17/01/2023
📖 𝐑𝐞𝐝𝐮𝐩𝐥𝐢𝐜𝐚𝐭𝐢𝐯𝐞𝐬 📖
✨ စာကားလုံးတစ်လုံးကို နှစ်ကြိမ်ထပ်ပြီးရေးတာမျိုး ဒါမှမဟုတ်ရင် အရှေ့ကစာကားလုံးနဲ့ ကာရံတူတဲ့ စကားလုံးနဲ့ ထပ်ပြီးရေထားတာမျိုးကို ‘ Reduplicative’ လိုခေါ်ပါတယ်။ ✨
✨ဒီစာကားလုံးတွေကို သုံးခြင်းအားဖြင့် English စာလေ့လာတဲ့ အခါမှာပိုပြီး fun ဖြစ်စေသလိုပိုပြီးလည်း မှတ်မိလွယ်စေပါတယ် ။✨
✔ အသုံးများတဲ့ reduplicatives တွေဆိုရင်ဖြင့်
✅ 1. 𝗲𝗮𝘀𝘆- 𝗽𝗲𝗮𝘀𝘆 /e- zee _ p*e - see/ (Adj)
✅ Meaning : very easy ( အလွန်လွယ်ကူသော)
✨Eg. This math problem is easy- peasy. I can solve it with my eyes closed.
ဒီသချာ်ပုဒ်စာက အရမ်းလွယ်တာပဲ၊ မျက်လုံးမှိတ်ပြီး တောင်တွက်လို့ရတယ်။
✅ 2. 𝗷𝗶𝗴𝗴𝗲𝗿𝘆- 𝗽𝗼𝗸𝗲𝗿𝘆 /jig- ga - ri _ pok - ka - ri /(Adj)
✅ Meaning - secret or dishonest behaviour (လျှို့ဝှက်သော ၊ မရိုးသားသော အမူအကျင့် )
✨ Eg: I doubt if there is some jiggery-pokery in this financial report.
ဒီ finacial report မှာမရိုးသားမှု့တွေ ရှိနေမလားလို့ ငါတော့ သံသယရှိတယ်။
✅ 3. 𝘀𝘂𝗽𝗲𝗿-𝗱𝘂𝗽𝗲𝗿 / su- par _ du - par/ ( Adj)
✅ Meaning - extremely good ( အရမ်း၊ အရမ်းကောင်းလွန်းသော)
✨Eg: I’ve got a latest super-duper gaming laptop as a birthday gift from my dad.
ငါကတော့နောက်ဆုံးပေါ် အရမ်းကောင်းတဲ့ gaming laptop တစ်လုံး အဖေ့ဆီက မွေးနေ့လက်ဆောင်ရထားတယ်။
✅ 4. 𝗿𝗮𝗻𝘁𝘂𝗺-𝘀𝗰𝗮𝗻𝘁𝘂𝗺 / ran-tum_ scan- tum / ( N)
✅ Meaning - chaos ( ဗရမ်းပတာ ၊ အစီအစဉ် မကျဖြစ်မှု့ )
✨Eg: My life has been in a rantum-scantum since I left home.
အိမ်ပေါ်ကဆင်းလာပြီးကတည့်းက ငါ့ဘဝကြီးက ဗရမ်းပတာဖြစ်နေတာ။