Teacher Ei Online Class

25/03/2024

၂၀၂၄/၂၀၂၅ ပညာသင်နှစ် အတွက် ရန်ကင်းမြို့နယ်တွင်တည်ရှိသော Real Private Primary School တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါအရည်အချင်းများနှင့်ပြည့်ဝ သော မူလတန်းသင် ဆရာ/ဆရာမ များ အမြန်အလိုရှိပါသည်။

(၁)မူပြဆရာ/ဆရာမ (၇)ဦး (G1မှG5)ထိ
-Green cardရှိဘွဲ့ရဆရာ/ဆရာမများ
-ကလေးစိတ်ပညာကို နားလည်ပြီး ကလေးများအပေါ်စိတ်ရှည်သည်းခံမေတ္တာပေးနိုင်သူ
-စာသင်သက်အနည်းဆုံး( ၃)နှစ်အထက်ရှိသူ
-အဖွဲ့အစည်းနှင့် အလုပ်လုပ်ကိုင်ဖူးသူ
-သင်ကြားရေးတွင် မိမိသင်ကြားမည့်ဘာသာရပ်အား -ကျွမ်းကျင်ပိုင်နိုင်စွာသင်ကြားနိုင်သူဖြစ်ပြီး
-တီထွင်ဖန်တီးနိုင်စွမ်းရှိသူ ဖြစ်ရပါမည်။

အထက်ပါအရည်အချင်းများနှင့်ကိုက်ညီပါက -ပညာသင်နှစ်(၁)နှစ်သင်ကြားရန်စာချုပ်ချုပ်ဆိုနိုင်ရပါမည်။
-လာရောက်လျှောက်ထားသည့်အခါ CV Formနှင့်အတူ
ပညာရေးဆိုင်ရာမှတ်တမ်းများ ဘွဲ့လက်မှတ်မိတ္တု အောင်လက်မှတ်မိတ္တုများ နိုင်ငံသားမှတ်ပုံတင်နှင့် သန်းကောင်စာရင်းမိတ္တူ ရပ်ကွက်ထောက်ခံစာတို့ပါ ပူးတွဲယူဆောင်လာရပါမည်။
မတ်လ၂၅မှ ဧပြီပထမပတ်အတွင်း အမြန်ဆုံး လာရောက်လျှောက်ထားနိုင်ပါသည်။
မေလတွင်အလုပ်စခန့်ပါမည်။

ကျောင်းလိပ်စာ-
REAL School ကိုယ်ပိုင်မူလတန်းကျောင်း
အမှတ်(၁)မဂ္ဂင်လမ်း၊ကျောက်ကုန်း ရန်ကင်းမြို့နယ်

ဆက်သွယ်ရန်ဖုန်း-095011124/09254017029

07/03/2024

အားလုံးပဲ မင်္ဂလာပါရှင်
၂၀၂၄/၂၀၂၅ ပညာသင်နှစ်အတွက် G6မှG9 အထိ အစိုးရသင်ရိုးသစ် ကျောင်းအတန်းစာများကို သင်ကြားရေးအတွေ့အကြုံရှိသော ဆရာကြီးဆရာမကြီးများနှင့်အတူ ကြီးကြပ်ပေးမည့်ဆရာ/ဆရာမ များမှ ပူးပေါင်း၍ online/on campus အတန်းများကို မေလမှစတင် ဖွင့်လှစ်တော့မည့်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင်.…...
အတန်းတတန်းတွင်ကျောင်းသား 10ဦးသာ လက္ခံသင်ကြားပေးသွားမည်ဖြစ်ပါသောကြောင့် ကြိုတင်စာရင်းပေးသွင်းအပ်နှံနိုင်ပါသည်။
ကျေးဇူးပြု၍ Messenger မှ မေးပေးထားပါရှင့် ပြန်လည်ဖြေကြားပေးထားပါမည်။

11/11/2023

G5 onlineစာသင်ဝိုင်း
စာမေးပွဲဝင်ရောက်ဖြေဆိုချင်သူများအတွက်
တန်းခွဲသစ် ကျောင်းသား10ဦးသာလက်ခံပါမည်
Nov 20ရက်နေ့စပါမယ်
အမြန်စာရင်းပေးသွင်းပါ
09420556997

09/02/2023

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်လိုက်ရပဲ ဒီနှစ်မှစပြီး အတန်းကျောင်းစာတွေသင်ယူရင်း လိုအပ်တဲ့အကူအညီတွေရယူဖို့ Teacher Ei Online Class ကိုရွေးချယ်စို့

နွေရာသီ တန်းခွဲသစ်များအတွက်မကြာမှီ အချိန်ဇယားလေးနဲ့ ပြန်တင်ပေးပါမယ်နော်
မိဘများရဲ့တောင်းဆိုမှုများနှင့်အတူ ယုံကြည်စွာ ရွေးချယ်ပေးတဲ့တယောက်စီတိုင်းအတွက် ကျောင်းမှာသင်နေရသလို သင်ကြားရမဲ့အစီစဉ်များလည်းမကြာမှီစတင်တော့မည်ဖြစ်ကြောင်း မိဘများအား သတင်းကောင်းပါးအပ်ပါတယ်ရှင့်

09/08/2022

G7တန်းခွဲသစ် ယနေ့ 9.8.2022
စပါမယ်ရှင့်

23/04/2022

စနစ်သစ် G7
May 2ရက်နေ့တန်းခွဲ စာရင်းသွင်းလို့ရပါပြီ
095011124

24/03/2022

April2ရက်နေ့စမည့် Goverment သင်ရိုးများအတွက် စာရင်းပေးသွင်းနိုင်ပါပြီရှင့်

14/02/2022

March လတွင်ထပ်မံဖွင့်လှစ်မည့် တန်းခွဲသစ်များ Online /On Campus အတွက် ကျောင်းအပ်လက္ခံနေပါပြီ
၀၉၄၃၁၂၂၈၈၃
၀၉၂၅၄၀၁၇၀၂၉

Grade 1 တန်းခွဲသစ်များ Nov 1 ရက်နေ့စမည်📲09254017029
26/10/2021

Grade 1 တန်းခွဲသစ်များ
Nov 1 ရက်နေ့စမည်
📲09254017029

အားလုံးပဲ မဂ်လာပါရှင်...ကျွန်မတို့ Tr. Ei Online Class ကနေ တစ်နှစ်စာ ပညာသင်ယူတတ်မြောက်ပြီးစီးသွားတဲ့ KG, Grade 2, Grade ...
05/09/2021

အားလုံးပဲ မဂ်လာပါရှင်...

ကျွန်မတို့ Tr. Ei Online Class ကနေ တစ်နှစ်စာ ပညာသင်ယူတတ်မြောက်ပြီးစီးသွားတဲ့ KG, Grade 2, Grade 3 နဲ့ Grade 4 အတန်းမှ သားသားမီးမီး များကို သင်တန်း ပြီးဆုံးကြောင်း Certificate လက်မှတ်များ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး Online အတန်း သစ်များ အတွက်လည်း ကျောင်းအပ် လက်ခံနေပါပြီ။

Teacher Ei Online Class ကနေ KG မှ Grade 9 အထိ စက်တင်ဘာလတန်းခွဲအသစ်ကို စတင် ဖွင့်လှစ်သင်ကြား နေပါပီ ရှင်...

အောက်တွင်ဖော်ပြထားသော Google Form ကို ဖြည့်စုံစွာ ဖြည့်စွက်ပီး ကျောင်းအပ်များလည်းဆက်လက် လက်ခံပေးနေပါတယ်
https://docs.google.com/.../1gd2DrjS79IDZpmfn.../viewform...
♻ အတန်းတစ်တန်းတွင် ကျောင်းသား အရေအတွက် ကန့်သတ်ထားတာဖြစ်လို့ အမြန်ဆုံး လာရောက် အပ်နှံမှ စိတ်ချရပါမယ်နော်....

အသေးစိတ် ထပ်မံ သိရှိလိုပါက Messenger မှ ဖြစ်စေ၊ ဖုန်း - 09 254017029 သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်....

11/07/2021

သားသမီးတွေအပေါ်ချစ်ရာမရောက် နှစ်ရာရောက်နေသောလွန်ကဲမူများ
==============================================

သားသမီးကို သူများထက် ကောင်းအောင် ထားနိုင်တယ်ဆိုပြီး ဂုဏ်တက်နေကြသူများကိုယ့်ကလေးကို ထိရင် ဆရာဆရာမပါ မကျန် ဆပ်ဆပ်ထိမခံဘူးဟေ့လို့ ကြွေးကြော်နေသူများ…ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ထားနိုင်တာကို ဂုဏ်ယူပီတိ ဖြစ်နေကြသူများ…သားသမီးကို ပိုးမွေးသလို မွေးမြူတယ်ဆိုပြီး ဟစ်ကြွေးနေကြသူများ……ကိုယ့်သားသမီးများကို ချစ်ရာမရောက်၊ နှစ်ရာရောက်နေသလားဆိုတာကို မိဘများ စမ်းစစ်နိုင်ဖို့အတွက် အောက်ပါလွန်ကဲမူများကို ရေးသားလိုက်ပါတယ်။

ဘယ်နှစ်ချက်ငြိနေပြီလဲဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်ရအောင်…

၁။ အထူးအခွင့်အရေး ပေးလွန်းခြင်း

အချို့ မိသားစုများဟာ အချို့ သားသမီးများကို အထူးအခွင့်အရေးပေးထားတတ်ပါတယ်။ ဒါသားသားလေးစားဖို့၊ ဒါ မီးမီးတစ်ယောက်တည်းအတွက် စသည်ဖြင့် သတ်မှတ်ထားပြီး အခြားသူများ ထိလို့မရအောင် တားဆီးထားပါတယ်။ ဖိုးဖိုး ဖွားဖွား မွေ့နေ့ ကျင်းပတာ မကျင်းပတာ အရေးမကြီးဘူး။

ဒီမြေးဦးလေးအတွက် ကိတ်မူန့်ဆို အကြီးကြီးမှ၊ လက်ဆောင်ဆို အကောင်းဆုံးမှ၊ ဒီလိုမိသားစုအတွင်းမှာရှိတဲ့ ခွင့်ထူးခံ သားသမီးများဟာ အတ္တလွန်ကဲလာမှာဖြစ်ပါတယ်။ သူများကို ကိုယ်ချင်းမစာတတ်တော့ဘူး၊ ဂရုလည်း မစိုက်တတ်တော့ဘူး၊ “ငါမှငါ” ဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။

၂။ အကာအကွယ်လွန်ကဲခြင်း

တစ်ခုခု မှားလို့ ဖေဖေက ဆုံးမတော့မယ်၊ မေမေက ချက်ချင်းကာဆီးကာဆီးလုပ်တယ်။ မေမေက ဆုံးမတော့မယ်။ ဖိုးဖိုးဖွားဖွားက ချက်ချင်းကာကွယ်ပေးတယ်။ “ ကလေးပဲ၊ သူဘာနားလည်မှာလဲ၊ သူကြီးလာရင် လိမ်မာမှာပါ။” ဒီလိုကလေးမျိုး ကြီးလာရင် ဘယ်လိုအဆင်ပြေနိုင်မလဲ။

ငယ်ငယ်ကတဲက အမှားအမှန်မခွဲခြားတတ်တော့ဘူးလေ၊ ဖေဖေက မှားတယ်ပြောလိုက်၊ မေမေက ကာကွယ်လိုက်၊ မေမေက မှားတယ်ပြောရင် ဖွားဖွားက ကာကွယ်လိုက်နဲ့ ကလေးအတွက် ဘာလုပ်လုပ် အမှန်ချည်းပဲ။ ကလေးကို ဒီလိုပျိုးထောင်ရင် နောင်ကလေးကြီးလာတဲ့အခါ ရာဇ၀တ်မူ ကျူးလွန်တဲ့အထိ လွန်ကဲသွားတတ်ပါတယ်။ ဆင်ခြင်းပါလေ။

၃။ ဂရုစိုက်လွန်ကဲခြင်း

တစ်မိသားစုလုံးက သူ့ကိုဝိုင်းထားတယ်။ သူတစ်ခုခု လုပ်တတ်ပြီဆိုရင် တစ်အိမ်သားလုံးက ဝိုင်းချီးကျူးတယ်။ လက်ခုပ်တီးပေးတယ်။ ရေဆိုရင်ရေ၊ ထ္မင်းဆိုရင် ထ္မင်း ချက်ချင်းရှေ့ ရောက်လာတယ်။ စားပြီးရင် ချက်ချင်းသိမ်းဆည်းပေးတဲ့လူရှိတယ်။ ဘာအ၀တ်၀တ်ချင်သလဲ၊ ပြောလိုက်ရုံနဲ့ ချက်ချင်းအနီးရောက်လာတယ်။

ကလေးကိုယ်တိုင် လက်မပါတဲ့အတိုင်းပဲ။ ဆယ်တန်းဖြေတဲ့ကလေးကို ထ္မင်းခွန့်ကျွေးတာ ကျွန်တော်မြင်ဖူးတယ်။ ဒီလိုမျိုးကလေးများဟာ ကိုယ့်ကိုယ်ကို ဗဟိုပြုတတ်ကြတယ်။ ပြင်ပလောက ရောက်ရင် ချေမကိုင်မိ၊ လက်မကိုင်မိ၊ တစ်ခုခုလုပ်ရင် အိုးနင်းခွက်နင်းဖြစ်တတ်တယ်။ ပညာထူချွန်လို့ ကျောင်းပြီးသွားရင်လည်း ဘာမှ အရည်အချင်းမရှိသူများဖြစ်တတ်ကြတယ်။

၄။ အလိုလိုက်လွန်ကဲခြင်း

သူဘာလိုချင်လိုချင်း ၀ယ်ပေးတယ်။ မျက်နာမငယ်အောင်ဆိုပြီး မူန့်ဖိုးအများကြီးပေးတယ်။ ကလေးကလည်း လိုချင်တာအားလုံး ရမှန်းသိတော့ တစ်ခုခု မရရင် ချက်ချင်းဆန္ဒပြတယ်။ အော်ငိုတယ်။ မြေလူးတယ်။ လူကြီးကလည်း ချက်ချင်း၀ယ်ပေးလိုက်တယ်။ ဒီလိုကလေးမျိုးဟာ ဘာကိုမှ တန်ဖိုးမထားတတ်တော့ဘူး။

ပစ္စည်းကိုလည်း မသိမ်းဆည်းတတ်တော့ဘူး။ ရှောက်ပစ်တယ်။ မေ့လွယ်တယ်။ ပျောက်သွားရင် ထပ်၀ယ်လို့ရမှန်းသိတယ်။ ပိုက်ဆံအသုံးအဖြုန်းကြီးတယ်။ ဒီလိုကလေးမျိုးဟာ ဘာကိုမှတန်ဖိုးမထားတတ်တော့ ပျော်ရွှင်မူ ကင်းနေတတ်တယ်။ “ လိုတရ ” ဖြစ်နေတော့ ဘာကိုမှ ကြိုးကြိုးစားစား မလုပ်ချင်တော့ဘူး။ အပင်ပမ်းမခံနိုင်ဘူး။ ဘာကိုမှလည်း တန်ဖိုးမထားတတ်ဘူး၊ အရွယ်သာ တဖြည်းဖြည်းကြီးသွားမယ်။ ဘာမှ မယ်မယ်ရရ အလုပ်ဖြစ်မဲ့ လူစားမျိုး မဟုတ်နိုင်ဘူး။

၅။ အသဲ လွန်ကဲခြင်း

ကလေးဆိုတာ ဆော့တတ်တဲ့ သဘာ၀ရှိတယ်။ ထိမိခိုက်မိတတ်တဲ့ သဘာ၀ရှိတယ်။ ကလေးက ဆော့ရင်းနဲ့ လမ်းဘေးသစ်ပင်တိုက်မိတော့ သစ်ပင်ခုတ်ပစ်ချင်တဲ့ မိဘတွေ့ဖူးပါတယ်။ ကလေးများ ဆော့ကစားရင်းနဲ့ ချော်လဲတတ်ပါတယ်။ မှန်ကန်တဲ့နည်းလမ်းက ကလေးကိုယ့်ကိုယ်ကို ပြန်ထခိုင်းရပါတယ်။

အဲလိုမဟုတ်ပဲ နည်းနည်းချော်လဲ လိုက်တာနဲ့ လိုက်ထူပေး၊ နည်းနည်း ထိမိရှမိတာနဲ့ ဘေးကို အပြစ်ရှာနေမယ်ဆိုရင် ကလေးကြီးလာရင် ဘာကိုမှ တာ၀န်မယူရဲတေ့ာပါ။ ဒီလို အသဲလွန်မိသားစု မှပေါက်ဖွားလာတဲ့ ကလေးဟာ များသောအားဖြင့် ပျော့အိနေတတ်တယ်။

နည်းနည်းလေးမှ စိတ်အနောက်မယှက် ခံနိုင်စွမ်းမရှိတတ်ဘူး။ နောင်ကလေးကြီးလာရင် ပညာရှာရာမှာဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ်၊ အိမ်ထောင်ပြုတဲ့နေရာမှာဖြစ်ဖြစ် တစ်ခုခု အခက်အခဲတွေ့သွားရင် နှလန်မထူနိုင်တော့ပါ။ အခက်အခဲ နည်းနည်းလေးတွေ့ရုံနဲ့ ရေးကြီးခွင်ကျယ်လုပ်ပြီး တွန့်ဆုတ်နေပါတော့တယ်။

လူဆိုတာ သဘာဝလောကကြီးအတွင်းမှာရှိတဲ့ သတ္တဝါဖြစ်တဲ့အလျှောက် ကလေးကို သူ့အရွယ်နဲ့ သူ့သဘာ၀အလျှောက် ကြီးပြင်းစေတာ မှန်ကန်တဲ့နည်းလမ်းဖြစ်ပါတယ်။ မနေ့တစ်နေ့က ကျွန်တော်တို့ ကျောင်းမှာရှိတဲ့ အမေရိကန် ဆရာဆရာမ ဇနီးမောင်နှံ သူတို့ရဲ့ မွေးကင်းစကလေးကို ကျွန်တော်ကို လာပြပါတယ်။ ကလေးငိုရင် ဘယ်လိုလုပ်မလဲလို့လည်း မေးပါတယ်။

ငိုတာလည်း ကလေးကျန်းမာရေးအတွက် ကောင်းတယ်။ အကြာကြီးငိုတာမျိုးမဟုတ်ရင် သင့်တော်တဲ့ အငိုတော့ ခွင့်ပြုရမယ်လို့ ပြန်ပြောလိုက်ပါတယ်။ ထိုနည်းတူပါပဲ၊ ကလေးတွားသွားသင့်တဲ့အချိန်မှာ တွားသွားခွင့်ပေးရမယ်။ လမ်းလျှောက်သင်တဲ့အခါ ချော်လဲခွင့်ပြုရမယ်။ အပြင်မှာ ရောင်းတဲ့ လမ်းလျှောက်လှည်းမျိုးနဲ့ လမ်းလျှောက်သင်စေတာမျိုး မပြုလုပ်သင့်ပါ။ ဒီအကြောင်းတွေကို နောင်မှဆက်တင်ပြမည်။ အသုံးတည့်နိုင်ကြပါစေ။

myanmarkidworld
Photo

Address

Anawyahta Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959254017029

Website

Alerts

Be the first to know and let us send you an email when Teacher Ei Online Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Teacher Ei Online Class:

Shortcuts

Share

Category