Russian Language House

Russian Language House Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Russian Language House, Language school, Sanchaung, Yangon.

05/06/2026

✅Какие языки вы хотите изучать?
What languages do you want to learn?

✅ изучать.verb ( study)
လေ့လာသည်။
✅ язык.language ဘာသာစကား
✅ почему? Why?
အဘယ်ကြောင့်ဆိုသော်
✅ Ничего. nothing
✅ленивый (lazy) ( adjective )
ပျင်းရိ. သော

Original Owner video
#အခြေခံရုရှားဘာသာစကားပြော
Russian Together

ရန်ကုန်လေဆိပ် Immigration မှာ ဖြည့်ပြီးပေးခဲ့ရတဲ့ Arrival Card ကို ဘယ်လိုဖြည့်ရမလဲ?🔹ပြည်ပကနေ ရန်ကုန်လေဆိပ်ကို MAI လေယာဉ်...
05/06/2026

ရန်ကုန်လေဆိပ် Immigration မှာ ဖြည့်ပြီးပေးခဲ့ရတဲ့ Arrival Card ကို ဘယ်လိုဖြည့်ရမလဲ?
🔹ပြည်ပကနေ ရန်ကုန်လေဆိပ်ကို MAI လေယာဉ် နဲ့ ပြန်လာတဲ့အခါ Immigration ဖြတ်တဲ့အခါ Arrival Card ဖြည့်ပေးရပါတယ်။ Arrival Card ဖြည့်တဲ့အခါ ဒီ (၁၇) ချက်ကို သိထားရင် အလွယ်တကူ ဖြည့်နိုင်မှာ ဖြစ်ပါတယ်။
(1) Family Name (မျိုးရိုးအမည်)
🔹မိမိမှာ မျိုးရိုးအမည်ရှိလျှင် ဖြည့်ပါ။ မြန်မာနိုင်ငံသားအများစုက မျိုးရိုးအမည် သီးသန့်မရှိတတ်ကြတဲ့အတွက် မိမိအမည်ရဲ့ နောက်ဆုံးစာလုံးကို ဖြည့်လေ့ရှိကြပါတယ်။
ဥပမာ - Zaw Min Thwin ဆိုလျှင် Thwin ကို ဖြည့်ပါ။

(2) First Name(ရှေ့ဆုံးအမည်)
🔹မိမိအမည်၏ ရှေ့ဆုံးအမည် ကို ဖြည့်ပါ။
ဥပမာ - Zaw Min Thwin ဆိုလျှင် Zaw ကို ဖြည့်ပါ။

(3) Middle Name (အလယ်အမည်)
🔹မိမိအမည်၏ အလယ်က စာလုံးကို ဖြည့်ပါ။
ဥပမာ - Zaw Min Thwin ဆိုလျှင် Min ကို ဖြည့်ပါ။
📌အမည် နှစ်လုံးတည်းရှိသူများ ဤအကွက်ကို အလွတ်ချန်ထားနိုင်ပါတယ်။

(4) Male / Female (ကျား / မ)
🔹မိမိက ယောက်ျားလေးဖြစ်ပါက Male ၊ မိန်းကလေးဖြစ်ပါက Female အကွက်တွင် အမှန်ခြစ် ခြစ်ပါ။

(5) Nationality (နိုင်ငံသား)
🔹မိမိက မြန်မာနိုင်ငံသားဖြစ်ပါက Myanmar ဟု ဖြည့်ပါ။

(6) Occupation (လက်ရှိအလုပ်အကိုင်)
🔹မိမိ၏ လက်ရှိအလုပ်အကိုင်ကို အင်္ဂလိပ်လို ဖြည့်ပါ။
ဥပမာ - Company Staff, Business Owner, Student, Self Employed, Freelance, Agent စသည်ဖြင့်။

(7) Passport Number (ပတ်စပို့နံပါတ်)
🔹မိမိပတ်စပို့စာအုပ် ညာဘက်အပေါ်ထောင့်တွင် ပါရှိသော အက္ခရာနှင့် ဂဏန်းတွဲကို အမှားအယွင်းမရှိ ဖြည့်ပါ။
ဥပမာ - MH123456

(8) Place of Issue (ပတ်စပို့ ထုတ်ပေးသည့်နေရာ)
🔹ပတ်စပို့စာအုပ် ထုတ်ပေးသည့် ရုံးစိုက်ရာမြို့ကို ဖြည့်ပါ။
ဥပမာ - Yangon, Mandalay သို့မဟုတ် ပြည်ပမြန်မာသံရုံးတွင် လဲလှယ်ထားပါက Bangkok, Singapore စသည်ဖြင့်)

(9) Date of Issue (ပတ်စပို့ ထုတ်ပေးသည့်ရက်စွဲ)
🔹ပတ်စပို့စာအုပ်ထဲပါရှိသည့် ထုတ်ပေးသော ရက်၊ လ၊ ခုနှစ် (DD/MM/YYYY) အတိုင်း ဖြည့်ပါ။

(10) Visa Details (ဗီဇာအချက်အလက်များ)
🔹မြန်မာနိုင်ငံသားများ မိခင်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်းဖြစ်ပါက ဤဗီဇာအကွက်များကို ဖြည့်စွက်ရန်မလိုပါ။ Blank အလွတ် ချန်ထားနိုင်ပါတယ်။နိုင်ငံခြားသားများသာ ဖြည့်ရန်ဖြစ်ပါသည်။

(11) From (မည်သည့်နေရာမှ လာသနည်း)
🔹မိမိ အခုစီးနင်းလာတဲ့ လေယာဉ် စတင်ထွက်ခွာခဲ့တဲ့ မြို့ သို့မဟုတ် နိုင်ငံကို ဖြည့်ပါ။
ဥပမာ - Bangkok, Singapore, Phuket, Kuala Lumpur

(12) By Rail, Road, Ship
🔹လေယာဉ်ဖြင့် လာခြင်းဖြစ်၍ ဤနေရာတွင် မည်သည့်အရာမျှ ဖြည့်စွက်ရန် မလိုပါ။

(13) By Air (လေကြောင်းလိုင်း)
🔹ဤအကွက်တွင် အမှန်ခြစ် ခြစ်ပြီး မိမိစီးနင်းလာသည့် လေယာဉ်ခရီးစဉ်အမှတ် (Flight Number) ကို Boarding Pass ပေါ်ကအတိုင်း ဖြည့်ပါ။
ဥပမာ - MAI လေကြောင်းလိုင်းဆိုလျှင် 8M 802 စသည်ဖြင့်။

(14) Address in Myanmar (မြန်မာနိုင်ငံရှိ နေရပ်လိပ်စာ)
🔹မိမိရဲ့ အိမ်လိပ်စာ ကို အင်္ဂလိပ်လို အပြည့်အစုံ ဖြည့်ပါ။

(15) ID Card Number (မှတ်ပုံတင်နံပါတ်)
🔹မိမိ၏ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) နံပါတ်ကို အင်္ဂလိပ်လို ဖြည့်ပါ။
ဥပမာ - 12/YAKANA(N)123456

(16) Father Name (အဖေအမည်)
🔹မိမိအဖေ၏ အမည်ကို အင်္ဂလိပ်လို အပြည့်အစုံ ဖြည့်ပါ။

(17) Signature (လက်မှတ်)
🔹မိမိ၏ လက်မှတ်ကို ပတ်စပို့စာအုပ်ထဲတွင် လက်မှတ်ထိုးထားသည့်အတိုင်း တူညီအောင် ထိုးပါ။

📌 Ko Leo Vlog မှ အကြံပြုချက်များ
🔹Arrival Card ကို လေယာဉ်ပေါ်မှာတင် လေယာဉ်မောင်/မယ်များက ဝေပေးလေ့ရှိပါတယ်။ ရန်ကုန်လေဆိပ်ရောက်မှ တန်းစီရင်း ဖောင်ဖြည့်ရတာ အချိန်ပုတ်ပြီး လူပင်ပန်းတတ်တဲ့အတွက် လေယာဉ်ပေါ်မှာတင် ကြိုတင်ဖြည့်ထားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
🔹ခရီးသွားတဲ့အခါ ဘောပင်တစ်ချောင်း ဆောင်ထားခြင်းက လေဆိပ်ဖောင်တွေ ဖြည့်တဲ့အခါ သူများဆီ လိုက်ငှားရတဲ့ အချိန်ကြန့်ကြာမှုတွေကို သက်သာစေပါတယ်။
🔹အကယ်၍ ဖြည့်စွက်ရမယ့် အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်ပါက လေယာဉ်မောင်/မယ်တွေကို ပြသပြီး အကူအညီတောင်းခံနိုင်ပါတယ်။
🔹ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ် သို့မဟုတ် ပြည်ပလေဆိပ်တွေမှာ Check-in ဝင်တဲ့အခါ Arrival Card ကို လေကြောင်းလိုင်းကောင်တာ (Check-in Counter) ကနေ ကြိုတင်တောင်းယူပြီး အေးအေးဆေးဆေး ဖြည့်ထားလို့လည်း ရပါတယ်။
🔹ပြည်ပခရီးသွားတဲ့အခါ Passport က အဓိကဆိုပေမယ့် မိမိရဲ့ အမိမြေကို ပြန်လည်ဝင်ရောက်တဲ့အခါ လေဆိပ်အဝင်မှာ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) လိုအပ်တာမို့ တစ်ပါတည်း ယူဆောင်သွားဖို့ သတိပြုပါ။
🔹Arrival Card တော့ လက်ထဲရောက်လာပြီ ဘယ်လိုဖြည့်ရမလဲ မသိသေးသော ခရီးသွား မိတ်ဆွေများအတွက် Ko Leo Vlog မှ ရေးသား မျှဝေပေးခြင်းဖြစ်ပါသည်။

"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေချောမွေ့ကြပါစေ"

Original Owner
Russian Together

03/06/2026

Dialogue
#အခြေခံရုရှားဘာသာစကားပြော

Language
Russian Together

✅Семья ( ဆင်းမ်မျာ) မိသားစုမိသားစု russian စကားလုံးတွေကိုလေ့လာကြမယ်။  Russian Together  #အခြေခံရုရှားဘာသာစကားပြော
03/06/2026

✅Семья ( ဆင်းမ်မျာ) မိသားစု
မိသားစု russian စကားလုံးတွေကိုလေ့လာကြမယ်။

Russian Together
#အခြေခံရုရှားဘာသာစကားပြော

03/06/2026
   #Автобус #အခြေခံရုရှားဘာသာစကားပြော
02/06/2026


#Автобус
#အခြေခံရုရှားဘာသာစကားပြော

Ловить рыбу ငါးဖမ်းသည်။Озеро ( အိုဇေယာ ) ကန် Огород (အာဂါရော့ဒ်သ်) ယာခင်းбассейн (ဗာဆင်း) ရေကူးကန်Путешествовать ခရီးသွာ...
02/06/2026

Ловить рыбу ငါးဖမ်းသည်။
Озеро ( အိုဇေယာ ) ကန်
Огород (အာဂါရော့ဒ်သ်) ယာခင်း
бассейн (ဗာဆင်း) ရေကူးကန်
Путешествовать ခရီးသွားသည်။

  Russian Together  's Learn Russian Language
02/06/2026

Russian Together
's Learn Russian Language

30/05/2026

Address

Sanchaung
Yangon

Website

Alerts

Be the first to know and let us send you an email when Russian Language House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share