Thaw Dar’s Language Journey

Thaw Dar’s Language Journey

Share

Small steps,big progress �

Photos from Thaw Dar’s Language Journey 's post 19/04/2026

ထိုင်းစာ တတ်မြောက်ဖို့အတွက် မဖြစ်မနေ သိထားရမယ့် ဗျည်းအုပ်စု ၃ စု ✍️🇹🇭"

မင်္ဂလာပါရှင်။ အရင် post မှာ Thaw Dar က ထိုင်းဗျည်း ၄၄ လုံးအကြောင်းကို အကြမ်းဖျင်း ပြောပြပေးခဲ့ပြီးပြီဆိုတော့... ဒီနေ့မှာတော့ အဲဒီ ၄၄ လုံးကို ပိုပြီး မှတ်ရလွယ်အောင် ဘယ်လို အုပ်စုခွဲမလဲဆိုတာ ပြောပြပေးချင်ပါတယ်ရှင်။

ထိုင်းစာမှာ ဗျည်းတွေကို အုပ်စု (၃) စု ခွဲထားပါတယ်-
၁။ Mid Class (အလယ်ဗျည်း) - ၉ လုံး
၂။ High Class (အမြင့်ဗျည်း) - ၁၁ လုံး
၃။ Low Class (အနိမ့်ဗျည်း) - ၂၄ လုံး

တချို့ကတော့ မှတ်ရလွယ်အောင်-

Group 1= Middle Class
Group 2= High Class
Group 3 = Low Class
Group 1/2/3 ဆိုပြီးခေါ်ကြတာမျိုး ရှိပါတယ်။

ဒါပေမဲ့ Thaw Dar ကတော့ အားလုံးကို Mid, High, Low ဆိုတဲ့ နာမည်လေးတွေနဲ့ပဲ မှတ်စေချင်ပါတယ်ရှင့်။
ဘာလို့လဲဆိုတော့...
နောက်ပိုင်းမှာ ထိုင်းစာရဲ့ အသက်ဖြစ်တဲ့ Tone Marks (အသံသင်္ကေတ) တွေအကြောင်း သင်လာရတဲ့အခါ... ဒီဗျည်းက ဘယ်အုပ်စုဝင်လဲဆိုတာကို Mid, High, Low နာမည်နဲ့ သိထားမှသာ အသံထွက်ကို ပိုင်ပိုင်နိုင်နိုင် တွက်ချက်နိုင်မှာ ဖြစ်လို့ပါပဲ။

Thaw Dar ကိုယ်တိုင်လည်း ထိုင်းစာ စလေ့လာတုန်းက ဒီလိုပဲ အုပ်စု ၃ စု ခွဲပြီးတော့ပဲ စနစ်တကျ အလွတ်ကျက်ခဲ့တာပါ။ အစဉ်လိုက်ကြီး ကျက်တာထက် အများကြီး ပိုထိရောက်ပြီး စာဖတ်တဲ့အခါမှာလည်း အမှားနည်းသွားစေပါတယ်ရှင်။

အခုကတော့ အရေအတွက်လေးတွေကို အရင်မှတ်ထားကြရအောင်နော်။ နောက်ပိုင်းတွေမှာတော့ အုပ်စုတစ်စုချင်းစီမှာ ဘယ်စာလုံးတွေ ပါဝင်လဲဆိုတာကို Thaw Dar က အလွယ်မှတ်နည်းလေးတွေနဲ့ တစ်ဆင့်ချင်းစီ ပြောပြပေးသွားမှာမို့လို့ စောင့်မျှော်ပေးကြပါဦးရှင်။ 📚❤️

#ภาษาไทย

11/04/2026

“ထိုင်းဗျည်းတွေကို အချိန်ကုန်သက်သာအောင် အလွယ်မှတ်နည်း 🇹🇭”

#ထိုင်းစာ " #ภาษาไทย

DISCLAIMER: No Copyright Infringement caption intended. We do not own the music in this video. Music belongs to the rightful owner .

02/04/2026

ထိုင်းဗျည်း ၄၄ လုံးမှာ အသံက ၂၁ သံပဲ ရှိတယ်ဆိုတာ သိပြီးပြီလား? 🧐🇹🇭

ထိုင်းစာ စတင်လေ့လာသူတွေ ဗျည်း ၄၄ လုံးကို မြင်ရင် အလွတ်မှတ်ရမှာ ကြောက်လန့်သွားတတ်ကြပါတယ်။ ဒါပေမဲ့ တကယ့်တကယ် အသံထွက် (Phonetic Sounds) အနေနဲ့ ခွဲခြားလိုက်ရင် "၂၁ သံ" ပဲ ရှိတယ်ဆိုတာ သိရင် အံ့ဩသွားကြမှာပါ။

ဘာကြောင့် ၂၁ သံပဲ ရှိတာလဲ?
အဖြေကတော့ ရိုးရိုးလေးပါ... ဗျည်းအတော်များများက "အသံတူ၊ စာလုံးကွဲ" တွေ ဖြစ်နေလို့ပါ။ မြန်မာစာမှာ "ဃ၊ ဈ၊ ဋ၊ ဌ" တို့လိုမျိုး အသုံးနည်းပေမဲ့ အသံထွက်တူတာတွေ ရှိသလိုပေါ့။

ဥပမာအနေနဲ့ ကြည့်ရအောင် -

🔹 "ခ" အသံထွက် (Kh) - (၅) လုံးရှိတယ်
[ ข, ฃ, ค, ฅ, ฆ ] - ဒီ ၅ လုံးစလုံးက 'ခ' အသံထွက်တာချင်း အတူတူပါပဲ။

🔹 "ထ" အသံထွက် (Th) - (၆) လုံးတောင်ရှိတယ်
[ ฐ, ฑ, ฒ, ถ, ท, ธ ] - ဒီ ၆ လုံးစလုံးကို မြင်ရင် 'ထ' လို့ပဲ အသံထွက်လိုက်ရုံပါပဲ။

💡 ဒါဆို ဗျည်းတွေ အများကြီး ဘာလို့ ထားတာလဲ?
အဓိကကတော့ အသံနိမ့်အမြင့် (Tones) ခွဲခြားဖို့နဲ့ ပါဠိ၊ သက္ကတ စကားလုံးတွေကနေ ဆင်းသက်လာတဲ့ စာလုံးပေါင်းသတ်ပုံတွေ မှန်ကန်ဖို့အတွက် ဖြစ်ပါတယ်။

ဗျည်း ၄၄ လုံးရှိပေမဲ့ အခြေခံအသံ ၂၁ သံပဲ မှတ်ရမှာဆိုတော့ ထိုင်းစာလေ့လာရတာ ထင်သလောက် မခက်တော့ဘူးဆိုတာ သဘောပေါက်သွားပြီမလား? 😉

✨ နောက်ထပ် ဗဟုသုတတွေ သိချင်သေးလား?
နောက်တစ်ခေါက်မှာတော့ အခု ၂၁ သံထဲကမှ နေ့စဉ်ဘဝမှာ အသုံးအများဆုံး စာလုံးတွေကို ဘယ်လို "အလွယ်မှတ်မလဲ" ဆိုတဲ့ နည်းလမ်းကောင်းတွေကို ပြောပြပေးသွားမှာမို့လို့ Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။

ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ... ကျေးဇူးတင်ပါတယ်ရှင်။ 🙏✨

27/03/2026

"ထိုင်းစာကို ရေးနည်း အခြေခံလေးကို သိနိုင်ဖို့ ဒီ videoလေးကို ကြည့်လိုက်နော်... ✍️🇹🇭

#ထိုင်းစာ "

DISCLAIMER: No Copyright Infringement caption intended. We do not own the music in this video. Music belongs to the rightful owner .

20/03/2026

ထိုင်းစာကို အခြေခံကနေ စလေ့လာမယ့်သူတွေအတွက် သိထားသင့်တဲ့ ဗျည်းနဲ့ သရ အရေအတွက် ✍️🇹🇭"
ထိုင်းစာမှာ ဗျည်းနဲ့ သရ အရေအတွက်ဟာ မြန်မာစာထက် ပိုများတဲ့အတွက် အစပိုင်းမှာ နည်းနည်းတော့ မှတ်ရတာ များနိုင်ပါတယ်။ ဒါပေမဲ့ စနစ်တကျ ခွဲခြားမှတ်သားမယ်ဆိုရင်တော့ မခက်ပါဘူးရှင်။

၁။ ထိုင်းဗျည်း (Consonants) - ၄၄ လုံး

ထိုင်းဗျည်း စုစုပေါင်း ၄၄ လုံး ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ၄၂ လုံး ကိုပဲ အဓိက သုံးကြပြီး ကျန်တဲ့ ( ၂ လုံး ) ကတော့ အခုနောက်ပိုင်းမှာ အသုံးမပြုတော့ပါဘူး။

ဗျည်းတွေကို အသံအနိမ့်အမြင့်ပေါ် မူတည်ပြီး အုပ်စု ၃ စု (High, Middle, Low Class) ခွဲခြားထားပါတယ်။ ဒါက ထိုင်းစာရဲ့ Tone (အသံနိမ့်မြင့်) တွေအတွက် အရမ်းအရေးကြီးပါတယ်။

၂။ ထိုင်းသရ (Vowels) - ၃၂ မျိုး

သရကတော့ စုစုပေါင်း ၃၂ မျိုး ရှိပါတယ်။ ထိုင်းသရရဲ့ ထူးခြားချက်က "အသံတို (Short)" နဲ့ "အသံရှည် (Long)" ဆိုပြီး အတွဲလိုက် ရှိနေတာပါ။
ဥပမာ - အ (short) နဲ့ အာ (long)၊ အိ (short) နဲ့ အီ (long) စသဖြင့်ပေါ့။
အသံအတိုအရှည် မှားယွင်းသွားရင် အဓိပ္ပာယ်ပါ ပြောင်းသွားနိုင်လို့ သေချာ ဂရုစိုက်ရပါတယ်ရှင်။

ဒီနေ့တော့ အခြေခံအရေအတွက်လေးတွေကိုပဲ မိတ်ဆက်ပေးလိုက်တာပါ။ နောက်ရက်တွေမှာတော့ ဗျည်းတစ်လုံးချင်းစီရဲ့ အသံထွက်ပုံနဲ့ မှတ်ရလွယ်တဲ့ နည်းလမ်းလေးတွေကို Thaw Dar တစ်ဆင့်ချင်းစီ မျှဝေပေးသွားမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။ ✨❤️"

15/03/2026

ထိုင်းစာ လေ့လာနေသူတိုင်း သိထားသင့်တဲ့ စိတ်ဝင်စားစရာ အချက်လေးတွေ 🇹🇭✨"

ထိုင်းစာကို စပြီး လေ့လာတော့မယ်ဆိုရင် ဘာသာစကားရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ အသုံးချမှုလေးတွေကို သိထားတာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီနေ့မှာတော့ Thaw Dar က အချက် (၂) ချက်ကို မျှဝေပေးချင်ပါတယ်ရှင့်။

၁။ ထိုင်းနိုင်ငံမှာ ဒေသစကား (၄) မျိုး ရှိတယ် 🗣️
ထိုင်းနိုင်ငံဟာ ကျယ်ပြန့်တဲ့အတွက် ဒေသအလိုက် စကားပြောပုံလေးတွေ ကွဲပြားကြပါတယ်။
Central Thai (အလယ်ပိုင်း): ဒါကတော့ ကျွန်မတို့ သင်ယူနေတဲ့ ရုံးသုံးဘာသာစကားပါ။ ဘန်ကောက်မြို့ဝန်းကျင်မှာ ပြောကြပါတယ်။
Northern Thai (မြောက်ပိုင်း): ချင်းမိုင်ဘက်မှာ ပြောကြပြီး အသံအေးအေးလေးနဲ့ ချိုပါတယ်။
Isan (အရှေ့မြောက်ပိုင်း): လာအိုစာနဲ့ အရမ်းဆင်ပြီး အရမ်းသွက်တဲ့ စကားပြောပုံမျိုးပါ။
Southern Thai (တောင်ပိုင်း): အသံက နည်းနည်းပြတ်တောင်းပြတ်တောင်းနဲ့ အမြန်ပြောလေ့ရှိကြပါတယ်။
ဒီစကားတွေအားလုံးဟာ ထိုင်းဘာသာစကားရဲ့ Dialects (ဒေသန္တရစကား) တွေ ဖြစ်ကြပေမဲ့ အခြေခံ ဗျည်းနဲ့ သဒ္ဒါတွေကတော့ Central Thai နဲ့ အတူတူပါပဲရှင့်။
၂။ ကမ္ဘာပေါ်မှာ ထိုင်းစကားပြောသူ သန်း ၆၀ ကျော်ရှိပါတယ် 🌍
ထိုင်းနိုင်ငံထဲမှာတင်မကဘဲ အမေရိကန်၊ ဥရောပ၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေအထိ ထိုင်းဘာသာစကားကို အသုံးပြုသူတွေ ပျံ့နှံ့နေတာပါ။ ဒါကြောင့် ထိုင်းစာတတ်ထားရင် အခွင့်အလမ်းတွေကလည်း အများကြီးပါပဲနော်။
ဒီအချက်လေးတွေကို Thaw Dar လည်း စာအုပ်ဖတ်ရင်း ဗဟုသုတရလို့ ပြန်မျှဝေပေးလိုက်တာပါရှင့်။
နောက်ရက်တွေမှာလည်း ထိုင်းစာအခြေခံ Tips လေးတွေ ဆက်လာမှာမို့လို့ Thaw Dar’s Language Journey ကို Like & Follow လုပ်ထားကြပါဦးနော်။ ❤️

13/03/2026

สวัสดีค่ะทุกคน🙋‍♀️📚✍️

👧 မင်္ဂလာပါရှင်။ ထိုင်းစာကို ကိုယ်တိုင်လည်း လေ့လာနေရင်း၊ ကိုယ်သိထားတဲ့ အခြေခံ Tips လေးတွေကို ပြန်မျှဝေပေးသွားမယ့် Page လေးကနေ ကြိုဆိုပါတယ်။ ကျွန်မနာမည်ကတော့ ခင်သော်တာ ဖြစ်ပါတယ်။ ဘာသာစကားအသစ်တစ်ခုကို စလေ့လာရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ နားလည်တာမို့လို့ ဒီ Page မှာ အရိုးရှင်းဆုံးနဲ့ အမှန်ကန်ဆုံးနည်းလမ်းတွေကို အတူတူ လေ့လာသွားကြမယ်။ အခြား ဘာသာစကားနဲ့ပတ်သက်တဲ့ Activity လေးတွေလည်းလုပ်မယ်။ ဒါကြောင့် Page လေးကို Like & Follow လေးလုပ်ထားကြဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်နော်... နောက်ပိုင်းမှာလည်း ကျွန်မလက်ရှိ ထပ်ပြီးလေ့လာနေတဲ့ တရုတ်စာနဲ့ပတ်သက်တာလေးတွေလည်း စာပြန်သင်တဲ့ သဘောမျိုးမဟုတ်ပဲ အတူတူ စာလေ့လာတဲ့ပုံစံမျိုးလေးနဲ့ Content လေးတွေ လာဖို့ရှိလို့ စောင့်မျှော်ပေးကြပါအုံးနော်...

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address

Yangon