကြီးကို လှပအောင် ဖန်တီးနိုင်ကြပါစေ.......

14/10/2020

#သူတို့ကိူလဲနေရာပေးလိုက်ပါ

တစ်ချို့ဆယ်ကျော်သက်လေးတွေ (၈တန်း ၉တန်းလောက်ကို ကျွန်မဆိုလိုပါသည်) လူကြီးတွေထက်ပိုပြီး Brain Strong ဖြစ်ကြတယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင်တီထွင်ဖန်တီးချင်စိတ် ရှိကြတယ်။ သူတို့အတွက် သိပ်ဂုဏ်ယူတယ်။ တစ်ခါတစ်လေ လူကြီးတွေက ဗျာများပြီး စဥ်းစားလိူ့မရတဲ့အချက်လေးတွေ သူတို့ဆီက ရတတ်ကြတယ်။ သူတို့မှာတစ်ချို့က တည့်မတ်ပေးကြရတဲ့လူငယ်လေးတွေရှိသလို တစ်ချို့ကတော့ ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့ တစ်လမ်းတည်းသွားနေတတ်ကြတယ်။

တစ်လမ်းတည်းသွားနေတဲ့ ကလေးတွေကျတော့ အားလုံးနဲ့ကွဲထွက်နေတာဖြစ်တဲ့အတွက် သူတို့ကို ထိန်းချုပ်ထားတာမျိုးက သိပ်အဆင်ပြေမနေဘူး။ အဲ့လိုလူငယ်တွေက ပိူထက်မြက်တယ်။ နောက်ပြီး သူတို့လိုလူတွေက ဘယ်အရာမဆို စူးစမ်းချင်ကြတယ်။ တစ်ခုခုဆို ကိုယ်တိုင်လုပ်ပြီး စူးစမ်းလိုက်ရမှ ကျေနပ်သူတွေပေါ့။

လူကြီးတွေကကျတော့လဲ လူငယ်တွေကို မှားမှာစိုးတယ်။ အမှန်ကိုပဲ ပိူ့ပေးချင်တယ်။ လူငယ်ကတော့ စူးစမ်းရမှကျေနပ်တယ်။ အဲ့မှာ လူကြီးလူငယ် အဆင်မပြေတာလေးတွေ စတော့တာပဲ။ "အမှန်ဆိုတာ အမှားတွေအများကြီးလုပ်ပြီးမှ ရလာတာ လိူ့" စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ "မလုပ်ရဘူး" လိူ့ ထိန်းချုပ်လိုက်တာထက်စာရင် အမှားလေးတွေကနေ အမှန်လေးတွေမြင်တတ်အောင် ဖေးမပေးလိုက်တာက ပို့ပီးတော့ သူတို့စိတ်လေးတွေကို ခိုင်မာရင့်သန်စေတယ်။

လူငယ်တွေကို နေရာပေးကြည့်ပါ။ အရာရာ သူတို့လေးတွေနဲ့ ညှိယူကြည့်ပါ။ အပေါ်မှာ ပြောခဲ့သလိုပေါ့...............သူတို့ဆီကလဲ အကြံညာဏ်ကောင်းတွေ ရနိုင်ပါတယ်။ "လူကြီးတွေလုပ်နေတာ / လူကြီးတွေပြောနေတာ ကလေး ကလေးလိူနေ" ဆိုတဲ့ ခေတ်ဟောင်းအတွေးအခေါ်တွေပစ်ပြီး သူတို့လေးတွေကို နေရာပေးဆက်ဆံကြည့်ပါ။

(ကျွန်မ ဒီစာလေးကိူရေးတာ အဖြစ်အပျက်လေးတစ်ခုကို သတိရသွားလိူ့ Sharing လုပ်ပေးခြင်းပါ။ ကလေးပြုစုပျိုးထောင်ရေးစာသားများ မဟုတ်ရပါ။ သိရှိပြီးသောသူများ ကျော်သွားနိုင်ပါတယ်ရှင်)

29/09/2020

#ပန်းတိုင်ကိုရောက်အောင်ဘယ်လိုလျှောက်မလဲ

ဘ၀မှာ အောင်မြင်အောင် ဘာရှိရမလဲ ဆိုတော့ ကလေးတစ်ယောက်ကဖြေတယ်...............

"ရည်မှန်းချက်ပါ"တဲ့

ဟုတ်တယ်ညမလေး.....ရည်မှန်းချက်ဆိုတာ ကိုယ်သွားရမယ့် ပန်းတိုင်ကို ရွေးချယ်လိုက်တာပဲ ။

ရွေးချယ်ရုံနဲ့ ပန်းတိုင်ကိုရောက်ပြီလားဆိုတော့ မဟုတ်သေးပြန်ဘူး ။

ရောက်ဖို့ဆိုရင် လျှောက်ဖို့လဲ လိုသေးတယ် ။ လျှောက်တဲ့နေရာမှာလဲ လမ်းကြောင်းမှန်ဖို့ အရးကြီး‌သေးတယ် ။

နောက်ပြီး လမ်းတစ်၀က်မှာ ရပ်တန့်မသွားဖိုအတွက် ဇွဲ/ လုံ့လ / ဝီရိယ ဆိုတဲ့ လက်နက်တွေလဲဲ လိုသေးတယ် နော််။

နောက်ဆုံးတစ်ခုကတော့ သတ္တိပဲ ညမလေး။ ပန်းတိုင်ကိုလျှောက်နေရင်း ပင်ပန်းခဲ့ရင်၊ အန္တရယ်တစ်ခုခု ရင်ဆိုင်ရရင် ရပ်တန့်မသွားဖို့ သတိလဲ လိုအပ်တယ် ညမလေး

ဘဝမှာ အခက်အခဲပေါင်းများစွာကို သတ္တိ / ဇွဲ / လုံ့လ / ဝီရိယ ဆိုတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ပြီး ပန်းတိုင်ကို ရဲရဲကြီး လျှောက်လှမ်းလိုက်ပါ ညမလေးရေ 🙂🙂🙂

29/09/2020

ဒီနေ့လေးကတော့ အပြည်ပြည်ဆိုင်ရာကော်ဖီနေ့လေး ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာကော်ဖီနေ့ကို ပထမဆုံးအနေဖြင့် ၂၀၁၅ခုနှစ် အောက်တိုဘာ ၁ရက်နေ့ မီလန်မှာ စတင်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

ကျွန်မစာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။
"အတွေးသစ် အမြင်သစ်တွေရဖို့ ကော်ဖီသောက်တတ်ကြတယ်။ အတွေးသစ်အမြင်သစ်ဆိုတာလဲ ကော်ဖီသောက်ရင်းနဲ့မှ ဖြစ်ပေါ်လာတတ်ကြတယ်" တဲ့။

ဒါကြောင့် အတွေးသစ်အမြင်သစ်တွေကို အကောင်အထည်ဖော်ဖို့ ကော်ဖီသောက်ရင်း လေးကို ဂုဏ်ပြုလိုက်ကြရအောင်

☕️☕️☕️☕️☕️

27/09/2020

လွတ်လပ်ခွင့်ပေးလိုက်ပါ 💙
မချုပ်ချယ်ပါနဲ့ ❌

လွတ်လပ်ခွင့်ပေးလိုက်ပါ။ ယောကျာ်းတစ်ယောက်ကို လိုတာထက်ပိုပြီး မချုပ်ချယ်ပါနဲ့။ လူတွေက ကိုယ့်ကိုချုပ်ချယ်တာကိုတော့ သိပ်မုန်းတတ်ကြတယ်။ ဒါပေမယ့် ကိုယ်ကိုတိုင်ကတော့ ကိုယ်ချစ်တဲ့သူတွေကို ချုပ်ချယ်မှန်းမသိ ချုပ်ချယ်မိနေတယ်ဆိုတာကိုတော့ ဘယ်သူမှသတိမထားမိကြပါဘူး။

မိန်းကလေးနဲ့ယောက်ျားလေးယှဉ်ရင် ယောက်ျားလေးတွေက လွတ်လပ်မှုကိုမရရင် ပိုလွတ်ထွက်လွယ်တယ်။ သူတို့လုပ်ချင်တာ (၁၀)ခုမှာ (၄)ခုလောက်တော့ ပေးလုပ်လိုက်ပါ။ သူတို့လဲ လွတ်လပ်ချင်ကြမှာပေါ့။ သမီးရည်းစားဖြစ်တိုင်း ကိုယ့်ချစ်သူရဲ့ အချိန်အားလုံးကို ကိုယ်ပိုင်ဆိုင်တာ မဟုတ်ဘူးလေနော်။

"ယောက်ျားလေးဆိုတာ ဘီယာသောက်တတ်တယ်။ ဆေးလိပ်သောက်တတ်တယ်။ ကွမ်းစားတတ်တယ်။ မိန်းမရှုပ်တတ်တယ်။ လောင်းကစား လုပ်တတ်တယ်။" အဲ့ဒါတွေ တစ်ခုမှမလုပ်တတ်ဘူးဆိုရင် ယောကျ်ားမဟုတ်ဘူး လိူ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ အားလုံးက တစ်ခါ‌တစ‌်လေမှ လုပ်တတ်တာနဲ့ အမြဲလုပ်တတ်တာပဲ ကွာကြတယ်။

တစ်ကယ်တော့ ယောက်ျားလေးတိုင်း လွတ်လပ်မှုကို လိုလားကြတယ်။ အရာအားလုံးဘာမှကို ပေးမလုပ်ပဲ ချုပ်ချယ်နေမယ်ဆိုရင် လွတ်ထွက်သွားတတ်တယ်။ ကိုယ့်ချစ်သူကို တရားမျှတစွာ ချစ်ပါ။ လူတန်းစေ့ ပေါင်းသင်းဆက်ဆံတတ်အောင် လွတ်လပ်မှုတစ်ခုကို ပေးလိုက်ပါ။ ဉာဏ်နဲ့ယှဉ်ပြီးတော့ လွတ်လပ်မှု ဆိုတာကို ပေးတတ်ပါစေ။

Relationship တိုင်း "ချုပ်ချယ်မှု"ဆိုတဲ့ ဘောင်တစ်ခုအတွင်းကနေ လွတ်မြောက်ပြီး သာယာပျော်ရွှင်သော နေ့ရက်များစွာကို ဆက်လက်ဖန်တီးနိုင်ပါစေ။

26/09/2020

Diary ရေးကြည့်ပါ.....📔🖊️

Diary ဆိုတာဘာလဲ .........

Diary ဆိုတဲ့အသုံးအနှုန်းက diarium က ဆင်းသက်လာတယ်လိူ့ စာအုပ်တစ်အုပ်မှာဖတ်ဖူးတယ်။ အဲ့အသုံးအနှုန်းကို ၁၆၀၀ ခုနှစ်လောက်မှာ စတင်အသုံးပြုခဲ့တာလဲဖြစ်တယ်။

Diary ဆိုတာ မိမိဘဝရဲ့ နေ့စဥ်ဖြစ်ပျက်သမျှအကြောင်းအရာတွေကို ရေးမှတ်ရတဲ့ မှတ်တမ်းတစ်ခုဖြစ်တယ်။ Diary ထဲမှာက ကိုယ့်ရဲ့တစ်နေ့တာ အဖြစ်အပျက်တွေ စိတ်ကူးတွေ အိမ်မက်တွေကို အကုန်ရင်ဖွင့်ရေးချလိူ့ရတယ်။ တစ်ခြားသူတွေကို ပြောလိူ့မရလိူ့ မြိုသိပ်ထားရတာတွေ ကိုယ့်ရဲ့ ဝမ်းနည်းမှု နာကျည်းမှုဆိုတဲ့ ရှိရှိသမျှခံစားချက်တွေကို အားမနာတမ်းရင်ဖွင့်ရေးချလို့ရတဲ့ ကမ္ဘာတစ်ခုဆိူလဲမှန်တယ်။

ပထမဆုံးစရေးတဲ့သူအဖို့တော့ နည်းနည်းအဆင်မပြေဖြစ်လောက်ပေမယ့် ကြာလာတဲ့အခါ စွဲစွဲမြဲမြဲ အချိန်မှန်လုပ်တတ်လာမယ်။ ကြာတဲ့အခါ စာအရေးအသားလည်း ပြေပြစ်လာလိမ့်မယ်။ ခံစားချက်တွေကို ရေးချလိုက်တဲ့အခါ ဒေါသတွေမရှိတော့ပဲ စိတ်တွေပေါ့ပါးသွားလိမ့်မယ်။
အချိန်တွေကြာလိူ့ ပြန်ကြည့်တဲ့အခါမှာလည်း အမှတ်တရတွေအဖြစ် ကျန်ရစ်နိုင်တယ်ဆိုတော့ Diary လေး စမ်းရေးကြည့်ကြရအောင်နော် ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon