A Plus Accountancy Academy

A Plus Accountancy Academy

Share

LCCI & ACCA စာရင်းကိုင် သင်တန်းကျောင်း

13/02/2026

# Accounting

🔖 Quiz Time 🔖



12/02/2026

♦♦♦ Sole Trader ♦♦♦
(Sole proprietorship) တစ်ဦးတည်းပိုင်လုပ်ငန်း

🏷 Sole trader ဆိုတာ ပိုင်ရှင်တစ်ဦးပဲရှိတဲ့ လုပ်ငန်းအမျိုးအစား ပဲ ဖြစ်ပါတယ်။
🏷 Sole trader ကိုဖွဲ့စည်းတဲ့အခါမှာ ပိုင်ရှင်နဲ့ သီးခြားဖြစ်တဲ့ အဖွဲ့အစည်းအဖြစ်ဖွဲ့စည်းလို့မရပါဘူး။
🏷 ပိုင်ရှင် နဲ့ လုပ်ငန်းဟာ တစ်သားတည်း ဖြစ်တယ်လို့ယူဆရပါမယ်။
🏷 ဒီလိုမျိုး ယူဆထားတဲ့အတွက်ကြောင့် လုပ်ငန်းနဲ့ပတ်သက်သမျှ liabilities အားလုံးကို ပိုင်ရှင် ကနေ ပြန်ဆပ်ပေးရမယ့်တာဝန်ရှိပါတယ်။
🏷 ဒီအချက်ဟာဆိုရင် partnership, corporations တွေနဲ့ ကွဲပြားတဲ့အချက်ပဲ ဖြစ်ပါတယ်။
🏷 ဒီနေရာမှာ သတိထားရမယ့်အချက်ကတော့ ပိုင်ရှင်နဲ့လုပ်ငန်းဟာတစ်သားတည်းဖြစ်ပေမယ့် accounting ပိုင်းအနေနဲ့ စာရင်းရေးဆွဲတဲ့အခါမှာတော့ ပိုင်ရှင်နဲ့လုပ်ငန်းဟာ အမြဲတမ်း သီးခြားစီလို့ စဥ်းစားပြီးပဲရေးဆွဲပေးရပါမယ်။
🏷 Small business, freelancer နဲ့ ကိုယ်ပိုင်အလုပ်လုပ်တဲ့သူ အများစုဟာ sole trader business structure ကိုအသုံးပြုကြပါတယ်။
🏷 Start up လုပ်ငန်းအများစုဟာ စစချင်းမှာ sole trader အဖြစ်နဲ့စတင်ပြီး လုပ်ငန်းတိုးတက်လာတာနဲ့အမျှ အလုပ် သမားများစွာ ငှားရမ်းလည်ပတ်လာပြီး နောက်ပိုင်းမှာ corporation တွေအဖြစ် ပြောင်းလဲ ဖွဲ့စည်းလေ့ရှိကြပါတယ်။
🏷 Ebay, Walmart, Marriott hotels စတဲ့ လုပ်ငန်းတွေဟာ sole trader အဖြစ်နဲ့စတင်ခဲ့ပြီး အခုဆိုရင် အောင်မြင်တဲ့ corporation တွေ အဖြစ်နဲ့ရပ်တည်နေကြပါပြီ။

📍 Advantages📍

1. Easy and inexpensive process
Sole trader တွေဟာ စတင်တည်ထောင်တဲ့စရိတ်နဲ့ လုပ်ငန်းလည်ပတ်တဲ့ စရိတ် နည်းပါးပါတယ်။ အဲ့ဒီအပြင်ကို လုပ်ငန်းစတင်ဖွဲ့စည်းရာမှာလည်း partnership, corporation တို့ထက်လွယ်ကူမှုရှိပါတယ်။

2. Few government regulations
အစိုးရရဲ့ စည်းမျဥ်းသတ်မှတ်ချက်တွေ နည်းပါးပါတယ်။ ဥပမာ corporation တွေမှာဆိုရင် ကိုယ့်လုပ်ငန်းရဲ့ financial report တွေကို public ကိုဖော်ပြရတာမျိုးတွေရှိပါတယ်။ Sole trader မှာတော့ အဲ့လို စည်းမျဥ်း သတ်မှတ်ချက်မျိုးတွေမရှိပါဘူး။

3. Tax advantages
Tax ပေးဆောင်တဲ့အခါမှာလည်း owner အနေနဲ့ personal income tax တစ်ခါသာ ပေးဆောင်ရပါတယ်။ လုပ်ငန်းအနေနဲ့ tax ထပ်မံပေးဆောင်ဖို့ရန် မလိုအပ်ပါဘူး။

📍 Disadvantages📍

1. Unlimited liability of the owner
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပိုင်ရှင်နဲ့လုပ်ငန်းဟာ တစ်သား တည်းဖြစ်တဲ့အတွက် လုပ်ငန်းကတင်နေတဲ့အကြွေးတွေဟာ ပိုင်ရှင်ရဲ့အကြွေးတွေအဖြစ်မှတ်ယူရပါမယ်။ လုပ်ငန်းအနေနဲ့ အကြွေးတွေ ပြန်မဆပ်နိုင်တဲ့အခြေအနေမှာဆိုရင် ပိုင်ရှင် ရဲ့ personal assets တွေကိုပါ အသုံးပြုပြီး အကြွေးတွေဆပ်ပေးရပါမယ်။

2. Limitations on capital raising
ဒီအချက်ကတော့ အဓိက အချက်ပါပဲ။ တစ်ဦးတည်းပိုင် လုပ်ငန်းဖြစ်တဲ့အတွက် capital တွေများများထည့်နိုင်ဖို့ ခက်ခဲပါတယ်။ Corporation တွေလိုမျိုး share တွေထုတ်ရောင်းပြီး capital တိုးအောင်လုပ်လို့ မရသလို၊ loan ချေးရာမှာလည်း အခက်အခဲတွေ ရှိနိုင်ပါတယ်။

မိမိလုပ်ငန်းကို sole trader ပုံစံနဲ့ စတင်ဖွဲ့စည်းတော့မယ်ဆိုရင် အထက်မှာပြောခဲ့တဲ့ advantages နဲ့ disadvantages တွေကို သေချာချိန်ထိုးစဥ်းစားဖို့ အလွန်အရေးကြီးပါတယ်။





05/02/2026

✨Contra in Control Accounts✨




02/02/2026

♦️Trial Balance and Errors♦️

➖▪️Trial balance ဆိုတာ Ledgerမှာ ရှိတဲ့ account တွေ အားလုံး (asset, liability, equity, income, expense) တစ်ခုချင်းစီကို သတ်မှတ်ထားတဲ့ ကာလတစ်ခုမှာ စာရင်းပိတ်ပြီး ရလာတဲ့ debit bal. (or) credit bal. တွေကို ရေးသွင်းခြင်းဖြစ်ပါတယ်။

➖▪️Ledger ရဲ့ debit bal. ကို trial bal. ရဲ့ debit column, credit bal. ကို trial bal ရဲ့ credit column မှာ ရေးသွင်းရပါတယ်။

➖▪️Trial balance ရဲ့ total debit bal. နဲ့ total credit bal. ဟာ တူရပါမယ်။

➖▪️Ledger မှာ ရှိတဲ့ accountတိုင်းက transactionတစ်ခု ရှိတာနဲ့ double entry system အရ debit တစ်ခါ၊ creditတစ်ခါ သွားတာကြောင့် trial bal. က total debit bal. နဲ့ total credit bal. ဟာလည်း တူနေမှ မှန်မှာဖြစ်တယ်။

➖▪️မတူရင် Ledger ကိုပြန်စစ်ဆေးရမယ်။ သို့သော် လုပ်ငန်းရဲ့ double entry system မှာဖြစ်ပေါ်တဲ့ ဂဏန်းသင်္ချာတွက်ချက်မှု အမှားမျိုးကိုသာ စစ်ဆေးနိုင်ပါတယ်။

➖▪️ဥပမာ - စာရင်းပိတ်တဲ့အခါ calculation error ဖြစ်သွားတာမျိုး၊ transaction တစ်ခုရဲ့ debit, credit နှစ်နေရာမှာ တစ်နေရာ သွင်းဖို့ မေ့ကျန်ခဲ့တာမျိုး နဲ့ ဂဏန်းမှားသွင်းတာမျိုးကိုသာ trial bal. က သိနိုင်ပါတယ်။

📎📎Trial balance က မသိနိုင်တဲ့ accounting error အရ အမှားများ
-------------------------------------------------------------------------

1. Error of omission - မေ့ကျန်အမှား

▫️▫️Transaction တစ်ခုရဲ့ debit နဲ့ credit နှစ်နေရာလုံးမှာ စာရင်းသွင်းဖို့ မေ့ကျန်နေတာမျိုးကို error of omission လို့ခေါ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်း debit, credit နှစ်နေရာမှာ တစ်နေရာကျန်ခဲ့ရင် နောက်ဆုံး trial bal. မညီလို့ အမှား ပြန်ရှာနိုင်ပေမယ့် Dr,Cr နှစ်နေရာလုံး ကျန်ခဲ့တဲ့အခါ trial bal. ညီနေမှာပဲ ဖြစ်တဲ့အတွက် trial bal. က‌နေအမှားကို မသိနိုင်ပါ။

2. Error of original entry - amount မှားသွင်းခြင်း

▫️▫️Debit နဲ့ credit နှစ်နေရာလုံးမှာ amount မှားသွင်းတာမျိုးကို error of original entry လို့ ခေါ်တယ်။ ဥပမာ - လုပ်ငန်းက လက်ငင်းရောင်းရငွေ 300ကို cash (Dr) 300, sale (Cr) 300 သွင်းရမှာကို Dr,Cr နှစ်နေရာလုံးမှာ 200လို့ amountမှားသွင်းတဲ့အခါ trial bal. ညီနေမှာ ဖြစ်တဲ့အတွက် trial bal. ကနေအမှားကို မသိနိုင်ပါ။

3. Error of reversal - debit, credit ပြောင်းပြန်မှားသွင်းခြင်း

▫️▫️အပေါ်က ဥပမာနဲ့ပဲ ပြန်ပြောရရင် လက်ငင်းရောင်းရငွေ 300 ကို cash မှာ Dr မသွင်းဘဲ (Cr) 300, saleမှာ Cr မသွင်းဘဲ (Dr) 300 လို့ Dr နဲ့ Cr ပြောင်းပြန် မှားသွင်းတာမျိုးကို errror of reversal လို့ခေါ်တယ် ။ နေရာ မှားနေပေမယ့် debit နဲ့ credit amount တူတူပဲမို့ ညီနေမှာ ဖြစ်တဲ့အတွက် trial bal. ကနေအမှားကို မသိနိုင်ပါ။

4. Error of principle - accounting စည်းမျဉ်းမှားခြင်း

▫️▫️Error of principle က accountingမှာ သတ်မှတ်ထားတဲ့ ဘယ်ဟာဆို liability၊ ဘယ်ဟာဆို exp. စတဲ့
စည်းမျည်းတွေကို မှားသွင်းတာ ဖြစ်ပါတယ်။

ဥပမာ - equipment ဝယ်တာကို Non Current Asset မှာ Dr မသွင်းဘဲ operating exp. မှာ Dr သွင်းလိုက်တာမျိုး။ သွင်းရမယ့် account type မှားပေမယ့် Dr, Cr မှန်အောင် သွင်းထားလို့ trial bal. ညီနေမှာ ဖြစ်တဲ့အတွက် trial bal ကနေအမှားကို မသိနိုင်ပါ။

5. Error of commission - account မှားခြင်း

▫️▫️Error of commission က error of principleနဲ့ ဆင်သလိုနဲ့ မတူတာက error of commission က account category မှန်ပါတယ်။

ဥပမာ - ဦးလှ အကြွေးဆပ်တာကို ဦးလှ (trade receivable) မှာ Cr မသွင်းဘဲ ဦးမြ (trade receivable) မှာ Cr သွင်းမိတာမျိုး။ trade receivableဆိုတဲ့ account category မှန်ပေမယ့် customer acc မှားတာမျိုးကို error of commission လို့ခေါ်ပါတယ်။ Dr, Cr မှန်ကန်အောင် သွင်းထားတာဖြစ်လို့ trial bal. ညီနေမှာ ဖြစ်တဲ့အတွက် trial bal. က‌နေအမှားကို မသိနိုင်ပါ။

➖▪️Trial balance ကို financial statements (statement of profit and loss နဲ့ statement of financial position) ရေးဆွဲတဲ့အခါ အသုံးပြုဖို့ရာ ပြင်ဆင်ထားခြင်းဖြစ်ပါတယ်။

➖▪️ဒါကြောင့် trial balanceကို သတ်မှတ်ထားတဲ့ accounting period အဆုံး financial statements မရေးဆွဲမီမှာ ပြင်ဆင်ရပါတယ်။





25/01/2026

🔷Depreciation Policy in Non-Current Asset🔷
🔷ACCA Foundation Level 3🔷




Photos from A Plus Accountancy Academy's post 21/01/2026

✨Our Students Achievement✨
🔷ACCA Part1 & Foundation Level 3🔷



16/01/2026

♦ Double Entry and Single Entry Accounting System ♦

အခုပြောမယ့် အကြောင်းအရာ ကတော့ စာရင်းရေး
သွင်းတဲ့အခါ အသုံးပြု ကြတဲ့ accounting system (2) ခုအကြောင်းပါ။

1. Double entry system

လုပ်ငန်းရဲ့ transaction တွေကို စာရင်း ရေးသွင်းတဲ့အခါမှာ အနည်းဆုံး account (2) ခုမှာစာရင်းရေးသွင်းရပါတယ်။ စာရင်းသွင်းတဲ့ အခါ account တစ်ခုမှာ debit entry သွင်းရင် အခြား account မှာ credit entry သွင်းရပါမယ်။ ဒါကို double entry system လို့ခေါ်ပါတယ်။ မှတ်ရလွယ်အောင် ပြောရမယ်ဆိုရင် double လို့ပြောတာမို့ နှစ်နေရာ စာရင်းသွင်းရတယ် လို့မှတ်နိုင် ပါတယ်။

Double entry accounting စာရင်းရေးသွင်းပုံကို transaction (2) ခုနဲ့ ကြည့်ကြည့်ရအောင်။

✔ Bakery တစ်ခုက cake 🍰 (5)လုံး ရောင်းရတယ် ဆိုပါတော့။ ပုံမှန်ဆိုရင် cake ရောင်းလိုက်
တယ်ပဲ မြင်ပေမယ့် double entry မှာ စာရင်းသွင်းတဲ့အခါ cake🍰 ကိုရောင်းလိုက်တာအတွက် အရောင်း (Sale) မှာ တစ်ခါ၊ ငွေရတဲ့အတွက် ငွေသား(Cash)💵 မှာတစ်ခါ ဆိုပြီး နှစ်ခါ စာရင်းသွင်းရပါမယ်။

✔ နောက်တစ်ချက်အနေနဲ့ bakery ဟာ လုပ်ငန်းအတွက်ငွေလိုတဲ့အခါ bank ကနေ ချေးငွေ (loan) ယူပါမယ်။ ဒါကိုစာရင်းသွင်းတဲ့အခါ ငွေရတဲ့အတွက် ငွေသား (cash)💵 မှာတစ်ခါ၊ ချေးငွေယူလိုက်တာဖြစ်တဲ့အတွက် ချေးငွေ (loan)💰 မှာတစ်ခါစာရင်း သွင်းရပါမယ်။

📢 အခုဆက်ပြောမယ့် နောက်တစ်ချက်ကတော့ single entry system ပါ။

2. Single entry system

Single entry ဟာဆိုရင် single ဆိုတဲ့အတိုင်း cash book တစ်ခုတည်းမှာပဲ ငွေအဝင် အထွက်ကို စာရင်းသွင်းတာပါ။

အစပိုင်းက ပြောခဲ့တဲ့ bakery ကနေ cake ရောင်းတဲ့ transaction ကို ပြန်ပြောပါမယ်။

✔ Single entry အရဆိုရင် cake ရောင်းလို့ရတဲ့ငွေကို ငွေသား(Cash) 💵 မှာတစ်ခါပဲ စာရင်းသွင်း မှာပါ။ cake 🍰 ရောင်းရတဲ့အရောင်း (Sale) ဘက်မှာ စာရင်းထပ်သွင်းလေ့မရှိပါဘူး။

✔ နောက် transaction ဖြစ်တဲ့ ချေးငွေ (loan) ယူတဲ့အခါမှာလည်း ငွေရတဲ့အတွက် ငွေသား (cash) 💵 မှာပဲ စာရင်းသွင်းမှာပါ။ ချေးငွေ ဘယ်လောက် ယူထားပါတယ် ဆိုပြီး ချေးငွေ (loan) 💰အတွက် စာရင်း
သီးသန့်ထားတာမျိုး နည်းပါတယ်။

ဒီ ဥပမာ နှစ်ခုကို ကြည့်ရုံနဲ့ double entry နဲ့ single entry စာရင်းသွင်းပုံကို ရှင်းရှင်း လင်းလင်း မြင်နိုင်ပါ တယ်။

accounting system နှစ်မျိုးရှိပေမယ့် လုပ်ငန်းအများစုဟာ double entry system ကိုပဲ အသုံးပြုလေ့ရှိကြပါတယ်။

🔷 ဘာဖြစ်လို့လဲဆိုရင် single entry ဟာငွေအဝင်အထွက်ကိုပဲ စာရင်းမှတ်ပြီး လုပ်ငန်းက ပိုင်တဲ့ assets တွေနဲ့ ပေးစရာရှိတဲ့ liabilities တွေနဲ့ ပတ်သက်ပြီး စာရင်းတွေအတိအကျ ရှိမနေတဲ့အတွက်ကြောင့်ပါ။

အကျိုးဆက်တွေအနေနဲ့ကတော့ asset တွေ အခိုးခံရတာမျိုးရှိခဲ့ရင် လုပ်ငန်းက မသိလိုက်တာမျိုးတွေဖြစ်နိုင်ပါတယ်။

Liabilities တွေနဲ့ပတ်သက်ပြီး ဆပ်ရမယ့် အချိန်
ရောက်ပေမယ့် မေ့နေတာမျိုးတွေ ပြန်မဆပ်ဖြစ်တာမျိုးတွေကြောင့် လုပ်ငန်းရဲ့ နာမည်ကို ထိခိုက်စေတာ
တွေဖြစ်နိုင်ပါတယ်။

🔷 Single entry record တွေမှာဆိုရင် တိကျသေချာတဲ့ format ရှိမနေတဲ့အတွက် financial statements နဲ့ reports တွေရေးဆွဲဖို့ရာ ခက်ခဲပါတယ်။

🔷 အဲ့ဒါတွေအပြင် စာရင်းတွေ ပြန်စစ်ဆေးတဲ့အခါမှာလည်း cash book တစ်နေရာတည်းမှာ သွင်းထားတဲ့အတွက် အမှားများစွာရှိနိုင်ပါတယ်။

🔷 စာရင်းမှားသွင်းမိတာ တွေကိုလည်း double entry မှာလို ပြန်လည်စစ်ဆေးဖို့ မလွယ်ကူနိုင်ပါဘူး။

အခု ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကြောင့် လုပ်ငန်း
ကြီး တွေဟာ double entry system ကိုပဲ အသုံးပြု
ကြပြီး လုပ်ငန်းငယ် အနည်းစုလောက်သာ single entry system ကိုအသုံးပြုကြခြင်းပဲ ဖြစ်ပါတယ်။

☎️သင်တန်းအပ်ရန်နှင့်အသေးစိတ်သိရှိလိုပါကဆက်သွယ်ရန်
A Plus Accountancy Academy Page Messenger
09 974176967





12/01/2026

🔷Books of Original Entry🔷




Photos from A Plus Accountancy Academy's post 07/01/2026

🔹 𝗔𝗖𝗖𝗔 𝗢𝗻 𝗖𝗮𝗺𝗽𝘂𝘀 and 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 တန်းခွဲသစ်များ

🔹 𝗔𝗖𝗖𝗔 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗲𝘃𝗲𝗹 𝟮
🔹 𝗔𝗖𝗖𝗔 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗲𝘃𝗲𝗹 𝟯
🔹 𝗔𝗖𝗖𝗔 𝗣𝗮𝗿𝘁 𝟭 𝗖𝗹𝗮𝘀𝘀

👩‍🏫 သင်ကြားမည့်ဆရာမ

𝗗𝗮𝘄 𝗠𝗼𝗲 𝗠𝗼𝗲 𝗬𝗲 𝗠𝘆𝗶𝗻𝘁
𝗕.𝗖𝗼𝗺 (𝗛𝗼𝗻𝘀;), 𝗠.𝗖𝗼𝗺 (𝗬𝗨𝗘𝗰𝗼)

🔹 𝗔𝗖𝗖𝗔 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗲𝘃𝗲𝗹 𝟮

✨စာရင်းကိုင်ပညာကို အခြေခံမှစ၍ လေ့လာမည့်သူများ၊
✨𝗔𝗰𝗰𝗼𝘂𝗻𝘁𝗶𝗻𝗴 & 𝗙𝗶𝗻𝗮𝗻𝗰𝗲 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 လမ်းကြောင်းကိုလျှောက်လှမ်းမည့်သူများ၊
✨𝗜𝗚𝗖𝗦𝗘 𝗔𝗰𝗰𝗼𝘂𝗻𝘁𝗶𝗻𝗴 တက်ရောက်မည့်သူများ၊ တက်ရောက်ပြီးသူများ၊
✨ပညာအရည်အချင်းအထက်တန်းအဆင့်ရှိသူများ တက်ရောက်နိုင်ပါတယ်။

🔹 𝗔𝗖𝗖𝗔 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗲𝘃𝗲𝗹 3

𝗔𝗖𝗖𝗔 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗲𝘃𝗲𝗹 𝟮 𝗼𝗿 𝗟𝗖𝗖𝗜 𝗟𝗲𝘃𝗲𝗹 𝟭,𝟮 ပြီးထားသူများ တက်ရောက်နိုင်ပါတယ်။

🔹 𝗔𝗖𝗖𝗔 𝗣𝗮𝗿𝘁 𝟭 𝗖𝗹𝗮𝘀𝘀

𝗔𝗖𝗖𝗔 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗟𝗲𝘃𝗲𝗹 𝟯 𝗼𝗿 𝗟𝗖𝗖𝗜 𝗟𝗲𝘃𝗲𝗹 𝟯 ပြီးထားသူများ တက်ရောက်နိုင်ပါတယ်။

🎉 𝗘𝗮𝗿𝗹𝘆 𝗕𝗶𝗿𝗱 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁

🔸Jan 31 မတိုင်မီ သင်တန်းအပ်နှံသူများအတွက် 𝗘𝗮𝗿𝗹𝘆 𝗕𝗶𝗿𝗱 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 𝗣𝗹𝗮𝗻 များလည်း ရှိပါမယ်။

𝗟𝗲𝘃𝗲𝗹 𝟮 - 2𝟬,𝟬𝟬𝟬 𝗠𝗠𝗞 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
𝗟𝗲𝘃𝗲𝗹 𝟯 - 3𝟬,𝟬𝟬𝟬 𝗠𝗠𝗞 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁
𝗣𝗮𝗿𝘁 𝟭 - 45,𝟬𝟬𝟬 𝗠𝗠𝗞 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁

💻 Online Class သင်ကြားမည့်ပုံစံ

🔸Mon, Wed, Fri တိုင်း Pre recorded video file များကို သက်ဆိုင်ရာ telegram group တွေမှာတင်ပေးသွားပါမယ်
🔸တီချယ်နဲ့တိုက်ရိုက် စာမေးမြန်းဆွေးနွေးနိုင်ရန် အပတ်စဥ် Zoom live Discussion တစ်ချိန်ရှိပါမယ်။

📜 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲

🔸သင်တန်းပြီးဆုံးသွားပါက သင်တန်း 𝗙𝗶𝗻𝗮𝗹 𝗘𝘅𝗮𝗺 စစ်ပါမယ်။
🔸စာမေးပွဲ အောင်မြင်ပါက သင်တန်း 𝗰𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 ထုတ်ပေးပါမယ်။
🔸အပတ်စဥ် 𝗖𝗵𝗮𝗽𝘁𝗲𝗿 𝗘𝗻𝗱 𝗧𝗲𝘀𝘁 များလည်း ပုံမှန်ဖြေဆိုရပါမယ်။

🇬🇧 𝗨𝗞 𝗘𝘅𝗮𝗺

🔸𝗨𝗞 𝗲x𝗮𝗺 ဖြေဆိုရန်အတွက် လိုအပ်သည်များ (𝗔𝗖𝗖𝗔 𝗮𝗰𝗰𝗼𝘂𝗻𝘁 𝗿𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 ပြုလုပ်ခြင်း၊ 𝗨𝗞 𝗘𝘅𝗮𝗺 𝗙𝗲𝗲𝘀 ပေးသွင်းခြင်း) စတာတွေကို သင်တန်းကျောင်းမှ အပြီးအစီး စီစဉ်ပေးပါတယ်။

🔸𝗞𝗮𝗽𝗹𝗮𝗻 𝗞𝗶𝘁, 𝗕𝗣𝗣 𝗞𝗶𝘁, 𝗦𝘁𝘂𝗱𝘆 𝗛𝘂𝗯 တို့ကို အပြည့်အစုံလေ့ကျင့်ပေးပါတယ်။

💳 𝗣𝗮𝘆𝗺𝗲𝗻𝘁 𝗠𝗲𝘁𝗵𝗼𝗱

𝗞𝗕𝗭 𝗽𝗮𝘆, 𝗖𝗕 𝗽𝗮𝘆, 𝗖𝗕 𝗯𝗮𝗻𝗸 𝗮𝗰𝗰𝗼𝘂𝗻𝘁, 𝗔𝗬𝗔 𝗯𝗮𝗻𝗸 𝗮𝗰𝗰𝗼𝘂𝗻𝘁 တို့မှတစ်ဆင့်ငွေလွှဲနိုင်ပါသည်။

✳️ သင်တန်းသားဦးရေ ကန့်သတ်ထားပါသည်။

📞 သင်တန်းအပ်ရန်နှင့် အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်
𝗔 𝗣𝗹𝘂𝘀 𝗔𝗰𝗰𝗼𝘂𝗻𝘁𝗮𝗻𝗰𝘆 𝗔𝗰𝗮𝗱𝗲𝗺𝘆 𝗣𝗮𝗴𝗲
☎️ 09 974176967 (Ph, Viber, Telegram)

📍 𝗔𝗱𝗱𝗿𝗲𝘀𝘀

𝗡𝗼.𝟭𝟮𝗔, 𝟲 လွှာ, စံရိပ်ငြိမ် 𝟮 လမ်း, လှည်းတန်းမှတ်တိုင်အနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

#𝗔𝗣𝗹𝘂𝘀𝗔𝗰𝗰𝗼𝘂𝗻𝘁𝗮𝗻𝗰𝘆𝗔𝗰𝗮𝗱𝗲𝗺𝘆
#𝗟𝗖𝗖𝗜𝗟𝗲𝘃𝗲𝗹𝟭,𝟮
#𝗔𝗖𝗖𝗔𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻𝗟𝗲𝘃𝗲𝗹𝟮
#𝗔𝗖𝗖𝗔𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻𝗟𝗲𝘃𝗲𝗹𝟯
#𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻𝘀𝗜𝗻𝗔𝗰𝗰𝗼𝘂𝗻𝘁𝗮𝗻𝗰𝘆
#𝗔𝗖𝗖𝗔𝗣𝗮𝗿𝘁𝟭
#𝗢𝗻𝗖𝗮𝗺𝗽𝘂𝘀𝗖𝗹𝗮𝘀𝘀
#𝗢𝗻𝗹𝗶𝗻𝗲𝗖𝗹𝗮𝘀𝘀

Photos from A Plus Accountancy Academy's post 02/01/2026

✨Our Student Achievement✨
🔷ACCA Part1🔷



Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


No. 12A, 6th Floor, San Yeik Nyein 2nd Street, Hledan, Kamaryut
Yangon