Johnathan Applied English Grammar - Nestfield

Johnathan Applied English Grammar - Nestfield

Share

𝒁𝒆𝒓𝒐 𝑻𝒐 𝑯𝒆𝒓𝒐

21/10/2022

ကျွန်တော်တို့သင်ပေးတဲ့ Course က အမေရိကန်နိုင်ငံရဲ့ အထက်တန်းကျောင်းတွေမှာ လက်ရှိသင်ကြားနေတဲ့ "Manual of English Grammar and Composition" ဆိုတဲ့ Course ဖြစ်ပါတယ်
ဒီစာအုပ်ကို ရေးတဲ့သူရဲ့အကြောင်းလေးကို ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်နော်..

Manual of English Grammar and Composition by John Collinson Nesfield

ဆရာ့နာမည်က John Collison Nestfield ပဲဖြစ်ပါတယ်။
John Collison Nestfield (14 August 1836 – 28 June 1919)

John Nesfield ကို 1836 တွင်မွေးဖွားခဲ့ပြီး အင်္ဂလန်၊ Wiltshire မှ ဓမ္မဆရာတစ်ဦးရဲ့သားဖြစ်ပါတယ်။ သူဟာ 1852-1855 မှ Highgate Grammar School သို့တက်ရောက်ခဲ့ပြီး 1859 မှ1864 ထိ သင်ကြားခဲ့ပါတယ်။ Oxford တက္ကသိုလ်ရှိ Merton College တွင် အကြီးတန်းပညာသင်ဆုရရှိသူ ဖြစ်လာခဲ့တယ်။ 1860 မှာ BA ဘွဲ့ရရှိခဲ့ပြီး 1862 မှာ MA ရခဲ့တယ်။

J.C Nesfield ဟာ ဗြိတိသျှအိန္ဒိယတွင် သင်ကြားရေးဆရာအဖြစ် ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး St Michael's Church, Highgate, London တို့တွင် အချိန်အတော်ကြာ တာဝန်ယူခဲ့တယ်။ သူဟာ စာအုပ်များစွာကို ရေးသားခဲ့ပြီး အဲ့ဒီထဲကမှ English Grammar နှင့်ပတ်သက်တဲ့စာအုပ်တွေက အလွန်အောင်မြင်ခဲ့ပြီး ကျောင်းတွေရဲ့သင်ရိုးအဖြစ်ပါ သင်ကြားခွင့်ရခဲ့ပါတယ်။

"Nesfield's English Grammar: Past and Present" ကို ကိုလိုနီခေတ် အိန္ဒိယဈေးကွက်အတွက်ရေးသားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဗြိတိန်ရှိ အမျိုးမျိုးသော ပရော်ဖက်ရှင်နယ် စာမေးပွဲများအတွက် ပြင်ဆင်နေသည့် လူငယ်များမှအစ "Ladies' Colleges" မှ ကျောင်းသားများအတွက်ပါ ကိုးကားစရာဖြစ်ခဲ့တယ်။ Nesfield ၏ အင်္ဂလိပ်ဘာသာဆိုင်ရာ အခြားစာအုပ်များစွာရှိခဲ့ပါသေးတယ်။ နာမည်ကြီး "A Junior Course In English Composition" "A Senior Course In English Composition" စတဲ့စာအုပ်တွေပါဝင်သော်လည်း သူရဲ့ " A Manual of English Grammar နှင့် Composition" ကတော့ ဗြိတိန်နှင့် ဗြိတိသျှကိုလိုနီနယ်များတွင် ကျောင်းသင်ရိုးများအဖြစ်အထိပါ အမှန်တကယ်အောင်မြင်ကြောင်း သက်သေပြနိုင်ခဲ့တဲ့အပြင် "John.E Warriner" ရဲ့ "English Grammar and Composition" နဲ့ "P. C. Wren" နှင့် "H. Martin" တို့၏ "Wren & Martin" လို့တင်စားခေါ်တဲ့ "High School English Grammar and Composition" အပါအဝင် အခြားသော Grammar ပိုင်းဆိုင်ရာအုတ်မြစ်များစွာအတွက် အခြေခံဖြစ်ခဲ့ပါတယ်။

ဒီလိုကောင်းမွန်တဲ့သင်ရိုးကို သင်ကြားရေး Experience မြင့်မားတဲ့ဆရာတွေကလဲ ပိုင်နိုင်တတ်မြောက်တဲ့အထိတာဝန်ယူသင်ကြားပေးမှာဖြစ်တဲ့အတွက် စိတ်ပူပန်စရာကင်းရပြီပေါ့..

ပါလေ့လာနိုင်မှတော့ Foreigner တွေနဲ့တွေ့ရင်ထွက်ပြေးစရာမလိုဘဲ ပြောနိုင်ပြီပေါ့


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Yangon